welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label font. Show all posts
Showing posts with label font. Show all posts

Saturday, August 24, 2013

Saw Linux  /  6:36 PM  /    /  No comments

တစ်ချို့ပုဂိုလ်များမြန်မာဖေါင့်တွေတောင်းတာ မကြာကြာတွေ့ရတယ်။ ကျနော်အခုအသုံးများတဲ့မြန်မာဖေါင့်တစ်ချိ့ကို စုပြီး
တင်ပေးလိုက်တယ်။ Win Myanmar, Win Art, Kp, ဖေါင့်တို့ဖြစ်ပါတယ်။ ဒီဖေါင့်တွေဟာ ဒေါ့ကယူးမင့်အတွက် (ပုံမှန်စာ
စီစာရိုက်အတွက်) အသုံးပြုတဲ့ဖေါင့်တွေဖြစ်ပါတယ်။ လိုအပ်သောပုဂိုလ်များအတွက် လွယ်လင့်တကူဒေါင်းနိုင်အောင်တင်
ပေးလိုက်တာပါ။ အင်တာနက်အတွက်အသုံးပြုတဲ့ဖေါင့်တွေကတော့ ဘလော့တိုင်း၊ ၀က်ဘဆိုက်တိုင်းမှာတင်ထားပြီးသား
ဖြစ်ပါတယ်။ လိုအပ်ရင် ရှာပြီးဒေါင်းယူလိုက်ပါ။

Download :
Solidfiles

Wednesday, March 20, 2013

Saw Linux  /  3:54 AM  /    /  No comments
နည်းနည်းတော့ရေးလိုက်အုန်းမယ်ဗျာ။ ဖေါင့်နဲ့ပတ်သက်တဲ့သိကောင်းစရာလေးပါ။ ကျနော်ပြောချင်တာ အခုဝက်ဆိုက်၊ ဘလော့တွေမှာအများစုသုံးသွားတဲ့ဖေါင့်က ဇော်ဂျီဖေါင့်ဖြစ်ပါတယ်။ ဇော်ဂျီဖေါင့်ဆို ကျ နော်လဲအသည်းစွဲလို့ပြောရမယ်။ သို့သော်အားနည်းချက် အားသာချက်တွေကိုစမ်းစစ်လိုက်ရင် မြင်တဲ့အ တိုင်းပြောရရင် ဇော်ဂျီဖေါင့်က interface ပိုင်းမှာအဆင်ပြေသော်လည်း databates ပိုင်းမှာတော့အား နည်းချက်ရှိတာအမှန်ပဲ။ interface and databates ဆိုတာ အပြင်အပိုင်းနဲ့ အတွင်းပိုင်းလို့မှတ်ထား လိုက်ပါ။ သဘောက ၀က်ဘဆိုက်၊ ဘလော့တွေရဲ့မျက်နှာပြင်ဟာ interface ၊ ၀က်ဘရောက်စာရဲ့ Content, search engine, data သိုလောင်ထားတဲ့နေရာများသည် databates လို့အကြမ်းဖျင်းခွဲခြား သိနိုင်ပါတယ်။

ဆိုတော့ ဇော်ဂျီဖေါင့်သည် interface အပိုင်းမှာအဆင်ပြေသော်ငြားလည်း databates အပိုင်းမှာတော့ပြဿနာရှိတာအမှန်ပဲ။ ကျနော်နမူနာတစ်ခုပြောကြည့်မယ်။ မြန်မာပိုင်းဘီဘီစီစာမျက်နှာကိုဖွင့်ကြည့်လိုက်
ပါ။အခုနောက်ပိုင်းအဲဒီဘီဘီစီစာမျက်နှာသည်မိမိစက်ထဲမှာ၎င်းဆိုက်ရဲ့အသုံးပြုထားတဲ့ဖေါင့်မထည့်သွင်းထားသော်လည်း မြန်မာစာများအဆင်ပြေစွာဖတ်ရှုနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။

၎င်းဆိုက်မှာအသုံးပြုထားတဲ့ဖေါင့်က Padauk font ပဲဖြစ်ပါတယ်။ ၎င်းဖေါင့်သည် Unicode system ကိုလိုက်နာထား သည့်အတွက်mm3 ဖြစ်ဖြစ် padauk ဖြစ်ဖြစ် ၀က်ဘဆိုက်၊ဘလော့မှာအဆင်ပြေစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ကျနော်ပြောချင်တာက ဇော်ဂျီဖေါင့်ကို လွယ်လင့်တကူအသုံးပြုနိုင်သော်လည်း ဘရောက်စာအတွက်ဖြစ်စေ ၀က်ဆိုက်၊ ဘလောဂါအတွက်ဖြစ်စေ ပိုပြီးအဆင်ပြေလာနိုင်တဲ့ unicdoe system အသုံးပြုထားတဲ့ Myanmar3 (mm3), Padauk font တို့ကိုလည်းအ သုံးပြုစေချင်တဲ့သဘောပါပဲ။ မည့်သည်ဖေါင့်ကိုမှအစွဲအလန်းမထားစေချင်လို့ပါ။

