welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, January 30, 2014

Saw Linux  /  5:18 PM  /    /  2 comments

CyberLink PowerDVD 13 Ultra လိုအပ်သော ပုဂ္ဂိုလ်များအတွက်တင်ပေးလိုက်တယ်။ အခုတင်ပေးလိုက်တဲ့ဆော့ဝဲသည်
ခရက်ချိုးထားပြီးဖြစ်သည့်အတွက် အင်စတောထည့်သွင်းပြီးတာနဲ့ ဖူးဗားရှင်းအဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ CyberLink
PowerDVD ဆိုတာ မိမိကွန်ပျူတာမှာ DVD ခွေတွေကို အကောင်းဆုံးဖတ်ပေးနိုင်တဲ့ Player တစ်ခုဖြစ်တယ်ဆိုတာ အ
ထူးပြောစရာမလိုတော့ပါဘူး။ Cyber ဆိုတဲ့အတိုင်း ဖန်သားပြင်ပေါ်က လိုချင်တဲ့ပုံတွေကို အလွယ်တကူရိုက်ယူနိုင်ပါတယ်။
ကီးဂျင်း၊ ခရက်ဖိုင်ထည့်စရာမလိုပဲ အလွယ်တကူအင်စတော့လုပ်လို့ရသည့်အတွက် သာမန်ယူစားများအလန်းကိုအဆင်ပြေ တယ်ဗျာ။
Download :
hulkfile
Serial Number

Solidfile

စောလင်းနက်စ်

Tuesday, January 28, 2014

Saw Linux  /  1:43 AM  /  ,   /  No comments
စီဘောက်စ်က ညီလေးတစ်ယောက် Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်းသိချင်ပါတယ်ဆိုလို့ ကျနော်စုစည်းတင်ပြပေး
လိုက်တာပါ။ တကယ်တော့ ဖုန်းဗားရှင်းအကုန်လိုက်စမ်းသပ်ဖို့မလွယ်ဘူးလေ။ ကျနော်တောင်ကိုင်တဲ့ Nokia Phone က ခြောက်ရာ
တန်ဆိုတော့ သဘောပေါက်ပါတယ်နော်။ အမှန်က နောက်ပိုင်းကျနော်တင်တဲ့ပို့စ်အများစု ကိုယ်တိုင်စမ်းသပ်ပြီးမှတင်တာများပါ
တယ်။ Samsung တွေက စမ်းသပ်ပြီးမှတင်တာပါပဲ။ အခု Nokia Phone ကတော့ လိုအပ်သာ စုစည်းပြီးတင်ပေးလိုက်တဲ့သဘော
ပဲ။ ကျနော်ဆိုက်သုံးခုကနေ စုစည်းပြီး တင်ပေးလိုက်တယ်။ ဒေါင်းလုဒ်လင့်တွေကတော့ အလုပ် မလုပ်မသိဘူးနော်။ ဒေါင်းလင့်သေ
တယ်ဆိုရင် အဲဒီဆိုက်ရဲ့အက်ဒ်မင်တွေကို ပြန်တောင်းဆိုလိုက်ပါ။

Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်း စုစည်းတင်ပြခြင်း

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်

Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။
ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာ
နက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်
မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ
ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်
ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6

အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font
တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်)

အောက်မှာ application ကိုရယူနိုင်ပါတယ်။

(SymbianMyanmar v3.0 အားရယူရန် application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။ Certificate Error မဖြစ်အောင်သွင်းနည်း

Nokia ဖုန်းတွေမှာ application သွင်းရင် Certificate error မဖြစ်တော့အောင် Hack နည်း (၂)

Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။
ဒီနည်းလေးကိုလည်းစမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ memory card location ကွန်ပျူတာမှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါ။
တကယ်လို့ဖုန်းရဲ့ memory card location က E:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineDriversLDD.zip အားရယူရန်
တကယ်လို့ဖုန်းရဲ့ memory card location က F:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineF.zip အားရယူရန်
ကိုယ့် Drive နဲ့ဆိုင်တဲ့ zip ဖိုင်ကို download လုပ်ပြီးပြီဆိုရင် zip ဖြည်လိုက်ရင် Private ဆိုတဲ့နာမည်နဲ့ folder လေးတစ်ခုရလာပါမယ်။
အဲဒီ folder ကို ဖုန်း memory card ထဲကိုထည့်လိုက်ပါ။ ‘Private’ folder ကိုထည့်ရာမှာ ဖုန်း memory card ရဲ့ ဘယ် folder အောက်ကိုမှမထည့်ပါနဲ့ ။
Memory card ရဲ့ main directory အောက်မှာပဲထည့်ပါ ။ ဥပမာ – memory card ရဲ့ Drive location က F: ဆိုရင် ‘Private’ folder လေးကို F: အောက်မှာပဲ
ထားပါ။
ပြီးရင် Dr.web Antivirus ကိုရယူလိုက်ပါ။
Dr.web Antivirus အားရယူရန်
Dr.web antivirus ကို download ရယူပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Dr.Web Antivirus ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။

Dr.Web Antivirus ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Quarantine ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Quarantine ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Select all ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


ပြီးရင် option ကိုပြန်နှိပ်ပါ။
Restore ကိုနှိပ်ပါ။

ပြီးရင် Rom Patcher Plus ကို ဖုန်းထဲကိုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ။
Rom Patcher Plus အားရယူရန်
download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Rom Patcher Plus ထဲကိုဝင်ပါ။
ပြီးရင် install server RP+ v1.4 နဲ့ Open4all RP+ ကို နှိပ်ပါ။ နှစ်ခုစလုံးကိုနှိပ်ပြီးရင် ဘေးက icon လေးမှာ အစိမ်းရောင်လေးတွေဖြစ်နေရပါမယ်။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် certificate error မဖြစ်အောင် hack လို့ပြီးပါပြီ။ အရင်တုန်းက ဖုန်းထဲမှာ သွင်းရင် certificate error ဖြစ်ဖြစ်နေတဲ့ application တွေကို ဖုန်းထဲမှာ သွင်းကြည့်ပါ။
certificate error မဖြစ်တော့ဘဲ အဆင်ပြေပြေသွင်းလို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။

