welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, June 11, 2013

Saw Linux  /  6:05 AM  /    /  No comments
ကျနော်အခုတင်ပြမယ့် ပို့စ်ကတော့အင်တာနက်မရှိတဲ့နေရာတွေမှာ Anti Virus ဆော့ဝဲများ update ပြုလုပ်နိုင်မယ့်
နည်းလမ်းလေးဖြစ်ပါတယ်။ အရင်တစ်ခါက Avira Anti Virus အတွက် Offlineဖြင့် update လုပ်နည်းကို
ကျနော်ရေးခဲ့ပါပြီ။ ဒီတစ်ခါတော့ အန်တီဗိုင်းရပ်စ်ဆော့ဝဲတွင် နာမည်ကြီးEset NOD32 Anti Virus ရဲ့Offline
Update လုပ်နည်းကို ပြောပြချင်ပါတယ်။ ဒီပို့စ်သည်အင်တာနက်နဲ့ ဝေးတဲ့နေရာ၊ မရှိတဲ့နေရာတွေမှာ အသုံးတည့်မယ်
လို့မျှော်လင့်ပါတယ်။

အရင်ဆုံးအောက်က ESET NOD32 Antivirus 4 ဆော့ဝဲနဲ့ OfflineUpdate ဖိုင်ကိုဒေါင်းလုဒ်ယူထားလိုက်ပါ။

ESET NOD32 Antivirus 4
ESET NOD32 Antivirus 4 32 bit
ESET NOD32 Antivirus 4
ESET NOD32 Antivirus 4 64 bit

OfflineUpdate ဖိုင်
For EAV

OfflineUpdate ဖိုင် ဒေါင်းပြီးရင် Drive တစ်ခုခုမှာ Extract(ဇစ်ဖိုင်)ဖြည်ထားလိုက်ပါ။

Eset NOD32 Offline Update လုပ်နည်း

(၁)အပေါ်က ESET NOD32 Antivirus 4 ဒေါင်းလုဒ်ပြီးရင် ထုံးစံအတိုင်း အင်စတောမောင်းပေါ့။
မောင်းပြီးရင် ESET NOD32 Antivirus ကိုဖွင့်လိုက်ပါ။


(၂) ထိုနောက် အောက်ကပုံအတိုင်း Advance Setting ကို နှိပ်ပြီးဝင်လိုက်ပါ။


(၃) အောက်ကပုံအတိုင်းပဲ ဘယ်ဖက်မှာ Update ကိုနှိပ်ပြီး ညာဖက်တွင် Edit ကိုနှိပ်ပါ။


(၄)အောက်ကပုံအတိုင်းပါပဲ Add ကိုနှိပ်ပြီး ခုဏက ဇစ်ဖြည်ထားသော OfflineUpdate ဖိုင်ကိုရွေး
ပြီး OK


(၅) ဒီဘောက်စ်မှာလဲ OK ကိုပဲ ဆက်နှိပ်လိုက်ပါ။


(၆) ဒီအဆင့်မှာ Update ကိုနှိပ်ပြီး Update Virus Signature Database ကိုဆက်နှိပ်ပါ။
ခဏစောင့်။


(၇) ပြီးရင် အောက်က task bar ရဲ့ tray icon ပုံမှာဒီလိုပေါ်နေတာကို တွေ့ပါလိမ့်မယ်။
ဒါဆိုရင် OfflineUpdate လုပ်တာအောင်မြင်သွားပါပြီး။


 အကယ်၍အထက်လုပ်နည်းနဲ့အဆင်မပြေသေးဘူးဆိုလျှင် အောက်ပါပုံအတိုင်းအဆင့်ဆင့်လုပ်ပုံကိုကြည့်
ပြီးထပ်မံကြိုးစားကြည့်ပါ။ ဒါဆို NDO 32 v4 အတွက် offline update လုပ်နည်းတွေကို ပြုလုပ်တတ်သွား
မှာဖြစ်ပါတယ်။



























Good luck...

