welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, May 30, 2012

Saw Linux  /  6:34 AM  /    /  No comments
လာပြန်ပြီးနောက်အန်တီဗိုင်းရပ်စ်။ Avira Antivirus သည်လည်း စပါယ်ရှယ်လို့ပဲပြောလိုက်မယ်။ ကျနော်က
အန်တီဗိုင်းရပ်စ်တွေကို ပုံမှန်အားဖြင့် Eset NOD32, Avast, Avira, Panda ဒီလေးမျိုးကိုပဲ အသုံးပြုတာ
များတယ်။ ဗားရှင်းအသစ်တက်တိုင်း ကျနော့်မိတ်ဆွေတွေကိုရှယ်ပေးတဲ့သဘောပါပဲ။

Download :
Avira Antivirus Premium (2012) 12.0.0.865

Saw Linux  /  6:25 AM  /    /  No comments
အင်တာနက် security ထဲမှာ Avast Internet Security ဟာလည်း အများကြိုက် ဗိုင်းရပ်စ်တွေကို
သတ်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ လိုအပ်တဲ့ပုဂ္ဂိုလ်များအလွယ်တကူရယူနိုင်အောင်တင်ပေးလိုက်တယ်။

Download :
Avast v7.0 Internet Security

Tuesday, May 29, 2012

Saw Linux  /  6:41 PM  /    /  No comments
ိဒီဆော့ဝဲကတော့ လိုချင်တဲ့ ဖိုင်တွေကို Record ဖမ်းယူပေးနိုင်တဲ့ပရိုဂရမ်လေးပါ။ အောက်ကမိန်း feature, ဆော့
ဝဲထည့်သွင်းပုံတွေကို ဖတ်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။

The main advantages of HyperCam 3

- Able to record Skype video and audio calls
- New skinned user-friendly interface
- Able to grab video in overlay mode
- Able to edit captured video with HyperCam Media Editor
- Able to encode captured sound
- Usefull, tiny HyperCam tray tool-bar
- Visual managing by recently recorded clips

ပရိုဂရမ်ထည့်သွင်းနည်း

1. Download And Extract
2. Run And Install
3. Copy Crack
4. Paste InTo Installed Directory
5. And Enjoy

Download :
HyperCam 3 | Full Version | 8 MB

Saw Linux  /  6:07 PM  /  ,   /  No comments
ဗွီဒီယိုဖိုင်တွေကို အလွယ်တကူဖြတ်လိုသူများအတွက် ဒီဆော့ဝဲနဲ့အတော်အဆင်ပြေပါတယ်။ ဒီဆော့ဝဲသည်လည်း
ဗွီဒီယိုဖိုင်တွေကို အခြားဖေါမက်ပြောင်းချင် ချိန်းချင်ရင်လဲနာမည်ကြီး ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ full version
ဖြစ်အောင်လုပ်ရတာလဲလွယ်ပါတယ်။ ဖိုလ်ဒါမှာပါတဲ့ instruction ကိုဖတ်လိုက်ရင်လုပ်တတ်ပါတယ်။

ကျနော်ကတော့ဒီhttp://www.sysfilm.com/ဆိုက်ကနေ ဆော့ဝဲတွေကိုယူပြီး ပြန်ရှယ်ပေးတဲ့သဘောပါပဲ။

ကျနော်ကိုယ်ပိုင်တစ်ခုမှမရှိဘူးဆဆိုတာ ရီဒါများသဘောပေါက်စေချင်တယ်။ ဒါကြောင့် ဒီဆိုက်ကိုပြီးခဲ့တဲ့လတွေ
တုန်းက ပိတ်ခံထားရတယ်။ ကျနော်အတော်ကို စိတ်မကောင်းဘူးဖြစ်သွားတယ်။ အခုပြန်ဖွင့်တာ ရက်ပိုင်းလေးပဲ
ရှိပါတယ်။ ကျနော်ဆိုက်မှာတင်ထားတဲ့ဆော့ဝဲတွေကို ကျေးဇူးတင်ချင်တယ်ဆိုရင် ဒီSysfilm.com ဆိုက်ကိုပဲ
ကျေးဇူးတင်စေချင်တယ်။