 ဆိုတော့ အဲဒီအတွက်အသုံးပြုချင်တဲ့ဆိုရင် ကျနော်အကြိုက်ဆုံးအလွယ်ဆုံးကိုပဲညွန်းမယ်။ အဲဒါကတော့ Ekaya keyboard ကိုပဲညွန်းချင်ပါတယ်။ ကျနော်အကြိုက်ဆုံးတစ်ခုကိုလည်းတင်ထားပေးမယ်။ သူတိ့ရဲ့ မူပိုင်လင့်ကိုလည်းချိတ်ထားပေးမယ်။ လေ့လာကြည့်ဖတ်ကြည့်ပါ။ ကျနော်တင်ထားတဲ့ ekaya keyboard ကတော့ Window 8 64 bit အတွက်လည်းအဆင်ပြေပါတယ်။ Padauk font ကို ekaya keyboard ရိုက်လိုက်ရင် အခက်အခဲသိပ်မရှိနိုင်ပါဘူး။ အထူးအားထြင့်ပါဌ်ဆင့်တွေကို tide key ခံရိုက်လိုက်ရုံပါပဲ။ ကျနော်ကတော့ အကျိုးများမယ်ထင်လို့ ရီဒါများမိတ်ဆက်ပေးတဲ့သဘောပါ။ အသုံးပြု မပြု ကြိုက် မကြိုက်ဆိုတာကတော့ ကိုယ့်ကို သာရွေးချယ်စေချင်ပါတယ်ဗျာ။ Myanmar3 နဲ့ Padauk ယူနီကုဒ်စင်စတန်အသုံးပြုထားချင်းတူတူပဲဆိုတာကိုလဲ မ မေ့နဲ့အုန်း။ ကဲ…ဒီလောက်နဲ့ပဲ မြန်မာဖေါင့်အတွက် အဆင်ပြေကြပါစေ…

အင်စတောထည့်သွင်းရတာမခက်ပါဘူး။ exe ကိုကလစ်နှစ်ချက်နှိပ်ပြီးရင် ဘောက်စ်ပေါ်လာမယ်။ဘောက် စ်တွင် မိမိထည့်သွင်းလိုသောကီးဘုတ်၊ ဖေါင့်တွေကိုရွေးပြီး Next ဆက်နှိပ်ရုံပါပဲ။ နောက်ပြီး exe မှာပဲ font များလည်းတစ်ခါတည်းပါပြီးဖြစ်သည်အတွက် သီးသန့် ဒေါင်းပြီးထည့်သွင်းစရာမလိုတော့ပါ။

Download Ekaya-0.1.9+MyanmarFonts_x86.exe :
 Ekaya-0.1.9+MyanmarFonts_x86.exe

Download Ekaya-keyboard layout :
 Ekaya-layout

Read Original Link:
Ekaya-0.1.9+MyanmarFonts_x86.exe

စောလင်းနက်စ်

Friday, February 8, 2013

Saw Linux  /  4:35 PM  /    /  18 comments
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ ကျနော်အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ…။ ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။ 
အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။

အဆင့်(၂) ပုံမှာပြထားတဲ့အတိုင်း Advaced Settings ဆိုတာကို ကလစ်လိုက်ပါ...။

အဆင့်(၃) ပုံမှာပြထားတဲ့အတိုင်း Override for default input method ဆိုတာကိုရှာပါ...။ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်ပါ...။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ...။

Download For Zawgyi-One font  

Download for Zawgyi keyboard 

Download for IE Zawgyi Gtalk Font  
 
Ref : http://pyaesonelay.blogspot.com/2012/12/windows-8-zawgyi-one-font_18.html

Monday, October 17, 2011

Saw Linux  /  8:34 PM  /  ,   /  1 comment
ကျနော်အခုရေးပြချင်တဲ့တော့ပစ်လေးဟာ ဆိုက်တော်များတင်ထားပြီးသားဖြစ်ပါတယ်။ သို့သော်မပြည့်စုံတဲ့အ ချက်အလက်တွေကို ထပ်ဖြည့်တဲ့သဘောပါ။ ဆိုက်မှာအများစုရေးထားကြတာ Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင် လုပ်နည်းသာရေးတာများပြီး Zawgyi-One, Unicode Converter box ပေါ်အောင် ထည့်နည်းကျတော့ မပါတာများတယ်။ အဲဒါကိုထည့်ပေးမှ ဒီတော့ပစ်နဲ့ပိုပြည့်စုံမှာဖြစ်တယ်။ ဒါကြောင့်လိုချင်တဲ့ သူများအတွက် ထပ်မံဖြည့်စွက်ပြီးတင်ပေးလိုက်တယ်နော့်..

Zawgyi-One, Unicode Converter box

Browser အသီးသီး Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင်လုပ်နည်း

Mozilla Firefox အတွက်လုပ်နည်း
1. Menu ရဲ့ Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
2. Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
3. Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ။
4. အောက်က default character encoding မှာ Unicode UTF-8 ကိုရွေးပါ။

ပုံကိုကြည့်ပြီးလိုက်လုပ်ပါ...

ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

Enter Explorer အတွက်လုပ်နည်း

  • Click to download Myanmar3_IE.reg

  • ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ Myanmar3_IE.reg ကို install လုပ်ပါ

  • Tools အောက်က Internet Option က fonts ကို Zawgyi-One ကိုပေးထားရပါမယ်.။

  • ဒီ နေရာကို click ပြီး save လုပ်ပါ။

  • IEကိုဖွင့်ပါ.. Tools >Internet Option>Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ခုန save လုပ်ထားတဲ့ ie.css ကိုထည့်ပေးပါ..။

  • Google chrome အတွက်လုပ်နည်း

  • Google chrome browser ကိုဖွင့်ပါ

  • ဒီ link ကို copy လုပ်ပြီး chrome browser ကနေဖွင့်ပါ။ https://chrome.google.com/webstore/detail/dlgmiidgfdpjcnhnhafijlpinepjkpnd

  • ကျလာတဲ့ page မှာ install button ကို click လုပ်လိုက်ပါ။ (click to see image)

  • ပြီးသွားရင် chrome ရဲ့ toolbar မှာ “က၊ခ” ကွက်ကလေးကိုတွေ့ ပါလိမ့်မယ်။ (Click to see image) ဒါဆိုရပါပြီ။