Ref : http://www.myanmarmobileapp.com/

Nokia Phone များအတွက် New Nokia Zawgyi Keyboard

မ​င်္ဂ​လာ​ပါ
Symbian ​သုံး​ဖုန်း​ဖြစ်​တဲ့ Nokia ​ဖုန်း​တွေ​မှာ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​သစ် ​ရ​ပါ​ပြီ။ ​အ​စော​ပိုင်း​က​တော့ Opera Mini ​မှာ ​မြန်​မာ​လို ​မြင်​ရ​အောင်
လုပ်​ထား​ကြ​တော့ Web Text Editor ​လေး​နဲ့ Opera Mini ​ထဲ​မှာ​ပဲ ​ဇော်​ဂျီ​ကို ​ရိုက်​လို့​ရ​အောင် ​လုပ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ကျွန်​တော်
Responsive ​အ​နေ​နဲ့ ​မ​ရေး​ခဲ့​တော့ ​ဖုန်း​အ​နေ​အ​ထား​ပေါ်​မူ​တည်​ပြီး ​အ​ဆင်​မ​ပြေ​ဖြစ်​တာ ​များ​ပါ​တယ်။
ဟိုး ​အ​ရင်​က​လည်း Nokia ​ဖုန်း​တွေ​အ​တွက် ​ကီး​ဘုတ်​တစ်​မျိုး ​ထွက်​ခဲ့​ပါ​သေး​တယ်။ ​ဒါ​ပေ​မယ် ​ထည့်​ဖို့​ရာ ​သိပ်​အ​ဆင်​မ​ပြေ​ပါ​ဘူး​။ ​ဖုန်း​ကို
Hack ​ထား​မှ ​ထည့်​လို့​ရ​ပါ​တယ်။ Hack ​ထား​ရင်​တောင်​မှ ​မူ​လ​ရှိ​ပြီး​သား ​ကီး​ဘုတ်​နေ​ရာ​မှာ ​အ​စား​ထိုး​ခွင့် ​မ​ပေး​တာ​မျိုး​လည်း ​ရှိ​ပါ​တယ်။
ယ​ခု​နည်း​က​တော့ ​ကျွန်​တော် ​တ​ရုတ်​ဆော့​ဖ်​ဝဲလ် Baidu Input ​ရဲ့ Skin ​ကို​သာ ​ဆွဲ​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​ဖုန်း​ကို Hack ​ထား​ဖို့​လည်း 
မ​လို​ပါ​ဘူး​။ Baidu Input ​ဆော့​ဖ်​ဝဲလ်​ကို​သွင်း​ပြီး ​ကိုယ်​ဆွဲ​ထား​တဲ့ ​ဇော်​ဂျီ​ကီး​ဘုတ် Skin ​ကို ​၎င်း Baidu Input ​မှာေ​ရွး​ပေး​လိုက်​ရုံ​ပါ​ပဲ။
ထည့်​သွင်း​နည်း
လို​အပ်​သော File ​များ​ကို Download ​လုပ်​လိုက်​ပါ။ ​ပြီး​နောက် Memory ​ထဲ​သို့ ​ကူး​ထည့်​ပါ။
Nokia Zawgyi Myanmar Keyboard
Zip ​တွင် Password ​ပါ​ခဲ့​ပါ​က nweyoe ​ဖြစ်​သည်။
အ​ဆင့် ​၁ ။ ။ Baiduinput_symbian3_v5_v3.1_1000e.sisx ​ကို ​ဖုန်း​ထဲ​၌Install ​လုပ်​ပါ။
အ​ဆင့် ​၂ ။ ။ C:\baidu\input\touchskin ​ထဲ​သို့ Zawgyi-Keyboard.bds ​ကို Copy ​ကူး​ထည့်​ပါ။ ​ဒီ​တိုင်း​ထည့်​မ​ရ​လျှင် X-plore
ကို​သုံး​၍​ထည့်​ပါ။ X-plore ​အ​ကြောင်း ​ဤ​နေ​ရာ​တွင် ​ရှင်း​ပြ​မ​နေ​တော့​ပါ။ )
ဒီ​အ​ဆင့်​ထိ​က​တော့ ​ဆော့​ဖ်​ဝဲလ်​ထည့်​ခြင်း ​ပြီး​ပါ​ပြီ။
ဇော်​ဂျီ​ကီး​ဘုတ် ​ပြောင်း​နည်း
Application Menu ​ထဲ​မှ Du ​ဆို​သော Icon ​လေး​ကို ​ဖွင့်​ပါ။ ​တ​ရုတ်​လို​တွေ ​ပေါ်​လာ​ပါ​လိမ့်​မယ်။
နံ​ပါတ် ​၁ ​ကိုေ​ရွး​ပါ။
နံ​ပါတ် ​၁ ​ကိုေ​ရွး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကိုေ​ရွး​ပါ။ ​နောက်​တစ်​ခု ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး​တ​ရုတ်​စာ ​ပါ​တာ​ကိုေ​ရွး​ပါ။ AknFEP
သည် ​မူ​လ ​ကီး​ဘုတ်​ဖြစ်​သည် )

Nokia Zawgyi Myanmar Keyboard
နောက်​သို့ ​ပြန်​ထွက်​ပါ။
နံ​ပါတ် ​၄ ​ကိုေ​ရွး​ပါ။
နံ​ပါတ် ​၄ ​ကိုေ​ရွး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကိုေ​ရွး​ပါ။
ပုံ​စံေ​ရွး​ခိုင်း​ပါ​လိမ့်​မည်။ ​ဒု​တိ​ယ Tab ​ကို​သွား​ပါ။ Baidu-Zawgyi-Keyboard ​ကိုေ​ရွး​နှိပ်​လိုက်​ပါ။ Popup ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး 
တစ်​ခု​ကိုေ​ရွး​ပေး​ပါ။ ​ဒု​တိ​ယ​တစ်​ခု​သည် ​ထည့်​ထား​သော Skin ​ကို Delete ​လုပ်​ခြင်း​ဖြစ်​သည်။ )

Nokia Zawgyi Myanmar Keyboard
အ​ဆင့်​ဆင့် Back ​ပြန်​သွား​၍ ​ထွက်​လိုက်​ပါ။
Message ​မှာ ​စာ​ဝင်​ရိုက်​ကြည့်၊ ​ကီး​ဘုတ်​ပေါ်​က ​အ​င်္ဂ​လိပ် ​အ​လံ​လေး​ကို​နှိပ်​ကြည့်​ပါ​ဦး​။ ​စာ​ရိုက်​မ​ရ​သေး​ပါ​က ​ညာ​ဖက် ​အ​ပေါ်​ဆုံး​ရှိ
 တ​ရုတ်​စာ​ကို ​နှိပ်​ပါ။ Horizontial ​ကိုေ​ရွး​လိုက်​ပါ။ဇော်​ဂျီ ​ကီး​ဘုတ် ​ပေါ်​လာ​ပါ​လိမ့်​မယ်။
ရိုက်​နည်း​က​တော့ ​ပုံ​မှန်​အ​တိုင်း​ပါ​ပဲ။ ​ပါဌ်​ဆင့်​တွေ​ကို​တော့ ​မူ​ရင်း​စာ​လုံး​နေ​ရာ​တွေ​မှာ ​ထည့်​ထား​ပါ​တယ်။ ​ဥ​ပ​မာ ​ဆ ​ရဲ့ ​ပါဌ်​ဆင့်​ကို​ရိုက်
မယ်​ဆို​ရင် ​ဆ ​ကို​ဖိ​ထား​လိုက်​ရုံ​ပါ။
အို​ကေ ​စာ​တော့ ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​စာ​ရိုက်​ဖို့​အ​တွက် ​ကီး​ဘုတ် ​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ရ​ဖို့​က​တော့ Font Zoomer ​လို​မျိုး
Font ​ပြောင်း​တဲ့ ​ဆော့​ဖ်​ဝဲလ်​သုံး​ပြီး ​ပြောင်း​ပါ။ Zawgyi Font ​ပြောင်း​လိုက်​လျှင် ​ဖုန်း​ထဲ​၌ ​တ​ရုတ်​စာ ​မြင်​ရ​တော့​မည် ​မ​ဟုတ်​ပါ။
Baidu ​ထဲ​မှ ​နံ​ပါတ် ​၄ ​ကို ​ပြန်​နှိပ်​ပြီး ​နောက်​ခံ​များ ​ပြောင်း​လဲ​နိုင်​ပါ​တယ်။ ​ပို​၍​သပ်​ရပ်​သော ​ကီး​ဘုတ်​လေး ​ရ​ပါ​လိမ့်​မယ်။
ကဲ ​ပို​ရှင်း​သွား​အောင် FAQ ​လေး ​ဆက်​ဖတ်​လိုက်​ပါ​ဦး​။
မေး​။ ။ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​ပြင် ​ဘာ​ကီး​ဘုတ်​တွေ ​ပါ​သေး​လဲ။
ဖြေ။ ။ ​အ​င်္ဂ​လိပ်​ပါ​မယ်၊ ​တ​ရုတ် Pinyin ​ပါ​မယ်။
မေး​။ ။ ​ကီး​ဘုတ်​တော့ ​မြင်​ရ​ပြီ ​ဒါ​ပေ​မယ့် ​ရိုက်​လိုက်​ရင် ​လေး​ထောင့်​တုန်း​တွေ​ပဲ ​ပေါ်​တယ်။ ​ဘာ​ဖြစ်​လို့​လဲ။
ဖြေ။ ။ ​ဟုတ်​ကဲ့။ ​ဒါ​က ​ကီး​ဘုတ်​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ချင်​ရင် Font Zoomer ​လို Font ​ပြောင်း​ပေး​တဲ့ Software ​တစ်​မျိုး
ကို​သုံး​ပါ။ 
အဲ​ဒါ​ဆို​ရင် ​ဖုန်း​တစ်​ခု​လုံး​မှာ ​မြန်​မာ​လို ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​ဒါ​ပေ​မယ့် ​စာ​လုံး​ထပ်​ပြီး ​မ​သပ်​မ​ရပ် ​ဖြစ်​တဲ့ ​ပြ​ဿ​နာ​တော့ ​ရှိ​ပါ​တယ်။
မေး​။ ။ ​တ​ရုတ်​ဆော့​ဖ်​ဝဲလ်​ကို ​ပြန်​ပြင်​ထား​တာ​ဆို​တော့ Error ​များ ​ရှိ​နိုင်​မ​လား​၊ Master Reset ​ချ​မှ ​ပြန်​ဖြုတ်​လို့ ​ရ​တာ​မျိုး​ပေါ့​။
ဖြေ။ ။ ​မ​ရှိ​ပါ​ဘူး​။ ​ဖြုတ်​ချင်​ရင် Baidu Input ​ကို ​အ​လွယ်​တ​ကူ​ပဲ ​ပြန်​ဖြုတ်​နိုင်​ပါ​တယ်။ ​မူ​လ​ကီး​ဘုတ် (AknFEP ​ကို Baidu Input
ထဲ​မှာ ​ပြန်ေ​ရွး​ပြီး​ရင်​ပေါ့​။
မေး​။ ။ Contact ​နာ​မည်​ပြောင်း​တာ​တွေ၊ Message ​ပို့​တာ​တွေ​မှာ ​စာ​လုံး​တွေ ​မ​သပ်​မ​ရပ်​ဖြစ်​တာ​မျိုး​နဲ့ ​စာ​လုံး​ထပ်​တာ​တွေ​ရှိ​ပါ
တယ်။ ​အ​မှန်​အ​တိုင်း ​သပ်​သပ်​ရပ်​ရပ်​မြင်​အောင် ​ဘယ်​လို​လုပ်​ရ​ပါ​မ​လဲ။
ဖြေ။ ။ ​ဇော်​ဂျီ​မှ ​မ​ဟုတ်​ပါ​ဘူး​။ ​အ​ခြား ​မြန်​မာ Font ​တွေ​ထည့်​လည်း ​ဖြစ်​ပါ​တယ်။ ​အ​ခု​တွေ့​ရ​သ​လောက်​က​တော့ Symbian
ဖုန်း​ထဲ​မှာ ​မြန်​မာ​စာ​ကို ​သပ်​သပ်​ရပ်​ရပ်​နဲ့ ​အ​မှန်​အ​တိုင်း ​မြင်​နိုင်​တာ Vibar ​ထဲ​မှာ​ရယ်၊ Nokia Car Mode ​မှာ​ရယ်၊ Blob ​ဆို​တဲ့
Blogger and WordPress Client ​ထဲ​မှာ​ရယ်​ပါ​ပဲ။

