welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label Mac OS. Show all posts

Tuesday, October 2, 2012

Saw Linux  /  6:40 PM  /    /  No comments

အရင်တုန်းက computer လောကမှာ Apple ရဲ့ Mac OS သုံးတဲ့ computer ၀ယ်ရမလား၊ Microsoft Windows OS သုံးထားတဲ့ IBM compatible computer ပဲ ၀ယ်ရမလား ဆိုပြီး အဓိက အမျိုးအစားကြီး ၂ မျိုးကွဲနေပါတယ်။
Apple ရဲ့ ကွန်ပျူတာတွေနဲ့ IBM compatible ဖြစ်တဲ့ ကွန်ပျူတာတွေက နည်းပညာ၊ architecture မှာ လုံးဝ မတူခဲ့ကြတဲ့ အတွက် သီးသန့်စီလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ် လောက်က စပြီး Apple က သူ့ကွန်ပျူတာတွေမှာ Intel ရဲ့ CoreDuo နဲ့ Core2Duo CPU တွေကို သုံးခဲ့တာကနေ စပြီး ကွန်ပျူတာ လောကရဲ့ အခြေအနေ တစ်မျိုးပြောင်းသွား ခဲ့ပါတယ်။
Apple က သူ့ကွန်ပျူတာတွေ ထဲမှာ Intel ရဲ့ Core2Duo processor တွေကို သုံးလာတဲ့ အချိန်ကစပြီး သူ့ရဲ့ ကိုယ်ပိုင် နာမည်ကြီး Mac (Macintosh) operation system ကိုလည်း နည်းပညာပိုင်းမှာ ပြောင်းလဲခဲ့ပါတယ်။ ဆိုလိုတာက Mac OSX ကို Core2Duo CPU တွေနဲ့ အလုပ်လုပ် နိုင်ဖို့ ပြင်ပြီး ရေးခဲ့ပါတယ်။ ဒီတော့ Core2Duo CPU ကို သုံးထားတဲ့ Apple စက်တွေအတွက် ရေးထားတဲ့ Mac OS X ဟာ Core2Duo architecture နဲ့ တည်ဆောက်ထားတဲ့ IBM compatible ကွန်ပျူတာတွေမှာလည်း ထည့်သုံးလို့ ရမယ့် အနေအထား ဖြစ်သွားတာပေါ့။ သူတို့က နည်းပညာ အခြေခံပိုင်းမှာ အတူတူပဲလေ။ ဒီလိုနဲ့ hacker တွေက Mac OS X ကို ပုံမှန် PC တွေမှာ install လုပ်သုံးနိုင်အောင် ဖန်တီးခဲ့ကြပါတယ်။ (ဒီအကြောင်းကို post တစ်ခု ရေးခဲ့ပါတယ်)

