welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, September 27, 2012

Saw Linux  /  12:57 AM  /    /  No comments
Linux Live USB Creator ဟာ Window အတွက် free open sources ဖရီးဆော့ဝဲတစ်ခုဖြစ်ပါတယ်။ မိမိတင် ထားတဲ့ Window အပေါ်မှာ Linux OS ကို USB Live အနေဖြင့်အသုံးပြုနိုင်အောင်ပြုလုပ်ပေးတဲ့ ဆော့ဝဲ တစ် ခုဖြစ်တယ်။ လိုရင်းကတော့ Linux OS အတွက် Bootable ပြုလုပ်ပေးနိုင်တဲ့ Program လေးပါ။

တစ်ခြား Linux အတွက် Bootable ပြုလုပ်နိုင်တဲ့ဆော့ဝဲတွေရှိပေမယ့် ဒီဆော့ဝဲလည်းအတော်အသုံးတည့်
တော့ထပ်ပြီးတင်ပေး လိုက်တယ်။ နောက်ပြီး ၀င်းဒိုးမှာ တစ်ခါတစ်လေ external HDD ဟါဒ်ဒစ်တွေ ထရို
ဂျန်ဗိုင်းရပ်စ်ထိလို့ ဒေတာများပျက်ဆီးသွားတဲ့အခါ ဒီ Linux Live USB နဲ့ Data Recovery ပြန်လုပ်တာအ
အရမ်းအဆင်ပြေတယ်ဗျာ။

မိမိအသုံးပြုမည့် Linux OS တစ်ခုခုရှိရင်ရပါပြီး။ ဥပမာ...ubuntu, linux mint စသည်ပေါ့လေ။။ Linux ရဲ့
အမျိုးအစားကလဲများသား။ ကျနော်က အဲဒီနှစ်ကိုပဲအသုံးပြူဖူးတယ်။ ကျန်တဲ့ red hard, fedora စသည်
မစမ်းဖူးသေးဘူး။ အရင်ကဆို ကျနော်စက်မှာ လင်းနက်စ်ကိုအမြဲတင်ထားတယ်။ နောက်ပိုင်းစက်က
Dual Boot သိပ်မနိုင်တော့ လင်းနက်စ်ကိုဖြုတ်ထားလိုက်တယ်။ အဲဒီနောက်ပိုင်း Linux နဲ့ ပတ်သက်တဲ့
tutorial သိပ်မလေ့လာဖြစ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်အသုံးတည့်လို့ ရှယ်ပေးလိုက်တယ်။

Bootable ဖြစ်အောင်လုပ်နည်းက LiLi USB Creator ကိုနှိပ်လိုက်တာနဲ့ Screenshot ပေါ်လာမယ်။ Step အ ဆင့်ချင်းလိုက်လိုက်လုပ်ရုံပါပဲ။

Feature:
* create bootable Live USB of Ubuntu, Fedora, Debian, OpenSUSE, ArchLinux, Damn Small Linux, Puppy Linux and many others!
* launch Linux directly in Windows with a special Portable VirtualBox
* hide created files on the key
* Available in : French, English, German, Italian, Spanish, Japanese, Norwegian, Swedish, Portuguese, Korean, Russian, Dutch, Polish and Hungarian

Download :
google code

စောလင်းနက်စ်

Saw Linux  /  12:23 AM  /    /  No comments
Dual Boot (Window + Linux) အသုံးပြုသူများအတွက် bootloader နဲ့ပတ်သက်တဲ့ပြဿနာဟာ မကြာကြာ တွေ့နိုင်ပါတယ်။ ဥပမာ.. Linux OS အင်စတောလုပ်ပြီးတဲ့အချိန်မှာ Window ဖက်ကပြန်ဖွင့်လိုက်ရင် Window boot မတက်နိုင်တဲ့ပြဿနာတွေ့ရမှာပဲ။ အဲဒီပြဿနာကိုဖြေရှင်းနိုင်အောင် ဒီပို့စ်ကိုတင်ပေးခြင်းဖြစ်ပါတယ်။ Bootloader ပြန်ဖေါ်တဲ့နေရာမှာ Window OS အလိုက်ကွဲပြားမှုတွေရှိပါတယ်။ XP အတွက်ရယ် Vista/ 7 ရယ်ဆိုပြီး နှစ်မျိုးမှတ်ထားလိုက်ပါ။ အဲဒီနှစ်မျိုးစလုံးအတွက် လုပ်နည်းကိုအောက်မှာရေးပြသွားမှာပါ။  

Windows XP bootloader ကို Restore လုပ်ဆောင်နည်း
ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။ အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recover လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့ "r" ကိုနှိပ်ပါ။ Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေးဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -

 fixboot 
 fixmbr ပြီးသွားရင်

ဒါကို ရိုက်ပါ။ exit ပြီးသွားရင်

Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် XP bootloader ပြန်အ လုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်နည်း
ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 installation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။ တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့ ရပါတယ်။  အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။
 
 နောက်စာမျက်နှာမှာ "Repair your computer." ကို နှိပ်ရပါမယ်။
 
 အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7 installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာ ကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။

 အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt" ကို click ပေးပါ။ နောက်ပြီးရင် အောက် ဖော်ပြပါ command တွေကို ရိုက်ပေးပြီး Enter ခေါက်ပါ။
 
bootrec /fixmbr 
bootrec /fixboot 
bootrec /rebuildbcd

 ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။ ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7 ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

စောလင်းနက်စ်

Tuesday, September 25, 2012

Saw Linux  /  6:56 PM  /    /  No comments

hardware နဲ့ပတ်သက်တဲ့ မှတ်သားစရာပို့စ်တစ်ပုဒ်လောက်တင်လိုက်မယ်။ ကိုယ်ပိုင်ရေးတော့မဟုတ်
ဘူး။ ကော်ပီပို့စ်လေးပါ။ power supply အတွက်ဖတ်သင့်တဲ့တော့ပစ်လေးပါပဲ။

