welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email
Showing posts with label mozilla. Show all posts

Thursday, April 4, 2013

Saw Linux  /  12:23 AM  /  ,   /  No comments

ကဲ...သတင်းကောင်းပဲဟေ့...

ဒီကေန့ကစပြီး အင်တာနက်ကွန်ရက် ရှာဖွေရးအင်ဂျင် Google ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

မြန်မာဘာသာ အသုံးပြုလိုသူတွေအေနနဲ့ www.google.com.mm ကို ၀င်ပြီး Search Box ရဲ့ အောက်က “မြန်မာဘာသာ” စကားလုံးကို ကလစ်နှိပ်လိုက်ရင် ဂူဂဲ ဆက်တင်ဟာ မြန်မာဘာသာနဲ့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဂူဂယ်အသုံးပြုသူတွေအေနနဲ့ ဖော်ပြထားတဲ့ မြန်မာစာလုံးတွေကို အမှန်အတိုင်းပေါ်ဖို့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ Myanmar 2, Myanmar 3 စတဲ့ ယူနီကုဒ်ဖောင့်ကို အရင် ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

ဂူဂယ်မြန်မာ ၀က်ဆိုဒ်ကို Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို လာရောက်မလည်ပတ်မီ ၁ ရက်အလို မတ် ၂၁ ရက်နေ့က စတင်ကာ မြန်မာဒိုမိန်းနဲ့ www.google.com.mm ကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့တုန်းက အဂင်္လိပ်ဘာသာနဲ့သာ ဖော်ပြထားပေမယ့် ဒီနေ့မှာ မြန်မာဘာသာ ၀န်ဆောင်မှုကိုပါ ထည့်သွင်းပြောင်းလိုက်တာပါ။

အခုလက်ရှိ ဂူဂယ်မြန်မာ စာမျက်နှာပေါ်မှာ တွေ့ရတဲ့ “Google.com.mm အမည်များအား ဈေးလျော့ပေးနေသည်မှာ” စာကြောင်းရဲ့ ဆိုလိုရင်းကို အင်တာနက်သုံးစွဲသူအချို့ နားမလည် ဖြစ်နေပမယ့် ဘေးနားက English လင့်ကို နှိပ်လိုက်ရင်တော့ အဂင်္လိပ်ဘာသာ စာမျက်နှာကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။
Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို မတ် ၂၂ ရက်နေ့ လာရောက်ခဲ့စဉ်က နိုင်ငံတွင်းမှာ အင်တာနက် ထိန်းချုပ်မှုကို ပိုမိုဖွင့်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြေပြာဆိုခဲ့သလို သူ့ခရီးစဉ်နောက်ပိုင်းမှာ ဂူဂယ်ရဲ့ ၀န်ဆောင်မှု Google Play Store ကိုလည်း မြန်မာနိုင်ငံကေန တရားဝင် အသုံးပြုလာနိုင်ခဲ့ပါတယ်။

 ref : DVB News

Friday, August 12, 2011

Saw Linux  /  5:44 AM  /  ,   /  No comments
တစ်ရက်က သူငယ်ချင်းတစယောက် SWF File (Flash Song) ကို အင်တာနက်ပေါ်မှာတွေ့ပြီးတော့ ဒေါင်းလုဒ်

လုပ်ချင်တယ်လို့ပြောတာနဲ့ ဒီပို့စ်တင်လိုက်တာပါ။ SWF အပြည့်အစုံကတော့ Small Web Format ကိုဆိုလို

တာ။ Webpage အတွက် ဖန်တီးထားတဲ့ သီချင်းတစ်မျိုးပါ။ အဲဒီ SWF (Small Web Format) ကို ဒေါင်းနည်း

လေး မသိသေးသောပုဂ္ဂိုလ်များအတွက် ပြောပြချင်ပါတယ်။ နောက်ပြီး မော်ဇီလာမှာ VideoDownload Hel-