ဒီတစ်ခါ ပြောချင်တာက Mac OSX အကြောင်း မဟုတ်ပါဘူး။ Apple က ထုတ်တဲ့ MacBook နဲ့ MacBook PRO ဆိုတဲ့ laptop တွေက လူကြိုက်များပါတယ်။ သူတို့ရဲ့ ဖြူဖွေးနေတဲ့ body color နဲ့ design က တစ်ခြား PC laptop တွေနဲ့ ယှဉ်ကြည့်ရင် မျက်စိကျစရာ ကောင်းလှပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ ပိုသဘောကျမယ် ထင်ပါတယ်။ တစ်ကယ်ကို စွဲမက်စရာ ကောင်းလှပါတယ်။ ပြီးတော့ Mac Mini ဆိုတဲ့ ကွန်ပျူတာလေး ဆိုရင်လည်း ထမင်းဘူးလေး လောက်ပဲ ရှိပြီး ချစ်စရာ သိပ်ကောင်းပါတယ်။ ဈေးလည်း သိပ်မများပါဘူး။ အသံလည်း ငြိမ်တယ်။ ပေါ့လည်း ပေါ့တယ်လေ။ သေးသေးလေး ပေမယ့် အထဲမှာ ကွန်ပျူတာ တစ်လုံး ပါရမယ့် အရာ အားလုံးပါပါတယ်။ Windows OS ကိုသာ ထည့်သုံးမယ် ဆိုရင် အသေးဆုံး၊ ချစ်စရာ အကောင်းဆုံး PC လေးလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။
ဒါပေမယ့် ခက်တာက အဲဒီ လို ချစ်စရာ၊ စွဲမက်စရာ ကောင်းတဲ့ Mac Mini, MacBook (white) နဲ့ MacBook PRO ကွန်ပျူတာတွေက Apple ဆိုတော့ ပုံမှန်အားဖြင့် Mac OS X ကို သုံးထားကြပါတယ်။ Mac OSX (Leopard) ဆိုတဲ့ operating system က သုံးရတာ ကောင်းပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံ user တွေနဲ့ friendly မဖြစ်တဲ့ပြင် Windows (အထူးဖြင့် dotNET) developer တွေအတွက်လည်း အဆင်မပြေပါဘူး။ သူက Windows နဲ့ လုံးဝမတူတဲ့ operating system တစ်ခု ဖြစ်နေတာကိုး။ Business user တွေနဲ့ တစ်ခြား Windows တင်မဟုတ်တဲ့ developer တွေကတော့ သုံးကြပါတယ်။ ဒါပေမယ့် Windows သုံးတာနဲ့ ယှဉ်ရင် အရေအတွက် မများဘူးလို့ ပြောလို့ရပါတယ်။ Apple က hardware quality လည်းကောင်းပါတယ်။

ဒီတော့ တစ်ချို့က MacBook အဖြူရောင် laptop လေးတွေကို သဘောကျတယ်။ ချစ်စရာ ကောင်းတယ် လို့လည်း လက်ခံတယ်။ ဒါပေမယ့် သုံးချင်တာက Widnows OS ဖြစ်နေတော့ အဝေးကနေပဲ လွမ်းခဲ့ရပါတယ်။
အခုတော့ Apple ကိုယ်တိုင်ကနေ သူ့ရဲ့ Intel Core2Duo သုံးထားတဲ့ Apple computer တွေထဲကို Windows OS ကို install လုပ်ပြီး သုံးလို့ရအောင် support ပေးလိုက်ပါပြီ။ ဒါကြောင့် Apple laptop လေးတွေနဲ့ Windows OS သုံးချင်သူတွေ အတွက် ၀မ်းသာစရာပါ။
Apple က သူ့ရဲ့ Core2Duo CPU ကို သုံးထားတဲ့ iMac, Mac Mini, MacBook, MacBook PRO စတဲ့ ကွန်ပျူတာတွေမှာ BootCamp ဆိုတဲ့ software လေးကို ထည့်ပေးခဲ့ပါတယ်။ အဲဒီ BootCamp software လေးကို သုံးပြီး hard disk ကို partition အသစ်ခွဲလိုက်ပြီး Windows XP, Windows Vista နဲ့ Windows 7 တို့ကို ထည့်လို့ရပါတယ်။ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Dual Boot လုပ်တယ်လို့ ပြောလို့ရပါတယ်။ အဲလို Dual Boot မလုပ်ချင်ဘူး ဆိုရင်လည်း Core Fusion လို software တွေ သုံးပြီးတော့ Virtual Machine ပုံစံနဲ့ Mac OSX ရော၊ Windows OS ရော နှစ်ခုလုံးကို တစ်ပြိုင်နက်ထဲ run ချင်၊ သုံးချင်လည်း ရပါတယ်။ ဒါပေမယ့် BootCamp နဲ့ သီးသန့်စီ dual boot လုပ်တာက ပိုကောင်းတာပေါ့နော်။