ကွန်ပျူတာဆိုတာ စပေါ်တဲ့အချိန်ကစပြီး နှစ်တွေနှစ်တွေပြောင်းလဲလာတာနဲ့အမျှ ကွန်ပျူတာ System ထဲမှာ
ထည့်တဲ့ အခြေခံပစ္စည်းတွေမှာလည်း တဖြည်းဖြည်းပြောင်းလဲလာတာပါပဲ။ ဒါကြောင့် System ရဲ့ပုံစံကို တစ်သ

မတ်တည်း ပြန်သတ်မှတ်ဖို့အတွက်ကို Desktop ကွန်ပျူတာတွေအတွက် စံသတ်မှတ်ချက်တွေ ထုတ်ပေးလိုက်
တယ်။ Desktop Computerတွေရဲ့ ပုံစံပိုင်းတွေ၊ လျှပ်စစ်ပစ္စည်းလိုအပ်ချက်တွေ၊ အရွယ်အစားတွေအပိုင်းမှာ
စံနှုန်းတွေ သတ်မှတ်ခဲ့တာပါ။ ဒါမှ Vendorတွေ၊ System တွေအကြားမှာ Parts တွေကို လွယ်လွယ်ကူကူ
ပြောင်းလို့လည်းရမှာပါ။ ဒီအစိတ်အပိုင်းတွေ အားလုံးအတွက်ဆိုရင် လျှပ်စစ်စွမ်းအားကို Low Voltage ကနေ
High Voltage အဖြစ် ပြောင်းလဲပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် Power Supply တွေလည်း တဖြည်းဖြည်းနဲ့
ပြောင်းလဲလာပြီး သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပေးလာကြပါတယ်။

AT ၊ ATX ၊ ATX12V ......ဘာတွေလဲ?

ပြောခဲ့သလို Desktop Design နဲ့ပတ်သက်ပြီး စံသတ်မှတ်မှုတွေက ပြီးခဲ့တဲ့ နှစ်တစ်လျှောက်လုံးကိုပဲအမျိုးမျိုး
ပြောင်းနေတယ်လေ။ ဟိုးအစောပိုင်းနှစ်တွေတုန်းက IBM Compatible System မှာ သတ်မှတ်ခဲ့တာတစ်ခု
ကတော့ ATX လို့လည်းခေါ်တဲ့ Original Advanced Technology ပါပဲ။ သူက ပထမဆုံးပေါ်ခဲ့တဲ့ နည်းပညာပါ။ နောက်ပိုင်း Power ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ ပုံစံအနေအထားတွေပြောင်းလဲလာတော့ စက်ရုံကနေပြီး ATX
ကို ပြောင်းလဲထွင်ရပြန်တယ်။ ATX ဆိုတာAdvanced TechnologyExtended ကို ပြောတာပါ။ ဒီ ATX ကို တော်တော်ကြာကြာ သုံးခဲ့သေးတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီကြားထဲနှစ်တွေမှာ Power ပြောင်းလဲမှုအမျိုးမျိုးနဲ့ ကိုက်ညီအောင် လုပ်နိုင်ဖို့ လုပ်ငန်းရှင်တွေအားလုံး အာရုံစိုက်နေခဲ့ရတယ်လေ။ အခုမှာတော့ ATX 12V ဆိုတဲ့ ပုံစံအသစ်ကိုထုတ်လုပ်ပြီး ဒါပဲသုံးခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒီ Standard ကို ATX V2.0 လို့ခေါ်တယ်။ နောက်
ပိုင်း 2.0 ထက်မြင့်တာတွေလည်း ရှိသေးတယ်။ လက်ရှိသုံးနေတာတွေက ဒီ ATX ကနေ ခွဲထွက်လာတဲ့ Standard
Version တွေပါပဲ။ ဒါကြောင့် ATX နဲ့ပတ်သက်ပြီး သူရဲ့Version တစ်ခုချင်းစီကို သမိုင်းကြောင်းအနေနဲ့ ရှင်းပြသွား
မှာပါ။

ATX Power Supply အကြောင်း ပြန်လေ့လာကြရအောင်

ATX က ၁၉၉၅ မှာစပေါ်လာခဲ့တာပါ။ သူ့မှာ Power Connector အမျိုးအစား(၃)ခုလောက်ပါပါတယ်။
(၁)4-pin AMP MATE-N-LOK _ သူ့ကို MOLEX လို့လည်း အသိများတယ်။ AT Standard ကနေ တိုက်ရိုက်
ဆင်းသက်လာတာပါ။ P-ATA Hard Disk ၊ CD-ROMs တွေအတွက်ဆို +5V နဲ့ +12V ဆိုပြီး (၂)မျိုးရနိုင်
တယ်။
5.25 inchFloppy Drive နဲ့တစ်ခြားပစ္စည်းတွေအတွက်ဆိုရင်လည်း အတူတူပါပဲ။ +5V နဲ့ +12V ပေါ့။(၂)4-
pin Berg Floppy Connector_ ဒါလည်း AT Standard ကနေတိုက်ရိုက်ဆင်းသက်လာတာပါပဲ။ သူ့မှာဆိုရင်
3.5 inch Floppy Drives ရယ်၊ တစ်ခြား Peripheral တွေရယ်အတွက် +5V နဲ့ +12V ပေါ့။(၃)20-pin Main Motherboard Connector _ATX Standard အသစ်တစ်ခုပါ။Power ပေးတဲ့နှုန်းနဲ့ပတ်သက်ပြီး သတ်မှတ်ချက်
ပေးထားတာကတော့ PSU ရဲ့ Power အများစုဆိုရင် 5V နဲ့ 3.3V railsရှိရမယ်ဆိုပြီးတော့ သတ်မှတ်ထားပါ
တယ်။
ဘာကြောင့်လဲဆိုတော့ CPU တို့၊ RAM ၊ Chipset တို့ ၊ PCI ၊ AGP တို့ ၊ ISACard တို့.....အို...လျှပ်စစ်ပစ္စည်းအ
ကုန်နီးပါးလောက်က 5V ၊ ဒါမှမဟုတ် 3.3 V ကို သုံးမှရတယ်လေ။  12V rail ကိုတော့HDD ၊ FDD ၊ CD-ROM
စတဲ့ ပစ္စည်းတွေရဲ့ ပန်ကာတွေ၊ မော်တာတွေ အတွက်ပဲသုံးပါတယ်။ဒီ ATX ကိုပဲ သူစပေါ်ခဲ့တဲ့ ၁၉၉၅
ကနေစပြီး ဘာမှမပြင်ဆင်ဘဲနဲ့ သုံးလာလိုက်တာ ၂၀၀၀ ခုနှစ်ထိပါပဲ။

