welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, June 30, 2011

Saw Linux  /  7:30 PM  /  ,   /  No comments
ဘောစ်မှာ ညီလေးတစ်ယောက်က CPU uCode loading error Resesum to F1 ဆိုပြီး သူ့စက်ရဲ့ပြဿ နာမေးလာပါတယ်။ ရိုးရိုး Press F1 to continue ဆိုရင် ဆိုင်ရာစက်အမျိုးအစားလိုက် BIOS ထဲဝင်ပြီး ပြင်ဆင်ရပါမယ်။ စက်အမျိုးအစားက တစ်လုံးနဲ့တစ်လုံးမတူလေတော့ ကျနော်အသေးစိတ်ပြောဖို့ နည်း တော့အခက်အခဲရှိတယ်။ နမူနာအဖြစ်… ဒီပို့စ်ကိုဖတ်ကြည့်ပါ။ BIOS ထိုင်ပုံခြင်းတူရင်တော့ ဒီအတိုင်းပဲလိုက်လုပ်ပေါ့။ အကယ်၍မတူခဲ့သော် မိမိ BIOS Menu မှာပါတဲ့ Main, Advance, Power, Boot, Exit မှာ F1 ဆိုတာလေးတွေ့အောင်ရှာပါ။ ပြီးတော့ Disabled ဆိုတာကိုရွေးပါ။ ဒါက ရိုးရိုး Press F1 to continue ကိုဖြေရှင်းတဲ့နည်းပေါ့ဗျာ။ အရင်ဆုံးဒီနည်းကိုစမ်းကြည့်ပါ။

ဒါပေမယ့် အခု Intel CPU uCode Loading Error! ဖြစ်တဲ့ပုံက အထက်ပါ ရိုးရိုး Press F1 to continue မတူတော့ပါဘူး။
(Power ဖွင့်ဖွင့်ခြင်း) Intel CPU uCode Error, F1 to Resume ဆိုတဲ့ စာသားတွေပေါ်ပြီး ၀င်းဒိုးက တက်မ လာဘူးဆိုရင် သေချာတဲ့အဖြေတစ်ခုကတော့ CPU နဲ့ MotherBoard နှစ်ခု Match မဖြစ်လို့ ပေါ်လာတာပါ... သူ့ကိုဘယ်လိုလုပ်ရင်ရသလည်းဆိုတော့..Mother Board ရဲ့ BIOS ကို Update လုပ်ရမှာဖြစ်ပါတယ်။ အကယ်လို့များ အဆင်မပြေရင် Mother Board က ဘယ် CPU တွေကို ဘယ်လောက်ထိ Support လုပ်သလည်းဆိုတာကို အရင် သိအောင်လုပ်ကြည့်လိုက်ပါ...သိပြီဆိုရင် တစ်ခုခုကို ချိန်းဖို့လိုပါလိမ့်မယ်။
ဒီ BIOS Update လုပ်ဖို့ဆိုရင် အတွေ့အကြုံနည်းနည်းရှိတဲ့လူမှပိုပြီးအဆင်နိုင်ပါလိမ့်မယ်။ သို့မဟုတ်ရင် စက်မတက်တဲ့ပြဿနာကိုကြုံရနိုင်တယ်။

BIOS Update လုပ်နည်း ၂ မျိုး
BIOS Update လုပ်နည်းကတော့ အောက်ပါအတိုင်း ၂-နည်းတွေ့ရတယ်။ ကျနော်အင်္ဂလိပ်လိုတင်ထားလိုက် တယ်။ သေသေချာချာဖတ်ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ ဒီနည်းလမ်း ၂-ခုထဲက တစ်ခုခုကိုအသုံးပြုရ ပါ့မယ်။ အဲဒီထဲမှာပါတဲ့ ROM file ရဲ့အရှည်က 'Read Only Memory Image'ပါပဲ။

(၁) The first method listed you will need the Afudos utility and the .ROM file on the floppy.
When you reboot you should end up at a command prompt from there you would type in
afudos /nameofROM.ROM where nameofROM = the name of the ROM file you downloaded.

(၂) The second method requires only the ROM file to be on the floppy and when you reboot
to press Alt+F2 and it should flash the BIOS.

Personally, the second method sounds the simplest.

