welcome to Sawlinux, this is sharing the site of PC

Video Post

stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Friday, August 31, 2012

Saw Linux  /  6:37 PM  /    /  No comments
စီဘောက်စ်က ညီလေးတစ်ယောက်မေးလာတဲ့ ´Wireless ပတ်စ်ဝါဒ်ကို ဘယ်လိုပြန်ရှာမလဲ´ ဆိုတဲ့မေးခွန်းရဲ့
အဖြေလေးပါ။ ၀င်းဒိုးကနေ၀င်ရောက်ပြီး ကြည့်ရှုနိုင်တဲ့နည်းတွေတော့ရှိပါတယ်။ ဒါပေမယ့် အလွယ်ဆုံးဆော့
ဝဲကိုအသုံးပြုပြီး ကြည့်နိုင်တဲ့နည်းကိုပဲပြောလိုက်မယ်။ ဒီနည်းကတော့ wireless user account ရှိပြီးသားစက်
ကိုပြောတာနော်။ မိမိစက်က ၎င်းအသုံးပြုထားတဲ့ wireless router နဲ့ user account မရှိသေးဘူးဆိုရင် ဒီနည်း
အဆင်ပြေလိမ့်မယ်မဟုတ်ပါ။

ဒီနည်းက မိမိမသုံးပြုတဲ့ router နဲ့ wireless user account ရှိထားပြီး password ကိုမေ့လို့ ပြန်ကြည့်ချင်တဲ့
အခါ အသုံးပြုတဲ့နည်းဖြစ်ပါတယ်။ သဘောက ပတ်စ်ဝါဒ်က သိပြီးမှတော့ သူများကိုပေးသုံးချင်ရင် ပေးလို့ရပြီး
ပေါ့ဗျာ။
http://www.nirsoft.net/utils/wireless_key.html မှာတင်ထား wirelesskeyview ဆော့ဝဲနဲ့အသုံးပြုလိုက်
ရင် wireless password တွေကို အလွယ်တကူတွေ့နိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတယ်နော်။ မိမိ Wireless
Connection ကို Netgear, Belkin တို့လို ဆော့ဝဲမျိုးအသုံးပြုခဲ့မယ်ဆိုရင် ဒီ wirelesskeyview ဆော့ဝဲနဲ့ password တွေ တွေ့နိုင်မှာမဟုတ်ပါ။ ဆော့ဝဲက portable ဆိုတော့အသုံးပြုရတာလွယ်ပါတယ်။ ကလစ်နှစ်
ချက်ခေါက်လိုက်တာနဲ့ အောက်ပါပုံအတိုင်း …

Network Name
Key Type
Key (Hex)
Key (Ascii) တို့ပေါ်မှာဖြစ်ပါတယ်။

အဲဒါဆို Key (Ascii) ဆိုတာ လက်ရှိမိမိသုံးနေတဲ့ wireless password ပဲ။အဲဒါကိုယူပြီး wireless connection
ရအောင် အသုံးပြုလို့ရပါပြီ။

Download Link:
32 bit
64 bit
မူရင်းလင့်

စောလင်းနက်စ်

Tuesday, August 28, 2012

Saw Linux  /  8:08 PM  /    /  No comments
ကျနော်အခုရေးပြချင်တာက Eset Anti Virus ဆော့ဝဲကို Crack ချိုးပြီးတော့ သုံးလို့ရနိုင်မယ့်နည်းလမ်းလေးပါ။
ဆိုလိုတာ crack ဖိုင်နဲ့ချိုးပြီးရင် ဒီဆော့ဝဲက 31 တစ်ရက်နဲ့ပဲအမြဲရှိနေမယ်။ အင်တာနက်ကွန်နက်ရှင်ရရင် update
လုပ်လို့လဲရတယ်။ အကယ်၍ update မရှိရင်လဲ ဒီအတိုင်းသုံးလို့ရပါတယ်။ Eset NDO Anti Virus ဟာ ထိုင်းမှာ
တော့ အသုံးအများဆုံး အန်တီဗိုင်းရပ်စ်ထူးတစ်ခုဖြစ်ပါတယ်။ ကာစပါစကီတို့ထက်အသုံးပြုရတာပေါ့ပါတယ်။
ကျနော်ကတော့ Antivirus တွေမှာ avast, eset, avira တို့က အသုံးပြုလေ့ရှိပါတယ်။ လက်ရှိကတော့ eset
ပဲပေါ့ဗျာ။

Eset မှာ အသုံးပြုတဲ့ user name and password လွယ်လင့်တကူရှာနိုင်ဖို့ Eset Key Finder v8 တင်ပေးလိုက်တယ်။ လိုအပ်ရင် ဒီနေရာမှာ သွားရောက်ဖတ်ပါ။

အရင်ဆုံးအောက်ပါ Download NDO 32 and forever box ကိုဒေါင်းလိုက်ပါ။

Download NDO 32 and forever box:
FileFactory

Eset Anti Virus ကို crack ချိုးနည်း...