ATX 12V 1.x

ဒီလိုနဲ့ကွန်ပျူတာတွေမှာ Pentium 3 ကိုသုံးလာရာကနေ ၁၉၉၉/ ၂၀၀၀ ခုနှစ်လောက်လည်းရောက်ရော
Pentium 4 ကို စထွင်တော့တာပါပဲ။ အဲဒီမှာတင် အခုလက်ရှိသုံးနေတဲ့ 20-pin ATX Power Connector
ဟာ P4 မှာ တိုးတက်လာမယ့် လျှပ်စစ်ပစ္စည်းတွေအတွက် လိုအပ်ချက်တွေရှိနေပါတယ်။
မကိုက်ညီပါဘူးဆိုပြီးဖြစ်လာကြတယ်။ ဒါကြောင့် ATXကနေ ATX 12V 1.0 Standard အဖြစ်ထပ်ပြီး
တိုးချဲ့ပြုပြင်ရတော့တာပဲ။ အဲဒါကြောင့် ATX 12V 1.x Standard ကိုတစ်ခါတစ်လေကျရင် ATX P4
ဆိုပြီးခေါ်တာလေ။ Athlon XP နဲ့ Athlon 64 System တို့မှာ ဒီကောင်ကို ထည့်သုံးထားတယ်။ 

ATX 12V 1.0

ATX 12V 1.0 ကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီမှာ စထုတ်ခဲ့တာပါ။ သူ့မှာ ထပ်ပါလာတဲ့ Features တွေပြောင်း
လဲမှုတွေက တော့_(၁) CPU ကို ပါဝါပေးဖို့ 4pin ၊ 12-volt Connector အပိုတစ်ခုပါလာပါတယ်။ သူ့ကို
+12V Power Connectorလို့လည်း ခေါ်သေးတယ်။ ဒါပေမယ့် ဒီကောင်က Pentium 4 Processor ကို
Support ပေးတဲ့နေရာမှာ ပထမဆုံးလိုတဲ့ကောင်ဆိုတော့ P4 Connector လို့လည်း လူသိများပါတယ်။
အရင် Processor အဟောင်းတွေတုန်းက 5V rail နဲ့ ပါဝါပေးတာလေ။(၂)Motherboard ကြီးကို
လိုအပ်တဲ့အချိန်မှာ 3.3 V နဲ့ 5 V အပိုပါဝါပေးဖို့လို့ 6-pin AUX Connector ပါပါတယ်။ ဒီ3.3 V နဲ့ 5 V
တွေကို ATX 12V 1.x PSU တိုင်းကပေးနေပေမယ့် တစ်ခါတစ်လေကျရင် Motherboard တွေကလည်း
လိုလို့ပါ။ ဒါပေမယ့် ဒီလို Case မျိုးကရှားပါတယ်။(၃)12V rail ပေါ်က Power ကိုလည်း ထပ်မြှင့်ပေး
ထားပါတယ်။ (5 V တို့၊ 3.3 V rail တို့က Power တွေကတော့အတူတူပါပဲ။)

ATX 12V 1.1
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတုန်းက လုပ်ခဲ့တဲ့ ပြင်ဆင်ချက်သေးသေးလေးပါ။ အထူးခြားဆုံး ပြောင်းလဲသွား
တာက -5V railကို လုံးဝအသုံးမလိုတော့တာပါပဲ။ ဒီ Voltage တွေက သိပ်အသုံးနည်းတယ်လေ။
ISA add-on card တွေစိုက်တဲ့ Systemအဟောင်းတွေလောက်ပဲသုံးတာပါ။

ATX 12 V 1.3

စခဲ့တာက ၂၀၀၃ ခု၊ ပြေီလမှာပဲ။ ပြင်ဆင်ချက်အသေးစားလေးတွေ တော်တော်များများပါပါတယ်။
(၁)12V rail ပေါ်က ပါဝါကို နည်းနည်းလေးထပ်မြှင့်တယ်။
(၂)ပုံမှန် Load လုပ်ဖို့နဲ့ အလင်းပေးဖို့အတွက် PSU ကို လိုအပ်နေတောတွေ နည်းသွားမယ်။
(၃)အသံပိုင်းဆိုင်ရာ Level တွေသတ်မှတ်လာတယ်။
(၄)Serial ATA Power Connector စပါလာပါတယ်။