Per မထည့်တတ်ပုဂ္ဂိုလ်တွေလည်း ထည့်နည်း Tutorial လည်းရသွားအောင်ပေါ့ဗျာ။

Video Download Helper ကို အသုံးပြုပြီး ဒေါင်းလုဒ်ခြင်း

အလွယ်ဆုံးကတော့ Video Download Helper ကိုအသုံးပြုပြီးဒေါင်းလုဒ်ခြင်းပါပဲ။ ဒါပေမယ့် Mozilla Firefox

V 3.19 နဲ့ Add on လုပ်ထားတဲ့ Video Download Helper သာအဆင်ပြေလိမ့်မယ်ထင်ပါတယ်။ Mozilla အ

ခြား Version ကတော့ အဆင်မပြေလောက်ဘူး။ Version 5 မှာတော့ ကျနော်စမ်းကြည့်ပြီးပြီ VideoDownlo

-ad Helper နဲ့ SWF file ဒေါင်းလုဒ်တာအဆင်မပြေပါဘူး။

ကဲ…ဒါဆို Mozilla Firefox V 3.19 ရဲ့ Add on မှာ Video Download Helper ဘယ်လိုထည့်မလဲ။

(၁) Mozilla Firefox V 3.19 ရဲ့ Menu bar > Tool > အောက်က Add-ons ကိုနှိပ်

(၂) ပြီးတော့ပေါ်လာတဲ့ဘောက်စ်တွင် ဘယ်ဖက်မှာ Get Add-ons ကိုဆက်နှိပ်ပြီး ထိုနောက် ညာဖက်က

All browse add-ons ဆက်နှိပ်ပါ။

(၃) ပြီးတော့ Mozill Firefox bar တွင် Add-ons for firefox ပေါ်လာမည်။ ဘယ်ဖက်တွင် Download

Mana
gement ကိုနှိပ်။

(၄) နောက်ပေါ်လာသောဘောက်စ်တွင် Add-ons for firefox ကိုနှိပ်ပြီး (1,2,3) ပေါ်လာပြီးရင် Install ကိုနှိပ်

ခဏစောင့် Restart ဘောက်စ် ကျလာမည်။ Restart ကိုနှိပ်ပါ။ (အကယ်၍ မော်ဇီလာအော်တိုမက်တစ်ပြန်မ

တက်လျှင်) Computer ကို Restart ပေါ့ဗျာ။

(၅) မော်ဇီလာပြန်ပွင့်လာလျှင် အောက်ကပုံအတိုင်း ကျနော်ကွင်းထားတဲ့ ဘောလုံးပုံအိုင်ကွန်လေးတွေ့မှာပါ။

အဲဒါ Download helper အိုင်ကွန်ဖြစ်ပါတယ်။ ဒေါင်းလုဒ်ချင်တဲ့ SWF file (Flash Song) ကိုဖွင့်။ ၎င်းသီချင်း

ပွင့်လာလျှင် အောက်ကပုံမှာ ကွင်းထားတဲ့ Qeen. Swf ဆိုတာလေးကို မောက်စ်နဲ့ကလစ်လိုက်ရုံပါပဲ။

ဒါကကျနော်အလားတူပြောပြတာပါ။ သီချင်းနာမည်က ကိုယ်ဒေါင်းချင်တဲ့နာမည်ကိုမှတ်ထားပေါ့ဗျာ။

ဒေါင်းလုဒ်တဲ့အပိုင်းပြီးပါပြီ…..

အေတစ်ချို့က ဒေါင်းလုဒ်ထားတဲ့ဖိုင်ကို ဘယ်ရောက်သွားမှန်းမသိသေးတဲ့ပုဂ္ဂိုလ်များရှိသေးတယ်။ မသိရင်

ပြောလိုက်မယ်။ ဒေါင်းလုဒ်ပြီးရင် ဘောက်စ်ပေါ်လာမည်။ (မပေါ်လာလျှင် မော်ဇီလာ menu bar က tool>

Download ကို နှိပ်ရင် အဲဒီဘောက်စ်ပေါ်လာမည်)

ပေါ်လာရင် ဒေါင်းလုဒ်ထားတဲ့ဖိုင်ပေါ်တည့်တည့်တွင် Right Click> Open containing folder ကိုနှိပ်။

အဲဒါဆို မိမိဒေါင်းလုဒ်ထားတဲ့ ဖိုင်ကိုတွေ့ရပါလိမ့်မယ်။

ဒေါင်းလုဒ်ပြီးရလာတဲ့ SWF file (Flash Song) ကို Video (Mpeg1, avi)အဖြစ် ပြောင်းချင်ရင်

Xilisoft Video Converter, Sothink SWF to Video Converter ဆော့ဝဲတို့ကိုအသုံးပြု

ပြောင်းလို့ရပါကြောင်းပါခင်ဗျာ။

Download Xilisoft Video Converter :

Mediafire

အဆင်ပြေပါစေ...

