welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label Driver. Show all posts

Tuesday, March 20, 2012

Saw Linux  /  9:38 AM  /  ,   /  No comments
နောက်ထပ်ဒရိုက်ဘာပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ပို့စ်တစ်ပုဒ်လောက်တင်လိုက်မယ်။ ကျနော် PC တွေကို window တင်ပေးရင်းနဲ့ ရရှိလာတဲ့အတွေ့အကြုံတစ်ချို့ကိုဝေငှခြင်းသာဖြစ်ပါတယ်။ သိပြီးသားဆိုလဲကျော်
သွား ပေါ့ဗျာ။ သူများစက်ကို ၀င်းဒိုးပြန်တင်ပေးတယ်ဆိုတာ စက်ဟောင်းနဲ့ စက်အသစ်နှစ်မျိးရယ်လို့ အကြမ်း
အားဖြင့် သိ နိုင်ပါတယ်။

အခုနောက်ပိုင်းစက်တွေကတော့ သိပ်ပြဿနာမရှိပေးမယ့် စက်အဟောင်းတွေဆို လုပ်ရကိုင်ရတာ တော်ကို
လက်ဝင်တယ်။
အထူးအားဖြင့်တော့ Driver ပြဿနာပေါ့ဗျာ။ စက်အသစ်ဖြစ်သော်ငြားလဲ တစ်ချို့စက်တွေမှာ window 7 တင် လိုက်တာနဲ့ automatic driver detect မလုပ်တာအများကြီးရှိပါတယ်။ ဒါလဲ ဒရိုက်ဘာအဆင်သင့်မရှိခဲ့ရင် အဲဒီပြဿနာကိုဖြေရှင်း ရမှာပဲ။ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကျနော်ညွန်းချင်တဲ့သဘောပါပဲ။ ကဲ…ဥပမာ…စိုကြပါစို့ စက်တစ် လုံးကို Window တင်လိုက်ပါပြီ ( Window 7 ဖြစ်စေ၊ XP ဖြစ်စေ)။ Driver detect automatic ဖြစ်တဲ့ စက်အ တွက် ဒါအထူးအထွေပြောစရာမလိုတော့ဘူးပေါ့။ ဒရိုက်ဘာအတွက်
ကိစ္စချောသွားပါပြီး။

Driver automatic detect မလုပ်တဲ့စက်အတွက် ဆက်ပြောရအောင်…
(a) window 7 အတွက်ဆို window 7 Driver Pack နဲ့ ဖြေရှင်းစေချင်တယ်။ ပြီးခဲ့တဲ့ပို့စ်မှာ ပြန်ဖတ်ပြီး ဒီမှာ
ဒေါင်းယူနိုင်ပါတယ်။
(b) window xp အတွက် window xp Driver Pack နဲ့ဖြေရှင်းလိုက်ပါ။ ဖြေရှင်းနည်းလွယ်ပါတယ်။ဆော့ဝဲကို
ဒီမှာ ဒေါင်းပါ။ ပြီးတော့ ၎င်းဖိုလ်ဒါ ထဲမှာပါတဲ့ autorun ဆိုတာကို နှိပ်ပြီးအနီရောင်ပြတဲ့ လိုအပ်တဲ့ဒရိုက်ဘာ
တွေကို တစ်ခုချင်းဆီလိုက်နှိပ်ရုံပါပဲ။
အထက်ပါဖြေရှင်းနည်းတွေဟာ Driver Pack ကိုအသုံးပြုပြီးတော့ ဒရိုက်ဘာပြဿနာကိုဖြေရှင်းတဲ့နည်းဖြစ်
ပါ တယ်။

အထက်ပါနည်းတွေနဲ့မှ ဖြေရှင်းလို့အဆင်မပြေသေးဘူးဆိုရင် နောက်ထပ်ဖြေရှင်းနိုင်တဲ့နည်းများကတော့
ဆော့ဝဲ တွေကိုအသုံးပြုပြီးဖြေရှင်းတဲ့နည်းလမ်းများပဲဖြစ်ပါတယ်။ ဒါဆို ဒီဆော့ဝဲတွေကိုဘယ်လို့အသုံးချရ
မလဲ။ အကြမ်း ဖျင်းအားဖြင့်ပြောကြရအောင်…အသုံးပြုပုံ နည်း (၂) မျိုးနဲ့ရှိပါတယ်။

