welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label window 7. Show all posts

Saturday, August 25, 2012

Saw Linux  /  4:16 AM  /  ,   /  No comments
Apple မ၀ယ်နိုင်လို့ Mac OS လှလှလေးတွေကို မသုံးနိုင်သောပုဂ္ဂိုလ်များအတွက် စိတ်ဖြေဆေးတစ်ခုပေးလိုက်
မယ်။ အဲဒါကတော့ Mac OSX Lion Inspirat Skin Pack ဖြစ်ပါတယ်။ ဒီ Skin Pack ကိုအသုံးပြုခြင်းဖြင့် Mac
OS အသုံးပြုရသလိုပါပဲ။ နောက်ပြီး ဒီ Skin Pack ဟာ Mac OSX Lion Inspirat ကို တစ်ထပ်တည်းဖြစ်အောင်
ရေးစွဲထားပါတယ်။
Mac OSX Lion Inspirat ဟာ အသုံးပြုရတာပေါ့ပါးတယ်။ ဒါပေမယ့် ဒီ skin ဟာ CusToPack Tool တွဲသုံးရ
တယ်။ ဒါကြောင့် install ထည့်သွင်းတဲ့အခါ Mac OSX Lion Inspirat ရယ် CusToPack Tool ပါ တွဲပြီးထည့်
ရမယ်။ အဲဒီမှာအားသာချက်တစ်ခုက မိမိစက်ကို ဘယ် skin ထားချင်လဲထားလို့ရတယ်။ ဥပမာ...Window
7 skin နဲ့လဲထားလို့ရတယ်။

ပြင်ဆင်အသုံးပြုနည်း...

Skin ကို ပြန်ပြီး Edit လုပ်ချင်တဲ့အခါ CusToPack Tool ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း Choose
CusToPack ကိုရွေးပါ။

ဒီဘောက်စ်မှာ မိမိကြိုက်တဲ့ Skin တစ်ခုခုကိုရွေးပြီး အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ Mac OSX Lion Inspirat
မောင်းထားတော့ သူ့ skin ကိုပဲသုံးမှာပေါ့။

ပြီးတော့ Mac OSX Lion Inspirat Skin ဖက်မှာ Background စသည်ပြင်ချင်တယ်ဆိုရင် အဲဒါကိုမျှားနဲ့
ထောက်၊ Edit this pack ကိုနှိပ်ပြီး ကြိုက်တာကိုပြင်ပါ။

အခုချိန်မှာတော့ Microsoft က Apple ကို နည်းပညာပိုင်းမှာနောက်ကျနေသလိုပဲ။ OS (Window,Linux,Mac)
သုံးမျိုးတွင် Mac OS က ပိုပြီးရှေ့ရောက်တယ်လို့ပြောလို့ရပါတယ်။ ကိုယ်ကပိုက်ပိုက်တတ်နိုင်လို့ကတော့ Apple
ကိုသာရွေးမယ်ဗျာ။ သို့သော် Apple Mac က ဘယ်လောက်ပင်ရှေ့သွားသွား Microsoft ကတော့ ကျနော်တို့
လူတန်းစားအလွှာအသီးသီးအသုံးပြုနိုင်အောင် ၀ယ်ယူရတဲ့ price reasonable ဈေးနှုန်းတွေအတွက် ပိုပြီးအ
ဆင်ပြေပါတယ်။ Apple လည်းအဲလိုသာလုပ်ပေးနိုင်လို့ကတော့ ပိုပြီးတော့ Steven Job ကျေးဇူးတင်ရမယ်။
ခုတော့ HDD GB 30, 60 လောက်ရှိတာကို Price က ဘတ်ငွေ အနည်းဆုံးသုံးသောင်း၊ လေးသောင်းဝန်းကျင်
လောက်ဆိုတော့ သာမန်လူတန်းစားတွေအတွက် မလွယ်ဘူးလေ။ GB 120 ဆို ဘတ်ငွေ အနည်းဆုံးငါး
သောင်းဆို စဉ်းစားသာကြည့်ပေါ့ဗျာ။

Microsoft သုံး PC Window OS တွေကတော့ HDD GB 500 ကို စက်အမျိုးအစားလိုက် ပျှမ်းမျှဈေးနှုံန်းက
ဘတ်ငွေ 16000 ၀န်းကျင်လောက်သာရှိတယ်လေ။ အဲဒါဆို ချိန်လို့ရပြီးပေါ့။ အားနည်းချက်၊ အားသာချက်
ကတော့ OS တိုင်းမှာရှိနေပါတယ်။ ကဲ နိဒါန်းပျိုးလိုက်တာရှည်သွားတယ်။

အောက်ကပေးတဲ့ဖိုင်တွေကို အရင်ဒေါင်းလိုက်ပါ။ Ziddu.com ကနေ ကျနော်တင်ထားတဲ့ဖိုင်က CusToPack
Tool နဲ့ Mac OSX Lion Inspirat ဖိုင်နှစ်ခုစလုံးပေါင်းထည့်ထားတယ်။ အဲဒါကိုဒေါင်းလိုက်ရင် ရပါပြီ။ သူတို့
မူရင်းဆိုက်ကနေ ဒေါင်းချင်တယ်ဆိုရင်လဲ အောက်ကလင့်ကနေဒေါင်းလို့ရပါတယ်။

ထည့်သွင်းပုံ...