အဲဒီလို Apple Mac ကွန်ပျူတာထဲကို Boot Camp သုံးပြီး Windows OS ကိုထည့်တာဟာ ကောင်းကောင်း compatible ဖြစ်ပါတယ်။ Device Driver တွေ အတွက်လည်း မပူပါနဲ့။ BootCamp ကို သုံးရင် Winodws driver တွေကို Apple computer အတွက် တစ်ခါထဲ ဖန်တီးပေးပါတယ်။ Microsoft Visual Studio ကိုတောင် install လုပ်ပြီး အလုပ်လုပ်လို့ ရပါတယ်။ Windows application တွေကိုလည်း develop လုပ်လို့ရတယ်လေ။ Windows နဲ့ ပုံမှန် သုံးနေတဲ့ အတိုင်း အားလုံး လုပ်လို့ရတယ် ဆိုပါတော့။ Windows OS အတွက် ရေးထားတဲ့ DirectX, OpenGL သုံးတဲ့ game တွေ အားလုံးလည်း ကစားလို့ ရပါတယ်။ များသောအားဖြင့် Apple MacBook, Mac Mini တွေက Nvidia ရဲ့ Geforce 9400M graphic chipset တွေနဲ့ လာတဲ့အတွက် graphic စွမ်းရည်ကောင်းပါတယ်။ Mac Book PRO ဆိုရင် Geforce 9600GT လို အမြင့်စား graphic processor တွေတောင် ပါပါတယ်။ ဒါကြောင့် Windows Vista ထည့်ပြီး ကောင်းကောင်း အလုပ်လုပ်လို့ ရသလို၊ game တွေလည်း ကစားလို့ ရစေပါတယ်။

Apple Mac Book (white) လေးထဲကို Windows Vista ကို boot camp နဲ့ ထည့်တာ လုံးဝ အဆင်ပြေတယ် ဆိုပါတယ်။ Left4Dead, Brothers in Arms လို အဆင့်မြင့် DirectX 10 game တွေ ကိုလည်း ကောင်းကောင်း ကစားလို့ ရပါတယ်။ Microsoft Visual Studio 2008 ကို ထည့်ပြီး အလုပ်လုပ် တာလည်း အားလုံး အဆင်ပြေတယ် လို့ ဆိုပါတယ်။
ချစ်စရာလည်းကောင်း၊ လှလည်းလှတဲ့ MacBook အဖြူလေးတွေကို 1500 S$ လောက်နဲ့ ၀ယ်လို့ရပါတယ်။ (Core2Duo 2.0, 2GB RAM, 160GB HD) နဲ့ပါ။ 4GB RAM နဲ့ 320GB hard disk နဲ့ ဆိုရင် 2000 နီးပါးလောက်တော့ ရှိပါတယ်။ ကျွန်တော့ အနေနဲ့ ဆိုရင်တော့ Mac OS X မှာလည်း program တွေ ရေးချင်တယ်၊ Windows နဲ့လည်း အလုပ်လုပ်ချင်တယ် ဆိုတော့ MacBook လေးဝယ်ပြီး dual boot လုပ်တာ စိတ်ဝင်စားမိပါတယ်။ MacBook PRO တွေရဲ့ touch pad က multi-touch လည်း ရပါတယ်။ Windows 7 နဲ့ ပိုအဆင်ပြေတာ ပေါ့နော်။

ဘယ်လိုပဲ ဖြစ်ဖြစ် style ကျကျ၊ အဆင့်မြင့်မြင့် ဟန်လေးပန်လေးနဲ့ MacBook လေးကို လည်း ကိုင်ချင်တယ်။ Windows Vista သုံးမှလည်း ဖြစ်မယ် ဆိုတဲ့သူတွေ အတွက် အခုတော့ အရမ်းကို ၀မ်းသာ စရာ အဆင်ပြေ သွားတာပေါ့နော်။ ပြီးတော့ Mac OS X ကို တစ်ခြား PC မှာ ထည့်တာက illegal ဖြစ်ပေမယ့်၊ MacBook ထဲကို Windows installer DVD ကို တရားဝင် ၀ယ်ပြီး Windows ထည့်သုံးတာက တရားဝင်တယ် လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ပို အဆင်ပြေတာပေါ့နော်။

