welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, October 7, 2010

Saw Linux  /  1:14 AM  /    /  No comments
My computer မှာရှိတဲ့ Drive Letter များကိုဖျောက်ထားတဲ့နည်းလမ်းဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Drive များ
မပေးပေါ်ချင်ရင် အောက်ပါနည်းအတိုင်းလုပ်ဆောင်လို့ရပါတယ်။ cmd နဲ့ Drive များဖျောက်ထားတဲ့နည်းကို အရင်လုပ်
ကြည့်မယ်။

cmd နဲ့ Drive များဖျောက်ထားတဲ့နည်း

အဆင့် (၁)
Start Menu > Run ဒါမှမဟုတ် Window Logo + R တွဲနှိပ် Run Box တွင် cmd ရိုက်ထည့် Enter

အဆင့် (၂) DISKPART ရိုက်ထည့် Enter

အဆင့် (၃) list volume ရိုက်ထည့် Enter ( DISKPART> list volume)
မှတ်ချက်= ဒီနေရာမှာ မိမိကွန်ပျူတာမှာ drive ဘယ်နှစ်ခုရှိလဲပေါ့။ ရှိတဲ့အရေအတွက်နဲ့ list မှာပေါ်နေမှာဖြစ်ပါတယ်။
အဲဒါကို မိမိဖျောက်ထားချင်တဲ့ Drive ကိုရွေးလိုက်ရုံပါပဲ။ အောက်ကပုံကိုကြည့်ပါ...

အဆင့် (၄)select volume 3 ရိုက်ထည့် Enter ( DISKPART> select volume 3)( ကျနော်က D: Drive ကိုဖျောက်မှာဖြစ်သည့်အတွက် select volume 3 ကိုရွေးလိုက်တယ်)

အဆင့် (၅) remove letter D ရိုက်ထည့် Enter ( DISKPART> remove letter D)

ပြီးပါပြီ exit ၇ိုက်ထည့် enter, မပိတ်သေးရင် နောက်ထပ် exit > enter

Drive ပြန်ပြီးပေါ်စေချင်ရင်....
၁.၂.၃.၄.ထိသွားပြီး အဆင့် (၅)တွင် assign letter D ရိုက်ထည့် enter

နောက်တစ်နည်းက Disk management နဲ့ ဖျောက်တဲ့နည်း

ဒီနည်းကကျနော်ပျင်းတာနဲ့ သင့်အတွက်မနက်ဖြန်ဆိုက်ကနေပဲ ယူသုံးလိုက်တယ်။ တစ်နေရာတည်းလေ့လာနိုင်အောင်လို့ပါ။ မိမိ၏ ကွန်ပျူတာထဲတွင်ရှိသော Local Diskများအား ဖျက်လိုပါက ...

၁) Desktopပေါ်တွင်ရှိသော My Computer Iconပေါ်တွင် R-clickနှိပ်၍ Manageကိုနှိပ်ပါ။

၂) Computer Management အောက်တွင် Disk Managementကို နှိပ်ပါ။

၃) အလယ် panelတွင် Locla Disk (C)နှင့် (D)ကို တွေ့ပါလိမ့်မည်။ Local Disk (D)ပေါ်တွင် R-clickနှိပ်၍ ပေါ်လာသော Menuမှ Change Drive letters and pathsကို နှိပ်ပါ။

၎) Dialog boxထွက်လာသောအခါ Remove ကိုနှိပ်၍ OKကိုနှိပ်ပါ။ ဖွက်ထားလိုက်ပါပြီ။ ပုံအတိုင်း ပျောက်သွားပါပြီ။

၅) ပြန်ဖေါ်လိုပါက - Computer Management > Disk Managment > R-click " " > Change Drive Letters and pahtsနှိပ်ပါ။

၆) နောက် Dialog boxတွင် Addကို နှိပ်ပါ။

၇) နောက် dialog box တစ်ခုတွင် Addလုပ်ရန် Dကို ရွေးထားသဖြင့် Ok နှိပ်ရုံပါ။ ဒါဆိုရင် D ပြန်ပေါ်လာပါပြီ။

ပျော်ရွင်ပါစေ....

