welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, January 23, 2013

Saw Linux  /  5:25 PM  /    /  No comments

Microsoft ကနေ Window 8 ကို Release မလုပ်သေးပဲနဲ့ တော်တော်များများအသုံးပြုနေကြပါပြီး။ တလောက စမ်းသုံးကြည့်တော့ သုံးလို့ကောင်းသားပဲ။ ဒါပေမယ့် ဆော့ဝဲတွေအားလုံးအဆင်ပြေ မပြေတာ
တော့ ကျနော်လဲအားလုံးမစမ်းကြည့်ရသေးဘူး။ Window 7 လို Structure လိုမဟုတ်ဘူး။ ဒါကြောင့် Window 8 ကိုအသုံးပြုရင်Structureအသစ်အဆန်းတွေလိုဖြစ်နေတတ်တယ်။ ကျန်တဲ့ maintenance
အပိုင်းမှာတော့ အားလုံးတူပါတယ်။ ဒရိုက်ဘာကိစ္စတွေရောပေါ့။ လိုအပ်သောပုဂိုလ်များအတွက်
အဆင်ပြေအောင် Download Screw ဆိုက်ကနေ ကျနော်ယူတင်ထားပေးလိုက်တယ်။
ဖူးဗားရှင်းဖြစ်အောင်လုပ်နည်းကတော့ Window 8 Activator ဆော့ဝဲနဲ့ပါ ကျနော်ရှာတင်ပေးးလိုက်တယ်။
စမ်းကြည့်ပါ။

Download Window 8
  Windows 8 Enterprise x86 (32-bit) 2.37 GB
Windows 8 Enterprise x64 (64-bit) 3.25 GB

Download Window 8 Activator
Window 8 Activator
Saw Linux  /  5:08 PM  /    /  1 comment

အောက်တိုဘာလကုန်တွင် Windows 8 ကို အပြီးသတ်ထုတ်လုပ်မည်ဟု Microsoft ကကြေညာခဲ့
ပြီးဖြစ်ရာ Windows 8ထွက်ပေါ်လာမည့် ကာလသည် မဝေးတော့ပြီ။ Windows Vista ထွက်လာ ပြီးသည့်နောက်တွင် ပြဿနာပေါင်းစုံထွေပြားမှုကြောင့် OS အသစ်သုံးသူတို့သည် Windows XP သို့နောက်ပြန်ဆုတ်ပြီး အသုံးပြုခဲ့ကြရသည်။ Windows 7 ထွက်ပေါ်လာသည့်အခါတွင်လည်း ထိုသံသယက မကုန်စင်သေး။ ထို့ကြောင့် ယနေ့အချိန်ထိတိုင် Windows XP သုံးသူနှင့် ၇ သုံးသူအရေအတွက်သည် အတူနီးပါးရှိနေသည်။ သို့သော် Windows 7 က သုံးစွဲရာ၌အဆင်ပြေပါသည်။ အလုပ်လုပ်ရာ၌လည်း ပို၍လျှင်မြန်သည်။

နောင်ထွက်လာမည့် Windows 8 က ပို၍ပင်လျှင်မြန်လာပါဦးမည်။ Windows 8သည် Windows 7 လို Vista အစပ်အခြေပြုပြီး ပြင်ဆင်ထားသော OS မဟုတ်ပါ။ အစအဆုံး ဒီဇိုင်းအသစ်ဖြင့် ရေးဆွဲထားသော OS ဖြစ်ပါသည်။ Windows 8 သို့ ပြောင်းလဲအသုံးပြုသင့်သလားဟုမေးလျှင် သုံးသင့်သည်ဟုဖြေပါမည်။ Windows 8 သို့ ပြောင်းလဲအသုံးပြုသင့်သော အကြောင်းရင်းခံတို့ကိုကြည့်လျှင် အောက်ပါအတိုင်း တွေ့ရပါမည်။ Touch screen ကို အထောက်အပံ့ပြုသော Windows 8
Windows 8၏ အဓိကအပြောင်းအလဲကိုကြည့်လျှင် user interface ၌ပင် စ၍တွေ့ရပါသည်။ စက်ကိုဖွင့်သည့်အခါ စတွေ့ရမည့် Metro interface သည်ဒီဇိုင်းအသစ်ဖြစ်ပြီး touch ဖြင့် အလုပ်လုပ်နိုင် အောင် အထူးရေးဆွဲထားပါသည်။ Windows 7 သည်လည်း Touch များခေတ်မစားသေးသလို Tablet ပေါ်တွင် OS အလုပ်လုပ်နိုင်မည့် အရေးကိုလည်း မစဉ်းစားခဲ့ပါ။ ထို့ကြောင့် ထိုစဉ်ကထွက်ရှိခဲ့သော All-in-on PC များဖြင့်သာ အသုံးပြုခဲ့ကြရသည်။ Touch ကြီးစိုးရာနယ်မြေသည် Tablet နှင့် Smart phone များဖြစ်ပါသည်။ ထို့ကြောင့် Windows 8ထုတ်လုပ်မည်ဟုဆိုသည့်အခါ Touch ကြီးစိုးရာ ပစ္စည်းများပေါ်၌ အလွယ်တကူသုံးစွဲနိုင်ရေးကို စဉ်းစားလာရပါသည်။ Touch သုံးစွဲနိုင်သည့် ပစ္စည်းမရှိသေးသူဖြစ်ပါက Windows 8ကိုဝယ်ယူရင်း Hardware အသစ်ဝယ်ယူရေးကို စဉ်းစားကောင်း စဉ်းစားရပါမည်။ သို့သော် OS အသစ်သည် သမာရိုးကျ Keyboard နှင့် Mouse ကို အထောက်အပံ့ပြုမည်ဖြစ်ရာ ကွန်ပျူတာအဟောင်းသုံးသူများ ပစ္စည်းအသစ်မ၀ယ်ဘဲ အဆင်ပြေနိုင်ပါသည်။

