ဒီတော့ပစ်ကတော့ မကြာကြာတွေ့ရတဲ့ပြဿနာလေးပါ။ တစ်ချို့စက်မှာလွယ်လွယ်လေးနဲ့ဖြေရှင်းနိုင်ပေမယ့် တစ်ချို့စက်ကျတော့ လွယ်မလိုနဲ့ခက်သားပဲ။ ကျနော်အခုဒီနေရာမှာ ဖြေရှင်းနိုင်မည့်နည်းပေါင်းစုံကိုတင်ပြပေး သွားမှာဖြစ်တယ်။ ဒီထက်ကျနော်မသိသေးတဲ့ နည်းတွေလဲရှိကောာင်းရှိနိုင်ပါတယ်။ ကျနော်အများစုတွေ့ရတဲ့ ဖြေရှင်းနည်းကတော့ ဘရောက်စာတွေရဲ့ option ကနေ ၀င်ရောက်ပြင်ဆင်တဲ့နည်းပဲရှင်းပြတာများပါတယ်။ ကျနော်အခုထပ်ဖြည့်မည့်နည်းကတော့ font ကို delete ပြန်လုပ်ပြီး အသစ် update ဖြစ်တဲ့ဖေါင့်ကိုပြန်ထည့် တဲ့နည်းလေးပါ။ delete လုပ်တယ်ဆိုတဲ့နေရာမှာ ရိုးရိုး delete လုပ်တာမျိုးမဟုတ်ဘဲနဲ့ Registry Editor မှာ ၀င်ရောက်ပြီး key,volume, data ထဲကနေ Zawgyi-One ကို အကုန်အစင် delete လုပ်တဲ့ဖြေရှင်းချက်မျိုး ဖြစ်ပါတယ်။ အထူးအားဖြင့် အခုနောက်ပိုင်း 64 bit OS မှာပိုပြီးတော့ ဒီပြဿနာကိုတွေ့လာရတယ်။
Internet Explorer ကနေ ၀င်ရောက်ပြင်ဆင်ခြင်းStart menu =>> Control panel =>> Internet Option =>> General tab ကိုနှိပ်ပြီးဖွင့်လိုက်ပါ။
အဲ့ဒီအတိုင်း အဆင့်ဆင့် သွားပြီး Font ဆိုတာလေးကို Click ပြီးတော့ Zawgyi _one ကိုပြောင်းပေးပြီး Apply ပြီးရင် OK

ထိုနောက် Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ။
Mozilla Firefox ကနေ ၀င်ရောက်ပြင်ဆင်ခြင်းMozilla Firefox မှာ ဆိုရင်တော့ Tools အောက်က Options ထဲကို ၀င်လိုက်ပါ။ Content tab ကို နှိပ်ပြီးတော့ Default font မှာ Zawgyi-One လို့ပဲ ပြောင်းပေးလိုက်ပါ။
ကဲ..အထက်ပါနည်းလမ်းတွေနဲ့အဆင်မပြေသေးဘူးဆိုရင်…နောက်ဆုံးဖေါင့်ကို delete လုပ်ပြီး အသစ်ပြန်ထည့် မယ်။
Zawgyi-One ဖေါင့်ကို delete လုပ်ပြီး နောက်ဆုံးဗားရှင်း Zawgyi-One font ကိုပြန်ထည့်နည်းဒီနည်းကရိုးရိုးလေးပဲပြောလိုက်ရင်ရပါတယ်။ ဒါပေမယ့် ကျနော်နည်းနည်းလေးအာကျယ်လိုက်မယ်။ ဖွင့်ထားတဲ့ Window Browser ၀င်းဒိုးဘရောက်စာအားလုံးကိုပိတ်လိုက်ပါ။
၁။ C:>Windows>fonts ထဲက Zawgyi-One font ကို delete လုပ်ပါ။ တစ်ချို့က cannot delete in use ဆိုပြီး မက်စေ့ဂ်ျပေါ်လာပြီးဖျက်မရတာလဲရှိမယ်။ (ထားခဲ့လိုက်ပါ)
၂။ Run (Window + R) ဘောက်စ်ကနေ regedit ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်လိုက်ပါ။ Computer အောက်မှာရှိတဲ့ HKEY Class Root စသည်ကို တစ်ခုချင်းဆီဖွင့်ပြီး ကီးဘုတ်ပေါ်က Ctrl + f ကီးကိုတွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း find ဘောက်စ်ပေါ်လာမည်။

၃။ ၎င်းဘောက်စ်တွင် Zawgyi-One လို့ရိုက်ထည့်၊ ထိုနောက် look at အောက်တွင် keyဆိုတဲ့လေးထာင့်ကွက် ကိုသာအမှန်ခြစ်ပြီး find next ကိုနှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း Searching box အလုပ်လုပ်နေမည်။

၎။ အကယ်၍ဖျက်မည့်ဖေါင့်ကိုမတွေ့လျှင် အောက်ပါပုံအတိုင်း Finished Searching through the Registry ဆိုပြီး ပေါ်လာမှာဖြစ်တယ်။ OK ကိုနှိပ်။

