welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, April 24, 2011

Saw Linux  /  4:48 AM  /    /  No comments

ကျနော်အခုပြောပြချင်တာ ထိုင်းမှာနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်များ USB နဲ့ အင်တာနက်သုံးချင်ရင်
အဆင်ပြေအောင်ဆိုပြီး SIM card မှာ အင်တာနက်ကနက်ရှင်းရအောင် လုပ်ပုံလုပ်နည်း
(စမာပုံစမာနည်း) ပါ။ အသေးစိတ်တော့ မရေးပြတော့ဘူး။ စမာပုံနည်းလောက်ပဲရေးပြတော့
မယ်။ ကဲ…သုံးချင်ရင် အောက်ပါအတိုင်းလိုက်ဖွင့်ပါ….

ထိုင်းဖုန်း 12 call ဖြင့် အင်တာနက်လိုင်းဖွင့်ရန်

နာရီ (၁၀၀) ဆိုရင် -၃၅၀-ဘတ်

စမာနည်း = *138*0334*653688#

နာရီ (၂၀) ဆိုရင် - ၁၀၀ -ဘတ်

စမာနည်း = *138*0333*653688#

၆ နာရီ ဆိုရင် ၅၀ ဘတ်

စမာနည်း = *138*0332*653668#

၃ နာရီ ၃၀ ဘတ်

စမာနည်း = *138*0331*653668#

အင်တာနက်နာရီစစ်ဆေးရန်

*139#

Happy Detect ဒီထက်-အတွက် စမာနည်း

*101*4#
detect အတွက်က *1004 ဖြင့်ခေါ်ပါ

mobile internet ရွေးရန် ကိုနှိပ်ပါ

လဖြင့်သုံးရန် ကိုထပ်ရွေးပါ
မိမိသုံးလိုသည့် နာရီကိုရွေးချယ်ရန် ...၁၂၃၄၅ ထဲမှ ရွေးချယ်ပါ .ဥပမာ နာရီ ၅၀... ၎
နှိပ်ပီးပါက အတိည်ပြုရန် ကိုနှိပ်ပါ message ပြန်ဝင်လာရင် သုံးလို့ရပါပီ

ကျနော်လဲ သူများပြောပြလို့သိတာနော် ဟီး ဟီး

စောလင်းနက်စ်

Saturday, April 23, 2011

Saw Linux  /  11:06 PM  /    /  No comments
ကွန်ပျူတာ သုံးနေရာမှ ပိတ်ပြီး ပြန်ဖွင့်လိုက်သည့် အခါ နကိုတင်ထားသည့် desktop background မှာ မရှိတော့ဘဲ အမဲရောင်မျက်နှာပြင် အလယ်တွင် စာတမ်းသာပေါ်နေတော့သည်။ထို့ပြင် ညာဘက် အောက် Taskbar တွင်လည်း မကြာခဏ အသံပေးခါ Antivirus ၀က်ဆိုက် တခုဖြစ်သည့် Antivirus XP ကို အကြိမ်ကြိမ်ခေါ်ကာ ၀ယ်ဖို့ချည်း
ပြောနေတော့သည်။ အဆိုပါ (tab) တက်ဘ်ကို ပိတ်လိုက်လည်း ခဏသာခံပြီး မကြာမီ ပြန်ပေါ်လာပြန်သည်။ Task Bar တွင်လည်း သတိပေး စာတန်းက မိနစ်မပြတ်ပေါ်ကာ မြင်ကွင်းကို အနှောင့်အယှက်ပေး နေတော့သည်။

