welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label karenhistory. Show all posts

Saturday, September 22, 2012

Saw Linux  /  5:22 AM  /    /  No comments

ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသူလေးများ

ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှုတွေကို ရေရှည်တည်တန့်နိုင်ရန် ရည်သန်၍ ကရင်အမျိုးသားရိုးရာ ယဉ်ကျေးမှုထိန်း သိမ်းမြင့်တင်ပွဲကို ထိုင်းနိုင်ငံ၊ Thai PBS channel မှ ဦးဆောင်ကျဉ်းပကာ ယမန်နေ့ကစတင်ကာ Vibavadi Rangist ၀ိဘာဝဒီလန်စီ (ဘန်ကောက်မြို့) မှာ ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာထီ့ဝါး၊ ကရင်ပြည်နယ်မှ ဆရာကျော်လိုက်သိန့်ဦးစီးတဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ ထိုင်း ကရင်အမျိုးသားတွေကစုပေါင်းပြီး ဖျော်ဖြေတင်ဆက်ကြပါတယ်။

ကျနော်က သတင်းအပြည့်အစုံမရသေးသည့်အတွက် ထိုင်းသတင်းဌာနကနေကြည့်ရှုပြီး တင်ပေး လိုက်တာဖြစ်ပါတယ်။
နောက်မှ အကယ်၍အချက်အလက်အပြည့်အစုံထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားဖြစ်ပါတယ်။

ဗွီဒီယိုတင်ဆက်မှု နှင့် ဆရာစောထီ့ဝါး အင်တာဗျူး(ထိုင်းနိုင်ငံ) Thai PBS Channel မှဒီမှာ ကြည့်ရှုနိုင်ပါတယ်။

ဗွီဒီိယိုတိုက်ရိုက်ကြည့်ရှုရန်  (youtube) ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ပွဲ (ထိုင်းနိုင်ငံ) မှ ဓာတ်ပုံများ
 ကရင်အဆိုကျော်ဆရာကျော်လိုက်သိန့် 

 ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာစောထီ့ဝါး 

OKRSO နာယကစောဆိင့်ပြင်

Thursday, June 9, 2011

Saw Linux  /  5:59 PM  /    /  No comments
(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ ကော့
ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာတွင် (၉-၅-၂၀၁၁)နေ့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ကျနော်လည်း ကရင်စာပေယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲနဲ့ ဆုံဆည်းမှုလေးတွေမရှိခဲ့တာအမှန်။
ဒီနှစ်တော့ ကျနော့်နေထိုင်တဲ့ ဒေါနတောင်ရင်ဝယ်မှာလာရောက်ကျင်းပသည့်အတွက်ရယ်၊ နောက်ပြီး
ကျနော်မိခင်ရွာကို ပြန်ရောက်တဲ့အချိန်နဲ့တိုက်ဆိုင်တာရယ်ကြောင့် ဆုံဆည်းဖြစ်ခဲ့ခြင်းပါလို့ဆိုရမှာပါ။

ဒါပေမယ့် တကယ့်အခမ်းအနားကျင်းပတဲ့ရက်တွေမှာ ကျနော်ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်း
သင်တန်းဆင်းပွဲကို အတူရှိမနေခဲ့ပါဘူး။ သို့သော် ပွဲမတိုင်ခင် တစ်ပါတ်လောက်အလို ပွဲကျင်းပမယ့်
ပြင်ဆင်မှုနေရာတော်များများကို ရန်ကုတ်ရွာက လူထုအင်အား၊ ကော့ကရိတ်မြို့နယ်က လူထု၊
ဘားအံ၊ နောင်ကမြိုင်ရွာကျောင်းမာန်နဲာအဲဆိုင့်တို့နဲ့ အင်တိုက်အားတိုက်ပြင်ဆင်ခဲ့ရပါတယ်။ စုပေါင်း
သင်တန်းဆင်းပွဲ (၇-၅-၂၀၁၁)မနက်ပိုင်း ဖွင့်ပွဲကို ကျနော်မှတ်တမ်းတွေရိုက်ကူးပြီး ကိစ္စကြောင့်
ကျနော် ဘားအံကိုဆင်းလာခဲ့ပါတယ်။