ATX 12V 2.x

ATX 12V 2.x မှာကျတော့ ပါဝါပိုင်းဆိုင်ရာအပြင် ဒီဇိုင်းပိုင်းမှာပါ သိသိသာသာကြီး ပြောင်းလဲသွားပါတယ်။
လက်ရှိသုံးနေတဲ့ ပါဝါပိုင်းရယ်၊ အရင်တုန်းကသုံးခဲ့တဲ့ ပါဝါရယ်ကို နှိုင်းယှဉ်တဲ့အခါမှာ 3.3 V နဲ့ 5 V rail
တွေကနေ ပါဝါပေးတာထက်PC အစိတ်အပိုင်းတွေကို 12 V နဲ့ ပါဝါပေးတာက အများကြီးပိုထိရောက်
ပါတယ်တဲ့။ စီးပွားရေးပိုင်းကနေ ကြည့်မလား၊စက်မှုပညာပိုင်းကနေကြည့်မလား..၊ နှစ်ခုစလုံးအတွက်
အရမ်းတိုးတက်လာတာကို တွေ့ရမှာပါ။

ATX 12 V 2.0

2.x မှာတုန်းက ပြောခဲ့တဲ့ အကျိုးကျေးဇူးကောင်းကွက်တွေက ဒီမှာလည်း ဒီအတိုင်းပါပဲ။ 2.0 ရဲ့ အားသာ
ချက်အနေနဲ့သီးသန့်ရှိပါသေးတယ်။
(၁)Main ATX Power Connector တွေကို အရင် System အဟောင်းတွေနဲ့လည်း ကိုက်ညီတဲ့ 24 pin
တွေအဖြစ်တိုးချဲ့လိုက်ပါတယ်။ နောက်ထပ်တိုးတဲ့ 4 pin တွေကြောင့် 3.3 V ၊ 5 V ၊ 12 V Circuit
အပိုတစ်ခုတိုးလာပါတယ်။
(၂)ATX 12 V 1.x မှာပါခဲ့တဲ့ 6 pin AUX Connector ကို ကျတော့ ဖယ်ပစ်လိုက်ပြီ။ 2.0 မှာ မပါတော့ဘူး။
ဘာလို့လည်းဆိုတော့ အပိုထည့်ပေးထားတဲ့ 3.3 V နဲ့ 5 V Circuit တွေက 24 pin main connector ထဲမှာ
ပါသွားပြီလေ။
(၃)Power အများစုကတော့ 12 V rail ထဲမှာ ထည့်ပေးထားပါတယ်။ 12 V rail မှာလည်း နှစ်မျိုးရှိပါသေး
တယ်။ 4 pinConnector အတွက်က 12 V2 ၊ တစ်ခြားဟာတွေအတွက်က 12 V1 ပေါ့။ စံသတ်မှတ်ထား
တာကတော့ သီးသန့်ကာကွယ်မှု တွေရှိနေတဲ့ ဒီ 12 V rail နှစ်ခုလုံဟာ Power ပိုင်းဆိုင်ရာ လိုအပ်ချက်
တွေအားလုံးနဲ့ သွားကိုက်နေရမယ်တဲ့။ပါဝါအရမ်းမြင့်တဲ့ တစ်ချို့ PSU တွေမှာ တွေမှာ rail နှစ်ခုလောက်
ရှိတယ်။ အဲဒီလို PSU အကြီးကြီးတွေအတွက်
သတ်မှတ်ထားတာတွေကျတော့ ဒီစံနှုန်းကနေ သတ်မှတ်ပေးထားတာ မဟုတ်ဘူး။
-3.3V နဲ့ 5 V rail ရဲ့ Power တွေက သိသိသာသာကြီး လျော့ကျသွားမယ်။
-Serial ATA Power Cable လိုလာပါပြီ။
-တစ်ခြား သတ်မှတ်ချက်တွေ၊ ထပ်တိုးတာတွေကလည်း အများကြီးပါပဲ။

ATX 12V V2.01

အသေးစားပြင်ဆင်ချက်လေးလုပ်ပြီး ၂၀၀၄ ခု၊ ဇွန်လမှာ ထုတ်လိုက်တာပါ။ -5 V rail ကတော့ လုံးဝကို
မပါတော့ဘူး။

ATX 12V V2.1

ဒီကောင်လည်းအတူတူပဲ။ ၂၀၀၅ ခု၊ မတ်လမှာအသေးစားပြင်ဆင်ပြီး ထုတ်လိုက်တာပါ။ သူတို့ကလည်း
ပြင်ပြင်နိုင်လွန်းတယ်နော်။ ဒီကောင့်မှာတော့ rail တွေအားလုံးမှာ Power တွေနည်းနည်းစီ မြှင့်ပေးထားတယ်။

ATX 12V V2.2

သူ့မှာ အဓိကပြောင်းလဲလိုက်တာက တစ်ခုပဲ။ Motherboard Power Connector မှာ အရည်အသွေး ပိုမြှင့်တဲ့
Connector တွေ သုံးလို့ရလာတာပါပဲ။
ရှင်းခဲ့သမျှအကုန်လုံးက ATX ရဲ့ သမိုင်းကြောင်းတွေပါပဲ။သူတို့ကပြောင်းလိုက်၊ နောက်တစ်မျိုး ပေါ်လာလိုက်နဲ့။
နည်းနည်းလေးထပ်ထည့်လိုက်တာနဲ့ Version နောက်တစ်မျိုးဖြစ်သွားရော။ ဘာဖြစ်လို့ ဒီလောက်ပြောင်း
နေမှန်းမသိဘူး။ ဒီမှာရေးရတာ ညောင်းလာပြီ။ ဒါပေမယ့် ညောင်းသလောက်ရေးရတာ ပျော်ပါတယ်။
ကိုယ့်အသိပညာလေးကို ဖြန့်ဝေပေးရတာကိုး။

ကဲ....ကဲ ဆက်ကြဦးစို့နော်။
ပြောခဲ့တဲ့ ATX တွေထဲမှာ နောက်ဆုံးပေါ်တဲ့ကောင်က ATX 12 V 2.2 ပေါ့နော်။ ဒီကောင်နဲ့အရင် ATX V 1.3 နဲ့
ဘယ်လိုကွာလဲဆိုတော့ သေချာပြန်ချကြည့်ရအောင်။
 