၁။ ESET Smart Security သို့မဟုတ် NOD32 Antivirus 4 ကိုကိုယ်ကြိုက်နှစ်သက်ရာကို ဒေါင်းလုဒ် လုပ်ပြီး Run လိုက်ပါ...၊

၂။ ထိုနောက် ESET ပရိုဂရမ်ကိုဖွင့်လိုက်ပါ။ ပြီတော့ ကီးဘုတ်ပေါ်က F5 ဆိုတာကိုနှိပ်၊ ပြီးရင်ပေါ်လာတဲ့ Antivirus and antispyware ဆိုတဲ့ အထဲက Enable self-defense ရဲ့ အမှန်ခြစ်ထားတာလေးကို ဖြုတ်ပေးလိုက်ပါ။ ဒါဆို ကွန်ပြူတာက Restart လုပ်ဖို့ လိုကြောင်းကို ပြောလာပါလိမ့်မယ်၊ Restart လုပ်ပေးလိုက်ပါ...၊

၃။ ဒီအဆင့်က ESET4 Box4EVER_v4.30A.exe ကို Run လိုက်။ ဒါဆို Box လေးတစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီ box လေးထဲက Lock ဆိုတာလေးကို နှိပ်လိုက်ပါ...၊

၎။ ပြီးရင် Run ထားတဲ့ ESET သို့မဟုတ် NOD 32 ကို F5 ပြန်နှိပ်၊ Enable self-defense ကိုပြန်အမှန်လေး ခြစ်ပေးလိုက်။ နောက်တစ်ကြိမ် Restart ပြန်ချလိုက်ပါ။

31 ရက်သာသုံးလို့ရတဲ့ အဲဒီ ESET ကို မကုန်ဆုံးနိုင်တော့ပဲ။ အမြဲတန်း 31 ရက်တည်ရှိနေမှာဖြစ်တယ်။

စောလင်းနက်စ်

Saturday, August 25, 2012

Saw Linux  /  4:16 AM  /  ,   /  No comments
Apple မ၀ယ်နိုင်လို့ Mac OS လှလှလေးတွေကို မသုံးနိုင်သောပုဂ္ဂိုလ်များအတွက် စိတ်ဖြေဆေးတစ်ခုပေးလိုက်
မယ်။ အဲဒါကတော့ Mac OSX Lion Inspirat Skin Pack ဖြစ်ပါတယ်။ ဒီ Skin Pack ကိုအသုံးပြုခြင်းဖြင့် Mac
OS အသုံးပြုရသလိုပါပဲ။ နောက်ပြီး ဒီ Skin Pack ဟာ Mac OSX Lion Inspirat ကို တစ်ထပ်တည်းဖြစ်အောင်
ရေးစွဲထားပါတယ်။
Mac OSX Lion Inspirat ဟာ အသုံးပြုရတာပေါ့ပါးတယ်။ ဒါပေမယ့် ဒီ skin ဟာ CusToPack Tool တွဲသုံးရ
တယ်။ ဒါကြောင့် install ထည့်သွင်းတဲ့အခါ Mac OSX Lion Inspirat ရယ် CusToPack Tool ပါ တွဲပြီးထည့်
ရမယ်။ အဲဒီမှာအားသာချက်တစ်ခုက မိမိစက်ကို ဘယ် skin ထားချင်လဲထားလို့ရတယ်။ ဥပမာ...Window
7 skin နဲ့လဲထားလို့ရတယ်။

ပြင်ဆင်အသုံးပြုနည်း...