Style ကျကျ MacBook ဖြူဖြူ လေးတွေကို ကျော့ကျော့လေး ကိုင်ပြီး Windows XP/Vista နဲ့ Windows7 တွေ မသုံးချင်ဘူးလား……..။

ref: http://thiha-ucsm.blogspot.com/2009/08/cute-macbooks-for-windows-users.html

Saw Linux  /  5:43 PM  /    /  No comments
Mac OS မှာ Myanmar3 font ထည့်သွင်းနည်းဖြစ်ပါတယ်။ လိုအပ်သူများအတွက်အဆင်အောင်ဆိုပြီး MM IT Pro ကနေ ယူးထားတာပါ။ အောက်ပါ font နဲ့ keyboard အရင်ဒေါင်းထားလိုက်ပါ။

1. Font Download
Click Here
2. Keyboard Download
Click Here

Font installation
1. "Font Book" application ကိုဖွင့်ပါ။ ပွင့်လာရင် ပင်နယံစက်သွားပုံကို နှိပ်ပါ ( ပေါ်နေတဲ့ ပုံစံက OS version တစ်ခုနဲ့ တစ်ခု တူချင်မှတူမှာပါ )
2. "Add Font" နှိပ်ပြီးရင် download ချထားတဲ့ font ကိုရွေးပေးပေါ့။

Keyboard installation
1. Keymagic Keyboard ကို ရယူပြီးရင် ၂-ချက်နှိပ်ပြီး ဆက်လုပ်( install) သွားပါ။ ပြီးသွားရင်
2. Key လက်ကွက်တွေရှိတဲ့နေရာမှာ(နိုင်ငံအလံ ရှိတဲ့ နေရာ) နှိပ်လိုက်ပါ။ ပွင့်လာရင် Keymagic ကိုရွေးပေးရင်ရပြီ။
3. စာရိုက်တော့မယ်ဆိုရင် အလံရှိတဲ့ လက်ကွက်နေရာမှာ Keymagic ကိုရွေး ရမယ်။ Keymagic က လက်ကွက် ၃-၄ မျိုးလောက် ထည့်ပေးထားမှာပါ။

ဒါဆိုရင် ကိုနဲ့အကျွမ်းတဝင် ရှိမဲ့ လက်ကွက်ကို ဆက်ရွေးပြီး စာရိုက်လို့ရပါပြီ။ မှတ်ချက်။ ကျနော့်စက်က version 10.4 နှိမ့်နေလို့ Keymagic ထည့်လို့မရဘူး။ သူများစက်ကို တခါထည့်ဘူးတယ်။ မှတ်မိသလို ရေးထားတာ။ သေချာတာက Keymagic ရွေးပြီး လက်ကွက်ပါရွေးရတယ်။

 အောက်ကပုံတွေကို ကြည့်လိုက်ရင် မြင်သာ မှာပါ။ ကျနော်ကိုယ်တိုင် လုပ်ထားတဲ့ myanmar3 လက်ကွက်လဲရှိတယ်။ install လုပ်စရာမလိုဘူး ဖိုင်တစ်ခုပါပဲ။ သူ့နေရာမှာ သွားချထားလိုက်ရုံပဲ။ ဒါပေမယ့် သဝေထိုး ကိုတော့ ဗျည်း တို့ ၀ျ ဝြ ၀ွ ၀ှ တို့နောက်မှ ရိုက်ရတယ်။