ဝင်းဒိုးစ် Task Manager ခေါ်ဦးမှ ဟု စဉ်းစားပြီး Ctl+Alt+Del ကီးသုံးခုကို နှိပ်ကြည့်လိုက်တော့ Task Manager ကိုပါ Administrator လုပ်ပိုင်ခွင့် မရှိဟုဆိုပြီး ပိတ်ထားလိုက်သည်ကိုတွေ့ရတော့သည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံရှိ ကွန်ပျူတာသုံးစွဲသူများနှင့် အခြားဒေသများမှ သုံးစွဲသူများကိုပါ ဒုက္ခပေးနေ သည်မှာ Virtumonde အမည်ရှိသည့် Adware ဗိုင်းရပ်စ် တမျိုးဖြစ်သည်။ အဆိုပါ Virtumonde အက်ဒ်ဝဲသည် အန္တရာယ် ပေးနိုင်သည့် အဆင့်မြင့်မားပြီး Windows စနစ်များအနက် Windows 95 မှ စပြီး XP အထိ ဒုက္ခပေးနိုင်သည် ဟုသိရ သည်။

မိမိကွန်ပျူတာ ၏ Desktop မျက်နှာပြင်ပေါ် တဖျတ်ဖျတ်ဖြင့်ပေါ်လိုက်၊ အသံပေးလိုက်၊ ထိုအသံကြားသည့် Wizard ကို သွားနှိပ်လိုက်သည့် အခါ အင်တာနက် Browser ကိုဖွင့်ပြီး Anti-Virus ဆော့ဖ်ဝဲကို ၀ယ်ဖို့ကြော်ငြာလိုက်ဖြင့်
အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် ဒုက္ခပေးနေတော့သည်။ ထို Adware မှာ registry modify လုပ်ခွင့်၊ Windows Update လုပ်ခွင့်တို့ကို ပိတ်ပင်ထား လိုက်ပြီး My Documents (Explorer) ကိုသာ တွင်တွင်ပွင့်စေသည်။

ထိုဗိုင်းရပ်စ်မှာ ၀က်ဆိုက်အချို့တွင်ပါရှိသည့် (Ad) ကြော်ငြာ၊ (Popup Ad) ကြော်ငြာတို့မှ တဆင့်ကူးစက်ဘွယ်ရှိသည်ဟု ဆန်ဖရန်စစ်စကိုမြို့မှ အိုင်တီ ပညာရှင်တဦးက ပြောဆိုသည်။

ဖယ်ရှားနည်း
ရှေးဦးစွာ system recovery point တခုကို လုပ်ရန်အတွက် (Start Menu>Programs>Accessories>System Tools>System Restore) အထက်ပါ အဆင့်အတိုင်း သွားပြီး System Tools ထဲမှ System Restore ဖြင့် မိမိ မှတ်ထားသည့် System Restore ပွိုင့် တခုကို ပြန်သွားသည့် နည်းဖြစ်သည်။

ဤနည်း အလုပ် မဖြစ်ခဲ့လျင် System Restore ကို Off လုပ်ပြီး အခြား နောက်ဆုံး ဗားရှင်းဖြစ်သည့် စပိုင်ဝဲ၊ အင်တီ ဗိုင်းရပ်စ် တခုခု ဖြင့် ရှင်းရတော့မည် ဖြစ်သည်။ System Restore ကိုမပိတ်ထားလျင် ကွန်ပျူတာပိတ်ပြီး ပြန်ဖွင့်သည့် အခါ မိမိကွန်ပျူတာပေါ် ယခုရောက်နေသည့် (Adware Virus) အက်ဒ်ဝဲ ဗိုင်းရပ်စ်က အလိုအလျောက် ရှင်သန်လာပြီး ပြန်ပေါ်လာနိုင်သည့် အတွက်ဖြစ်သည်။

အထက်ပါ System Restore ဖြင့် အလုပ်မဖြစ်ခဲ့လျင် Avast! HomeEdition, Spybot S&D, Prevx CSI, နဲ့ ZoneAlarm Free Edition (firewall) တို့အနက်မှ တခုခုကို ဒေါင်းလုပ်လုပ်ပါ။ ထို့နောက် မိမိကွန်ပျူတာကို စကင်လုပ်ပြီး ရှင်းထုတ် နိုင်ပါသည်။