Myanmar Nokia Zawgyi Keyboard
မေး​။ ။ ​ဒီ​ကီး​ဘုတ်​ကို ​ပို​ကောင်း​အောင် ​လုပ်​ဖို့​ရှိ​ပါ​သ​လား​။
ဖြေ။ ။ ​ဟုတ်​ကဲ့​ဗျာ၊ ​ဒီ​ကီး​ဘုတ်​ရယ်​မှ ​မ​ဟုတ်​ပါ​ဘူး​၊ ​အ​ခြား​သော ​အ​ဆင်​ပြေ​တာ​မျိုး​တွေ့​ရင်​လည်း ​လုပ်​ဖြစ်​ဦး​မှာ​ပါ​ပဲ။
မေး​။ ။ ​အဲ​ဒီ​လို​မျိုး Skin ​ကို ​ကိုယ့်​တိုင်း​ကိုယ် ​လုပ်​ကြည့်​ချင်​တယ်။ ​ရ​နိုင်​ပါ့​မ​လား​။
ဖြေ။ ။ ​ရ​တာ​ပေါ့​ဗျာ။ ​စိတ်​ပါ​လို့ ​လုပ်​ချင်​တယ်​ဆို​ရင် http://shouji.baidu.com/input/ ​ကို​သွား​ပါ။ ​လို​အပ်​တဲ့ ​ဆော့​ဖ်​ဝဲလ် Baidu
Input ​ရဲ့ Skin ​ပြောင်း​တဲ့ ​ဆော့​ဖ်​ဝဲလ် ​ကို Download ​လုပ်​ပါ။ ​ကိုယ့်​တိုင်း​ကိုယ် ​ပြု​ပြင်​တီ​ထွင်​နိုင်​ပါ​တယ်။
ကဲ ​ကျွန်​တော်​မေး​ပြီး ​ကျွန်​တော်​ဖြေ​ထား​တာ​လေး ​ဖတ်​ပြီး​ရင်​တော့ ​သ​ဘော​ပေါက်​လောက်​ပါ​ပြီ​နော်။

Ref : http://thanhtikezaw.blogspot.com

Font Zoomer v3.31 ကို အသုံးပြုပြီး Nokia ဖုန်းတွေ မှာ မြန်မာဖောင့်နဲ့ မြန်မာလိုပေါ်အောင်လုပ်နည်း

Nokia မှာမြန်မာဖောင့်ထည့်ချင်တယ်လို့ comment ပေးသွားတာတွေ့လို့ပါ။ မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့
software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့Nokia 5230,
5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါ
တယ်။

Font Zoomer v3.31
Font Zoomer v3.31

software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card
ထဲကို copy လုပ်လိုက်ပါ။ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို
C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။
ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ
list of font ကိုရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restartချလိုက်ပါ။
ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။

တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားများ

Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500,
Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220,
Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,Nokia: E50,
E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79,
N80, N81, N82, N85, N86, N91,N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.

Ref : http://aksthutakabar.blogspot.com/

Saturday, January 25, 2014

Saw Linux  /  7:08 PM  /  ,   /  No comments

ဒီ Samsung Galaxy Tab 10.1 GT-P7500 သည် သူ့ဟန်းစက်ဘော်ဒီကိုက SD Card ထည့်ဖို့တိုက်ရိုက်ပါမလာဘူး။ Power
အပေါက်ကနေ Card Reader ခံပြီး SD Card ထည့်ရပါတယ်။ ဆိုတော့ ပုံမှန်အတိုင်းလုပ်နေကြ Root Zip ဖိုင်နဲ့ Root လုပ်ဖို့
မလွယ်ဘူးပေါ့။ အကြောင်းက Root လုပ်ဖို့ကလဲ Root Zip ဖိုင်ကို external storage (SD Card) ကနေ ထည့်ထားပြီးမှ Root
လုပ်ရသည့်အတွက်ကြောင့်ဖြစ်ပါတယ်။

သို့သော် အဲဒီအခက်အခဲတွေကို ကျော်လွားနိုင်မယ့်နည်းလမ်းလေးကို ကျနော်တင်ပြပေးသွားမှာဖြစ်ပါတယ်။ အမှန်က အခု
နောက်ပိုင်း Android OS တွေကို အလွယ်ကူဆုံး Root ပြုလုပ်ပေးနိုင်တဲ့ Kingo Root ဆိုတာကြားဖူးကြပါလိ့မ်မယ်။ ဒီ tool
ကို အသြုံပုပြီး Mobile, Tablet တော်တော်များကို Root ပြုလုပ်နိုင်ကြောင်းပြောချင်ပါတယ်။

ဒါပေမယ့် ကျနော်တင်ပြမည့်နည်းလမ်းက Kingo Root နဲ့တစ်ခါတည်း Root လုပ်နည်းကို ပြမည်မဟုတ်ဘဲ ပြုလုပ်နေကြ
Root ဖေါက်နည်းကိုပဲ တင်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင်မပြေမှသာလျှင် Kingo Root နဲ့အသုံးပြုပြီး Root
လုပ်စေချင်ပါတယ်။

Samsung Galaxy Tab 10.1 GT-P7500 Root လုပ်ဖို့လိုအပ်သော Frameware များ
၁။ USB Driver Samsung USB Driver (Window 7,8 တို့မှာ အောက်တိုမက်တစ်ဒီထက်လုပ်သည်)

၂။ Odin3 v1.85
My File

၃။ Recovery Tool
 ဒီ Recovery Tool (၂) ခုတွင် ကြိုက်တာတစ်ခုခုကို အသုံးပြုပါ။ အပေါ်တစ်ခုက ဆိုက်နည်းနည်းကြီးသည်။ ဒီပထမတစ်ခု
ကိုအသုံးပြုလျှင် Root Zip ဖိုင်မလိုဘဲ Root လုပ်မှာဖြစ်ပါတယ်။ အောက်ပါ Root ဖေါက်နည်း နံပါတ် (၄) တွင်ဆက်စပ်ကြည့်ပါ။
Original Stock ROM: GT-P7500_ITV_P7500XXLQ8_P7500OXALQ8_P7500XXLQ8.zip
ဒီဒုတိယတစ်ခုကတော့ Root Zip ဖိုင် အသုံးပြုရမှာဖြစ်ပါတယ်။ Root Zip ဖိုင် အသုံးပြုခဲ့လျှင် external storage (SD Card)
ကိုရှိကိုရှိရမယ်နော်။ ကြိုတင်သတိပေးတဲ့သဘောပါပဲ။
recovery-cwm_4.0.0.4-sam-tab-10.1.tar