(a) ဒရိုက်ဘာမရှိတဲ့စက်တစ်လုံးကို ၀င်းဒိုး မချခင် ၎င်းဆော့ဝဲကိုစက်မှာထည့်သွင်းပြီး ၎င်းစက်ရဲ့ဒရိုက်ဘာ
ကို ဒီဆော့ဝဲနဲ့ Backup လုပ်ထားရမယ်။ Back up လုပ်ထားတဲ့ ဒရိုက်ဘာဖိုင်ကို သေချာသိမ်းထားပါ။ (usb / HDD) စသည်ပေါ့။ ၀င်းဒိုးပြန်တင်ပြီးတဲ့အခါ ဒီ ဆော့ဝဲကို ပြန်မောင်းလိုက်ပါ။ ပြီးတော့ ဒီဆော့ဝဲမှာပါတဲ့ Restore Driver နဲ့ ၎င်းသိမ်းထားတဲ့ ဒရိုက်ဘာ Back up ဖိုင်ကို ပြန်ယူပြီး restore လုပ်လိုက်ပါ။ (အင်တာနက်ကွန်နက်ရှင်မရှိတဲ့နေရာမှာ အသုံးတည့်သည်)။ ဒရိုက်ဘာအတွက် အဆင်ပြေသွားနိုင်ပါတယ်။

(b) နောက်တစ်မျိုးကတော့ အင်တာနက်ကွန်နက်ရှင်ရှိတဲ့နေရာမျိုးပေါ့ဗျာ။ စက်တွေကို ၀င်းဒိုးတင်ပြီးတာနဲ့ ဒီ ဆော့ဝဲတွေကိုထည့်သွင်းလိုက်ပါ။ ဆော့ဝဲတွေကို full version ဖြစ်အောင်လုပ်ထားဖို့မမေ့နဲ့နော်။ ပြီးတော့ ဒီဆော့ဝဲတွေမှာပါတဲ့ Scan Driver ဆိုတာကိုနှိပ်။ scan ပြီးတာနဲ့ update လုပ်ရမည့် Driver တွေကို ညွန်ပြ
ပေး မှာဖြစ်ပါတယ်။ အဲဒါကို update driver ကိုနှိပ်ပြီး ဒေါင်းလုဒ်ရမည့်ဒရိုက်ဘာတွေကို တစ်ခုချင်းဆီ
ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ မိမိ လိုအပ်မည့်ဒရိုက်ဘာတွေကို ဒေါင်းလုဒ်ပြီး အင်စတောသာလုပ်လိုက်ပါ။ ဒါဆို ဒရိုက်ဘာပြဿ နာတွေ အများစုပြေလည်သွားနိုင်ပါတယ်။ ကျနော်ရေးပြခဲ့နည်းများသည် ဒရိုက်ဘာပြဿနာ
အတွက် အထောက် အကူပြုယုံမျှသာဖြစ်သည်။ အသေးစိပ်ကိုတော့ ကိုယ်တိုင်စမ်းကြည့်ရင်းနဲ့ သိသွားမှာ
ဖြစ်ပါတယ်။

အောက်ပါ Driver ပြဿနာကို ဖြေရှင်းပေးနိုင်သောဆော့ဝဲများကို စုပေါင်းပြီးတင်ပေးလိုက်တယ်။ ကြိုက်တာတစ် ခုကို ဒေါင်းပြီးအသုံးပြုပါ။ ကျနော်ကတော့ Driver genius Pro နဲ့ Driver Reviver လိုအပ်ရင်အသုံးပြုပါတယ်။

Download Driver Software :
Driver Reviver 3.1.648.11122 (FULL).rar
Driver Genius Professional 10.0.0.761 (FULL).rar
Driver Checker 2.7.5 (FULL).rar
DriverEasy Professional v3.10.0.26694 Full.rar