စောလင်းနက်စ်

Tuesday, April 5, 2011

Saw Linux  /  2:20 AM  /    /  No comments
တစ်ချို့ကြုံဖူးကြပါလိမ့်မယ်။ အင်တာနက်က ကွန်နက်ရှင်းဝင်ပြီး (ဂျီတော့ဖွင့်လို့ရပြီး) အင်တာ
နက်ဘရောက်စာ Mozilla Firefox ဖွင့်တော့လဲ ပွင့်မလာ။ အဲလိုပြဿနာမျိုးကြုံလာရင်
အောက်ပါအတိုင်းဝင်ရောက်ဖြေရှင်းကြည့်ပါ။ အဆင်ပြေနိုင်ကောင်းပြေနိုင်တယ်။

1) Click on Start --> In search box, type cmd --> Then "CMD" will be displayed in

the search --> Now right-click on "CMD" ---> Select "Run as administrator".

2) Now enter this command

netsh int ip reset resetlog.txt

Press "Enter".

3) Reboot your computer

Friday, December 31, 2010

Saw Linux  /  11:43 PM  /    /  No comments
အခုမိတ်ဆက်ပေးချင်တာ Mozilla Firefox Address bar မှာ Dropdown
Menu မပေါ်စေချင်တာဖြစ်ဖြစ်၊ ထားချင်တဲ့အရေအတွက်ပဲဖြစ်ဖြစ် ပြုလုပ်တဲ့နည်းလမ်း
လေးဖြစ်ပါတယ်။ တစ်ချို့က ကိုယ့်မော်ဇီလာ address bar တွင် ရိုက်ထည့်ထား
တဲ့ web page address ကို အခြားသူများမမြင်ချင်တာလေးတွေရှိလိမ့်မယ်။

လုပ်နည်းလေး...

Mozilla Firefox ကိုဖွင့် ၊ Address Bar မှာ about:config ဆိုတာကို
ရိုက်ထည့်ပါ။

+/- အပြည့်အစုံသို့

That might void your warranty-ဆိုတဲ့ ဘောက်စ်ပေါ်လာလိမ့်မယ်။ I’ll be
careful, I promise! ကိုနှိပ်

Filter အကွက်ထဲမှာ browser.urlbar.maxRichResults ဆိုတဲ့စာချောင်းကို
ရိုက်ထည့်။

အောက်ပါ ဘောက်စ်တွင် browser.urlbar.maxRichResults ဆိုတဲ့စာချောင်း
ပေါ်ကို Right Click > Modify ဒါမှမဟုတ် Double Click နှိပ်ပါ။
browser.urlbar.maxRichResults ရဲ့ volume အကွက်တွင် web page
address တစ်ခုမှမပေါ်ချင်လျှင် 0 ရိုက်ထည့်။ မိမိက အရေအတွက်လိုက်ထားချင်ရင်
ထားချင်တဲ့နံပါတ်ကို ရိုက်ထည့်ပါ။ ဒါပါပဲ...

မူရင်းလင့်

အဆင်ပြေပါစေ

Tuesday, August 17, 2010

Saw Linux  /  6:30 PM  /    /  No comments

ဒါကတော့ မော်ဇီလာမှာ Bookmark Toobar လုပ်နည်းလေးပေါ့။ အဲဒီ Bookmark Toobar ပေါ်မှာ
Long in to Gmail ဒါမှမဟုတ် -အီးမေးလ်သို့ဝင်ရောက်ရန်-စသည်တွေ့ဖူးကြပါလိမ့်မယ်။ အောက်က ပုံတွေကိုကြည့်ပြီးလုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ မသိသေးသောပုဂ္ဂိုလ်များအတွက်သာ...