BIOS Update လုပ်နည်းအထောက်အကူပြု ဗွီဒီယိုဖိုင်

Ref: http://www.ozzu.com/mswindows-forum/intel-cpu-ucode-loading-error-t71647.html

အဆင်ပြေပါစေ...
စောလင်းနက်စ်

Wednesday, June 29, 2011

Saw Linux  /  8:11 AM  /    /  No comments
စောထေရေ ကျနော်လည်းအချိန်မရတာနဲ့ ပုံနှင့်တကွအသေးစိတ်မရေးပြနိုင်ဘူးဗျာ။ အဲဒီပြဿနာရဲ့
အဓိကသော့ချက်ကတော့ Adobe Flash Player ရဲ့ Update လုပ်လိုက်လို့ဖြစ်ပေါ်လာတဲ့ပြဿနာပါ။
အခုကျနော်လင့်နှစ်ခုပေးလိုက်မယ်။ အဲဒီလင့်နှစ်ခုမပေးခင် Control Panel > Add and remove
Hardware (Programs and Features-7) သို့ဝင်ပြီး မောင်းထားတဲ့ Adobe Flash Player ကို ပြန်
ထုတ်လိုက်ပါ။

(၁) ပြီးတော့ အောက်ပါပထမလင့်ကို သွားပြီး Uninstaller ကိုနှိပ်ပြီး Download the Windows Flash
Player 10.3 Projector content debugger (EXE, 6.50MB)
ကို ဒေါင်းလုဒ်ရယူပါ။ (အဲဒီမှာ ၀င်းဒိုး
အတွက် ၄-ခုလောက်ရှိတယ်။ ကြိုက်တာတစ်ခုကိုရွေးပြီးဒေါင်းလိုက်ပါ)။ အဲဒါကိုဒေါင်းပြီးရင် ဆော့ဝဲကို
မောင်းလိုက်ပါ။ command line ထွက်လာမည်။ ခဏစောင့်၊ ပြီးတော့ active လုပ်ဖို့အတွက် X ကိုနှိပ်ပါ။

(၂) ထိုနောက် ဒီလင့်ကို ထပ်ဖွင့်ပါ။
အဲဒီလင့်မှာပါတဲ့ Agree and install now ဆိုတာကို နှိပ်ပြီး အဆင့်ဆင့်လိုက်လုပ်ပါ။ (သေချာဂရုစိုက်ပြီး အင်
စတောမောင်းပါ။ လွယ်မလိုနဲ့ ခက်နေအုန်းမည်)။

အားလုံးလုပ်လို့ပြီးသွားရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ စမ်းကြည့်ပါ။

အဲဒါမှမသေချာသေးရင် အောက်ပါ အင်္ဂလိပ်ဖိုရမ်မူရင်းလင့်ကို သွားရောက်လေ့လာနိုင်ပါသည်။
http://www.justskins.com/forums/solution-to-error-cant-49399.html

Friday, June 24, 2011

Saw Linux  /  4:58 AM  /    /  No comments
ဒီတစ်ရက်နှစ်ရက်ဟိုလုပ်ဒီလုပ်နဲ့ ကွန်ပျူတာပို့စ်အသစ်လေးတွေမတင်ဖြစ်ဘူး။ အခုဈန်ဝင်တာနဲ့အသစ်တစ်ပုဒ်
လောက်တင်လိုက်အုန်းမယ်။ အထက်ခေါင်းစည်းကိုကြည့်လိုက်ရင် ဒါဟာကွန်ပျူတာမှာအသုံးတည့်မည့်ပို့စ်လေး
တစ်ပုဒ်ပါပဲ။ အချိန်ပေးပြီးရေးလိုက်တဲ့ ကွန်ပျူတာအကြောင်းမှန်သမျှသည် တစ်ဦးတစ်ယောက်အကျိုးရှိရင်ပဲ ကျေနပ်ပါတယ်။ နောက်ဆုံးတော့ သူများအတွက်မဖြစ်ခဲ့ရင်တောင် ကျနော့်အတွက်ကျန်ခဲ့ပါတယ်။ ဒါပါပဲ...