ဒါကြောင့် ကျင်းပပုံအခမ်းအနာားအစီအစဉ်တွေကို အခုမရေးပြနိုင်သေးတာဖြစ်တယ်။ ကျင်းပပုံအ
ခမ်းအနားအသေးစိတ်ကို ကျနော် စောမူလျှားဝေါ် (ကရင်တေးရေးဆရာ) ကိုပြောထားပါတယ်။ ကျင်းပပုံအခမ်းအနားအသေးစိတ်ကို ရောလာအတဲ့အချိန်ကျရင် တစ်ဖန်ပို့စ်တင်ပေးသွားမှာဖြစ်တယ်။

အခုလောဆယ် ကျနော်ရိုက်ထားတဲ့ဓာတ်ပုံတစ်ချို့နဲ့ ကော်မတီက edit လုပ်ထားတာမဟုတ်တဲ့
ကျနော်ကိုယ်တိုင်တည်းဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်လေးကို အနယ်နယ်အရပ်ရပ်မှနေထိုင်ကြတဲ့ ကရင့်
ညီ၊ကို၊ မောင်၊နှမများခံစားကြည့်ရှုနိုင် ကျနော်ဆိုက်နဲ့ ဇွဲကပင်(ကေဒီအေ)ဆိုက်တို့မှာတင်ပေးထား
မှာဖြစ်ပါတယ်ခင်ဗျာ...

(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ Video Clip

(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ ဓာတ်ပုံ

Sunday, March 14, 2010

Saw Linux  /  12:57 AM  /    /  1 comment
ကရင်လူမျိုးတို့တွင် နေထိုင်ရာဒေသ၊ ကိုးကွယ်ရာဘာသာကိုလိုက်၍ အမျိုးမျိုးသောစာပေများ ပေါ်ထွက်ခဲ့လေသည်။ မျက်မှောက်ကာလတွင် သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ပုဂ္ဂိုလ်အသီးသီးက တီထွင်ရေးသားခဲ့သော စာပေရေးနည်းများ(၉)မျိုးရှိကြောင်း တွေ့ရှိရသည်။ သို့သော် အချို့သောစာပေများသည် ထွန်းကားကျယ်ပြန့်၍ ထင်ရှားခြင်း ရှိလေသည်။ ဖော်ပြပါ လေ့လာတွေ့ရှိရသော စာပေ (၉) မျိုးကို ဖော်ပြရသော်….

(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေ

ထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။

(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေ

ထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။

(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေ

ထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။

(၄)- ရောမအက္ခရာ စကောကရင်စာပေ

ထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်
သရ (၉) လုံးပါဝင်သည်။

(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေ

ထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။

(၆)- ဗုဒ္ဓဘာသာ ကရင်စာပေ

ထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနိုင်ပြီး မြန်မာ၊ မွန်၊ ရောမအက္ခရာကိုမှီး၍ ရေးသားခဲ့သည်။ ဗျည်း (၃၈) လုံးနှင့် သရ (၂)လုံး ပါဝင်သည်။

(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေ

ထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု၍
ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။

(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေ

ထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်
သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီး
ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။

(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´

လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင်း၊ ဘားအံမြို့နယ်၊ နှစ်ခြားရွာ ဦးမောင်ထိုင်ကလည်းကောင်း၊ တီထွင်ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ် ၁၂၂၂-ခုနှစ်၊ ခရစ်နှစ် ၁၈၆၁-ခုနှစ်တွင် နှစ်ခြားရွာ လဲကယ်ဘာသာဝင်ခေါင်းဆောင် `ဖိမိုက်ကာလီ´ က ပုရပိုက်ပေါ်တွင် ပထမဆုံးအကြိမ် စတင်ရေးသားခဲ့ပြီး ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရအက္ခရာ (၁၂) လုံးပါဝင်သည်။

+ Read more

အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။ ကျန်သော စာပေအချို့တွင် သူ့ဒေသအလျောက် ကိုးကွယ်ရာ ဘာသာအလိုက် သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော စာရေးနည်းများအနက် မူလက `ဖူ့ဒိုက်ကော်´ တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက်ရှိနေသည်။ ဖူ့ဒိုက်ကော်မှ အစပြုသော စာရေးနည်းဖြစ်သည့်အလျှောက် ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်တို့က `လိက်ထူ့လီအစ ဖူ့ဒိုက်ကော်က´ ဟူ၍လည်းကောင်း၊ `ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်´ဟူ၍လည်းကောင်း ဂုဏ်ပြုကြသည်။

ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်
ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမားခြင်းကိုလည်း မျက်မှောက် အရှေ့ပိုးကရင်ဘာသာ ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားတွင် ကိန်းဝပ်လျက်ရှိလေသည်။
စာပေကျမ်းဂန်ထွန်းကားခဲ့သော ကရဏ္ဏကတိုင်း၊ သုဓုမ်ပြည်နယ်၊ အုပ်စိုးသော မင်းအဆက်ဆက်၌ ခစားသော ကရင်အမျိုးသား ပညာရှိများလည်း အမြောက်အများရှိလေသည်။ အေဒီ (၅) ရာစုလောက်တွင် အုပ်စိုးသော မွန်မင်းလက်ထက်၌ အိန္ဒိယပြည်တောင်ပိုင်း ကဒမ္ဗအက္ခရာနှင့်ပလ္လ၀အက္ခရာများမှတဆင့် မွန်အက္ခရာစာပေကို
တီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့်ရှင် မင်းသီဟရာဇာမင်းမှစ၍ (၅၇) ဆက်မြောက် မနူဟာမင်း ခေါ် သီရိတြိဘ၀နာဒိတျာပ၀ရ ဓမ္မရာဇာဘွဲ့ခံ မကုဋမနူဟာမင်းလက်ထက်တွင် ပညာရှိအမတ်ကြီးများရှိသည့်အနက် ကရဏ္ဏကတိုင်းသားပညာရှိ ကရင်အမျိုးသားအမတ်ကြီးတစ်ဦးလည်း ရှိလေသည်။

ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော်´ ပင်ဖြစ်သည်။
မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်
တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည် မွန်စာပေကို သင်ကြားတတ်မြောက်ပြီးနောက် ကရင်အမျိုးသားများ ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ကြားနိုင်ရန် အကြံတော်ရပြီး ကရင်အက္ခရာစာလုံးများကို တီထွင်ရေးသားလေသည်။ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သော စာရေးနည်းသည် ဗြဟ္မီအက္ခရာ၊ ကဒမ္ဗအက္ခရာကိုအခြေခံပြီး ကရင်စကား၊ ကရင်အသံထွက်နိုင်အောင် ဗျည်းအက္ခရာများဖြည့်စွက်၍ ပြုစုခဲ့လေသည်။

အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင်းရှိ ကရင်အမျိုးသားများကိုလည်း တစ်ဆင့်ဖြန့်၍ သင်ကြားလေသည်။အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် အချိန်အားလပ်တိုင်း ပိဋကတ်စာပေများကို ကရင်ဘာသာသို့ ကြိုးစားပြန်ဆိုရေးသားခဲ့လေသည်။ ပြန်ဆိုပြီးသမျှ ပိဋကတ်အစုံများကိုလည်း ပေရွက်ပေါ်တွင် အက္ခရာတင်၍ ရေးသားထားလေသည်။

မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။
အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။

အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ စစ်ရေးရှုံးနိမ့်မည့်အခြေအနေဆိုက်လေသည်။ ထို့ကြောင့် အနော်ရထာများစစ်သည်တော်များကို တိုက်ခိုက်၍ မြို့တံခါးပေါက်သည်နှင့် အမတ်ကြီးဖူ့ဒိုက်ကော်သည် တပည့်(၄၀) နှင့်အတူ ညအချိန်တွင် တိတ်တဆိတ်ထွက်သွားပြီး ဘင်လိုင်ချောင်းရိုးအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးလေသည်။ (အချို့သော သမိုင်းအဆိုအရ အနော်ရထာမင်း စစ်အောင်၍ ပိဋကတ်ကျမ်းဂန် အတတ်ပညာရှိများ ခေါ်ဆောင်သွားလေရာ မွန်အမျိုးသား မဟုတ်သော ဖူ့ဒိုက်ကော်အား ခွင့်လွတ်ခဲ့သည် ဟု ဆိုလေသည်။ဤအဆိုသည် ယုတ္တိ မရှိနိုင်ချေ။ ဖူ့ဒိုက်ကော်နှင့် တပည့်များ ထွက်ပြေးလွန်မြောက်သွားခြင်းက ပို၍ဖြစ်နိုင်လေသည်။)

သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသည်လည်း လုံခြုံစိတ်ချရခြင်းမရှိ၍ နောက်ဆုံး ရှမ်းတို့နယ်(ယိုးဒယားနယ်) ကမ္ဗုရီ ခေါ် ဌာန်ဝကျောက်ခေါင်းအရပ်သို့ ရောက်ရှိသွားလေသည်။

ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။

ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင် ယင်းပြုစုသောစာပေများကို အစဉ်အဆက် ဆက်လက်၍ သင်ကြားကြလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။

ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော်၏ ကျေးဇူးသည် ကြီးမားစွာ ကျန်ရစ်ခဲ့လေသည်။ ဖူ့ဒိုက်ကော် ရေးသားထားသော ကရင်ဘာသာစာပေသည် ယခုလက်ရှိ ပိုးကရင်စာပေကိုလည်း `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် ဂုဏ်ယူခေါ်ဝေါ်ကြလေသည်။ မျက်မှောက်ခေတ်တွင် ကရင်စာပေ ဖော်ထုတ်ရေး ကော်မတီ (သံဃာ့ကော်မတီ) က စာပေတိုးတက်မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်၏ ဂုဏ်ကျေးဇူးသည် ကြီးမားလှပေကြောင်း ဂုဏ်ပြုအပ်ပေသည်။

မန်းသင့်နောင်(ကော့ကရိတ်)

မူရင်း။ ။ သထုံမြို့မယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိန်းအမှတ် စာစောင်မှ
Saw Linux  /  12:57 AM  /    /  No comments

Monday, January 25, 2010

Saw Linux  /  5:59 PM  /    /  No comments

တရုတ်ပြည်၊ မွန်ဂိုလီးယားတောင်ပိုင်းယူနန်ပြည်တွင် နေထိုင်ကြသော
ကရင်အမျိုးသားတို့ စိုးမိုးအုပ်ချုပ်သူတို့ ၏ဖိနပ်ချုပ်ချယ်မှုတို့ ကိုမခံမရ
နိုင်ကြ၍ စည်းဝေးတိုင်ပင်ကြပြီးလျှင် ၉၈ခမသ၃၄)ခုနှစ်နှင့်(မေ့ ၁၁
၂၂)ခုနှစ်စပ်ကြား ကရင်အမျိုးသား(၁၃၂)အိမ်ထောင်မ(၉၉)အိမ်ထောင်
သည် တစ်ခုလျှင်(၃၃)အိမ်ထောင်ဖြင့်(၃)စုဖွဲ့ ပြီးလျှင်(၃)လမ်းခွဲ၍မြန်
မာပြည်အတွင်းသို့  ၀င်ရောက်လာခဲ့ကြလေသည် ၊၊

ပထမ(၃၃)အိမ်ထောင်စုသည် တောင်တွင်း၊ ယိုးဒယား၊ ပမ္ဘောဇပြည်တို့ သို့ မဲနန်မြစ်
ဖျားမှအံစဉ်အတိုင်းဆင်းလာ၍ ကီမဲ(ခေါ်)ဇင်းမယ်မြို့ ကိုတည်ထောင်လေသည် ၊၊
ဒုတိယ(၃၃)အိမ်ထောင်သည် ရွှေလီမြစ်ကြောင်းမှဧရာဝတီမြစ်ကြောင်းဖက်သို့ ကူး၍
အစဉ်အတိုင်းဆင်းလာပြီးလျှင် ယခုတကောင်းမြို့ ဟုခေါ်သောခဲဝါမြို့ ကိုတည်လေသည်၊၊
တတိယ(၃၃)အိမ်ထောင်စာသည် သံလွင်မြစ်ဖျားထံမှအစဉ်အတိုင်းဆင်းလာပြီးလျှင်
ရှမ်းပြည်နယ်တောင်ပိုင်းကရင်နိပြည်နယ်သို့ ရောက်၍ ၎င်းမှတဆင့်အဆင့်အချို့ မှာသထုံ၊
ကျိုက္ခမီ၊ မော်လမြိုင်၊ထားဝယ်နှင့်မြိတ်တို့ ဖက်သို့ မျံ့ နှံ့ ရောက်ရှိကြလေသည် ၊၊
အချို့ မှာအနောက်ဖက်သို့ ခွဲထွက်၍ယခုပခက္ကူခရိုင်အတွင်းရှိ စကောမြို့ (ခေါ်)ဆွာမြို့ 
(ခေါ်)ဆောမြို့ ကိုတည်လေသည် ၊၊ ကျန်ခဲ့သောစတုတ္တ(၃၃)အိမ်ထောင်စုသည် (ခမ
၇၄၁)ခုနှစ်တွင် ယူနန်နယ်မှထွက်ခွါ ၍မြန်မာပြည်အတွင်းသို့ ခမ-၇၃၉ခုနှစ်တွင်ဝင်
ရောက်ခဲ့ကြလေသည် ၊၊

