welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, January 26, 2011

Saw Linux  /  9:05 AM  /  ,   /  No comments
အားလုံးမင်္ဂလာပါ…
ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့
ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။
ကျနော်တစ်ရက် နှစ်ရက်အချိန်ပေးလေ့လာပြီးတော့ ဒီ Tutorialရေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Tutorial နဲ့ Premiere ကျွမ်းကျင်တဲ့ Edit သမားတစ်ယောက်ဖြစ်မလာတောင်မှအခြေခံ Edit သမားတစ်ယောက်ဖြစ်လာနိုင် တယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီပို့စ်သည် အနည်းငယ်ရှည်သည့်အတွက်ကြောင့် စိတ်ဝင်တစားလေ့လာဂရု တစိုက်ဖတ်မှသာ သဘောပေါက်နိုင်မည်ဖြစ်သည်။ တည်းဖြတ်တာတွေကို ၀ါသနာပါသောပုဂ္ဂိုလ်များအတွက် အတိုင်းအတာတစ်ခုထိအကျိုးရှိလိမ့်မည်ဟုမျှော်လင့်ပါသည်။

တည်းဖြတ်တဲ့ ဆော့ဝဲတွေများစွာရှိပေမယ့် Premiere သည် Professional သမားများ အတွက်တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ တစ်ခုသေချာစွာလုပ်တတ်ရင် အခြားတည်းဖြတ်မှုဆော့ဝဲတွေလဲသိပ်ပြီး မခက်ခဲတော့ပါ။ ဒါကြောင့်တစ်ခုကိုသေချာလေ့လာသင့်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက ကျနော်တင်ခဲ့တဲ့ Adobe Premiere 6.5 ၊ Video FX ၊ Canopus Procoder ဒီပို့စ်သုံးခုစလုံးကိုဒီအခုပို့စ်အတွက် ကြိုတင်တင်ထားပေးတဲ့ သဘောပါပဲ။ အဲဒီဆော့ဝဲသုံးမျိုးစလုံဟာတစ်ခုနှင့်တစ်ခုဆက်ဆပ်နေသည့်အတွက် Adobe Premiere 6.5 Tutorialဗွီဒီယိုတည်းဖြတ်နည်း မဖတ်ခင်အရင်ကြိုတင်ပြီး ဖတ်ထား အင်စတောမောင်းထားရင် ပိုပြီးလွယ်ကူမှု တွေရှိပါလိမ့်မယ်။

(ပုံတွေအားလုံး သေချာမြင်ချင်ရင် ကလစ်နှစ်ချက်ခေါက်လိုက်ပါ)

ကဲ…စကြရအောင်ဗျာ….

Adobe Premiere 6.5 ၊ Video FX ၊ Canopus Procoder ဒီဆော့ဝဲလ်သုံးမျိုးစလုံးမိမိစက်တွင်အင်စတောထည့် သွင်းပြီးဆိုရင် Adobe Premiere 6.5 နဲ့ ဗွီဒီယိုစတင်တည်းဖြတ်လုပ်ငန်းစဉ်တွေကို စရအောင်…

အဆင့် (၁) Start Menu > Adobe > Premiere 6.5 ကိုနှိပ်ပြီးဖွင့်မယ်..

အဆင့် (၂) Edit Style ဘောက်စ်ပေါ်မည်။ မိမိ Edit Style ရွေးချယ်ဖို့ပါ။ A/B Editing နဲ့ SingleTrack Editing စတိုင်လ် နှစ်မျိုးရှိတယ်ပေါ့ဗျာ။ A/B Editing ကိုပဲ နှိပ်ပြီးရွေးလိုက်ပါ။

အဆင့် (၃) New Project Setting ဘောက်စ်ပေါ်လာမည်။ ဆိုလိုတာက ကိုယ်တည်းဖြတ်မယ့်ဗွီဒီယို Format စတာတွေကို setting လုပ်ဖို့ပါပဲ။ ဒီနေရာမှာ အသေးစိတ်ကျနော်မရှင်းပြတော့ပါဘူး။ မိမိတစ်ခုစီ် setting တွေ လိုက်ချိန်မယ်ဆိုရင် Custom ကိုသာနှိပ်ပြီး ကိုယ်ကြိုက်တာSetting ချိန်ပါ။ ကျနော်ကတော့ NTSC >Standard 48kHz ကိုရွေးပြီး OK ပေးလိုက်တယ်ဗျာ။