၁။ CusToPack Tool ကိုအရင် install လုပ်ပါ။

၂။ ပြီးတော့ Mac OSX Lion Inspirat ကို ဆက်ပြီးတစ်ခါတည်း install လုပ်ပါ။ အင်စတော့လုပ်ပုံကတော့ ကျ
နော်မပြတော့ဘူး သူ့မှာ instruction အတိုင်းလိုက်လုပ်ရုံပါပဲ။

CusToPack Tool
Mac OSX Lion Inspirat
Ziddu (၂ -ခုစလုံးပါသည်)

စောလင်းနက်စ်

Friday, August 24, 2012

Saw Linux  /  8:49 AM  /    /  No comments
ကျနော် Window Password တွေကို ဖြုတ်နိုင်တဲ့ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အရင်က Win
PW တွေကိုဖြုတ်နိုင်တဲ့နည်းလမ်းလေးတွေ တင်ပြခဲ့ပြီးသားဖြစ်ပါတယ်။ net user ဆိုတဲ့ cmd ကိုအသုံးပြုပြီး
Win PW တွေကိုချိန်းနိုင်သလို Trinity Rescue Kit ဆိုတဲ့ဆော့နဲ့ ဖြုတ်နည်းတွေကိုလည်းတင်ပြခဲ့ပါတယ်။
အရင်ကနည်းတွေထက် ပိုအသုံးတည့်မယ့် ဆော့ဝဲတစ်မျိုးထပ်တွေ့တော့ ၀ါသနာတူမိတ်ဆွေများထံ ထပ်ပြီး
မိတ်ဆက်ပေးရတာပေါ့။ မသိသေးသောပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။

အသုံးပြုပုံကမခက်ပါဘူး...
ဆော့ဝဲကိုဒေါင်းပြီး rar ဖိုင်ကို ဖြည်လိုက်ပါ။ 5 MB လောက်ရှိတဲ့ iso image file တစ်ခုရလာမယ်။ အဲဒါကို CD
နဲ့ Burnလိုက်ပါ။ ပြီးတော့ ထုံးစံအတိုင်း Boot တက်ပါ။

၁။ Boot တက်လာတဲ့အဆင့်အတိုင်း ဒီအတိုင်းပဲကြည့်နေလိုက်ပါ။ နောက်ဘောက်စ်တစ်ခုမှာ User Name ဆိုတဲ့အောက်မှာ..
(1)Administrator
(2)Guest
(3)Admin (မိမိထားတဲ့ user အမည်) ဆိုပြီးပေါ်လာမယ်။ နောက်ပြီးအောက်မှာ
Please Enter Your Selection 1......3 or 0 quit ဆိုတာပြမယ်။ ဘယ်အကောင့်ရဲ့ ပတ်စ်ဝါဒ်ကို ဖျက်ချင်သလဲ။ Admin ကို ဖျက်ချင်ရင် 3 ကိုရိုက်ထည့်ပါ။

၂။ နောက်ဘောစ်တစ်ခုထပ်ပေါ်လာမယ်။ အဲဒီဘောက်စ်ရဲ့အောက်ဆုံးတွင် Reset 'Admin' password ? (y/n) ဆိုပြီး
ဖေါ်ပြမယ်။ အဲဒါကို y လို့ရိုက်ထည့်ပါ။

၃။ နောက်ဘောက်စ်မှာ နောက်ထပ်အကောင့်တစ်ခုကို password Reset လုပ်အုန်းမလားလို့မေးပါလိ့မ့်မယ်။ မိမိ PW
ဖျက်ချင်တဲ့အကောင့်ကို ဖျက်လို့ပြီးသွားပြီဖြစ်သည့်အတွက် No ပဲပေးလိုက်ပါ။

ပြီးတာနဲ့ စက်ကိုပြန်ပိတ်ဖို့ သို့မဟုတ် Restart ချဖို့ ကီးဘုတ်ပေါ်က key တစ်ခုခုကိုနှိပ်လိုက်ရုံပါပဲ။ ကဲ ပတ်စ၀ါဒ်ပြုတ်
သွားပါပြီး။