Window 7 မှာ Recovery Partition ဘယ်လိုဖန်တီးမလဲ။ အဲဒီဖန်တီးလိုက်တဲ့ partition ဟာလည်း password
နဲ့ကာကွယ်ထားချင်ရင်လည်း ကာကွယ်လို့ရနိုင်တယ်ဆိုတဲ့ သဘောမျိုးကို ဒီပို့စ်ကမီးမောင်းထိုးပြသွားမှာပါ။

တကယ်တော့ Window 7 သည် Recovery partition ကြောင့် သိပ်ပြီးထူးခြားတဲ့အခြေအနေမျိုးတော့မဟုတ်ပါ။
ဘာဖြစ်လဲဆိုတော့ Window 7 မှာ Backup and Restore point ရှိနေပြီးသားဖြစ်လို့ပါပဲ။အဲဒီ Backup and Restore point သာ ကောင်းကောင်းကြီးသဘောပေါက်နားလည်မယ်ဆိုရင် မိမိဝင်းဒိုးတစ်စုံတစ်ခုပြဿနာရှိ လာရင် အဲဒါနဲ့ဖြေရှင်းလို့ရနိုင်လောက်ပါတယ်။အခုကတော့ သက်သက်Recovery partition လုပ်ပုံလုပ်နည်း ကိုသိနိုင်ဖို့ရန် ရေးပြတဲ့လိုက်တဲ့သဘောပါပဲ။ သိပြီးသားပုဂ္ဂိုလ်များအတွက်မရည်ရွယ်ပါ။

Recovery Partition ဘယ်လိုဖန်တီးမလဲ
အရင်ဆုံး Partition သဘောကိုနားလည်ဖို့လိုပါလိမ့်မယ်။ နားမလည်ခဲ့ရင် နည်းနည်းတော့အာရုံစူး စိုက်ရလိမ့် မယ်။ ပါတေးရှင်းကိုပြန်ပြီး ပြုပြင်တဲ့နေရာမှာကျနော်ကတော့ Gnone PartitionEditor ကိုအမြဲတန်းသုံးလေ့ရှိ တယ်။ကျန်တဲ့ဆော့ဝဲကိုလည်းမိမိကျွမ်းကျင်ရာအားဖြင့်သုံးနိုင်ပါတယ်။ကျနော်အခုပြမယ့်ပုံတွေကိုတော့ FLV
file ကနေ Capture ဖမ်းယူထားတဲ့အတွက် မရှင်းဘူးဖြစ်နေတယ်။ ဒါကိုတောင်းပန်ပါတယ်။

၁။ Disk management ကိုဖွင့်ပါ (Start> Search Box တွင် partition လို့ရိုက်ထည့်ပါ)

၂။ မိမိဖန်တီးလိုသော Recovery partition ရဲ့ Unlocated space (free space)ကို Right click>
New Simple volume
ကိုနှိပ်။

၃။ နောက်ဘောက်စ်တွင် မိမိထားချင်သော ပါတေးရှင်းရဲ့ MB ကိုရိုက်ထည့်ပါ။အနည်းဆုံး MB20000
ထားပါ။

၎။ နောက်ဘောက်စ်တွင် ကျနော်ကွင်းထားတဲ့နေရာအတိုင်းပဲ assign drive letter ရွေးပါ။ အအရှင်းဆုံး z
ကိုရွေးလိုက်ပါ။ Next ကိုနှိပ်။

၅။ ဒီဘောက်စ်ဟာတွင်လည်း ကျနော်ကွင်းထားတဲ့နေရာအားလုံးကို အမှန်ခြစ်၊ Volume Label နေ
ရာတွင် Recovery ဟု ရိုက်ထည့်ပါ။ ပြီးရင် Next ကိုသာနှိပ်။

၆။ ထိုနောက် ပေါ်လာတဲ့ဘောက်စ်တွင် finish ကိုနှိပ်။

အဲဒါနှိပ်လိုက်ပြီးတာနဲ့ Diskmanagementရဲ့ ပါတေးရှင်းအကွက်တွင် formating လုပ်နေတာတွေ့ရမှာဖြစ်ပြီး
ခဏကြာ Recovery partition တစ်ခုရရှိလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းကြည့်လိုက်ပါ.

formating လုပ်နေတဲ့ပုံ

Recovery partition တစ်ခုရရှိလာတဲ့ပုံ

ဒါက Recovery partition ဖန်တီးမှုအပိုင်းပြီးသွားပြီပေါ့ဗျာ...

