welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, June 17, 2012

Saw Linux  /  4:29 AM  /  ,   /  No comments
ကွန်ပျူတာနဲ့ပတ်သက်တဲ့အသက်မွေးဝမ်းပြုနိုင်တဲ့အပိုင်းမှာ A + ဆိုတဲ့ ကွန်ပျူတာပြုပြင်ထိမ်းသိန်းမှုအပိုင်းလည်း
ပါဝင်ပါတယ်။ တစ်ချို့ပုဂ္ဂိုလ်များက A + ဆိုတာဘာလဲ။ A + ရဲ့ဝေါဟာရကို နားမလည်ကြသေးတဲ့ ပုဂ္ဂိုလ်များအ
တွက် ကျနော် ဒီ " A + နဲ့မိတ်ဆက်ခြင်း" ဆိုတာလေးကို ရေးရခြင်းဖြစ်ပါတယ်။ သို့သော် ကျနော်ကိုယ်နိုက်ကိုက ဒီလက်မှတ်ရရှိပြီးရေးသားခြင်းမဟုတ်ပါ။ ကျနော် "PersonalComputer Magazine" အဲဒီတာအဖွဲ့မှရေးသားတဲ့စာ
အုပ်ထဲမှာ ထုတ်နုတ်ရေးသားခြင်းသာဖြစ်ပါတယ်။ တစ်အုပ်လုံးဆိုလည်း ဖတ်ဖြစ်ဖို့မလွယ်သည့်အတွက် A + ရဲ့
ဝေါဟာရကို သဘောပေါက်နားလည်စေရန် ပို့စ်အဖြစ်တင်ရခြင်းဖြစ်ပါတယ်။

A + ဟူသည် ကွန်ပျူတာပြုပြင်ထိမ်းသိန်းမှုအပိုင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ကွန်ပျူတာပြင်ဆင်ခြင်းဖြင့် အသက်
မွေးဝမ်းကြောင်းပြုလုပ်လိုသောပုဂ္ဂိုလ်များသည် A + စာမေးပွဲလက်မှတ်ကို ရယူထားသင့်သည်။ A + လက်မှတ်များ
ကို CompTIA အဖွဲ့မှ စစ်ဆေးထုတ်ပေးလျှက်ရှိပြီး စာမေးပွဲအောင်ရန်အတွက် အဆင့်နှစ်ဆင့်ကိုအောင်မြင်ရမည်ဖြစ်
ပါသည်။ ပထမအဆင့်မှာ A + Essentials ဖြစ်ပြီး နောက်တစ်ဆင့်မှာ စာမေးပွဲသုံးခုရှိသည့်အနက် မိမိစိတ်ကြိုက်
တစ်ခုခုကိုရွေးချယ်ဖြေဆိုပြီး အဆင့်နှစ်ခုအောင်မှသာလျှင် A + ပညာရှင်အဖြစ်သတ်မှတ် လက်မှတ်ထုတ်ပေး
မည်ဖြစ်ပါသည်။

CompTIA အဖွဲ့သည် သီးခြားလွတ်လပ်သည့် ဟါဒ်ဝဲယားကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနေသည့် NGO
အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစဉ်အလာကြီးမားသည်။ သို့သော်လုပ်ငန်းသဘောအရ Microsoft OS ကိုအမှီပြုနေရ
သည်။ နောက်ပိုင်းတွင် apple မေးခွန်းများပါ ထည့်သွင်းမေးလာကြောင်း
တွေ့ရသည်။

A + စာမေးပွဲအတွက် လိုအပ်ချက်များ

A + စာမေးပွဲများကို ကြီးမှူးကျင်းပနေသည့် CompTIA အဖွဲ့ကြီးသည် လွတ်လပ်သည့် NGO အဖွဲ့ကြီးတစ်ခုဖြစ်ပြီး
ကွန်ပျူတာလုပ်ငန်းများအတွက် များစွားအကျိုးပြုနေသည့်အဖွဲ့လည်းဖြစ်သည်။ ကွန်ပျူတာပြင်ဆင်ခြင်း၊ တပ်ဆင်
ခြင်းလုပ်ငန်းသည် ကွန်ပျူတာလောကအတွက် မရှိမဖြစ်လုပ်ငန်းတစ်ဖြစ်သဖြင့် အခြားကွန်ပျူတာလုပ်ငန်းများနှင့် စာမေးပွဲဖြစ်ကြသည့် (Netowrk + Server ၊ Linux +၊ Securiyt + ၊ iNet + ) စာမေးပွဲများထက် လူကြိုက်ပိုများပြီး စာမေးပွဲဖြေဆိုသူပိုများကြသည်။