Bookmark Toobar ပြုလုပ်နည်း
(၁)
လိုချင်တဲ့လင့်ကိုဖွင့်ပြီး address ကို copy ယူလိုက်ပါ။ ဥပမာ=Gmail ကိုထည့်ချင် gmail ရဲ့ url
ပေါ့ (ဘလော့၊ မာလတီပလိုင်းစသည်)

(၂)
မော်ဇီလာ မင်နယူးဘားပေါ်မှာ View = Toolbar = Bookmark Toolbar တစ်ခြစ်ပြီးနှိပ်ပါ။

(၃)
Address bar အောက်က လွတ်တဲ့နေရာမှာ Right click ထောက်ပါပြီး New Bookmark ကိုနှိပ်

အောက်ပါပုံအတိုင်းတွေ့ပါလိမ့်မည်....

Name နေရာမှာ = မိမိထားလိုသောအမည်= ဥပမာ=အီးမေလ်သို့ဝင်ရောက်ရန် (Long in to Gm
ail)
Location နေရာမှာ = copy ယူထားသောလင့်ကို paste ချလိုက်ပါ။ ကျန်တာကို လိုချင်ရင်ဖြည့်ဗျာ..
ပြီးတော့ Add/ မော်ဇီလာကို ပိတ်ပြီးပြန်ဖွင့်ပါ....

အဆင်ပြေပါစေ...

Sawlinxu

Friday, April 9, 2010

Saw Linux  /  12:50 AM  /    /  No comments
စောလင်းနက်စ်

Mozilla Start page ပြန်ပေါ်အောင်လုပ်နည်း

ဒါကတော့ Mozilla Firefox Homepage ကနေ တစ်ခြား ၀က်ဆိုက်စာမျက်နှာများ ပြောင်းသွားတဲ့အခါ
ပြန်ပြီး မူရင်း Mozilla Firefox စာမျက်နှာပေါ်အောင် လုပ်နည်းဖြစ်ပါတယ်။ မသိသေးသူများအတွက်သာ ရည်ရွယ်ပါတယ်။ သိပြီးသူများအတွက် ဟီး ဟီး.....
တကယ်တော့ ဒါသိသွားရင် မိမိရဲ့Mozilla Firefox Homepageနေရာမှာ ကြိုက်တဲ့ ၀က်စာမျက်နှာနဲ့ထားလို့ရပါ
တယ်။
ကဲ...လုပ်ကြရအောင်..

၁။ Mozilla Firefox အိုင်ကွန်ကို နှိပ်။ Mozilla Firefox ရဲ့ serch using engin အကွက်တွင် mozilla firefox start
homepage ဆိုတဲ့စာချောင်းကို ရိုက်ထည့်ပါ။ ပြီးတော့ enter ကိုခေါက်။

၂။ ပေါ်လာတဲ့ စာချောင်းများတွင် Mozilla firefox start page ကို နှိပ်။

၃။ နောက် address ဘားပေါ်တွင် သူ့ရဲ့လင့်ကို copy ယူထားလိုက်ပါ။

၎။ Mozilla firefox တွင် menu ဘားမှာရှိသော tools ကို ကလစ်နှိပ်၊ option ကိုဆက်နှိပ်။ ထိုနောက် ဘောက်စ်
တစ်ခုကျလာလိမ့်မယ် general ကိုနှိပ်။ Home page အကွက်ထဲတွင် copy ယူထားသော လင့်ကို paste ချလိုက်
ပြီး OK ပေါ့။

Mozilla firefox ကိုပိတ်ပြီး ဖွင့်ကြည့်လိုက် အားလုံးအဆင်ပြေသွားပါလိမ့်မည်။

မှတ်ချက် = မိမိထားလိုသော ၀က်ဆိုက်စာမျက်နှာများကို copy လင့်ယူပြီး နံပါတ် (၄)Home page အကွက်ထဲတွင်paste ချ၊ ok နှိပ်။ Mozilla firefox ကိုပိတ်ပြီး ပြန်ဖွင့်။

Search