Download :
Xilisoft Video Converter Ultimate 6.5.2.0214 Serial HB .rar

Monday, May 28, 2012

Saw Linux  /  8:30 AM  /    /  1 comment
သူငယ်ချင်းတစ်ယောက်က Corel Video Studio တည်းဖြတ်နည်းကိုသိချင်တာနဲ့ ကျနော်အကျဉ်းချုပ်အကြမ်းဖျင်း
ဖြင့် ရေးလိုက်တယ်။ တကယ်တော့ အရင်ကကျနော်ဗွီဒီယိုဖိုင်လေးနဲ့Corel Video Studio တည်းဖြတ်နည်းကိုတင်
ခဲ့ပါပြီ။ အခုကတော့ အကျဉ်းအနေဖြင့်သာရေးမယ်။ နားလည်လွယ်အောင်ဆိုပြီး Corel Video Studio ရဲ့ screen ပေါ်မှာ ဖိုတိုရှော့ပ်နဲ့လိုက်ပြီးရှင်းပြထားပါတယ်။ အတိုင်းတာတစ်ခုဖြင့် ဆိုင်ရာ tool လုပ်ဆောင်ချက်တွေကို သဘော ပေါက်ကြလိမ့်မယ်ထင်တယ်။

ဗွီဒီယိုတည်းဖြတ်လိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ စုဆည်းထားရမှာက effect ကောင်းကောင်းလေးများ၊ ဗွီဒီယိုနဲ့လိုက် ဖက်မယ့်သီချင်းများ၊ ဓာတ်ပုံများဖြစ်ပါတယ်။ မဟုတ်ရင် ကိုယ်တည်းဖြတ်မယ့်ဗွီဒီယိုဖိုင်နဲ့ လိုက်ဖက်မယ့်သီချင်းတွေ
ရဖို့တော်တော်အချိန်ပေးရတယ်။

ဗွီဒီယို Camera
အခုလက်ရှိသုံးနေကြတဲ့ကေမရာတွေကတော့ HDD, SC Card ကနေတိုက်ရိုက် ကွန်ပျူတာထဲကိုထည့်သွင်းနိုင်ပါ တယ်။ အရင်ကတော့ တိတ်ခွေနဲ့ဆိုတော့ စက်မှာ့ capture card တပ်ပြီး ဆိုင်ရာပရိုဂရမ်ကနေတစ်ဆင့်capture ဖမ်းယူပြီး ကွန်ပျူတာထဲသို့ရောက်အရင်ပို့ရါပတယ်။

တည်းဖြတ်မှု theory သဘောတရား
(၁) မိမိတည်းဖြတ်မည့် ဗွီဒီယိုဖိုင်ကို ဗွီဒီယိုကေမရာ ရိုက်စက်ကနေ ကွန်ပျူတာသို့ထည့်သွင်းခြင်း
(၂) ကွန်ပျူတာမှာရှိတဲ့ ဗွီဒီယိုဖိုင်ကို မိမိတည်းဖြတ်မည့် ပရိုဂရမ်သို့ထည့်သွင်းခြင်း
(၃) ၎င်းပရိုဂရမ်သို့ရောက်နေသော ဗွီဒီယိုဖိုင်တွေကို အောက်ခြေ Tiem Line အကွက်သို့ဆွဲထည့်ခြင်း

အထက်ပါအချက်အလက်တွေကို လုပ်ဆောင်ထားပြီးဆိုလျှင် အောက်ပါပုံကိုကြည့်ပြီး ကနော်တို့လေ့လာကြရအောင်..

ပုံကိုမကြည်လင်ရင် ဒီကနေဒေါင်းလိုက်ပါ...