ကဲ...ဒီ Recovery partition ကို Lock (သော့ခတ်)ချင်ရင် ပြုလုပ်နည်းလေးပါပြောရအောင်...
ဒီအပိုင်းက မလုပ်ချင်လည်းရတယ်နော် ဘယ်လိုသော့ခတ်မလဲဆိုတာကို သိသွားရုံလေးပါ။
၁။ My computer ကိုဖွင့်ပါ> ၎င်းခုဏလုပ်ထားတဲ့ Recovery partition Drive ကို Right
click> Turn on Bitlocker ကိုနှိပ်

၂။ နောက်ပေါ်လာသောဘောက်စ်တွင် use password unlock the drive ကိုအမှန်ခြစ်ပြီး
password အကွက်တွေကို ဖြည့်ပါ။ ပြီးတော့ Next

၃။ နောက်ဘောက်စ်မှာ Save Recover key to file ကိုနှိပ်ပြီး မိမိသိမ်းမည့်နေရာ၊ ဖိုင်အမည်
တို့ကိုပေးပါ။ ဒီနေရာမှာတစ်ခုသိထားရမှာက D: မှာသိမ်းထားချင်ရင် ဖိုလ်ဒါအရင်တည်ဆောက်ပြီးမှ
၎င်းဖိုလ်ဒါထဲမှာသိမ်းပါ။ (Drive Root တွင် တိုက်ရိုက်သိမ်းလို့မရပါ)။ ပြီးရင် save

၎။ နောက်ဘောက်စ်တွင် Start Encrypting ကိုနှိပ် ၎င်း Drive ကို Encrypting လုပ်နေ
တာတွေ့ရမှာဖြစ်ပါတယ်။ မိနစ်နှစ်ဆယ်လောက်ကြာနိုင်တယ်၊ စောင့်နေလိုက်ပါ။

ဒါက Recovery partition Drive ကို သော့ခတ်တဲ့နည်းပဲဖြစ်ပါတယ်။ ခုဏသိမ်းထားတဲ့
password ကိုတော့ မဖျက်လိုက်မိစေနဲ့နော်။

နောက်တစ်ပိုင်းကျန်သေးတယ်ဗျ။ ဖတ်တဲ့ပုဂ္ဂိုလ်များတော့ မပြောတတ်ဘူး ရေးတဲ့လူအတွက်တော့
တော်တော်ယိုင်လာပြီး အာရုံစိုက်နေရတော့လေ။ ကျန်တဲ့တစ်ပိုင်းကိုတော့ ကျနော်ဆက်မရေးတော့ဘူး။ ညွန်းပဲ
ညွန်းလိုက်တော့မယ်။ ကျန်တဲ့အပိုင်းကဘာလဲဆိုတော့ ခုဏ Recovery partition Drive ထဲမှာဘာမှ
မရှိသေးဘူးလေ။ အဲဒီထဲမှာ Window image file တွေ၊ တင်ထားတဲ့ဆော့ဝဲဖိုင်တွေကို အဲဒီ Recovery
partition Drive မှာထည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်အဲဒီထည့်နည်းကို ကျနော် Backup and Restore
ဆိုတဲ့ပို့စ်ကိုပဲညွန်းလိုက်တော့မယ်။

ဒီပို့စ်ကို ဖတ်ပြီးကျန်တဲ့အပိုင်းကိုအလားတူလိုက်လုပ်တတ်လိမ့်မယ်လို့ထင်ပါတယ်။ ဒီမှာဖတ်ဖြစ်အောင်ဖတ်
ပါ..Backup and Restore

အဆင်ပြေပါစေ...
စောလင်းနက်စ

Thursday, June 23, 2011

Saw Linux  /  5:02 PM  /    /  No comments

ငါ့ညီစောချစ်က ကျနော့်ဘလော့ရဲ့ဆိုက်ဘားမှာ ”အဲလာဏ်ုလိက်ဍေဏ်ုဆိုဒ်” ဘယ်လိုလုပ်ထားသလဲတဲ့။
လုပ်နည်းလေးသိချင်ပါတယ်ဆိုတာနဲ့ ဒီ Portable Easy GIG Animator 4 တင်ပေးလိုက်တယ်။ အဲဒီဖိုင်အမျိုး
အစားဟာ gif animationဖိုင်ဖြစ်ပါတယ်။ အဲဒီဆော့ဝဲနဲ့ button,bannergif ဖိုင်နဲ့ပြုလုပ်တာသိပ်အဆင်ပြေ
တယ်။ portable ဖြစ်တော့ ပိုပြီးအဆင်ပြေတယ်။ ဆော့ဝဲကလည်း ဖိုင်သေးသေးလေးရယ်။ ဆော့ဝဲရဲ့ tutorial
ကိုတော့ ကျနော်ရေးမပြတော့ပါဘူး။