အဆင့် (၄) အပေါ်က OK ပေးလိုက်ပြီးတာနဲ့ Premiere 6.5 Window Screenshot ကိုတွေ့ရမှာဖြစ်ပါတယ်။ မိမိဗွီဒီယိုဖိုင်ကို တည်းဖြတ်နိုင်မယ့် Workshop area ပါပဲ။

စက်ထဲကဗွီဒီယိုဖိုင်ကို Premiere သို့ ဘယ်လိုထည့်သွင်းမလဲ
အဆင့် (၅) အောက်ပါပုံအတိုင်း Premiere ဆော့ဝဲလ်မှာ Bin လို့ခေါ်တဲ့ Project Windowဆိုတာကိုတွေ့ ပါလိမ့်မယ်။ ကျနော်တို့ တည်းဖြတ်မယ့် Video Clip တွေကိုဒီ Bin လို့ခေါ်တဲ့ Project Window ထဲမှာ အရင်ဆုံးခေါ်ယူထားရပါတယ်။

နောက်ပြီး Bin 1, Bin 2, Bin 3 စသည်အားဖြင့် နှစ်ခု သုံးခုထားချင်ရင် Bin1အောက်တည့်တည့်လွတ်တဲ့နေရာ မှာ Right Click ထောက်ပြီး New Bin ကိုနှိပ်ပါ။ Bin 2, Bin 3 ဆိုပြီး Bin နှစ်ခုတိုးလာတာတွေ့ရမှာပါ။

အဆင့် (၆) အဲဒီ Bin Project Window တွင် Video Clip ထည့်ဖို့ပါ။ Premiere 6.5 Window Screens ရဲ့ Menuတွင် File > Import > file ကိုနှိပ်။ ဒါမှမဟုတ်ရင် Bin ရဲ့ညာဘက် အဖြူရောင်အကွက်တွင် မောက်စ်နဲ့ ကလစ်နှစ်ချက်ခေါက်လိုက်ပါ။ပြီးတော့မိမိ capture လုပ်ထားတဲ့ ဗွီဒီယိုဖိုင်ကို (တည်းဖြတ်မည့်ဗွီဒီယိုဖိုင်ကို) ရွေးပြီး Openနှိပ်။ ဒါဆို အောက်ပါပုံအတိုင်း Bin New Project Window ထဲမှာ တည်းဖြတ်မည့် Video Clip ဖိုင်တစ်ခုရောက်ရှိလာမှာဖြစ်ပါတယ်။အသံဖိုင်ထိုနည်းတူစွာ စက်ထဲကနေ ဒီ Bin သို့ရောက်အောင်ခေါ်ထား ရမှာဖြစ်ပါတယ်။ ဥပမာ…Bin 1 မှာ ဗွီဒီယိုဖိုင် Bin 2မှာ အသံဖိုင်ထည့်ထားလိုက်ရင် ပြန်ရှာရတာပိုပြီးလွယ် ကူတာပေါ့။

Video Clip ဖိုင်ကို Timeline သို့ ထည့်သွင်းခြင်း
အဆင့် (၇) ဒီအဆင့်မှာ ကျနော်တို့ Video Clip ဖိုင်ကို စတင်တည်းဖြတ်တဲ့အဆင့်ဖြစ်ပါတယ်။အောက်ကပုံသည် Timeline လို့ခေါ်ပါတယ်။ Video Clip ဖိုင်ကို ဒီ Timeline သို့သွင်းရမှာဖြစ်ပါတယ်။

Timeline အကွက်တွင် …
1. Video 2
2. Video 1A
3. Transation
4. Video 1B
အောက်အကွက်မှာ….Audio 1,2,3 ဆိုပြီး သုံးနေရာတွေ့ရမှာဖြစ်ပါတယ်။ ဒါဆို Bin မှာရှိတဲ့ Video Clip ဖိုင်ကို ဒီ Timeline သို့သွင်းချင်ရင် Bin မှာရှိတဲ့Video Clip ဖိုင်ကိုမောက်စ်နဲ့ ဖိထားပါ Video 1A သို့မဟုတ် Video 1B အကွက်ထိရောက်စွဲလာပြီးမောက်စ်ကိုလွတ်လိုက်ပါ။ အောက်ကပုံအတိုင်း Video 1Aအကွက်တွင် Video Clipတစ်ခုရောက်ရှိလာပြီးပေါ့ဗျာ။