၎။ Root Zip ဖိုင်
Mediafire
My File

Samsung Galaxy Tab 10.1 GT-P7500 Root ဖေါက်နည်း

၁။ Tab 10.1 GT-P7500 ကနေ USB Deburging လုပ်ထားလိုက်ပြီး ကွန်ပျူတာနဲ့ Tablet ကို usb connector နဲ့ဆက်သွယ်ပါ။
၂။ Tablet ကို Recovery လုပ်ရန်အတွက် Tablet ရဲ့ Power + Volume Down ကိုတွဲနှိပ်ထားပါ။ warning screen ပေါ်လာရင်
Volume Up ခလုတ်ကိုဆက်နှိပ်ပါ။ ထိုနောက် Download Mode ကိုဆက်ရန်အတွက် Volume Up ကိုပဲဆက်နှိပ်ပါ။

၃။ ပြီးလျှင် ကွန်ပျူတာထဲက Odin3 v1.85 ကို Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin3 v1.85 မှာ Re-Boot, F-Re-settime
တို့ကို အမှန်ခြစ်ပြီး PDA ကိုနှိပ်ပြီး P7500XXLQ8_P7500OXALQ8_P7500XXLQ8.tar ကိုသော်၎င်း recovery-cwm.md5 နဲ့
သော်၎င်း တစ်ခုခုကိုရွေးပြီး Start ကိုနှိပ်ပါ။ (ပထမတစ်ခုက ဆိုက်ကြီးတော့ အချိန်ကြာမြင့်နိုင်သည်)။
ခဏကြာပြီးသွားလျှင် စက်က Reboot ကျသွားပါလိမ့်မည်။

 ၄။ ဒါဆို Recovery Mode အတွက်ပြီးသွားပြီ Root ဆက်ရန်အတွက် စက်ပြန်ပွင့်လာလျှင် Tablet ကို Power + Volume
Down ကိုတွဲနှိပ်ပါ။ Downloading ပေါ်လာလျှင် Volume Down ကိုနှိပ်ပါ။

ထိုနောက် Volume Up ကိုဆက်နှိပ်ပါ။ ပြီးလျှင်အောက်ပါ function တွေထဲမှာ...
wipe cache ကိုရွေးပြီး Power ကိုနှိပ်။ ပြီးရင် wipe data/factory reset ထပ်ရွေးပြီး Power ကိုနှိပ်လိုက်ရင် Root အတွက်
အောင်မြင်မှာဖြစ်ပါတယ်။ ထိုနောက် စက်ကို reboot ချလိုက်ပါ။

စက်ပြန်တက်လာရင် Official ICS 4.0.4 နဲ့လန်းနိုင်ပါပြီဗျာ။

အားလုံးပြီးလျှင် Root အောင် မအောင် ပရိုဂရမ်တွေကို အင်စတောကြည့်ပါ။ ရလျှင်အောင်တာပေါ့။ မရရင်တော့ နောက်အစီ
အစဉ်တစ်ခုတစ်မျိုးနဲ့ဖေါက်ရမယ်။

Root မအောင်သေးဘူးဆိုလျှင် Kingo Root ဖေါက်မယ်...

အထက်က နံပါတ် (၄) အချက် Root Zip ဖိုင်နဲ့အဆင်မပြေလျှင် ၎င်းအစား Kingo Root ဆော့ဝဲကိုအသုံးပြုပြီး Root ဖေါက်ရန်အတွက် အောက်ပါ Kingo Root ဒေါင်းလုဒ်ပါ
My File

Kingo Root ဆော့ဝဲကို ဒေါင်းပြီး ကွန်ပျူတာထဲမှာ အင်စတောထည့်သွင်းလိုက်ပါ။ ပြီလျှင် ကွန်ပျူတာနဲ့ ထေးဘလက် ကေ
ဘယ်လ်ကြိုးတပ်ဆင်လိုက်ပါ။ ထိုနောက် ဆော့ဝဲရဲ့ ပြတဲ့အတိုင်းလိုက်လုပ်ပါ။ တစ်မိနစ်အတွင်း Root အောင်မြင်သွားပါ
လိမ့်မည်။

အဆင်ပြေပါစေ...
စောလင်းနက်စ်

Friday, January 24, 2014

Saw Linux  /  2:40 AM  /    /  2 comments

ကျနော်မနေ့က သူများအတွက် Dell Dell Inspiron (15) 3537 Notebook ဟန်စက်နှစ်လုံးသွားဝယ်ပေးတယ်။ စက်က CPU i5,
AMD Graphic အမျိုးအစားပါ။ ၀င်းဒိုး 8 တင်ပေးလိုက်တယ်။ ကျန်တဲ့ ဒရိုက်ဘာတွေလဲအားလုံးအဆင်ပြေတယ်ပါတယ်။ မပြေတာ
တစ်ခုက WiFi Wireless and Bluetooth Driver အတွက်ပါ။ Driver Pack Solution နဲ့ဖြေရှင်းသော်လည်း အဆင်မပြေခဲ့ပါဘူး။
အဲဒါနဲ့ပဲ အင်တာနက် search engine မှာတော်တော်ရှာလိုက်ရတယ်။ နော်ဆုံးတော့ရသွားပါတယ်။ ဒါကြောင့် လိုအပ်တဲ့ပုဂ္ဂိုလ်
များအဆင်ပြေအောင် ပြန်ပြီးရှယ်ယာပေးလိုက်တယ်။ ကျန်တဲ့ ဒရိုက်များအတွက်ပါ ဒေါင်းယူနိုင်သောလင့်ကိုတင်ပေးလိုက်တယ်။

Download :
Dell Inspiron (15) 3537 WiFi Wireless and Bluetooth Driver
Original Link

Thursday, January 16, 2014

Saw Linux  /  6:13 PM  /    /  No comments

 Virus တွေက အမျိုးအစားများနေတော့ သူ့ကိုသတ်ဖို့ဆော့ဝဲတွေကလဲ အမျိုးမျိုးထုတ်လုပ်နေကြတယ်။ ကျနော်တို့ User တွေကလဲ အမျိုး
အမျိုးဝယ်သုံးနေကြတာပဲ။ အဲဒီအမျိုးအစားများထဲမှာ သူ့အကြိုက်နဲ့သူ အသုံးပြုကြတယ်မလား။ ကျနော်ာWindow တင်ပေးတဲ့စက်တိုင်းမှာ USB
Port ကာကွယ်မည့် USB Disk Security တစ်မျိုးနဲ့ Main Antivirus တစ်မျိုးတင်ပေးလေ့ရှိပါတယ်။ Main Anitivirus အတွက် ကျနော်ရဲ့လက်စွဲက
ESET NOD Antivirus ကို အသုံးပြုပါတယ်။

သို့သော် တစ်ခါတစ်လေအဲဒါတွေနဲ့ system ပိုင်းကာကွယ်ဖို့မလုံလောက်ဘူးဖြစ်နေပြန်တယ်။ အကြောင်းကတော့ Malaware Virus, Adware
Virus အဲဒီ အန်တီဗိုင်းရပ်စ်တွေကို ကျော်ပြီးဝင်ရောက်နိုင်ပြန်တယ်။ Malaware Virus, Adware Virus အများဆုံးဝင်ရောက်နိုင်တဲ့နေရာကတော့
အင်တာနက်ပေါ်ဝက်ဘဆိုက်တွေထဲက ဗွီဒီယိုတွေကြည့်ရှုသည်ဖြစ်စေ ဒေါင်းလုဒ်သည်ဖြစ်စေ လျှို့ဝှက်ကပ်ပါလာတတ်ပါတယ်။ ဆိုတော့ အဲဒီ
Malaware Virus ကိုကာကွယ်နိုင်င်ဖို့ အခုကျနော်တင်ပေးလိုက်တဲ့ Malawarebytes v1.75 နဲ့အသုံးပြုစေချင်ပါတယ်။ ဆော့ဝဲဒေါင်းလုဒ်ဖို့က
သိပ်အခက်အခဲမရှိပါဘူး။ ဒါပေမယ့် အဲဒီအတွက် ဖူးရှင်းဗားရှင်းဖြစ်ဖို့ ကီးနံပါတ်၊ အက်တီဗိတ်တာ၊ ကီးဂျင်းတွေရဖို့က တစ်ခါတစ်လေအချိန်
တော်ပေးရတယ်။ ကျနော်တင်ပေးတဲ့ဆော့ဝဲအများစုသည် ဖူးဗားရှင်းဖြစ်အောင်လုပ်ပေးနိုင်တဲ့ဆော့ဝဲတွေများပါတယ်။ ဒါကလဲ အသုံးပြုသူများ
အဆင်ပြေဖို့ပါ။ ဆော့ဝဲတွေက အင်စတော့လိုက်သော်လဲ ဖူးဗားရှင်းမဖြစ်ရင် စက်လေးသာအဖတ်တင်တယ်ဗျာ။