Touch Screen ပါသည့် Tablet သုံးသူများအနေဖြင့်လည်း Keyboard နှင့် Mouse ၏ပံ့ပိုးမှုကိုပါ တွဲဖက်ရရှိမည်ဖြစ်ရာ ကွန်ပျူတာသုံးစွဲမှုတွင် ပို၍ပြည့်စုံလာစရာ အကြောင်းရှိပါသည်။ Metro user interface ဖြင့် လာမည့် Windows 8
Metro user interface သည် Windows 8 အတွက် အသစ်ပြင်ဆင်ရေးဆွဲပေးထားသော
အရာ ဖြစ်ပါသည်။ Windwos Phone 7 သုံးစွဲသူတို့အနေဖြင့်မူ ဤ interface ဖြင့် ယဉ်ပါးပြီး ဖြစ်ကောင်းဖြစ် နိုင်ပါသည်။ Windows 8 အသုံးပြုသူသည် ကွန်ပျူတာဖွင့်လိုက်သည့်အခါ ယခင်ကလို Windows Logoဖြင့် Start button ကို တွေ့ရမည်မဟုတ်ပါ။ Live tile ဟုခေါ်သော အကွက်ငယ်များဖြင့် ဖွဲ့စည်း ထားသည့် လေးထောင့်ကွက်ကြီးကို တွေ့ရပါမည်။ Live tile အကွက်ငယ်များတွင် ပြထားသော icon များသည် Desktop ပေါ်ရှိ icon များကဲ့သို့ပင်
ဖြစ်ပါသည်။ အဆိုပါ နေရာမှနေ၍ သက်ဆိုင်ရာ Application ကို တိုက်ရိုက်ဖွင့်နိုင်ပါသည်။ သို့သော် Live tile က desktop icon ထက်အားသာချက်မှာ ယင်းကိုဖွင့်ကြည့်ရန်မလိုဘဲ mouse
ဖြတ်တင်ရုံဖြင့် Information ရနိုင်သည့်ကိစ္စဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် mail application ပေါ် mouse ဖြတ်တင်ပါက အီးမေးလ်အသစ် မည်မျှဝင်နေသည် မည်သူ့ထံမှလာသည် စသည်တို့ကို သိနိုင်ပါသည်။ မိုးလေ၀သအခြေအနေဆိုလျှင်လည်း အင်တာနက်ချိတ်ထားပါက သက်ဆိုင်ရာ Live tile သည်လက်ရှိအခြေအနေကို ဖော်ပြနိုင်ပါသည်။ ယင်း Interface သည် နားလည်ရလွယ်သလို အသုံးပြုရလည်း လွယ်ပါသည်။ Touch screen ဖြင့် ပို၍အဆင်ပြေပါသည်။ သို့သော် mouse ဖြင့်လည်း သုံးနိုင်ပါသည်။ Touch ဖြင့်ဖြစ်စေ၊ mouse ဖြင့်ဖြစ်စေ close application, access menu အပါအ၀င် လုပ်ငန်းပေါင်း
များစွာကို လုပ်ပေးနိုင်ပါသည်။

Application store ကို ခေါ်ဆောင်လာမည့် Windows 8
သာမန်သုံးစွဲသူတို့အတွက် Windwos 8သည် Windows RT (Windows Run Time) နှင့် Windows Pro ဟူ၍ အမျိုးအစားနှစ်မျိုးခွဲ၍ ထွက်ရှိမည်ဖြစ်ပါသည်။ ယင်းအပေါ်မူတည်၍ Application သုံးစွဲပုံ၊ သုံးစွဲနည်းကွဲပြားသွားပါသည်။ RT သည် ယခင် Desktop application အဟောင်းများကိုမူ တစ်ပါတည်းထည့်သွင်းပေးလိုက်မည်ဖြစ်၍သာ သုံးစွဲနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် RT သုံးစွဲသူတို့သည် အသစ်ပေါ်ပေါက်လာမည့် Windows Store မှနေ၍ application အဟောင်းများကို ဆက်လက်သုံးစွဲနိုင်ပါသည်။ သို့သော် Metro Interface တွင် ထည့်၍သုံးစွဲလိုသည့် application များကို store မှနေ၍ ၀ယ်ယူ
ရပါလိမ့်မည်။ ကွန်ပျူတာပေါ်မှနေ၍ အင်တာနက်ချိတ်ဆက်ပြီး Windows store မှ application များကို browse လုပ်နိုင်သည်။ Download လုပ်နိုင်သည် Install တင်နိုင်သည်။ လောလောဆယ် Application အရေအတွက် အကန့်အသတ်ရှိနေသော်လည်း Windows 8 အပြီးသတ်ထွက်သည့်အခါ အရေအတွက်များပြားလာပါမည်။ Application အများစု (ဥပမာ - Maps) သည် full screen ဖြင့် ကြည့်နိုင်ပါမည်။ နေရာဒေသတစ်ခုကိုရှာရန်၊ တစ်နရာသို့သွားနိုင်မည့် လမ်းကြောင်းရှာရန် ကိစ္စတို့အတွက် Big Map ကိုအသုံးပြုပါသည်။ သို့သော် Windows 8RT တွင်ရော Pro တွင်ပါ People, Calendar, Photo, Music, Messaging နှင့် Video ဟူသော Metro application များအသင့်ပါလာပါမည်။

 Cloud service ကို အထောက်အပံ့ပေးမည့် Windows 8
Windows 8 သည် Cloud ကိုအသုံးပြုရန်လည်း ဦးတည်ချက်ထားသည်။ ယင်းသည်လူအများနှစ်ခြိုက်မည့် feature တစ်ခုလည်း ဖြစ်နိုင်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် Microsoft Store သည် ကွန်ပျူတာသုံးစွဲသူ၏ setting များကို Cloud ထဲတွင် သိမ်းဆည်းပေးပါမည်။ ထို့ကြောင့် အင်တာနက်ချိတ်ထားသော Windows 8 ကွန်ပျူတာကိုဖွင့်သုံးသည့်အခါယခင်က
မြင်တွေ့သည့် အတိုင်း လုပ်နေကျအတိုင်း ရှိပါလိမ့်မည်။ Cloud ဖြင့်ဆောင်ရွက်ပေးမည့် Microsoft ၏လုပ်ငန်းစဉ်များတွင် Gmail ထဲမှနေ၍ အသုံးပြုသူ၏အီးမေးလ်များကို ဆွဲယူပေးခြင်း၊ facebook ပေါ်တင်ထားသမျှ ဓာတ်ပုံအားလုံးကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်စေခြင်း စသည်တို့ပါဝင်လာပါမည်။ Screen ကို Lock ချနိုင်ပြီး ဓာတ်ပုံဖြင့် Password ပေးနိုင်မည့် Windows 8
စမတ်ဖုန်းသုံးစွဲသူတို့အတွက်မူ lock screen ကို အသားကျပြီးဖြစ်နေပါလိမ့်မည်။ ဖုန်းသုံးလိုလျှင် lock ကိုဖြည်ပေးရမည်။ Password သုံးပြီး lock လုပ်ထားလျှင် password ဖြည့်ထည့်ပေးဖို့လည်း လိုပါမည်။ Windows 8တွင်လည်း စမတ်ဖုန်းမှာကဲ့သို့ picture lock screen ကိုအသုံးပြုနိုင်ပါမည်။ Lock ကိုဖြည့်ရန်အတွက် လက်ရွှေ့လျားမှုပုံစံသုံးမျိုးကို လုပ်ရန်လိုပါသည်။ အဆိုပါရွေ့လျားမှုတို့ကို straight lines, circles နှင့် taps များထဲမှ ရွေးချယ်နိုင်ပါသည်။ Lock screen ကိုလည်း မိမိ၏ ဓာတ်ပုံ၊ အချိန်၊ နာရီ၊ ရက်စွဲ၊ application notification စသည့် အရာတစ်ခုခုဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။