ထိုသို့ စကင်လုပ်ပြီးနောက် ပေါ်ထွက်လာမည့် ဖိုင်များထဲတွင် Prevx CSI ကဲ့သို့ အမည်ရှိသည့် ဖိုင်များ ပါဝင်မည် ဖြစ်ပြီး ထိုဖိုင်များကို ဖျက်ပစ်ကာ ကွန်ပျူတာကို ပြန် ရီဘုတ် (reboot) လုပ်လိုက်ပါက Virtumonde Adware ပျောက်ပျက် သွားမည် ဖြစ်ပါသည်။

ထို့နောက် Windows Live OneCare ကို ၀က်ဆိုက်မှ Download လုပ်ယူပြီး မိမိကွန်ပျူတာကို Scan လုပ်ပါ။ Scan လုပ်ပြီး သည့်နောက် ကွန်ပျူတာကို Restart တစ် ကြိမ်ပြန်လုပ်ပြီး Window နှင့်ပတ်သက်သည့် နောက်ဆုံး update လုပ်စရာ ရှိသည်များကိုလုပ်ပါ။

ဆေးမမီခဲ့သော်
အခြေအနေဆိုးသည့် ကူးစက်ခြင်းဖြစ်ခဲ့လျင် Norton www.symantec.com ၀က်ဆိုက်သို့သွားပြီး Vundu Fix ဆိုသည့် ဖိုင်၊ Trojan.Vundo Removal Tool by Symantec နှင့် VirtumundoBeGone တို့ကို ကူးယူပါ။
ထို့နောက် ကွန်ပျူတာကို အင်တာနက် အဆက်အသွယ်များ ရပ်ထား၊ ကြိုးဖြုတ်ထားပါ။ ၀ိုင်ယာလက် အင်တာနက် သုံးခြင်းဖြစ်လျင် ၀ါယာလက် ကဒ်သို့မဟုတ် ခလုပ်ကို ပိတ်ထားပါ။ ပြီးလျင် ကွန်ပျူတာကိုRestart လုပ်ပြီး F8 ခလုပ်ကို နှိပ်ကာ ၀င်းဒိုးစ် Safe Mode ဖြင့်ဖွင့်ပါ။
မိမိကွန်ပျူတာ တွင် Install လုပ်ထားသည့် Antivirus Software များက အချက်ပေးတာမျိုး မြင်ရမှာ ဖြစ်သဖြင့် ထိုသို့ အချက်မပေးမီ ကတည်းက Anti-Virus Application များကို ရပ်ထားလိုက်ပါ။
ထို့နောက်တွင် ၀င်းဒိုးစ် Saft moad ထဲတွင် Vundu Fix ကို ပထမဆုံး Run ပါ။ အဆိုပါ ပရိုဂရမ်က ဖိုင်များကို စကင်လုပ် ရာတွင် အချိန်အနည်းငယ် ကြာလိမ့်မည်ဖြစ်ပြီး ၊ အဆိုပါ အဆင့်ပြီးမှ Vundo Removal Tool ကိုဖွင့်ပြီး စကင်လုပ်၍ပေါ်လာသည့် မလိုလားအပ်သည့် ဖိုင်များကို ရှင်းထုတ်ပါလိမ့်မည်။ ရှင်းထုတ်ခြင်း မပြုမီ လုပ်၊ မလုပ် အတည်ပြုချက်ကို “လုပ်မည်” ဟုပေးလိုက်ပြီး ရှင်းလင်းခိုင်းပါ။
အဲဒီနောက်တွင် ကွန်ပျူတာကို Restart လုပ်ရန်မေးမြန်းလာလျင် လုပ်ဖို့ ညွှန်ကြားလိုက်ပြီး နောက်တကြိမ် Window Safe mode တွင် VirtumundoBeGone ပရိုဂရမ်ကို Run ပါ။
ပြီး နောက်ဆုံးအဆင့်တွင်မှ ComboFix ကို Run ရမည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ကွန်ပျူတာ၏ မောက်စ်နှင့် ကီးဘုတ်ကို မကစားရပါ။ အထက်ပါ အဆင့်များ အားလုံးပြီးလျင် ရှင်းလင်း လုပ်ဆောင်မှုများအတွက် Report ထွက်လာပါလိမ့်မည်။
ပြီးနောက် တွင်ဝင်းဒိုးစ် ကိုတစ်ကြိမ်ထပ်မံ restart လုပ်ပြီး နောက် Window Live Onecareဲ ကို Downlaod လုပ်ယူပြီး ကွန်ပျူတာတွင် Install လုပ်ပါ။
လိုအပ်သည့် Window Update များကိုလည်း လုပ်ဆောင်ပါ။