အေ...နည်းနည်းတော့ပြောလိုက်မယ်...ဥပမာ buttonကိုလိုချင်ရင် ဆော့ဝဲမှာပါတဲ့ buttonကိုနှိပ်။ ပြီးတော့
လိုချင်တဲ့ ဘောင်အရွယ်အစား၊ အရောင်တွေလုပ်ပြီးရင် နောက်စာသားထည့်ဖို့အခန်းသုံးခန်းပါမယ်။ တစ်ခန်းဆီမှာ
ကိုယ်ထည့်ချင်တဲ့စာသားများကိုရိုက်ထည့်ပါ။ ကရင်စာပေါ်စေချင်ရင်KP font ကိုသုံးပါ။ အဲဒီတစ်ခန်းဆီမှာလဲ စာ
သားပြေးမယ့်စတိုင်လ်၊ အနှေးအမြန်အားလုံးကိုချိန်ပေးလို့ရပါတယ်။ အားလုံးပြီးရင် finish ကိုနှိပ်ပြီး save ပေါ့။

Download Portable Easy GIG Animator 4
Download Mediafire

Sunday, June 19, 2011

Saw Linux  /  5:48 PM  /    /  No comments
စီဘောက်စ်မှာ ငါ့ညီစောချစ်က ကျနော်အရင်ဘလော့တင်ပလိတ်မှာ Featured Content Sliderလုပ်နည်း
ကိုသိချင်တယ်ဆိုတာနဲ့ ရေးပေးလိုက်တာ။ အမှန်က ကျနော်ဘလော့မှာ ကွန်ပျူတာထိမ်းသိန်းမှုအစိတ်အပိုင်းတွေ
ကို အဓိကထားပြီးတင်သလို လေ့လာတဲ့အပိုင်းဟာလည်း ကွန်ပျူတာအစိတ်အပိုင်းတွေကိုပဲအာရုံစိုက်ပါတယ်။
ဘလော့အကြောင်းတွေကိုတေတာ့ သိပ်မရေးဖြစ်သလောကပါပဲ။ ဒါပေမယ့်အသုံးတည့်မယ့်အစိတ်အပိုင်းတွေကိုစု
ထားတဲ့သဘောနဲ့ရေးဖြစ်ပါတယ်။ အခြား Web Developer အပိုင်းကတော့ ကျနော်လဲအတော်ကိုအားနည်းနေ
ပါသေးတယ်။ ဒါကြောင့် Domain Website သွင်းပုံလေးတွေကို ကျနော်အများကြီးလေ့လာရအုန်းမယ်လေ။

အော်..အပြင်ရောက်သွားတယ်။ အရင်ကျနော်ဘလော့ တင်ပလိတ်စတိုင်လ်ဟာ ivideoGame Template
ဖြစ်ပါတယ်။ အဲဒီတင်ပလိတ်နဲ့ပတ်သက်ပြီး Featured Content Slider တွေပါတယ်။ Featured
ContentSlider ကိုမသိရင်အောက်ပုံကိုပဲကြည့်လိုက်ပါ။

Featured Content Slider Started ပုံစံ

အထက်ပါ Featured Content Slider ကို မိမိရဲ့ ပို့စ်ခေါင်းစဉ်တွေနဲ့ချိန်ပေးလိုက်ရင် ၎င်းမိမိဘလော့မှာ slide
ပြေးနေတာတွေ့ရမှာဖြစ်ပါတယ်။ ကဲ..အဲဒါတွေဖြစ်လာဖို့ အောက်ပါအတိုင်းလိုက်လုပ်ပါ။ အရင် ivideo game
blog template ဒီမှာ သွားပြီးဒေါင်းပါ။ ပြီးတော့ မိမိဘလော့တင်ပလိတ်ကို အခုဒေါင်းထား
တဲ့ တင်ပလိတ်နဲ့ချိန်းလိုက်ပါ။ ထိုနောက်အောက်ပါ အဆင့်ဆင့်ကိုလိုက်လုပ်ကြည့်ပါ။

