welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, February 28, 2012

Saw Linux  /  6:03 AM  /    /  No comments
ဒီတစ်ရက်နှစ်ရက်အတွင်း ဂျီတော့မှာ facebook.com IMG…JPG Virus လင့်တစ်ခုပြန်နှံ့နေတယ်။ အဲဒီလင့် အော်တိုမက်တစ် မိမိဂျီတော့ချက်ဘောက်စ်မှာ လာပြီးလင့်ထိုးပေးပါလိမ့်မယ်။ မိမိက အဲဒီလင့်ကိုဖွင့်လိုက်မိရင် system ထဲရောက်သွားပြီး မိမိဘရောက်စာတွေ ဂျီတော့တွေကို ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေပါလိမ့်မယ်။ နောက် ပြီး အသံတွေတစ်ခုမဟုတ် တစ်ခုထွက်လာပါလိမ့်မယ်။ အဲဒီလင့်ကိုမဖွင့်မိဖို့ သတိပေးကြပါ။ အကယ်၍ဖွင့်မိလို့ ၎င်းဗိုင်းရပ်စ်ကူးဆက်ခံရပြီးဆိုရင် အောက်ပါအချက်တွေနဲ့ ဗိုင်းရပ်စ်ကိုရှင်းထုတ်ပါ။

facebook.com IMG…JPG Virus ပြန့်နှံ့ပုံ

နည်းလမ်း (၁)

မိမိစက်ကို system restore ပြန်လုပ်ပါ။ လုပ်နည်း…

Control Panel> Back up and Restore ကိုနှိပ် နောက်ဘောက်စ်မှာ Recover System Setting or your com puter ကိုနှိပ်ပါ။
ပြီးတော့ Open System Restore ကိုနှိပ်။ ခဏစောင့်ပြီ်း ဘောက်စ်တစ်ခုပေါ်လာလျှင် Next ကိုနှိပ်။
ပြီးတော့ scan for effected programs ကိုနှိပ် ပြီးလျှင် Close ကိုနှိပ်။ တစ်ဆက်တည်း Next ကိုနှိပ်ပြီး ခဏကြာ လျှင် ကွန်ပျူတာ Restart ကျသွားပါလိ့မ်မယ်။

တစ်ချို့ကွန်ပျူတာဆို ဒီနည်းနဲ့အဆင်ပြေသွားနိုင်ပါတယ်။ အဆင်မပြေခဲ့သော်….

နည်းလမ်း (၂)

Download Bat file :
mdmrm bat

နည်းလမ်း (၂)ကတော့ bat file ဖြေရှင်းတဲ့နည်းလမ်းလေးပါ။ bat ဖိုင်ကို ဒေါင်းလုပ်လိုက်ပါ။ (bat ဖိုင်က သူငယ် ချင်းတစ်ယောက်ကနေ ပေးလိုက်တာပါ)
အောက်ပါအဆင့်အတိုင်းလိုက်လုပ်ပါ....Safe Mode ၀င်ပြင်ရမယ်နော်..

1. Start the Windows in Safe Mode
2. Rename the mdmrm to mdmrm.bat to be an Executable Batch file
3. Run the mdmrm.bat (attached)

စက်ကို Restart ချပါ ။

စောလင်းနက်စ်

Monday, February 27, 2012

Saw Linux  /  10:03 PM  /    /  1 comment
ကျနော်အခုရေးပြမယ့်ပို့စ်က Web Page, Blog တွေရဲ့ ပို့စ်တွေကို မိမိ PDF ဖိုင်နဲ့ Print out လုပ်ချင်တဲ့အခါ ပြုလုပ်ရမည့်နည်းလမ်းကို ကျနော်ရေးပြချင်ပါတယ်။ အပိုင်း (၂) ခုနဲ့ ခွဲပြီးရေးမှပြည့်စုံမယ်ထင်တယ်။ တစ်ပိုင်း က UDC ဆော့ဝဲကိုထည့်သွင်းပုံနဲ့ setting ပြုလုပ်ပုံရေးပြမယ်။ နောက်တစ်ပိုင်းက PDF Print icon ကို မိမိ Web, Blog မှာ ထည့်သွင်းပုံဆိုပြီး ရေးပြသွားမှာပါ။ အဲဒီအပိုင်းနှစ်ခုနဲ့ပြည့်စုံအောင်ပြုလုပ်ထားပါမှ အထက်ပါ ခေါင်းစဉ်နဲ့ပြုလုပ်နိုင်မှာဖြစ်တယ်။