ပစ္စည်းကိရိယာအမျိုးအစား စုံလင်စွာအသုံးပြုနိုင်စေမည့် Windows 8
Windows 8ကို PC ပေါ်တွင်သာမဟုတ် အခြားသော ပစ္စည်းအတော်များများပေါ်တွင် အသုံးပြုနိုင်ရန်လည်း ဒီဇိုင်းဆွဲထားပါသည်။ (၂၇) လက်မမြင်ကွင်းရှိသော PC ဖြစ်စေ၊ (၁၅) လက်မမြင်ကွင်းရှိသော Notebook ဖြစ်စေ၊ (၁၀) လက်မမြင်ကွင်းရှိသော Tablet ဖြစ်စေ Windows 8သည် အမှားအယွင်းမရှိ အလုပ်လုပ်ပေးပါလိမ့်မယ်။ Metro interface သည် ပုံဖော်မျက်နှာပြင်အရွယ်အစားနှင့် resolution အမျိုးမျိုးပေါ်တွင် အဆင်ပြေစွာ ချိန်ညှိလုပ်ဆောင်နိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။ ကွန်ပျူတာအကြီးအသေးပေါင်းစုံပေါ်တွင် တသမတ်တည်ငြိမ်မှုဖြင့် အလုပ်လုပ်လိုသည်ဟုဆိုလျှင် Windows 8သည် အလွန်တရာ ရွေးချယ်သင့်သော အရာဖြစ်ပါသည်။ ဆော့ဖ်ဝဲအဟောင်းများနှင့် တွဲ၍သုံးနိုင်စေမည့် Windows 8
OS တစ်ခု၏ အသွင်အပြင်နှင့် တည်ဆောက်ပုံသည် အလွန်တရာပြောင်းလဲသွားသည့်အခါ ယခင်ကအသုံးပြုခဲ့သော ဆော့ဖ်ဝဲအဟောင်းများနှင့်တွဲဖက်၍ ရမှရပါတော့မည်လားဟု စိုးရိမ်ဖွယ်ရှိလာပါသည်။ Windows Vista ထွက်သည့်အခါ XP နှင့်တွဲသုံးနိုင်သည့် ဆော့ဖ်ဝဲအချို့ အလဟသဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သို့သော် ဤတစ်ကြိမ်တွင် ကံကောင်းသည်မှာ Windows 7 တွင် တွဲဖက်သုံးနိုင်သော application အားလုံး Windows 8တွင် သုံး၍ရမည့်ကိစ္စဖြစ်ပါသည်။ Microsoft သည် Metro interface ကိုပွဲထုတ်ခဲ့သော်လည်း ယင်း၏အောက်တွင် ယခင်မြင်တွေ့နေကျ desktop ရှိနေပြီး ယခင် application အဟောင်းများကို (Install တင်ထားခဲ့လျှင်) ခေါ်ယူသုံးစွဲနိုင်ပါမည်။ Windows 8RT ကမူ Metro application များကို သီးခြားဝယ်ယူသုံးစွဲနိုင်ပါမည်။ Pro တွင်မူ application အဟောင်းများကို တင်၍သုံးနိုင်သလို Metro application အသစ်များကို ၀ယ်ယူသုံးစွဲနိုင်ပါသည်။ ထို့ကြောင့်သုံးစွဲသူအနေဖြင့် Application နယ်ပယ်နှစ်မျိုးလုံးကို တဖြည်းဖြည်းယဉ်ပါးသွားပါလိမ့်မည်။

Task and file management အသစ်ကို ယူဆောင်လာမည့် Windows 8
Windows 8တွင် Task နှင့် file များ ကိုင်တွယ်ဆောင်ရွက်ရာတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကိစ္စအချို့ပါဝင်လာပါသည်။ Multiple file operation တို့ကို Windows တစ်ခုတည်းတွင် ခိုင်းစေနိုင်ပါမည်။ ဖိုင်လုပ်ငန်းတစ်ခုစီကိုခွဲ၍ pause နှင့် cancel လုပ်နိုင်ခွင့်ရှိပါမည်။ file လွှဲပြောင်းမှု အမြန်နှုန်းကိုဖော်ပြပေးမည့် real-time graph တစ်ခုလည်း ပါဝင်လာပါမည်။ Task management အတွက်မူ application နှင့် background process ဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော Tab အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ ယင်းထဲတွင် Metred Network section ကိုတွေ့ရမည်ဖြစ်ပြီး မည်သည့် Application က data အများစုအား ကိုင်တွယ်ဆောင်ရွက်နေသည်ကို ကြည့်ရှုနိုင်ပါသည်။

 ရေးသားသူ -ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓါတ်ပုံ)
Saw Linux  /  4:56 PM  /    /  1 comment

(၁) Boot in Less than 20 seconds

OS တစ်ခုကို Boot တက်ဖို့အတွက် ၂၀စက္ကန့်ထက်မပိုဘူးဆိုတဲ့ Window 8 မှာ ပါဝင်လာမယ့် Feature အမှန်တကယ်ပါဝင်လာခဲ့ရင် ထင်ထားတာတက်ပိုပြီး စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တစ်ခုပါပဲ။ Microsoft ရဲ့ OS developers တွေရဲ့ ထူးခြားတဲ့ တီထွင်ဖန်တီးနိုင်မှုအဖြစ် “Hybrid Boot Mode” ကို Window 8မှာ အသုံးချခွင့် တကယ်ပေးလာမယ်လို့ အင်တာနက်သတင်းတွေ ပေါက်ကြားလာတဲ့ သတင်းတွေအရ သေချာမှုအတော်လေးရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီ Hybrid Boot Mode ဟာ လက်ရှိသုံးနေတဲ့ ဖွင့်ထားတဲ့ Window OS စနစ်ကို စက္ကန့် ၂၀ထက်မပိုတဲ့အချိန်အတွင်းမှာ ပိတ်နိုင်၊ ဖွင့်နိုင်မယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ယခု Window 7 မှာဝါ၀င်ပြီးသားဖြစ်တဲ့ Log off နဲပ Hibernate ဆိုတဲ့ Features နှစ်မျိုးကို ပေါင်းစပ်ပြီး အသစ်တီထွင်ဖန်တီးမှုရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ ဒီ Feature ရဲ့လုပ်ဆောင်ပုံကတော့ Shudown ခလုတ်ကို နှပ်လိုက်တာနဲ့တစ်ပြိုင်နက် Log off အဖြစ်ဖွင့်ထားသမျှ App တွေအားလုံးကို ပိတ်လိုက်ပြီး Hibernate ဆိုတဲ့ Feature ရဲ့လုပ်ဆောင်ချက်နဲ့ အဆုံးသတ်ပိတ်ထားလိုက်ပါတယ်။ Power ပြန်ဖွင့်ပြီး Window ပြန်တက်တဲ့အချိန်မှာ ဒီ Hybrid Boot Mode ရဲ့လုပ်ဆောင်ချက်ကြောင့် စက္ကန့် ၂၀ထက် နောက်မကျတဲ့ Widnow 8 ရဲ့ Screen Homepage ကိုမြင်တွေ့နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို Screen shot တွေအဖြစ် အင်တာနက်စာမျက်နှာတွေမှာ သတင်းပေါက်ကြားခဲ့တာကိုလည်း နေရာတော်တော်များများမှာ ရေးသားချက်များကို လေ့လာနိုင်မှာဖ်ြစပါတယ်။