Skin ကို ပြန်ပြီး Edit လုပ်ချင်တဲ့အခါ CusToPack Tool ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း Choose
CusToPack ကိုရွေးပါ။

ဒီဘောက်စ်မှာ မိမိကြိုက်တဲ့ Skin တစ်ခုခုကိုရွေးပြီး အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ Mac OSX Lion Inspirat
မောင်းထားတော့ သူ့ skin ကိုပဲသုံးမှာပေါ့။

ပြီးတော့ Mac OSX Lion Inspirat Skin ဖက်မှာ Background စသည်ပြင်ချင်တယ်ဆိုရင် အဲဒါကိုမျှားနဲ့
ထောက်၊ Edit this pack ကိုနှိပ်ပြီး ကြိုက်တာကိုပြင်ပါ။

အခုချိန်မှာတော့ Microsoft က Apple ကို နည်းပညာပိုင်းမှာနောက်ကျနေသလိုပဲ။ OS (Window,Linux,Mac)
သုံးမျိုးတွင် Mac OS က ပိုပြီးရှေ့ရောက်တယ်လို့ပြောလို့ရပါတယ်။ ကိုယ်ကပိုက်ပိုက်တတ်နိုင်လို့ကတော့ Apple
ကိုသာရွေးမယ်ဗျာ။ သို့သော် Apple Mac က ဘယ်လောက်ပင်ရှေ့သွားသွား Microsoft ကတော့ ကျနော်တို့
လူတန်းစားအလွှာအသီးသီးအသုံးပြုနိုင်အောင် ၀ယ်ယူရတဲ့ price reasonable ဈေးနှုန်းတွေအတွက် ပိုပြီးအ
ဆင်ပြေပါတယ်။ Apple လည်းအဲလိုသာလုပ်ပေးနိုင်လို့ကတော့ ပိုပြီးတော့ Steven Job ကျေးဇူးတင်ရမယ်။
ခုတော့ HDD GB 30, 60 လောက်ရှိတာကို Price က ဘတ်ငွေ အနည်းဆုံးသုံးသောင်း၊ လေးသောင်းဝန်းကျင်
လောက်ဆိုတော့ သာမန်လူတန်းစားတွေအတွက် မလွယ်ဘူးလေ။ GB 120 ဆို ဘတ်ငွေ အနည်းဆုံးငါး
သောင်းဆို စဉ်းစားသာကြည့်ပေါ့ဗျာ။

Microsoft သုံး PC Window OS တွေကတော့ HDD GB 500 ကို စက်အမျိုးအစားလိုက် ပျှမ်းမျှဈေးနှုံန်းက
ဘတ်ငွေ 16000 ၀န်းကျင်လောက်သာရှိတယ်လေ။ အဲဒါဆို ချိန်လို့ရပြီးပေါ့။ အားနည်းချက်၊ အားသာချက်
ကတော့ OS တိုင်းမှာရှိနေပါတယ်။ ကဲ နိဒါန်းပျိုးလိုက်တာရှည်သွားတယ်။

အောက်ကပေးတဲ့ဖိုင်တွေကို အရင်ဒေါင်းလိုက်ပါ။ Ziddu.com ကနေ ကျနော်တင်ထားတဲ့ဖိုင်က CusToPack
Tool နဲ့ Mac OSX Lion Inspirat ဖိုင်နှစ်ခုစလုံးပေါင်းထည့်ထားတယ်။ အဲဒါကိုဒေါင်းလိုက်ရင် ရပါပြီ။ သူတို့
မူရင်းဆိုက်ကနေ ဒေါင်းချင်တယ်ဆိုရင်လဲ အောက်ကလင့်ကနေဒေါင်းလို့ရပါတယ်။

ထည့်သွင်းပုံ...

၁။ CusToPack Tool ကိုအရင် install လုပ်ပါ။

၂။ ပြီးတော့ Mac OSX Lion Inspirat ကို ဆက်ပြီးတစ်ခါတည်း install လုပ်ပါ။ အင်စတော့လုပ်ပုံကတော့ ကျ
နော်မပြတော့ဘူး သူ့မှာ instruction အတိုင်းလိုက်လုပ်ရုံပါပဲ။

CusToPack Tool
Mac OSX Lion Inspirat
Ziddu (၂ -ခုစလုံးပါသည်)

Friday, August 24, 2012

Saw Linux  /  8:49 AM  /    /  No comments
ကျနော် Window Password တွေကို ဖြုတ်နိုင်တဲ့ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အရင်က Win
PW တွေကိုဖြုတ်နိုင်တဲ့နည်းလမ်းလေးတွေ တင်ပြခဲ့ပြီးသားဖြစ်ပါတယ်။ net user ဆိုတဲ့ cmd ကိုအသုံးပြုပြီး
Win PW တွေကိုချိန်းနိုင်သလို Trinity Rescue Kit ဆိုတဲ့ဆော့နဲ့ ဖြုတ်နည်းတွေကိုလည်းတင်ပြခဲ့ပါတယ်။
အရင်ကနည်းတွေထက် ပိုအသုံးတည့်မယ့် ဆော့ဝဲတစ်မျိုးထပ်တွေ့တော့ ၀ါသနာတူမိတ်ဆွေများထံ ထပ်ပြီး
မိတ်ဆက်ပေးရတာပေါ့။ မသိသေးသောပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။