အထက်ပါ ကဲ့သို့ အဆင့်များကို တဆင့်ချင်း ညွန်ကြားထားသည့် အတိုင်းလုပ်ဆောင်သွားလျင် ကူးစက်နေသည့် Vundu Adware ပျောက်ပျက်သွားမည် ဖြစ်ပါသည်။

Download Adware :
Mediafire Link

source; Forum ကိုဇော်

Saw Linux  /  10:52 PM  /    /  No comments
ခုတလော.....

Virus အသစ်တွေ ပေါ်နေသလို တခြားနည်းနဲ့ စက်ကို လေးအောင် လုပ်တတ်တဲ့အရာတွေလည်း အမျိုးမျိုးရှိနေတယ်..။
အခု ကျွန်တော်ပြောမှာက Malware အကြောင်းပါ...။
ဥပမာဗျာ...
အထူးသဖြင့်...သူငယ်ချင်းတို့ ရဲ့ Gtalk မှာစာရေးတယ် ၊ဖိုင်တွေဖွင့်တဲ့ အခါမှာ တော်တော်နဲ့မပွင့်ပဲ လေးနေတယ်..၊
ဆိုရင် ဒါကို ကျွန်တော်အတွေ့အကြုံအရ Malware ကြောင့်ပါပဲ...။
Gtalk မှာစာတွေရေးတဲ့ အခါမှာ ကိုယ်အခုရေးနေတဲ့ အခါမှာ မပေါ်သေးဘူး...။ဒါပေမဲ့ ..Enter နှိပ်လိုက်ရင်တော့ ရောက်သွားတယ်..ဆိုရင်...ကိုယ်ဖွင့်တဲ့ ဖိုင်လေးက တော်တော်နဲ့ မပွင့်ပဲ....လေးပြီးနေတယ် ဆိုရင်...
ဒါဟာ ....Malware ကြောင့်ပါ...။
ဒါကို ဒီနေရာကနေ Download ဆွဲယူပါ..။

အောက်မှာတော့ သူတို့ ပေးထားတဲ့ Pro တော့ ရှိတာပေါ့ဗျာ..။ကျွန်တော်တို့ကတော့ ဝယ်ဖို့ မဖြစ်နိုင်ဘူးလေ..။
ဒါကြောင့်...အလကားရတာပဲ...ဆွဲလိုက်ပါ..။ ပြီးရင် run လိုက်ပါ...။ ပြီးရင် သတ်တာကတော့ .... ၃ မျိုးရှိပါတယ်..။
Quick , Deep , Custom ဆိုပြီး ၃ မျိုးရှိပါတယ်..။