  • (အပေါ်ကအချက်အလက်တွေဟာ Myanmar Net Knowledge မှ မှီငြမ်းထားသည်)

    Zawgyi-One, Unicode Converter box ဆိုက်မှာပေါ်အောင်လုပ်နည်း

    အောက်ပါ js code ကို copy ၊ ပြီးတော့ ထုံးစံအတိုင်း Blog long in, Dashboard, Design, Add Gigate, HTML/Javascript သို့ထည့်ပြီး Save လိုက်ရုံပါပဲ။

    <script type="text/javascript" src="http://sawlinux.googlecode.com/files/zawgyi%20%2C%20Uni.js"></script>

    ကဲ…မိမိ webpage ရဲ့ဒေါင့်မှာ Zawgyi-One, Unicode Converter box ပြူးပြူးကြီးပေါ်လာပါလိမ့်မယ်။ မိမိဝက်စာမျက်နှာနဲ့ကိုက်မည့်ဖေါင့်ကို ရွေးပြီးဖတ်ရုံပါပဲ။

    စောလင်းနက်စ်
    Saw Linux  /  8:34 PM  /  ,   /  No comments

    Wednesday, August 10, 2011

    Saw Linux  /  3:36 AM  /    /  No comments
    ဒီနေ့ ကျနော်ကောပီပို့စ်နဲ့ စုရင်းဆောင်းရင်းတင်လိုက်တယ်။ အင်တာနက်မျက်နှာစာမှာ ဇော်ဂျီ၊MM3,ဧရာ

    ဖေါင့်၊ ကီးဘုတ်တွေဟာ မြန်မာစာအတွက်မရှိမဖြစ်အသုံးပြုနေတာမဟုတ်လား။ ကိုယ်တိုင် tutorial ရေးရ

    တာပျင်းတာနဲ့ မှော်ဝင်မြို့ဆိုက်ကပဲ ယူသုံးလိုက်ပါတယ်။ ၀ါသနာပါရင်တော့ လေ့လာကြည့်ပေါ့ဗျာ။

    မြန်မာ ယူနီကုတ် ၃ ကို ဘယ်လို Install လုပ်မလည်း ???

    သူရဲ့အားသာချက်ကတော့ မြန်မာစာရိုက်နည်းအစစ်ဖြစ်လို့ပဲ ဒါပေမယ့် Zawgyi Unicode ကိုတွင်တွင်ကြယ်ကြယ်သုံးနေကြပါသေးတယ် တစ်ခုအားနည်းချက်ကတော့ Zawgyi Fonts အတိုင်း Shortcut နဲ့ အမြန်ပြောင်းလို့မရတာ တော့တော်တော်ခတ်တယ်ဗျခုကတော့ Browser အတွက်ပဲဖြစ်ပါတယ် ကဲစတော့မယ်ဗျာ အရင်ဆုံး DOWNLOAD ယူလိုက်ပါ Download ဆိုတဲ့စာလေးကို နှိပ်လိုက်ရင်ရပါပြီး Download ကိုလည်း အလွယ်ဆွဲလို့ရအောင် Google Document ကနေပဲတင်ပေးထားပါတယ် Download ဆွဲပြီးသွားပါက ဖိုင်ကိုဖြေချလိုက်ပါ Password >> juckzero ပါ ဖိုင်ဖြေပြီးသွားရင် အောက်ကပုံလေးအတိုင်း mm3 ဆိုတဲ့ Fonts File လေးကို Copy ကူးယူလိုက်ပါ

    tutorial1x.jpg

    Win+R (run) တွင် fonts ဟုရိုက်ထည့်လိုက်ပါ

    tutorial2.jpg

    Fonts Folder ပွင့်လာပါလိမ့်မယ် အိုက်နားမှာ paste လိုက်ပါ

    tutorial3g.jpg

    ထိုအဆင့်ပြီးဆီးသွားပါ က mm3 unicode ကို ဖတ်ရှု့လို့ရပါပြီး ဖတ်ရှု့ရန် Browser ကနေ myanmar 3 ဆိုတဲ့ ဖောင့်ကိုပြောင်းလိုက်ပါ တစ်ခုတော့ ရှိတယ် Zawgyi fonts ကိုတော့ ဖတ်မှာမဟုတ်တော့ပါဘူး ဒါပေမယ့် Zawgyi ကိုပြန်ပြောင်းရင်တော့ ရပါတယ် အဲ့ပြသနာအတွက် Browser နှစ်ခုသုံးပါ ကျွန်တော်ကတော့ Mozilla firefox ကို ဒီတိုင်းပဲထားပါတယ် ဘာလို့လည်းဆိုတော့ zawgyi fonts ကိုသွင်းကတည်းက ကွန်ပျူတာ တစ်ခုလုံးကို Zawgyi fonts အော်တိုပြောင်းပေးပြီးထားပါ ဒါကြောင့် Zawgyi Fonts ကိုတော့ ကွန်ပျူတာ တစ်လုံးလုံးက ဖတ်နေပါတယ် mm3 unicode ဖတ်အောင် ကျွန်တော် ကတော့ Netscape ဆိုတဲ့ browser ကို mm3 ပြောင်းလဲထားပါတယ် အိုက် Browser ကိုလိုခြင်တယ်ဆိုရင်တော့ NETSCAPE DOWNLOAD ကိုနှိပ်လိုက်ပါ အိုက်နားမှာ Download ဆွဲလို့ရပါတယ် အသုံးပြုပုံကတော့ mozilla firefox အသုံးပြုပုံအတိုင်းပါပဲ mm3 ကို netscape ကနေပြောင်းပြပါမယ် win7 နဲ့ win vista မှာတော့ ဘာမှပြောင်းလဲဖို့မလိုပါဘူး Fonts ထဲကို mm3 ထည့်ပြီး restart ချလိုက်တာနဲ့ အော်တို ဖတ်နေပါပြီ အရင်ဆုံး browser ကိုဖွင့်လိုက်ပါ ပြီးတော့ tools >> options ကိုသွားလိုက်ပါ