အဆင်ပြေပါစေ...
စောလင်းနက်စ်

Monday, June 10, 2013

Saw Linux  /  6:12 PM  /    /  No comments

Window 8 မှာ အင်တာနက်ကွန်နက်ရှင်မရှိဘဲ NET Framework 3.5 အင်စတောလုပ်နည်းလေးပါ။ ကျ
နော့်ကိုမေးမေးနေကြတယ်။ NET Framework 3.5 ဟာ internet connection ရှိတဲ့နေရာမှာအဆင်ပြေ
ပေမယ့် internet connection မရှိတဲ့နေရာမှာ ဘယ်လိုအင်စတောလုပ်ရမလဲ။

internet connection ရှိတဲ့နေရာမှာ NET Framework 3.5 အင်စတော့ အပ်ဒိတ်လုပ်နည်းတွေကို ပြီးခဲ့ပို့
စ်တစ်ခုမှာ ကျနော်ရေးခဲ့ပါပြီး လိုအပ်ရင်လိုက်ရှာကြည့်ပါ။ Window 8 မှာ ဒီ NET Framework 3.5 မပါ
သည့်အတွက်ကြောင့် ၀င်းဒိုးတင်ပြီးတဲ့အခါ ဒါကိုမလုပ်ထားရင် ဆော့ဝဲပရိုဂရမ်တွေကို ထည့်သွင်းလို့အ
ဆင်မပြေပါဘူး။ Window 8 မှာ အဓိကပြဿနာကဒါပါပဲ။

ကဲ...ဒါဆိုတော့ internet connection မရှိတဲ့နေရာမှာ NET Framework 3.5 အင်စတောထည့်သွင်းနည်း
ကိုလေ့လာရအောင်...
ကျနော်တို့ရှိထားရမှာက မိမိတင်ထားတဲ့ Window 8 disk DVD ခွေတစ်ခွေရှိရပါမယ်။ iso image file နဲ့
mount လုပ်ပြီးအင်စတောနည်းကိုတော့ ကျနော်မပြတော့ပါဘူး။ ရှုပ်သွားမှာစိုးလို့။

၁။ Window 8 disk DVD ကို DVD Drive မှာထည့်လိုက်ပါ။
၂။ command prompt ကို As Administrator နဲ့ဖွင့်လိုက်ပါ။ အောက်ပါ command များကိုရိုက်ထည့်ပါ။
ပြီးတော့ Enter ။ ခဏစောင့်လိုက်ရင် ပြီးတဲ့အခါ ကွန်ပျူတာကို Restart

dism /online /enable-feature /featurename:NetFx3 /All /Source:F:\Sources\sxs /LimitAccess

 F: ဆိုတဲ့နေရာမှာ မိမိ dvd Drive ရဲ့ letter ကိုရွေးပါ။

အထက်ပါ command line များကိုရိုက်ထည့်ရတာအဆင်မပြေဘူးဆိုရင် bat ဖိုင်နဲ့လုပ်တဲ့နည်းကိုဆက်
လေ့လာရအောင်...
၁။ notepad ကိုဖွင့်လိုက်ပါ။ အထက်ပါ command line များကိုကော်ပီယူပြီး notepad မှာ paste လုပ်ပါ။
၂။ F: ဆိုတဲ့နေရာမှာ မိမိ dvd Drive ရဲ့ letter ကိုရွေးပြီးပြင်ပါ။
၃။ နောက်ပြီး notepad menu က file>Save As ကိုနှိပ်ပြီး သိမ်းမည့်နေရာ ၊ သိမ်းမည့်အမည်မှာ .bat
ဥပမာ (netframe 3.5.bat) လို့ပေးပြီး အောက်ကွက်က Save As Type တွင် All File ကိုရွေးပြီး Save
လုပ်လိုက်ပါ။
၎။ အဲဒီ .bat ဖိုင်ကို Right Click ကိုထောက်ပြီး “Run as Administrator” နဲ့ Run လိုက်ပါ။

အဲဒါဆို command prompt ကိုဘောက်စ်ပေါ်လာပြီး  NET Framework 3.5 အင်စတောလုပ်တာတွေ့
ရမှာဖြစ်ပါတယ်။
 
မိနစ်အနည်းကြာလျှင် NET Framework 3.5 အင်စတောလုပ်တာပြီးသွားမှာဖြစ်ပါတယ်။ ပြီးလျှင် ကွန်ပျူတာ ကို Restart

ref : http://techygiene.com/easiest-way-to-install-net-framework-3-5-in-window-8-offline/