(၂) Two user interface

Window 8 ထွက်လာရင် မျှော်လင့်ချက်တွေများစွာနဲ့ အသစ်ပါဝင်လာမယ့် Features တွေများစွာကို စိတ်လှုပ်ရှားစွာ စောင့်စားနေတဲ့အထဲမှာ ဒုတိယလိုက်နေတဲံ Feature အသစ်တစ်မျိုးကတော့ User Interface(UI) ကို ပုံစံနှစ်မျိုးနဲ့ မြင်တွေ့နိုင်မယ်ဆိုတဲ့ အချက်ပါပဲ။ ပုံစံတစ်မျိုးကတော့ ပုံမှန် Window OS တွေမှာ ပါဝင်နေကြပုံစံမျိုးဖြစ်ပြီး နောက်တစ်မျိုးကတော့ Tablet အခြေခံ Device တွေ၊ Touch စနစ်အသုံးပြုနိုင်တဲ့ Device တွေအတွက် ရည်ရွယ်ထားတဲ့ Touch friendly user interface ဖြစ်ပါတယ်။ Microsoft ရဲ့ Developer တွေ ဖန်တီးနိုင်မှုများစွာထဲမှာ Microsoft ရဲ့ တပင်တိုင်နန်းစံ Internet Explorer Browser ကို Touch အခြေခံဗားရှင်းအဖြစ် ထုတ်လုပ်နိုင်ခဲ့မှုမှာလည်း တစ်ခုအပါအ၀င်ဖြစ်စေခဲ့ပါတယ်။ အဲ့ဒိ IE Browser အသစ်ပုံစံမှာ Address bar တစ်ခုတည်းကိုပဲ ပြထားမှာဖြစ်ပြီး ကျန်တဲ့ လုပ်ဆောင်ချက်တွေ၊ Tab တွေအားလုံးကို မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ Touch friendly စနစ်အတွက် လုံခြုံမှု စိတ်ချနိုင်စေဖို့အတွက် ယခင် Window OS တွေမှာသုံးတဲ့ Password ပုံစံထက် Ardroid OS တွေမှာ သုံးနေတဲ့ Grid Pattem ပုံစံမျိုးနဲ့ ဖြစ်လာမယ်လို့ ပေါက်ကြားလာတဲ့ အင်တာနက် သတင်းတွေမှာ ဆိုထားပါတယ်။ ထူးခြားပြီး ဆန်းသစ်တဲ့ အသွင်အပြင်နဲ့မို့ Window OS ချစ်သူတွေ စွဲမက်စရာ ဖြစ်စေပါလိမ့်မယ်။

(၃) Window Store

Window store ဆိုတာကတော့ Microsoft ရဲ့ Application ထုတ်ကုန်တွေအားလုံးကို Apple store လိုမျိုး Android market လိုမျိုး ရယူအသုံးပြုနိုင်ကြောင်းကို ရည်ညွန်းခြင်းပဲဖြစ်ပါတယ်။ ဒီ Window store ကနေပြီး သင့် Browser ကနေတိုက်ရိုက်ချိတ်ကာ လိုင်စင်နဲ့ ရောင်းချတဲ့ App တွေ၊ လူသုံးအများဆုံး App စာရင်းတွေနဲ့ နမူနာအဖြစ်ပေးသုံးတဲ့ Trial version လိုမျိုးကို ဒီ Window store ဥာ တကယ် Window 8 မှာ ပါဝင်လာမယ်ဆိုရင် သင့်အနေနဲ့ fully download ပေးတဲ့အချိန်အထိ စောင့်ဆိုင်းနေစရာမလိုဘဲ အချိန်မရွေး App store ကနေ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာနဲ့ နမူနာတူလဲဆိုတော့ google ရဲ့ Chrome OS နဲ့ သွားတူမှာဖြစ်ပါတယ် ဒါကြောင့် Tablet တွေလိုမျိုး သိမ်းဆည်းစရာနေရာကန့်သတ်ချက်ရှိတဲ့ Device တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ဘယ် Application ကိုမှ ကွန်ပျူတာရဲ့ Disk space ပေါ်ကို Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ် ဒါကတော့ Window 8 မှာ ပါဝင်လာမယ်လို့ တစ်ပြေးနေတဲ့ Top 6 feature တွေထဲက တတိယမြောက်ရှေ့ပြေးနေတဲ့ Feature အသစ်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) Automatic Maintenance

Microsoft က နောက်ထပ်ထုတ်မယ့် Window 8 မှာ New feature အနေနဲ့ပါဝင်လာမယ့် Feature တစ်ခုကတော့ “Automatic Maintenance” ဆိုတဲ့ Feature ပဲဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်ကတော့ သင့်ကွန်ပျူတာ က Hard disk တွေ Net optimization service တွေကို အလိုအလျှောက် စစ်ဆေးကာ လိုအပ်တာတွေကို အလိုအလျှောက်ပြုပြင် ထိန်းသိမ်းဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ Window 7 မှာပါဝင်တဲ့ Disk Cleanup ထက် ပိုမိုအစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။ မလိုအပ်တဲ့ ဖိုင်တွေကို အလိုအလျှောက် ဖြေရှင်ေးပးနိုင်စွမ်းရှိတာကြောင့် သင့်ရဲ့ ကွန်ပျူတာကို အမြဲတမ်းပေါ့ပါးပြီး လျှင်မြန်နေစေမှာဖြစ်ပါတယ်။ လုပ်ဆောင်အသေးစိတ်အချက်အလက်တွေကို မသိနိုင်သေးပေမယ့် Window 7 မှာထက်ပိုပြီး အစွမ်းထက်တဲ့ Disk Cleanup Utility ဖြစ်မယ်ဆိုတာကိုတော့ အားလုံးက မျှော်လင့်နေကြပါတယ်။

(၅) New Windows Explorer

Window 8 ထွက်တဲ့အခါမှာ Window အားလုံးမှာ မြင်တွေ့နေကျဖြစ်တဲ့ Window Explorer တွေနဲ့မတူတာကိုတော့ ပထမဆုံးမြင်တွေခံစားရမှာသေချာပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အလွယ်တကူသိနိုင်သလို အသုံးပြုရမှာလည်း ပိုပြီး လွယ်ကူရှင်းလင်းနေမှာဖြစ်တယ်လို့ အင်တာနက် သတင်းတွေရဲ့ သတင်းပေါက်ကြားမှုတွေမျာ မြင်တွေ့နေရပါတယ်။ အဓိကအပြောင်းအလဲအဖြစ် မြင်တွေ့ရမှာကတော့ Explorer ရဲ့ Menu ပုံစံဖြစ်ပြီး နေ့စဉ်နဲ့အမျှ လုပ်ဆောင်ချက်တွေကို Startcuts အနေနဲ့ မှတ်သားထားပေးမှာဖြစ်ပါတယ်။ ဒီ Menu ပုံစံကို တစ်ချို့ အင်တာနက်စာမျက်နှာတွေမှာတော့ Ribbon Menu ဆိုပြီး ခေါ်ဝေါသုံးစွဲကြတာတွေ့နိုင်ပါတယ်။ ဒီ Ribbon Menu Style ကပဲ Window 8 ရဲ့ အသွင်ကို တခြား Window OS ပုံစံတွေကနေ ခွဲထုတ်နိုင်စေမှာဖြစ်ပါတယ်။ အရင် Window တွေမှာ Right click ကနေ အသုံးပြုခဲ့ရတဲ့ တချို့လုပ်ဆောင်ချက်တွေကို Window explorer ရဲ့ Ribbon menu မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ Screen shot တွေ၊ အင်တာနက်မှာ ပျံ့နှံနေတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်တွေကို ပုံမှန်ကလစ် နှစ်ချက်၊ သုံးချက်နဲ့ အလုပ်လုပ်ခဲ့ရတဲ့ ကြာချိန်တွေ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