၅။ နောက်တစ်ကြိမ် Ctrl + f ကိုနှိပ်ပြီး find ဘောက်စ်ထပ်ဖွင့်ပါ။ အဲဒီဘောက်စ်တွင် look at မှာ key အစား Volues ကိုပြောင်းပြီးအမှန်ခြစ်ပါ။ ပြီးတော့ find next ကိုနှိပ်။
၆။ အကယ်၍ဖျက်မည့်ဖေါင့်ကိုတွေ့လျှင် (ရှိလျှင်) အောက်ပါပုံအတိုင်း High Light (အပြာရောင်) နဲ့ပြမည်။ အဲဒီ Zawgyi-One (High Light အပြာရောင်) တည့်တည့်တွင် Right Click ထောက်ပြီး delete ကိုပေးလိုက်ပါ။

ဒါမ ပြီးသေးဘူးနော်။ ကီးဘုတ်ပေါ်က f3 ကိုဆက်နှိပ်ပြီး ၎င်းဖေါင့်ကိုထပ်ရှာပါ။ တွေ့လျှင် Right Click > delete မကုန်မချင်း f3 နဲ့ရှာပြီး အကုန်သာလိုက်ဖျက်ပါ။
ကျန်တဲ့ look at ထဲက Data ကိုလည်းနည်းမှီကာ အကုန်အစဉ်သာလိုက်ဖျက်ပါ။
အလားတူ အထက်က HKEY CURRENT USER စသည်တိုမှာလည်း Zawgyi-One ကို အပေါ်ကိုနည်းမှီပြီးအ ကုန်သာလိုက်ဖျက်ပေတော့။
(ကျနော်အခုပြောတဲ့နည်းသည် တစ်ချက်ခုတ်နှစ်ချက်ပြပဲ။ ရိုးရိုးဖျက်မရတဲ့ဆော့ဝဲပရိုဂရမ်များကို ဒီနည်းနဲ့သာ ဖျက်ပါ။ အကုန်စင်ပဲ။ ကျနော်ကြုံဖူးတာတွေကတော့ AVG Anti Virus ဖျက်တာနည်းလမ်းမကျရင် System ထဲက သူ့ဖိုင်တွေကျန်နေတတ်တယ်။ ဒီနည်းသာသုံးပြီး ဖျက်ချလိုက်ပါ)
၆။ ဖျက်လို့အားလုံးပြီးသွားဆိုရင် ကွန်ပျူတာကို Restart ပါ။ စက်ပြန်ပွင့်လာလျှင် C:>Windows> fonts သို့ ဗားရှင်းအသစ် Zawgyi-One ပြန်ထည့်လိုက်ပါ။
၇။ ထိုနောက် Gtalk >> Settings >> Change >> Font မှာ Zawgyi_one ကိုရွေးပေးလိုက်ပါ။
ကဲ… Gtalk ကိုဖွင့်ပြီး စာရိုက်စမ်းကြည့်လိုက်ပါ။ အဆင်ပြေမယ်လို့ထင်ပါတယ်။ အဆင်မပြေသေးဘူးဆိုရင် နည်း ထပ်ပေးလိုက်မယ်။ ဟဲ ဟဲ မရှိတော့ပါဘူး။ အကုန်ပဲ။
ကျေးဇူးတင်ပါတယ်။
စောလင်းနက်စ်
KyawswarNyein.Com_Gmail_Block_Sender_Email_Create_A_Flitter
ပြီးရင်တော့ From မှာ ကို Block လုပ်ချင်တဲ့ Sender Email ကိုထည့်ပြီး Next
Step ကိုဘဲဆက်နှိပ်လိုက်ပါ။ လူအများကြီးကို Block လုပ်ချင်ရင်တော့ | လေးကိုကြားမှ
ခံပြီး ထည့်ယုံပါဘဲ။ ဥပမအနေနဲ့ ပြရရင်တော့ - gmail@gmail.com | yahoo@ya
hoo.com လိုမျိုးပေါ့ဗျ။
KyawswarNyein.Com_Gmail_How_To_Block_Sender_Email_Create_A_
Flitter_Mail_Address
ပြီးရင် Delete It နဲ့ Also Apply Fliter (#) Conversation Below ကို
Mark ပြီး Create Filter ဆိုတဲ့ Button ကိုနှိပ်လိုက်ယုံနဲ့ပြီးပါပြီး။ ကျန်တဲ့ Opti
ons တွေကတော့ ကိုယ် ကြို့က်သလို ကလိနိုင်ပါတယ်။
ဒါဆိုရင်သူ့တို့ ပို့တဲ့ Mail တွေက ကိုယ့်ရဲက Inbox ထဲကို လုံးဝ ရောက်တော့မှာ
မဟုတ်ပါဘူး။ အားလုံး Trash Can ထဲကိုတန်းသွားနေပါ့မယ်။ ကဲ အောက်မှ တလက်စထဲ
Video Tutorial လေးကို ပါကြည့်သွားလိုက်ပါအုံး။
Watch Video Tutorial
မောင်ကျော်စွာငြိမ်း