    cyberpoint07.jpg

    ပြီးပါက Options box ပွင့်လာပါလိမ့်မယ် Content ကိုနှိပ်လိုက်ပါ အောက်ပါအတိုင်းမြင်ရပါလိမ့်မယ် အိုက်နားမှာ Default font: နေရာက ကျွန်တော် zawgtyi-one နေရာမှာ mm3 ကိုပြောင်းလိုက်ပါ ပီးပါက Advanced ကိုနှိပ်လိုက်ပါ

    cyberpoint08.jpg

    Advanced ကိုနှိပ်ပီးအောက်ကပုံလေးအတိုင်းတွေ့ရပါမယ် အကုန်လုံးကို myanmar 3 ပြောင်းပေးလိုက်ပါ

    cyberpoint10.jpg

    OK ကိုနှိပ်လိုက်ပါ ကပြီးဆီးသွားပါပြီ

    အပေါ်ကအဆင့်တွေက ဖတ်လို့ရအောင်ပြုလုပ်နည်းဖြစ်ပါတယ် mm3 unicode ရိုက်လို့ရအောင်တော့ အောက်အကဆင့်တွေအတိုင်း ဆက်လုပ်ရပါအုံးမယ် download ဆွဲထားတဲ့ ဖိုင်ကို ပြန်ဖွင့်လိုက်ပါ အိုက်ထဲကုkeyman_free_6-2-176-9 ကိုဖွင့်လိုက်ပါအောက်ကပုံလေး အတိုင်းတွေ့ရပါမယ် Install ကိုနှိပ်လိုက်ပါ

    tutorial4f.jpg

    Next ကိုနှိပ်လိုက်ပါ

    tutorial5v.jpg

ှုI accept this license ကို အမှန်ခြစ်ပေးပြီးတော့ next ကိုနှိပ်လိုက်ပါ

    tutorial6k.jpg

    Next ကိုနှိပ်လိုက်ပါ

    tutorial7j.jpg

    Next ကိုပဲနှိပ်လိုက်ပါ

    tutorial8.jpg

    အမှန်ခြစ်တွေကို မိမိလိုသလိုပြောင်းလဲပြီးတော့ Finished ကိုနှိပ်လိုက်ပါ

    tutorial9m.jpg

    ပြီးဆီးသွားပါက Download လုပ်ထားသော ဖိုင်လေးကို ပြန်ဖွင့်လိုက်ပါ myanmar3 ဆိုတာလေး ကပေါ်လာပါလိမ့်မယ် Double Click နှိပ်လိုက်ပါ

    tutorial10.jpg

    Install ကိုနှိပ်လိုက်ပါ ခဏစောင့်လိုက်ပါ

    tutorial11t.jpg

    ပြီးဆီးသွားပါက ကွန်ပျူတာရဲ့ ညာဘက် နာရီရှိတဲ့နေရာလေးနားမှာ Left Click ကိုနှိပ်ပြီးတော့ အသုံးပြုနိုင်ပါသည်

    magic21.jpg

    မသိသောသူများအတွက် ရည်စူးပါတယ် အဆင်ပြေကြပါစေဗျာ

    Thursday, June 3, 2010

    Saw Linux  /  5:28 PM  /  ,   /  No comments
    Ref: http://www.ubuntu-myanmar.org/

    Gtalk မှ သူငယ်ချင်း မောင်မောင်ပြည့်ဖြိုး က မေးလာပါတယ်။ Ubuntu 10.04 ပေါ်မှာ ဇော်ဂျီဖွန့် သွင်းလို့ မရဖြစ်နေပါတယ်တဲ့။

    နောက် Terminal က ဖွန့် Install လုပ်နေတဲ့ ပုံကိုလည်း Screen Shoot ဖတ်ပြီး တွဲပို့လာပါတယ်။

    ပုံစက်မှာ ဒီလိုမြင်နေရပါတယ်။

    Ubuntu 10.04 တွင် ဇော်ဂျီဖွန့် Install ပြုလုပ်နေစဉ်အတွင်း Error ပြခြင်း

    Ubuntu 10.04 တွင် ဇော်ဂျီဖွန့် Install ပြုလုပ်နေစဉ်အတွင်း Error ပြခြင်း

    ကိုမောင်မောင်ပြည့်ဖြိုး စက်မှာ ဖြစ်နေတာကို ရှင်းမပြတော့ပဲ အလွယ်ဆုံးနည်းကို လမ်းညွှန်ဖော်ပြ ပေးပါမယ်။
    zawgyi_keyboard-0.3.3.tar.gz
    အခု ဖော်ပြတဲ့ ဇော်ဂျီဖွန့် သွင်းနည်းကို ရေးသားသူကတော့ box02

    (thebox02 @gmail.com) ဖြစ်ပါတယ်။

    အဆင့် ၁။ အပေါ်လင့်ကနေ ဇော်ဂျီဖွန့်ကို Download လုပ်ပါ။

    အဆင့် ၂။ နောက် Download လုပ်လို့ ရတဲ့ ဖိုင်လေးကို Desktop ပေါ်မှာ တင်ထားပါ။

    အဆင့် ၃။ Terminal ကိုဖွင့်ပါ။

    အဆင့် ၄။ $ cd ~/Desktop ကို ပထမဆုံး ရိုက်ထည့်ပါတယ်။

    အဆင့် ၅။ $ ls ကို ရိုက်ထည့်ပါမယ်။ (အယ် အက်စ် ဖြစ်ပါတယ်။)