စောလင်းနက်စ်

Sunday, October 3, 2010

Saw Linux  /  1:49 AM  /    /  No comments
အချိန်ရတာနဲ့ PCA လို့ခေါ်တဲ့ Program Compatibility Assistant ကို ပိတ်တဲ့နည်းပြောရအောင်။
Program Compatibility Assistant ဆိုတာ ဘာလဲလို့သိချင်ရင် အောက်ပါပုံတွေကို ကြည့်လိုက်ပါ။
များသောအားဖြင့် ၀င်းဒိုး vista, 7 တို့မှာ software application တစ်ခုကို ကွန်ပျူတာထဲကို ထည့်
သွင်းတဲ့အခါမျိုး ဒီ Program Compatibility Assistant (PCA) သည် မိမိလက်ရှိသုံးနေတဲ့ ၀င်းဒိုးနဲ့
Compatibility ကိုက်ညီမှုမရှိကြောင်းစသည် screen ပေါ်မှာ မက်စေ့ဂ်ျဘောက်စ် ပေါ်လာတတ်ပါ
တယ်။
software application ထည့်သွင်းပြီး Program Compatibility Assistant (PCA) ပေါ်လာတာမ
ကြိုက်တဲ့ပုဂ္ဂိုလ်များအတွက် ပိတ်ထားတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ကျနော်က တတ်လို့ သိလို့မ
ဟုတ်ပါ။ ၀ါသနာကတော့ပသိပ်ပါ။ အားရင် ကွန်ပျူတာရေးထားတဲ့ဆိုက်မှန်သမျှကို မြန်မာရော အ
င်္ဂလိပ်ပါအမြဲလိုလိုဖတ်ဖြစ်ပါတယ်။ မြန်မာလိုဆိုရင် ဖိုရမ်ကိုအထူးအလေးပေးဖတ်ပါတယ်။ ဖိုရမ်ဆို
တဲ့နေရာက ကိုယ့်ထက်တတ်တဲ့ဆရာတွေစုံလို့နေပါတယ်။

အောက်ပါပုံများသည် Window 7 မှာ Software Application ထည့်သွင်းပြီး ပေါ်လာတတ်တဲ့ Progr
am Compatibility Assistant (PCA) မက်စေ့ဂ်ျ screenshot တွေဖြစ်ပါတယ်

Program Compatibility Assistant (PCA) ကို Local Group Policy Editor နဲ့ ပိတ်တဲ့နည်း

(၁) Local Group Policy Editor ကိုဖွင့်ပါ ဒါမှမဟုတ် Start Menu> Run Or Window logo + R
တွဲနှိပ်ပြီး gpedit.msc ရိုက်ထည့် Enter

(၂) User Configuration, Administrative Templates, Windows Components, and Applicat
ion Compatibility ထိ ရောက်အောင်သွားပြီး Application Compatibility ကို Double Click နှိပ်
အောက်ကပုံအတိုင်း...

(၃) ညာဖက်ခြမ်းမှာရှိတဲ့ Turn off Program Compatibility Assistant ကို Double Click နှိပ်ပြီး Edit
ကို ဆက်နှိပ်

(၄) ပေါ်လာတဲ့ ဘောက်စ်တွင် Enabled ကို တစ်ခြစ်လိုက်ပြီး OK
အောက်ကပုံအတိုင်း...

ဒါကတော့ ပိတ်တဲ့နည်းပြီးပါပြီ

ပြန်ဖွင့်ချင်ရင် အဆင့် (၁) (၂) (၃) ရောက်အောင်သွားပြီး အဆင့် (၄)မှာNot Configured or Disabled တစ်ခုခုကို
နှိပ်လိုက်ရုံပါပဲ။

SevenForum.com ကို မှီငြမ်းသည်

အဆင်ပြေပါစေ...

Saturday, October 2, 2010

Saw Linux  /  5:01 PM  /    /  No comments
Password လုပ်ထားတဲ့ကွန်ပျူတာကို လက်ရှိ password ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြောင်းလို့ရတဲ့
နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီနည်းလမ်းကိုသုံးပြီး သူများတွေစိတ်အနှောင့်အယှက်ဖြစ်တာမျိုးမလုပ်မိဖို့အရေး
ကြီးတယ်။ နည်းလမ်းဆိုတာသိထားရင်အားလုံးကောင်းတာပဲလေ။ ကောင်းတာ မကောင်းတာကိုယ်သာ ခွဲခြားသိရမှာပါ။ ကဲ..လွယ်ပါတယ်..

cmd နဲ့လုပ်မယ်ဗျာ...

ထုံးစံအတိုင်းပေါ့..