(၁)PCI Express အတွက် 20-Pin Connector အစား 24-Pin Main Power Connector ကို သုံးလာတယ်။
(၂)6-Pin Aux Power Connector တွေက လုံးဝ၊ လုံးဝကို မလိုတော့ပါဘူး။
(၃)18 A ထက်ပိုများတယ်ဆိုရင် 12 V Rails ကို ပြိုင်တူသုံးပါတယ်။
(၄)Serial ATA Power Connector ကိုတော့ စသုံးလာပါပြီ။
(၅)Power Conversion Efficiency လည်း နည်းသွားပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာ အသစ်ပါလာတဲ့အသုံးအနှုန်းနဲ့ ပစ္စည်းလေးတွေအကြောင်း ဆက်ရှင်းရင်
ကောင်းမလား မသိဘူး။

24-Pin Main Power

ATX 12 V Standard ပေါ်လာတဲ့အတွက် အသိသာဆုံး ပြောင်းလဲမှုကို ပြောပါဆိုရင် 24-Pin Express
က 75 Wattလိုတယ်လေ။ ဒီ Watt ကိုကျတော့ အရင် 20-Pin Connector တွေက မပေးနိုင်ဘူး။
ဒါကြောင့် 24 Pin Connectorပြောင်းသုံးလိုက်ရတာ။ အခုနောက်ပိုင်းထွက်တဲ့ 24-Pin တွေမှာတော့
အရင်တုန်းက 20-Pin Connector သုံးတဲ့ Boardတွေနဲ့ပါ တွဲသုံးနိုင်အောင် ထုတ်လုပ်လာကြပါပြီ။
သူတို့မှာဆို 20-Pin သပ်သပ်၊ 4-Pin က သပ်သပ်ခွဲပေးထားတာကိုတွေ့ရမှာပါ။

Dual 12 V Rails

System တွေထဲမှာ Processor တွေ၊ Drives တွေ၊ Fan တွေအတွက် ပါဝါလိုအပ်ချက်တွေက
တဖြည်းဖြည်းနဲ့ များလာတော့ 12 rail ကနေပေးရတဲ့ Power ပမာဏကလည်း များလာတာပေါ့။
ဒီလိုမျိုးများများလာတာက အန္တရာယ်ရှိတယ်လေ။ဒီပြဿနာကနေ ဖြေရှင်းနိုင်ဖို့အတွက် အခုနောက်ပိုင်း
ထွက်သမျှ Board တိုင်းမှာ ပါဝါ 18A ထက်ပိုပြီး ထုတ်ပေးနိုင်တဲ့Power Supply တွေပါလာကြတယ်။
ဒီလို 18A ထုတ်ပေးတာကြောင့် 12 rail တွေကနေ သီးသန့် 12V rail လိုင်းနှစ်ခုခွဲပြီးအလုပ်လုပ်ပေးတာ
ကြောင့် ပါဝါစွမ်းအားတည်ငြိမ်စေတယ်။ အန္တရာယ်လည်း မဖြစ်တော့ပါဘူး။ High Watt ပါတဲ့ ပါဝါ
Supply အချို့ဆိုရင် သီးသန့် 12V rail လိုင်း၃ခုတောင် ခွဲထွက်ပေးတာ တွေ့ရတယ်။

Serial ATA Connectors

ဟိုးအရင် ATX v1.3 Power Supply တွေမှာ တွေ့ရတဲ့ Serial ATA Connector တွေကထည့်သာ
ထည့်ထားပေမယ့်သိပ်မလိုပါဘူး။ သိပ်အသုံးမများပါဘူး။ နောက်ပိုင်း SATA Drive တွေ ထည့်သုံးပြီး
နောက်ပိုင်းကျတော့မှ Power Supplyတွေအားလုံးမှာ Connector အရေအတွက်လျော့နည်းသွား
ပါတယ်။  ATX v1.3 unit တွေတုန်းက Connector နှစ်ခုလောက်ပဲပေးပေမယ့် ATV v2.0 unit
အသစ်တွေမှာဆိုရင် ၄ခုလောက် Supply ပေးတယ်။ကွန်ပျူတာအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့
လျှပ်စီးကြောင်းတွေကို Wall Outlet Voltage ကနေ Lower VoltageLevel ကို ပြောင်းတဲ့အချိန်မှာ
တစ်ချို့လျှပ်စီးကြောင်းလေးတွေက အပူအဖြစ်ကို ပြောင်းပြီး အလဟဿဖြစ်သွားတာမျိုး ဖြစ်တတ်
တယ်။ ဒါကြောင့် ဒီ Power Supply တစ်ခုဟာ 500 W ပေးတယ်လို့ ပြောထားပေမယ့် တကယ်တမ်း
Wall ကနေဆွဲယူတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ဆွဲယူရပါတယ်။ ဒါကြောင့် Power Efficiency Rating
ဆိုတာ ဖြစ်လာတာပါ။ကွန်ပျူတာကနေ ပြန်ထွက်လာတဲ့ Power နဲ့တကယ်တမ်း Wall ပေါ်ကနေ
ဆွဲယူတဲ့ Power နဲ့ကို နှိုင်းယှဉ်ထားတဲ့ဟာကိုPower Efficiency Rating လို့သတ်မှတ်ခဲ့တာပါ။
Standard အသစ်တွေမှာ Power Efficienchy အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်ရှိရပါမယ်။
သို့သော် တကယ်တမ်း ရှိသင့်တာကတော့ ၈၀ ရာခိုင်နှုန်းလို့ပြောပါတယ်။ Wattage Level ဘယ်
လောက်ပဲရှိရှိ Power Efficiency ၈၀ ရာခိုင်နှုန်းထက်ပိုပြီးပေးနိုင်တဲ့ Power Supply ကတော့
တကယ့်ကို နည်းနည်းလေးပဲရှိပါသေးတယ်။

20-Pin PSU နဲ့ 24-Pin Power Supply Unit (PSU) ဘာကွာတာလဲ?