Ref : http://www.myanmaritpro.com/profiles/blogs/mac-os-font

Monday, October 1, 2012

Saw Linux  /  7:07 PM  /    /  No comments
Mac OS အသုံးပြုသူများအတွက် Zawgyi font သွင်းနည်းကို WaiPhyoK ရေးတဲ့ပို့စ်နဲ့ပဲ တင်ပေးလိုက်
တယ်။ တစ်ချို့က ပိုက်ပိုက်တတ်နိုင်တော့ ipone, ipad, Mac Book ကို ၀ယ်သုံးလိုက်တယ်။ ဒါပေမယ့်
သူ့ရဲ့ application software တွေ ဘယ်လိုအသုံးပြုရမလဲ ဆိုတာဘာမှမသိလိုက်ဘူး။ အဲဒါမျိုးကျတော့
အတော်ကိုအဆင်မပြေတာပဲ။ အထူးအားဖြင့် မြန်မာဖေါင့်ပဲ။ မြန်မာဖေါင့်က အခုထိ နည်းပညာပိုင်းမှာ
starndup မဖြစ်လေတော့ ဘယ် OS ပဲထွက်လာထွက်လာ လွယ်လွယ်နဲ့အသုံးပြုလို့မရပါဘူး။

အဲဒါဆိုတော့ window os မှာ မြန်မာဖေါင့်အလွယ်တကူထည့်သွင်းနိုင်ပေမယ့် ကျန်တဲ့ OS များအ
တွက် အနည်းငယ်ခက်ခဲနိုင်ပါတယ်။ မသိရင်ပေါ့နော်။ ကဲ..Mac OS မှာ zawgyi font ထည့်သွင်းလို
သောသူများအတွက် အောက်ပါ WaiPhyoK ရေးထားတဲ့ တျူတိုရီယ်နဲ့ ဖတ်ပြီးလုပ်ကြည့်ပါ။

zawgyi logo

Zawgyi Keyboard for Mac OS X ရပါပြီ။ ကျွန်တော် အချိန်အတော်လေး နောက်ကျနေခဲ့တာကို နားလည်စောင့်ဆိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။ ကျွန်တော် စမ်းသပ်သမျှ အ၀၀ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နားငြီးလို့နေပါပြီ။ ဒီဗားရှင်းကိုတော့ Beta Version လို့ ပဲ သတ်မှတ်ကြစေလိုပါတယ်။ အမှားပါက ခွင့်လွှတ်ရန် စကားချီးခံထားပါကြောင်း။

ဇော်ဂျီ လက်ကွက် - Mac OS X Installation Manual

ကျွန်တော့် ကီးဘုတ်/လက်ကွက် သွင်းဖို့အတွက် ပုံစံ နှစ်မျိုးလုပ်ထားပါတယ်။ Installation Package (.mpkg) ဖိုင် ၁မျိုး နှင့် DMG (disk image) ဖိုင် ၁မျိုးဆိုပြီး ရှိပါတယ်။

သတိပြုရန် အချက်များ

၁။ ဗာဟီရ မများချင်တဲ့၊ သက်တောင့်သက်သာ သွင်းချင်တဲ့၊ လူများက .mpkg ကို သွင်းသင့်ပါတယ်။ သတိပြုရန်မှာ Mac OS X 10.4 နှင့် အထက်လူများသာ အဲ့ဒီ mpkg version ကို သုံးလို့ရပါမယ်။ တခြား OS X ဗားရှင်း သမားများကတော့ အောက်က အချက်ကို ဖတ်ပါ။

၂။ ကျွန်တော့် installation package ကို မယုံသော၊ security paranoid များ အပြင် ဘယ် Mac Users မဆို .DMG Version ကို သုံးနိုင်ပါတယ်။

၃။ ဘယ်ဗားရှင်း မဆို သွင်းတဲ့ အခါ၊ Admin Access လိုပါတယ်။ ပြီးရင် Log-out တခါလုပ်ပြီး Log-in ပြန်ဝင်ရပါမယ်။