A + Certification စာမေးပွဲကို ဖြေဆိုသူတစ်ဦးသည်
(က) Microsoft Window ဗဟုသုတများနှင့်
(ခ) IBM သို့မဟုတ် PC စတိုင်လ်များ ကွန်ပျူတာများအကြောင်းကို ကောင်းစွာလေ့လာတတ်မြောက်
ကျွမ်းကျင်ရပါသည်။

လေ့လာရမည့်အကြောင်းအရာများတွင် ကွန်ပျူတာတစ်လုံးပါဝင်သည့် အစိတ်အပိုင်းများ၊ သတ်မှတ်ချက်များနှင့်
စံသတ်မှတ်ချက်အတိုင်း ကွန်ပျူတာကိုတပ်ဆင်နိုင်ခြင်း၊ မိမိတပ်ဆင်ပြီးသည့်ကွန်ပျူတာတွင် os အမျိုးမျိုးကို
ထည့်သွင်းအသုံးပြုနိုင်ခြင်းသည် ကွန်ပျူတာတပ်ဆင်ခြင်း ပညာရှင်တစ်ဦးအနေဖြင့် မဖြစ်မနေနားလည်
ရမည်ဖြစ်သည်။

A + စာမေးပွဲဖြေဆိုမည့်သူတစ်ဦးသည် အနည်းဆုံးနာရီး ၅၀၀ ခန့် လက်တွေ့လုပ်ဆောင်ထားသည့် အတွေ့
အကြုံရှိရန်လိုသည်။ လက်တွေ့အတွေ့အကြုံများတွင် ကွန်ပျူတာဟဒ်ဝဲယား ၊ OperationSystem ၊ ကွန်ပျူတာ
ူပြင်ဆင်ခြင်း၊ စင်စတန်ဖိုင်များကိုသိရှိခြင်း၊ Networking၊ hardware and software များကို ဆက်စပ်အသုံးပြု
တပ်ခြင်းနှင့် ဖြစ်ပေါ်လာသည့်ကွန်ပျူတာပြဿနာများကို ဖြေရှင်းတတ်ြခင်း (troubleshooting) တို့ပါဝင်သည်။

A + စာမေးပွဲအတွက် ပြဋ္ဌာန်းချက်နှင့် လေ့လာရမည့် ဟဒ်ဝဲယားအကြောင်းများကို အင်တာနက်ထဲတွင် ရှာဖွေ
လေ့လာနိုင်သည်။ A + စာမေးပွဲလေ့လာရန်အတွက် အောက်ပါ ပစ္စည်းများရှိထားရပါလိမ့်မည်။
(၁) မိုက်ကရိုဆော့ဖ်တ် Window တင်ထားသည့် PC ကွန်ပျူတာတစ်လုံး
(၂) လျှပ်စစ်စီးဆင်းမှုအတွက် အကာအကွယ်ပြုရန် (လက်ပတ်၊ လက်အိတ်များ)
(၃) Phillids Head ၀က်အူလှည့်စတား၊ Flat Head ၀က်အူလှည့်အပြား
(၄) တွက်ချက်ရန် ဂဏန်းပေါင်းစက်စသည်တို့ဖြစ်ပါတယ်။

