welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Sunday, March 30, 2014

Saw Linux  /  7:35 PM  /    /  No comments
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (မြောက်ပိုင်း)၊ ရန်ကုတ်နောင်နိုင်းကျောင်း (ရေမန်း) ဆရာတော်ဘဒ္ဒန္တ၀ါယမအရှင်သူမြတ်၏
နောက်ဆုံး အန္တိမအဂ္ဂိဈာပနပွဲကို (၃၀-၃-၂၀၁၄) တနင်္ဂနွေနေ့တွင် အောင်မြင်စွာပူဇော်ကျင်းပပြီးစီးခဲ့ပါသည်။
၎င်းဈာပနပွဲချောမွေ့အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လောင်တိုက်ပြဿာဒ်ဆောင်၊ မဏ္ဍပ်အခမ်းအနား ပြင်ဆင်မှုစသည်တို့ကို
(၂)လနီးပါးဖြင့် ရန်ကုတ်ကျောင်းကြီးဆရာတော်ဦးဝိဇယ၊ လက်ရှိရန်ကုတ်နောင်နိုင်းကျောင်းဆရာတော်ဦးဇ၀န၊ တာဝန်ခံဆရာ
တော် ဦးခန္တီစာရ၊ စောအောင်ကျော်နိုင် (ဥက္ကဋ္ဌ)၊ စောကျဝ့်ဝင်း(အတွင်းရေးမှူး)၊ ရဟန်းပျိုများ၊ ကျေးရွာရပ်မိ၊ ရပ်ဖများနှင့် အဖွဲ့
အစည်းအသီးသီးသောခေါင်းဆောင်များက ကြိုးစားပြင်ဆင်ခဲ့ပါသည်။



(နေ့လည်ပိုင်းအစီးအစဉ်)

ဆရာတော်၏ကြွင်းကျန်ရစ်သောရုပ်ကလာပ်ပူဇော်ခြင်းအခမ်းအနားကို အောက်ပါအတိုင်းစီရင်ကျင်းပခဲ့ပါသည်...

၁။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ-အစချီသော သံဝေဂသုံးဂါထာကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အ
အပေါင်းတို့က ရွတ်ဆို၍အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သြ၀ါဒါစရိယ ဇမ္ဗူမြိုင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
၃။ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်သောပရိတ်တရားတော်ကို ရိုသေစွာနာယူခြင်း
၎။ ဆရာတော်၏ထေရုပ္ပတ္တိအကျဉ်းကို ဦးခန္တီစာရ(နောင်နိုင်းကျောင်း)မှ ရွတ်ဖတ်ပူဇော်ခြင်း
၅။ ဆရာတော်၏ဂုဏ်ကိုရည်မှန်း၍ -အာစရိယ ၀န္ဒနာ- ဂါထာကို ဦးကေသရ(သကြားရွာဦးကျောင်း)မှ ရွတ်ဖတ်ပူဇော်ခြင်း
၆။ ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဦးဝိဇယ (ရန်ုကုတ်ကျောင်းကြီး) မှ သံဝေဂဉာဏ်ပွား သ၀ဏ်လွှာဖတ်ကြားခြင်း
၇။ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာဖတ်ကြားခြင်း
၈။ နောင်နိုင်းရွာ ၀တ်အသင်းအဖွဲ့မှ ရတုနှင့်ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဖတ်ပူဇော်ခြင်း
၉။ မဟာထေရဂုဏပူဇာအာသီသဂါထာကို ဆရာတော်ဦးဝိဇယ (ရန်ကုတ်နောင်နိုင်းကျောင်း)မှ ရွတ်ဖတ်ပူဇော်ခြင်း
၁၀။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
၁၁။ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ (ကရင်ပြည်နယ်) ဆရာတော်ဘဒ္ဒန္တေတဇိန္ဒ (မိုးကယ်ကျောင်း)မှ သံဝေဂကထာမြွက်ကြား
ပြီး ရေစက်သွန်းချအမျှပေဝေခြင်း