၎။ ဖွင့်ထားသော Application များကို ကြိုတင် ပိတ်ထားလျှင် အကောင်းဆုံး ဖြစ်မှာပါ။

၅။ လက်ကွက်သည် ၀င်းဒိုးဗားရှင်းနှင့်တူတူပဲဖြစ်ပါတယ်။ ပါတ်ဆင့်များကို Ctrl + Alt အစား Alt ၁ခုထဲသုံးပါ။ Ctrl + Alt + Shift အစား Alt + Shift သာ သုံးပါ။

စဉ်းစားပြီးသွားရင် အောက်မှာ ပြထားတဲ့ iCon ၂ ခုထဲက ကြိုက်တဲ့ ဗားရှင်းကို အရင် ဒေါင်းလုပ်လုပ်ကြပါ။ Primary Source နှင့် အတူ Mirror ၂ခုစီလည်း တင်ထားပေးပါတယ်။

Package Version

DMG Version

Package (.mpkg) Users များ လုပ်ဆောင်ရန်

Package ကို သွင်းတဲ့လူတွေအနေနှင့် ဒေါင်းလုပ်လုပ်ထားတဲ့ ဇစ်ဖိုင်ကို ဖြန့်ချလိုက်ပါ။ .mpkg နှင့် ဆုံးတဲ့ ဖိုင်လေး ၁ခု ထွက်လာပါလိမ့်မယ်။ Double click နှိပ်ပြီး ဖွင့်လိုက်ရင် အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ Wizard လေး ၁ခုပေါ်လာပါမယ်။ အဆင့်ဆင့်ကို Next , OK နှင့် ရွေးလိုက်ယုံပါပဲ။ Admin access ကို Authenticate လုပ်ခိုင်းရင် သင့်ရဲ့ Password ထည့်ပြီး ဆက်သွားပါ။ နောက်ဆုံး Finish လုပ်ပြီးရင် Log Out လုပ်ဖို့ ပြောပါမယ်။ Log Out လုပ်၊ ပြန်ဝင်ပြီးရင် အောက်က Final Flow ကို ဆက်ဖတ်ပါ။

zgInstallpkgsmall1

zgInstallpkgsmall2

Disk Image (.dmg) Users များ လုပ်ဆောင်ရန်

.dmg ဖိုင်ကို အရင် ဒေါင်းလုပ်လုပ်ပြီးရင် double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ ၀င်းဒိုး ၁ခု တက်လာပါမယ်။ သက်ဆိုင်ရာ ဖိုလ်ဒါတွေထဲ မျှားပြထားတဲ့အတိုင်း Drag & Drop ဆွဲထည့်လိုက်ပါ။ Admin Access Password တောင်းရင် သင့် Password ထည့်ပေးလိုက်ပါ။ နောက်ပြီးရင် Log Out လုပ်ပါ။ ပြီးရင် Log In ပြန်ဝင်ပြီး အောက်က Final Flow ကို ဆက်ဖတ်ပါ။

dmgInstallSmall

Final Flow - Final Steps for All Users

အခုလို Log In ပြန်ဝင်လာပြီးသွားရင် ကီးဘုတ်လေးအောက်နှင့် ဖွန့်က စက်ထဲကို ၀င်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဝင်းဒိုးစ်မှာ သုံးသလို Language Bar လေးကနေပြောင်းပေးတာမျိုး၊ Short Keys လေး တွေ နှိပ်လိုက်တာနှင့် မြန်မာ ကနေ အင်္ဂလိပ် ပြောင်း သွားတာမျိုးတွေလုပ်ရပါဦးမယ်။ အောက်က အဆင့်တွေကို ဆက်သွားပေးပါ။