Motherboard တစ်ခုမှာက 20-Pin Connector ၊ နောက်တစ်ခုမှာက 24-Pin Connector
ဖြစ်နေတယ်။ ဟုတ်လား။ဒါဆိုရင်တော့ ရှင်းစရာနည်းနည်းရှိလာပြီပေါ့။ 20-Pin Connector တွေက
ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ ATX 1.x Standardအဟောင်းတွေမှာသုံးခဲ့တာဖြစ်ပြီး 24-Pin Connector
ကတော့ အခုခေတ်မှာသုံးနေကြတဲ့ ATX 2.x Standard အသစ်တွေမှာ သုံးလာတာဖြစ်ပါတယ်။
ဒီမှာပိုမြင်သာအောင် 20-Pin နဲ့ 24-Pin Connector တွေကို ရှင်းလင်းပြပေးထားပါတယ်။
ကြည့်ပါဦး။ ဒီဟာကတော့20-Pin Power Connector ထဲက Pin တွေပါ။

ကဲ 24-Pin Connector ပေါ်က Pin တွေကို ကြည့်ချင်ရင်တော့ ဒီမှာကြည့်...။

ဒီနှစ်ခုက ဘာကွာလို့လဲတဲ့...။  အဓိကကွာတာက Pin 11 ရယ်၊ Pin 11 ရယ်၊ Pin 12 ရယ်၊ Pin 23 ရယ်၊
Pin 24 ရယ်တို့ပါ။ 20-Pin မှာကြည့်လိုက်လေ။ Pin 11 က 12 V ၊ Pin 12 က 3.3 V ၊ Pin 23 က
5 V နဲ့ Pin 24 က ground ဆိုပြီးသတ်မှတ်ပေးထားတာတွေ့တယ်မဟုတ်လား။ ဒီကောင်တွေလောက်ပဲ
ကွာသွားတာပါ။ 20-Pin Connector ကနေ 24-PinConnector ကို ပြောင်းပေးနိုင်တဲ့ Cable ကို
လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီ Cable ကို သုံးတော့မယ်ဆိုရင်တော့ PSU မှာ
ဒီလိုသုံးဖို့အတွက် Ample Power ရှိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့် Motherboard က လို
တာက 8 Pin ၊ ဒါမှမဟုတ် 4 Pin ရှိတဲ့ 12 V Auxiliary Connector ကို လိုနေတယ်။ ဒါပေမယ့် လက်ရှိ
ကိုယ့်စက်ပေါ်ကPSU မှာက တစ်ခုမှမပါဘူးဆိုရင်တော့ PS အသစ်တစ်ခုရှိမှပဲ ရတော့မှာပါ။ ကိုယ့်ဆီမှာ
ရှိတာက 4-Pin aux Connector ၊ကိုယ်လိုနေတာက 8-Pin ဆိုလို့ရှိရင်လည်း အဲဒီ 4-Pin ကို 8-Pin
အဖြစ်ပြောင်းပေးနိုင်တဲ့ Converter လည်း ရှိပါသေးတယ်။
အပြင်မှာ ၀ယ်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်တွေစမ်းသပ်ကြည့်လို့ သိရသလောက်ကတော့ အဲဒီလို Converters တွေကိုသုံးတာ
ထက် PSU အသစ်တစ်ခု ၀ယ်သုံးလိုက်တာကမှ ပိုပြီးလွယ်ကူပြီး အလုပ်ရှုပ်သက်သာသေးတယ်။ ဟို
Converters တွေသုံးတာက Casingထဲမှာ ၀ါယာတွေရှုပ်ကုန်တာပဲ ရှိတယ်။ဒါလောက်ဆိုရင်
Power Supply အကြောင်းကို သေသေချာချာနားလည်ရောပေါ့နော်။ ဒီတော့ အဆုံးသတ် အမှာစကား
ပြောရဖို့ပဲ ကျန်တော့တယ်။ဒီတော့ Power Supply တစ်ခုကို ကိုယ်က၀ယ်ရတော့မယ်ဆိုရင်
ကိုယ့်ကွန်ပျူတာ System ရဲ့ ပါဝါသတ်မှတ်ချက်၊လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Power Supply
မျိုးဝယ်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ချက် ပြောလို့ရတာက ATXStandard တွေအားလုံးက
အရင်တုန်းက System အဟောင်းတွေနဲ့ ပါ တွဲဖက်သုံးလို့ရအောင် ထုတ်ပေးတာပါ။ ဒီတော့ ကဲ
Power Supply အ၀ယ်ထွက်ရပြီဆိုလို့ရှိရင် အနည်းဆုံး ATX v2.01 လောက်ရှိတဲ့ (သို့) ဒီထက်မြင့်တဲ့
Power Supplyမျိုးကို ၀ယ်တာအကောင်းဆုံးပါပဲ။ ဒါတွေက ATX System အဟောင်းတုန်းက
20-Pin Main Power Connector တွေကိုလည်း ကောင်းကောင်းထောက်ပံ့ပေးနိုင်တယ်လေ။
ဒါကြောင့် Power Supply အ၀ယ်တော်လုပ်ရတဲ့ လူတွေအားလုံး အဆင်ပြေပြေနဲ့ အ၀ယ်ထွက်နိုင်ကြပါစေ။

ref : http://www.zawlynnhtun.page.tl/Hardware-Special.htm

Saturday, September 22, 2012

Saw Linux  /  5:22 AM  /    /  No comments

ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသူလေးများ

ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှုတွေကို ရေရှည်တည်တန့်နိုင်ရန် ရည်သန်၍ ကရင်အမျိုးသားရိုးရာ ယဉ်ကျေးမှုထိန်း သိမ်းမြင့်တင်ပွဲကို ထိုင်းနိုင်ငံ၊ Thai PBS channel မှ ဦးဆောင်ကျဉ်းပကာ ယမန်နေ့ကစတင်ကာ Vibavadi Rangist ၀ိဘာဝဒီလန်စီ (ဘန်ကောက်မြို့) မှာ ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာထီ့ဝါး၊ ကရင်ပြည်နယ်မှ ဆရာကျော်လိုက်သိန့်ဦးစီးတဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ ထိုင်း ကရင်အမျိုးသားတွေကစုပေါင်းပြီး ဖျော်ဖြေတင်ဆက်ကြပါတယ်။

