welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Friday, May 31, 2013

Saw Linux  /  5:51 PM  /    /  No comments
အောက်ပါအင်္ဂလိပ်လိုရေးထားတွေကို သိပ်မခက်တော့ ဘာသာပြန်မနေတော့ဘူး။ ဆိုလိုတာကဗိုင်းရပ်စ်ကူးစက် ခံရတဲ့စက်၊ ယူအက်စ်ဘီပင်ဒရိုက်တွေဟာ Task Manager, Registry Editor, Folder Option, usb ပွင့်လာဖို့ အကြာကြီးစောင့်ရတာ စသည်အနေအထားတွေပြလာတာဖြစ်တယ်။ အဲလိုဆိုရင် ဒီပရိုဂရမ်လေးနဲ့ပြေလည်နိုင် ပါတယ်။ အရင်ကလဲ pen drive အတွက် short cut virus remover ဆော့ဝဲလ်ကိုလဲတင်ပေးခဲ့ပြီးဖြစ်ပါတယ်။ လိုအပ် ရင်ရှာယူပြီးဒေါင်းပါ။
If you are using pendrive for data transfer at school, college or at your office or any where you must have come across the VIRUS creates an exe file in your usb drive with the name New Folder.exe.

► WITH THIS VIRUS
Task manager is disabled.
 Registry Editor is disabled.
Folder options not working.
Taking too much time for accessing pendrive.
Uses half of your computers processing power.

► Now you can easily remove this virus Just download the tool from the link below.
Run this downloaded exe by double clicking on it.
Then click on “Delete Autorun.inf file”. After that click on ” Remove virus from USB”.

The virus will be removed from your pendrive. with this tool you cal also restore your task manager, registry editor and other things which were disabled by virus just click on “Restore Default Windows Settings”. thats it...........

Download : http://www.fiberdownload.com/
Saw Linux  /  5:11 PM  /    /  No comments



IDM နောက်ဆုံးဗားရှင်းဖြစ်တဲ့ 6.15_Build_8 ကိုတင်ပေးလိုက်တယ်။ ခရက်၊ ပက်ခ်ျတွေကို မှန်အောင်ထည့်ဖို့လိုပါလိမ့်မယ်။ မထည့်တတ်ရင်အောက်မှာ ညွန်ပြထားတာရှိတယ်။ အဲဒီအ လိုက်လုပ်ရုံပါပဲ။

Installation Instruction.


Download IDM 6.15 Full version and get the benefits of it's new Features.

1.Download the .zip file (download link is below) and extract this.

2. Then open installation guide and read the installation instruction.txt. from activator folder

NOTE:-If you have already any old version of IDM first uninstall the old version.

4.Install the idman615.exe

5.Then exit idm icon from task bar.

6.Then go to idm activator folder and double Click on IDM 6.15 Build 1 Crack.exe and Then Click Activate. here is image given

Done.. :)


Donwload :
Filesolid
Saw Linux  /  4:56 PM  /    /  No comments
ဒီဆော့ဝဲပရိုဂရမ်လေးကတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ ကွန်ပျူတာသန့်ရှင်းတဲ့ဆော့ဝဲပါ။ စက်တိုင်း
ဆောင်ထားသင့်ပါတယ်။ သူ့မူရင်းဆိုက်မှာသွားဒေါင်းရင် ဖူးဗားရှင်းရမှာမဟုတ်သည့်အတွက် ဂူးဂဲလ်ကနေ
ဖူးဗားရှင်းရနိုင်တဲ့ဆိုက်မှာဒေါင်းထားတာ။ လိုအပ်ရင်လွယ်လင့်တကူရနိုင်အောင်တင်ပေးလိုက်တယ်။ Download : Filesolid

Thursday, May 30, 2013

Saw Linux  /  7:04 PM  /  ,   /  No comments

မိမိကွန်ပျူတာမှာ USB Flash Drive ကိုအသုံးမပြုစေချင်တဲ့ပုဂိုလ်များအနေနဲ့ USB Port ကိုပိတ်ထားလိုက်ရင် အဲဒီပြဿနာအေးသွားမှာဖြစ်ပါတယ်။ Registry Editor နဲ့ ပိတ်တဲ့
နည်းကိုလုပ်ကြရအောင်...