၁။ ပထမ International Preferences ( System Preferences အောက်က International ပါ။ ) ကို ဖွင့်ပါမယ်။ သွားရခက်တယ်ထင်တဲ့လူတွေက ဘာမှ ထွေထွေထူးထူးလုပ်မနေပဲ အောက်က Screenshot မှာ ပြထားသလို သင်တို့ OS X Screen ရဲ့ ညာဘက်အပေါ်ထောင့်က Spotlight ကို သာ သုံးလိုက်ပါ။ မှန်ဘီလူး ပုံလေးကို တစ်ချက်နှိပ်ပြီး၊ International လို့ ရိုက်ပြီး၊ ခဏစောင့်ပါ။ ပေါ်လာရင် ကလစ်နှိပ်လိုက်ပါ။

international1

international2

၂။ International Preferences တက်လာပါမယ်။ Languages ၊ Formats ၊ Input Menu ဆိုပြီး Tab သုံးမျိုးတွေ့ပါမယ်။ Input Menu ကို ကလစ်လိုက်ပါ။ ပြီးရင် ဒုတိယ Screenshot မှာ ပြထားတဲ့ အတိုင်း Input Menu List ကြီးတွေ့ပါလိမ့်မယ်။ ပုံထဲကအတိုင်း Zawgyi KB ကို ရှာပြီး အမှန်ခြစ်လေးခြစ်လိုက်ပါ။ Show Input Menu in Menu Bar ကိုလည်း အမှန်ခြစ်ခြစ်ပါ။ နောက် Allow a different input source for each document လည်း ရွေးထားလိုက်ပါ။

InputMenu1

InputMenu2

၃။ အဲ့ဒီအပေါ်က Screenshot မှာ Select Next Input Source in Menu ဆိုပြီး ကီးဘုတ် shortcuts နှင့် ပတ်သက်တဲ့ အပိုင်းကို ကျွန်တော် အနီရောင် ၀ိုင်းထားတာတွေ့ရပါမယ်။ အဲ့ဒါ ကီးဘုတ် ခလုတ်တွဲ ၁ခု နှိပ်တိုင်း Input Language ပြောင်းဖို့ပါ။ တချို့ ယူဆာတွေ က အဲ့ဒီနေရာမှာ Conflict ရှိတယ်လို့ ပြောကြပါတယ်။ Conflict ရှိနေရင် အ၀ါရောင် exclamation mark လေး ၁ခုတွေ့ ပါလိမ့်မယ်။ Select Previous Input Source ရဲ့ default key shortcut က Apple Key + Space ပါ။ Select Next Input Source ရဲ့ default shortcut က Apple Key + Alt Key + Space ပါ။ များသောအားဖြင့် Select Previous Input Source ဘေးမှာ Conflict icon လေး ပေါ်နေပါလိမ့်မယ်။ အဲ့ဒါဘာလို့လဲဆိုတော့ Spotlight ကိုခေါ်တဲ့ shortcut နှင့် သွားရှုပ်နေလို့ပါ။ အဲ့ဒီအချက်ကိုပြင်ဖို့ Keyboard Shortcuts ဆိုတဲ့ Button ကြီးကို နှိပ်လိုက်ပါ။

၎။ Keyboard & Mouse Preferences Pane ပေါ်လာပါလိမ့်မယ်။ Keyboard Shortcuts Tab ကို နှိပ်ပါ။ အောက်က Screenshot ကို တချက်ကြည့်ပေးပါ။ ပုံမှာ ပြထားတဲ့အတိုင်း Input Menu ကို တွေ့အောင်ရှာပါ။ ကျွန်တော်ကတော့ Select Next Input Source ၁ခုထဲကို ရွေးထားပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ စမ်းသုံးကြည့်ပါ။ ကီး ချိန်းချင်ရင် အဲ့ဒီ ကီးပေါ်မှာ Double Click နှိပ်ပြီး ကြိုက်တဲ့ ကီးတွဲကို နှိပ်ထည့်ပါ။ နောက် ခုနက ပြဿနာတက်နေတဲ့ Spotlight ကိုလည်းတွေ့ပါလိမ့်မယ်။ သူ့ shortcut ကို သူ့ default ဖြစ်တဲ့ Apple Key + Space ပဲ ထားတာကောင်းပါတယ်။ ပြီးရင် Keyboard Pref ကို ထွက်လိုက်လို့ရပါပြီ။

