welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, February 23, 2010

Saw Linux  /  6:39 AM  /    /  No comments

ညီနေမင်း

  • http://www.nyinaymin.com

  • တစ်ချို့ တစ်ချို့သော program တွေဟာ ဖြုတ်လို့မရတာမျိုးနှင့် install လုပ်ထားပေမယ့် add and remove programs မှာ မတွေ့တာမျိုးတွေအတွက် အဆိုပါ programs တွေကို ပြန်ဖြုတ်ချင်တဲ့အခါမျိုးမှာ မသိတဲ့သူတွေအတွက် အတော်လေး ရွာလည်တတ်ပါတယ် . အခု ဒီ program ကတော့ အဲ့ဒီ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ် . လွယ်လွယ်ကူကူသုံးရအောင် Portable တင်ပေးလိုက်ပါတယ် . Install လုပ်စရာမလိုပါဘူး .. အောက်မှာ Download လုပ်လိုက်ပါ .

    Download ifile.itDownload mediafire Download multiupload

    Sunday, February 21, 2010

    Saw Linux  /  10:39 AM  /    /  No comments
    Myanmarinternetjournal

    Fiber ဈေးကွက်ကို တုန်လှုပ်စေမည့် Google ၏မြန်နှုန်းမြင့် Broadband ကွန်ရက်

    နာမည်ကျော် search engine တစ်ခုဖြစ်တဲ့ Google ဟာ အင်တာနက်ကို gigabit နှုန်းဖြင့် home business အပါအ၀င် လူသန်းပေါင်းများစွာ အသုံးပြုနိုင်စေမယ့် မြန်နှုန်းမြင့် broadband ကွန်ရက်ကို စမ်းသပ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ွGoogle ရဲ့ ထုတ်လုပ်မှုမန်နေဂျာများဖြစ်တဲ့ Minnie Ingersoll နဲ့ James Kelly တို့ရဲ့ GOOG ဘလော့ဂ်တွင်ဖော်ပြချက်အရ အဆိုပါ မြန်နှုန်းမြင့် broadband ကွန်ရက်ကို အမေရိကန်နိုင်ငံရှိ နေရာအချို့တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး လက်ရှိအမေရိကန်တွင် အသုံးပြုနေတဲ့ 1Gbps ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Google ဟာ အဆိုပါကွန်ရက်ကို အနည်းဆုံး လူငါးသောင်းမှ အများဆုံးလူငါးသိန်းအထိ စမ်းသပ်ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး မျိုးဆက်သစ် application များ ဖွံ့ ဖြိုးတိုးတက်ရန်အတွက် မြှင့်တင်ခြင်း၊ ဖိုက်ဘာကွန်ရက်ထက် ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းသစ်ကိုရှာဖွေခြင်း စတဲ့ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမြန်နှုန်းမြင့် broadband ကွန်ရက်ဟာ high-definition ဗီဒီယို
    တစ်ကားလုံးကို ငါးမိနစ်အတွင်း download ပြုလုပ်ပေးနိုင်ပြီး 3D streaming, telework နဲ့ telepresence များကိုလည်း အသုံးပြု
    နိုင်စေမှာဖြစ်ကြောင်း Google မှပြောကြားခဲ့ပါတယ်။

    Thursday, February 11, 2010

    Saw Linux  /  2:56 AM  /    /  No comments

    deepfreeze၀င်းဒိုးစ် မူလအတိုင်း ဖြစ်နေဖို့ Deep Freeze ကို သုံးပါတယ်

    Deep Freeze က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။ Deep Freeze က System File တွေကို သာမက Data File တွေကိုပါ Restore လုပ်ပါတယ်။ Deep Freeze က ၀င်းဒိုးစ် ရီစတတ် လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလ အခြေအနေ ပြန်ရောက်သွား စေပါတယ်။

    ဆိုလိုတာက စက်တလုံးမှာ ရှိနေတဲ့ ဆော့ဝဲအချို့ကို ဖျက်ပစ်မယ် … ဖိုင်အချို့ကို ဖျက်ပစ်မယ် … အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ် ပြန်ဖွင့်တဲ့အခါ ပြန်ရှိနေမှာ ဖြစ်ပါတယ်။ ဖိုင်အဟောင်း ဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီး သိမ်းထား တာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ ဖိုင်တွေအားလုံး ရီစတတ် လုပ်အပြီးမှာ ပျောက်သွား ပါလိမ့်မယ်။ အသစ် ၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့ အပါအ၀င် ပေါ့လေ။ အားလုံး ပျောက်သွားပါမယ်။

    download DeepFreeze software

    mediafire link (download 34mb)

    download DeepFreeze guide

    mediafire link (download)

    ဆိုတော့ကာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် စက်ထဲ ရှိနေပြီးသား ဖိုင်တွေကို ဖျက်ပစ်တာတွေ ပြင်ဆင်တာတွေ လုပ်လို့မရပါ။ ဖိုင်အသစ်တွေ ထပ်ထည့်တာမျိုး လုပ်ခွင့်မရှိပါ။ တကယ်လို့များ ဖိုင်အသစ်တခု ကိုယ်လိုအပ်တယ် ဆိုရင်တော့ ယူအက်စ်ဘီ ဒရိုက်နဲ့ ကူးယူထားမှ အဆင်ပြေပါမယ်။