Deep ကို ရွေုးပြီး Scan လုပ်ပေးပါ...။
Scan လုပ်တာ ၃ နေရာကိုပါ..။
Memory , Registry , Files and Folder တွေကိုပါ..။
သူဖာသာ သူ Scan လုပ်ပါလိမ့်မယ်..။
ပြီးရင်....သူရှာတွေ့တယ် ဆိုရင်....တွေ့တဲ့နေရာမှာ အနီရောင်နဲ့ ပြပါတယ်..။
ဘာမှ စဉ်းစားမနေပါနဲ့ ....။ အပေါ်မှာ ပေါ်နေတဲ့ Process ကိုနှိပ်ပြီး...သူထပ်ပေါ်လာတဲ့ ဘောင်မှာ...အမျိုးမျိုးရှိပါတယ်..။
Remove ကိုပြောင်းပေးပါ..။
နောက်..အောက်မှ Apply အပေါ်တွင် Remove ကိုပြောင်းပေးပါ...။ စက်ထဲမှာ ရှိသော ဘာမှ မထိခိုက်ပါ...။
Registry လည်း မပျက်စေနိုင်ပါ..။ကျွန်တော် အာမခံပါတယ်..။
ပြီးရင်တော့....Apply ကိုနှိပ်ပြီး အပြီးရှင်းထုတ်လိုက်ပါ...။
ဒါမျိုး..တစ်နေ့ နှစ်ခါလောက်လုပ်ပေးပါ...။ ပထမတစ်ခါတော့ သူငယ်ချင်း...အံ့သြနေပါလိမ့်မယ်..။
ငါ့စက်ထဲမှာ ဒီလောက်တောင်မှ Malware တွေဝင်နေပါလားလို့ စိတ်ပူသွားပါလိမ့်မယ်..။
ရှင်းပြီးရင်တော့..သူငယ်ချင်းစက်ကလေး ရွှတ်ခနဲ့...ရွှတ်ခနဲ့ နဲ့ နေတာ တွေ့ပါလိမ့်မယ်...။

Malware Sweeper Download
MediaFire
အရာရာအဆင်ပြေပါစေဗျာ................။
ကိုဇော်

Saw Linux  /  10:39 PM  /    /  No comments
တစ်ချို့ညီ၊ကိုများ ဗိုင်းရပ်စ်အကြောင်းလေးပို့စ်တင်ပေးပါဆိုလို့ ကျနော်စုဆောင်းပြီးရသလောက်နဲ့တင်
ပေးလိုက်တယ်။ ဘာဖြစ်ဖြစ်ဗဟုသုတရပါတယ်။

၁။Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေတစ် ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ် အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ် ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game ကတရားဝင် ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..

ဆရာမျိုးသူရ စာအုပ်မှ ကောက်နုတ်တင်ပြသည်။

Monday, April 11, 2011

Saw Linux  /  3:19 AM  /    /  No comments
"Window XP Welcome Screen" ကို ဖြုတ်တဲ့နည်းလေးလေ့လာရအောင်။ အဲဒါတွေကို ရှုပ်တယ်
ထင်ရင် အောက်ပါနည်းလမ်းအတိုင်းဖြုတ်ထားနိုင်ပါတယ်။ ကျနော်ရှုထောင့်စုံ ပြုလုပ်နည်းလေးစုပေးပါ
တယ်။
1) Click on Start
2) Click on Control Panel
3) Double-click on User Accounts
4) Click on "Change the way users log on or off"
5) Uncheck "Use the Welcome Screen" (note: this will also disable "Fast
User Switching")
6) Click on Apply Options
7) Close the User Accounts window and the Control Panel
8) The next time you reboot your computer, the classic login prompt will
be used

Login automatically to a user account, follow the instructions below:
1) Click on Run
2) Type in the following command and click OK

control userpasswords2

3) Highlight the user you want to log into automatically, then uncheck
the box for

"Users must enter a username and password to use this computer"

4) Click on Apply and you'll be asked to verify the username and
password to log in automatically
5) Click OK and the next time you restart your computer, you'll
automatically be logged in without having the classic prompt or
Welcome Screen.

တစ်ဆက်တည်းမှာပဲ အကယ်၍ "Client Services for NetWare" ဆိုပြီး Message
Error တက်လာခဲ့ရင် အောက်ပါနည်းလမ်းတွေအတိုင်းဖြေရှင်းနိုင်ပါတယ်။

Uninstall "Client Services for NetWare"

Solution 1

Open control panal and Open Network Connections

Right click on LAN and select Properties

Then where it says connection uses the following click on’Client
Services for Netware

Then press uninstall

If you don’t see Client Services for Netware option try this

Follow the above procedure to get to the network properties
(of the network you are using currently). If you can’t see any
netware entries do the following:

1. Highlight your network, and click install button.

2. Make sure “Client” is highlighted, and click add.

3. Highlight “Client Service for Netware”, click OK

4. Allow your PC to restart.

Now follow the first method instructions again, and ‘hopefully’
CSNW should be there for you to uninstall.