အဆင်ပြေကြပါစေ...
 စောလင်းနက်စ်

Saturday, June 8, 2013

Saw Linux  /  5:20 AM  /    /  2 comments

ကျနော်ဒီတစ်ရက်နှစ်ရက်အတွင်း moble phone တစ်လုံးကိုကလိရင်းနဲ့တစ်ခြား topic တွေမရေး ဖြစ်ဘူး။ တကယ်တော့ ဖုန်းစင်စတန်တွေကို ကျနော်မလေ့လာဖြစ်ခဲ့ပါဘူး။ မ၀ယ်နိုင်တာလဲပါတာပေါ့။ နည်းပညာတစ်ခုကိုလေ့လာတယ်ဆိုရင် practical အပိုင်းနဲ့အများကြီးသက်ဆိုင်ပါတယ်။ သူများ ဆိုက်ကနေ ကော်ပီယူပြီးတင်ထားတယ်ဆိုလဲရသားပဲ။ ပို့စ်တင်တယ်ဆိုတာ ကိုယ်တင်ပြသလိုသူများကို လဲရှင်းပြနိုင်ပါမှအဆင်ပြေတယ်မလား။ ဒါကြောင့် ဖုန်းပိုင်းဆိုင်ရာဆို ကျနော်အတော်အားနည်းတယ်လို့ ပြောပါရစေ။

အခုတော့ အခြေအနေကပေးလာပါပြီး သူငယ်ချင်းတစ်ယောက် Samsung Galaxy sIII (3) ဖုန်းတစ်လုံးဝယ်လာပြီးတော့ မြန်မာစာထည့်ချင်တယ်တဲ့။ သူ handset ကလဲ အစစ်မဟုတ်။ အစစ် ဆို ဘတ်တစ်သောင်းရှစ်ထောင်လောက်ပေးရမယ်။ အခုက ငါးထောင်ကျော်လောက်ပဲပေး၇တယ်။ ဒါဆိုသဘောပေါက်ပြီးပေါ့။ အစစ်၊ အတုခွဲခြားခြင်းကိုတော့အလျှင်းသင့်တဲ့အခါမှတင်ပေးတော့မယ်။

ကဲ ဒါဆိုစကြရအောင်...ထုံးစံအတိုင်း Mobile Phone အများစုသုံးတဲ့ Operation System OS တွေဟာ Andriod System တွေဖြစ်ပါတယ်။ အဲဒီစင်စတန်ထဲမှာ မိမိကိုယ်ပိုင် Appပရိုဂရမ် တွေထပ်တင်ချင်တယ်ဆိုရင် Super User Administrator အဖြစ်သုံးနိုင်ဖို့ Root ဖေါက်ရ ပါတယ်။ Root ဖေါက်တာအောင်မြင်မှသာလျှင် ကျနော်တို့ထပ်မံပြီး လိုချင်တဲ့ပရိုဂရမ်လေးတွေကို အင်စတောပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Samsung S3 Clone GT-I9300 ( 4.1.9) (အစစ်၊ျအတု)ကို Root လုပ်နည်း

Samsung S3 Clone GT-I9300 ( 4.1.9)ဖုန်းတွေကို root မလုပ်ခင် အရင်သိထားရမှာကမိမိဖုန်းဟာ မိမိအသုံးပြုမယ့်
ကွန်ပျူတာနဲ့ အချင်းချင်းဆက်သွယ်နိုင်ဖို့ Phone USB Driver သွင်းထားဖို့လိုအပ်ပါတယ်။ ဒါပထမဆုံးသိရမယ့်အချက်
ဖြစ်ပါတယ်။ ဒါကိုလုပ်လို့အောင်မြင်ပြီးမှ root ပြုလုပ်တာကို ဆက်သွားရမှာဖြစ်ပါတယ်။ ဒီ Root လုပ်နည်းကတော့
ကွန်ပျူတာကနေ လိုက်လုပ်ရုံပါပဲ။ ဟန်းစက်ကနေPower + Volume Down စသသည် ခလုတ်နှိပ်ပြီး လုပ်စရာမလိုပါ။

Samsung S3 Clone GT-I9300 ( 4.1.9)အတွက် USB Driver ဒေါင်းရန်
usb_driver_MT65xx_Android_.rar

Usb Driver သွင်းနည်း

၁။ Desktop ပေါ်မှာ Rar ဖိုင်ကိုဖြည်ထားလိုက်ပါ။
၂။ Computer > Right Click> Manage ကိုနှိပ်ပြီး Device Manager ကိုဖွင့်ပါ။
၃။ ထိုတွင် MT65xx_Android ကိုရှာပြီး ၎င်းကို Right Click ထောက် Update Driver ကလစ်နှိပ်ပါ။ ၄။ နောက်ပေါ်လာဘောက်စ်တွင် အောက်က Browse Driver ကိုနှိပ်ပြီး ခုဏက Desktop ကနေ ထားတဲ့ usb_driver_MT65xx_Android_.rar ကိုအဆင့်ဆင့်ဖွင့်ပြီး usb_driver ထိရွေးပြီး OK ကိုနှိပ်ပြီး ခဏစောင့်ပါ။ အင်စတောထည့်သွင်းလို့ပြီးရင် Device Manager ကိုပြန်ချက်ကြည့်လိုက် ပါ။ အ၀ါရောင်ခလန်မေးရှင်းမရှိတော့ပါဘူး။