    အဆင့် ၆။ $ tar xzf zawgyi_keyboard-0.3.3.tar.gz

    အဆင့် ၇။ $ ls

    အဆင့် ၈။ $ cd zawgyi့

    အဆင့် ၉။ $ sudo python zawgyi_keyboard.py

    နောက်ဆုံး Command တွေအလုပ် လုပ်ပါလိမ့်မယ်။

    သင့်အနေနဲ့ လိုအပ်တာကို လိုက်လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ ဖွန့်အင်စတော လုပ်ရန် i

    ကို ရိုက်ထည့် ပေးရလိမ့်မယ်။ နောက်ဆုံး Terminal ကို ပြန်ပိတ်ရန် q ကို ရိုက်ထည့်ပေးရပါမယ်။
    ---------------

    အပေါ်က ရေးထားတဲ့ အဆင့်များ သိပ်ပြီး ပြည့်စုံမှု မရှိပါဘူး။

    ဒီဖိုင်ကို Download လုပ်ပြီး သေချာဖတ်ပြီး Install လုပ်စေချင်ပါတယ်။ စာလုံးများ အသေးအကြီး အစစ

    သတိထားပြီး သေချာ ရိုက်စေချင်ပါတယ်။ ကျနော် ကတော့ Ubuntu 9.10 မှာရော 10.04 မှာပါ အခုနည်းနဲ့

    အဆင်ပြေစွာ Install လုပ်ဖြစ်ခဲ့ပါတယ်။

    ————

    Ubuntu အတွက် မြန်မာဖွန့်သွင်းနည်းများ ဖော်ပြထားတဲ့ ဆိုဒ်များကို အောက်မှာ ဖော်ပြထားပါတယ်။

    http://code.google.com/p/zawgyi-keyboard/downloads/list?q=label:Featured

    http://box02.my-mm.org/2010/02/ubuntu-linux.html

    Wednesday, June 2, 2010

    Saw Linux  /  10:23 PM  /  ,   /  No comments
    မြန်မာဖွန့်အတွက် ကြိုက်နှစ်သက်ရာဖွန့်ကို Ubuntu Linux မှာ Install လုပ်နိုင်ပါတယ်။ ဒီ guide မှာ ဇော်ဂျီဖွန့်ကို ဥပမာနမူနာထားပြီး သွင်းမှာဖြစ်ပါတယ်။

    ဇော်ဂျီဖွန့်နဲ့ Install script အထုတ်အပိုးကိုရယူခြင်း
    အရင်ဆုံး zawgyi-keyboard.googlecode.com မှာ သွားပြီး zawgyi-keyboard package ကို download လုပ်ပါ။

    zawgyi-keyboard package ဖြစ်တဲ့ latest version : zawgyi_keyboard-0.3.3.tar.gz ကိုရယူလိုက်ပါ။ ပြီးရင် အဲဒီ package ကို ကိုယ့်ရဲ့ Desktop ပေါ်မှာထားလိုက်ပါ။

    Install Script နှင့် ဇှောဂျီဖွန့် ဇှောဂျီကီးဘုတ် သွင်းခြင်း

    Terminal ကိုဖွင့်ပါ။ Terminal က Applications > Accessories > Terminal မှာပါ။

    Terminal က အောက်ကလိုပွင့်လာမယ်။

    Terminal ကိုဖွင့်ရတဲ့အကြောင်းရင်းက ကျနော်တို့ command line နဲ့ zawgyi keyboard ကို install လုပ်မလို့ပါ။ command line ဆိုလို့ ခက်ခက်ခဲခဲ command တွေ မှတ်သားထားရမယ်လို့ သိရမယ်လို့ မထင် လိုက်ပါနဲ့။ ခုသုံးမယ့် commands တွေက တကယ့် child play တွေပါ။ copy'n'paste လုပ်ပြီး သွားလဲရပါတယ်။
    အခု ကျနော်တို့ Terminal ကနေ zawgyi-keyboard package ထားရှိရာ Desktop ဆိုတဲ့ နေရာကိုသွားရအောင် cd လို့ခေါ်တဲ့ (change directory) command ကိုသုံးပါမယ်။ Terminal ထဲမှာ အောက်က command line ကို copy'n'paste လုပ်ပေးလိုက်ပါ။ command ရှေ့က $ (dollar sign) ကို copy လုပ်စရာမလိုဘူးနော်။

    $ cd ~/Desktop

    ခုဆိုရင် ကျနော်တို့ စိတ်ထဲက virtual နည်းနဲ့ Terminal ကနေ Desktop ဆိုတဲ့နေရာကိုရောက်ပါပြီ။ ကျနော်တို့ ls ဆိုတဲ့ (list) command ကိုဆက်သုံးပြီး Desktop ပေါ်မှာရော ကိုယ်ထားတဲ့ zawgyi-keyboard package ရှိ မရှိကို ပြန်စမ်းစစ်ကြည့်တဲ့သဘောပါ။