1. Blog Long in> Dashboard> Design> Edit HTML ထိဝင်လိုက်။
2. အောက်ပါ html code ရှာပါ။
<div class="imageElement"</div>
တွေ့ရင်...
3.၎င်းကုဒ်အောက်တွင် <h3>title..........</h3> အကွက်တွင် မိမိပို့စ်ခေါင်းစည်းနဲ့ပြောင်းပါ။
( ပြောင်းနည်း= ပို့စ်ခေါင်းစဉ်ကိုတစ်ချက်နှိပ်၊ ပြီးတော့ Address Bar မှာ ၎င်း Link ကို copy
ယူပြီး ထည့်လိုက်ရုံပါ)

4.ဒီ P - P နှစ်ခုအကြားတွင် မိမိဖေါ်ပြမယ့် ပို့စ်စာသားများထည့်ပါ
<p>post letter....</p>

5. ဒီအဆင့်မှာ အောက်ပါကုဒ်တွင် src '' ဆိုတာကို ရှာပါ။ အဲဒီအစက်ကလေးနှစ်ခုကြားတွင် image
Link ထည့်ပါ။ (မိမိပို့စ်ရဲ့ပုံကို Right Click> copy imagelocationဆိုတာကို နှိပ်ပြီ ဒီမှာ
လာထည်ရုံပဲ)

<img alt="" class="full" src="http://www.blogger.com/image" />

အားလုံးပြီးရင် Save Template

အဲဒီမှာပေးထားတဲ့ Featured Content Slider အားလုံးကို ဒီနည်းအတိုင်းပဲ ပြင်လိုက်ပါ။ အဲဒါဆို ငါ့ညီ
စောချစ်ရဲ့သိချင်တဲ့ ဘလော့ စလိုက်ဒါကို အနည်းငယ်အထောက်အကူရနိုင်မယ်လို့ထင်ပါတယ်။

Saturday, June 18, 2011

Saw Linux  /  5:28 PM  /    /  No comments

အရင်ဆုံး Popup Menu ကိုရှင်းပြပါမယ် My Computer ကို Right Click နှိပ်လိုက်ရင် Open တို့ Explorer တို့
ပေါ်လာပါလိမ့်မယ် အဲ့ဒါကို Popup Menu လို့ခေါ်ပါတယ် အဲ့နားမှာကိုလိုခြင်တာတွေကို ဥပမာ Notepad တို့ဘာ
တို့ကိုပေါ့ ထပ်ဖြည့်ထားလို့ရပါတယ် မလိုခြင်တာတွေကိုလည်း ဖြုတ်ထားလို့ရပါတယ် မသိသေးသူ မတက်သေး
သူတွေအတွက် သာရည်စူးပါတယ်နော်တော်ကြာ ဒါလေးတော့သိပါတယ် ဆိုပီးဖြစ်နေမှာဆိုးလို့ပါ ကဲကဲဆက်
ကြရအောင်...

My Computer ရဲ့ Popup Menu မှာ Manage ကိုဖျောက်ထားခြင်ရင်
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\policies\Explorer
(သို့မဟုတ်)
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\policies\Explorer
Name=>NoManageMyComputerVerb Type=>REG_DWORD Value=>1
My Computer ရဲ့ Popup Menu မှာ Map Network Drive နှင့် Disconnect Network Drive ကိုဖျောက်ထားခြင်ရင်

Name=>NoNetConnectDisconnect Type=>REG_DWORD Value=>1
My Computer ရဲ့ Popup Menu မှာ Properties ကိုဖျောက်ထားခြင်ရင်

Name=>NoPropertiesMyComputer Type=>REG_DWORD Value=>1

My Computer ရဲ့ Popup Menu မှာ Notepad Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\Notepad\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Notepad.exe
ကြော်ဌှာတစ်ခုတော့ဝင်လိုက်ဦးမယ်နော် တစ်ဖြည်းဖြည်းနဲ့ ရှာရတာတွေ ရှုပ်လာပီးနော် Value တွေ Key တွေကို လည်း အသစ်လုပ်ရတာ တွေများများလာတယ် နော် တစ်ခုပဲပြောပါရစေ သူများတွေထပ်တော် ချင်တယ် တက်ချင်တယ် ဆိုရင်တော့ ဒီလောက်တော့ ကြိုးစားရမှာပေါ့နော်

My Computer ရဲ့ Popup Menu မှာ Calculator Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\Calculator\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Calc.exe

My Computer ရဲ့ Popup Menu မှာ Command Prompt Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\CommandPrompt\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\cmd.exe

My Computer ရဲ့ Popup Menu မှာ Device Manager Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\DeviceManager\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Devmgnt.exe