Download Win PW Remover:
Ziddu
Google Code

Trinity Rescue Kit or TRK နဲ့ Win PW ဖြုတ်နည်းကို ဒီမှာ ဖတ်ပါ။

net user (cmd) ကိုအသုံးပြုပြီး PW ချိန်းနည်း (၁) ကို ဒီမှာ ဖတ်ပါ။

net user (cmd) ကိုအသုံးပြုပြီး PW ချိန်းနည်း (၂) ကို ဒီမှာ ဖတ်ပါ။

Tuesday, August 21, 2012

Saw Linux  /  7:28 PM  /    /  No comments
ဒီနေ့ ၀င်းဒိုး 7 tips and tricks အကြောင်းလေးတစ်ခုတင်ပြချင်တယ်။ ( Window tips and tricks ဆိုတာ ၀င်းဒိုး
အကြောင်း သိကောင်းစရာလို့ပဲ တိုက်ရိုက်ဘာသာပြန်ရအောင်)။ စီဘောက်စ်မှာ မေးလာတဲ့ ´icon ပြောင်းတဲ့ပြဿ
နာ´ပါ။ ဒီပြဿနာက window vista မှာ တော်တော်အဖြစ်များတယ်။ 7 မှာ သိပ်မတွေ့ဖြစ်ဘူး။ ဖြစ်ခဲ့သော် ဖြေရှင်း
နည်းလေးပေါ့ဗျာ။ တစ်ခါတစ်လေ ဆော့ဝဲကိုထည့်သွင်းပြီးရင် ဒက်စ်တော့ပေါ်က icon အားလုံးဟာ မိမိထည့်သွင်း
တဲ့ဆော့ဝဲအမည်နဲ့ပဲပေါ်တော့တယ်။ ဒါမှမဟုတ် ဘယ်ပရိုဂရမ်ပဲဖွင့်ဖွင့် မိမိထည့်သွင်းလိုက်တဲ့ ပရိုဂရမ်ပဲပွင့်လာ
တယ်။

အဲဒီပြဿနာဖြေရှင်းနည်းလေးကို ကျနော် Window 7 မှာပါတဲ့ Default Program ကို ၀င်ရောက်ပြင်ဆင်ရင်လဲ
အဆင်ပြေသွားနိုင်ပါတယ်။
အမှန်က အဓိကပြဿနာက file association တွေ ပြောင်းသွားတဲ့သဘောပါပဲ။ ဖြေရှင်းရမည့်နည်းလမ်းကတော့…

(၁) ၎င်းထည့်သွင်းလိုက်တဲ့ ပရိုဂရမ်ဆော့ဝဲကို uninstall ပြန်လုပ်ပါ။
(၂) file association တွေကို Default မူလအတိုင်းပြန်ထားပါ။။

အထက်ပါဖြေရှင်းချက် နှစ်မျိုးတို့တွင် ပထမဖြေရှင်းချက်အတိုင်း ထည့်သွင်းထားတဲ့ ပရိုဂရမ်ကိုပြန်ပြီး unInstall
လုပ်ပါ။ အဆင်ပြေခဲ့ရင် ဒုတိယဖြေရှင်းကိုလုပ်ဖို့မလိုတော့ပါဘူး။ အကယ်၍အဆင်မပြေသေးဘူးဆိုရင် ဒုတိယ
ဖြေရှင်းကိုဆက်ပြီးလုပ်ဖို့လိုပါလိ့မ်မယ်။ ဒါဆို file association ကို Default အတိုင်းပြန်ဖြစ်ဖို့ အောက်ပါအဆင့်
ဆင့်ကိုဖွင့်လိုက်ပါ...

Control Panel> Default Programs> Set program access and computer defaults ကိုနှိပ်ပါ။ ထိုနောက်
Custom ကိုကလစ်နှက်ချက်နှိပ်ပါ။ အောက်ပါ screenshot ပုံတွင် မိမိလိုချင်တဲ့အတိုင်းပြင်ဆင်ပြီး OK ။ ကျနော်
ကတော့ အောက်ပါပုံအတိုင်းပဲ default program အဖြစ်ထားပါတယ်။

Sunday, August 19, 2012

Saw Linux  /  7:34 PM  /    /  No comments
ကျနော်အင်တာနက် Search Engine မှာ ဆိုက်တွေလိုက်ဖတ်ပြီး အသုံးတည့်တဲ့ဆိုက်တွေတွေ့လိုက်တယ်။
အဲဒါကတော့ Window 7 ISO တွေ Version အလိုက်အစုံဒေါင်းလုဒ်လို့ရနိုင်တဲ့ ဆိုက်တွေပါပဲ။ ဒါကြောင့် အပိုင်းပိုင်းဖြတ်ပြီးတင်ထားတဲ့ ဆိုက်တွေမှာဒေါင်းလုဒ်ရတာအလုပ်ရှုပ်မလား နောက်ပြီး ဖိုင်ပြန်ဆက်ရတာလဲတ
ဒုက္ခ။ အခု (iso)တစ်ဖိုင်တည်း ဗျာ။ နက်ကွန်နက်ရှင်ကောင်းဖိုသာလိုတယ်။ ဒီလိုရှယ်ယာလုပ်ပေးတဲ့ဆိုက်
တွေကိုလဲ တော်ကိုကျေးဇူးတင်စရာကောင်းပါတယ်။ သူတို့က၀ယ်ပြီးတင်ထားလို့အဆင်ပြေတာနော်။ ကိုယ့်ကိုဆို
မလွယ်ဘူး။