Audio ဖိုင် Timeline သို့ထည့်သွင်းခြင်း
အဆင့် (၈)
Audio အသံပိုင်းဆိုင်ရာထည့်သွင်းခြင်တယ်ဆိုရင် မိမိသိမ်းထားတဲ့ Audioအသံဖိုင်ကို Binထဲကိုခေါ်ယူရပါတယ်။ ဒါကလဲ Bin 1 မှာထည့်မလား ဒါမှမဟုတ် Bin 2 မှာထည့်မလားဆိုတာ ကိုယ့်အပေါ်မှာမှီတည်ပါလိမ့်မယ်။ ကျနော်ဆိုရင် Bin 1 မှာ Video Clip ထားပြီး Bin 2 အသံဖိုင်တွေထားတယ်ဗျာ။

Bin ထဲမှာရောက်လာတဲ့ အသံဖိုင်ကို မောက်စ်နဲ့ဖိထားပြီး Timeline မှာရှိတဲ့ Audio 1အကွက်တွင်သွင်းလိုက်ပါ။ ဒါဆို Audio 1 အကွက်တွင်အသံဖိုင်တစ်ခုရောက်လာတာတွေ့ရမှာဖြစ်ပါတယ်။

Effect Transition လှုပ်ရှားမှုပုံများ Timeline သို့ထည့်သွင်းခြင်း
အဆင့် (၉)
နောက်တစ်ခုက ဒီ Timeline ထဲမှာ Video Clip ကိုတည်းဖြတ်တဲ့အခါ Video1A နဲ့ Video 1B မှာထည့်ပြီး တည်းဖြတ်ရသလို သူတို့နဲ့အတူ တွဲဖက်လာမယ့် Effect (စတိုင်လ်အမျိုးမျိုး)လှုပ်ရှားမှုတွေကိုတော့Video 1A နဲ့ Video 1B ကြားမှာရှိတဲ့ Transition အကွက်တွင် Effect များအတွက်ထည့်သွင်းရမှာဖြစ်ပါတယ်။

အောက်ကပုံအတိုင်း ညာဘက်မှာရှိတဲ့ Transition ဆိုတာကိုနှိပ်။ (အကယ်၍မရှိသေးရင် Menu > File > Window > Show Transition ကိုနှိပ်)
ပြီးတော့ ထည့်ချင်တဲ့ Effect တစ်ခုခုကိုဖွင့်လိုက်ပါ။ ကျနော်ကတော့ Video FXကိုဖွင့် လိုက်တယ်။ အဲဒီ Video FX Effects ဆိုတာလေးကို မောက်စ်နဲ့ဖိထားပြီး TimeLineမှာရှိတဲ့ Transition အကွက်တွင် သွင်းလိုက်တယ်။ အောက်ကပုံအတိုင်း Transition အကွက်တွင်Effect တစ်ခုရောက်နေတာတွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ Effect ကိုမောက်စ်နဲ့ စွဲယူရက်သားနဲ့ Transition အကွက်တွင် ဘာမှရောက်မလာဘူးဆိုရင်Timeline ရဲ့ ညာဘက်အစွန် မျှားလေးကိုနှိပ်ပါ။ ပြီးတော့ A/B Editing ဆိုတာကို အမှန်ခြစ်လိုက်ပါ။ အဲဒါဆိုပြန်လုပ်ကြည့် ရသွားပါလိမ့်မယ်။ နောက်ပြီး Effect စတိုင်လ်အမျိုးမျိုးပြောင်းချင်တယ်ဆိုရင် Transition အကွက်ထဲက Effectကိုမောက်စ်နဲ့ ကလစ်နှစ်ချက်ခေါက်ပါ။ ပြီးတော့ကြိုက်တဲ့ စတိုင်လ်ကိုရွေးပြီး OK ကိုနှိပ်။