    ရွေးချယ်ခွင့် တခုတော့ ရှိပါတယ်။ မိတ်ဆွေရဲ့စက်မှာ Drive C, Drive D စသဖြင့် ခွဲထားတယ်ဆိုရင် ၀င်းဒိုးစ်နဲ့ ဒရိုင်ဗာတွေ ရှိတဲ့ Drive C ကိုဘဲ ထိန်းချုပ်ထား နိုင်ပါတယ်။ အဲလိုဆို C ကလွဲလို့ အခြား ဒရိုက် တွေမှာကတော့ ပြုပြင် ပြောင်းလဲ ခွင့်တွေ ရပါလိမ့်မယ်။ ကျနော်ကတော့ ဒီဆော့ဝဲကို ကျနော့် ကွန်ပြူတာ သင်တန်းခန်း၊ အင်တာနက်ခန်းမှာ သုံးပါတယ်။ အင်တာနက်ခန်း မှာရှိတဲ့ ကွန်ပြူတာတွေက တနေကုန် အင်တာနက် တက်တယ်။ အီးမေးလ်တွေသုံးနေတယ်ဆိုတော့ကာ မလိုအပ်တဲ့ ဗိုင်းရပ်စ်တို့ လိုမျိုးတွေလည်း ၀င်ရောက်လာ တတ်ပါတယ်။ အဲဒါတွေကို ခဏခဏ ပြန်ပြန်ရှင်းနေရတာ အလုပ်တခု ဖြစ်နေပြီး အချိန်သိပ်ကုန် ပါတယ်။ အခု Deep Freeze ကို စက်တိုင်းမှာ ထည့်ထားတော့ အိုကေဘဲ။ ဘာမှ လုပ်စရာ မလိုတော့ဘူး။ တခုခုဖြစ်ရင် (ဗိုင်းရပ်စ်တို့လို ၀င်ရောက် တိုက်ခိုက်တာ ခံရရင်)

    ရီစတတ် လုပ်လိုက်ရုံနဲ့ အားလုံးအိုကေ။

    Install

    Deep Freeze ထည့်သွင်းရာမှာ

    1. install Administrator

    2. create Workstation

    3. install Workstation

    ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။

    install Administrator

    1. Program EXE ကိုဖွင့်လိုက်ပြီး တဆင့်တဆင့်ဆက်သွားလိုက်ရင် Deep Freeze Adminstrator install လုပ်ပါလိမ့်မယ်။

    2. အင်စတောလုပ်တုန်းမှာ ပတ်စ်ဝါဒ်မေးတာရှိပါတယ်။ တခုခုထည့်ပေးပါ။ အဲဒါကို မှတ်ထားပါ။

    create Workstation

    1. Start > All Programs > Faronics > Deep Freeze Enterprise > Deep Freeze Administrator ကို ဖွင့်ပါ။

    2. Configuration tab ကိုရွေးပါ။

    3. မြားပြထားတဲ့နေရာကို check လုပ်ပါ။

    4. Password ထည့်ပေးပါ။ (ဒီ ပတ်စ်ဝါဒ်က အရေးကြီးပါတယ်။ မေ့မသွားပါစေနဲ့။)

    df3

    5. (Drive C တခုတည်းကိုသာ ထိန်းချုပ် ထားချင်တယ် ဆိုရင် ဒီအဆင့်ကို လုပ်ပါ။ ကွန်ပြူတာတခုလုံးကို ထိန်းချုပ်ချင်တယ်ဆိုရင် ဒီအဆင့်ကို ကျော်သွားပါ။)

    မြားပြထားတဲ့ နေရာက Driver ကိုဖွင့်ပါ။ အောက်က check box တွေမှာ C ကလွဲလို့ ကျန်တာအားလုံးကို uncheck လုပ်ပါ။

    df7

    6. Create Programs tab ကိုဖွင့်ပါ။

    7. မြားပြထားတဲ့ ၀က်ဝံပုံကို ကလစ်ပါ။ (Workstation create လုပ်ပါမယ်။)

    8. Save လုပ်ပါ။

    df4

    install Workstation

    1. C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့် ဖွင့်သွားပါ။

    2. အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။

    3. နောက်ထပ်တွေကိုတော့ Install, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။

    4. နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့် လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ် လုပ်နေပါပြီ။ Start bar ညာဘက် အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ပေါ်နေပါမယ်။

    ခုချိန်ကစပြီး မိတ်ဆွေရဲ့စက်မှာ ဘာကိုမှ ပြုပြင်ပြောင်းလဲခွင့်ရတော့မှာ မဟုတ်ပါဘူး။

    တခုခု အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင် Deep Freeze ကို ပိတ်ထားပေးရပါမယ်။ ဘယ်လိုပိတ်မလဲ ကြည့်ရအောင် … ။

    disbale Deep Freeze

    1. Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။

    2. ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။

    3. OK လုပ်ပါ။

    4. နောက်ထပ် box မှာ Boot Thawed ကို ရွေးပြီး OK လုပ်ပါ။

    5. Restart လုပ်ပါ။

    6. စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ်ထားတာ တွေ့ရပါမယ်။

    ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ လုပ်နိုင်ပါပြီ။

    Deep Freeze ကို ပြန်ဖွင့်ထားချင်ရင် ဒီလို …

    enable Deep Freeze

    1. Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။

    2. ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။

    3. OK လုပ်ပါ။

    4. နောက်ထပ် box မှာ Boot Frozen ကို ရွေးပြီး OK လုပ်ပါ။

    5. Restart လုပ်ပါ။

    6. စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ် မရှိတော့ပါ။

    ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ မလုပ်နိုင်တော့ပါ။

    OTP Token

    ကိုယ်ပေးထားတဲ့ ပတ်စ်ဝါဒ်ကို ခဏခဏမေ့တတ်သူတွေအတွက် one time password ကိုလည်း သိထားဖို့လိုပါမယ်။