A + စာမေးပွဲအတွက်သိကောင်းစရာ

A + Certification စာမေးပွဲကို နောက်ဆုံး update လုပ်သွားသည်မှာ ၂၀၀၆ ခုနှစ်ကဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်မ
တိုင်မှီ သုံးနှစ်ကထက် ပုံစံအားဖြင့်ပြောင်းလဲသွားသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပပြုလုပ်သည့်
CompTIA အစည်းအဝေးတွင် A + စာမေးပွဲကို အဆင့်မြင့်ရန်ဆုံးဖြတ်ကြသည်။ ၂၀၀၉ နှစ်တွင် အဆင့်မြင့်မည်
ဟု ခန့်မှန်းကြသည်။ ၂၀၀၃ ခုနှစ်တွင် ကျင်းပခဲ့သော A + စာမေးပွဲသည် ၃ ရာခိုင်းနှုံးမှ ၁၀ ရာခိုင်းနှုံးသာအောင်
မြင်စေရန် စီစဉ်ထားသော်လည်း နောက်ဆုံးပေါ် A + စာမေးပွဲသည် ၃၀ ရာခိုင်နှုံးအောင်မြင်စေရန် စီစဉ်ထား
ကြောင်းသိရသည်။

A + စာမေးပွဲကို လက်ရှိနှစ်ပိုင်းခွဲပြီး ကျင်းပခဲ့ကျသည်။ A + Essentials (200 - 601) နှင့် IT Technician
(220 - 602) ၊ Remote Support Technician (220 - 603) ၊ Depot Technician (220 - 604) သုံးခုအနက်
မှ တစ်ခုခုစိတ်ကြိုက်ရွေးချယ်ဖြေဆိုကြရသည်။ သုံးခုအနက်မှ တစ်ခုခုအောင်မြင်ထားသူနှင့် A + Essentials
(200- 601) စာမေးပွဲကို အောင်မြင်ထားမှသာလျှင် A + အောင်လက်မှတ်ရသူတစ်ဦးဖြစ်နိုင်သည်။ CompTIA
၏ အကြံပေးချက်အရ A + Essentials စာမေးပွဲကိုအောင်မြင်ပြီးမှသာလျှင် ကျန်တစ်ပိုင်းကိုရွေးချက်ဖြေဆို
သင့်သည်။

စာမေးပွဲအပိုင်းတစ်ပိုင်းအတွက် အမေရိကန် ၁၆၈ ဒေါ်လာပေးသွင်းရသည်။ အကယ်၍ကျောင်းများသည်
Career Tech ပရိုဂရမ်အရ လုပ်ငန်းခွင့်နှင့်လက်တွေ့ ပေါင်းစပ်ရယူထားသည့် ကျောင်းများမှ ကျောင်းသား
များသည် သတ်မှတ်နှုန်းထက် တစ်ဝက်လျှော့ထားသည့်ဘောက်ချာကို ခံစားခွင့်ရှိသည်။ အကယ်၍လုပ်ငန်း
ကုမ္ပဏီများအနေဖြင့် CompTIA အဖွဲ့နှင့်ပူးပေါင်းထားလျှင်လည်း စာမေးပွဲဘောက်ချာကြေးကို သတ်မှတ်
နှုန်းထက် လျှော့ပြီးခံစားခွင့်ရှိသည်။ A + Essentials စာမေးပွဲအတွက် မေးခွန်း ၁၀၀ ဖြေဆိုရသည်။ စိတ်ကြိုက်
ရွေးချယ်ဖြေဆိုရသည့်စာမေးပွဲအတွက် မေးခွန်း ၉၀ ဖြေဆိုရသည်။ A + Essentials စာမေးပွဲအတွက် Comp
TIA သတ်မှတ်ထားသောအောင်မှတ်မှာ ၆၇၅ ဖြစ်ပြီး ဒုတိယပိုင်း စိတ်ကြိုက်ရွေးချယ်ဖြေဆိုရမည့် စာမေးပွဲ
အတွက် အောင်မှတ်သည် ၇၀၀ ဖြစ်သည်။

A + Essentials စာမေးပွဲအတွက် နယ်ပယ် (Domain) (၈) ခုပါဝင်သည်...