စောလင်းနက်စ်

Friday, March 16, 2012

Saw Linux  /  5:25 PM  /  ,   /  1 comment
ညီလေးတစ်ယောမေးတောင်းတာနဲ့ ဒီ Window 7 Driver Pack ကိုတင်ပေးလိုက်တယ်။ ကျနော် upload ပြန် တင်ရမယ်ဆို အချိန်ကြာမှာစိုးတာနဲ့ ´ဇွဲကပင် (ကျော်ခရော့စ်)´ ဆိုက်က လင့်တွေကိုပဲယူသုံးလိုက်တယ်။ နောက်ပြီး သူ့ဆိုက်ကတင်ထားတဲ့လင့်ဟာ pop up အလိုလိုကျလာတော့ ပိုအဆင်ပြေတာပေါ့။ ဒီမှာအဓိက ပြောချင်တာက ခွေဘန်းဖို့ပါ။ တစ်ချို့က အဲဒါကိုဒေါင်းပြီးတော့ ဘယ်လိုသုံးရမှန်းမသိဘူး။ အဲဒီဖိုင်တွေကိုအ ကုန်ဒေါင်းပြီးရင် Zip ဖိုင်ကိုဖြည်ပါ။ အဲမှာ ISO Image ဖိုင်တစ်ခုလာမယ်။ ISO ဖိုင်ကို Burn ဆော့ဝဲမရှိရင် ဘာမှမပူနဲ့ ၀င်းဒိုး 7 ဟာ အဲဒီ ISO ဖိုင်ကို Burn tool ပါပြီးသားပါ။ ဆော့ဝဲနဲ့မှ Burn ချင်တယ်ဆိုရင် Nero
စသည်နဲ့ Burn ပေါ့ဗျာ။ ကျနော်ကတော့ ဒီ Window 7 မှာပါတဲ့ Burn tool နဲ့ပဲ Burn လိုက်တယ်ဗျာ။
Window 7 မှာပါတဲ့ Burn tool နဲ့ လုပ်မယ်ဆိုရင် ၎င်း iso image ဖိုင်ကို ကလစ်နှစ်ချက်နှိပ်၊ ပြီိးတော့
Burning tool ဘောက်စ်ကျလာမယ်။ အဲဒါကို Burn Disc မှာ CD/DVD Drive ကိုရွေးပြီး Burn ကို
နှိပ်လိုက်ရုံပါပဲ။ အဲဒါပြီးရင် Driver လိုအပ်တဲ့ စက်မှာထည့်ပြီးမောင်းလိုက်ရုံပါပဲ။

Download Window 7 Driver Pack :

Window 7 Driver Pack Part 1
Window 7 Driver Pack Part 2
Window 7 Driver Pack Part 3
Window 7 Driver Pack Part 4
Window 7 Driver Pack Part 5
Window 7 Driver Pack Part 6
Window 7 Driver Pack Part 7
Window 7 Driver Pack Part 8
Window 7 Driver Pack Part 9
Window 7 Driver Pack Part 10
Window 7 Driver Pack Part 11
Window 7 Driver Pack Part 12
Window 7 Driver Pack Part 13
Window 7 Driver Pack Part 14
Window 7 Driver Pack Part 15
Window 7 Driver Pack Part 16
Window 7 Driver Pack Part 17
Window 7 Driver Pack Part 18
Window 7 Driver Pack Part 19
Window 7 Driver Pack Part 20
Window 7 Driver Pack Part 21
Window 7 Driver Pack Part 22
Window 7 Driver Pack Part 23
Window 7 Driver Pack Part 24
Window 7 Driver Pack Part 25
Window 7 Driver Pack Part 26
Window 7 Driver Pack Part 27
Window 7 Driver Pack Part 28
Window 7 Driver Pack Part 29
Window 7 Driver Pack Part 30