Solution 2

Go to Start>Run> type Regedit click OK.

Now navigate to the following key from left pane

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion
\Winlogon

and delete GinaDLL key from right pane

Then Reboot Your PC.

You should now be able to go into the user account control
from the Control Panel, and change the way users log on/off.

Sunday, April 10, 2011

Saw Linux  /  8:40 AM  /    /  No comments
The security information is invalid or has been modified. this
program will be terminated?

အထက်ပါ Message Error မျိုး အချို့စက်မှာတွေ့ဖူးကြပါလိမ့်မယ်။ အဲဒီ Message Error
ကိုဖြေရှင်းတဲ့နည်းလေးပြောပြမလို့။ ဒီပြဿနာဟာ ဆော့ဝဲကြောင့်ဖြစ်တာများပါတယ်။ ကျနော်အ
ရင်က Window 7 မှာလုပ်ပေးတုန်းက Ulead Video 11 ၊ နောက် XP စက်တစ်လုံးကျ
တော့ Corel VideoStudio 12 ဆော့ဝဲကြောင့်ဖြစ်ပါတယ်။

ဒီအကြောင်းတွေကိုထောက်ရှုလျှင် အထက်ပါ Message Error တို့ဟာ အောက်ပါဆော့ဝဲနှစ်
ခုတို့ကြောင့် ဖြစ်ပေါ်လာတယ်လို့ယူဆလို့ရပါတယ်။
(၁)Ulead Video 11
(၂)Corel VideoStudio 12
ဒီဆော့ဝဲနှစ်ခုဟာ မိမိတင်ထားတဲ့ဝင်းဒိုးနဲ့အဆင်မပြေမှုကြောင့် အထက်ပါမက်စေ့ဂ်ျပေါ်လာတာပါ။

ဒါဆိုဘယ်လိုဖြေရှင်းမလဲ...
(၁) Control Panel > Add and Remove Hardware {Window XP} OR
Control Panel > Programs and Features {Window Vista and 7) တွင်
အထက်ပါဆော့ဝဲနှစ်မျိုးကို Uninstall လုပ်လိုက်ပါ။

(တစ်ချို့စက်တွင် Registry Editor တွင် Ulead ရဲ့ key,value,data အကုန်ဝင်ဖျက်ဖို့လိုတယ်)

(၂) Run တွင် msconfig ရိုက်ထည့်ပြီး system configuration ဖွင့်ပါ။ ထိုနောက်
system configuration ပွင့်လာရင် ၎င်း Menu တွင် Start up ကိုနှိပ်ပြီး uvpl.exe
ရှာပါ။ တွေ့လျှင် လေးထောင့်ကွက်အမှန်ခြစ်ကို ဖြုတ်ပါ။ ပြီးတော့ apply > OK

ကွန်ပျူတာကို Restart ပေါ့ဗျာ...

အဆင်ပြေပါစေ...

Thursday, April 7, 2011

Saw Linux  /  7:52 PM  /    /  No comments
ဘလော့ဂါအတွက် ပို့စ်တွေမရေးဖြစ်တာကြားပါပြီး။ အခုအသုံးတည်းတဲ့ ဘလော့ဂါအတွက်ပို့စ်တစ်
ပုဒ်လောက်တင်လိုက်မယ်။ အများအားဖြင့် သိပြီးသားနေမှာပါ။ Related Post တဲ့။ မသိသေး
အောက်ပါပုံကြည့်လိုက်ပါ။ Related Post ဆိုတာ ဘလော့ရဲ့ပို့စ်တစ်ပုဒ်ဖွင့်လိုက်ရင် အဲဒီပို့စ်နဲ့
ဆက်စပ်တဲ့ ကျန်တဲ့ပို့စ်ခေါင်းစည်းလေးတွေ တန်းပေါ်မျိုးတာဖြစ်တယ်။ သိပြီးသားဆိုရင် ကျော်သွား
ပေါ့ဗျာ။ မသိသေးသောပုဂ္ဂိုလ်များအတွက် ကျနော့်ဘလော့မှာအဓိကရည်ရွယ်ပါတယ်။ ကျနော်အ
တွက်လဲ မှတ်စုဖြစ်အောင်လေ။ စိတ်ဝင်စားတဲ့ဆိုရင် စမ်းကြည့်ကြတပေါ့...