(၆) Window Time Machine

Microsoft ရဲ့ Window 8 မှာ ပါဝင်လာမယ်လို့ နာမည်ကြီးနေတဲ့ Feature အသစ်တစ်မျိုးကတော့ Window Time Machine ပဲဖြစ်ပါတယ်။ ဒီ Feature ဟာ သင်မှားဖျက်မိလိုက်တဲ့ ဖိုင်တွေ၊ Data တွေကို Backup အနေနဲ့ ပြန်လည်ရယူနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်အတွက် Window OS သမိုင်းတစ်လျှောက်မှာ Third Party tool တွေကိုပဲ သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Window 8 ကနေစပြီး Third Part Tool တွေကို သုံးစရာမလိုတော့ပါဘူး။ ဒီ Feature ဟာ Window မှာပါနေကျဖြစ်တဲ့ Restore option နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်ကတော့ မတူညီပါဘူး။ Window Time Machine ရဲ့ လုပ်ဆောင်ချက်ဟာ Apple ရဲ့ နောက်ဆုံးထုတ်ဗားရှင်းဖြစ်တဲ့ Mas OS X Lion ရဲ့ Apple Time Machine နဲ့ ခပ်ဆင်ဆင်တူတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီ Feature ကို တခြားအင်တာနက် စာမျက်နှာတစ်ချို့မှာတော့ History Vault ဆိုပြီး ခေါ်ဆိုမှုတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်မိတဲ့ ပျက်သွားတဲ့ ဖိုင်တွေ အရေးတကြီး Data တွေကို ပြန်လညရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Myanmar Internet Journal
Saw Linux  /  4:47 PM  /    /  No comments
Windows 8 အကြောင်း သိကောင်းစရာ


Microsoft ကနေပြီးတော့ Windows 7 ထက်ပို၍ update ဖြစ်သော Windows 8 developer
review version ကို 2011 Customer Electronic show တွင် ပထမဦးဆုံးပွဲထုတ်ခဲ.ပါတယ်။ နောက်ဆုံး version ဖြစ်တဲ. Windows 8 Consumer Preview ကို microsoft က 29 February 2012 နေ.တွင် မိတ်ဆက်ပြသခဲ.ပါတယ်။Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။

Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။

Metro User Interface
Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်. တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface) ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို အသုံးပြုရာတွင် ရိုးရိုးရှင်းရှင်းနဲ. လျှင်လျှင်မြန်မြန် အသုံးပြု နိုင်စေရန် ပင်ဖြစ်ပါသည်။
Windows 8 ၏ Task Manager အကြောင်း
Windows 8 ရဲ. Task Manager ကိုတော့ အရင်ထွက်ရှိခဲ.တဲ. windows တွေရဲ. Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာ ဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Manager ကိုဖော်ပြထားပါ သည်။

Windows 8 ၏ Cloud စနစ်အကြောင်း
Windows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ထိုကဲ့သို့ပါဝင်မှု့ဟာ Microsoft ရဲ. SkyDrive cloud storage က running Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန် နဲ. သင်.ရဲ. personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံပေးမှာ ဖြစ်ပါတယ်။

Windows 8 ၏ power usage အကြောင်း
Windows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများ ထက်လျော.နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ် လည်း အသုံးပြုနိုင်ပါသည်။

Windows 8 may be 128 bit
Windows 8 က 128 bit processor တွေကို ထောက်ပံပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။
http://www.forumswindows8.com/windows-8-download/
Windows 8 ၏ မြန်မာစနစ်အကြောင်း
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှ၂၀၁၁ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။

Internet Explorer 10
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံပေးနိုင်ပါသည်။

Virtualization
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည်.သွင်း ပေး ထား ပါသည်။Hyper-V ကို default အနေနဲ.ဖြင့် တော့ တွေ.ရမည် မဟုတ်ပါ။ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည် ဖြစ်ပါသည်။Install လုပ်ရန်မှာ- Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။ Windows 8 Hyper-v အနိမ်.ဆုံး system လိုအပ်ချက်တွေကတော့
• 64-bit version of Windows 8
• 64-bit processor နှင့်
• 4 GB of RAM တို့ဖြစ်ပါသည်။
အထက်တွင် Microsoft ၏ Window 8 အကြောင်းသိကောင်းစရာကို ဖော်ပြထားပြီး ဖြစ်ပါသည်။ ဆက်လက်၍ ဖော်ပြသွားမည် ဖြစ်ပါသည်။ 

Ref : http://www.mmcert.org.mm/window8.php
7:45:51 [ 24/1/2013]

Thursday, January 17, 2013

Saw Linux  /  8:08 AM  /    /  No comments


ဒီဗွီဒီယို Convertor သည်လည်း အတော်ကိုအသုံးတည့်ပါတယ်။ လိုအပ်ရင်အဆင်ပြေအောင် တင်ပေး
လိုက်တယ်။ ဒီဆော့ဝဲသည် အထူးအားဖြင့် avchd ဗွီဒီယိုဖိုင်အမျိုးအစားကို တစ်ခြား DVD ဖေါမက်အ
ဖြစ် အလွယ်တကူပြောင်းပေးနိုင်တဲ့ ဆော့ဝဲပါပဲ။ ဖိုင်ထဲမှာလဲ အက်တီဗိတ်တာပါတစ်ခါတည်းထည့်ပေး
လိုက်တယ်။
ဗွီဒီိယိုတည်းဖြတ်ပြီးတဲ့အခါ ဒါရိုက် DVD ဖိုင်အဖြစ်နဲ့ သိမ်းလိုက်ရင် ကြည်လင်မှုမရှိတာတွေဖြစ်တတ်
တယ်။   အဲဒါဆို avchd ဖိုင်အမျိုးအစားနဲ့သိမ်းပြီး ဒီဆော့ဝဲနဲ့ DVD အဖြစ် convert လုပ်ရင်ပိုပြီးအဆင်
ပြေနိုင်တယ်။
အသုံးပြုနည်းမခက်တော့ ရေးမပြတော့ပါဘူး။ ကိုယ့်ကိုပဲစမ်းကြည့်ပေတော့။

 Download : Google Code

Wednesday, January 16, 2013

Saw Linux  /  7:01 AM  /    /  No comments

Blu-Ray Disc ကို အတိုကောက်အနေနဲ့ BD လို့ ခေါ်ပါတယ်။ HighDefinition Video နှင့် Data တွေသိုလှောင်ဖို့အတွက် နောက်ဆုံးပေါ်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Disc လေးပါ။ ယနေ့ခေတ်မှာ တွင်ကျယ်စွာ အသုံးပြုနေတဲ့ DVD တို့ CD တို့နဲ့ အလားသဏ္ဍာန် တူပါတယ်။အပြာရောင် Laser အလင်း တန်းကို အသုံးပြုပြီး ဖတ်ရ၊ ရေးရတဲ့အတွက် BlueRay Disc လို့ ခေါ်တာပါ။အနီရောင် Laser အလင်းတန်း ကို အသုံးပြုတဲ့ ရိုးရိုးDVD Format ထက်ကို Data ပမာဏများများသိုလှောင်နိုင်ပါတယ်။ နှစ်ဖက်စလုံး အသုံးပြုနိုင်တဲ့ Two Layer DVD ထက်ကို (၆)ဆသာတာကိုတွေ့ရပါတယ်။ တဖက်တည်းသုံးလို့ရတဲ့ Single Layer DVD ထက်ကို ဆယ်ဆခွဲလောက်ပိုဆန့်ပါတယ်။