Thursday, September 15, 2011

Saw Linux  /  6:03 PM  /  ,   /  No comments

Driver Genius Professional is a professional driver management tool features both driver management and hardware diagnostics. Driver Genius provides such practical functions as driver backup, restoration, update and removal for computer users. If you often reinstall your operating system, you may not forget such painful experiences of searching all around for all kinds of drivers. If unfortunately you have lost your driver CD, the search will be more troublesome and time-consuming. Now with the driver backup function of Driver Genius, you can backup all drivers in your computer before reinstalling, and restore them with the driver restoration function after system reinstallation has been completed. This will dramatically save your time for driver installation during the system installation procedure, and you will no longer worry about where to find a driver. Besides, you can create an automatic installation package for all drivers in your system by Driver Genius.
After you have reinstalled your operating system, you can restore all your drivers in just a click by this automatic restoration program. It's really convenient.

Driver Genius can automatically find driver for a device that the system can't find a driver for it. It can recognize the name and vendor's information of the device, and directly provide download URL for the required driver. Driver Genius also supports online updates for drivers of existing hardware devices. There are more than 30,000 most recent drivers for such hardware devices as motherboards, video cards, sound cards, network cards, modems, monitors, mice, keyboards, digital cameras, video capture cards, etc. on Driver Genius web site. Besides, there are daily updates for many drivers on our site. Our customers can obtain information for latest drivers by Driver Genius's LiveUpdate program, which can synchronize to the database on our site.

Backup, restore and update all your drivers in several mouse clicks. Get new driver for your computer now!
• Quickly backup device drivers for your computer.
• Just need one click to restore all drivers.
• Clone your drivers to an EXE auto-installer. Easy to install the drivers to many machines.
• Easy to get the most recent drivers for your computer. Keep your drivers up to date.
• Remove invalid drivers and useless drivers, improve system performance and stability.
• Device Diagnostics helps you locate a device that is not working properly or efficiently and offers an effective solution.
• Unlocks many hidden options in the NVIDIA display driver control panel. Including over clocking settings, AGP settings, Fan control, Stereo control, OpenGL 2.0 support, and more.

Download :
Mediafire

Friday, July 22, 2011

Saw Linux  /  3:02 AM  /  , ,   /  1 comment
ကွန်ပျူတာလက်တော့၊ ဒက်စတော့အဟောင်းတွေကို ၀င်းဒိုး Reinstall ပြန်လုပ်ရင်တွေ့ရတဲ့ဒုက္ခကတော့ Driver
ပြဿနာပါပဲ။ Motherboard, CPU, Ram တွေ အရမ်း out of date ဖြစ်တဲ့စက်တွေဆိုရင် အဲဒီ Driver ပြဿ
နာကဧကန်မလွဲတွေ့ရမှာသေချာတယ်။ တစ်နေ့က သူငယ်ချင်းတစ်ယောက်သူ့စက်ကိုကြည့်ခိုင်းတယ်။
သူ့စက်ကဖွင့်လိုက်ရင်ပဲ အတော့်ကိုစောင့်ရတယ်။ အဲဒီစက်ကိုပွင့်လာဖို့စောင့်ရတဲ့ဒုက္ခ မသေးလှဘူး။ သူလဲ ဒီ
လောက်တန်နဲ့ပဲ သုံးနိုင်သေးတယ်ဆိုတော့ ကျနော်အဆင်ပြေအောင်လုပ်ပေးရမှာပေါ့ဗျာ။

အဲဒီလိုစက်အိုတွေရဲ့ Driver ပြဿနာများကို AIO Driver Pack Autorun v3 နဲ့ဆိုအတော်များအဆင်ပြေသွား
စေနိုင်တယ်။

ကဲ…အရင် အောက်ကလင့်သွားပြီး Driver Pack တွေကို ဒေါင်းလုဒ်ယူလိုက်ပါ။ အပိုင်း (၈)ပိုင်းနဲ့အဲဒီဆိုက် မှာတင်ထားပါတယ်။ အဲဒီရလာတဲ့ဖိုင် (၈)ဖိုင်ကို ပြန်ဆက်တတ်ဖို့လိုလိမ့်မယ်နော်။ အဲဒီအတွက် ကျနော်
မရေးပြတော့ပါဘူး။ သိချင်ရင် ဒီနေရာလေးကို သွားရောက်ဖတ်ပါ။