ကရင်အမျိုးသားတို့ သည် နောက်ပိုင်းမှထိန်းသိမ်းကွပ်ကဲ၍ နောက်ဆုံး(၃၃)အိမ်ထောင်စု
သည်မြန်မာပြည်အတွင်းသို့ ဝင်ရောက်လာသော (ခမ၇၃၉)ခုနှစ်ကိုအဓိကထား၍ ကရင်
အမျိုးသားသက္ကရာဇ်ကိုတွက်ချက်ယူလေသည် ၊၊ တနည်းအားဖြင့် ကရင်အမျိုးသားတို့ 
သည် မြန်မာပြည်အတွင်းသို့ အစုံအလင်ရောက်ရှိသောနှစ်ကို မူတည်ပြီးမြန်မာပြည်အ
တွင်းသို့ ရောက်ရှိသည်မှာကရင်အမျိုးသားသက္ကရာဇ်က ဖေါ်ပြထားသည့်အတိုင်း ကြာရှိ
ပြီးဟုလွယ်ကူစွာမျတ်သားနိုင်ရန်ဖန်တီးထားခြင်းဖြစ်သည် ၊၊ သို့ ဖြစ်သောကြောင့် ကရင်
အမျိုးသားများမြန်မာပြည်အတွင်းသို့  ရောက်ရှိသည်မှာ အစိုးရအသိအမှတ်ပြုကရင်အ
မျိုးသားနှစ်သစ်ကူးနေ့ စတင်ကျင်းပသောအင်္ဂလိပ်သက္ကရာဇ်၁၉၃၈ခုနှစ်တွင် (ခမ၇၃၉+
ခသ၁၉၃၈)=၂၆၇၇နှစ်ရှိပြီးဖြစ်၍ ကရင်အမျိုးသားကက္ကရာဇ်ကို၉၂၆၇၇)ခုနှစ်ဟုရေတွက်
မှတ်သားကြပေသည် ၊၊ အဓိပ္ဒါယ်မှာခရစ်တော်မပေါ်မီသက္ကရာဇ် ခမ(၇၃၉)ခုနှစ်နှင့်ခရစ်
တော်ပေါ်ပြီး ယခုကမ္ဘာသုံးနေသောသက္ကရာဇ်သို့ မဟုတ် ကရင်ါအမျိုးသားတို့ မြန်မာပြည်
အတွင်းသို့ ရောက်ရှိသည်မှာ မည်မျှကြာရှိပြီးဖြစ်ကြောင်းကို ဖော်ပြသောနှစ်ပိုင်းပင်ဖြစ်
သည်၊၊

ထို၁၉၃၈ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့ သည် မြန်မာသက္ကရာဇ်၁၂၉၉ခုနှစ်၊ သလေးထိုင်
ခုတ်ဖိုပြာသိုလဆန်း(၁)ရက်နေ့ နှင့် တနေ့ တည်းကျရောက်ခဲ့သဖြင့် ကရင်အမျိုးသား
သက္ကရာဇ်သည် ၂၆၇၇ခုနှစ်ဖြစ်သောကြောင့်မြန်မာများနည်းတူမြန်မာလဖြစ်သောသလေး
ထိုင်ခုတ်ဖိုပြာသိုလဆန်း၁ရက်နေ့ ကို နှစ်သစ်ကူးနေ့ ဟုသတ်မှတ်သဖြင့် မြန်မာလမည်း
တူနောက်တနှစ်ပြာသိုလဆန်း(၁)ရက်နေ့ သို့ ရောက်တိုင်းရောက်တိုင်းတနှစ်တိုး၍ရေတွက်
ရန်ဖြစ်ပေသည် ၊၊

Ref:
http://karenmotherland.wordpress.com/

Search