အပိုင်း (၁)

Universal Document Converter –UDC Download and Install

Download Here

နောက်ပြီးဒီဆော့ဝဲကို full version ဖြစ်အောင် crack ပြုလုပ်ရမယ်။ နက်ကွန်နက်ရှင်ဖွင့်ထားရင် အရင်ပိတ်ထား လိုက်ပါ။ Crack ဖိုလ်ဒါထဲက “udceng” ဆိုတာကို copy ယူထားလိုက်ပါ။ ပြီးတော့ အောက်ပါ path (Directly) အတိုင်းရောက်အောင်သွားပြီး ၎င်း copy ယူထားတဲ့ “udceng” ကို paste ချလိုက်ရုံပါပဲ။ 32 bit နဲ့ 64 bit အတွက် နှစ်ခုစလုံးရဲ့ထည့်ရမယ့် path အောက်ပါအတိုင်းပြ ထားပါတယ်။

C:\WINDOWS\system32\spool\drivers\w32x86\3
C:\WINDOWS\system32\spool\drivers\x64\3

(ကျနော်လုပ်တုန်းက ဒါတွေကို မကြည့်မိလို့ program file က သူရဲ့ udc path ကို crack သွားထည့်မိလို့ တော် တော်နဲ့ အဆင်မပြေဘူးဖြစ်သွားတယ်။ သတိထားပါ။ အပေါ်က path အတိုင်းသာသွားရောက်ထည့်ပါ)

Universal Document Converter –UDC ကို setting ပြုလုပ်ခြင်း

ဒီ Universal Document Converter –UDC ကို IE (Internet Exploror) နဲ့ပဲ setting ပြုလုပ်ရမယ်။ IE နဲ့ပြု လုပ်ထားသော်လည်း ဘယ်ဘရော့စာနဲ့ပဲထုတ်ထုတ်အားလုံးအဆင်ပြေပါတယ်။ ဒါမှမဟုတ် print out လုပ်တဲ့ အခါမှလဲ Setting ချိန်းလို့လဲရနိုင်ပါတယ်။ ဒီ setting လုပ်ပုံကတော့ သံလုံငယ်ဆိုက်ကနေပဲ မှီငြမ်းထားပါ တယ်။ ပုံတွေကတစ်ချို့ active မဖြစ်တော့လို့ ကျနော်မထည့်တော့ပါဘူး။ ပုံမပါလဲ လုပ်ရတာအဆင်ပြေနိုင် ပါတယ်။ ကဲ…လုပ်မယ်..

IE (Internet Exploror) ကို ဖွင့်ပါ။ menu bar က Tools – Internet Options ကို နှိပ်ပါ။

Internet Options ရဲ့ Advanced ဆိုတဲ့ tab ထဲက Printing အောက်မှာ ရှိတဲ့ Print Background colors and images ကို check ပေးပါ။

ပြီးရင် Menu Bar ပေါ်တွင် Print Icon ကိုနှိပ်ပြီး Page setup ကို နှိပ်ပါ။ (ဒီနေရာတွင် IE ဗားရှင်းအလိုက်ကွာ ခြားနိုင်သည်)

Header နဲ့ Footer အောက် စာသားအားလုံးကို ဖျတ်ပေးပါ။

ပြီးရင် Menu Bar ပေါ်က Print (Ctrl+P) ကိုနှိပ်ပါ။ အောက်ပါ အတိုင်း Print ဘောက်စ် ပေါ်ပါလိမ့်မယ်။ Universal Document Converter ကို ရွေးပြီး Preferences နှိပ်ပါ။ (ဒီနေရာမှာလဲ udc ဗားရှင်းအလိုက် setting ထားတဲ့နေရာမှာ တစ်ခုနဲ့တစ်ခုအနည်းငယ်ကွာခြားနိုင်သည်ကို သတိပြုပါ)