Corel Video Studio မှာ တွေ့ရမည့်မိန်းအချက်တွေကတော့ …
(၁) Media - ဗွီဒီယို၊ ဓာတ်ပုံထည့်သွင်းရန် အသုံးပြုရမည့် tool
(၂) Transition - ဗွီဒီယိုတစ်ဖိုင်နဲ့တစ်ဖိုင်အကူးအပြောင်းစတိုင်လ်ကို လုပ်ဆောင်ပေးသည့် tool
(၃) Graphic - ဘက်ဂရောင်းအရောင်တွေကို ပြောင်းပေးသည့် tool
(၄) Title - ခေါင်းစည်းစာသားတွေကို ထည့်ဖို့အသုံးပြုသည့် tool
(၅) Filter - ဗွီဒီယိုဖိုင်တွေကို အက်ဖက်တ်လေးတွေနဲ့ ထည့်ဖို့ အသုံးပြုသည့် tool
(၆) Audio - သီချင်းများထည့်သွင်းရန်အသုံးပြုသော tool အားဖြင့် မှတ်ထားလိုက်ပါ။

အထက်ပါအချက် (၆)ချက်ကို မှတ်ထားပြီးလျှင် …
(က)
၁။ ကွန်ပျူတာမှာ သိမ်းထားတဲ့ဗွီဒီယိုဖိုင်ကို ဒီ Corel Video Studio ထဲသို့ဆွဲတင်ဖို့ (၁) Media ကိုတစ်ချက်နှိပ်ပြီး ဘေး နားက Browse ကိုထပ်မံနှိပ်ပြီး မိမိသိမ်းထားတဲ့ဗွီဒီယိုဖိုင်ကိုရွေးပြီး open ကိုနှိပ်ပါ။
၂။ ပြီးတော့ ၎င်းဗွီဒီယိုဖိုင်ကို အောက်က Time Line ဘောက်စ်က ´တည်းဖြတ်မည့်ဗွီဒီယိုဖိုင်များဆွဲထည့်ရမည့်နေ ရာ´တွင် မောက်စ်နဲ့ဖိပြီးဆွဲကာ ထိုအကွက်သို့ရောက်လျှင် မောက်စ်ကိုလွတ်လိုက်ပါ။
၃။ ၎င်းဗွီဒီယိုဖိုင်ကို မောက်စ်နဲ့တစ်ချက်နှိပ်ပြီး Video Screen က play bottom ကိုနှိပ်ပြီး ကောင်း၊ မကောင်းစစ်ဆေး ကြည့်ပါ။
၎။ စိတ်ကြိုက်မဖြစ်တဲ့ မကောင်းတဲ့ဗွီဒီယိုအပိုင်းကို တွေ့လျှင် Time Line ဘောက်စ်က တိုင်ကလေးကို မောက်စ်နဲ့
ဖိဆွဲပြီး ဖြတ်ချင်တဲ့နေရာရောက်ရင် လွတ်လိုက်ပါ။
၅။ cut tool ကိုတစ်ချက်နှိပ်လိုက်ရင် ၎င်းဗွီဒီယိုဖိုင်ကိုနှစ်ပိုင်းပြတ်သွားမှာဖြစ်ပါတယ်။ မလိုတဲ့အပိုင်းကို မောက်စ်နဲ့ တစ်ချက်နှိပ်ပြီး ကီးဘုတ်ပေါ်က Delete ကိုနှိပ်လိုက်ရင် ၎င်းဖိုင်ကိုပျက်သွားမှာဖြစ်ပါတယ်။

(ခ)
Transition - ဆိုတာ ဗွီဒီယိုဖိုင်တစ်ခုနဲ့တစ်ခုအကြားအကူးအပြောင်းလုပ်ပေးတဲ့ tool ဆိုတော့ ။ ဒါကိုလုပ်ချင်ရင်
transition {A/B} ကိုတစ်ချက်နှိပ်ပါ။ All ကိုရွေးပြီး ကြိုက်တဲ့ transition တစ်ခုခုကိုရွေးပါ။ ပြီးတော့ အဲဒါကိုမောက်
စ်နဲ့ ဖိဆွဲပြီး ဖြတ်ထားတဲ့ဗွီဒီယိုဖိုင်အကြားမှာ ထည့်လိုက်ပါ။ အဲဒါကိုအချိန်ထပ်မံကြာမြင့်ချင်ရင် မောက်စ်နဲ့ဆွဲဆန့်နိုင်
သလို ညာဖက်ဘောက်စ်မှာလည်း ချိန်ညှိလို့ရပါတယ်။ ပြီးတော့ play bottom နဲ့စစ်ဆေးကြည့်ပါ။