My Computer ရဲ့ Popup Menu မှာ Disk Defragmenter Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\DiskDefragmenter\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Dfrg.exe

My Computer ရဲ့ Popup Menu မှာ Disk Management Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\DiskMenagement\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Diskmagnt.exe

My Computer ရဲ့ Popup Menu မှာ DirectX Diagnositic Tools Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\DirectXDiagnosticTool\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\dixdiag.exe

My Computer ရဲ့ Popup Menu မှာ DVD Player Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\DVDPlayer\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Dvdplay.exe

My Computer ရဲ့ Popup Menu မှာ Group Policy Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\GroupPolicy\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Gpedit.exe

My Computer ရဲ့ Popup Menu မှာ Local Users and Groups Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\LocalUsersandGroups\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Lusrmgr.exe

My Computer ရဲ့ Popup Menu မှာ Paint Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\Paint\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Mspaint.exe

My Computer ရဲ့ Popup Menu မှာ Backup and Restore Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\BackupandRestore\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Ntbackup.exe

My Computer ရဲ့ Popup Menu မှာ Services Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\Services\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Services.exe

My Computer ရဲ့ Popup Menu မှာ Task Manager Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\TaskManager\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Taskmagr.exe

My Computer ရဲ့ Popup Menu မှာ Spider Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\Spider\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Spider.exe

My Computer ရဲ့ Popup Menu မှာ Solitaire Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\Solitaire\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Solitaire.exe

My Computer ရဲ့ Popup Menu မှာ FreeCell Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\FreeCell\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Freecell.exe

My Computer ရဲ့ Popup Menu မှာ Registry Editor Shorcut Menu ကိုထည့်ထားချင်ရင်
HKEY_CURRENT_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\Shell\RegistryEditor\Command
Name=>Default Type=>REG_SZ Value=>C:\Windows\System32\Regedit.exe

Ref:http://www.mawcity.com/2010/10/my-computer.html

Friday, June 17, 2011

Saw Linux  /  8:17 PM  /    /  No comments

အခုနောက်ဆုံးပေါ်နည်းပညာတွေထဲက Wireless နဲ့ ချိတ်ဆက်ပြီး Data တွေ၊ Information တွေကိုအပြန်

အလှန် ဆက်သွယ်လို့ရနိုင်တဲ့ နည်းပညာတစ်ခုခုနဲ့ မိတ်ဆက်ပေးမယ်နော်။ ဒါကတော့ Buletooth ဆိုတဲ့Short

Range အကွာအဝေးကို Wireless ပုံစံကြိုးမဲ့ ဆက်သွယ်တဲ့နည်းပညာပဲဖြစ်ပါတယ်။ But... ဒါပေမယ့်နော်

၎င်းနည်းပညာကWide Area သဘောအသွင်မဆောင်ပဲ Personal Area Network ( PAN )အတွင်းမှာပဲ အလုပ်လုပ်ဆောင်နိုင် စွမ်းရှိပါတယ်။

ဒါအပြင် ၎င်း Bluetooth Network ဟာ 2.45 GH2 ရှိတဲ့ Radio Frequency ကိုအသုံးပြုပြီးချိတ်ဆက်ကြပ

ါတယ်။ နောက်ပြီး၎င်း ရဲ့အကွာအဝေးက တော့ပုံမှန်အားဖြင့် ၁၀ မီတာ ( ၃၂ ပေ ) အတွင်း မှာ အသုံးပြုနိုင်ပါတယ်။

၎င်း Bluetooth နည်းပညာနဲ့ သင်ဟာ ( PAN ) Network အတွင်း Laptop တွေ၊ Mobile Phones တွေ၊ Digital Camera တွေအပြင်တစ်ခြားသော Printer အစရှိသည့်တို့ကိုလည်း Wired မပါပဲ Wireless နဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာတော့ တော်တော် များများ Device တွေဟာ Bluetooth နည်းပညာကို Support လုပ်လာကြပါပြီ။

ဒါကြောင့်လည်း Bluetooth ပါဝင်တဲ့ Device တော်တော်များများဟာ Data တွေ Information တွေကို အလွယ်တကူရယူနိုင်ပါပြီ ဒါပေမယ့်။ Bluetooth ရဲ့ရနိုင်တဲ့ အကွာအဝေးအနည်းငယ်ကြောင့်အနည်းငယ် အခက်အခဲလေး