(Effect များကို ကြည့်ရှုချင်လျှင် Keyboard က Alt ကိုနှိပ်ထားပြီး မောက်စ်နဲ့ရွေ့ကြည့်မှတွေ့နိုင်မည်။Playback ပေးရုံနဲ့မြင်ရမည်မဟုတ်ပါ)

စာသား Tex များ ထည့်သွင်းခြင်း
ဒီ Premiere ဆော့ဝဲဟာ စာသားထည့်သွင်းတဲ့နေရာမှာ တစ်ခြားဆော့ဝဲလ်နဲ့ဆိုင်ရင် နည်းနည်းပိုခက်တယ်လို့ဆို ရမှာပဲ။

စာသားကို ထည့်သွင်းတဲ့နေရာမှာ (၂)ချက်ရှိပါတယ်။
(၁) Adobe Design Title ကနေ စာသားများကို ဖန်တီးခြင်း
(၂) Photoshop ကနေ စာသားများကို ဖန်တီးခြင်း
အဲဒီနှစ်မျိုးထဲတွင် ကြိုက်ရာတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားပြီးမှ Premiere သို့ သွင်းယူရပါတယ်။ ကျနော်အရင်ဆုံး
(၁) Adobe Design Title ကနေ စာသားများကို ဖန်တီးခြင်း ကိုပြောပြမယ်။ အဲဒါဆိုPremiere က File > New > Title ကိုနှိပ်။ အောက်ပါပုံအတိုင်း Adobe Design Title Window ပေါ်လာမည်။ အသေးစိတ်ကျနော်မပြော တော့ပါဘူး။ ကိုယ်တိုင်သာလိုက်လုပ်ကြည့်ပါ။ လွယ်ပါတယ်။ ပြီးရင် Save ကိုနှိပ်ပြီး နေရာမှတ်ထားပြီး သိမ်း လိုက်ပါ။

နောက်တစ်နည်းက (၂) Photoshop ကနေ စာသားများကို ဖန်တီးခြင်း Photoshop ကိုဖွင့်ပါ။ ပြီးတော့ New ကိုနှိပ်ပြီး Page size ကို NTSC, PAL DVတို့ကိုသာ ရွေးရမည်။ ကျနော်ကတော့ NTSC DV 720 ကိုရွေးလိုက်ပါ တယ်။ လိုချင်တဲ့စာသားရိုက်ပါ။ ပြီးတော့ Save as ကို Photoshop (PSD) နဲ့သိမ်းလိုက်ပါ။

နောက်ပြီး Premiere ပရိုဂရမ်ကိုပြန်ဖွင့်လိုက်ပါ။ ခုဏက လုပ်ထားတဲ့ စာသားကို Bin ထဲကိုရောက်အောင်ပို့ရ မှာဖြစ်ပါတယ်။ အဆင့် (၆)တွင် Video Clip ဖိုင်ထည့်သွင်းလိုမျိုးပဲ မိမိသိမ်းထားတဲ့ စာသားဖိုင်ကိုရွေးပြီး Open နှိပ်။ အောက်ပါပုံအတိုင်း choose layer ဘောက်စ်ပေါ်လာမည်။Scroll Down ကိုနှိပ်ပြီး Marge Layer, Background, Mwvf (sawlinux) သုံးမျိုးတွင် နောက်ဆုံး Mwvfပါသော တစ်ခုကိုရွေးပြီး OK ပေးပါ။

ဒါဆို မိမိလုပ်ထားတဲ့စာသားဖိုင်သည် Bin ထဲကိုရောက်လာပြီလေ။ Bin ထဲကိုရောက်လာတဲ့ စာသားဖိုင်ကို Timeline သို့ထည့်သွင်းရမှာဖြစ်သည့်အတွက် ၎င်း Bin ထဲကစာသားဖိုက်ကို မောက်စ်နဲ့ဖိထားပြီ Video 1A နဲ့ Video 1B အကွက်တွင်ထည့်လိုက်ပါဒါမှမဟုတ် Video 2 အကွက်တွင်ထည့်လိုက်ပါ။အဲဒီစာသား Tex တွေကို စတိုင်လ်အမျိုးမျိုး ဒါမှမဟုတ်အချိန်တွေ setting လုပ်ချင်ရင် Timelineထဲကထည့်ထားတဲ့ စာသားဖိုင်ကို မောက်စ်နဲ့တစ်ချက်နှိပ်ပြီး ကီးဘုတ်ပေါ်ကCtrl + y တွဲနှိပ်ပါ ။အောက်ပါပုံအတိုင်း MotionSettings ဘောက်စ် ပေါ်လာမည်…