Download Malawarebyte :
My Shared.com

လိုလိုမယ်မယ် Adware virus အတွက်ဒေါင်းလုဒ်နိုင်တဲ့လင့်ကိုပေးလိုက်မယ်...
bleepingcomputer.com

စောလင်းနက်စ်

Monday, January 13, 2014

Saw Linux  /  7:27 PM  /    /  No comments

ကျနော် Linux OS ကို ဆက်မလေ့လာဖြစ်တာ အတော်ကြာခဲ့ပါပြီ။ Linux OS အကြောင်းကို သိချင်၊ လေ့လာချင်သောပုဂ္ဂိုလ်များ
အနေနဲ့ ဆရာဇော်လင်းရေးထားတဲ့ စာအုပ်ကိုဖတ်ဖို့ညွန်းချင်တာကြောင့် ဒီပို့စ်နဲ့မိတ်ဆက်ပေးလိုက်တာပါ။ အဲဒီစာအုပ်ထဲမှာ
Linux နဲ့ပတ်သက်တဲ့အကြောင်းတွေကို ရေးထားတာတော်တော်စုံတယ်။ Linux OS ကို လေ့လာမယ်ဆိုရင် တော်တော်လေး
ပြည့်စုံတဲ့ အချက်အလက်တွေရနိုင်ပါတယ်။ ဒါကြောင့် ကျနော်ကတော့ Linux OS အတွက် ဒီစာအုပ်ကိုဖတ်ညွန်းချင်တာနဲ့
မိတ်ဆက်ပေးလိုက်ရပါတယ်။

Download Linux OS E-Book by Sayar Zawlin
My Shared.com
Google Drive

Sunday, January 12, 2014

Saw Linux  /  7:56 AM  /    /  No comments
၂၀၁၃-ခု တတိယ (၄)လပတ်အတွက် မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအစည်းအဝေးကို ထိုင်းနိုင်၊ငံနွန်ထဘူရီ၊
ဝတ်နခေါင်အင်ကျောင်း (၁၂-၁-၂၀၁၄) တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးပွဲတွင် ၂၀၀၉-ခုနှစ်စတင်၍
၂၀၁၃-ခုနှစ်အထိ ငါးနှစ်အတွင်း မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေ-သည် ပျက်ကွက်မှုစာရင်းမပါ ဘတ်ငွေစုစုပေါင်း
(၁၀၂၄၂၀၀) ဆယ်သိန်းနှစ်သောင်းလေးထောင်နှစ်ရာရှိကြောင်းကို စာရင်းတင်ပြခဲ့ကြပါသည်။

ထိုနောက်အစည်းအဝေးပွဲ၏ ဆုံးဖြတ်ချက်အရ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေ-သည် ငါးနှစ်ပြည့်လျှင် ရွာအ
တွက် ပညာရေး၊ ကျမ္မာရေး၊ လူမှုရေးနယ်ပယ်မှာအသုံးပြုရန် ထုတ်ပေးရမည်ဖြစ်သည့်အတွက် ဤလက်ရှိ ဘတ်ငွေစုစုပေါင်း
(၁၀၂၄၂၀၀) ဆယ်သိန်းနှစ်သောင်းလေးထောင်နှစ်ရာထဲမှ ဘတ်ငွေ (၈၀၀၀၀၀) ရှစ်သိန်းကို ရွာမှာရှိကြတဲ့ကော်မတီများထံသို့
ပို့ပေးရန်အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ ကျန်ငွေ (၂၂၄၂၀၀) နှစ်သိန်း နှစ်သောင်းလေးထောင်နှစ်ရာကို လက်ရှိထိုင်းနိုင်း
ငံမှာ ရှိကြတဲ့ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေက်ာမတီများက ရန်ပုံငွေပြန်လည်တိုးပွားလာဖို့ရည်သန်၍
အပိုင်းလိုက်ခွဲငွေကာ တာဝန်ပေးချထားခဲ့ပါသည်။

ထိုင်းနိုင်ငံရှိ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအဖွဲ့သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (မြောက်ပိုင်း)၊ ထီ
ဖိုးစံကျေးရွာအတွက် ပညာရေးစသောကဏ္ဍ (၃)ခုတွင် တိုးတက်ရန်ဖွဲ့စည်းထားသည့်အတွက် ၎င်းကျေးရွာကော်မတီများ၏ စီမံချက်
များအတိုင်း ပူးပေါင်းဆောင်ရွက်ကြပါသည်။
အခုအစည်းအဝေးဆုံးဖြတ်ချက်အရ ပို့လိုက်သောဘတ်ငွေ (၈၀၀၀၀၀) ရှစ်သိန်းနှင့် ကျေးရွာတွင်ရှိထားသောရန်ပုံငွေ သိန်းတစ်ရာ
ကိုပေါင်းလိုက်လျှင် လက်ရှိမျိုးဆက်သစ်ထီဖိုးစံရန်ပုံငွေသည် သိန်းသုံးရာကျော်ရှိမည်ဖြစ်ပါသည်။ ၎င်းရန်ပုံငွေများ၏ ရှေ့ဆက်
လုပ်ဆောင်မည့်အနာဂါတ်အစီအစဉ်များကို လာမည့်တပို့တွဲလဆန်းကျရင် အစည်းဝေးထိုင်ပြီးဆက်လက်ဆောင်ရွက်ကြမည်ဖြစ်
ကြောင်း အနီးအဝေးကျေးရွာသူ၊ ကျေးရွာသားအားလုံးကိုအသိပေးအပ်ပါသည်။

ဒါကြောင့် မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအဖွဲ့၏ တာဝန်ယူထားတဲ့ကော်မတီများကိုသော်၎င်း မိမိရပ်ရွာအတွက် တိုးတက်ရာတိုးတက်ကြောင်းကို ရည်သန်၍ ၀ိုင်းဝန်းကူညီပေးကြသော ရပ်ရွာညီ၊ကို၊မောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိ
ပါသည်။

ထိုင်းနိုင်ငံ မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအတွက် လက်ရှိအဓိကစောင့်ရှေက်ထိန်းသိမ်းတာဝန်ယူသော
ပုဂ္ဂိုများ...
၁။ စောသာလွင် (မာန်နဲာသုဘော) - ထီဖိုးစံ
၂။ စောနီးကူ - မြပတိုင်နိုင်
၃။ စောချဒီး - ထီဖိုးစံ
၎။ စောမောင်ဝင်းခိုင် - ထီဖိုးစံ
၅။ စောအာင်မိုး - ကော့ဖန်ရပ်
၆။ စောအောင်အောင် - ကော့ဖန်ရပ်
၇။ စောအဒီး - ကွီမန်တိုင်
၈။ စောသောင်းရီ - မြပတိုင်နိုင်
၉။ စောဖါ့လူ - ထီိဖိုးစံ (အထက်ပိုင်း)
၁၀။ စောဝါးလား - (နောင်ထွတ်ထာ)

မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရန်ပုံငွေအဖွဲ့

တတိယ (၄)လပတ် အစည်းအဝေးမှတ်တမ်းဓာတ်ပုံများ

Sunday, January 5, 2014

Saw Linux  /  8:07 PM  /  ,   /  No comments

လိုအပ်တဲ့ Mobile, Tablet Andriod အတွက် APK Application များကိုလွယ်လင့်တကူရယူနိုင်ရန် စုစည်းထားခြင်းဖြစ်ပါတယ်။
အပြည့်အစုံးကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီ Apk အားလုံးသည် Google Search Engine ကတစ်ဆင့်ရှာဖွေပြီး ဒေါင်းလုဒ်စွဲ
ထားခြင်းဖြစ်ပါသည်။ သက်ဆိုင်သူအားလုံးကိုခွင့်မတောင်းမိသော်လည်း လေ့လာသူများအတွက်အဆင်ပြေနိုင်စေရန်ရည်ရွယ်၍
သာစုစည်းထားခြင်းဖြစ်ပါသည်။ တစ်ချို့သော apk များကို ကျနော်လက်တွေ့မစမ်းရသေးပါ။ အဆင်မပြေတာရှိလျှင် နားလည်
ပေးစေချင်ပါသည်။