Printing Preferences – Settings ကို အောက်ပါအတိုင်း လိုက်ပြောင်းပေးပါ။
1 : Current Profile ကို Web-page, Web-form to JPEG, Color လို့ ရွေးပေးပါ။
2 : Page size: မှာ Taboid ကိုရွေးပေးပါ။

ပြီးရင် Image Settings ဆိုတဲ့ tab ကို နှိပ်ပါ။ file format : PDF Document ကို ရွေးပေးပါ။

Output ဆိုတဲ့ tab ကို ထပ်နှိပ်ပါ။ Options : Create multipage PDF file containing all pages ကို ရွေးပေးပါ။

(location ဘေးက icon လေး နှိပ်ပြီး မိမိ save ချင်တဲ့ နေရာကို ရွေးပေးလို့ ရပါတယ်။ ဒီတိုင်းထားလိုက်ရင် C:\UDC Output Files ထဲကို ရောက်နေပါလိမ့်မယ်။ C မှာ windows တင်ထားတယ်ဆိုရင်ပေါ့)

ဒါဆိုရင် web page တွေ့ရဲ့ ပို့စ်တွေ လိုချင်တဲ့အပိုင်းတွေကို PDF အဖြစ်နဲ့ထုတ်လို့ရပါပြီ။ (Capture ရိုက်လိုက်တဲ့ သဘောပဲ ဖြစ်တဲ့အတွက် Font ရွေးစရာ မပေါ်နိုင်စရာ ဘာမှ မရှိပါဘူး)

UDC ဆော့ဝဲထည့်သွင်းပုံနဲ့ Setting ပြုလုပ်ပုံတို့အတွက် အဆင်ပြေပြီးဆိုရင်….

အပိုင်း (၂)

Print PDF icon ကို Web, Blog မှာထားခြင်း

အောက်ပါဆိုက်ကိုဖွင့်ပါ…
ဒီမှာနှိပ်ပါ

Select Site Type ကိုရွေးပါ။ ကျနော်ကတော့ website ကိုရွေးလိုက်တယ်။ ဒိုးမိန်းနိမ်းနဲ့မလုပ်ထားရင် blogger ကိုပဲေ၇ွးလိုက်ပါ။
Choose Style ကို မိမိနှစ်သက်ရာ ပုံစံတစ်ခုခုကိုရွေးပါ။
Copy the code တွင် ၎င်းရဲ့ code တွေကို ကော်ပီယူထားလိုက်ပါ။ ပြီးတော့ မိမိဆိုက်တွင် (ဘလော့တွင်) Design> Add Gigate> HTML/Javascript ကိုနှိပ်ပြီး ကော်ပီယူထားတဲ့ code တွေကို paste ချပါ။ ပြီး တော့ Save ထိုက်နော် မိမိနှစ်သက်ရာ နေရာမှာထားလိုက်ရုံပါပဲ။ ကျနော်ကတော့ ပို့စ်အထက်မှာထားတယ်ဗျာ။
အားလုံးပြီးပါပြီ

အဆင်ပြေပါစေ…

Saw Linux  /  8:49 AM  /    /  No comments
ညီလေးစောချစ်သိချင်တဲ့ အထက်ပါမက်စေ့ဂ်ျမျိုးမပေါ်အောင်လုပ်နည်းကို ကျနော်ပြောပြချင်ပါတယ်။ လွယ် တယ်ဆိုပေမယ့် မသိရင်တော့ခက်တာချည်းပါပဲ။ အမှန်က Microsoft Answer က ကျနော်လင့်ကိုပဲတိုက်ရိုက် ပေးတော့မလို့ ဒါပေမယ့် အများအတွက်လဲ အကြိုးများအောင်ဆိုပြီး ပို့စ်အဖြစ်တင်ပေးလိုက်တယ်။ အောက်က စောချစ်ရဲ့ စီဘောက်စ်မှာမေးထားတဲ့မေးခွန်းလေးပါ။