    1. password မေ့သွားရင် မြားပြထားတဲ့နေရာက နံပါတ်ကို မှတ်ထားပါ။ (အခုပုံမှာတော့ 0036A300 လို့ပြပါတယ်။ စက်တလုံးနဲ့တလုံး တူမှာမဟုတ်ပါ။)

    2. Deep Freeze Administrator ကို ပြန်ဖွင့်ပါ။

    3. One Time Passwords tab ကိုရွေးပါ။

    4. Token နေရာမှာ စောစောက နံပါတ်ကိုထည့်။ Generate ကိုကလစ်။

    5. ၀ိုင်းပြထားတဲ့နေရာမှာ ပေါ်လာတဲ့နံပါတ်ကို သုံးပြီး Deep Feeze ကို Boot Thawed လုပ်ပေးနိုင်ပါပြီ။

    df6

    df5

    Uninstall

    Deep Freeze ကို Boot Thawed လုပ်ပေးပြီး ၀က်ဝံပုံမှာ ကြက်ခြေခတ်ဖြစ်နေမှ Deep Freeze ကို Uninstall လုပ်လို့ ရပါမယ်။ Boot Thawed လုပ်ပြီးရင် အောက်ကအဆင့်တွေကို ဆက်လုပ်ပေးပါ။

    1. C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့် ဖွင့်သွားပါ။

    2. အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။

    3. နောက်ထပ်တွေကိုတော့ Uninstall, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။

    4. နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့်လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ်မလုပ်တော့ပါဘူး။

    5. Start bar ညာဘက်အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ရှိတော့မှာ မဟုတ်ပါ။

    df1

    df2

    Ref: http://www.zwekabin.org/?p=584#more-584

    Monday, February 8, 2010

    Saw Linux  /  11:53 PM  /  ,   /  No comments
    Motherboard အမျိုးအစားက သိပ်အများကြီးမဟုတ်ပါဘူးဈေးကွက်ထဲမှာလက်ချိုးရေလို့ တောင်ရနိုင်ပါတယ် ....
    motherboard အမျိုးအစားများ
    Gigabyte
    Asus
    MSI
    Acer
    Foxconn
    Biostar
    Soyo
    Diamond Flower(DFI)

    Gigabyte ,Asus , MSI တို့ မှာထိပ်တန်း motherboard များ လို့ လူသိများပါတယ် တကယ်လည်း quality မှီတဲ့အတွက်လူသုံး များပါတယ်.. ဒီမားသားဘုတ်တွေတပ်ဆင်ထားမှန်းဘယ်လိုသိမလဲဆိုတော့ Physically အပြင်ပိုင်းအရခန်းမှန်းမယ်ဆိုရင်တော့ စက်ဖုံးဖွင့်လိုက်တာနဲ့ တင်သိနိုင်ပါတယ် motherboard ပေါ်က Northbridge , Southbridge တွေရဲ့  heatsink တွေပေါ်မှာ motherboard ရဲ့ နာမည်ကိုသိသိသာသာ ပေါ်လွင်အောင် ရေးထား တတ်ကြပါတယ်...အောက်မှပုံများတွင်လေ့လာနိုင်ပါတယ်....

    ဒီလိုမှမဟုတ်ပဲ os ပေါ်မှာပဲ ကြည့်မယ်ဆိုရင်လည်းကြည့်လို့ ရပါတယ် start>Run>cmd ကနေ systeminfo ဟုရိုက်ထည့်လိုက်ပါ system manufacture မှာ motherboard company အမျိုးအစားကိုသိနိုင်ပါပြီ...အဆင်ပြေပါစေဗျာ

    Ref: http://www.myanmarchatonline.org/forum/index.php?topic=38006.0

    Sunday, February 7, 2010

    Saw Linux  /  9:06 AM  /    /  No comments

    အခု Window 7 Wallpaper များဟာ အတော်လန်းတယ်။ အင်တာနက်ပေါ်မှာ ရှာဖွေပြီး ကျနော်ကြိုက်တဲ့
    Window 7 Wallpaperများကို စုစည်းထားခြင်းဖြစ်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားတယ် လိုချင်ရင် အောင်ပါ
    ပေးထားတဲ့လင့်ကို ဒေါင်းလိုက်ပါ....