(ဂ)
T - ဒီအကွက်ကတော့ ခေါင်းစည်း title တွေပြုလုပ်ချင်ရင် လုပ်ဆောင်ရမည့် tool ပါပဲ။ T -ကိုတစ်ချက်နှိပ်လိုက်ပါ။ လိုချင်တဲ့ text စတိုင်လ်တစ်ခုခုကို ရွေးပြီး Time Line ဘောက်စ်က T -အကွက်တွင် လွတ်ချလိုက်ပါ။ ၎င်းလွတ်ချ လိုက်တဲ့ text style ကို မောက်စ်နဲ့ကလစ်နှစ်ချက်နှိပ်ပြီး Video Screen အပေါ်တွင် ပြုလုပ်ဖန်တီးရမည့် စာလုံးအ ကွက်ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအင်္ဂလိပ်စာသားကို မောက်စ်နဲ့ကလစ်နှစ်ချက်နှိပ်ပြီး select ပေးပါ။ ပြီးတော့ ညာ ဖက်က font, font size, color တို့ကိုရွေးလိုက်ပါ။ အဲဒါဆို မိမိကြိုက်တဲ့စာသားတွေကိုရိုက်ထည့်လို့ရပါပြီး။ အဲဒီ text ရဲ့ အချိန်တွေကိုလိုသလို မောက်စ်နဲ့သော်၎င်း၊ ညာဖက်ကဘောက်စ်နဲ့သော်၎င်း ပြင်လို့ရတယ်။

(ဃ)
Audio -ဒီအပိုင်းကတော့ အသံပိုင်းလေးပါ။ မိမိဗွီဒီယိုဖိုင်နဲ့ ကိုက်ညီမည့်အသံသီချင်းတွေကိုထည့်ချင်ရင် ဒီ tool ကို အသုံးပြုရမည်။ သီချင်း (mp3) ထည့်ချင်ရင် ဒီ Audio အိုင်ကွန်ကိုတစ်ချက်နှိပ်ပါ။ ပြီးရင် Browse ကနေ မိမိထည့်ချင် တဲ့ သီချင်းတွေကိုရှာဖွေရွေးချယ်ပြီး open ကိုနှိပ်ပါ။ သီချင်းက ရလာရင် Time Line ဘောက်စ်က ´ကွန်ပျူတာမှာ သိမ်းထားတဲ့သီချင်းများ တည်းဖြတ်မည့်နေရာ (၂)´ အကွက်တွင် ထည့်လိုက်ပါ။ ထည့်ပုံက သီချင်းကိုမောက်စ်နဲ့ဖိ နှိပ်ထားပြီး Time Line ´ကွန်ပျူတာမှာ သိမ်းထားတဲ့သီချင်းများ တည်းဖြတ်မည့်နေရာ (၂)´ အကွက်တွင် မောက်စ် ကိုလွတ်လိုက်ပါ။ ပြီးတော့ play bottom နဲ့ သီချင်းကိုနားထောင်ကြည့်ပါ။ ၎င်းသီချင်းကိုဖြတ်တောက်ချင်ရင် time line ဘောက်စ်က တိုင်ကလေးကို မောက်စ်နဲ့လိုက်ရွေ့ပြီး cut tool ကိုနှိပ်လိုက်ရုံပါပဲ။ မလိုချင်တဲ့အပိုင်းကို မောက်စ် နဲ့တစ်ချက်နှိပ်ပြီး ကီးဘုတ်ပေါ်က Delete နှိပ်။

(င)
ဒီအပိုင်းကတော့ မူရင်းဗွီဒီယိုဖိုင်နဲ့ ပါလာတဲ့အသံဖိုင်တွေကို ခွဲထုတ်ဖို့ဖြစ်ပါတယ်။ အသံခွဲထုတ်ချင်တဲ့ဗွီဒီယိုဖိုင်ကို မောက်စ်နဲ့ကလစ်တစ်ချက်နှိပ်ပြီး ညာဖက်မှာ Split Audio ဆိုတာကိုရှာပါ။ တွေ့ရင် Split Audio ကိုမောက်စ်နဲ့တစ် ချက်နှိပ်ရင် Time Line ဘောက်စ်က ´ဗွီဒီယိုဖိုင်မှပါလာသောသီချင်းများ ပြုလုပ်မည့်နေရာ (၁)´တွင် အသံဖိုင်တစ် တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကိုဖျက်ချင်ရင် ၎င်းအသံဖိုင်ကိုမောက်စ်နဲ့တစ်ချက်နှိပ်ပြီး ကီးဘုတ်ပေါ်က Delete ကိုနှိပ်။