Samsung Galaxy Tab 3 10.1 P5200/P5210 ကို Root ဖေါက်ဖို့အတွက် လိုအပ်တဲ့ Application
1. SAMSUNG_USB_Driver_for_Mobile_Phones_v1.5.25.0-retail.exe
2.Odin3-v3.07.zip
3.bindroid_cwm_p5210_santos10wifi.zip(Recovery.tar.md5)
4.Root For Samsung Galaxy Tab 3.zip

Samsung S3 Clone GT-I9300 ( 4.1.9)အတွက် Application ဒေါင်းရန်
usb_driver_MT65xx_Android_.rar
Root_with_Restore_by_Bin4ry_v28.zip
FontChanger.apk

Android အတွက် Font Keyboard
Bagan Keyboard Pro1.0.1
FrozenKeyboard_1.1.3.apk
iTextmm2.apk

ဆိုင်ရာဖုန်းအလိုက် Root Tool များ
Root Tools Including Kingo and VRoot.rar
VRoot_1.5.2.3544_Set.rar
VRoot_1.4.2.3130_Setup@MMSD.rar
Unlock One Click Root.rar
smartzawgyi4.3advanced.zip
Root Master VRoot1.6.0.3689.exe
Kingo Android Root.rar
android_root_WKK.exe
android_root.rar
android_root for PC kingo.exe
Root Frame For Samsung Galaxy Tab 3.rar
How to Root Samsung Glaxy Ace 3 GT
Easy Install Myanmar Fonts for Android Root !!!.zip
How to root ZTE Geek Android 4.2.2.rar
Z4ROOT APK v1.3.0 (Yangonthar)_2.exe
One-click apk Framaroot.rar
CF-Auto-Root-hltetmo-hltetmo-smn900t.zip
CF-Auto-Root-hlteskt-hlteskt-smn900s.zip
CF-Auto-Root-hlte-hltexx-smn9005.zip
CF-Auto-Root-hlte-h3gzm-smn9008.zip
CF-Auto-Root-hlte-h3gzc-smn9006.zip
CF-Auto-Root-hlte-h3gduoszn-smn9002.zip
CF-Auto-Root-hlte-h3gduosctc-smn9009.zip
CF-Auto-Root-hltecan-hlteub-smn900w8.zip
CF-Auto-Root-ha3g-ha3gxx-smn900.zip
android_root for PC.exe
android_root_WKK.exe
MMAS Root & Font Installer.apk
Nokia Hacking
MMAS Root & Font Installer.apk

Link for CF-Auto-Root (Samsung)

အခြားလိုအပ်သော apk များ
Myanmar News.apk
IDM.apk
Hi Gtalk.apk
ebody.apk
Adobe Reader.apk
Samsung Kies
Real Player.apk
Skype.apk
Viber Free Call.apk
Usage Monitor.apk
Teaviewer.apk
Tube.apk
Titanium Backup Pro.apk
tangovideocalls_2.4.32692.apk
superbubblebirds_3.1.0.apk
Street Fighter II v1.0-Game-AnDrOiD.apk
speedmoto_1.1.4.apk
smarttools_1.3.5.apk
shwebook_v2.0.apk
ringopro_1.2.29.apk
Ringdroid.apk
Qr Barcode Scanner.apk
PopStar.apk
photowonder.apk
oxforddictionaryofenglish_2.12(67).apk
Myanmar Cars DB-2.apk
mobislenotestodo_3.0.1.apk
Mobile Directory.apk
mm Calendar.apk
mizzima.apk
Kaspersky Tablet Security v9.14.14
im_6.4.3.apk
hotnews.apk
gpsessentials_2.8.6.apk
GOthere-Myanmar-Beta3.apk
Flash Blink.apk
Facebook.apk
Myanmaestrongs_1.6.1.3.apk
Easy_Touch_iPhone_style_2_0_9.apk
dictionarymwpremium_1.3.apk
DhammaCycle.apk
crazyambulance_1.0.apk
ConvertPad - Unit Converter.apk
com.myanmar.bible.apk
com.mmyear100-1.apk
com.gothere-1.apk
com.bit.thevoice.fb-1.apk
CoinDozer_3.5.apk
camerazoomfx_4.0.3.apk
callrecord_j3mhtr8s - Copy.apk
Beacon LED Flash notification v2.2-AnDrOiD.apk
Bamboo GO Launcher EX Theme v1.14-AnDrOiD.apk
autocallrecorderpro_3.21.apk
Aquarium GO Launcher EX Theme v1.19-AnDrOiD.apk
allthatrecorder_1.8.apk
7daysnews.apk
1Mobile Market.apk
GalaxyS3Root.zip
Framaroot-1.4.1(www.zwmnna.com).apk
CF-Auto-Root-m0-m0xx-gti9300.tar.md5
Root Frame For Samsung Galaxy Tab 3.rar
Recovery.Tar.md5 Bindroid CWM P5200.zip
Samsung Galaxy Tab 3(SM-T210 or SM-T210R)
Protected.tar.md5 (SM-T210 or SM-T210R)
Myanmar Mobile.APK (110MB)

စောလင်းနက်စ်

Android Devices တွေအတွက် မရှိမဖြစ် ရှိသင့်တဲ့ USB Drivers များ စုစည်းမှု
Google: Download Nexus Device Driver
Samsung: Download Samsung USB Drivers or Download Samsung KIES (comes with driver)
Sony: Download Sony USB Drivers for Android device
HTC: Download HTC USB Drivers
LG: Download LG USB Drivers
Motorola: Download Motorola USB Drivers
ASUS: Download ASUS USB Drivers or Download ASUS PC Suite (comes with driver) Download Nexus 7 USB Drivers
Huawei: Download HiSuite
ZTE: Download ZTE USB Drivers
Acer: Download Acer USB Drivers
ALCATEL ONE TOUCH: Download Alcatel One Touch Drivers
Dell: Download Dell USB Drivers> Foxconn: Download Foxconn USB Drivers
Fujitso: Download Fujitso USB Drivers
Garmin-Asus: Download Garmin-Asus USB Drivers
Hisense: Download Hisense USB Drivers
Intel: Download Intel USB Drivers
KT Tech: Download KT Tech USB Drivers
Kyocera: Download Kyocera USB Drivers
Lenevo: Download Lenevo USB Drivers
Pantech: Download Pantech USB Drivers
Pegatron: Download Pegatron USB Drivers
Sharp: Download Sharp USB Drivers
SK Telesys: Download SK Telesys USB Drivers
Teleepoch: Download Teleepoch USB Drivers
Yulong Coolpad: Download Yulong Coolpad USB Drivers

Samsung android usb drivers
 HTC android usb drivers
Motorola android usb drivers Sony Ericsson android usb drivers 
LG android usb drivers
Google Nexus android usb drivers
Huawei android usb drivers 
ZTE android usb drivers 
ASUS android usb drivers
Acer android usb drivers
Amazon kindle fire android usb driversFujitsu android usb drivers
Oppo usb driver(or) Download Here
Adobe Flash Player For Android 4.xx 
Flash Player 11.1 for Android 4.0 (11.1.115.81)
Flash Player 11.1 for Android 4.0 (11.1.115.69)
Flash Player 11.1 for Android 4.0 (11.1.115.63)
Flash Player 11.1 for Android 4.0 (11.1.115.58)
Flash Player 11.1 for Android 4.0 (11.1.115.54)
Flash Player 11.1 for Android 4.0 (11.1.115.48)
Flash Player 11.1 for Android 4.0 (11.1.115.47)
Flash Player 11.1 for Android 4.0 (11.1.115.37)
Flash Player 11.1.for Android 4.0 (11.1.115.36)
Flash Player 11.1.for Android 4.0 (11.1.115.34)
Flash Player 11.1.for Android 4.0 (11.1.115.27)
Flash Player 11.1.for Android 4.0 (11.1.115.20)
Flash Player 11.1.for Android 4.0 (11.1.115.17)
Flash Player 11.1 for Android 4.0 (11.1.115.12)
Flash Player 11.1 for Android 4.0 (11.1.115.11)
Flash Player 11.1 for Android 4.0 (11.1.115.8)
Flash Player 11.1 for Android 4.0 (11.1.115.7)
Flash Player 11.1 for Android 4.0 (11.1.112.61)
Flash Player 11.1 for Android 4.0 (11.1.112.60)