    Download : Mediafire

    Sawlinux

    Friday, February 5, 2010

    Saw Linux  /  7:14 PM  /  ,   /  No comments
    Website တွေရဲ့ IP ကို သိချင်ရင် -

    * Start Menu မှ Run ကို သွားပါ။
    * cmd လို့ရိုက်ထည့် ၊ OK ။
    * ping ခံပြီး web-domain ကို ရိုက်ထည့်ပြီး Enter ။
    * ( ဥပမာ - ping www.google.com )

    ရိုက်ထည့်လိုက်လို့ ရလာတဲ့ IP တွေကို Browser မှာရိုက်ထည့်ပြီးလဲ ကြည့်နိုင်ပါတယ်။ မိမိ IP Address ကို သိချင်ရင်တော့ Trace Your IP မှာ သွားကြည့်နိုင်ပါတယ်။ စုံလင်စွာ ပြထားတာကို တွေ့ရပါလိမ့်မယ်။

    ( IP ချိန်းထားသူများ အတွက်တော့ sengihnampakgigi)

    Ref : http://www.verio.com

    ခင်မင်စွာဖြင့်

    မနောသား

    Saw Linux  /  7:03 AM  /    /  No comments
    Clear Recent Commands From the Run Dialog in Windows XP

    မိမိကွန်ပျုတာမှာ နေ့စဉ်နှင့်အမျှ Run Box မှာရိုက်ထည့်အသုံးပြုနေကြတဲ့ Commands တွေကို ရှင်းလင်းပေးဖို့ ဖျက်ဖို့အတွက် နည်းလမ်းလေးပါ။ XP အတွက်သာမဟုတ်။ Vista and Window 7မှာလည်း လုပ်လို့ရပါတယ်။

    ပထမနည်း

    * Start--Run --regedit ရိုက်ထည့်ပြီး Enter ။
    * HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU ထိရောက်အောင်သွားပါ။

    အပေါ်က ပုံမှာ မြင်တဲ့အတိုင်းပဲ ညာဘက်မှာ Recent commands တွေကို တွေ့တယ်မလား။ အဲဒီ Commands တွေထဲက ကိုယ်ဖျက်ချင်တာတွေကို Select ပေးပြီးဖျက်လိုက်ပါ။ အကုန်ဖျက်ချင်တယ်ဆိုရင်လဲ အားလုံး Select ပေးပြီး Delete ပေးလိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ။

    ဒုတိယနည်း

    Taskbar ပေါ်မှာ Right-Click ထောက်ပြီး Properties ကို သွားပါ။ ထိုမှတဆင့် Start Menu ကို ထပ်သွားပါ။

    Start Menu ရောက်ရင် Classic Start Menu Option ကို ရွေးပါ။ ပြီးရင် Customize Button ကို Click လိုက်ပါ။ ထိုမှတဆင့် Clear Button ကို Click ပြီး Start menu မှ Recent Documents and Applications တွေကို ဖျက်နိုင်ပါတယ်။

    ပြီးသွားရင် Classic Start Menu ကို Start Menu ပြန်ထားလိုက်ပါ။ ဒါဆို အိုကေသွားလိမ့်မယ်။

    Ref : http://www.howtogeek.com/howto/windows/clear-recent-commands-from-the-run-dialog-in-windows-xp/

    စောလင်းနက်စ်

    Thursday, February 4, 2010

    Saw Linux  /  8:37 AM  /  ,   /  No comments
    မျက်စိရှုပ်လိုက်တာနော် ကွန်ပျူတာကိုကြည့်ရတာ ဆိုသူများအတွက်ပါ ...။
    စလုပ်လိုက်ကြရအောင်.....

    အဆင့် ၁။ Run box မှာ gpedit.msc လို့ရိုက်ထည့်လိုက်ပါ ..။

    အဆင့် ၂။ ပွင့်လာပြီဆိုရင် user configuration အောက်က Adminstrative
    Template ကိုဝင်လိုက်ပါ...။

    အဆင့် ၃။ ညာဘက် အကွက်ထဲမှာပေါ်နေတဲ့ Desktop ကို ကလစ်ပေးလိုက်ပါ..။

    အဆင့် ၄။ hid and disable all item on the desktop ကို double
    ကလစ်ပေးလိုက်ပါ...။

    အဆင့် ၅။ ပေါ်လာတဲ့ dialog box ထဲမှာ Enable ကို ကလစ်ပေးပြီးတော့
    ကွန်ပျူတာကို restart သာချလိုက်ပါ ဗျာ လုံးဝ အဆင်ပြေပြီးတော့
    သင့်ရဲ့ desktop မှာ ဘာမှမမြင်ရတော့ပါဘူး...။

    အဆင်ပြေကြပါစေဗျာ...။

    ကိုဇော် (မာလတီ)

    Wednesday, February 3, 2010

    Saw Linux  /  9:01 PM  /    /  1 comment

    Saw Linux  /  9:01 PM  /    /  1 comment

    Saw Linux  /  8:57 PM  /    /  No comments
    သံလုံးငယ်

    ရေးသင့်လို့ ရေးရတော့မယ် .... သီချင်းဆိုနေတာမဟုတ်ဘူး ... ပြောပြသင့်မယ်ထင်လို့။ အများကြီးတွေ ရေးမနေတော့ပါဘူး။ ကွန်ပျူတာ ဝယ်မယ်ဆိုတာနဲ့ (win key + Break key) ကို နှိပ်လို့ပဲဖြစ်ဖြစ်၊ my computer ကို right-click လုပ်ပြီး properties ကို နှိပ်လို့ပဲဖြစ်ဖြစ် system properties ကို ကြည့်ကြတယ်လေ။ အဓိက က CPU information ကိုး ဗျ။ တော်တော်များများက အဲဒီနေရာတစ်ခုကိုပဲ ကြည့်ပြီး ယုံနေကြလို့။ အဲဒါကို ပြောင်းပြထားပြီး အင်ရိုက်လို့ ရတယ်ဆိုရင်ရော .... အောက်မှာကြည့်လိုက်ပါဦး ...