ဗွီဒီယိုဖိုင်အဖြစ်သိမ်းစည်းခြင်း

အထက်ပါတည်းဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်တွေကိုစိတ်ကြိုက်ဖြစ်ပြီးဆိုရင် VCD, DVD ဖိုင်အဖြစ်သိမ်းစည်းရတော့မှာဖြစ်ပါ
တယ်။ အဲဒီအခါကျရင် Menu> 3Share ဆိုတာကိုနှိပ်ပါ။ ပြီးတော့ Create Video file ကိုနှိပ်ပြီး မိမိနှစ်သက်
တဲ့ format နဲ့ချိန်းလို့ရပါတယ်။ ကျနော်ကတော့ MPEG Optimizer နဲ့ DVD> NTFSC (4.3)တစ်ခုခုကိုရွေး
ချယ်ပြီး သိမ်းမည့်ဖိုင်အမည်၊ သိမ်းမည့်နေရာတို့ရွေးပြီး သိမ်းလိုက်ရုံပါတယ်။ ပြီးရင် Size ပေါ်မူတည်ပြီး အချိန်ကြာမြင့်မှာဖြစ်ပါတယ်။

အထက်ပါတင်ပြခဲ့တဲ့အစိတ်အပိုင်းတွေဟာ Corel Video Studio ရဲ့ တည်းဖြတ်မှုအကျဉ်းမျှသာဖြစ်ပါတယ်။ ပုံနဲ့တွဲ ပြီးလေ့လာကြည့်ခြင်းအားဖြင့် ဒီပရိုဂရမ်ရဲ့ ဗွီဒီယိုတည်းဖြတ်နည်းအခြေခံလေးတွေကိုရရှိမှာသေချာပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့တွဲပြီးလေ့လာပါက ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ဘာပဲပြောပြောကျနော်အိုင်ဒီယာနဲ့ကြိုးစားရေးခဲ့တဲ့ ဒီ ´ Corel Video Studio တည်းဖြတ်နည်း အကျဉ်း´ တစ်စိတ်တဒေသအကျိုးရှိရုံဖြင့် ကျနော်ကျေနပ်ပါတယ်။

စောလင်းနက်စ်

Sunday, May 27, 2012

Saw Linux  /  6:07 PM  /    /  No comments
Windows 7 Logon Background ကို အသစ်အဆန်းကြိုက်သူများအတွက် အခုတင်ပေးမည့် Windows 7
Logon Background Changer ပရိုဂရမ်နဲ့အသုံးပြုကြည့်ပါ။ ကြိုက်သွားမယ်လို့ထင်ပါတယ်။ ဒီပရိုဂရမ်ဟာ
open sources ဖရီးဖြစ်တော့ ပိုအဆင်ပြေတာပေါ့။ ကြိုက်ရင်ဒေါင်းလိုက်ပါ...

Download :
Windows 7 Logon Background Changer

Saturday, May 26, 2012

Saw Linux  /  7:21 PM  /    /  No comments
အချိန်ရတုန်း အသုံးတည့်တဲ့ဆော့ဝဲတစ်မျိုးတင်ပေးလိုက်တယ်။ Any DVD Converter Profectional
ပါ။ ဒါလေးကတော့ DVD ဖိုင်တွေကို အခြားဖိုင်ဖေါမက်တ်တွေနဲ့ ချိန်းပေးတဲ့ဆော့ဝဲလေးပါ။ လိုအပ်ရင်ဒေါင်း
လိုက်ပါ။ ဒီဆော့ဝဲမှာ full version ဖြစ်အောင် user name, serial ပါ ပါတော့အဆင်ပြေတာ
ပေါ့။ အသုံးပြုရတာ မခက်တော့သူရဲ့ ကျူတူရီယ်လ်ကိုတော့မရေးပြတော့ပါဘူး။

Download :
Megashaare

Search