Adobe Flash Player For Android  2.xx
Flash Player 11.1 for Android 2.x and 3.x (11.1.111.73)
Flash Player 11.1 for Android 2.x and 3.x (11.1.111.64)
Flash Player 11.1 for Android 2.x and 3.x (11.1.111.59)
Flash Player 11.1 for Android 2.x and 3.x (11.1.111.54)
Flash Player 11.1 for Android 2.x and 3.x (11.1.111.50)
Flash Player 11.1 for Android 2.x and 3.x (11.1.111.44)
Flash Player 11.1 for Android 2.x and 3.x (11.1.111.43)
Flash Player 11.1 for Android 2.x and 3.x (11.1.111.32)
Flash Player 11.1 for Android 2.x and 3.x (11.1.111.31)
Flash Player 11.1 for Android 2.x and 3.x (11.1.111.29)
Flash Player 11.1 for Android 2.x and 3.x (11.1.111.24)
Flash Player 11.1 for Android 2.x and 3.x (11.1.111.19)
Flash Player 11.1 for Android 2.x and 3.x (11.1.111.16)
Flash Player 11.1 for Android 2.x and 3.x (11.1.111.10)
Flash Player 11.1 for Android 2.x and 3.x (11.1.111.9)
Flash Player 11.1 for Android 2.x and 3.x (11.1.111.8)
Flash Player 11.1 for Android 2.x and 3.x (11.1.111.7)
Flash Player 11.1 for Android 2.x and 3.x (11.1.111.5)
Flash Player 11.1 for Android (11.1.102.59)
Flash Player 11 for Android (11.0.1.153)
Flash Player 10.3 for Android (10.3.186.7)
Flash Player 10.2 for Android (10.2.157.51)
Flash Player 10.1 for Android (10.1.106.17)

ဝင်းကမ္ဘာကျော်
Saw Linux  /  1:06 AM  /    /  3 comments

Mobile, Tablet တွေနဲ့ပတ်သက်လျှင် ကျနော်ပို့စ်တင်လေ့သိပ်မရှိပါဘူး။ အဲဒီပစ္စည်းနဲ့ပတ်သက်ပြီး အကောင်းစားတွေ
ကျနော်မသုံးနိုင်တာလဲ ပါတာပေါ့။ အခုမိတ်ဆွေတစ်ယောက်က Samsung Galaxy Tab 3 ၀ယ်လာပြီး Root ဖေါက်ခိုင်း
တော့ လုပ်ပေးရတဲ့သဘောပါ တတ်လို့မဟုတ်ဘူးဗျ။ ပြောလိုက်ပါတယ်။ ပျက်ရင် တာဝန်မယူဘူးနော်။ ကျနော်က
သူသုံးတာထက် စမ်းသပ်ရတာကို ပိုသဘောတွေ့တယ်။

ဒါကြောင့် Samsung GalaxyTab 3 10.1 P5200/P5210 အတွက် Root ဖေါက်လို့ ရလာတဲ့အတွေ့အကြုံကိုပြန်လည်
ဝေငှချင်ပါတယ်။ ဓာတ်ပုံက မကြည်ဘူးဗျာ။ ကျနော် Root ဖေါက်တုန်းက ဓာတ်ပုံမရိုက်ထားမိဘူး။ အခုပုံတွေက ဗွီဒီ
ယိုဖိုင်ကနေ Captureဖမ်းပြီး ပုံအနေနဲ့ပြန်လုပ်ထားတာပါ။ Root ဖေါက်နည်းကတော့ အခြားနည်း၊ ဒီထက်ကောင်းတဲ့
နည်း၊ ဒီထက်လွယ်တဲ့နည်းတွေလဲ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်ကတော့ ကိုယ်တိုင်စမ်းသပ်ထားတဲ့နည်း
ကိုပဲ စာဖတ်မိတ်ဆွေများကို ဝေငှခြင်းဖြစ်ပါတယ်။

Samsung Galaxy Tab 3 10.1 P5200/P5210 ကို Root ဖေါက်ဖို့အတွက် လိုအပ်တဲ့ Application တွေကို အရင်
ဒေါင်းထားလိုက်ပါ။

1. SAMSUNG_USB_Driver_for_Mobile_Phones_v1.5.25.0-retail.exe
2.Odin3-v3.07.zip
3.bindroid_cwm_p5210_santos10wifi.zip(Recovery.tar.md5)
4.Root For Samsung Galaxy Tab 3.zip

အထက်ပါ application များဒေါင်းထားပြီးဆိုလျှင် Zip, Rar ဖိုင်အားလုံးဖြည်ထားလိုက်ပါ။ Odin 3.07 နဲ့ Recovery.
tar.md5 တို့ကို ကွန်ပျူတာ ဒက်စ်တော့ပ်မှာထားထားပါ။ root ကတော့ Samsung SD Card မှာထည့်လိုက်ပါ။

(လင့်များဒေါင်းလို့မရရင် အဆင်မပြေရင် ပြန်ပြောပါ)

Samsung Galaxy Tab 3 10.1 P5200/P5210 ကို Root ဖေါက်နည်း

အရင်ဆုံး Tablet ၏ USB Cable ကြိုးကို မိမိကွန်ပျူတာနဲ့ ချိတ်ဆက်ထားလိုပါတယ်။ ပြီးလျှင် Tablet ၏ Setting> User Developer> Debugging ကို အမှန်ခြစ်ထားပါ။ Tablet ၏ USB Driver က မိမိအသုံးပြုမည့်ကွန်ပျူတာနဲ့
connect ကွန်နက်ဖြစ်မဖြစ်ကို DeviceManager ကနေ၀င်ရောက်စစ်ဆေးပါ။ အခုနောက်ပိုင်း Window 7,8,8.1
များနဲ့ ဗားရှင်းမြင့် Samsung Galaxy Tab များဟာ အော်တိုမက်တစ် ကွန်နက်ဖြစ်တာများပါတယ်။ အကယ်၍
ကွန်နက်မဖြစ်ဘူးဆိုလျှင် အထက်ကကျနော်ပေးလိုက်တဲ့ SAMSUNG_USB_Driver_for_Mobile_Phones ကို
ဒေါင်းပြီး အင်စတောလုပ်လိုက်ပါ။ ကျနော်စက်မှာတော့ အောက်မက်တစ်ဒီထက်ဖြစ်သည့်အတွက် ၎င်း ဒရိုက်ဘာ
ကိစ္စကို ဖြေရှင်းစရာမလိုတော့ပါ။ ဒရိုက်ဘာကိစ္စကိုဖြေရှင်းထားပြီးဆိုလျှင် Root ဖေါက်တဲ့ကိစ္စကို ဆက်ရအောင်

၁။ Boot ထဲကိုဝင်ရန်အတွက် မိမိ Tablet ၏ Volume Down နဲ့ Power တွဲနှိပ်ပြီး ခဏဖိထားလိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာလျှင် ဖိထားတာကိုလွတ်လိုက်ပါ။


၂။ Download Mode ဆက်လုပ်ရန်အတွက် Volume Up ခလုတ်ကိုနှိပ်ပါ။ အေက်ပါပုံအတိုင်းတွေ့ရမည်...


၃။ ထိုနောက်မိမိကွန်ပျူတာထဲက Odin 3 ကို Run As Administrator နဲ့ဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း
တွေ့ရပါမည်...

၎င်းပုံထဲမှာ ကျနော်ကွင်းထားတဲ့အတိုင်း PDA ကိုတစ်ချက်နှိပ်ပြီး ခုဏက ဒက်စ်တော့ပေါ်မှာတင်ထားတဲ့
Recovery.tar.md5 ကိုမှန်အောင်ရွေးပါ။ ပြီးတော့ Auto Boot , F.Reset.time တို့၏အမှန်ခြစ်ကို ဖြုတ်
ထားပါ။ PDA ၏လေးဒေါင့်ကွက်ကို အမှန်ခြစ်ပြီး အောက်ခြေက Start ကိုနှိပ်ပါ။ Recovery ကိုပြီးလျှင်
၎င်း Odin 3 ဆော့ဝဲတွင် Pass ဆိုတာကို တွေ့ရမှာဖြစ်ပြီး

tablet မှာတော့ အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါသည်။


၎။ အထက်ပါအဆင့်ပြီးသွားလျှင် USB Cabel ကြိုးကိုဖြုတ်လိုက်ပါ။ အောက်ပါအတိုင်း...