    $ ls

    ls ဆိုတာက list ဆိုတဲ့ သဘောကိုဆောင်တဲ့အတွက် Desktop ပေါ်မှာရှိသမျှ files, pictures စတာတွေကို list လုပ်သလိုဖော်ပြပေးမှာပါ။ ကျနော်တို့ထားထားတဲ့ zawgyi_keyboard-0.3.3.tar.gz ရှိတယ်ဆိုပါတော့ ကဲ ဘာဆက်လုပ်ရမလဲ? အဲဒီ package က tar ဆိုတဲ့ program ငယ်နဲ့ ချုံ့ထားတဲ့အတွက် ကျနော်တို့ အဲဒါကို ပြန်ဖြည်ပေးဖို့လိုအပ်တယ်။ ဒါမှ အထဲမှာ ဘာရှိလဲဆိုတာ သိနိုင်မှာပါ။ အထဲကဟာတွေ ဘာတွေလဲ သိမှ ဆက်ပြီး အလုပ်လုပ်လို့ရမှာပါ။ အောက်က command ကို ကိုယ့်ရဲ့ Terminal ထဲမှာ copy'n'paste လုပ်ပြီး Enter ခေါက်ပြီး run လိုက်ပါ။

    $ tar xzf zawgyi_keyboard-0.3.3.tar.gz

    ဒီ command line မှာ tar ဆိုတာက zip program လိုမျိုး ဖိုင်တွေကို achive, extract လုပ်ပေးတဲ့ Unix & Unix-Like system တွေမှာ အသုံးများတဲ့ program ငယ်ပါ။ xzf ဆိုတာက options တွေပါ။ options တစ်ခုချင်းစီရဲ့လုပ်ဆောင်ချက်ကို သိချင်ရင် ဒီ $ tar -h ဒါမှမဟုတ် $ tar --help ကို Terminal ထဲရိုက်ပြီး ကြည့်လိုက်ပါ။ နောက်တမျိုးက man ဆိုတဲ့ program နဲ့လဲ သက်ဆိုင်ရာ program တွေရဲ့ manual pages တွေကို ကြည့်လို့ရပါသေးတယ်။ ဥပမာ $ man tar လို့ Terminal ထဲမှာရိုက်ပြီး tar program ရဲ့ manual ကို ကြည့်နိုင်ပါသေးတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောရမယ်ဆိုရင် tar xzf zawgyi လို့ Terminal ထဲမှာရိုက်ပြီးချိန်မှာ keyboard ပေါ်က Tab key ကိုခေါက်ကြည့်ပါ။ Bash Shell ရဲ့ autocomplete က နောက်ကဆက်လိုက်ပါလာတဲ့ _keyboard-0.3.3.tar.gz ကို သူ့ဟာသူဖြည့်သွားပေးမှာပါ။ ဒီလိုဆိုရင် command line ကို type ရတာလဲ သက်သာပြီး အမှားလဲ နည်းနိုင်ပါတယ်။ ခဏကပြောတဲ့ Bash Shell ဆိုတာက Bourne-again Shell ပါ။ Linux Distributions တွေတိုင်းမှာလိုလို Default shell အနေနဲ့ပါလာတက်ပါတယ်။ Ubuntu Linux မှာက Definitely အဲဒီ shell ကိုအသုံးပြုပါတယ်။
    ကဲ tar ball ဖြည်ပြီးရင် ဘာဆက်လုပ်ရမလဲ? ကျနော်တို့ ls ကိုသုံးပြီး Desktop ပေါ်မှာ ဘာတွေဖြစ်ပျက်သွားလဲ ကြည့်ရအောင် Terminal ထဲမှာ ls ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ရအောင်..

    $ ls

    ဘာတွေ့မလဲဆိုတော့ zawgyi ဆိုတဲ့ folder တစ်ခုတိုးလာတဲ့အတွက် zawgyi ဆိုတာကိုတွေ့လိမ့်မယ်။
    ဟုတ်မဟုတ် ကိုယ့် Desktop ကို ပြန်ကြည့်နိုင်တယ်။ zawgyi folder ကိုတွေ့မှာပါ။ ကျနော်တို့ zawgyi folder ထဲကို Terminal ထဲကနေ အောက်က command သုံးပြီး ဆက်ဝင်ရအောင် ..

    $ cd zawgyi

    Terminal ကနေဘာ error မှ မပြဘူးဆိုရင် ကျနော်တို့ zawgyi folder ထဲရောက်သွားပါပြီး။ zawgyi folder ထဲမှာ ဘာတွေပါလဲဆိုတာ ls နဲ့ ကျနော်တို့ ထပ်ကြည့်ပါအုံးမယ်။

    $ ls

    အောက်ကပုံကိုကြည့်ပါ။ ခင်ဗျားနဲ့ Terminal ထဲမှာလဲ အောက်ကပုံနဲ့ဆင်တူတွေ့မှာပါ။ Desktop ပေါ်မှာလဲ zawgyi folder ထွက်လာတာကိုလဲတွေ့မှာပါ။

    ဒီအဆင့်ရောက်ပြီးဆိုရင်တော့ ကျနော်တို့ installation ကို စတင်လုပ်တော့မှာပါ။ ဒီ package မှာ အားလုံးလွယ်ကူစေဖို့အတွက် ဇော်ဂျီဖွန့်ရော လိုအပ်တဲ့ဖိုင်တွေရော python script ရောထည့်ထားပေးပါတယ်။ ခင်ဗျားက ထည့်ထားပေးတဲ့ zawgyi_keyboard.py ဆိုတဲ့ python script ကို run ပြီး install လုပ်တာတို့ remove လုပ်တာတို့ font upgrade လုပ်တာတို့ လုပ်နိုင်ပါတယ်။ အရင်ဆုံးအဲဒီ script ကို run ရအောင် အောက်က command line ကို run ပေးပါ။