1. Personal Computer Components (72)
2. Laptop and portable Device (11)
3. Operation System (21)
4. Printers and Scanners (9)
5. Networks (12)
6. Security (11)
7. Safety and environmental issue (10)
8. Communication and personalize (5) {Total - 100)

အထက်ပါ ကောက်နုတ်ဖေါ်ပြချက်များသည် A + ကို လေ့လာလိုသူများအတွက် သိသင့်သိထိုက်သောအချက်
အလက်တစ်ချို့သာဖြစ်ပါသည်။ အကယ်၍ ပြည့်ပြည့်စုံစုံလေ့လာလိုလျှင် အောက်ပါ "Personal Computer
Magazine" အဖွဲ့မှ ရေးထားတဲ့စာအုပ်လေးကိုဒေါင်းပြီးလေ့လာလို့ရနိုင်ပါသည်။

Download :
A + Exam

စောလင်းနက်စ်

Saturday, June 16, 2012

Saw Linux  /  10:43 PM  /  ,   /  No comments
ဒီဆော့ဝဲကတော့ တော်တော်များသိကြပြီးသားပါ။ သိတော့သိကြတယ်။ အဆင်ပြေအောင်အသုံးပြုတတ်ဖို့လည်း လိုသေးတယ်မလား။ ကျနော်ဒီဆော့ဝဲကိုတင်ရခြင်းအကြောင်းရင်းက တစ်ချို့ USB တွေကို ဖွင့်လိုက်ပြီး ဖိုင်တွေ
cut, delete လုပ်မယ်ဆိုရင် USB is write protected ဆိုပြီး မက်စေ့ဂ်ျပေါ်လာတယ်။ Format
ချရင်လဲ ဒီအ တိုင်းပဲမက်စေ့ဂ်ျပေါ်နေတယ်။ ဒီပြဿနာကို ကျနော်အဓိကပြောချင်ပါတယ်။

ဆော့ဝဲအသုံးပြုပုံမခက်ပါဘူး။ ခက်တာက ဒီဆော့ဝဲနဲ့အသုံးပြုပြီးတဲ့ flash drive usb တစ်လုံးဟာ ကိုယ်ကအ ခြားစက်တစ်လုံးနဲ့သွားထိုးပြီး cut, delete, format ပြန်လုပ်ချင်ရင် အဲဒီစက်သည်လည်း ဒီဆော့ဝဲပရိုဂရမ်အ ဆင်သင့်ရှိနေဖို့လိုပါတယ်။ ကိုယ်အသုံးပြုထားတဲ့ ဒီဆော့ဝဲနဲ့ ပြန်ပြီး write protect
ကို disable ပြန်ဖြုတ်မှသာ USB is write protected ပြဿနာအေးမှာဖြစ်ပါတယ်။

ကိုယ်က ဒီဆော့ဝဲနဲ့ write protect ကို enable လုပ်ထားပြီး တစ်ခြားပရိုဂရမ်တစ်ခုနဲ့ပြန်ဖြုတ်လို့မရနိုင်
ပါ။ Registry Editor ၀င်ရောက်ပြင်ဆင်သော်လည်း အဆင်မပြေနိုင်ပါ။ ဒါကြောင့် မိမိ usb flash
drive ကို ဒီလိုပြဿနာမျိုးမဖြစ်ရလေအောင် ကြိုတင်သိထားဖို့လိုတယ်ထင်လို့ တင်ပြရခြင်းဖြစ်ပါတယ်။

USB Write Protect ဆော့ဝဲအသုံးပြုနည်း

၁။ USB Write Protect ကို ၀င်းဒိုး 7 ဆိုရင် Right Click> Run Administrator ကနေ
ဝင်လိုက်ပါ။

၂။ ပတ်စ်ဝါဒ်ပေးရမည့်ဘောက်စ်ပေါ်လာမည်။ မိမိကြိုက်တဲ့ပတ်စ်ဝါဒ်ကိုထည့်လိုက်ပါ။ ပတ်စ်ဝါဒ်ကိုလည်း မှတ်
ထားဖို့ မမေ့ပါနဲ့။ ပတ်စ်ဝါဒ်မခံထားပြန်တော့ သူများလာပြီး disable လုပ်သွားရင်ကိုယ်ခံထားတာတွေအလ
ကားဖြစ်မှာပေါ့။