အောက်ပါအဆင့်အတိုင်းသွားလိုက်ပြီး ဖေါ်ပြထားတဲ့ html code များကို copy/ paste လုပ်လိုက်
ရုံပါပဲ။
1. Login to your blog
2. Go to 'Layout-->Edit HTML'
3. Check 'Expand Widgets Template'
4. Find this code script <data:post.body>
5. Put this code script below after <data:post.body>

<b:if cond='data:blog.pageType == "item"'>
<div class='similiar'>

<div class='widget-content'>
<h3>Related Post</h3>
<div id='data2007'/><br/><br/>
<script type='text/javascript'>

var homeUrl3 = "<data:blog.homepageUrl/>";
var maxNumberOfPostsPerLabel = 4;
var maxNumberOfLabels = 10;

maxNumberOfPostsPerLabel = 100;
maxNumberOfLabels = 3;

function listEntries10(json) {
var ul = document.createElement('ul');
var maxPosts = (json.feed.entry.length <= maxNumberOfPostsPerLabel) ?
json.feed.entry.length : maxNumberOfPostsPerLabel;
for (var i = 0; i < maxPosts; i++) {
var entry = json.feed.entry[i];
var alturl;

for (var k = 0; k < entry.link.length; k++) {
if (entry.link[k].rel == 'alternate') {
alturl = entry.link[k].href;
break;
}
}
var li = document.createElement('li');
var a = document.createElement('a');
a.href = alturl;

if(a.href!=location.href) {
var txt = document.createTextNode(entry.title.$t);
a.appendChild(txt);
li.appendChild(a);
ul.appendChild(li);
}
}
for (var l = 0; l < json.feed.link.length; l++) {
if (json.feed.link[l].rel == 'alternate') {
var raw = json.feed.link[l].href;
var label = raw.substr(homeUrl3.length+13);
var k;
for (k=0; k<20; k++) label = label.replace("%20", " ");
var txt = document.createTextNode(label);
var h = document.createElement('b');
h.appendChild(txt);
var div1 = document.createElement('div');
div1.appendChild(h);
div1.appendChild(ul);
document.getElementById('data2007').appendChild(div1);
}
}
}
function search10(query, label) {

var script = document.createElement('script');
script.setAttribute('src', query + 'feeds/posts/default/-/'
+ label +
'?alt=json-in-script&callback=listEntries10');
script.setAttribute('type', 'text/javascript');
document.documentElement.firstChild.appendChild(script);
}

var labelArray = new Array();
var numLabel = 0;

<b:loop values='data:posts' var='post'>
<b:loop values='data:post.labels' var='label'>
textLabel = "<data:label.name/>";

var test = 0;
for (var i = 0; i < labelArray.length; i++)
if (labelArray[i] == textLabel) test = 1;
if (test == 0) {
labelArray.push(textLabel);
var maxLabels = (labelArray.length <= maxNumberOfLabels) ?
labelArray.length : maxNumberOfLabels;
if (numLabel < maxLabels) {
search10(homeUrl3, textLabel);
numLabel++;
}
}
</b:loop>
</b:loop>
</script>
</div>
</div>
</b:if>

Original Link

Tuesday, April 5, 2011

Saw Linux  /  2:59 AM  /    /  No comments
missing Operating System ဆိုတဲ့ ပြဿနာဟာ ရိုးရိုးကွန်ပျူတာကိုစကိုင်တဲ့ပုဂ္ဂိုလ်များ
အတွက် ဆိုင်ပို့ရတာများပါတယ်။ ဒီပြဿနာက ပြန်ဖြေရှင်းဖို့နည်းနည်းခေါင်းရှုပ်နိုင်တယ်။ အထူး
အားဖြင့် XP အသုံးပြုတဲ့ပုဂ္ဂိုလ်များအတွက်ပိုပြီးကြုံရတတ်တယ်။
missing Operating System ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကို နည်းနည်းကြည့်ရ
အောင်ဗျာ...
missing Operating System ဖြစ်ရခြင်းအကြောင်းများ..