၁. Win + R ကိုတွဲနှိပ်ပြီး Run Box ဖွင့်ပါ။ အဲဒီမှာ regedit ကိုရိုက်ထည့်ပြီး Enter

 ၂။ Hkey-Local-Machine ကိုဖွင့်ပြီး System > Current ControlSet > Service > USB Stor ကိုနှိပ်ပြီး Start ကို Right Click ကိုနှိပ်ပြီး Modify ဆက်နှိပ်ပြီး Disable ဖြစ်ဖို့အတွက် Decimal ကိုအမှန်ခြစ်ပြီး OK

 ၃။ Computer Restart

 ပြန်ဖွင့်ချင်ရင်တော့ Modify ကနေ Hesadecimal ကိုအမှန်ခြစ်ပြီး OK
Saw Linux  /  6:06 PM  /    /  No comments

Window 8 All Version အက်တီဗိတ်ပြုလုပ်ပေးနိုင်တဲ့ Loader တစ်ခုကိုတင်ပေးလိုက်မယ်။ အသုံးတည့်
မယ်လို့ထင်တယ်။ ကျနော်တော့လက်တွေ့မစမ်းဖူးသေးဘူး။ Window 8 Pro အက်တီဗိတ်တာကိုပဲ သုံးနေ
တယ်။ Window 8 Pro အက်တီဗိတ်တာကိုလဲ ပြီးခဲ့တဲ့ပို့စ်မှာတင်ထားခဲ့ပြီးသားဖြစ်ပါတယ်။ လိုအပ်ရင်စမ်း
ကြည့်ပေါ့ဗျာ။ ဒီပရိုဂရမ်လုဒ်ဒါရဲ့ လုပ်နိုင်တဲ့ feature လေးတွေကို အောက်ပါအတိုင်းဖြစ်ပါတယ်။

x86 (32-bit)
Windows 8 x86
Windows 8 N x86
Windows 8 Pro x86
Windows 8 Pro VL x86
Windows 8 Pro N x86
Windows 8 Pro with Media Center x86
Windows 8 Enterprise x86
Windows 8 Enterprise N x86
x64 (64-bit)
Windows 8 x64
Windows 8 N x64
Windows 8 Pro x64
Windows 8 Pro VL x64
Windows 8 Pro N x64
Windows 8 Pro with Media Center x64
Windows 8 Enterprise x64
Windows 8 Enterprise N x64
Activate Windows 8 Enterprise
Activate Windows 8 Professional
Activate Microsoft Office 2013
Activate Microsoft Office Visio 2013
Activate Microsoft Office Project 2013
Activate Microsoft Office 2010
Activate Microsoft Office Visio 2010
Activate Microsoft Office Project 2010
Activate Windows 7 Enterprise
Activate Windows 7 Professional
Activate Windows Vista Enterprise
Activate Windows Vista Professional
 
 Download :
All WINDOWS 8 LOADER V1.7.9

Tuesday, May 28, 2013

Saw Linux  /  7:02 PM  /    /  No comments



            ဒီပို့စ်သည် Copmuter Spider မှာပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။ အသုံးတည့်တဲ့ပို့စ်လေးဖြစ်
ဖြစ်ပါတယ်။ အောက်ပါရှင်းလင်းထားချက်များကို ဖတ်လိုက်ရင် Deep Freeze standard 7 အသုံးပုံလေး
တွေကို သိသွားမှာဖြစ်ပါတယ်။

Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။

Deep Freeze Software ကို Window XP , Mac OS , Window Server , Linux စသည့် Operating System ( OS ) များတွင် အသုံးပြုနိုင်ပါသည်။ System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။
(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
(၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။

Deep Freeze Install ပြုလုပ်ခြင်း
Deep Freeze ကို
(၁) Deep Freeze Administrator Installation
(၂) Workstation Creation , and
(၃) Workstation Installation
အဆင့် (၃) ဆင့်ဖြင့် Install ပြုလုပ်သွားမည်။