ကျနော်က သတင်းအပြည့်အစုံမရသေးသည့်အတွက် ထိုင်းသတင်းဌာနကနေကြည့်ရှုပြီး တင်ပေး လိုက်တာဖြစ်ပါတယ်။
နောက်မှ အကယ်၍အချက်အလက်အပြည့်အစုံထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားဖြစ်ပါတယ်။

ဗွီဒီယိုတင်ဆက်မှု နှင့် ဆရာစောထီ့ဝါး အင်တာဗျူး(ထိုင်းနိုင်ငံ) Thai PBS Channel မှဒီမှာ ကြည့်ရှုနိုင်ပါတယ်။

ဗွီဒီိယိုတိုက်ရိုက်ကြည့်ရှုရန်  (youtube) ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ပွဲ (ထိုင်းနိုင်ငံ) မှ ဓာတ်ပုံများ
 ကရင်အဆိုကျော်ဆရာကျော်လိုက်သိန့် 

 ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာစောထီ့ဝါး 

OKRSO နာယကစောဆိင့်ပြင်

Saw Linux  /  5:06 AM  /  No comments
ကရင့်အမျိုးသား ရိုးရာယဉ်ကျေးမှုတွေကို ရေရှည်တည်တန့်နိုင်ရန် ရည်သန်၍ ကရင်အမျိုးသားရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းမြင့်တင်ပွဲကို ထိုင်းနိုင်ငံ၊ Thai PBS channel မှ ဦးဆောင်ကျဉ်းပကာ ယမန်နေ့ ကစတင်ကာ Vibavadi Rangist ၀ိဘာဝဒီလန်စီ (ဘန်ကောက်မြို့) မှာ ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကရင်တိုင်းရင်းသား ဆရာထီ့ဝါး၊ ကရင်ပြည်နယ်မှ ဆရာကျော်လိုက်သိန့်ဦးစီးတဲ့ ယဉ်ကျေး မှုအဖွဲ့နဲ့ ထိုင်းကရင်အမျိုးသားတွေကစုပေါင်းပြီး ဖျော်ဖြေတင်ဆက်ကြပါတယ်။ ကျနော်က သတင်းအ ပြည့်အစုံမရသေးသည့်အတွက် ထိုင်းသတင်းဌာနကနေကြည့်ရှုပြီး တင်ပေးလိုက်တာဖြစ်ပါတယ်။ နောက်မှ အကယ်၍အချက်အလက်အပြည့်အစုံထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားဖြစ်ပါတယ်။

Friday, September 21, 2012

Saw Linux  /  6:07 AM  /  , ,   /  No comments
Sawlinux

Gnome Partition Editor သည် partition ပြန်ပိုင်းတဲ့နေရာမှာ အကောင်းဆုံး tool တစ်ခု
ဖြစ်ပါတယ်။ ဒါကြောင့် ၀င်းဒိုးရှိထားပြီး computer တစ်လုံးအတွက် Linux OS ထပ်တင်ခြင်တယ်ဆိုရင်(Dual Boot) တင်ခြင်တယ်ဆိုရင် Linux OS အတွက် partition ကြိုတင်ပိုင်းထားရမယ်။ အဲလိုလုပ်မယ်ဆိုရင် Gnome Partition Editor နဲ့ သုံးဖို့ တိုက်တွန်းချင်ပါတယ်။

Linux OS အတွက် partition ပိုင်းပုံနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ မသိသေးသော ပုဂ္ဂိုလ်မျှသာရည်ရွယ် ပါတယ်။ ဥပမာ...C/ D/ Drive နှစ်ခုရှိတယ်ပေါ့ဗျာ။ အဲဒါကို Linux OS တင်ချင်တယ်။ အရင်ဆုံး Gnome Partition CD ကို ကွန်ပျူတာထဲထည့်ပြီး boot တက်လိုက်ပါ။ Gprated Screen-shoot ပေါ်တဲ့အထိစောင့်ပါ။ Gprated Screen-shoot ပေါ်လာပြီးဆိုရင် ပါတေးရှင်းအတွက်ပိုင်းဖို့အဆင့်သင့်ဖြစ်နေပါပြီး။

ဒါကတော့ Gprated Screenshot

ကျနော်အဓိက ပြောချင်တာ Window ထဲက C/ နဲ့ D Drive နှစ်ခုထဲမှာ C Drive ကို Resize လုပ်စေချင်တယ်။
Resize လုပ်တယ်ဆိုတာ C Drive ထဲမှာ GB ခွဲယူလိုက်တာဖြစ်ပါတယ်။ ဥပမာ..C Drive ထဲမှာ GB 80 ရှိတယ်ဆိုကြပါစို့။ GB 40 (MB 40000)New Size=မှာ ရိုက်ထည့်လိုက်ပါ။
အဲဒါဆို C Drive ထဲမှာ GB 40 သာကျန်တော့မှာဖြစ်တယ်။ ကျန်တဲ့ ဒါမှမဟုတ် ရရှိလာတဲ့ GB 40မှာ partition
အနေနဲ့ primary partition.
Format အနေနဲ့ Linux OS အတွက် ext3 ကိုရွေးစေချင်ပါတယ်။