Blu-Ray ဟာ HD DVD နဲ့ အပြိုင် ထွက်ခဲ့တာပါ။ နောက်ဆုံးမှာတော့ Blu-Ray က အနိုင်ရတယ်ပဲဆိုကြပါစို့။ ဘာကြောင့်လဲဆို တော့ HD DVDထုတ်တဲ့ Company တွေဟာ Blu-Ray ကို စိတ်ဝင်စားလာကြလို့ပါပဲ။Blu-Ray Disc ကို Blu- Ray Disc Association ကနေ ထုတ်လုပ်တာပါ။Blu-Ray ရဲ့ CD/DVD တွေ အပေါ် အဓိက အားသာချက်က တော့ Data တွေကိုကျစ်ကျစ်လစ်လစ်နဲ့များများ သိုလှောင်နိုင်တဲ့ စွမ်းရည်ပါပဲ။ ယနေ့ခေတ်မှာ Electronic ပစ္စည်းတွေ၊ Recording Media တွေ VideoGame နဲ့ Music တွေ ထုတ်လုပ်တဲ့Company ပေါင်း ၁၀၀ လောက်က Blu-RayTechnology ကို အသုံးပြုလာကြပါပြီ။Blu-Ray က Data တွေ ဘယ်လိုဖတ်မလဲBlu-Ray Disc က Data တွေကို 1.1 mm အထူရှိတဲ့ Poly Carbonate Layer ရဲ့ အပေါ်မှာသိမ်းပါတယ်။Data သိမ်းတဲ့ Layer က Data ဖတ်မယ့် မှန်ဘီလူးနဲ့နီးကပ်နေတာကြောင့် အလင်း တန်းတွေပြာထွက်သွားတာမျိုးလို Data ဖတ်ရာမှာကြုံရမယ့် ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဒါမှမဟုတ် Disc အနေအထားပျက်သွားလို့ ဖတ်မရတော့ဘူးဆိုတဲ့ ပြဿနာလည်း ရှိမှာ မဟုတ်တော့ပါဘူး။ Dataတွေ သိမ်းတဲ့နေရာဟာ Disc ရဲ့ မျက်နှာပြင်နဲ့ ပိုမို နီးကပ်လာတာကြောင့် ခြစ်ရာတွေနဲ့လက်ဗွေရာတွေ ကနေ ကာကွယ်ဖို့အတွက် Disc ရဲ့ မျက်နှာပြင်မှာ မာကျောတဲ့ အလွှာတစ်ခုနဲ့ Coatedလုပ်ထားပါတယ်။ Blu-Ray Disc ရဲ့ Design ထုတ်ထားပုံကလည်း Disc ထုတ်လုပ်မှုစရိတ်ကို လျော့ကျစေပါသတဲ့။ရိုးရိုး DVD တွေ ကတော့ Recording Layer ကို 0.6 mm စီထူတဲ့Disc ပြား နှစ်ခုနဲ့ ညှပ်ထားတာပါ။ Discနှစ်ခု ပေါင်းထားတာရယ်၊ Recording Layerဟာ Disc တခုခုမှာ အသေတပ်ထားရတာရယ်တို့ကြောင့်အလင်းတန်းလာတဲ့အခါဖြာထွက်မ သွားအောင် ဂရုတစိုက် ထုတ်လုပ်ထားရတာပါ။Blu-Ray ကတော့ 1.1mm အထူရှိတဲ့ Disc တစ်ခုတည်းမှာ Recor ding Layer ကို မျက်နှာပြင် နားကပ်ပြီးထားတာ ဖြစ်ပါတယ်။

Disc တစ်ခုတည်း သုံးထားတဲ့အတွက် သူ့ကို ထုတ် လုပ်တဲ့စရိတ်လျော့ကျသွားတယ်ဆိုပေမယ့် သူ့ရဲ့အပေါ်ကနေ အလွှာတစ်လွှာ ထပ်အုပ်ပေးရတဲ့ ကုန်ကျစရိတ် နဲ့ဆိုရင်တော့ သိပ်မထူးခြားပါဘူး။Blu-Ray Disc တစ်ချပ်ကို ၀ယ်မယ်ဆိုလျင်တော့ ယနေ့ ဈေးကွက်မှာ ရှိတဲ့ Blu- RayDisc တွေရဲ့ တန်ဖိုးကတစ်ချပ်ကို $20 ကနေ $50 ကျော်ထိ ရှိပါတယ်။Blu-Rayဘယ်လို Read/Write လုပ်သလဲဆိုတာ အထက်ပါ ပုံမှာ ပြထားပါတယ်။ ပုံမှာ 1.1mm ထူတဲ့Poly Carbonate Layer Disc တစ်ခုတည်း ကို သုံးထားတာ တွေ့ရပါတယ်။ 405 nm Blue Laser ဆိုတာကလှိုင်းအလျား 405nm သာရှိတဲ့ အပြာရောင် Laser အလင်းတန်းကို ပြောတာပါ။ DVD မှာ သုံးတဲ့ အနီရောင်အလင်းတန်းက650nm ရှိပါတယ်။ လှိုင်းအလျား ပိုသေးငယ်ခြင်းက Disc ဖတ်ရာမှာ TrackPitch တွေကိုပိုမိုပြီး သေးငယ်စေတယ်။ အဲဒီတော့ Data တွေ ပိုသန့်စေတာပေါ့။Blu-Ray ကို အထင်ကရ ဖြစ်စေတဲ့အချက်တွေထဲမှာ Tack Pitch သေးငယ်ခြင်းကအဓိကပါ။ Track Pitchဆိုတာက Laser အလင်းတန်းက တစ်ခါဖတ်လိုက်တဲ့အခါအဲဒီအလင်းတန်းလေးက Disc ပြားပေါ်မှာ ယူတဲ့နေရာလေးပါ။ Blue-Ray Technologyမှာ အဲဒီ Tack Pitch နေရာလေးက 0.3 micrometer ပဲ ရှိပါသတဲ့။