1.command.com or အခြား Windows boot files ပျက်ဆီးသွားခြင်း

2.MBR (Master Boot Record)ပျက်ဆီးသွားခြင်း

3. Virus infection တိုက်ခိုက်ခံရခြင်း

4. File system (corruption) တစ်ခုနှင့်တစ်ခု အဆင်မပြေခြင်း

5. Inactive boot partition or incompatible partition ဖြစ်နေခြင်း

6. BIOS ဟာ hard drive နဲ့ အဆက်အသွယ်မလုပ်ခြင်း

7. Logical hard drive ပျက်ဆီးသွားခြင်း or operating system (malfunct
ion) ချွတ်ယွင်းနေခြင်း တို့ဖြစ်ပါတယ်။

အထက်ပါ missing Operating System အကြောင်းရင်းများကို သိထားပြီးဆိုရင် မိမိစက်မှာ
၎င်းပြဿနာမျိုးကြုံရလျှင် အထက်ပါအချက်တွေနဲ့စီစစ်လိုက်ပါ။ ပြီးလျှင်...

အောက်ပါအချက်နှစ်ချက်နဲ့ဖြေရှင်းပါ....

1. သင်ရဲ့ system BIOS ဟာ hard drive နဲ့ကောင်းကောင်း detect လုပ်၊ မလုပ်ချက်ပါ။
အကယ်၍ သင်ရဲ့ system ဟာ hard drive နဲ့ကောင်းကောင်း detect လုပ်ပြီးဆိုလျှင် ဒါ
logical part ရဲ့ပြဿနာဖြစ်ဖို့သေချာတယ်။

2. Windows Recovery Console အသုံးပြုပြီး ထပ်ဖြေရှင်းပါ:Windows Recovery
Console တွင် Fixmbr command ကိုအသုံးပြုပြီး Master Record Boot (MBR)
Repair လုပ်ပါ။

အမှန်ကဒီအချက်နှစ်ချက်သည် အတိုချုံးဖြင့် ကျနော်ရေးပြတာဖြစ်ပါတယ်။ တကယ်လုပ်တဲ့အခါ
အဆင့်တွေအများကြီးဝင်ရမယ်ဆိုတာပါပဲ။ ကျနော်အသေးစိတ်တော့ ရေးမပြတော့ပါးဘူး။ အထောက်
အကူအဖြစ်သာရည့်၇ွယ်ပါတယ်။

အဆင်ပြေပါစေ

Saw Linux  /  2:20 AM  /    /  No comments
တစ်ချို့ကြုံဖူးကြပါလိမ့်မယ်။ အင်တာနက်က ကွန်နက်ရှင်းဝင်ပြီး (ဂျီတော့ဖွင့်လို့ရပြီး) အင်တာ
နက်ဘရောက်စာ Mozilla Firefox ဖွင့်တော့လဲ ပွင့်မလာ။ အဲလိုပြဿနာမျိုးကြုံလာရင်
အောက်ပါအတိုင်းဝင်ရောက်ဖြေရှင်းကြည့်ပါ။ အဆင်ပြေနိုင်ကောင်းပြေနိုင်တယ်။

1) Click on Start --> In search box, type cmd --> Then "CMD" will be displayed in

the search --> Now right-click on "CMD" ---> Select "Run as administrator".

2) Now enter this command

netsh int ip reset resetlog.txt

Press "Enter".

3) Reboot your computer

Search