အဲဒီဘောက်စ်ထဲမှာ Start အကွက်ဆိုတာတွေ့ပါလိမ့်မည်။ ကိုယ်ထားချင်ပြေးချင်တဲ့စာသားရဲ့ စတိုင်လ်တွေကို အဲဒီမျှားကိုသာလိုက်ပြီး လေးထောင့်စလုံးရွေးကြည့်ပါ။ ပြီးတော့ OK ပေး။ဒါက ကျနော်အကျဉ်းလေးသာပြော ပြတာပါ။ သိချင်တတ်ချင်ရင် ကိုယ့်ကိုသာလိုက်ကလိကြပေတော့။

Timeline မှာရှိတဲ့ Video Clip စတင်တည်းဖြတ်ခြင်း
အဆင့် (၁၁)
ဗွီဒီယိုကိုတည်းဖြတ်စတင်တည်းဖြတ်တော့မယ်ဆိုရင် ဒီ Timeline မှာရှိတဲ့အရေးပါတဲ့ Tool တစ်ချို့ကိုသိထား သင့်တယ်။ အထက်ပါ ဗွီဒီယို ကလစ်၊အသံဖိုင်တွေကို Timeline မှာ သွင်းထားပြီးဆိုရင် စတင်တည်းဖြတ်လို့ ရပါပြီ။ ဒီပုံကို Timeline အတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါတယ်။

Timeline မှာရှိတဲ့ တည်းဖြတ်မယ့်ဖိုင်များကို ကြည့်ရှုခြင်း
ဒါပေမယ့် တည်းဖြတ်မယ့်ဖိုင်တွေကို အရင်ဆုံးကြည့်ရှုသင့်တယ်။ အဲဒါမှဘယ်ပိုင်းဟာဖြတ်တောက်ရမလဲစသည်
ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ဒါကြောင့်အောက်က Monitor > PlayButton ကိုနှိပ်ပြီးကြည့်ပါ။

ဖိုင်ဖြတ်တောက်ခြင်း
ကဲ…ဒီနေရာကိုဖြတ်တောက်ပစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးဆိုရင် MultipleRazar Tool (C) ကို မောက်စ်နဲ့တစ် ချက်နှိပ်ပါ။ ပြီးတော့ ဖြတ်မယ့်ဗွီဒီယိုဖိုင်ပေါ်တည့်တည့်တွင် မောက်စ်နဲ့တစ်ချက်နှိပ်။အောက်ပါပုံအတိုင်း ဖိုင်နှစ် ပိုင်းဖြစ်သွားတာတွေ့ရမှာပါ။ Selection Tool (V)(မျှား)ကို တစ်ချက်နှိပ်ပြီးမလိုချင်တဲ့အပိုင်းကို မောက်စ် တစ်ချက်နှိပ်ပါ။ ပြီးတော့ Delete Key ကိုနှိပ်လိုက်ရုံဖြင့် ဖြတ်တောက်ချင်တဲ့ ဖိုင်ပျက်သွားဖြစ်ပါတယ်။

ဖိုင်ကိုရွေ့ခြင်း
ဥပမာ…ဖိုင်တွေအပိုင်းများလာမယ်။ ရှေ့အပိုင်းကို နောက်အပိုင်းသို့ပို့ချင်တယ်။ဒါဆို Tool ထဲကSelection Tool (မျှား)ကိုနှိပ်ပြီး ရွေ့ချင်တဲ့ဖိုင်ကိုမောက်စ်နဲ့ဖိထားလိုက်ပါ။ ပြီးတော့ ထားချင်တဲ့နေရာရောက်ရင် မောက်စ်ကိုလွတ် လိုက်ပါ။