KeyboardShortcuts

၅။ အားလုံးပြီးပါပြီ။ သင့်ရဲ့ Menu Bar မှာ အမေရိကန် အလံလေး ပေါ်လာပါလိမ့်မယ်။ သူ့ကိုနှိပ်လိုက်ရင် List လေးကျလာပြီး မြန်မာအလံကိုရွေးပြီး မြန်မာလိုစရိုက်လို့ရပါပြီ။ ကီးဘုတ် shortcut ကိုလည်း စမ်းကြည့်ပါဦး။

ChangeInputSource

Notes:
- Installation Environment Tested and Demoed was on Mac OS X 10.4 Tiger.
- Offline PDF version of this manual will be online tomorrow.

Future Fixes:
- Admin Access မလိုဘဲ သွင်းလို့ရအောင် ပြင်ရေးပေးပါ့မယ်။
- Zawgyi Font နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်ကျွန်တော်လည်း မသေချာပါဘူး။ အသစ်ထွက်မယ်ဆိုထားတဲ့ ဗားရှင်းထွက်တာနှင့် ပြန်တင်ပေးပါ့မယ်။
- Automation Workflow ၁ရပ်အနေနှင့် အဆင့်တွေအများကြီးသက်သာသွားအောင် ကျွန်တော် ကြိုးစားကြည့်ပါမယ်။

Last words:
- ကျေးဇူးတင်ထိုက်သူ အားလုံးကို ထပ်မံ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သုံးတဲ့လူအားလုံး အိုကေနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အချိန်မရွေး ကျွန်တော့် အီးမေးလ်ကို ပို့ပြီး ဆက်သွယ် ဆဲဆို၊ ကြိမ်းမောင်းနိုင်ပါတယ်။ ခုတော့ မနက် ငါးနာရီထိုးတော့မယ်။ အိပ်တော့မယ်ဗျိုး။ ....

လေးစားစွာဖြင့်
WaiPhyoK

နောက်ပြီး ပိုပြီးပြည့်စုံအောင် ၀င်းကမ္ဘာကျော်ဆိုက်မှာ ရေးထားတဲ့နည်းလေးကိုပါ ထပ်မံဖြည့်ပေးလိုက်
တယ်။ လေ့လာကြည့်ပါ။

Mac ကွန်ပြူတာမှာ Zawgyi font အသုံးပြုနည်း

 Here is the instruction Video for how to download and install Zawgyi Font (Burmese) in a MAC OSX (Apple Computer). Keyboard layout is the same with Windows, but do research yourself when you are trying to use (Alt) key in OSX (press and hold “Option”key down) instead of (Atl+Tide) key in Windows. ထပ်ဆင့်စာလုံးတွေရိုက်ချင်ရင် “Option” key ကို ဖိထားရင်းရိုက်ရပါတယ်။

Mac ကွန်ပြူတာအတွက် Zawgyi font ကို အောက်က DOWNLOAD Link ကနေ Click ပြီးဒေါင်းယူပါ..။

Download This

 1 . Install လုပ်လိုက်ပါ
2 . Install လုပ်ပြီးသွားရင် Mac က Log Out ဆိုပြီးတောင်းလိမ့်မယ် ။ ပေးလိုက်ပါ ။
3 . Mac ပြန်တက်လာရင် Settings ထဲကိုသွားပါ
4 . Language & Text ကိုသွားပြီး Input Source နေရမှာ မြန်မာ အလံလေးနဲ့ Zawgyi Myanmar ဆိုတာလေးလိုက်ရှာပြီး Check လုပ်ပေးလိုက်ပါ

ဒါပေမဲ့ ကျနော်တော့ Mac ကွန်ပြူတာ မသုံးနိုင်ပါဘူး ဆိုတော့ Zawgyi font ကို Mac မှာ ဘယ်လို install လုပ်ရမယ်ဆိုတာ နားမလည်ပါဘူး ....:D

Search