Download Link :
Driver Pack For XP Part 01
Driver Pack For XP Part 02
Driver Pack For XP Part 03
Driver Pack For XP Part 04
Driver Pack For XP Part 05
Driver Pack For XP Part 06
Driver Pack For XP Part 07
Driver Pack For XP Part 08

Driver Pack Autorun v3

Driver Install ထည့်သွင်းနည်း…

Zip ဖိုင်ဖြည်ပြီးရင် folder တစ်ခု ရလာပါမယ်။ ရလာတဲ့ဖိုလ်ဒါထဲမှာ autorun ဖိုင်တစ်ခုတွေ့မယ်။ autorun.hta (html ဖိုင်အမျိုးအစားပါ)။
အဲဒီ autorun ကလစ်နှစ်ချက်ခေါက်ပြီးဖွင့်။ ခဏစောင့်ပါ။ ကိုယ့်စက်နဲ့ အဆင်ပြေမယ့် Driver တွေကို ပုံထဲက အတိုင်းအဲဒီ Driver တွေဖေါ်ပြပါလိမ့်မယ်။ ။ လိုအပ်မယ့်ဟာကိုကလစ်လုပ်ရုံပါဘဲ။ အဲဒါဆို အော်တိုမက်တစ် အင်စတော လုပ်သွားပါလိမ့်မယ်။

ကဲ…အဆင်ပြေကြပါစေ…

Wednesday, December 15, 2010

Saw Linux  /  5:21 PM  /  ,   /  No comments
Driver အကြောင်းတွေကိုရေးရင်းနဲ့ ဈာန်ဝင်သွားလို့ နောက်ထပ်တစ်မျိုးထပ်ပြီး မိတ်ဆက်ပေးလိုက်မယ်။ ကျနော်အခုပြောပြချင်တာက RealtekAudioDriver ပြဿနာဖြစ်ပေါ်လာပါကဖြေရှင်းနိုင်တဲ့နေရာတစ်ခု
ကိုညွန်ပြချင်တာပါပဲ။ http://www.realtek.com.tw/ ဆိုတဲ့ဆိုက်မှာ မိမိကွန်ပျူတာ Audio Driverပြဿနာ
ရှိရင် ဒီဆိုက်ကိုသွားပြီး Audio Driver တွေကိုဒေါင်းလုဒ်ပါ။ စမ်းကြည့်ပါ။ တော်တော်များတော့ အဆင်ပြေပါ
တယ်။
+/- အပြည့်အစုံသို့

ဒေါင်းချင်ရင် အောက်ကနည်းအတိုင်းပါပဲ...

(၁) ဒါကိုနှိပ်လိုက်ပါ

(၂) ဆိုက်ပွင့်လာရင် I accept to the above ကိုအမှန်ခြစ်။ Next ကိုဆက်နှိပ်။ ဒေါင်းလုဒ်ဆိုက်ပွင့်လာပါ
လိမ့်မယ်။ ဒေါင်းလုဒ်ဆိုက်ပွင့်မလာသေးလျှင် ညာဖက်ခြမ်းမှာ HD Audio code driver ဆိုတာကို နှိပ်လိုက်။

(၃) ဒေါင်းလုဒ်စင်တာမှာ မိမိတင်ထားတဲ့ ၀င်းဒိုးအလိုက်ကြည့်ပြီး ဒေါင်းလုဒ်ရမည်။ ဒေါင်းလုဒ်ချင်တဲ့ Audio
Driver ကို GO ကိုသာနှိပ်လိုက်ပါ။

ဒေါင်းလုဒ်ရလာတဲ့ Audio Driver ကို အင်စတောထည့်သွင်းတာကတော့ ထုံးစံအတိုင်းပေါ့။ စက်နဲ့ မကိုက်တဲ့
Audio Driver မောင်းထားတာရှိရင် ပြန်ပြီး Uninstall လုပ်လိုက်ပါ။ ပြီးရင် အခုဒေါင်းလုဒ်ထားတဲ့ Audio
Driver ကို Run လိုက်ရုံပါပဲ။

အဆင်မပြေသေးဘူးဆိုရင်...