၅။ ဒီအဆင့်က tablet ကို Reboot ပြန်လုပ်ရန်ဖြစ်ပါတယ်။ Power နဲ့ Volume Up တို့ကိုတွဲဖိနှိပ်ထားပါ။


၆။ Reboot ပြန်တက်လာလျှင် "install zip from sdcard" ကိုရွေးပြီး Power Bottom ကိုနှိပ်ပါ။


၇။ ထိုနောက် "choose zip from sdcard" ကိုရွေးပြီး Power Bottom ကိုနှိပ်ပါ။


၈။ ပြီးတော့ -Root.Zip ကိုဆက်ရွေးပါ။


၉။ နောက်ဆုံးတစ်ခုမှာ yes-Install-Root-Zip ဆိုတာကိုရွေးပါ။


၁၀။ Install-Root လုပ်ဖို့ခဏစောင့်ပါ။ အောက်ပါပုံအတိုင်းတစ်ဆင့်ချင်းပေါ်လာကိုတွေ့ရမှဖြစ်ပြီး အားလုံး
ပြီးလျှင် Install from SD Card Complete စာတန်းပေါ်လာမှာဖြစ်ပါသည်။

ဒါဆိုလျှင် ကျနော်တို့ Samsung Galaxy Tab 3 10.1 P5200/P5210 Root ဖေါက်တာအောင်မြင်သွားပါပြီ။

Main Boot Menu ကိုပြန်သွားပြီး Reboot Now ဆိုတာကို နှိပ်လိုက်တာနဲ့ Samsung Galaxy Tab 3 ကျသွား
ပြီး ပြန်တက်လာလျှင် Root ဖေါက်တာအောင်မြင်သွားပြီးလို့ဆိုရပါမယ်။ ကျန်တဲ့ Applicatons, Myanmar Font
ထည့်သွင်းဖို့အတွက် ကိုယ့်ကိုပဲ ဆက်လုပ်ကြပေတော့....

လိုလိုမယ်မယ်မြန်ဖေါင့်နဲ့ မြန်မာကီးဘုတ်အတွက်ဒေါင်းလုဒ်ရန်...
MyanmarFont.Changer
Bagan Keyboard Pro 1
FrozenZawgyiKeyboard

အဆင်ပြေပါစေ...
စောလင်းနက်စ်

Friday, January 3, 2014

Saw Linux  /  7:01 PM  /  ,   /  No comments
ကျနော်အခုတင်ပြချင်တာက Optical CD/DVD Drive မပါသော Samsung Laptop မှာ Boot Option ချိန်းနည်းလေးပါ။
အခုနောက်ပိုင်းတစ်ချို့ Samsung Notebook Handset တွေမှာ ဘော်ဒီပါးပါးလေးနဲ့ CD/DVD Drive မပါတာများတယ်။
အဲလို CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Window Reinstall ပြန်လုပ်ချင်တယ်ဆိုရင်
သေချာပေါက် External USB CD/DVD ဒါမှမဟုတ် USB Memory Stick (USB HDD, Removeable Disk) နဲ့ အသုံးပြု
ရပါလိမ့်မယ်။

သို့သော် ဒီ CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Boot Option ထိုင်ပုံက နည်းနည်းထူး
ခြားတယ်လို့ပြောရမယ်။ ဘာဖြစ်လဲဆိုတော့ ပုံမှန်ဆိုရင် Boot Option မှာ First Boot, Second Boot ...(ဒါမှမဟုတ်)
1. HDD Hard Disk, 2.CD/DVD Drive, 3. USB HDD စသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်။ အဲလိုဆိုရင် Boot Option
ချိန်းရတာ အခက်အခဲမရှိနိုင်ပါဘူး။

အခု CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Boot Option က အဲလိုမထိုင်ပါဘူး။ ချိန်းရ
တာ အတွေ့အကြုံမရှိသေးသောပုဂ္ဂိုလ်များအတွက် အခက်အခဲရှိမှာသေချာပါတယ်။ ဒါကြောင့် ဒီ Boot Option ချိန်း
နည်းကို မသိသေးသောပုဂ္ဂိုလ်များအတွက် ဝေငှပေးခြင်းဖြစ်ပါတယ်။

အဆင့် (၁)

ကဲ...ထုံးစံအတိုင်း Window Reinstall ပြုလုပ်လိုသောပုဂ္ဂိုလ်များအနေနဲ့ USB CD/DVD Drive (သို့မဟုတ်) USB
HDD စက်မှာတပ်လိုက်ပါ။ Laptop Brand အများစုကတော့ Boot Setup ၀င်ဖို့ ကီးဘုတ်ပေါ်က F2 နှိပ်ပါ။ HP Brand
ဆိုလျှင် ကီးဘုတ်ပေါ်က F10 နှိပ်ပါ။ အောက်ပါပုံအတိုင်း Boot Setup Menu ရောက်ပြီးဆိုလျှင်...

Advanced ကိုရွေးပြီး Fast BIOS Mode ကို ရွေးပြီး Enter ခေါ်က်ပါ။ ပြီးလျှင် Disabled ကိုရွေးပါ။ ထိုနောက် ကီးဘုတ်
ပေါ်က Esc ကိုနှိပ်ပြီး Boot Menu ပြန်သွားပါ။

အဆင့် (၂)
Boot Menu တွင် Boot ကိုရွေးပါ။ အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ဒီပုံမှာကြည့်လိုက်ရင် အရင်ကပုံမှန် Boot Option Priorityies ကိုရွေးပြီး Enter ခေါက်လိုက်တာနဲ့ အထက်ကဆိုခဲ့တဲ့
အတိုင်း First Boot, Second Boot ...တွေ့ရမှာမဟုတ်ပါ။ ဆိုတော့ USB Boot ရွေးဖို့အတွက် Boot Option ကိုရွေး
ပြီး Enter ခေါက်ပါ။ ဒီနေရာမှာ
Window Boot Manager.....
Disabled ဆိုပြီး နှစ်ခုတွေ့ရမယ်။
ထိုနောက်ပေါ်လာသောဘောက်စ်တွင် Disabled ရွေးပါ။ ပြန်ထွက်ဖို့ Esc ကိုနှိပ်ပါ။

အဆင့် (၃)
တစ်ဆက်တည်းပဲ ၎င်း Boot Option အောက်က Secure Boot ကိုနှိပ်ပြီး Disabled ကိုရွေးပါ။

အဆင့် (၄)
၎င်း Secure Boot အောက်က OS Mode Selection ကိုရွေးပြီး Enter ခေါက်ပါ။ ၎င်းပေါ်လာသော Menu တွင်
CSM OS
UEFI OS
CSM OS and UEFI OS ဆိုပြီးတွေ့ရမည်။ အထူးသတိပြုရန်မှာ...CSM OS သည် USB Port အတွက်ဆိုလို
တာပါ။ UEFI OS သည် HDD Hardisk အတွက်ဆိုလိုခြင်းဖြစ်သည်။ ထို (၃)မျိုးတို့တွင် CSM OS ကိုရွေးပြီး
Enter ခေါက်ပါ။

အားလုံးပြင်ဆင်ပြီးလျှင် ကီးဘုတ်ပေါ်က F10 ကှိုနှိပ်ပြီး Enter ခေါက်လိုက်ရင် USB Port ကနေ Window တွေ
တင်လို့ရပါပြီခင်ဗျာ။

Boot မလည်အောင် (၀ါ) အစဉ်တကျဖြစ်အောင်ပြန်ထားနည်း....

မပြီးသေးဘူးနော် ထပ်ပြီးပြောလိုက်အုန်းမယ်...Window Installation အဆင့်ရောက်လို့ ပထမကွန်ပျူတာ Restart
ကျတာနဲ့ Boot Setup Menu ကိုပြန်ဝင်ပါ။ အထက်ကဆိုခဲ့တဲ့အတိုင်း Boot Menu > Advanced> Fast Boot Mode
ကို Enabled ပြန်ရွေးပါ။

ထိုနောက် Boot Menu > Boot > Secure Boot အောက်က OS Mode Selection ကိုရွေးပြီး Enter ခေါက်ပါ။ UEFI OS ကိုရွေးထားလိုက်ပါ။

Secure Boot ကိုရွေးပြီး Enter ခေါက်။ ထိုတွင် Enable ကိုပြန်ရွေးပါ။
Boot Option Priorityies > Boot Option ကိုရွေးပြီး Enter ခေါက်။ Window Boot Manager.....ပြန်ရွေးပြီး Enter
အားလုံးပြီးလျှင် ကီးဘုတ်ပေါ်က F10 ကိုနှိပ်ပြီး Enter ခေါက်လိုက်ရင် Window Installation လုပ်ငန်းစဉ်တွေကို
ဆက်လုပ်ဆောင်ပါလိမ့်မယ်။

အဆင်ပြေပါစေ...
စောလင်းနက်စ်

Search