တော့ရှိ ပါလိမ့်မယ်။

မှီငြမ်းး ဆရာအောင်လင်း

Thursday, June 9, 2011

Saw Linux  /  10:19 PM  /    /  1 comment
ညီလေးတစ်ယောက်က အတင်တာနက်မှာ IDM (Internet Download Manager)သုံးလို့မရ
အောင်ပိတ်ထားချင်တယ်-လို့ပြောလာတာနဲ့ ဒီပို့စ်ကိုတင်လိုက်တာ။ သူကအင်တာနက် ကဖေးဖွင့်ထား
ပုံရပါတယ်။ ဟုတ်တယ် တစ်ချို့ကအင်တာနက်ဆိုင်သွားရင် ဂိမ်း၊ ရုပ်ရှင် ဆိုက်ရှည်တာတွေဒေါင်း
လုဒ်ကြတယ်။ တကယ်တော့ အဲဒါတွေတကယ့်ကွန်နက်ရှင်းကောင်းတဲ့နေရာတွေလောက်ပဲ ဒေါင်းတာ
ကောင်းတယ်။ ပုံမှန်ကွန်နက်ရှင်းနဲ့ဆို မဒေါင်းသင့်ဘူးလို့ထင်တယ်။ ကိုယ်ဒေါင်းတဲ့ဟာတော်ရုံနဲ့ပြီးမှာမ
ဟုတ်သလို တဖက်သုံးတဲ့ပုဂ္ဂိုလ်များအတွက် အတော်အနှောင့်အယှက်ဖြစ်တယ်။ ပိုက်ပိုက်နဲ့ပေးရတာပဲ
သုံးချင်တာသုံးမယ်ဆိုတဲ့သဘောဆိုရင် တစ်မျိုးပေါ့လေ။ ကဲ...ထားလိုက်ပါတော့ အပြင်ရောက်သွား
တယ်။

မည့်သည့်ပရိုဂရမ်မဆို အင်တာနက် access မရအောင်လုပ်ထားချင်ရင်...ဒီလိုလုပ်ကြ
မယ်ဗျာ...

၁။ Control Panel> Windows Firewall ကိုနှိပ်။

၂။ နောက်ဘောက်စ်တွင် ဘယ်ဖက်က Advance Setting ကိုနှိပ်ပါ။ (Window 7)

၃။ ဒီအဆင့်တွင် Windows Firewall Advance Security ဘောက်စ်ပေါ်လာမည်။
၎င်းဘောက်စ်တွင် ဘယ်ဖက် (သို့)အလယ်တည့်တည့်တွင် Inbound Rules ကိုနှိပ်။

၎။ ထိုနောက် အလယ်လယ်တည့်တည့်တွင် ပရိုဂရမ်များပေါ်လာမည်၊ အဲမှာ မိမိပိတ်လိုသောပရို
ဂရမ်ကို Right Click> Properties ကိုနှိပ်။

၅။ ၎င်း Properties ဘောက်စ်ပေါ်လာရင် Block the connection ကို အမှန်ခြစ်
ပြီး Apply> OK

၆။ ပြီးတော့ရင် Windows Firewall Advance Security ဘောက်စ်ကိုပဲ ဘယ်ဖက်
Outbound Rules ကိုနှိပ်၊ ထိုနောက် ညာဖက်တွင် Action> New Rules ကိုဆက်နှိပ်ပါ။

၇။ New Rule Outbound Windzard ဘောက်စ်ပေါ်လာရင် Program ကိုရွေးပြီး Next
ကိုနှိပ်။

၈။ နောက်ဘောက်စ်တွင် Browse တွင် the program path ရွေးပါ။ (path ဆိုတာအောက်
ပါအတိုင်းပါပဲ)

၉။ ဒီဘောက်စ်မှာ Block this connection ကိုရွေးပြီး Next ကိုနှိပ်။

၁၀။ အားလုံးကိုရွေးပြီး Next ကိုပဲနှိပ်၊ နောက်ဆုံးဘောက်စ်မှာ name/ description တွေကို
ရိုက်ထည့်ပြီးရင် Finish ပေါ့ဗျာ။

(ပိတ်ထားတဲ့ ပရိုဂရမ်တွေကို ပြန်ဖွင့်ချင်ခဲ့ရင် လုပ်တတ်မယ်လို့ထင်ပါတယ်)

Ref: Block full internet access to a program

Search