 Blu-Ray Disc ကို သုံးမယ်ဆိုရင် 

၁။ Blu Ray ဟာ Data တွေကို ပိုများများ သိမ်းနိုင်ရုံတင်မကဘဲ Interactive ဖြစ်ပါတယ်။ Interactiveဖြစ်တယ်ဆိုတာက အနီးစပ်ဆုံး ဘာသာပြန်လျင် အသက်ရှင် လှုပ်ရှားနိုင်တာကို ပြောတာပါ။ဒီနေရာမှာတော့ အသက်ရှင်တယ်လို့ ပြောလို့ မရပါဘူး။ ဒီ Blu-Ray ကို အသုံးပြုဖို့အတွက် Blu-Ray Format နဲ့ Subtitle တွေ Movie တွေကို Internet ပေါ်ကနေ အလွယ်တကူ ယူလို့ရတာကို ပြောချင်တာပါ။
 ၂။ Blu-Ray က HDTV တွေကို အရည်အသွေး မကျစေဘဲ Record လုပ်နိုင်ပါတယ်။
၃။ Disc ပေါ်မှာ ရှိနေတဲ့ ခြစ်ရာတွေ၊ အစင်းရာတွေကိုလည်း အလွယ်တကူကျော်ပြီး ဖတ်နိုင်တယ်လို့ဆိုပါတယ်။
၎။ Disc ပေါ်က Program တစ်ခုကို ကြည့်နေစဉ်မှာပဲ ၎င်း Disc ပေါ်မှာ အခြား Program တစ်ခုက Record လုပ်နိုင်ပါတယ်။
၅။ Playlists တွေကိုလည်း ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
၆။ Disc ပေါ်မှာ Record လုပ်ပြီးတဲ့ Program တစ်ခုကို ပြန်ပြင်ချင်တယ်။ ပြန်ပြီးတည်းဖြတ်ချင်တယ်ဆိုရင်လည်း ပြန်ပြင်ပြီး Record ပြန်လုပ်ထားလို့ရပါတယ်။
၇။ ရှိပြီးသား Program တစ်ခုပေါ်မှာ ထပ်ပြီးတော့ မကူးမိစေဖို့အတွက် နေရာလွတ်တွေကို အလိုအလျောက် ရှာပေးနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ Blu-Ray ရဲ့ ဖွဲ့စည်းပုံ Disc တွေဟာ Video တွေ Audio တွေ Data တွေ Pits တွေပေါ်မှာ သိမ်းပါတယ်။ Pits ဆိုတာဓာတ်ပြားပေါ်မှာ Data တွေ သိမ်းတဲ့ Megnetic Spot လေးကို ပြောတာပါ။ဓာတ်ပြားရဲ့ အတွင်းကနေအပြင်ဘက်ကို အကြောင်းရာအတိုင်း ခရုပတ်ခွေလို ရစ်ပြီးထွက်သွားတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။Blu-Ray မှာ Data တွေ များများသိမ်းနိုင်တယ်ဆိုတော့ ဒီလမ်းကြောင်းလေးကလည်း ပိုပြီးစိပ်ဖို့လိုတာပေါ့။ ဒီလမ်းကြောင်းလေးတွေ ပိုပြီးစိပ်လေလေ သူ့ကိုတိုးပြီးဖတ်မယ့် Laserအလင်းတန်းကလည်း သေးငယ်ပြီး တိကျဖို့ လိုလာပြီလေ။

 DVD Vs Blu Ray 

၁။ DVD က အနီရောင် Laser အလင်းတန်းကို သုံးပါတယ်။ Blu Ray က အပြာရောင် Laser အလင်းတန်းကို Data တွေ ရေး/ဖတ်ဖို့အတွက် သုံးပါတယ်။
၂။ DVD မှာ အသုံးပြုတဲ့ အနီရောင် Laser အလင်းတန်းရဲ့ လှိုင်းအလျားသည် 650 nanometer ရှိပြီး Blu-Ray မှာ သုံးတဲ့ အပြာရောင် Laser အလင်းတန်း ကတော့ လှိုင်းအလျား 405 nanometer ရှိပါတယ်။ ၃။ အလင်းတန်းရဲ့ အရွယ်အစားကိုလိုက်ပြီး Disc ပေါ်ကို အလင်းနဲ့ထိုးပြီး ဖတ်တဲ့အခါယူတဲ့နေရာပမာဏလည်း ကွာသွား ပါတယ်။ အဲဒီနေရာလေးကို Track Pitch လို့ ခေါ်ပါတယ်။ DVD ရဲ့Track Pitch သည် 0.74 micrometer ရှိပြီူး Blu-Ray ရဲ့ Track Pitch ကတော့ 0.3micrometer သာရှိပါတယ်။
၎။ Data တွေကို Disc ပြားပေါ် သိမ်းတဲ့အခါ ဓာတ်ပြားဖတ်တဲ့လမ်းကြောင်းပေါ်မှာ Megnetic အပုံလေးတွေ ပုံပြီးသိမ်းတာ ကို သိကြပြီး ဖြစ်မှာပါ။ အဲဒီ MegneticSpot လေးတွေကို Pit လို့ ခေါ်ပါတယ်။DVD မှာ Pit တစ်ခုရဲ့ အတိုဆုံးအချင်း ဟာ 0.4micrometer ရှိပါတယ်။ Blu-Ray မှာတော့0.15micrometerသာရှိပါတယ်။
၅။ Tack Pitch ကလည်း ငယ်တယ်။ Pit ကလည်း သေးတယ်ဆိုတော့ Disc တချပ်တည်းပေါ်မှာ Data အများကြီး သိုလှောင်နိုင်တယ်ဆိုတဲ့ Blu-Ray ရဲ့Technologyကို အံ့သြစရာတော့ မရှိတော့ပါဘူး။ DVDတချပ်ဟာ ပမာဏ 8GB လောက် သိုလှောင်နိုင်နေတဲ့အချိန်မှာ Two Layer Blu-Ray Disc တချပ်က 50GB အထိသိုလှောင်နိုင်စွမ်း ရှိနေပါတယ်။
၆။ DVD နဲ့ Blu-Ray Disc တို့ရဲ့ ဖွဲ့စည်းပုံ Format ကလည်း အနည်းငယ်ကွဲပြားပါတယ်။

Blu-Ray Disc (BD) Format သုံးမျိုးရှိပါတယ်။ 
 နံပါတ်(၁)က BD-ROM လို့ ခေါ်ပါတယ်။Software တွေ Game တွေ Moviesတွေကို တခါတည်းအသင့်သွင်းပြီး ပြန်ကြည့်နိုင်တဲ့ Recording Typeမှာ သုံးဖို့ပါ။
နံပါတ်(၂)က BD-R က HDTV နဲ့ PC Data တွေ သိမ်းဖို့အတွက်ပါ။
နံပါတ်(၃) BD-RE က ပြန်ဖျက်၊ ပြန်ရေးနိုင်တဲ့ အမျိုးအစားပါ။

HDTV နဲ့ PC Dataတွေ အတွက်ပါ။ HD DVD Vs BD တဖက်တည်းပဲ အသုံးပြုလို့ရတဲ့ BD တချပ်ဟာ 25 GB ဆန့်ပါတယ်။HD DVDကတော့ 15GB ဆန့်ပါတယ်။
BD က 25GB ရတယ်လို့ ဆိုပေမယ့် တကယ်တော့သူ့ဆီမှာက သုံးမျိုးရှိတာပါ။
23.3GB BD ရယ်၊ 25GB BD ရယ် 27GB BD ရယ် ဆိုပြီးတော့ ရှိပါတယ်။HD DVD မှာ မရနိုင်တဲ့ အားသာချက် တစ်ခုကလည်း BDမှာ ရနိုင်ပါသေးတယ်။ အဲဒါကတော့ Dual-LayerTechnology ပဲ ဖြစ်ပါတယ်။Layer အရဆိုရင် 46.6GB၊ 50GB၊ 54GB အထိ ဆန့်တဲ့ BD တွေကို ရမှာပါ။ အနာဂတ်မှာတော့ 100GB ကနေ 200GB အထိဆန့်တဲ့ 4-Layer ကနေ 8-Layerအထိရှိတဲ့ BD တွေကိုသုံးစွဲခွင့် ရတော့မှာ ဖြစ်ပါတယ်။ Blue-Ray Disc ဆိုတာဟာ သာမန် Disc တွေလိုပါပဲ ဒါပေမယ့် highdefinitionvideo တွေအများအပြားသိုလှောင်ရန် လိုအပ်သော data ကိုထိမ်းသိမ်းသိုလှောင်ပေးနိုင်ပါတယ်။ Blue-Ray Disc ဟာ သာမန် DVD ထက်ပိုသိုလှောင်နိုင်ပါတယ်။ အခြေခံက အပြာရောင် လေဆာ နဲ့ အနီရောင်လေဆာကြားက ကွားခြားချက်ပါ။ အပြာရောင်လေဆာဟာ လှိုင်းအလျှား 405 nanometerရှိပြီးအနီရောင်လေဆာထက်ပိုမိုသေးငယ်သောစုံမှတ်ကိုထုတ်ပေးနိုင်ပါ
တယ်။အနီရောင်လေဆာကို အခုလက်ရှိသုံးနေတဲ့ DVD VCD player တွေမှာသုံးတာဖြစ်ပါတယ်။ အပြာရောင်လေဆာကို blue-ray player မှာသုံးတာပါ။