နောက်တစ်ခုက linux-swap အတွက်လဲ တစ်ခုထားပေးရမယ်။ အဲဒါဆို Linux OS-ext3 partition
ထဲက Gparted နဲ့ပဲ Resize ထပ်လုပ်ပေးလိုက်ပါ။ သူက မိမိကွန်ပျူတာ Ram ပမာဏထက် ၂ဆ များရ
မယ်ဆိုတော့ Rum က 500 MB ရှိရင် 1GB (1000 MB)ထားပေးလိုက်ပေါ့။ သူလဲ primary partition/
Format ကတော့ linux-swap ရွေးလိုက်ရုံပဲ။

အားလုံးပြီးလျှင် menuပေါ်က apply ကိုနှိပ်။ ခဏစောင့်၊ အိုကေပါလိမ့်မယ်။

အားလုံးချုံးကြည့်လျှင်...C/ Linux ext3/ linux-swap/ D ဆိုပြီး သဘောတရား-၄-ခုပေါ့ဗျာ။
ဒါပေမယ့် တကယ်တွေ့ရမှာက SATA အတွက် sda1/ sda2/ sda3/ sda4 စသည် ၊
IDE အတွက် hda1/ hda2/ hda3/ hda4 စသည်

Gnome Partition Editor အတွက် ဒေါင်းလုဒ်
Dawnload

Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်
Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်

Gnome Partition Editor ရဲ့ Screenshot (partition-ခွဲပုံများ)
Screenshot (partition-ခွဲပုံများ)

Sawlnux

Wednesday, September 19, 2012

Saw Linux  /  7:40 PM  /    /  No comments
DVD ခွေတွေဆိုရင် ဒီ Cyberlink Power DVD ဆော့ဝဲနဲ့ဖွင့်ကြည့်ဖို့အဆင်ပြေဆုံးဆိုရပါမယ်။ ကျနော်က သူများ စက်တွေ ၀င်းဒိုးပြန်တင်တဲ့အခါတိုင်း Media Player တွေအတွက် VLC, Cyberlink Power DVD, (Window Media Player) ဒီသုံးခုကိုသာ ပင်တိုင်ထည့်သွင်းပေးလေ့ရှိပါတယ်။ ကျန်တဲ့ Media Player တွေကတော့ သိပ် ပြီးလိုအပ်မယ်မထင်ဘူးလေ။ ဒါကလဲ ယူစားအကြိုက်အပေါ်မှာမူတည်ပါတယ်။ ဆော့ဝဲတွေတင်သာတင်ရတာ ခုနောက်ပိုင်း နည်းနည်းးတော့သတိထားရမယ်။ Copyright မူပိုင် ဥပဒေက US Court အခုအခြေအတင်လုပ်နေ ကြတော့ နောက်ပိုင်းအခက်အခဲရှိလာနိုင်တယ်။ ဒါပေမယ့် ကျနော်တို့လို ပတ်မွားဆိုက်တွေကတော့သိပ်ပြဿနာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ့် Hosting လက်ခံတဲ့ဆိုက်တွေ၊ ရှယ်ယာတဲ့ဆိုက်တွေက နည်းနည်းမှမ ဟုတ်တာလေ။ သူတို့ပိတ်သွားမှပဲ ကျနော်တို့လိုဆိုက်တွေ အခက်အခဲရှိလာနိုင်တယ်။ ရတုန်းမှာ ယူထားဒေါင်း ထားပေါ့ဗျာ။

Download :
Megashare
Saw Linux  /  7:25 PM  /  ,   /  No comments
ဗဟုသုတဖြစ်စေရန်အလို့ငှါ ဒီပို့စ်ကိုတင်ခြင်းဖြစ်ပါတယ်။ ကျနော်က hacking နည်းပညာကို ဘာမှ မယ် မယ် ရရသိတာမဟုတ်ပါ။ ဒါပေမယ့် အခုလက်ရှိမှာ Webpage ကို ဒီ DoS နဲ့တိုက်ခိုက်တဲ့နည်းဟာ
တော်တော်အသုံးပြုလာလို့ လေ့လာသူများ (စာဖတ်သူများ) ဗဟုသုတတိုးပွားစေရန် ဒီနေရာကနေကူး
ယူဖေါ်ပြခြင်းဖြစ်ပါတယ်။ အဲဒီဆိုက်မှာပို့စ်ရေးသားသူရဲ့ မူရင်းနာမည်မထည့်ထားသည့်အတွက် ကျနော်
လဲ ပို့စ်မူရင်းနာမည်ကို မထည့်ခြင်းဖြစ်ပါတယ်။  

DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်း
လမ်း တစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာ ဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေ ကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါ
တယ်။

DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....

ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။

တိုက်ခိုက်ပုံ

DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service

DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...

Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့ အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့ အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့ Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...

Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်... သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server တွေက Down သွားနိုင်ပါ တယ်။

ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ 'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..

ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့ ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ ကရှိပါတယ် အဲ့ frame ထဲ destination address, source address type field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့ တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....

ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်... အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့ စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်.. ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့ နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..

ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့ ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ် .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...

ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင် အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...

လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...

သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker ဖန်တီးထားတဲ့ Zombie တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...

* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန် http://www.auditmypc.com/firewall-test.asp
* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...

Hardware Firewall

ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall ကပိုပြီးကောင်းမွန်ပါတယ်..

နောက်တစ်ခုက ဒါကတော့ DoS or DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ... အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...

Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...

Zombie & Botnet

Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့ ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ
* Sending spam * Hack other computers * Denial of service attacks * Advertisement click fraud * Phishing websites

စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..

၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့ Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင် လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့ အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့ သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...

မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့

၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။

Search