ဒါဆို usb driver ထည့်သွင်းတာပြီးသွားပါပြီ။

Root လုပ်နည်း

Root လုပ်ဖို့အတွက် အောက်ပါ Root_with_Restore_by_Bin4ry_v28.zip ကိုဒေါင်းပါ Root_with_Restore_by_Bin4ry_v28.zip

၁။ Root_with_Restore_by_Bin4ry_v28.zip ကို ဖြည်ထားလိုက်ပါ။
၂။ ၎င်းဖိုလ်ဒါထဲက Run me ဆိုတာကိုကလစ်နှိပ်လိုက်ပါ။ အဲဒါကိုနှိပ်လိုက်ပြီးတာနဲ့ CMD.EXE အလုပ် နေတာတွေ့၇ပါလိမ့်မယ်။
၃။ မိမိက NormalRoot လုပ်မှာဖြစ်သည့်အတွက် ကီးဘုတ်ပေါ်ကနေ ဂဏန်း 1 ကိုနှိပ်ပြီး Enter
၎။ CMD ကနေ processing လုပ်ငန်းစဉ်ခဏလုပ်ပြီး မိမိဖုန်းမှာ Do Not Restore & Restore My date စာတန်းပေါ်လာမည်။ Restore My date စာတန်ကိုရွေးပြီ enter ဆက်နှိပ်ပါ။
 ၅။ CDM က နောက်ထပ်စာတန် reboot your device 10 seconds ...ပေါ်လာပြီး ဖုန်းက အလိုအလျှောက်ကျသွားပါလိမ့်မည်။
၆။ ပြီးတာနဲ့ ဖုန်းကို Power ချက်ချင်းပြန်ဖွင့်ပါ။ ပြီးတော့ CMD က ခဏအလုပ်လုပ်ပြီး ခဏကြာ CMD အကွက်တွင် Press Any Key to Continue ...ဆိုပြီးပေါ်လာမည်။ ကီးဘုတ်ပေါ်က ကီးတစ်ခု ခုနှိပ်လိုက်ပါ။ ဖုန်းက reboot ကျသွားပြီး ပြန်တက်လာမည်။ Supper User ပေါ်လာပြီးဆိုရင် Root လုပ်တာအောင်မြင်သွားပါပြီး။

 မြန်မာ (ဇော်ဂျီ) ဖေါင့်သွင်းနည်း

Root လုပ်လို့အောင်မြင်သွားပြီးဆိုရင် မိမိထည့်သွင်းချင်တဲ့ ပရိုဂရမ်တွေထည့်လို့ရပါပြီး။ ကဲ..ဒါဆို မြန်မာဖေါင့်သွင်းရအောင်... မိမိဖုန်းဟန်းဆက်က အစစ်ဆိုပြဿနာမရှိသော်လည်း အတုဆိုအင်မတန်ပြဿနာများပါတယ်။ အတုသ မားများအတွက် ကျနော်သူငယ်ချင်းတစ်ယောက်ကပေးလိုက်တယ်။ FontChanger.apk ပါပဲ။ ဖုန်းအစစ်တွေက ကြိုက်တဲ့ .apk ထည့်လို့ရပါတယ်။

FontChanger.apk ကို ဒေါင်းပါ
FontChanger.apk

 ဒေါင်းပြီးရင် ဇစ်ဖိုင်ကိုဖြည်ပြီး မိမိဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ၎င်းဖိုင်ကို မိမိဖုန်း USB Device မှာထည့်လိုက်ပါ။ ထိုနောက်မိမိဖုန်းရဲ့ Filemanager ကိုဖွင့်ပြီး ခုဏကကော်ပီယူထားတဲ့ FontChan ger.apk ကို Install ထည့်သွင်းလိုက်ပါ။
ကျနော်အသေးစိတ်တော့မရေးပြတော့ဘူး။ မြန်မာဝက်ဘဆိုက်တွေဖွင့်ကြည့်လိုက်ပါ။