ဆိုက်နှစ်ခုတွင်...
၁။ DownloadCrew (http://www.downloadcrew.com/)
၂။ Technical Personal (http://techpp.com/) တို့ပါပဲ။ ၀ါသနာပါရင် သွားရောက်လေ့လာနိုင်
ပါတယ်။

အင်တာနက်ကနက်ရှင်ကောင်းမယ်ဆိုရင် ဒီတိုက်ရိုက်လင့်မှာ Window 7 ဗားရှင်းအလိုက်ဒေါင်းလုဒ်ရနိုင်ပါ
တယ်။ ကျနော်ကတော့ လိုချင်တဲ့ပုဂ္ဂိုလ်များအတွက်ထပ်ရှယ်ပေးတဲ့သဘောပါပဲ။ မူရင်းလင့်ကိုလည်း credit
ပေးလိုက်တယ်။

Download Windows 7 ISO

32-bit Windows 7 Ultimate x86 ISO

64-bit Windows 7 Ultimate x64 ISO

32-bit Windows 7 Home Premium x86 ISO

64-bit Windows 7 Home Premium x64 ISO

32-bit Windows 7 Professional x86 ISO

64-bit Windows 7 Professional x64 ISO

Download Windows 7 SP1 Integrated ISO

32-bit Windows 7 Home Premium x86 SP1 (bootable)

64-bit Windows 7 Home Premium x64 SP1 (bootable)

32-bit Windows 7 Professional x86 SP1 (bootable)

64-bit Windows 7 Professional x64 SP1 (bootable)

32-bit Windows 7 Ultimate x86 SP1 (bootable)

64-bit Windows 7 Ultimate X64 SP1 (bootable)

Original Links :

မူရင်းလင့် 1
မူရင်းလင့် 2

Friday, March 16, 2012

Saw Linux  /  5:25 PM  /  ,   /  1 comment
ညီလေးတစ်ယောမေးတောင်းတာနဲ့ ဒီ Window 7 Driver Pack ကိုတင်ပေးလိုက်တယ်။ ကျနော် upload ပြန် တင်ရမယ်ဆို အချိန်ကြာမှာစိုးတာနဲ့ ´ဇွဲကပင် (ကျော်ခရော့စ်)´ ဆိုက်က လင့်တွေကိုပဲယူသုံးလိုက်တယ်။ နောက်ပြီး သူ့ဆိုက်ကတင်ထားတဲ့လင့်ဟာ pop up အလိုလိုကျလာတော့ ပိုအဆင်ပြေတာပေါ့။ ဒီမှာအဓိက ပြောချင်တာက ခွေဘန်းဖို့ပါ။ တစ်ချို့က အဲဒါကိုဒေါင်းပြီးတော့ ဘယ်လိုသုံးရမှန်းမသိဘူး။ အဲဒီဖိုင်တွေကိုအ ကုန်ဒေါင်းပြီးရင် Zip ဖိုင်ကိုဖြည်ပါ။ အဲမှာ ISO Image ဖိုင်တစ်ခုလာမယ်။ ISO ဖိုင်ကို Burn ဆော့ဝဲမရှိရင် ဘာမှမပူနဲ့ ၀င်းဒိုး 7 ဟာ အဲဒီ ISO ဖိုင်ကို Burn tool ပါပြီးသားပါ။ ဆော့ဝဲနဲ့မှ Burn ချင်တယ်ဆိုရင် Nero
စသည်နဲ့ Burn ပေါ့ဗျာ။ ကျနော်ကတော့ ဒီ Window 7 မှာပါတဲ့ Burn tool နဲ့ပဲ Burn လိုက်တယ်ဗျာ။
Window 7 မှာပါတဲ့ Burn tool နဲ့ လုပ်မယ်ဆိုရင် ၎င်း iso image ဖိုင်ကို ကလစ်နှစ်ချက်နှိပ်၊ ပြီိးတော့
Burning tool ဘောက်စ်ကျလာမယ်။ အဲဒါကို Burn Disc မှာ CD/DVD Drive ကိုရွေးပြီး Burn ကို
နှိပ်လိုက်ရုံပါပဲ။ အဲဒါပြီးရင် Driver လိုအပ်တဲ့ စက်မှာထည့်ပြီးမောင်းလိုက်ရုံပါပဲ။

Download Window 7 Driver Pack :