ညပိုင်း ဆရာတော်ရုပ်ကလာပ်ပူဇော်ခြင်းအခမ်းအနားအစီအစဉ်

ကြွင်းကျန်ရစ်သောဆရာတော်၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပမည့်နေရာစံကျောင်းတော်သို့ ပင့်ဆောင်ရန်
၁။ ဆရာတော်ဦးဇ၀န (ရန်ကုတ်နောင်နိုင်းကျောင်း)မှ ဒကာ/ဒကာမများကိုယ်စား စံကျောင်းတော်သို့ ပင့်လျှောက်လွှာဂါထာဖြင့် ပင့်ဆောင်ပူဇော်ခြင်း
၂။ ဆရာတော်၏ဂုဏ်တော်ကို နောက်ဆုံးရည်မျှော်၍ အန္တိမအဂ္ဂိဈာပနပူဇာဂါထာကို ဦးကေသရ (သကြားရွာဦးကျောင်း)မှ
ရွတ်ဖတ်ပူဇော်ခြင်း
၃။ အပြစ်ရှိက ခွင့်လွတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာကို ဦးဝိဇယ (ရန်ကုတ်ကျောင်းကြီး)မှ ဒကာ/ဒကာမများအား
တိုင်ကြား၍ ဆရာတော်အားနောက်ဆုံးတောင်းပန်ကန်တော့ခြင်း
၎။ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နတ်ပန်းရထာပေါ်သို့ ကြွချီတော်မူရန် -အဘိယာစန နိမန္တန- ဂါထာ
ဖြင့် ဦးဝါရိန္ဒ (၀ါးစခန်းဆရာတော်)မှ တောင်းပန်လျှောက်ထားပူဇော်ခြင်း
၅။ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ အောက်ပါအစီအစဉ်အတိုင်း ပင့်ဆောင်ခြင်း....
(က) တပည့်သံဃာတော် (၁၀) ပါး
(ခ) ဈာပနကော်မီတီဝင် (၁၀) ဦး
(ဂ) ဆွေတော်၊ မျိုးတော်ယောဂီ (၁၀) ဦးပေါက်ပေါက်ပန်းဖလား အသင့်ကိုင်ထားရန်
ထိုအချိန်တွင် -----------------------------မင်္ဂလာဆိုင်းအဖွဲ့မှ ကောင်းကင်ကြိုးဖြင့်ပူဇော်ခြင်း
၆။ လောင်တိုက်ပေါ်တွင် ရုပ်ကလာပ်တော်အသင့်ဖြစ်သောအခါ သံဃာတော်များဦးဆောင်၍ -အနိစ္စာ ၀တ သင်္ခါရာ- အစချီ
သောသံဝေဂ သုံးဂါထာကို ရွတ်ဖတ်ပွားများခြင်း
၇။ ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဦးဝိဇယ (ရန်ကုတ်ကျောင်းကြီး)မှ ဆရာတော်၏သာသနာပြုလုပ်ငန်းစဉ်များဖြစ်ကြသော
ပြည်နယ်သံဃနာယကအဖွဲ့ဝင်အဖြစ်မှ ရပ်စဲကြောင်း အမိန့်တော်ကို ဖတ်ကြားခြင်း
၈။ ဆရာတော်၏ရုပ်ကလာပ်တော်အား ဆရာတော်၏တပည့်ရင်းများက ဦးဆောင်၍ တေဇောဓာတ်ဖြင့် မီးပူဇော်ခြင်း
မီးပူဇော်နေစဉ် .......................မင်္ဂလာဆိုင်းအဖွဲ့မှ ငိုချင်းရှည်/လှေတော်သံ)များဖြင့် ပူဇော်ခြင်း

အထက်ပါအခမ်းအနားအစီအစဉ်များနှင့် ဧည့်ပရိတ်သတ်ပေါင်း ငါးထောင်ဝန်းကျင့်ဖြင့် ဆရာတော်၏ဈာပနပွဲကို အောင်မြင်
စွာ ပူဇော်ကျင်းပနိုင်ခဲ့ပါသည်။ ဒါကြောင့် ထိုဈာပနအလှူပွဲဖြစ်မြောက်ရေး အောင်မြင်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်ကူ
ညီအားပေးလှူဒါန်းကြသော အလှူရှင်၊ အလှူ့မအားလုံး၊ အဖွဲ့အစည်းအားလုံး၊ ရဟန်းပျိုအားလုံး၊ ကျေးရွာသူ၊ ကျေးရွာ
သားအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဒီကနေမှတ်တမ်းတင်အပ်ပါသည်။




ဦးခန္တီစာရ (ရန်ကုတ်နောင်နိုင်းကျောင်း)


ဦးကေသရ (သကြားရွာဦးကျောင်း)


ဦးဝိဇယ (ရန်ကုတ်ကျောင်းကြီး)


ဦးဇ၀န (ရန်ုကုတ်နောင်နိုင်းကျောင်း)











ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူစောကျော်မြင့်(ဗိုလ်မှူးစောကတုံး) -BGF တို့လဲ ဆရာတော်၏ဈာပနပွဲကို တက်ရောက်ကြည်ညိုစဉ်


မှတ်တမ်းတင် = မာန်နဲာမေဓာ (ထီ့ဖေါဟ်စင်)

Sunday, January 12, 2014

Saw Linux  /  7:56 AM  /    /  No comments
၂၀၁၃-ခု တတိယ (၄)လပတ်အတွက် မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအစည်းအဝေးကို ထိုင်းနိုင်၊ငံနွန်ထဘူရီ၊
ဝတ်နခေါင်အင်ကျောင်း (၁၂-၁-၂၀၁၄) တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးပွဲတွင် ၂၀၀၉-ခုနှစ်စတင်၍
၂၀၁၃-ခုနှစ်အထိ ငါးနှစ်အတွင်း မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေ-သည် ပျက်ကွက်မှုစာရင်းမပါ ဘတ်ငွေစုစုပေါင်း
(၁၀၂၄၂၀၀) ဆယ်သိန်းနှစ်သောင်းလေးထောင်နှစ်ရာရှိကြောင်းကို စာရင်းတင်ပြခဲ့ကြပါသည်။

ထိုနောက်အစည်းအဝေးပွဲ၏ ဆုံးဖြတ်ချက်အရ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေ-သည် ငါးနှစ်ပြည့်လျှင် ရွာအ
တွက် ပညာရေး၊ ကျမ္မာရေး၊ လူမှုရေးနယ်ပယ်မှာအသုံးပြုရန် ထုတ်ပေးရမည်ဖြစ်သည့်အတွက် ဤလက်ရှိ ဘတ်ငွေစုစုပေါင်း
(၁၀၂၄၂၀၀) ဆယ်သိန်းနှစ်သောင်းလေးထောင်နှစ်ရာထဲမှ ဘတ်ငွေ (၈၀၀၀၀၀) ရှစ်သိန်းကို ရွာမှာရှိကြတဲ့ကော်မတီများထံသို့
ပို့ပေးရန်အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ ကျန်ငွေ (၂၂၄၂၀၀) နှစ်သိန်း နှစ်သောင်းလေးထောင်နှစ်ရာကို လက်ရှိထိုင်းနိုင်း
ငံမှာ ရှိကြတဲ့ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေက်ာမတီများက ရန်ပုံငွေပြန်လည်တိုးပွားလာဖို့ရည်သန်၍
အပိုင်းလိုက်ခွဲငွေကာ တာဝန်ပေးချထားခဲ့ပါသည်။

ထိုင်းနိုင်ငံရှိ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအဖွဲ့သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (မြောက်ပိုင်း)၊ ထီ
ဖိုးစံကျေးရွာအတွက် ပညာရေးစသောကဏ္ဍ (၃)ခုတွင် တိုးတက်ရန်ဖွဲ့စည်းထားသည့်အတွက် ၎င်းကျေးရွာကော်မတီများ၏ စီမံချက်
များအတိုင်း ပူးပေါင်းဆောင်ရွက်ကြပါသည်။
အခုအစည်းအဝေးဆုံးဖြတ်ချက်အရ ပို့လိုက်သောဘတ်ငွေ (၈၀၀၀၀၀) ရှစ်သိန်းနှင့် ကျေးရွာတွင်ရှိထားသောရန်ပုံငွေ သိန်းတစ်ရာ
ကိုပေါင်းလိုက်လျှင် လက်ရှိမျိုးဆက်သစ်ထီဖိုးစံရန်ပုံငွေသည် သိန်းသုံးရာကျော်ရှိမည်ဖြစ်ပါသည်။ ၎င်းရန်ပုံငွေများ၏ ရှေ့ဆက်
လုပ်ဆောင်မည့်အနာဂါတ်အစီအစဉ်များကို လာမည့်တပို့တွဲလဆန်းကျရင် အစည်းဝေးထိုင်ပြီးဆက်လက်ဆောင်ရွက်ကြမည်ဖြစ်
ကြောင်း အနီးအဝေးကျေးရွာသူ၊ ကျေးရွာသားအားလုံးကိုအသိပေးအပ်ပါသည်။