Font Keyboard အတွက်
 Font Keyboard များဒေါင်းလုပ်ရန်
Bagan Keyboard Pro1.0.1
FrozenKeyboard_1.1.3.apk
iTextmm2.apk
 
 Font Keyboard မြန်မာစာရိုက်ဖို့အတွက် ကီးဘုတ်သုံးမျိုးလောက်တင်ပေးလိုက်မယ်။ကျနော်အခုသုံး
Samsung Galaxy s3 (GT-19300) အတုအတွက်ကတော့ သုံးမျိုးစလုံးကိုအင်စတောလုပ်လိုက်တယ်။
Filemanager ကနေ အင်စတော့လုပ်ပေါ့နော်။ ပြီးရင် Samsung Galaxy s3 (GT-19300) ကနေ
setting> language & input ကိုဝင်ပြီး Bagan Keyboard Pro1.0.1 ကိုအမှန်ခြစ်ပြီး OK
ထိုနောက် Bagan Keyboard ရဲ့ ညာဖက်အကွက်လေးကို တစ်ချက်နှိပ်ပါ။ Bagan Keyboard ဖန်ရှင်
တွေပေါ်လာမည်။ Active Bagan Keyboard ကိုတစ်ချက်နှိပ်ပါ။ FrozenKeyabord ကိုတစ်ချက်နှိပ်ပြီး
OK
ဒါဆို ဒီSamsung Galaxy s3 (GT-19300) ဖုန်းအတုကို မြန်မာစာရိုက်လို့ရပါပြီး။

အဆင်ပြေမယ်ထင်ပါတယ်။
 စောလင်းနက်စ်

Monday, June 3, 2013

Saw Linux  /  5:14 PM  /    /  4 comments

 
ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။   
 
Root ဆိုတာ ဘာလဲ .......... ?? 
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 

ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??   
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......  
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။   
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Downloading From Sharebeast 

Downloading From Ziddu 

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

အားလုံးပဲ အဆင်ပြေကြပါစေ ....  လေးစားစွာဖြင့် .... သူရ

 

 ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

 
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1)  Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
For Android ဆိုပြီး Zip File ရလာပါမယ်။


အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
မိမိရဲ့ SD Card ကိုရှာပါ။

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
website တွေကို 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ … လေးစားစွာဖြင့်  သူရ

ဘာကြောင့် Andorid Phone တွေမှာ Root လုပ် ရတာလဲ 

ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲRoot ဆိုတာ ဘာလဲ ။ ဖုန်းတစ်လုံးရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။

အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။

အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
- Z Root
- Gingerbreak
- Easy Root Tookit
- Eric Root
- CF Root
- Super one Click
- Revolutionary (HTC)
- S2 Root (Samxung Galaxy)
စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။
 

ref : Nyo Lynn Htet in Myanmar Mobile Users Group (Files)မှကူးယူဖေါ်ပြပါသည်

Saturday, June 1, 2013

Saw Linux  /  4:53 AM  /    /  1 comment
ကျနော်အချိန်ရတုန်း အသုံးတည့်မယ့်ပရိုဂရမ်တစ်ချို့ကို တင်ပေးလိုက်တယ်။ အခုပရိုဂရမ်ဟာလဲနာမည်
ကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ တစ်ခါတစ်လေ မိမိဟါဒ်ဒစ်မှာ Newfolder.exe Virus တွေ ကူးစက်ခံရဖူး
ပါလိ့မ်မယ်။ ဒါဆို ဒီဆော့ဝဲလ်လေးနဲ့ စမ်းကြည့်ပါ။ အဆင်ပြေသွားနိုင်တယ်။ ကွန်ပျူတာကိုင်တဲ့သူတိုင်း
ဒုက္ခအပေးဆုံးက ဗိုင်းရပ်စ်တွေမဟုတ်လား။ အဲဒါတွေအဆင်ပြေအောင် ကျနော်ကတတ်နိုင်သလောက်
ဗိုင်းရပ်စ်တိုက်ဖျက်နိုင်မယ့်ဆော့ဝဲလ်တွေကိုစုဆောင်းပြီး တင်ထားပေးတယ်။ လိုအပ်ရင်တော့ယူပေါ့ဗျာ။ = Download Links:
adf
solidfile
Saw Linux  /  4:37 AM  /  ,   /  1 comment
virus file များရှာရန် command တစ်ကြောင်းသာအဓိကလိုအပ်ပါတယ်။အထူးသဖြင့် Made inMyanmar
 virus တွေပေါ့။taskmanager , folder options , registry ပျောက်နေရင်တော့ virus ၀င်တာသေချာ
ပါပြီ။start>run>cmd ရိုက်ပြီး Enter နှိပ်ပါ။command prompt ထဲမှာ cd\ လို့ရိုက်ပြီး Enter နှိပ်ပါ။