    တွေ့တယ်နော် ... Dual-Core ကနေ Core 2 Quad ကြီးကို ဖြစ်သွားပြီ။ ဘယ်လောက်ပိုပေးမှာလဲ။း) ..ဘယ်လိုပြောမှာလဲ ... ထားပါ။ ပြောင်းလို့ ရနိုင်တဲ့ နည်းလေး အရင်ပြောပါ့မယ်။
    +/- အပြည့်အစုံသို့

    Run - regedit လို့ရေးပြီး registry editor ထဲဝင်။ အောက်က ပြောထားတဲ့ လမ်းကြောင်းအတိုင်း အစဉ်လိုက်သွားပေတော့။

    HKEY_LOCAL_MACHINE\Hardware\Description\System\CentralProcessor\0

    CentralProcessor ရဲ့ အောက်မှာ 0 နဲ့ 1 ဆိုပြီး နှစ်ခု ရှိပါတယ်။ 0 ကို ပြောင်းလိုက်ရင်ပဲ ပေါ်ပါပြီ။
    Image Hosting by imagefra.me

    0 ကို နှိပ်ပြီး ညာဘက်မှာ ProcessorNameString ဆိုပြီးရှိပါတယ်။ Double-click နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်။

    ပြောင်းပြီးရင် registry editor ကိုပိတ်ပြီး system properties ကို ပြန်ဖွင့်ပါ။ ပြောင်းလိုက်တဲ့အတိုင်း ပေါ်လာတာကို မြင်ရပါလိမ့်မယ်။

    ပြောင်းရ၊ ရှာရပျင်းတဲ့လူတွေကတော့ အောက်မှာ ကျနော်ပေးထားတဲ့ စာအားလုံးကို Notepad မှာ ကူးထည့်၊ နာမည်တစ်ခုပေးပြီး .reg နဲ့ save လိုက်ပါ။ (name.reg)

    Windows Registry Editor Version 5.00

    [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor]

    [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\0]
    "Component Information"=hex:00,00,00,00,00,00,00,00,00,00,00,00,00,00,00,00
    "Identifier"="x86 Family 6 Model 23 Stepping 10"
    "Configuration Data"=hex(9):ff,ff,ff,ff,ff,ff,ff,ff,00,00,00,00,00,00,00,00
    "ProcessorNameString"="Core 2 Quad Q6600 @ 2.40GHz"
    "VendorIdentifier"="GenuineIntel"
    "FeatureSet"=dword:60ef3fff
    "~MHz"=dword:000007cb
    "Update Signature"=hex:00,00,00,00,07,0a,00,00
    "Update Status"=dword:00000006
    "Previous Update Signature"=hex:00,00,00,00,07,0a,00,00
    "Platform ID"=dword:00000080

    [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\1]
    "Component Information"=hex:00,00,00,00,00,00,00,00,01,00,00,00,00,00,01,00

    ပြီးရင် Double-click နဲ့ run လိုက်တာနဲ့ ကျနော် ပေးထားတဲ့ information အတိုင်း ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

    အဓိက ပြောချင်တာတော့ ဒါတစ်ခုထဲ ကြည့်ပြီး မယုံရဘူးဆိုတာ သိစေချင်တာပါပဲ။ ကဲ ... ဒါဆို ဘယ်ကနေ အမှန် သိနိုင်မလဲ ? ။ ကျနော် စာတွေ အများကြီး ရေးခဲ့ပြီးပါပြီ။ ပို့စ်တွေပဲ ၃၀၀ ကျော်ခဲ့ပြီ။ ဘာပြန်ပြောမလဲ နားထောင်နေမယ်။း) မိမိတို့ စိတ်ထင်တာလေးတွေ ပြောခဲ့ကြည့်ကြပါဦး ....