Window 7 Driver Pack Part 1
Window 7 Driver Pack Part 2
Window 7 Driver Pack Part 3
Window 7 Driver Pack Part 4
Window 7 Driver Pack Part 5
Window 7 Driver Pack Part 6
Window 7 Driver Pack Part 7
Window 7 Driver Pack Part 8
Window 7 Driver Pack Part 9
Window 7 Driver Pack Part 10
Window 7 Driver Pack Part 11
Window 7 Driver Pack Part 12
Window 7 Driver Pack Part 13
Window 7 Driver Pack Part 14
Window 7 Driver Pack Part 15
Window 7 Driver Pack Part 16
Window 7 Driver Pack Part 17
Window 7 Driver Pack Part 18
Window 7 Driver Pack Part 19
Window 7 Driver Pack Part 20
Window 7 Driver Pack Part 21
Window 7 Driver Pack Part 22
Window 7 Driver Pack Part 23
Window 7 Driver Pack Part 24
Window 7 Driver Pack Part 25
Window 7 Driver Pack Part 26
Window 7 Driver Pack Part 27
Window 7 Driver Pack Part 28
Window 7 Driver Pack Part 29
Window 7 Driver Pack Part 30

Monday, February 27, 2012

Saw Linux  /  8:49 AM  /    /  No comments
ညီလေးစောချစ်သိချင်တဲ့ အထက်ပါမက်စေ့ဂ်ျမျိုးမပေါ်အောင်လုပ်နည်းကို ကျနော်ပြောပြချင်ပါတယ်။ လွယ် တယ်ဆိုပေမယ့် မသိရင်တော့ခက်တာချည်းပါပဲ။ အမှန်က Microsoft Answer က ကျနော်လင့်ကိုပဲတိုက်ရိုက် ပေးတော့မလို့ ဒါပေမယ့် အများအတွက်လဲ အကြိုးများအောင်ဆိုပြီး ပို့စ်အဖြစ်တင်ပေးလိုက်တယ်။ အောက်က စောချစ်ရဲ့ စီဘောက်စ်မှာမေးထားတဲ့မေးခွန်းလေးပါ။

စောချစ်: ကိုလင်းနက်စ်ေ၇။ ကူပါဦး ကျနော် firefox ဖွင့်လိုက်တိုင်း browser က တိုက်ရိုက်ပေါ်မလာဘဲ
စောချစ်: User Account Control box လေးပေါ်လာပြီး ဒီလိုလေးမေးတယ်
စောချစ်: do u want to allow the following program to make change to this computer? အဲဒါကို yes လုပ်လိုက်မှ
စောချစ်: firefox broswer က ဖွင့်လာတော့တယ် အဲဒါကို ဘယ်လိုပြန်လုပ်ရမလဲ ။ ကူညီပါဦးနော်

အောက်ပါနည်းလမ်းတွေနဲ့ အထက်ပါမက်စေ့ဂ်ျစာတန်းမပေါ်အောင်လုပ်ကြရအောင်…

Method (1)
လက်ရှိအသုံးပြုနေတဲ့ Mozilla Firefox ကို Uninstall ပြီးတော့ Re-install ပြန်လုပ်ပါ။

Method (2)
မိမိသစ်ထည့်သွင်းမယ့် application ဆော့ဝဲကို Administrator အနေနဲ့ ထည့်သွင်းခြင်း
(၁) main application (သို့မဟုတ်) ၎င်းဆော့ဝဲရဲ့ short cut ကို Right Click
(၂) Properties ကိုရွေး
(၃) Menu က compatibility tab ကိုရွေးပြီး "Run this program as an administrator." ထပ်ရွေးပါ။

Method (3)
User Account Control (UAC) ရဲ့ notifies သတ်မှတ်ပေးခြင်း

ဝင်းဒိုး 7 မှာ User Account Control settings တစ်ခုပါပါတယ်။ အဲဒါကို ဆော့ဝဲတွေထည့်သွင်းတဲ့အခါတိုင်း Security သဘောမျိုးနဲ့ မက်စေ့ဂ်ျတွေပေးလေ့ရှိတယ်။ အဲဒါကို မပေါ်စေချင်ရင် ကျနော်တို့ သူရဲ့ notify သတ် မှတ်ပေးရပါလိမ့်မယ်။
Always notify, Don’t notify, Never notify ဆိုပြီး level သုံးမျိုးပြထားပါတယ်။ အဲဒီသုံးမျိုးတွင် Don’t notify ရွေ့ထားလိုက်ပြီး apply> OK
အောက်ပါအဆင့်ဆင့်ဖြင့်သွားလိုက်ပါ….
Start > Control panel> User Account> Change User Account Control settings (သို့မဟုတ်) Start ရဲ့ Search Box မှာ uac ကိုသာရိုက်ထည့်လိုက်ပါ။
Change User Account Control settings ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း Don’t notify ကိုသာနှိပ် ပြီး apply > OK

စက်ကို Restart ….