တည်းဖြတ်ထားတဲ့ဖိုင်ကို ပြန်လည်ကြည့်ရှုခြင်း
တည်းဖြတ်ထားတဲ့ဖိုင်ကို ပြန်လည်ကြည့်ရှုချင်ရင် Timeline အကွက်တွင် 00;00,00;02;00 ဂဏန်းပြထား တဲ့အကွက်မှာ မောက်စ်အရင်တစ်ချက်နှိပ်ပါ။ ပြီးတော့ အောက်ပါပုံအတိုင်း တိုင်ငုတ်လေးကို စကြည့်ချင်တဲ့ နေရာကိုရွေ့ပါ။

နောက်ပြီး အပေါ်က Monitor ရဲ့ Play Button ကိုနှိပ်ပါ။ အဲဒါဆို မိမိတည်းဖြတ်ထား တဲ့ဖိုင်ရဲ့အနေအထား ကိုမြင်ရပါလိမ့်မယ်။

မှတ်ချက်= တည်းဖြတ်နေဆဲအချိန်မှာ Effect နဲ့ Tex စာသား ရိုးရိုးMonitor ရဲ့ Play Button ကိုနှိပ်၍ တွေ့ရ မည်မဟုတ်ပါ။ အဲဒီ Effect နဲ့Tex စာသားများကို တည်းဖြတ်နေဆဲအချိန်မှာ အနေအထားကိုသိချင်ရင် Effect နဲ့ Tex စာသားပေါ်တည့်တည့်မှာ Altကီးကိုနှိပ်ပြီး မောက်စ်နဲ့ ဒုတ်တိုင်ကိုလိုက်ရွေ့မှသာ တွေ့နိုင်မှာဖြစ်ပါတယ်။

အသံဖိုင်များ ဖြတ်တောက်ခြင်းနှင့် အသံညှိခြင်း
အသံဖိုင်ကို ဖြတ်တောက်ခြင်း၊ တနေရာမှ တနေရာသို့ရွေ့ခြင်း ပြုလုပ်ပုံတွေကိုအထက်က ဗွီဒီယိုနဲ့အတူတူ ပင်ဖြစ်ပါတယ်။

Add Just Audio Level အသံညှိခြင်း
ထည့်ထားတဲ့ အသံဖိုင်ကို အသံအနိမ့်၊ အမြင့်ညှိချင်ရင် အောက်ကပုံအတိုင်း Audio ဘေးနားကမျှားကိုနှိပ်ပါ။

မျှားကိုနှိပ်ပြီးရင် အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ တွေ့ရတဲ့ အနီရောင်၊အပြာရောင်လေးထောင့် ကွက်လေးတွေကို နှိပ်ပြီး မောက်စ်နဲ့ အနီရောင်၊ အပြာရောင်အတန်းလေးကိုလိုသလိုလိုက်စွဲကြည့်ပါ။ ပြီးတော့ အသံကိုပြန်နားထောင်ကြည့်။ ဒီလောက်ဆိုလုပ်တတ်လောက်ပါပြီ။

Timeline မှာရှိတဲ့ Video, Audio တွေကို ထားချင်တဲ့ Frame
Timeline မှာရှိတဲ့ Video, Audio Frame ကို တည်းဖြတ်တဲ့အခါ Frameတွေကိုလိုသလိုပြောင်းလို့ရပါတယ်။ ပုံမှန်အားဖြင့် Frame ကို ½ Secondထားလေ့ရှိပါတယ်။ ဒါလဲ မိမိကြိုက်တဲ့ Frame ကိုပြောင်းသုံးလို့ရပါတယ်။
အောက်ကပုံကြည့်ပါ….