၃။ ပြီးတော့ အောက်ပါ screen အတိုင်းပေါ်လာမှာဖြစ်ပါတယ်။ ထိုတွင်…

USB Device Write Protection, USB Device Look, USB Device Autorun ဆိုပြီး မိန်းခေါင်းစဉ်သုံးမျိုး တွေ့ရမှာဖြစ်ပါတယ်။

၎။ မိမိ USB ကို သူများတွေ cut, delete, copy မလုပ်စေချင်ရင် USB Device Write Protection
က enable ကို ပေးလိုက်ရုံပါပဲ။ ပြီးတော့ usb drive ကို ပြန်ထုတ်လိုက်ပါ။ ၎င်း usb drive ကို နောက်တစ်ခါ စက်ထဲသို့ပြန်တပ်လိုက်ရင် cut, delete လုပ်လို့ရတော့မှာမဟုတ်ပါ။
(cut, delete တွေကိုပြန်ရချင်လျှင် USB Device Write Protection က disable ကိုပြန်နှိပ်။ usb
drive ကိုပြန်ထုတ်။ ထိုနောက်ပြန်ထည့်ရင် ရပါပြိး။

ကျန်တဲ့ look, autorun တို့မပေါ်စေချင်ရင်လည်း ကျန်တဲ့ခေါင်းစဉ်နှစ်ကိုနှိပ်ရုံပါပဲ။

Download :
USB Write Protect (Freeware)

Saw Linux  /  1:36 AM  /  ,   /  No comments
English - Myanmar Dictionary (P0rtable)
PC သုံး Dictionary တွေကို ခဏခဏလာမေးကြတော့ ဒီနေရာမှာတစ်ခါတည်းတင်ပေးလိုက်တယ်။ သူကတော့
မြန်မာနိုင်ငံ ´မြန်မာစာစာတည်းအဖွဲ့´ မှထုတ်ဝေ တာဖြစ်ပါတယ်။
အသုံးပြုရတာလွယ်ပါတယ်။ ဒေါင်းလိုက်ပါ။ ဇစ်ဖိုင်ကိုဖြည်။ ရလာတဲ့ဖိုလ်ဒါထဲမှာ Quick Time ကိုအရင်မောင်းလိုက်။
ပြီးတော့ အနီရောင် Dictionary အိုင်ကွန်ကို ကလစ်နှစ်ချက်နှိပ်ရုံပါပဲ။

Download :
English-Myanmar DICTIONARY (G).part1.rar

English-Myanmar DICTIONARY (G).part2.rar

English-Myanmar DICTIONARY (G).part3.rar

English to MM, Myanmar to E Dictionary

ဒီတစ်မျိုးလည်းသေးသေးလေးနဲ့အတော်ကို အသုံးတည့်တယ်။ ဒါပေမယ့် အထက်တစ်မျိုးလောက်မစုံဘူး။ သူ့အား
ချက်ကတော့ English to MM, Myanmar to E ကိုအလွယ်တကူရှာနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်သူလည်း
အတော်ကိုအသုံးတည့်တယ်။ နောက်ပြီး zawgyi, myanmr3 နှစ်ခုစလုံးနဲ့ရှာလို့ရတာပါပဲ။

Download :
English to MM, Myanmar to E Dictionary

နောက်တစ်ခုကတော့ သူများဆိုက်ကနေ ကော်ပီတင်လိုက်တာ။ လိုအပ်ရင်ဒေါင်းနိုင်အောင်လေ။

English-ဗမာ-ကရင် Dictionary
English-ဗမာ-ကရင် Dictionary ပါလို့ပြောလိုက်ရတယ်။ ကရင်ဆိုတဲ့နေရာမှာ KNU font ကိုသုံးသောအားဖြင့်
စဂေါကရင်အဘိဓာန်ဖြစ်ဖို့များတယ်။ ပိုးကရင်အတွက်တော့ zwekabin font ကိုအသုံးတာများပါတယ်။ ကျနော်လဲ
စဂေါကရင်ဆို ပြောရုံသာပြောတတ်တယ်။ မဖတ် မရေးတတ်တော့ သူ့ရဲ့ကီးဘုတ်လက်ကွက်ရိုက်နည်းကိုသိချင်ရင် ကွယ်ကလုဆိုက်မှာသွားရောက်လေ့လာစေ
ချင်တယ်။