    $ sudo python zawgyi_keyboard.py

    ဒီ command line မှာ sudo ဆိုတာ sudoer (super user) အသုံးပြုအနေနဲ့ run မယ်လို့ ပြောတာပါ။ နောက်ကဆက်လိုက်လာတဲ့ python ဆိုတာ Python လို့ နာမည်ရတဲ့ Interpreter ပါ။ ဘာလို့ Python Interpreter ကို zawgyi_keyboard.py ရဲ့အရှေ့မှာခံပြီး run လဲဆိုတော့ .py extension ပါတဲ့ zawgyi_keyboard.py ဟာ Python Programming အသုံးပြုပြီးရေးသားထားတဲ့ ဖိုင်ဖြစ်သလို့ Python ဆိုတဲ့ command ကိုသုံးမှ Python Interpreter က zawgyi_keyboard.py script ကို ကွန်ပြူတာနားလည်အောင် လုပ်ဆောင်ပေးနိုင်အောင်လို့ပါ။ ကဲကျနော်တို့ install လုပ်တဲ့ အလုပ်ဆက်လုပ်ရအောင်။ အောက်ကပုံကို ကြည့်ပါ။ ပုံထဲကအတိုင်း zawgyi_keyboard.py script က စတင် run နေပါပြီး။ ကိုယ့် Terminal ထဲမှာလဲ ကြည့်ပါ။ ဘာစာသားတွေဖော်ပြနေပြီး ဘာ information တွေ ခင်ဗျားကို ပေးနေသလဲဆိုတာ လေ့လာပါ။

    အဲဒီထဲမှာ install, remove, help, exit .. စတာတွေကိုတွေ့ရမှာပါ။ ကျနော်တို့က install လုပ်ချင်တဲ့အတွက် Install လုပ်ဖို့ရရာ small letter i ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ s ကို နှိပ်ပါက show font ဆိုတဲ့ function ကို ခေါ်တဲ့အတွက် လက်ရှိစက်ထဲကို install လုပ်လိုက်တဲ့ဖွန့်နဲ့ Web မှာနောက်ဆုံးထွက်ရှိနေတဲ့ font ကိုယှဉ်ပြ ပေးမှာပါ။ ဒါပေမယ့် ကိုယ့်စက်မှာ အင်တာနက်ချိတ်ဆက်ထားမှ အဲဒီ function ကအလုပ်လုပ်မှာပါ။ ကျနှောတို့ Install လုပ်ရအောင် i ကို keyboard ကနေရိုက်ပြီး Enter ခေါက်လိုက်ပါ။ အဲဒါဆိုရင် Python script က ဇှောဂျီဖွန့်နဲ့ ဇှောဂျီကီးဘုတ်ကို သက်ဆိုင်ရာနေရာဆီကို copy လုပ်ပေးခြင်းအားဖြင့် Install လုပ်ပေးမှာပါ။

    ခုဆိုရင် ခင်ဗျားစက်ထဲမှာ ဇော်ဂျီဖွန့်နဲ့ ဇော်ဂျီကီးဘုတ်ရောက်နေပါပြီး။ ဇော်ဂျီနဲ့ရေးထားတဲ့ အင်တာနက်စာမျက်နှာတို့ ကြည့်နိုင်ပါပြီး။ ကျန်တဲ့ options တွေကိုလဲ လိုအပ်ရင်လိုအပ်သလို ချက်ချင်းကို run နိုင်ပါတယ်။ ဒါမှဟုတ် ဒီ running script ကို exit လုပ်ပြီးမှ ပြန် run လိုကလဲ ပြန် run ပြီး install, remove, upgrade စတာတွေကို ဆက်လုပ်ပေးလို့ရပါတယ်။ အောက်ကပုံလေ့လာခြင်းအားဖြင့်လဲ သိနိုင်ပါတယ်။

    ကျနှောတို့ ဖွန့်နဲ့ကီးဘုတ်ကိုသွင်းပေးပြီးတဲ့နောက်မှာ စာရိုက်ဖို့အတွက် US ကီးဘုတ်ကနေ MMR ကီးဘုတ်ပြောင်းဖို့အတွက် Keyboard Indicator ကို အသုံးပြုဖို့လိုအပ်ပါမယ်။ အဲဒီ Keyboard Indicator ကို မြင်သာအောင် Panel ပှေါမှာ အရင်တင်ရအောင် Panel ပှေါမှာ mouse pointer ထောက်ပြီးတော့ Right Click နှိပ်လိုက်ပါ။

    အပှေါကပုံမှာပှေါလာတဲ့ ဿPop-Up Menu ထဲက Add to Panel… ဆိုတာကို Left Click နှိပ်ပေးလိုက်ပါက အောက်က ပုံအတိုင်း ထပ်ပှေါလာမယ်။

    အဲဒီအထဲက scroll bar ကိုဆွဲချပြီး အောက်ကပုံမှာမြင်ရတဲ့ Keyboard Indicator ဆိုတဲ့ဟာကို တွေ့အောင်ရပါမယ်။

    ပုံထဲကလို Keyboard Indicator ကို select လုပ်ပြီးရင်တော့ အောက်နားလေးမှာရှိနေတဲ့ Add ဆိုတဲ့ button ကိုနှိပ်ပေးလိုက်ပါ။ အဲဒီခါမှာ ကိုယ့်ရဲ့ Panel ထဲမှာ USA ဆိုပြီး လက်ရှိကီးဘုတ်တကေဿငတကိုဖှောပြ ပေးနေပါပြီ။

    ဒီအဆင့်ရောက်ရင် ကျနှောတို့ Myanmar Keyboard option ကိုလဲ Keyboard Indicator Program မှာထည့်မှာမို့ Panel ပှေါမှာ ပှေါနေတဲ့ USA ဆိုတဲ့ စာလုံးပှေါမှာ Right Click နှိပ်ပေးလိုက်ပါ။ အောက်က ပုံအတိုင်းမြင်လာပါမယ်။