    Tuesday, February 2, 2010

    Saw Linux  /  2:54 AM  /    /  No comments

    ဘလောဂါလောကသို့ ရောက်လာတာ အခုဆို သုံးနှစ်နီးပါးရောက်လုနီးပါပြီ၊ ကျနော့်အတွက်ဘာတွေကျန်
    လဲ။ အချိန်သာကုန်သွားပြီး တစ်စုံတစ်ခုကော အကျိုးဖြစ်ထွန်းခဲ့ရဲ့လား။ ဒါတွေကို သုံးသပ်ကြည့်ရင် ပိုပြီး
    သိသာနိုင်တဲ့အကျိုးရလာဒ်တွေ ရရှိလာနိုင်မယ်ထင်လို့ ဒီစာကိုရေးဖို့စိတ်ကူးပေါ်လာခြင်းဖြစ်တယ်။
    ကျနော်ဘလောဂါလောကကို ၂၀၀၇-ခုနှစ်တွင် ၀ါသနာအလျှောက်စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်
    တုံးက သူများတွေဘလောဂါဆိုတော့ ကိုယ်လဲ ဘလောဂါပေါ့။ ဘလောဂါဆိုတာ ဘာလဲ သိတဲ့လူတွေကို
    လိုက်မေးကြည့်တယ်။ သူတို့လည်း သိသလောက်ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက ကျနော် ခပ်အိုအိုလက်တော့
    ကွန်ပျူတာတစ်လုံးနဲ့ပေါ့။ ဒါပေမယ့် သူငယ်ချင်းဆီကနေ ဒေါ်လာ ငါ့းရာလောက်နဲ့ပြန်ဝယ်ရတယ်။ တန်လား
    မတန်ဘူးလားဆိုတာလဲ မသိခဲ့ပါ။ လက်တော့က XP နဲ့ အဆင်မပြေတော့ Linux Ubuntu နဲ့ ခရီးဆက်ရတာ
    ပေါ့။ အဲဒီအချိန်ကစပြီး စောလင်းနက်စ်ဆိုတဲ့ နာမည်ပါရသွားတယ်။ ဒါပေမယ့် Linux သာ သုံးတာပါ။
    သူ့ရဲ့ OS တွေကို ဘယ်လိုတင်ရမလဲဆိုတာ မသိခဲ့။
    နောက်ပိုင်း လက်တော့ Dell Brand New အသစ်တစ်လုံးဝယ်လိုက်တယ်။ ကျောင်းအချိန်မှ လွဲပြီး လိုချင်
    သိချင်တဲ့ ဘလော့အကြောင်းတွေကို တစ်ဆိုက်မတ်မတ်လေ့လာခဲ့တယ်။ ပို့စ်တွေကလည်း သူများဆိုက်က ကော်ပီတွေယူပေါ့ဗျာ။ ကျနော့်ရဲ့လက်ဦးဆရာတွေကတော့ အရှင်ကေသရ(မွန်)၊ အရှင်မေတ္တာစာရ (ဘလော့ ဂါ)တို့ဖြစ်ပါတယ်။ သူတို့ကလည်း အမြဲတစေသင်ပေးတာမျိုးမဟုတ်ပါ၊ ကိုယ်သိချင်တာလေးတွေ မေးမေးနေ
    ရတယ်လေ။ ကိုယ်လိုချင်ရင် သူများပေးချင်အောင်ပြုမူနေထိုင်မှ ကိုယ်ရနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်
    သူများဆီက ပညာကိုလည်းလိုချင်သေး သူများပေးချင်အောင်လည်း မပြောတတ်မဆိုတတ် မာနတခွဲသား
    နဲ့ဆိုလျှင် ဘယ်သူမဆိုပေးနိုင်မည်မထင်။ နောက်ပိုင်း HTML and CSS beginner, preimtermiate and in
    -termiate စာအုပ်လေးတွေကို နည်းနည်းပါးပါးလေ့လာဖြစ်ခဲ့တယ်။ အခုထိ စမ်းတ၀ါးဝါးဖြစ်နေတုန်းပါပဲ။

    နောက်ပြီး အထူးကျေးဇူးတင်ရမှာ အင်တာနက်ပေါ်က ဆရာတွေပါပဲ၊ အင်တာနက်ပေါ်မှာ နည်းပညာတွေရေး
    နေတဲ့ ကိုရန်အောင်၊ သံလုံငယ်၊ ညီနေမင်း၊ မနောသား......စတဲ့ နည်းပညာဘလောဂါပညာရှင်များဟာ
    ကျနော့်အတွက်တော့ မတွေ့ ဖူးတဲ့သင်ဆရာ၊ မြင်ဆရာတွေပါပဲ။ သံလုံငယ်ဆိုလျှင် ပညာကို အခြေခံကျကျ
    သင်ယူကြဖို့၊ သူများတွေအထင်ကြီးခံရတာမျိုးမလုပ်ကြဖို့ ပညာပေးရေးသားမှုတွေဟာ အင်မတန်နမူနာယူ
    စရာကောင်းပါတယ်။ ”mail Hacking များအတွက် ရှင်းလင်းချက်” ပို့စ်ကို ဖတ်ကြည့်ရင် သူ့စေတနာကို သိ
    နိုင်ပါတယ်။

    ဒီလိုပါပဲ သူတစ်ယောက်တည်းမဟုတ်ပါဘူး အားလုံးသော နည်းပညာရေးသားကြတဲ့ ဘလောဂါပညာရှင်များ
    ဟာ ကျနော်တို့လို ၀ါသနာရှင်များအတွက် တစ်ထောက်တစ်နေရာမှ ကျေးဇူးများမှာသေချာတယ်။ ကျနော်
    အဓိကဆိုလိုသည်မှာ ဘလောဂါလောကကို ၀င်ရောက်လာခဲ့တဲ့ သုံးနှစ်ဝန်းကျင်အတွင်း ဘာတွေရခဲ့သ
    လဲ.....ဟုတ်ကဲ့ တကယ်ပဲရခဲ့ပါတယ်။ ၀မ်းလဲဝမ်းသာတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီသုံးနှစ်အတွင်းမှာ
    ဘလော့ကို ဆရာတွေလို မဖန်တီးတတ်ပေမယ့် ဘာပဲပြောပြော ဘလော့နဲ့တူအောင် ဖန်တီးနိုင်စွမ်းရှိလာ
    တယ်။ ကွန်ပျူတွေကို ဘယ် OS ဖြစ်ဖြစ်တင်ချလုပ်နိုင်တယ်။ ဒါတွေသည် ကျနော့်အတွက်ကုန်ဆုံးခဲ့ရတဲ့
    အချိန်တွေရဲ့အမြတ်ပဲ။ ဒါတွေကို ကျေးဇူးတင်သင့်တင်ထိုက်တဲ့လူတွေကို ညွန်းပါဆိုရင် အင်တာနက်ပေါ်
    က ဘလောဂါနည်းပညာရှင်တွေရဲ့ ကျေးဇူးတရားတွေသာဖြစ်ပါတယ်။