အဆင်ပြေပါစေ…
စောလင်းနက်စ်
Saw Linux  /  8:49 AM  /    /  1 comment

Thursday, January 26, 2012

Saw Linux  /  6:43 AM  /    /  No comments
ပို့စ်မတင်တာနည်းနည်းကြာသွားလို့ လိုအပ်တာလေးတွေထပ်ပြီးတင်ပေးလိုက်မယ်။ ဒါလေးကတော့ Window 7 Ultimate အတွက် လိုအပ်မယ့် ကီးတွေကိုထုတ်ပေးတဲ့ application tool တစ်ခုပါ။ ဒါကြောင့်လိုအပ်ရင်အဆင် ပြေအောင် တင်ပေးလိုက်တယ်။

Download :
Windows_7_Keygen_Ultimate_v1.1

Tuesday, November 22, 2011

Saw Linux  /  9:40 PM  /  ,   /  No comments
ဒီတော့ပစ်ကို စီဘောက်စ်မှာမကြာကြာမေးနေတာတွေ့ရတယ်။ အမှန်က တစ်ခြားဆိုက်မှာလည်းအသံပိုင်းပြဿနာ
များအ တွက်ဖြေရှင်းချက်တွေတင်ထားတာအများကြီးပါ။ ဒါပေမယ့် ကျနော်ဆီမှာလာမေးတော့ကိုယ့်နည်းကိုယ့်
ဟန်နဲ့ ထပ်ပြီးအ ဖြေတစ်မျိုးလေးနဲ့လုပ်ကြည့်တာပေါ့။ အဆုံးသတ်ပုံလေးကတော့ တူတူလောက်ပါပဲ။ အပိုင်း (၂)
ပိုင်းဖြင့် ကျနော်ခွဲပြီးရှင်း ပြချင်ပါတယ်။

အပိုင်း (၁)
အခု Window 7 Feature အခြေခံပြီးပြောတာပေါ့။ အဖြစ်နိုင်ဆုံး sound ပြဿနာက Device Driver ပါပဲ။
အဲဒါဆိုDriver ကို မိမိလက်ရှိသုံးနေတဲ့ OS (Operation System) နဲ့ ကိုက် မကိုက် Check up စစ်ဆေးမယ်။
My Computer> Right Click> Manage> ကိုနှိပ်၊ ထိုနောက် Computer Management ဘောက်
စ်ပေါ်လာမည်။ ပြီးရင် Device Manager ကို click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း Device Manager
ဘောက်စ်ပေါ်လာမည်။

ညာဖက်က Sound Device ကိုကြည့်လိုက်ပါ။ Question Mark, Exclamation, အ၀ါရောင်တွေရှိနေသလား။
အဲဒါတွေရှိလျှင် sound device Driver ပြဿနာရှိနေတာသေချာသည်။
အဲဒါဆို မိမိစက်နဲ့ကိုက်ညီမယ့် Audio Driver တွေကို ပြန်တင်ရမယ်၊ ဒါမှဟုတ် Driver ကို updateလုပ်ခြင်း
အားဖြင့်၎င်းပြဿနာတွေကို ပြေလည်သွားစေနိုင်တယ်။ Driver update လုပ်နည်းတွေကိုတော့ ကျနော်
ဆက်ပြီးမရေးတော့ပါ။

အပိုင်း (၂)
အထက်ပါ Sound Device ပြဿနာမရှိဘူး။ ဒါပေမယ့် sound အသံက မလာသေးဘူးဆိုလျှင် Window
မှာပါတဲ့Sound Feature တွေကို ထပ်မံစစ်ဆေးရအောင်။
Control Panel > Sound ဒါမှမဟုတ် Task Bar > Sound icon ကို Right Click > Sound
ကိုနှိပ်ပါ။ကျနော်အောက်မှာပြမယ့် ပုံအတိုင်းလိုက်ပြီး မိမိ Sound Feature တွေစစ်ဆေးလိုက်ကြ
ရအောင်...

(၁) Sound Menu တွင် Playback ကိုနှိပ်၊ ပြီးတော့ Speaker/Headphone (ဒီနေရာမှာ usb head
pnoeတပ်ထားရင် usb headphone ပါပေါ်မည်) ကိုတစ်ချက်ရွေးပြီး Properties ကိုဆက်နှိပ်ပါ။

(၂) Speaker/Headphone Properties ဘောက်စ်ပေါ်လာရင် Properties ကိုတစ်ချက်နှိပ်ပြီး ၎င်းရဲ့
Driverအလုပ်၊ မလုပ် ညာဖက်ဘောက်စ်အတိုင်း စစ်ဆေးကြည့်နိုင်သည်။ ပြီးတော့ အောက်ခြေက Device
Usageအကွက်တွင် use this device enable or disable စစ်ဆေးပြီး enable ကိုရွေးပြီး apply > OK

(၃) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Custom > PC Spk Mute ရဲ့လေးထောင့်
ကွက်အမှန်ခြစ်ကို ဖြုတ်ထားပါ။

(၄) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Levels > Speakers အကွက်တို့တွင်
Balance ကို ၀ အထိရှိရင် 22 စသည်အားဖြင့် ထားပါ။

(၅) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Enhancements မှာ ကျနော်အောက်ဘောက်
စ်မှာကွင်း ထားတဲ့ထားပါ။ တစ်ခုခုလုပ်ထားမိလို့အဆင်မပြေခဲ့လျှင် Restore Default ကိုပြန်နှိပ်ပါ။