    ပုံထဲမှာမြင်တဲ့ Pop-Up Menu ကနေပဲ Keyboard Preferences ကိုဆက်ပြီး Left Click နှိပ်ပေးလိုက်ပါက အောက်ပုံအတိုင်း Keyboard Preferences Windows ငယ်လေးပှေါလာပါမယ်။

    အပှေါမှာမြင်ရတဲ့ ပုံထဲက Layouts Tab ကို သွားလိုက်ရင် အောက်ကပုံအတိုင်း Layouts Tab Window ဆီကိုရောက်သွားမယ်။

    ပုံထဲမှာ Keyboard Layout အသစ်ကိုထည့်ဖို့အတွက် Add.. ဆိုတဲ့ button ကိုတွေ့လိမ့်မယ်။

    Add.. button ကိုနှိပ်လိုက်ပါက အောက်ကပုံအတိုင်း Choose a Layout ဆိုတဲ့ Window အသစ်တခုထပ်ပှေါလာပါမယ်။

    ပုံထဲမှာ Afghanistan ဆိုတဲ့ button မှာ down arrow မြှားလေးပါ။ ကျနှောတို့က Myanmar Keyboard Layout ကိုသုံးချင်တာဆိုတော့ Myanmar ဆိုတာကို down arrow ကိုနှိပ်ပြီး scroll down လုပ်ရင်း ရှာပါမယ်။ Myanmar ကိုတွေ့ရင် Left Click နှိပ်ပြီး ရွေးချယ်ပေးလိုက်ပါ။ အောက်ကပုံအတိုင်းမြင်ရပါမယ်။

    အပှေါကပုံမှာမြင်ရတဲ့အတိုင်း Add button လေးကိုနှိပ်ပေးလိုက်တဲ့အခါ Keyboard Preferences Layouts Tab မှာ USA ပြီးတော့ Myanmar ဆိုတာပှေါလာမှာပါ။

    ဒါဆိုရင် ကျနှောတို့စက်မှာ USA ရော Myanmar ကီးဘုတ်ရော အသုံးပြုလို့ရနေပါပြီ။ နောက်တစ်ခုထပ်လုပ်ပေးဖို့လိုသေးတာက အဲဒီ ကီးဘုတ်နှစ်ခုအတွက် ဘာ keys အသုံးပြုပြီး ကီးဘုတ်ပြောင်းမလဲ ဒါမှမဟုတ် keyboard layout ကို နှစ်ခုအကြား switch လုပ်ဖို့ ဘာ shortcut keys အသုံးပြုမလဲဆိုတဲ့ Layout Options setting လေးထားပေးဖိုပါ။ အဲလိုထားပေးလိုက်ခြင်းအားဖြင့် shortcut keys လေးကိုနှိပ်ပေးရုံနဲ့ ဘီးဘုတ်ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့် အပှေါကပုံမှာမြင်ရတဲ့ Layout Options button လေးကိုဆက်နှိပ်ပေးပြီး Keyboard Layout Options ဆီကိုသွားရအောင်။ အောက်ကအတိုင်း Keyboard Layout Options Window ငယ်ထပ်ပှေါလာပါမယ်။ အဲဒီအထဲမှာ ကိုယ်နှစ်သက်ရာ option ကိုရွေးချယ်နိုင်ပါတယ်။

    Key(s) to change layout ထဲမှာ ကိုယ်ကြိုက်တဲ့ keys အတွဲကိုရွေးချယ်ပေးပြီးရင်တော့ ဖွင့်ထားတဲ့ Keyboard Layout Windows တွေကို ပိတ်နိုင်ပါပြီ။ အရင်က ဇှောဂျီဖွန့်နဲ့ရေးထားတဲ့ အင်တာနက်စာမျက်နှာတွေ ဖိုင်တွေကို ဇှောဂျီဖွန့်နဲ့ အမှန်အတိုင်းမြင်ရတဲ့အဆင့်ကနေ ခု ဇော်ဂျီကီးဘုတ်နဲ့လဲ စာရိုက်နိုင်ပါပြီး။ အောက်က ပုံကိုကြည့်ပါ။ ဇော်ဂျီကီးဘုတ်က မှန်မှန်ကန်ကန်ပေါ်ခြင်းရှိ မရှိ gedit ဆိုတဲ့ Text editor နဲ့ စမ်းရိုက်ကြည့်တာပါ။

    ဒါဆိုရင် ကျနှောတို့ရဲ့ Ubuntu Linux မှာ ဇှောဂျီဖွန့်ကိုမြင်ရပြီး ဇှောဂျီကီးဘုတ်နဲ့ရိုက်နိုင်ပါပြီ။

    အပှေါက နမူနာနည်းနာအတိုင်း myanmar3 unicode ဖွန့်ကိုလဲ သွင်းနိုင်ပါတယ်။ myanmar3 unicode font နဲ့ package ကိုတော့ mm3-keyboard package လို့ခှေါပြီး ခု lastest version က mm3-keyboard-0.1.1.tar.gz ပါ။ အဲဒီ package ကို zawgyi-keyboard.googlecode.com မှာ ရယူ download နိုင်ပါတယ်။ အဲဒီ zawgyi-keyboard project မှာရှိတဲ့ keyboard packages တွေကတော့ free of charge ပါပဲ။ အလကားပေးပါတယ်။ ကိုစေတန်နဲ့ကျနှောတို့က ကိုယ့်အတွက်ကိုယ်လုပ်ရင်း သူများကိုလဲ ဝေငှပေးတဲ့သဘောပါပဲ။ အားလုံးလွတ်လွတ်လပ်လပ်ယူသုံးနိုင်ပါတယ်။

    download PDF

    Ref:မူရင်းလင့်

    Search