    နိဂုံးချုပ်အားဖြင့်...အင်တာနက်ဆိုတာ သုံးတတ်ရင်ကျေးဇူးသိပ်များတယ်လို့ ထင်တယ်။ အင်တာနက်ပေါ်က
    နည်းပညာပိုင်းဆိုင်ရာစသည် ရေးသားတဲ့ဆိုက်မှန်သမျှ ကျနော်တို့အတွက် သတင်တန်းကျောင်းပဲ။ ထိုဆရာ
    များသည် အဖိုးအခတပြားတချပ်မှမယူပဲ ကျနော်တို့ကိုပေးသည်။ သူတို့ရဲ့ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ စေတနာ
    တွေဟာ ဘယ်ဟာနဲ့မှ မနှိုင်းယှဉ်နိုင်ပါ။ ၀ါသနာရှင်ကျနော်တို့များ ယူဖို့သာလိုပါသည်။ ယူနိုင်၊ လေ့လာနိုင်
    ခဲ့မည်ဆိုလျှင် ဆရာကြီးတစ်ဆူမဖြစ်တောင်မှ သူများနည်းတူ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရှင်သန်
    နိုင်မှာဖြစ်ကြောင်း ”ဘလောဂါနဲ့ ကျွန်တော်” ဆိုတဲ့ ဘလောဂါလောကကို ၀င်ရောက်လာခြင်းရဲ့ဖြစ်စေနိုင်တဲ့
    အကျိုးကျေးဇူးများကို မီးမှောင်းထိုးပြခြင်းဖြစ်ပါသည်။

    အမှားအယွင်းရှိခဲ့ပါက နားလည်ပေးစေချင်သည်

    Monday, February 1, 2010

    Saw Linux  /  6:40 PM  /    /  No comments
    ရယူခြင်းသည် ပေးစပ်ဖို့အတွက် (For it is giving that we receive)

    ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ပို့စ်ကိုတင်ရခြင်းသည် ကျွန်တော် အပါအ၀င် `မိမိရယူထားတဲ့ အရာဝတ္ထမှန်သမျှ` အခြားသူတစ်ပါးကို ပြန်လည်ပေးစပ်နိုင်ဖို့၊ ပရဟိတ လို့ခေါ်လူသိများတဲ့ အများသူငါအကျိုးတွေကို သယ်ပိုးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

    ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ စကားပုံသည် -အင်္ဂလိပ်စာမူရင်းမှ ကျွန်တော် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

    ညီ၊ အကိုနှစ်ယောက်

    ဟိုရှေးတုန်းက အကိုကြီးနဲ့ ညီငယ်နှစ်ယောက်လုံး မိသားစုပိုင်တဲ့လယ်ယာမြေတစ်ခုတည်းမှာအတူတကွ
    လုပ်ကိုင်ကြပါတယ်။ အကိုကြီးက အိမ်ထောင်သည်ဖြစ်ပြီး မိသားစုနဲ့အတူနေထိုင်ကြပါတယ်။ အခြားညီငယ်
    တစ်ယောက်က လူပျိုလူလွတ်ဖြစ်ပြီး လယ်ယာလုပ်ငန်းတစ်နှစ်တာပြီးဆုံးတဲ့အချိန်တွင် ညီ၊ အကိုနှစ်ယောက် ရရှိလာတဲ့အလယ်ယာအကျိုးအမြတ်တွေကိုဝေငှကြပါတယ်။

    တစ်နေ့သောအခါမှာ ညီငယ်က သူ့ကိုယ်သူ စဉ်းစားပြီး ဒီလယ်ယာအကျိုးအမြတ်တွေကို အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ ထင်တယ်။ ငါသည် တကိုယ်တကာယသမားပဲ ဘာအထူးအထွေမှလည်းမလိုအပ်
    ဘူး။ ဒါနဲ့ပဲ ညစဉ်ညတိုင်း သူရဲ့စပါးကြီမှ စပါးတစ်အိပ်ကိုယူပြီး သူရဲ့အကိုကြီး စပါးကြီထဲကို သွားထည့်ခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ အကိုကြီးကလည်း သူ့ကိုယ်သူစဉ်းစားပြီ ပြောဆိုမိပါတယ်။ဒီလယ်ယာအကျိုးအမြတ်တွေကို
    အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ သူညီနည်းတူ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်ဟာ အိမ်ထောင်
    သည်ပဲ နောက်ပြီး လာမည့်နှစ်များအတွင်း ကျွန်တော်ကိုစောင့်ရှောက်ဖို့ ကျွန်တော်ဇနီး၊ခလေးတွေ လည်းရှိ တယ်။