Start Menu > Run or Window logo + R ဖွင့်
Run Box တွင် cmd ပေါ့
အောက်က command line ကိုရိုက်ထည့်လိုက်ပါ
net user Meda 123456 ပြီတော့ Enter

( Meda ဆိုတဲ့နေရာမှာ မိမိချိန်းလိုတဲ့ ကွန်ပျူတာရဲ့ user name ကိုရိုက်ပါ Password ကတော့ ကြိုက်တာ
ကိုရိုက်)

ပြီးရင် cmd ကနေထွက်လိုက်ရုံပါပဲ exit> enter

ကွန်ပျူတာကို log off ပေးပြီး ပြန်ဖွင့်ကြည့်ပါ password တောင်းရင် လက်ရှိပြောင်းလိုက်တဲ့ password
ကိုရိုက်ထည့် ပြီး၏

Wednesday, September 29, 2010

Saw Linux  /  11:28 PM  /    /  No comments
ကျနော်လင်းနက်စ် Linux ကို သုံးတာကြာပါပြီ ဒါပေမယ့် ကျွမ်းကျင်အဆင့်တော့မဟုတ်ဘူးပေါ့ဗျာ။စမ်းသပ်တဲ့
အဆင့်လေးပေါ့။ လွန်ခဲ့လေးနှစ်လောက်တုန်းက laptop အစုပ်တလုံးနဲ့ ၀င်းဒိုးသုံးလို့အဆင်မပြေတော့တာနဲ့
ဆရာတစ်ယောက်က linux ubuntu 5 ကိုတင်ပေးလိုက်တယ်။ အဲဒီချိန်တုန်းက ကျနော့်ဝန်းကျင်မှာ linux
သုံးတဲ့လူမရှိသလောက်ပါပဲ။ ဆရာကကျွမ်းကျင်တဲ့လူဆိုတော့linux ကိုအရမ်းအမွမ်းတင်ပြီးပြောနေတယ်လေ။
ကျနော်လဲ အဲဒါနဲ့ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ linuxကိုတင်ထားလိုက်တယ်။

ဂျီတော့ကကလွဲပြီး တော်များအဆင်ပြေပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို ကျနော်စက်ကို လာကိုင်တဲ့အခါ ဂျီတော့ကိုပဲ
ဲပြဿနာရှာနေတာဗျာ။ သိတယ်မလား။ ကိုယ့်လူအများစုက net ပေါ်ရောက်လာရင် တော့တာ၊ ချက်တာခပ်များများလေ။ သူတို့တော့လို့မရတော့ ဘာပြောလဲ မင်း ”linux”က ချာတူးပါကွာ။ ကိုယ့် linux က talk မရတော့ ချာတူးဖြစ်တာကို ၀န်ခံရတော့မလိုဖြစ်နေတယ်။ ဒါပေမယ့် ကျနော် linux ကို ဘယ်တော့မစွန့်ပယ်ခဲ့ပါဘူး။ ၀င်းဒိုးကို သုံးတတ်သလို
linux ကိုလဲ နည်းတူသုံးတတ်အောင် အမြဲကြိုးစားခဲ့ပါတယ်။ http://www.ubuntu4mm.org/ဆိုက်နဲ့တော့ ကျနော့်
အတွက် ပိုပြီးအဆင်ပြေသွားတာပေါ့။ လိုက်ဖတ်တယ်။ ကောင်းတာ ကြိုက်တာတွေ့ရင်စုဆည်းတယ်။ ပရင့်ထုတ်တယ်။
ပြန်ဖတ်တယ်။ အခုဆိုရင် ၀င်းဒိုးရော၊ လင်းနက်စ်ပါ မဆိုးဘူးပေါ့ဗျာ။ expert တော့မပြောဘူးနော်။ အသုံးပြုတာကစ
Window/ linux အင်စတောထည့်သွင်းပုံပါ မဆိုးဘူးပေါ့လို့ပဲ ပြောပါရစေဗျာ။

ကဲ...ပြောချင်တာက ”Linux မှာ Gmail Voice နဲ့ Video Chat သုံးနိုင်ပြီ” ဒီခေါင်းစဉ်ဟာ ကျနော်ရေးတာမဟုတ်ပါ။ မြန်မာမိသားစုဖိုရမ်မှာ ကို KznT.က ရေးထားတာပါ။ ဘာမှအခက်အခဲမရှိပါဘူး။ သူရေးထားတဲ့အတိုင်းလိုက်လုပ်ရုံပါပဲ။ တစ်ခုရှိတာက ၀င်းဒိုးမှာ ဂျီမေးလ်နဲ့ ဂျီတော့အကောင်းတို့ကို talk တော့မယ်ဆိုရင် ဂျီတော့ကိုပဲ အသုံးပြုတော့ Linux မှာလဲ အဲလိုပဲထင်နေတာ။ ကျနော် အဓိကတိုင်ပတ်တာ အဲဒါပဲ။ မှတ်ထားပါဗျာ....Linux မှာ ဂျီတော့အကောင့် သီးသန့်မလိုပါဘူး။
ဂျီမေးလ်ကနေ long in ၀င်လိုက်ရင် ခုဏက Install gtalk voice and video chat ထည့်သွင်းလိုက်ပြီးရင် Linux မှာ talk တာရော chat တာပါအားလုံး အားလုံးကို အဆင်ပြေသွားပါလိမ့်မယ်။ အခုတော့ Linux ကို ချာတူးပြောခံ
ရတဲ့ဘ၀မှလွတ်မြောက်ပါပြီခင်ဗျာ။ တကယ်စမ်းကြည့်ပြီးမှပြောတာပါခင်ဗျာ။