(၁) Deep Freeze Administrator Installation

(က) Deep.Freeze.Ent.v6.10.220.1616.exe ကို Double Click နှိပ်ဖွင့်လိုက်ပါ။
(ခ) Install လုပ်ပါ။
(ဂ) Deep Freeze Administrator Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။


(၂) Workstation Creation

(က) Start > All Programs > Faronics > Deep Freeze 6 Enterprise > Deep Freeze 6 Administrator ကို ဖွင့်ပါ။
 
(ခ) Code ထည့်ပေးပါ။
( ဂ ) Ok and Exit ပေးပါ။
(ဃ ) ပေါ်လာသောအခါ Configuration tab ကိုရွေးပါ။ Workstation တွင် Check လုပ်ပြီး Password ထည့်ပေးပါ။
 
( င ) မိမိပေးခဲ့သော Password ကို လုံးဝမမေ့ပါစေနှင့်။ မှတ်သားထားပါ။ ယခုပေးလိုက်သော Password သည် Deep Freeze အား Control လုပ်မည့် Password ဖြစ်သည်။
( စ ) Drives ကိုရွေးပါ။ ကျွန်တော်ကတော့ Deep Freeze ကို Drive C တခုတည်းကိုသာ ထိန်းချုပ်ထားချင်တာမို့လို့ အောက်က ပုံအတိုင်း Drive C တစ်ခုတည်းကိုဘဲ Check လုပ်ပါ့မယ်။
အဲလို Drive C ကိုဘဲ ထိန်းချုပ်ထားမယ်ဆိုရင် အခြား Drive တွေမှာ ဖိုင်တွေသိမ်းတာတွေ၊ ဖျက်တာတွေ၊ ပြုပြင်ပြောင်းလဲတာမျိုးတွေ လုပ်ဆောင်ခွင့်ရနေမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ခွင့် ပေးချင်လျှင်လည်း ပေးချင်သော Drive ကို Check လုပ်ပြီး ပေးထားလိုက်ပါ။

(ဆ) Create Program Tab ကို ဖွင့်ပါ။
( ဇ ) Create a full workstation installation စာဘေးမှ ၀က်ဝံပုံအား နှိပ်ပါက အောက်ပါပုံအတိုင်း တွေ့မြင်ရပြီး C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာတွင် save လိုက်ပါ။
ေေ
(စ်) Workstation Creation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

(၃) Workstation Installation

(က) C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာသို့ ရောက်အောင်သွားပြီး အောက်ပုံတွင် တွေ့မြင်ရသော Df6Wks.exe file အား Install လုပ်ပါ။
( ခ ) Install လုပ်ပါ။
( ဂ ) Accept အား Check လုပ်ပြီး Next လုပ်ပါ။
(ဃ) Finish လုပ်ပါ။
( င ) အနည်းငယ် Wait နေပြီးပါက ကွန်ပျူတာသည် သူ့ဘာသာသူ Restart လုပ်ပြီး ပြန်ပွင့်လာသောအခါ သင့် ကွန်ပျူတာ၏ ညာဘက်ထောင့်အောက်ခြေတွင် ၀က်ဝံပုံ လေးပေါ်နေပြီး အောက်ဖော်ပြပါပုံအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။
( စ ) Workstation Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

Deep Freeze Software အား မိမိစိတ်ကြိုက် အသုံးပြုခြင်း

Deep Freeze ဆိုတာက အပေါ်မှာ ပြောခဲ့သလိုဘဲ Security Software ဖြစ်တဲ့အတွက် ဒီ Software ကို အသုံးပြုဖို့အတွက်လည်း Security မြင့်ပါတယ်။
အခုဆိုရင် ကျွန်တော်က Drive ကို Drive C [ Window XP ( Operating System, OS ) ရှိနေသော Drive ] မှာရွေးချယ်ထားခဲ့တဲ့အတွက် ဒီကွန်ပျူတာမှာ မည့်သည့် Software မှ Install ပြုလုပ်ခြင်း ၊ My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ပြုလုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အောက်ဖော်ပြပါပုံမှာ ရွေးချယ်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။

ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?

ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။

Deep Freeze အား Disable ပြုလုပ်နည်း

(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ ) လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်းနှိပ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရမည်။ ( ၁၀ စက္ကန့် အတွင်း ဘာမှ မလုပ်ပါက သူဘာသာသူ ပျောက်သွားမည်ဖြစ်သည်။ )
( ခ ) Password ရိုက်ထည့်ပါ။ အောက်ဖော်ပြပါ အဆင့်တုန်းက ပေးထားခဲ့သော Password ကို ဆိုလိုပါသည်။
 
( ဂ ) အောက်ဖော်ပြပါ ပုံအတိုင်းတွေ့မြင်ရပါက Boot Thawed ရွေးချယ်ပြီး OK ပေးပါ။
 
(ဃ) ထို့နောက် Restart ပြုလုပ်လိုက်ပါက ကွန်ပျူတာပြန်ပွင့်လာသောအခါ ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံ လေးတွင် အနီရောင်ကြက်ခြေခတ် ပြထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
 
( င ) Deep Freeze အား Disable ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

Deep Freeze အား Disable ပြုလုပ်ထားသော ယခုအချိန်တွင် သင် … သင်၏ ကွန်ပျူတာကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီ ဖြစ်ပါသည်။
ကျွန်တော်ပြောခဲ့သော ယခင်မူလ အနေအထားဆိုသည်မှာ သင်၏ကွန်ပျူတာတွင် Deep Freeze အား ပထမဦးဆုံးအကြိမ် Install မလုပ်ခင်ကအနေအထားနှင့် ယခုကဲ့သို့ Deep Freeze အား Install ပြုလုပ်ထားသော်လည်း Disable ပြုလုပ်ပြီး သင်… ပြင်ဆင်ထားသော အခြေအနေမျိုးကို ဆိုလိုသည်။

ပြင်ဆင်ပြုပြင်ပြီး မိမိကွန်ပျူတာအား Deep Freeze ပြန်လည် အသက် ၀င်စေခြင်း

မိမိပြင်ဆင်ချင်တာ အားလုံးပြင်ဆင်ပြီးပါက Deep Freeze အား အောက်ဖော်ပြပါ အတိုင်းပြန်လည်အသက်သွင်းရအောင်…
(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ )
လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်း နှိပ်ပါ။
( ခ ) အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာသောအခါ Boot Frozen အား Check လုပ်ပြီး Ok ပေးပါ။
 
( ဂ ) ကွန်ပျူတာကို Restart ပြုလုပ်ပါ။ Deep Freeze သည် ပြန်လည်ပြီး Enable ဖြစ်သွားမည်။ နောက်တစ်ကြိမ် ကျွန်တော်တို့ Restart မလုပ်ခင် မူလအနေအထားသည် ယခုအနေအထားပင်ဖြစ်သည်

Deep Freeze အား Uninstall ပြုလုပ်ခြင်း

Deep Freeze ကို Uninstall ပြုလုပ်ရန်အတွက်
(က) Deep Freeze ကို Disable ဖြစ်နေအောင် အရင်လုပ်ပါ။
( ခ ) ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံမှာ အနီရောင်ကြက်ခြေခတ် ဖြစ်နေရမည် ဖြစ်ပါသည်။
( ဂ ) ထိုသို့ ဖြစ်နေသောအခါ
“ C :\> Program Files > Faronics > Deep Freeze 6 Enterprise > Install Programs “
သို့ရောက်အောင်သွားပြီး မြင်တွေ့ရသော “DF6Wks.exe” file အား Double Click လုပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့မြင်ရပြီး Uninstall ပြုလုပ်ပါ။

(ဃ) Ok to Uninstall ကို Check လုပ်ပြီး Finish လုပ်ပါ။
( င ) ကွန်ပျူတာက သူ့ဘာသာသူ restart လုပ်သွားပြီး စက်ပြန်ပွင့်
လာသောအခါ ညာဘက်ထောင့်
 အောက်ခြေတွင်ဝက်ဝံပုံလေး ရှိတော့မှာ မဟုတ်ပေ။
( စ ) Deep Freeze အား Uninstall ပြုလုပ်ခြင်း ပြီးစီးပြီဖြစ်သည်။



 Download Deep Freeze standard 7  
Deep Freeze standard 7 
Deep Freeze standard 7-Solidfile

ref : Computer Spider  

Search