    ငါ့ညီကတော့ ဘယ်သူမှ သူ့ကိုစောင့်ရှောက်မည့်သူမရှိ၊ သူရဲ့အနာဂါတ်အတွက်လည်း ကြည့်ရှုမည့်သူမရှိ။ ဒါနဲ့ပဲ
    အကိုကြီးဖြစ်သူက ညတိုင်း သူရဲ့စပါးကြီးမှ စပါးတစ်အိပ်ကိုယူပြီး သူညီရဲ့စပါးကြီးထဲသို့ သွားထည့်ခဲ့ပါတယ်။

    ဒီလိုနဲ့ပဲ နှစ်အတော်ကြာ သူတို့နှစ်ယောက်စလုံး ပဟေဠိဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့လုပ် ဆောင်ချက်တွေကို တစ်ယောက်တစ်ယောက်မသိကြလို့ပါပဲ။ အချိန်တွေကြာညောင်းလာတာနဲ့အတူ အမှောင်ထုကြီးမှားသော ညတစ်ညမှာ ညီ၊ကိုနှစ်ယောက်စလုံး အချင်းအချင်းတိုက်မိုက်ကြပြီးမှ ဒီအဖြစ်
    အပျက်တွေကိုသိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို သိခဲ့ပြီးတဲ့နောက် သူတို့ရဲ့လုပ်ဆောင်ချက်ကို ၀မ်းသာ
    ကြည်နူးခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြပါတော့တယ် ။ ။

    ကဲ…ဒို့တစ်ထွေလည်း အဲဒီညီ၊အကိုနည်းတူ စိတ်ထားတတ်၊ လုပ်ဆောင်တတ်မယ်ဆိုရင်…ရယူခြင်းသည် ပေးစပ်ဖို့ပဲ
    မဟုတ်လား……

    Saw Linux

    Saw Linux  /  6:59 AM  /    /  No comments
    မြန်မာ သက္ကရစ်ခုနှစ်၊ ရက်စွဲများ ဘလော့မှာပေါ်ချင်သူများအတွက် မာ့ခ်၏ ကိုယ်​ပိုင် အတ္တများ
    နာမည်ကတော့မိုက်တယ်နော် (နာမည်တွေ့တာနဲ့ကြောက်စရာကြီး) ကျနော်တောင် အဲဒီဆိုက်ရောက်ရင် ကြောက်ကြောက်လာတယ်။သူ့ဆိုက်ကိုရောက်ရင် အသာလေးပြန်လှည့်လာရတယ်။ တော်ကြာဆော်ထည့်
    လိုက်မှ ရှိစုမဲ့စုလေးတွေကြွကုန်အုံးမယ်။နောက်တာပါဗျာ....နာမည်ကြမ်းတယ်ဆိုပေမယ့် စိတ်ကောင်းမယ့်
    ပုံပါဗျာ။ သူတို့တစ်တွေကိုကြည့်ပြီးအားကျခဲ့ရတယ်။

    ကျနော်တို့လို ၀ါသနာမျှသာရှိပြီး နည်းပညာမရှိသူတွေအတွက် အဲဒီဆိုက်တွေကို အားကိုးရတယ်လေ။ တကယ်တော့
    သူတို့တွေဟာ နည်းပညာတွေကို အဖိုးအခတစ်ပြားတစ်ချမယူပဲ စေတနာပြည့်ဝစွာဖြင့် ဝေငှတဲ့သူတွေဖြစ်ပါတယ်။
    ဒါကြောင့် နည်းပညာရေးသားသူအားလုံး ကျနော်က သူတို့ကို မတွေ့မမြင်ရပေမယ့် စိတ်ထဲမှာအမြဲကျေးဇူးတင်မိတယ်။
    နောက်ပြီး သူတို့အားလုံးအဆင်ပြေကြပါစေ ထာဝရအောင်မြင်ကြပါစေဆိုပြီး မေတ္တာပို့ပေးခဲ့ပါတယ်။
    အဓိကပြောလိုသည်မှာ သူ့ဆိုက်မှာဒီအကြောင်းကိုရေးထားပါတယ်။ အောက်ဆုံးကလင့်ပေးထားပါတယ်။

    အော်မြန်မာ ပြက္ခဒိန်ထည့်နည်းက ဘယ်ရောက်နေပါလိမ့်၊ အဲ...ထည့်ချင်ရင် အောက်ပါအတိုင်းလုပ်ပါ....

    Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript ကိုယူပါ. ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.

    <script src="http://soemin.googlecode.com/svn/scripts/myanmar_calendar.js" type="text/javascript"></script>

    ပိုပြီးတော့ အဆင်ပြေချင်ရင်တော့ ဒီ JS ဖိုင်လေးကို ဒေါင်းလုပ်ချလိုက်ပါ. ပြီးတော့ ကိုယ့်ဖာသာ အဆင်ပြေမယ့် Hosting site တစ်ခုခုမှာ ကိုယ့်ဖာသာပဲ Hosting လုပ်ပြီး လင့်ခ်လေးကို ထုတ်ယူလိုက်ပါ. ဒါဆိုရင် အများကြီးက ၀ိုင်းဆွဲလို့ Bandwidth Limit ကျော်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး.
    ဒီမှာ ဒေါင်းလုပ်ချပါ. (ဒါကတော့ ကိုရန်အောင်လေသံပါ)။

    ဒါကကိုစိုးမင်းရဲ့အိမ်ပါ

    Search