စောချစ်: ကိုလင်းနက်စ်ေ၇။ ကူပါဦး ကျနော် firefox ဖွင့်လိုက်တိုင်း browser က တိုက်ရိုက်ပေါ်မလာဘဲ
စောချစ်: User Account Control box လေးပေါ်လာပြီး ဒီလိုလေးမေးတယ်
စောချစ်: do u want to allow the following program to make change to this computer? အဲဒါကို yes လုပ်လိုက်မှ
စောချစ်: firefox broswer က ဖွင့်လာတော့တယ် အဲဒါကို ဘယ်လိုပြန်လုပ်ရမလဲ ။ ကူညီပါဦးနော်

အောက်ပါနည်းလမ်းတွေနဲ့ အထက်ပါမက်စေ့ဂ်ျစာတန်းမပေါ်အောင်လုပ်ကြရအောင်…

Method (1)
လက်ရှိအသုံးပြုနေတဲ့ Mozilla Firefox ကို Uninstall ပြီးတော့ Re-install ပြန်လုပ်ပါ။

Method (2)
မိမိသစ်ထည့်သွင်းမယ့် application ဆော့ဝဲကို Administrator အနေနဲ့ ထည့်သွင်းခြင်း
(၁) main application (သို့မဟုတ်) ၎င်းဆော့ဝဲရဲ့ short cut ကို Right Click
(၂) Properties ကိုရွေး
(၃) Menu က compatibility tab ကိုရွေးပြီး "Run this program as an administrator." ထပ်ရွေးပါ။

Method (3)
User Account Control (UAC) ရဲ့ notifies သတ်မှတ်ပေးခြင်း

ဝင်းဒိုး 7 မှာ User Account Control settings တစ်ခုပါပါတယ်။ အဲဒါကို ဆော့ဝဲတွေထည့်သွင်းတဲ့အခါတိုင်း Security သဘောမျိုးနဲ့ မက်စေ့ဂ်ျတွေပေးလေ့ရှိတယ်။ အဲဒါကို မပေါ်စေချင်ရင် ကျနော်တို့ သူရဲ့ notify သတ် မှတ်ပေးရပါလိမ့်မယ်။
Always notify, Don’t notify, Never notify ဆိုပြီး level သုံးမျိုးပြထားပါတယ်။ အဲဒီသုံးမျိုးတွင် Don’t notify ရွေ့ထားလိုက်ပြီး apply> OK
အောက်ပါအဆင့်ဆင့်ဖြင့်သွားလိုက်ပါ….
Start > Control panel> User Account> Change User Account Control settings (သို့မဟုတ်) Start ရဲ့ Search Box မှာ uac ကိုသာရိုက်ထည့်လိုက်ပါ။
Change User Account Control settings ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း Don’t notify ကိုသာနှိပ် ပြီး apply > OK

စက်ကို Restart ….

အဆင်ပြေပါစေ…
စောလင်းနက်စ်
Saw Linux  /  8:49 AM  /    /  1 comment

Sunday, February 26, 2012

Saw Linux  /  8:20 AM  /    /  No comments
ကျနော်လဲ ဒီတစ်ရက်နှစ်ရက် အလုပ်နည်းနည်းရှုပ်တာရယ် မဟုတ်တဲ့အလုပ်ကို ဟုတ်အောင်လုပ်တာရယ် ကြောင့် တစ်ချို့လာမေးသူတွေရဲ့ မေးခွန်းတွေကို ပြန်မဖြေပေးနိုင်သေးတာတောင်းပန်ပါတယ်။ ကျနော်ရဲ့ သူငယ်ချင်းအားလုံးကို၎င်း ရောက်လာတဲ့ ဗစ်စစ်တာအားလုံးကိုသော်၎င်းလေးစားပါတယ်လို့ပြောပါရစေ…
ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် pen driver (or) usb driver တွေမှာ အရင်သန့်ရှင်းအောင်ထားဖို့လိုတာကြောင့်
ကျနော်ဒီတော့ပစ်ကို ရေးလိုက်တာပါ။ (အရင်ကသိမ်းထားတဲ့ မနောသားဆိုက်မှမှီငြမ်းထားသည်)