Download :
KNU font
KNU font.exe

Eglish-ဗမာ-ကရင် Dictionary လေးပါ ။
Comment ထဲမှာတွေ့လို့တင်ပေးလိုက်ခြင်း ဖြစ်ပါ၏ .. :-P
ကရင် font အတွက်တော့ knu ဆိုတဲ့ font ကို font folder ထဲမှာ သွားထည့်ဖို့တော့လိုပါတယ် ..
.NET Framework (2.0) လေးလည်းလိုပါတယ်ဗျာ .. window ထဲမှာ Framework မရှိရင်တော့ ဒါလေးကို download ချပြီး install လုပ်ဖို့တော့လိုပါတယ်ဗျာ ..
အဆင်ပြေပါစေ ... :-)

Size : 2.86 MB

Download From "www.fileserve.com"
Download From "www.wupload.com"
Download From "www.rapidshare.com"
Download From "www.ifile.it"
Download From "www.zshare.net"

Ref : http://www.ogresite.com/2009/08/eglish-dictionary.html

Thursday, June 14, 2012

Saw Linux  /  6:18 PM  /    /  No comments
ကျနော်ခရီးတလခွဲလောက်သွားခဲ့တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ရွာကကလေးတွေအတွက် ကွန်ပျူတာ နဲ့ပတ်သက်ပြီး ချဉ်းကပ်ရမည့်နည်းလမ်းတွေ နားလည်ရမည့်ကွန်ပျူတာ hardware အပိုင်းတွေ၊ basic အခြေ ခံတွေကို သင်ပြရင်းနဲ့ အချိန်ကုန်ဆုံးခဲ့ပါတယ်။ အားလပ်ချိန်မှာပညာဒါနဝေငှခဲ့ရတဲ့အတွက်လည်း ၀မ်းသာ ကျေနပ်ခဲ့ရပါတယ်။
တောရွာကလေးမှာဆိုတော့ နက်တွေနဲ့အဆက်အသွယ်အားလုံးပြတ်တောက်ခဲ့ပါတယ်။ သင်တန်းကတော့ မီးစက်မောင်းပြီး သင်ရတာပေါ့။ အခုမိမိနေရာပြန်ရောက်ပြီးဆိုတော့ ဆိုက်ဖက်ကိုအချိန်ပြန်ပေးနိုင်တော့မယ်။
ဒါပေမယ့် ပတ်စ်ပို့ကိစ္စ၊ ပရဟိတအလုပ်တွေလည်းရှိသေးတော့ အပြည့်အ၀အချိန်ပေးနိုင်သေးမှာမဟုတ်။ အခု
စီဘောက်စ်ကမေးလာတဲ့မေးခွန်းတွေကို ကျနော်သိသလောက်ဖြေပေးသွားမှာဖြစ်ပါတယ်။ တစ်ချို့မသိတဲ့မေး
ခွန်းတွေကတော့ ဆောရီးပေါ့ဗျာ။

kothu: ၀င်းဒိုး 7 မှာအင်မေ့ဂ်ျ ဒရိုက်သုံးချင်လို့ဗျာ ကျနော်က Nero -7 ကိုသုံးပါတယ် E-M dictionary လေးသုံးချင်လို့ပါဗျာ။
ဖြေ : Window image (iso) ဖိုင်တွေကို Nero ဗားရှင်းအလိုက် Nero Express မှာပါတဲ့ image project copy > Disk image or Saved Project ကိုသာနှိပ် CD/DVD အလိုက်ရွေးပြီးအဆင့်ဆင့်ကိုသာလုပ်ရင် Image CD/DVD တစ်ခွေရလာမှာဖြစ်ပါတယ်။ (E-M Dictionary ကတော့ပေါ်ပါတယ်)