ရှည်လျှားတဲ့ Video, Audio Frame တွေလွယ်ကူစွာလိုရာကိုရောက်ချင်ရင်အောက်က လေးထောင့်ကွက် သို့မဟုတ် မျှားကိုနှိပ်ပြီး မောက်စ်နဲ့ဖိစွဲပါ။
အောက်ပါပုံအတိုင်း…

Project များမပြီးသေးပဲ ဖိုင်များကိုသိမ်းစည်းခြင်း

လုပ်နေဆဲ Project များကို မပြီးသေးပဲ မိမိက Premiere Program ပိတ်ဖို့လိုအပ်လာရင်လုပ်နေဆဲ Project များကို သိမ်းစည်းထားရပါမယ်။ ဒါကProject များကို ပြန်ပြီးဆက်လက်တည်းဖြတ်ပိုင်းဆိုင်ရာ လုပ်မှာဖြစ် သည့်အတွက် သိမ်းတဲ့သဘောပါပဲ။ Menu > File >Save ကိုနှိပ်ပြီး သိမ်းမယ့်နေရာ၊ဖိုင်နာမည်တွေကိုပေး လိုက်ပြီးတော့ Ok ကိုနှိပ်။ အဲဒီဖိုင်ကိုပြန်ပြီး တည်းဖြတ်ချင်တဲ့အခါ သိမ်းထားတဲ့ ဖိုင်နာမည်ကို ရှာဖွေဖွင့် လိုက်ရုံပါပဲ။

ပြီးသွားတဲ့ Project တည်းဖြတ်မှုများကို ဗွီဒီယိုဖိုင်အဖြစ်သိမ်းခြင်း
ကဲ…တည်းဖြတ်ထားတဲ့ Project ကို စိတ်တိုင်းကျဖြစ်ပြီးဆိုရင် CD ခွေအဖြစ်ကူးယူနိုင်ရန်လုပ်ဆောင်ရတော့ မှာဖြစ်ပါတယ်။ ဒီတိုင်းကူးယူလို့မရပါဘူး။Quality ကောင်းအောင်ဆိုပြီး Canopus Procoder နဲ့ဖမ်းယူပြီးမှ ရရှိလာတဲ့ဖိုင်ကို CD ထဲကူးယူလို့ရမှာဖြစ်ပါတယ်။( ဒါလဲ Canopus Procoder ကို Premiere နဲ့ Plug ins ချိတ်ထားပြီမှ ဒီလုပ်ငန်းစဉ်ကို လုပ်လို့ရမှာဖြစ်ပါတယ်)

ဒါဆို အောက်ကပုံအတိုင်း Menu > File > Export Timeline > ProCoder Easy Exporter ကိုနှိပ်ပါ။

ထိုနောက်canopus procoder ဘောက်စ်ပေါ်လာမည်။ VCD/DVD tag ကိုရွေးပြီးအောက်က မိမိကူးမည့် ဗွီဒီယိုဖေါမက်တွေကိုရွေးပါ။ ကျနော်ကတော့ MPEG 1 VCDNTSCကိုရွေးလိုက်တယ်။ပြီးတော့ Next ကိုနှိပ်

နောက်ဘောက်မှာ မိမိဖိုင်ကိုသိမ်းမည့်နေရာဖြစ်ပါတယ်။ Output File ကိုနှိပ်ပြီးသိမ်းချင်တဲ့နေရာကိုရွေးပြီး Next ကိုနှိပ်။

နောက်ပေါ်လာတဲ့ဘောက်စ်တွင် Start ကိုသာနှိပ်ပါ။

ကဲ…ဒါကတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဖိုင်ကို Conversion လုပ်နေတာဖြစ်ပါတယ်။ အေးဆေးသာထားခဲ့ လိုက်ပါ။ CD တစ်ခွေစာဆိုတော့ တစ်နာရီလောက်တော့ကြာနိုင်ပါတယ်။

အမှာ= ကျနော်ဒီ Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကို အချိန်အနည်းငယ်ပေးဆပ်လိုက်တယ်။ ဘာဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ အတတ်ပညာတစ်ခုကို လိုအပ်တဲ့ ညီ၊ကိုများထံဝေငှ လိုက်ရသည့် အတွက်ကျနော်ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ဖြစ်လေရာဘ၀တိုင်းမှာ စိတ်ချမ်းသာ ကိုယ်ကျမ္မာ နဲ့ နည်းပညာတွေဆက်လက်ဝေငှနိုင်ပါစေလို့ ကျနော်မျှော်လင့်မိပါတယ်။

အားလုံးအဆင်ပြေပြီး ပျော်ရွှင်နိုင်ကြပါစေ….

စောလင်းနက်စ် { http://www.sawlinux.net/ }
Saw Linux  /  9:05 AM  /  ,   /  1 comment

Search