VIRUS ဆိုတာကို PC/laptop's တွေမှာ ယေဘုယျအားဖြင့် Network မချိတ်ထားတဲ့သူတွေတောင် ခံစားရကြပါတယ် ...အဲဒါဆို ဘယ်ကနေ၀င်လဲအဲဒီ VIRUS တွေက ..မေးစရာရှိလာပါတယ် ..Pen Drives (OR) USB Devices တွေကနေ၀င်လာတာပါ ..တစ်ချို့သော VIRUS တွေဟာ Ravmon Virus , Heap41a worm တွေနဲ့
အလားသဏ္ဍန်တူပြီး အဲဒီ VIRUS တွေ Pen Drives (OR) USB Devices တွေထဲမှာရှိနေရင် Anti-Virus တော် တော်များများဟာ VIRUSတွေကိုမသတ်နိုင်ကြပါဘူး..ဒါကြောင့် အဲဒီ VIRUS တွေ Pen Drives (OR) USB
Devices ထဲ မရောက်အောင် ၊ ရောက်လာရင်လဲ ဘယ်လို ရှင်းရအောင် ဆိုတာလေးကို အောက်မှာရေးပေးထားပါတယ်..

Pen Drives (OR) USB Devices ကို ကွန်ပျုတာမှ တပ်လိုက်ပါ ..ပြီးရင် My computer ကိုဝင်ပြီး ယခုတပ် လိုက်တဲ့ Drive Letterကို မှတ်သားထားလိုက်..

{ ဥပမာ - Sawlinux ( I ) လို့ ရေးထားတယ်ဆိုရင် Drive Letter က I ပေါ့ ..ဒါကို ဆိုလိုတာပါ } ပြီးရင်
Start --> Run --> cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ...Command Window ( cmd ) တက်လာ မယ် ..

Command Window ( cmd ) တက်လာရင် ခုနက မှတ်လာတဲ့ Pen Drives (OR) USB Devices ရဲ့Drive Letter ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..

{ ဥပမာ - ........ >I: } -- ( : ) ပါရမည် ...

Pen Drives (OR) USB Devices ရဲ့Drive ကိုရောက်ပြီဆို dir/w/o/a/p လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..

အဲဒါဆိုရင် Pen Drives (OR) USB Devices ရဲ့Drive ထဲက ရှိသမျှ ဖိုင်တွေ List ထွက်လာမယ် ..
အဲဒီ List ထဲမှာ ရှာကြည့်ပါ ..အောက်မှာ ဖော်ပြပေးထားတဲ့ ဖိုင်အမည်တွေ ပါလားဆိုတာ...

• Autorun.inf
• New Folder.exe
• Bha.vbs
• Iexplore.vbs
• Info.exe
• New_Folder.exe
• Ravmon.exe
• RVHost.exe

အပေါ်က ဖော်ပြပေးထားတဲ့ ဖိုင်တစ်ခုခုပါလာရင် -

Run Command ကနေ attrib -h -r -s -a *.* လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..ပြီးရင် ဖိုင်တွေ ဖျက်ဖို့အတွက် Command မှာ del filename လို့ ရိုက်ထည့်ပြီး ဖျက်လိုက်ပါ ..
{ ဥပမာ - del autorun.inf } -- Filename ဆိုတဲ့နေရာမှာက ဖျက်မဲ့ ဖိုင်အမည်ကို ထည့်ရေးပေးရပါမယ် ..

ပြီးသွားပြီဆိုရင် ပိုသေချာသွားအောင် Pen Drives (OR) USB Devices ကို Antivirus တစ်ခုခုနဲ့ ထပ်စစ်လိုက်ပါ ...ဒါဆို အဆင်ပြေပါပြီ ..

Search