(၆) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Advanced ကိုနှိပ်၊ အောက်က Default
Format,Exclusive Mode တွေကို ကျနော်ပြတဲ့အတိုင်းထားပါ။ နောက်ပြီး Test ကို အသံလာ မလာနှိပ်ပြီး
စမ်းကြည့်ပါ။ ပြီးတော့ Apply > OK

ဒါတွေအားလုံးပြင်ဆင်ထားခဲ့ပြီးဆိုလျှင် Sound နဲ့ပတ်သက်တဲ့ အသံပြဿနာတွေအနည်းငယ်အဆင်ပြေသွား
မယ်လို့ထင် ပါတယ်။

Earphone/Microphone အသံမကြားရတဲ့ပြဿနာလည်း အလားတူနည်းမှီပြီးဖြေရှင်းနိုင်
ပါတယ်…

အောက်ပါအတိုင်းလိုက်လုပ်ပါ…
Control panel>Sound>Recording ကိုဝင်ပြီး Microphone ပုံလေးကို double click ပေးလိုက်ပါ၊Microphone Properties ဘောက်ကျလာပါလိမ့်မယ်။ Levels ကိုဖွင့်လိုက်ပါ၊
Microphone နှင့် Microphone Boost setting ၂ခုကို တွေ့ ရင်အပေါ်က မိမိတို့ စက်ရဲ့အသံအတိုး၊ အလျှော့၊
လုပ်ပါ။
Microphone boost ကတော့မိမိတို့ ကပြောတဲ့အထွက်အသံပေါ့။ အဲဒီအတိုးအလျှော့လေးကို +40.0 db
ထိမြင့်လို့ရပါတယ်။ ပြီးတော့ ok

အထက်ပါအတိုင်းအားလုံးကိုက်ညီမှုရှိပါလျှက်နဲ့ Sound အသံမလာသေးဘူးဆိုလျှင် DownupVirus ကြောင့် ပဲဖြစ်နိုင်တော့ တယ်။ အောက်ပါအတိုင်းဖြေရှင်းကြည့်ပါ။

ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်း
ရပ်စ်ကကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာ
က အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။

သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။
ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။

၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။

Download :
Medaifire
Removal Downup virus Original Link

Saw Linux  /  8:02 AM  /    /  No comments
USB ဖြင့် Window ထည့်သွင်းရာတွင် Boot လည်ဖူးသောပုဂ္ဂိုလ်များအနေနဲ့ ဒီတော့ပစ်ကိုဖတ်လိုက်တာနဲ့သိပါ လိမ့်မယ်။ USB နဲ့ Window မတင်ဖူးသောပုဂ္ဂိုလ်များအတွက်တော့ ဗဟုသုတအသစ်တစ်ခုတာပေါ့ဗျာ။ အားလုံး သိပြီးသားပါ။ Window အသစ်ထည့်သွင်းတာဖြစ်ဖြစ်၊ ပြန်ပြီး Reinstall လုပ်တာဖြစ်ဖြစ် CD/DVD Drive နဲ့ အ သုံးပြုတာရှိသလို USB နဲ့လည်း အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းကြပါတယ်။

အဲဒီနှစ်မျိုးတွင် CD/DVD Drive ကိုအသုံးပြုပြီး Window ထည့်သွင်းတာက အလွယ်ဆုံးနည်းလို့ပြောရမှာပါ။ အဲ ဒီနည်းနဲ့အကျွမ်းတ၀င်ရှိပြီးကာမှ USB ကို အသုံးပြုပြီး Window ထည့်သွင်းဖို့ထပ်မံကြိုးစားကြတာများပါတယ်။ ကျနော်လဲ ဒီအတိုင်းပဲဝင်းဒိုးထည့်သွင်းတာအဆင့်ဆင့်လုပ်ဆောင်ခြင့်ဖြင့် အတွေ့အကြုံကောင်းတစ်ချို့ကိုရရှိ ခဲ့ပါတယ်။ ကျနော် ပထမကြိမ် Window ကို USB နဲ့ ထည့်သွင်းတဲ့အခါတုန်းက ဒီ Boot လည်တဲ့ပြဿနာဟာ ချွှေးပြန်တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ စဉ်းစားရင်းနဲ့အဖြေပေါ်ခဲ့တယ်လို့ဆိုကြပါစို့။ နောက်ပြီး ကျနော် စက်သုံးလေး လုံးလောက်လုပ်ခဲ့ပြီးမှ သူငယ်ချင်းတွေကို ပြန်လည်ဖေါက်သည်ချနိုင်တာ။ ဒါပေမယ့်…ကျနော်သိခဲ့တဲ့အဖြေ ထက်တစ်ခြားဖြေရှင်းချက်ကောင်းများလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ နောက်ပြီး Boot Menu မှာ ကျနော်အ ကျွမ်းတ၀င်မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဘာဖြစ်ဖြစ် ကျနော်ရရှိခဲ့တဲ့ဖြေရှင်းချက်သည်လည်း ”USB ဖြင့် Window ထည့်သွင်းရာတွင် Boot မလည် အောင်”လုပ်တဲ့နေရာမှာ ဖြေရှင်းချက်ကောင်းတစ်ခုအပါအ၀င်ဖြစ်ပါလိမ့်မယ်။

ဖြေရှင်းနည်း….