command prompt မှာ c:\ လို့ပေါ်ရပါမယ်။နောက်တစ်ခုရိုက်ရမှာက dir/ah *.exe /s/p/b လို့ရိုက်ပြီး Enter နှိပ်ပါ။
virus ရဲ့ source file များပေါ်လာပါလိမ့်မယ်။
အခုနာမည်ကြီးနေတဲ့ Loikaw , Funny , chrome , mgy.exe တို့ကို စမ်းပြီးပါပြီ။ virus file အကုန်
လုံးတွေ့ပါတယ်။
ဒီ virus file တွေရဲ့ process ကို kill ပြီးမှသတ်လို့ရပါတယ်။အဲဒီအတွက် process explorer software နဲ့ကြည့်လို့ရပါတယ်။

download  process explorer software

 ။command prompt မှာပေါ်တဲ့ virus file name က process explorer မှာပေါ်ရင် process ကို kill ပြီးvirus ကိုသတ်ပါ။ဒီ command လေးရှိတော့ virus file ကိုအလွယ်တကူရှာပြီးသတ်လို့ရတာပေါ့။
အဆင်ပြေပါစေဗျာ။

file တွေ ဖျက်တာကတော့ del filename /s/f/a ပါ။ eg del chrome.exe /s/f/a ပါ။ s ဆိုသည်မှာ file ရှိတဲ့ folder ကော် သူ့ရဲ့ sub-folder တွေပါဖျက်တာပါ။ f ကတော့ force deleting ပါ။
a ကတော့ attrib လုပ်ထားတဲ့ file တွေကိုဖျက်တာပါ။ a ထည့်လိုက်ခြင်းဖြင့် hidden , read only ,system တို့ကိုဖျက်လို့ရပါတယ်။ attrib chrome.exe -s -h -r ဆိုပြီးလုပ်စရာမလိုပါ။ တစ်ခါတည်းဖြတ်ပစ်တာပါ။

dir/ah *.exe /s/p/b စစ်လို့ပေါ်လာတိုင့် virus လို့ပြောလို့မရပါ။ virus name နဲ့ process explorer
 မှာပြတဲ့ name နဲ့တိုက်ကြည့်လို့တွေ့မှသာ virus ပါ။ eg. mgy virus ၀င်နေလို့ရှာမယ်ဆိုပါစို့။

 cmd မှာ dir/ah *.exe /s/p/b လို့ရိုက်ပါ။ mgy.exe ပေါ်နေပါလိမ့်မယ်။ process explorer ကိုဖွင့်ပါ။
 mgy.exe အလုပ်လုပ်နေတာကိုပြနေပါလိမ့်မယ်။

ဒီနည်းအတိုင်းတခြား virus များကိုရှာဖွေနိုင်ပါတယ်။ dir/ah *.exe /s/p/bလို့စစ်လို့ တွေ့တဲ့ file များကိုအကုန်ဖျက်လို့ရပါတယ်။

ဒါဆိုပိုစိတ်ချရတာပေါ့။တချို့ virus ကိုက်လို့ command prompt ခေါ်လို့မရရင် windows ကို restart လုပ်ပါ။ post လုပ်နေတဲ့အချိန်မှာ F8 key ကိုဆက်တိုက်နိုပ်ထားပါ။
Safe Mode options ပေါ်လာရင် Safe Mode with command prompt ကိုရွေးပါ။ command prompt
 ပေါ်လာရင် dir/ah *.exe /s/p/b လို့ရိုက်ပါ။တွေ့သမျှ file ကိုဖျက်ပါ။သူ့ရဲ့ process ကို kill စရာမလိုတော့ပါဘူး။တစ်ခါတည်း delete လုပ်ပါ။ နောက်ပြီး command prompt မှာ msconfig လို့ရိုက်ပါ။
startup Tab ကိုသွားပြီး ခုနက command prompt မှာ ပေါ်တဲ့ file များကိုအမှန်ခြစ်ဖြုတ်ပါ။ဒါဆိုရင် virus ပါတစ်ခါတည်းသတ်နည်းပါ။


ref : Mantalaythar

Search