Aye Aye Oo: ဝပ်ဆိုက်မှာ ပိုစ်တင်တဲ့အခါ မြန်မာလိုရော ကရင်လိုပါ တင်လို့ရအောင် ဘယ်နေရာတွေမှာ ပြင်ရသလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ : အဲဒါက မိမိသုံးတဲ့ဆိုက်အလိုက်ဝင်ပြင်ရမှာဖြစ်ပါတယ်။ ဥပမာ…ဘလော့ဂါဆိုရင် html/css ကနေ font family ကနေ ဖေါင့်အမျိုးအစားလိုက်သွင်းလိုက်ပါ။ zawgyi-one, zwekabin ဆိုတဲ့ဖေါင့်တွေကို font family တွင် နေရာတိုင်းမှာသွင်းလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒါကလဲ မလုပ်ဖူးရင်အနည်းအကျဉ်းအခက်အခဲ ရှိနိုင်ပါတယ်။ လုပ်တတ်ပုဂ္ဂိုလ်နဲ့တိုင်ပင်ရင် ပိုပြီးအဆင်ပြေနိုင်တယ်။

Dimond: Auto CAD 2008 မြန်မာလိုEbook လေးရှိရင်တင်ပေးပါအုံးဗျာ။
ဖြေ : Auto CAD 2008 တော့မရှိဘူး။ 2010 တော့ရှိတယ်။ လိုအပ်ရင် အောက်လင့်ီကနေ ဒေါင်းလိုက်ပါ။ http://sawlinux2008.googlecode.com/files/AutoCAD2010_Vol.1.pdf

sawrainbow: တာကျော့ ကျွန်တော် windows 7 64bit ဒေါင်းထားပါတယ် ခွေနဲ့ ကူးထုတ်လို့ အစဉ်မပြေဘူး ဗီဒီယိုလို formatလုပ်ရအုံးမလား ဘယ်စောဝဲသုံးရမလဲ ပြောပါနော် ဆ်ုခုင် ယလ၀့် တာကျော့။

kkk: စောလင်းနက်ခင်ဗျာ. knu font ရိုက်တဲ့အခါ ဒ မပေါ်ဘူးဖြစ်နေတယ်. ပြီးတော့ space လည်းရိုက်လို့ မရဘူဖြစ်နေတယ်။ ဘယ်လိုညလုပ်ရမလဲရှင်းပြပေးပါလား။ ကျေးဇူးတင်ပါတယ်။
ဖြေ : kkk ရေ ကျနော်အသုံးဖူးသည့်အတွက် ဒီဖေါင့်နဲ့ပတ်သက်ပြီး မဖြေပေးနိုင်သေးပါကြောင်းပါနော်။

koayekyi: အကိုစောလင်း နောက်ထပ်ပြီးအကူအညီတစ်ခုတောင်းခံပါရစေအကို ကျွန်တော်မှာ USB (စတိတ်)တစ်ခုထဲမှာ ဖိုင်ထဲမှာထည့်ထားတဲ့ ဓါတ်ပုံတွေအကုန်ပျေက်သွားတယ်အကို ဖြစ်နိုင်မယ်ဆို ဘယ်လိုရှာပြီးပြန်ယူနိုင်တယ်။
ဖြေ : ကိုအေးကြည်ရေ အဲဒါက Data Recovery ဆော့ဝဲတွေကိုအသုံးပြုပြီး ပြန်ယူလို့ရနိုင်ပါတယ်။ အောက်က လင့်ကနေ ဒေါင်းပြီး စမ်းကြည့်ပါ။ အသုံးပြုရတာလဲ သိပ်မခက်တော့ ကျနော်အပြည့်အစုံမရေးပြတော့ပါဘူး။
http://www.sawlinux.net/search/label/Data%20Recovery

saw chit: hi..dear sawlinux. pls help me ..(Problem..In Youtube..error: An Error has occurred. Please try again later.?
Answer : please check ur VGA Device (Driver) and whether u ve already installed Ado be Flash Player on ur pc or not. Especially, i think u need to check VGA Driver

ဆက်လက်ဖေါ်ပြမည်

Search