ဒီက ဒီက +Driver checker+ဆိုက်ကို သွားပြီး Driver checker ကို ဒေါင်းလိုက်ပါ။ မိမိကွန်ပျူတာရဲ့လိုအပ်တဲ့ Driver တွေကို ဒီကောင်နဲ့ Check လို့၇တယ်။ Driver ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုထပ်ရပါ
လိမ့်မယ်။

အားလုံးအဆင်ပြေပါစေ...

Tuesday, December 14, 2010

Saw Linux  /  5:54 PM  /  ,   /  No comments
ကျနော် Driver Genius Professional Edition နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆိုက်တော်တော်များတင်ထားတာ
တွေ့ပါတယ်။ သို့သော် တစ်ချို့သူငယ်ချင်းများ လုပ်နည်းပါတင်ပေးဖို့ပြောလာတာကြောင့် Driver Genius Professional Edition ရဲ့ Back up လုပ်နည်းလေးပြောရအောင်။
Back up လုပ်တယ်ဆိုတာ လက်ရှိမိမိသုံးနေတဲ့ ၀င်းဒိုးရဲ့Driverတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းထားတဲ့
သဘောပါပဲ။ ဥပမာ...မိမိကွန်ပျူတာဟာ တစ်စုံတစ်ခုပြဿနာဖြစ်လို့ Window ပြန်တင်ဖို့လိုတယ်ဆိုပါစို့။ အဲဒီ
ကွန်ပျူတာက DriverCD လဲမရှိ၊ Driver fileလဲ အရန်သင့်ရှိမနေဘူးဆိုရင် ဒီDriver Genius Professional Edition နဲ့ဖြေရှင်းဖို့အကြံပေးချင်တယ်။ ၀င်းဒိုးမချခင် ဒီဆော့ဝဲလ်ကိုမောင်းပြီး Driver ကို Back up လုပ်ထားရုံ
ပါပဲ။ Backup နဲ့ Restore, Backup နဲ့ Recovery တို့သည် အမြဲယှဉ်တွဲနေပါတယ်။

Driver Genius Professional Edition ရဲ့ compatible ဖြစ်နိုင်သော OS များအောက်အတိုင်းပါပဲ...

Operating System: Windows 98/98SE/ME/2000/XP/2003/Vista/XP x64/Server 2003 x64/Vista x64/Windows 7/Windows 7 x64/Windows Server 2008/Windows server 2008 x64

Driver Genius Professional Edition ရဲ့ Back up လုပ်နည်း

(၁) ထုံးစံအတိုင်း အင်စတောထည့်သွင်းလိုက်ပါ။ မခက်ပါဘူး ဆော့ဝဲလ်ရဲ့ညွန်ပြမှုအတိုင်း Next တွေကို နှိပ်လိုက်ရုံပါပဲ။

(၂) အင်စတောထည့်သွင်းမှုပြီးတာနဲ့ အောက်ပါအတိုင်း Start Scan နဲ့အတူ Screenshot ပုံတွေ့ရမှာပါ။ Driverကို Scan လုပ်ချင်ရင်တော့ Start Scanကိုနှိပ်။ မလုပ်ချင်ရင် ကြက်ခြေခတ် close ပေးပါ။ Screenshot ရဲ့ဘယ်ဖက်ခြမ်းမှာ Home, Backup, Restore,Update, Uninstall စသည်တွေ့နိုင်ပါတယ်။

(၃)မိမိလက်ရှိဝင်းဒိုး Driverရဲ့ Back up လုပ်ချင်ရင် ဘယ်ဖက်မှာ Backup Driver ကိုနှိပ်။ Collecting
Driver Information ဘောက်စ်ပေါလာမှာဖြစ်တယ်။