ကို KznT. ရဲ့ ”Linux မှာ Gmail Voice နဲ့ Video Chat သုံးနိုင်ပြီ” ဖတ်ကြည့်လိုက်ပါ။

ဒီနေ့တော့ မနက်ပိုင်းက သိပ်မအားတာနဲ့ ညနေပိုင်းလေးမှ စာလိုက် ဖတ်ဖြစ်ပါတယ်။ သတင်းတွေကတော့ ထူးတယ်ဗျို့ - Linux သမားတွေ Ubuntu သမားတွေအတွက်တော့ ပိုတောင် ထူးတယ်လို့ ပြောရမယ် - အဲ့သီတင်းကတော့ -

ကျွန်တော်တို့ တစ်နေ့ပြီး တစ်နေ့ မျှော်လိုက်ရတဲ့ Gmail Voice နဲ့ Video Chat - အခု Linux မှာ သုံးလို့ ရပါပြီ တဲ့ Ubuntu မှာတင်မက တစ်ခြား Debian-based Linux distributions တွေမှာလည်း သုံးလို့ ရပြီလို့ ဆိုပါတယ်။

အသုံးပြုချင်သူများ Gmail.com/videochat ကိုသွားရောက်ပြီး Plugin ကို Download ချနိုင်ပါတယ်။ လုပ်ထားတာကလည်း သပ်သပ်ရပ်ရပ် .deb package နဲ့ပါဗျာ ကဲ ! ဘယ်လောက်များ ကောင်းလိုက်လဲ

ကျွန်တော်တို့ စောင့်နေတာလည်း ကြာပြီ - သူများတွေ Mac တို့ Windows တို့မှာ ဒီဟာက သုံးနေတာ အိုသေတော့မယ် Linux user တွေ သုံးမရနိုင်လို့ ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲနေလဲ ဆိုပြီး သိချင်နေတဲ့ အဖြေကိုလည်း ဒီနေ့ သိလိုက်ရပါတယ်။

Google မှာ engineer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Justin Uberti ရဲ့ Linux နဲ့ ပတ်သတ်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေ အကြောင်း ပြောကြားသွားတာကတော့ -

Quote:

" ကျွန်တော်တို့ ဒီ Release မှာ ရုပ်သံပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အသစ်စက်စက် အားလုံးကို ဖန်တီးနိုင်ဖို့ နည်းပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်ခဲ့ပါတယ်။ နောက်ပြီး 64 bit မှာပါ သုံးနိုင်ဖို့ နဲ့ မရေမတွက်နိုင်တဲ့ Webcam တွေ အားလုံးနဲ့ပါ အရံသင့်သုံးနိုင်အောင်လည်း စီစဉ်ခဲ့ရပါတယ်။ ဒါ့အပြင် Windows နဲ့ Mac versions တွေမှာလိုမျိုး Feature အပြည့်အစုံနဲ့ သုံးနိုင်အောင် အသေးစိတ် ပြင်ဆင် နေခဲ့ရလို့ ကျွန်တော်တို့ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။ ဒါမယ့် ခုတော့ Google Voice နဲ့ Video က Desktop platforms အားလုံးအတွက် ထုတ်လုပ်နိုင်ခဲ့ပြီ မို့လို့ အရမ်းကို ကျေနပ် ပျော်ရွှင်နေမိပါတယ် "

လို့ ဆိုသွားပါတယ်။

သူတို့ကို ကျွန်တော် ပြောချင်တာကလည်း ဘာလောက်ပဲကြာကြာ ခုသုံးရပြီ ဆိုတော့ - ကျေနပ်ပါတယ်ဗျာ - အရမ်းလည်း ပျော်ပါတယ် - ကျေးဇူးလည်း တင်ပါတယ်လို့။

KznT.

Search