ဒါကြောင့် မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအဖွဲ့၏ တာဝန်ယူထားတဲ့ကော်မတီများကိုသော်၎င်း မိမိရပ်ရွာအတွက် တိုးတက်ရာတိုးတက်ကြောင်းကို ရည်သန်၍ ၀ိုင်းဝန်းကူညီပေးကြသော ရပ်ရွာညီ၊ကို၊မောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိ
ပါသည်။

ထိုင်းနိုင်ငံ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအတွက် လက်ရှိအဓိကစောင့်ရှေက်ထိန်းသိမ်းတာဝန်ယူသော
ပုဂ္ဂိုများ...
၁။ စောသာလွင် (မာန်နဲာသုဘော) - ထီဖိုးစံ
၂။ စောနီးကူ - မြပတိုင်နိုင်
၃။ စောချဒီး - ထီဖိုးစံ
၎။ စောမောင်ဝင်းခိုင် - ထီဖိုးစံ
၅။ စောအာင်မိုး - ကော့ဖန်ရပ်
၆။ စောအောင်အောင် - ကော့ဖန်ရပ်
၇။ စောအဒီး - ကွီမန်တိုင်
၈။ စောသောင်းရီ - မြပတိုင်နိုင်
၉။ စောဖါ့လူ - ထီိဖိုးစံ (အထက်ပိုင်း)
၁၀။ စောဝါးလား - (နောင်ထွတ်ထာ)

မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအဖွဲ့

တတိယ (၄)လပတ် အစည်းအဝေးမှတ်တမ်းဓာတ်ပုံများ

Wednesday, November 27, 2013

Saw Linux  /  4:07 AM  /  ,   /  1 comment
အခုတလောပြင်ပအလုပ်ကိစ္စများတာနဲ့ ဆိုက်ပေါ်ကိုမရောက်နိုင်သလို နည်းပညာဘက်ကိုလည်းမလှည့်နိုင်သေးပါဘူး။
တစ်ဆက်တည်းမှာပဲ လူမှုရေးပို့စ်တွေနဲ့ပဲဆက်တင်လိုက်အုန်းမည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကိုယ့်ရဲ့ချက်ချာမွေး
ရပ်မြေ-ရွာကို ပြန်ရောက်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ ကိုယ့်ရပ်ရွာအတွက် ဘာမှမလုပ်ပေးနိုင်သော်လည်း မတ်လ၊ ဇွန်
လရောက်တိုင်း နွေရာသီကျောင်းပိတ်ရက်မှာ နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ ၈ တန်း ၊ ၉ တန်းအထက်ကျောင်းသား
များကို ကွန်ပျူတာအခြေခံသင်တန်းကို (၃)ကြိမ်တိုင်တိုင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျနော်ရွာအတွက်လုပ်ပေး
နိုင်တဲ့အခြေအနေက ဒီလောက်လေးပဲရှိပါသေးတယ်။

ဒီထက်မြောက်များစွာ ရွာအတွက်လုပ်ပေးနိုင်တဲ့ ဦးဆောင်ပေးနိုင်တဲ့ ဆရာတော်၊ ကျေးရွာရပ်မိ၊ ရပ်ဖများကို ကျေး
ဇူးတင်ရမှာအမှန်ပင်ဖြစ်တယ်။ အခုကြည့်လိုက်ပါ။ 'ထီဖိုးစံရွာ၏ အခြေခံပညာမူလတန်းလွန်ကျောင်း' ကို အရင်က
နေမတူပဲ မြို့ပြစတိုင်လ်ကျောင်းတစ်ကျောင်းလိုဖြစ်လာပါပြီ ။ ဒါက ရွာကဆရာတော်များ၊ ကျေးရွာရပ်မိ၊ ရပ်ဖများ၊
အားထုတ်မှုအကျိုးရလဒ်ဖြစ်ပါသည်။ အခုလက်ရှိတွေ့ရတဲ့ 'ထီဖိုးစံရွာ၏ အခြေခံပညာမူလတန်းလွန်ကျောင်း'
သည် NRC (Norway Refugee Council) မှ စပွန်စာပေးလှူဒါန်းပေးခြင်းဖြစ်ပါတယ်။ သို့သော် သူတို့လှူဒါန်းမှုကို
ကျောက်စာတိုင်အနေဖြင့်နာမည်တောင်ရေးထိုးခွင့်မရှိပါ။ အကြောင်းကတော့ 'ထီဖိုးစံရွာ၏ အခြေခံပညာမူလတန်း
လွန်ကျောင်း' သည် အစိုးရ-ပိုင်ကျောင်းဖြစ်လို့ပါပဲ။ သူတို့လှူဒါန်းမှုသည် အင်မတန်စေတနာသန့်သည်ဟု သိနိုင်
ပါသည်။