(၄) နောက်တစ်ဆင့်က Select the Drivers you want to bankup, မိမိ Backup လုပ်ချင်တဲ့ Driver
တွေကို ရွေးဖို့။ အောက်မှာ Currently Used Driver, Original Window Driver, Disconnected
Device Driver သုံးမျိုးလုံးကိုပဲ ရွေးချယ်ပါ။ အောက်မှာလဲ စုစုပေါင်းရွေးချယ်ထားတဲ့ Driver အရေအတွက်ကိုလဲပြထားပါတယ်။ ပြီးရင် Next ကိုပေး။

(၅)Backup Type and Backup Location, Backup file လုပ်မည့်အမျိုးအစား၊ Backup file သိမ်း
မည့်နေရာရွေးချယ်ဖို့ပါ။ ကျနော်က D:မှာပဲသိမ်းထားလိုက်တယ်။ ၀င်းဒိုးကို ဖေါမက်တစ်ခုလုံးချမယ်ဆိုရင် အခြား Extarnal Hard disk တစ်ခုခုမှာသိမ်းထားစေချင်တယ်။

(၆) ဒီအဆင့်က Backing up your existing Windows Driver Installation, လက်ရှိအသုံးပြုနေတဲ့
ဝင်းဒိုး Driver တွေကို Backup လုပ်နေတာဖြစ်ပါတယ်။

(၇) ကဲ...ဒါတော့ Completing the Backup Task, Backup လုပ်ဆောင်တာပြီးသွားပြီ။

ကျနော်က D: Drive မှာထားတယ်ဆိုတော့ အောက်ပါပုံအတိုင်း Driver Backup 12-142010 22945 ဖိုင်တစ်
ခုရလာမှာဖြစ်တယ်။

ဒါကတော့ Driver ကို Backup လုပ်နည်းလေးဖြစ်ပါတယ်။

Backup file ကို Restore ပြန်လုပ်နည်း

တစ်ဆက်တည်းမှာပဲ Backup လုပ်ထားတဲ့ဖိုင်ကို Restore ပြန်လုပ်ချင်ရင် ကျနော်နည်းနည်းလေးပြောပြလိုက်မယ်။
ဝင်းဒိုးအသစ်တင်ထားရင် ဒီဆော့ဝဲလ်ကိုပြန်ထည့်သွင်းပါ။ ပြီးတော့ Restore Drivers ကိုနှိပ်။ အောက်ကပုံကို
ကြည့်ပါ...

(၁) Restore Drivers from Previous Backups
(2) Browse my computer for Drivers Backups နှစ်မျိုးတွေ့နိုင်ပါတယ်။

(၁) Restore Drivers from Previous Backups သဘောက မိမိဝင်းဒိုးကို ဖေါမက်မချခင်တုန်းက Backup
file ကို သိမ်းထားတဲ့နေရာမှာပဲ (Backup file ကို အခြားတစ်နေရာသို့ မပြောင်းရွေ့ပဲ)Restore ပြန်လုပ်မယ်ဆို
ရင် Restore Drivers from Previous Backups ရွေးရပါမယ်။

(2) Browse my computer for Drivers Backups, ဆိုတာ မိမိ Backup File ကို အခြားတစ်နေရာ
သို့ပြောင်းရွေ့လိုက်မယ်၊ သဘောက D: ကနေ သိမ်းထားတဲ့ Backup File ကို အခြား Drive တစ်ခုကနေပြောင်း
ရွေ့လိုက်မယ်ဆိုရင် Restore ပြန်လုပ်လိုက်တဲ့အခါ Browse my computer for Drivers Backups ကို
ရွေးဖို့လိုပါလိမ့်မယ်။

ကျန်တဲ့အစိတ်အပိုင်းလွယ်သွားပြီးလေ ကိုယ့်ကိုပဲဆက်လုပ်ကြပါ။

+ဒေါင်းလုဒ်+

Driver Genius Professional Edition

အားလုံးဆင်ပြေပါစေ...

Search