ဒါကြောင့်သူဟာ CD ဆိုဒ်အတူတူမှာကို DVD ထက်ပိုမိုသိုလှောင်နိုင်တာပါ။ Blue-ray တစ်ချပ်ဟာ ဟိုးအရင်က Hard disk တစ်ခုလောက်ကိုအသာလေးbackup လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ သိုလှောင်စွမ်းအားဟာ မျက်နှာပြင်တစ်ဖက်သာသုံးသော Disk အတွက် 27 GB ဖြစ်ပြီး မျက်နှာပြင်နှစ်ဖက်သုံးသော Disk မှာတော့ 50 GB အထိသိုလှောင်နိုင်ပါတယ်။ မျက်နှာပြင်တစ်ဖက်သာသုံးသော Disk အမျိုးအစားဟာ သာမန် ဗီဒီယို တစ်ခုကို ၁၃ နာရီကြာအထိသိုလှောင်ပေးနိုင်ပါတယ်။

သာမန် DVD တစ်ချပ်ဟာ ၁၃၃ မိနစ်သာ သိမ်းဆည်းနိုင်ပါတယ်။ အခုဆိုရင် pioneer ကုမ္ပဏီက 500 GB အထိသိုလှောင်နိုင်သော Disc ကို အလွှာ ၂၀ သုံးထားသော Disc ဖြင့် ထုတ်လုပ်ရန် နည်းပညာကိုတွေ့ထားပြီဟုကြေငြာထားသည်။
Blue ray Disc ကို သာမန် CD DVD player တွေမှာထည့် ကြည့်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် CD နဲ့ DVD တွေကိုတော့ Blue ray player ကဖတ်ပေးနိုင်မှာဖြစ်ပါတယ်။အခုဆိုရင် Blue ray ကို ကုမ္ပဏီ အတော်များများက ထုတ်လုပ်နေကြပြီဖြစ်ပါသည်။

Ref :http://www.akarphyoe.com/2011/11/blue-ray-disc.html

Sunday, January 6, 2013

Saw Linux  /  8:29 PM  /    /  No comments
ကျနော်တို့ရွာအတွက် ပြုလုပ်ထားတဲ့ "မျိုးဆက်သစ်ထီဖိုးစံလူငယ် ရာသက်ပန်ရန်ပုံငွေ" အသင်းတွေ့ဆုံပွဲ
ကို (၃၁-၁၂-၂၀၁၂) ထိုင်းနိုင်၊ ဘန်ကောက်၊ နွန်ထဘူရီ၊၀တ်နခွန်အင်ကျောင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီရန်ပုံငွေအဖွဲ့ကို ၂၀၀၈-ခုနှစ်ကတည်းက စတင်တည်ထောင်လာခဲ့ပြီး အခုဆို ၂၀၁၂-ခု (၄)နှစ်မြောက်
ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။

ကျနော်တို့ထီဖိုးစံရွာသည် အုပ်စုအပိုင်း (၅)ပိုင်းခွဲထားပြီး ရန်ပုံငွေကိုအုပ်စုအပိုင်းလိုက်တာဝန်ယူစုဆည်း
ထားခြင်းဖြစ်ပါသည်။ အဖွဲ့ကို လေးလတစ်ကြိမ်ဆီ၊ တစ်နှစ်ကို (၃)ကြိမ်ဖြင့် ရန်ပုံငွေရဲ့ရငွေ၊ သုံးငွေစာရင်း
ကို တင်ပြခဲ့ကြပါတယ်။ ၎င်းရန်ပုံငွေများကို လာမည့်နှစ် ၂၀၁၃-ခုနှစ်တွင် ရွာအတွက်လိုအပ်သည်များကို
အများသဘောတူဆုံးဖြတ်ပြီး သုံးစွဲသွားမည်ဖြစ်ကြောင်း အများသဘောတူဆွေးနွေးခဲ့ကြသည်။

တစ်ဆက်တည်းမှာပဲ ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွ၊ တံထားဦးမှာရှိတဲ့ သမိန္ဒောဒယ (ထီဖိုးစံ) သီလ
ရှင်စာသင်တိုက် နှစ်ထပ်ကျောင်းဆောင်သစ်အတွက် (၂၀၁၂) ခုနှစ် ထီဖိုးစံလူငယ်အဖွဲ့မှ ဘတ်ငွေ (၁၄၁၇၀၀) ၊ ကျပ်ငွေ (သုံးဆယ်ရှစ်သိန်းခုနှစ်သောင်းတစ်ထောင်ငါးဆယ်သုံးကျပ်)ကိုလည်း လှူဒါန်းခဲ့
ကြသည်။

လေးနှစ်တိုင်တိုင် စုဆည်းထားသောရန်ပုံငွေစာရင်းကို အောက်ပါအတိုင်းဖြစ်သည်...

 စဉ် အပိုင်းနှင့်အုပ်စု ရံပုံငွေအရင်း ရံပုံငွေအတိုး အကြိမ် 
 ၁။ အောက်ပိုင်းနှင့်ကော့သာဆူး ၁၉၅၀၀၀ ဘတ်(ရင်း) ၂၃၄၀၀ ဘတ်(တိုး)
၂။ ကော့ဖန်ရပ် ၁၇၀၀၀၀ ဘတ်(ရင်း) ၂၀၄၀၀ ဘတ်(တိုး)
 ၃။ ကွီမံတိုင် ၁၀၀၀၀၀ ဘတ်(ရင်း) ၁၂၀၀၀ ဘတ်(တိုး)
၎။ အထက်ပိုင်း၊နောင်ထွတ်ထာ ၁၄၀၀၀၀ ဘတ်(ရင်း) ၁၆၈၀၀ ဘတ်(တိုး)
၅။ မြပတိုင်နိုင် ၁၁၀၀၀၀ ဘတ်(ရင်း) ၁၃၂၀၀ ဘတ်(တိုး)

(၃၁-၁၂-၂၀၁၂) အထိ ရန်ပုံငွေစာရင်း...
စုစုပေါင်းရန်ပုံငွေအရင်း715000 ဘတ် (ခုနှစ်သိန်းတစ်သောင်းငါးထောင်)
စုစုပေါင်းရန်ပုံငွေအတိုး = ၈၅၈၀၀ ဘတ်(ရှစ်သောင်းငါးထောင်ရှစ်ရာ)

အားလုံးသာဓုအနုမောဒနာ ၀မ်းမြောက်ဝမ်းသာရှိနိုင်ကြပါစေ....

မှတ်တမ်းဓာတ်ပုံများ...


 





 

Search