Window Install ထည့်သွင်းရာတွင် သိပြီးသားအတိုင်း…အတိုချုံးကိုပဲပြောမယ်။ မိမိကီးဘုတ်ပေါ်က အက္ခရာ အစဉ်လိုက်Boot ထဲကိုဝင်မယ်။ အောက်ကနှစ်မျိုးတွင် တစ်မျိုးမျိုးနဲ့တင်မယ်ပေါ့ဗျာ…
(၁) CD/DVD Drive နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ CD/DVD Drive ကိုရွေးမည်။
(၂) USB Port နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ USB အမျိုးအစားကိုရွေးမည်။

ကဲ…ဒီနေရာမှာ USB အတွက်အဓိကပြောတယ်ဆိုတော့ အပိုင်း(၂)ကိုရွေးလိုက်တယ်နော်။ ထည့်သွင်းလိုက်ပြီး ဆိုကြပါစို့။ ပါတေးရှင်းအပိုင်းရောက်ရင် ပါတေးရှင်း edit လုပ်တယ်။ ကဲ.ပြီးတော့ Partition 2 ကိုရွေးပြီး Next ကိုပဲဆက်နှိပ်လိုက်ပေါ့ဗျာ။ Next ကိုနှိပ်လိုက်တာနဲ့ Window အင်စတောထည့်သွင်းတဲ့ Processing တွေ့ရမှာ ဖြစ်တယ်။ ၀င်းဒိုးထည့်သွင်းစဉ်တွေ့ရမယ့်အပိုင်းမှာ…
Copying files,
Expanding files,
Installing update,
Install features,
Completing Installation ….

အောက်ပါပုံအတိုင်း...

ဆိုပြီး အပိုင်း (၅)ပိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပိုင်း (၅)ခုတွင် ….
Copying files,
Expanding files,
Installing update,
Install features အရောက်တွင် Restart ကျမှာဖြစ်တယ်။ အဓိကပြောရမယ့်ပြဿနာက ဒီနေရာပါပဲ။

CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းရင်…
ဒီနေရာရောက်တာနဲ့ Restart ကျမယ်။ ပြီးတော့ Automatic Boot ပြန် တက်လာပြီး Completing Installation ကို ဆက်လုပ်သွားမှာဖြစ်တယ်။ ဒါက CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်တဲ့အပိုင်းပါပဲ။ ဒီနည်းက Boot မှာ ဘာဝင်ချိန်းစရာမှမလိုပါဘူး။

ပို့စ်တော့ပစ်ရဲ့အဓိကအဖြေ
USB နဲ့ ၀င်းဒိုးထည့်သွင်းရင်…
Copying files,
Expanding files,
Installing update,
Install features ဒီအဆင့်ရောက်ရင် ထုံးစံအတိုင်း Restart ကျမယ်။ Restart ကျတာနဲ့ မိမိကီးဘုတ်က Boot ၀င်ဖို့ ကီးတွေကိုအဆင်သင့်နှိပ်ထားလိုက်ပါ။ ပြီးတော့ Boot Menu တွင် First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ကိုရွေးပြီး save and exit လုပ်ဖို့ F10 ကိုနှိပ်။ ဒါဆို HDD ကနေ Boot တက်ပြီး Completing Installation….အပိုင်းကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။ အကယ်၍ ဒီလို Boot ၀င်မချိန်းရင် Installation အစကနေပြန်ပြီးသွားပြီး Boot လည်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အဲလို Boot မလည် အောင် Boot Menu > First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ပြောင်းဖို့လိုကြောင်းခင်ဗျား။

Wednesday, October 5, 2011

Saw Linux  /  6:57 PM  /  ,   /  2 comments
Window 7 Ultimate 7 32.bit (.x86) and 64 bit လိုအပ်တဲ့သူများအတွက် ကျနော်sysfilm.com မှ ရှယ်ယာပေးလိုက်တယ်။ ဒီ iso Image ဖိုင်ဟာ 32 bit and 64 bit နှစ်ခုစလုံး အသုံးပြုနိုင်သည့်အတွက် ပိုပြီးတော့အဆင်ပြေတယ်မလား။ ဆိုက်တော့ နည်းနည်းကြီးတယ်။ 3 GB လောက်ရှိတယ်။ ဒါကြောင့်ဒေါင်းတဲ့အခါ ကွန်နက်ရှင်ကောင်းဖို့လိုတယ်။ မဟုတ်ရင် ဒေါင်းလိုက်ပျက်လိုက်ဖြစ်နေမှာပဲ။ ကဲ…လိုအပ်ရင်တော့ဒေါင်းကြည့်ပေါ့ဗျာ

Download :
cramit.in

Search