ဒီကျောင်းသည် လာမည့်နှစ်အတွက် အလယ်တန်းအဆင့်ထိ ကြိုတင်လျှောက်ထားပြီးဖြစ်ပါသည်။ ကျောင်းကလည်း
အလယ်တန်းအဆင့်ထိထားဖို့ နေရာအကျယ်အ၀န်းလည်း အဆင်သင့်ရှိနေပြီးဖြစ်ပါတယ်။ အခန်းပေါင်း (၁၀)ခန်းနဲ့
အလျှားပေ ၂၂၀ ပေ ရှိသည့်အတွက် အလယ်တန်းအဆင့်မှီတယ်လို့ဆိုနိုင်ပါတယ်။ ဒီကျောင်းကို ဇူလိုင်ကနေစတင်
လျှောက်လုပ်ပြီး အောက်တိုဘာလမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ (၅)လသာအချိန်ကြာမြင့်ခဲ့ပါတယ်။ ဒါကလဲ ရွာသူ၊ ရွာ
သားများနှင့် NRC (Norway Refugee Council) မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာဆောက်လုပ်သူအားလုံးရဲ့ ကြိုးပမ်း
အားထုတ်မှုကြောင့်ဖြစ်ပါတယ်။ကျနော့်အနေနဲ့ နောင်လာကလေးများ၏ပညာရေးအတွက် တိုးတက်ရေးလုပ်ဆောင်မှု
မှန်သမျှကို လေးစားဂုဏ်ယူမည်သာဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အခက်အခဲပေါင်းများစွာထဲက နောင်လာမျိုးဆက်သစ်များအတွက် ပညာရေးအထောက်အကူဖြစ်စေ
နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသော ရွာဆရာတော်များ၊ ကျေးရွားအုပ်ချုပ်ရေးမှူး၊ ကျောင်းကောမတီဝင်များ၊ ရပ်မိ
ရပ်ဖ၊ ရွာသူ၊ ရွာသားအားလုံးနှင့်တကွ NRC (Norway Refugee Council) မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာ
ဆောက်လုပ်သူအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းကို ကျနော်အနေနဲ့ ဒီကနေမှတ်တမ်းတင်ခြင်းဖြစ်ပါ
သည်။

ထီဖိုးစံရွာ၏ အခြေခံပညာမူလတန်းလွန်ကျောင်း' ဓာတ်ပုံမြင်ကွင်း

ထီဖိုးစံကျောင်းလက်ရှိတိုက်အုပ်ဆရာတော်ဘဒ္ဒန္တအိန္ဒက

ထီဖိုးစံကျောင်းလက်ရှိတာဝန်ခံဆရာတော်ဦးဝံသဓမ္မ

Tuesday, November 26, 2013

Saw Linux  /  4:29 PM  /    /  No comments
ဘ၀နတ်ထံပျံလွန်တော်မူပြီးသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်-မြောက်ပိုင်း၊ ရန်ကုတ်-နောင်နိုင်းကျေးရွာ၊
ရန်ကုတ်-နောင်နိုင်းကျောင်း ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ၀ါယမ၏ ဈာပနပွဲကို လာမည့် တပေါင်းလဆုတ်
(၁၅) ရက် (လကွယ်) ၊ (၃၀-၃-၂၀၁၄) တနင်္ဂနွေနေ့တွင် စီရင်ကျင်းပမည်ဖြစ်ပါသည်။

သို့အတွက်ကြောင့် ရပ်နီး၊ ရပ်ဝေးမှာရှိကြတဲ့ ဆရာတော်၏တပည့်ဒါယကာ၊ ဒါယိကာမများ ဆရာတော်၏ဈာပနပွဲ
(အလှူပွဲ)မှာ အတူရေစက်သွန်းချအမျှပေးဝေနိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။

ဆရာတော်၏ဈာပနပွဲကျင်းပမည့်ရက်နှင့်အစီအစဉ်၊ ဆရာတော်၏ထေရုပ္ပတ္တိအကျဉ်းတို့ကို အောက်ပါလက်ကမ်း
စာစောင်မှာရယူပြီးဖတ်ရှုနိုင်ပါသည်။

ဘဒ္ဒန္တ၀ါယမ၏ ဈာပနပွဲအတွက်လက်ကမ်းစာစောင်

Search