အသုံးပြုပုံကမခက်ပါဘူး...
ဆော့ဝဲကိုဒေါင်းပြီး rar ဖိုင်ကို ဖြည်လိုက်ပါ။ 5 MB လောက်ရှိတဲ့ iso image file တစ်ခုရလာမယ်။ အဲဒါကို CD
နဲ့ Burnလိုက်ပါ။ ပြီးတော့ ထုံးစံအတိုင်း Boot တက်ပါ။

၁။ Boot တက်လာတဲ့အဆင့်အတိုင်း ဒီအတိုင်းပဲကြည့်နေလိုက်ပါ။ နောက်ဘောက်စ်တစ်ခုမှာ User Name ဆိုတဲ့အောက်မှာ..
(1)Administrator
(2)Guest
(3)Admin (မိမိထားတဲ့ user အမည်) ဆိုပြီးပေါ်လာမယ်။ နောက်ပြီးအောက်မှာ
Please Enter Your Selection 1......3 or 0 quit ဆိုတာပြမယ်။ ဘယ်အကောင့်ရဲ့ ပတ်စ်ဝါဒ်ကို ဖျက်ချင်သလဲ။ Admin ကို ဖျက်ချင်ရင် 3 ကိုရိုက်ထည့်ပါ။

၂။ နောက်ဘောစ်တစ်ခုထပ်ပေါ်လာမယ်။ အဲဒီဘောက်စ်ရဲ့အောက်ဆုံးတွင် Reset 'Admin' password ? (y/n) ဆိုပြီး
ဖေါ်ပြမယ်။ အဲဒါကို y လို့ရိုက်ထည့်ပါ။

၃။ နောက်ဘောက်စ်မှာ နောက်ထပ်အကောင့်တစ်ခုကို password Reset လုပ်အုန်းမလားလို့မေးပါလိ့မ့်မယ်။ မိမိ PW
ဖျက်ချင်တဲ့အကောင့်ကို ဖျက်လို့ပြီးသွားပြီဖြစ်သည့်အတွက် No ပဲပေးလိုက်ပါ။

ပြီးတာနဲ့ စက်ကိုပြန်ပိတ်ဖို့ သို့မဟုတ် Restart ချဖို့ ကီးဘုတ်ပေါ်က key တစ်ခုခုကိုနှိပ်လိုက်ရုံပါပဲ။ ကဲ ပတ်စ၀ါဒ်ပြုတ်
သွားပါပြီး။

Download Win PW Remover:
Ziddu
Google Code

Trinity Rescue Kit or TRK နဲ့ Win PW ဖြုတ်နည်းကို ဒီမှာ ဖတ်ပါ။

net user (cmd) ကိုအသုံးပြုပြီး PW ချိန်းနည်း (၁) ကို ဒီမှာ ဖတ်ပါ။

net user (cmd) ကိုအသုံးပြုပြီး PW ချိန်းနည်း (၂) ကို ဒီမှာ ဖတ်ပါ။

Wednesday, August 22, 2012

Saw Linux  /  8:38 PM  /  ,   /  No comments
USB Memory Stick နဲ့ Bootable ပြုလုပ်လိုသောသူများအတွက် Power ISO ဆော့ဝဲနဲ့ကျနော်ညွန်းချင်ပါတယ်။
တစ်ခြားဆော့ဝဲနဲ့လဲ ပြုလုပ်လို့ရပါတယ်။ သို့သော် ကျနော်ကတော့ ဒီ Power ISO နဲ့ USB Bootable ပြုလုပ်တာ
အလွယ်ဆုံးအကြိုက်ဆုံးပါပဲ။ ထည့်ပုံထည့်နည်းလဲအတော်လွယ်ပါတယ်။ အောက်မှာပေးထားတဲ့လင့်မှာ ဆော့ဝဲ
ကိုအရင်ဒေါင်းလိုက်ပါ။ မူးရင်းလင့်မှာလဲ သွားရောက်ဖတ်ရှုပြီး ဆော့ဝဲကိုအဲမှာပဲတစ်ခါတည်းဒေါင်းချင်လဲရတာ
ပဲ။

ဆော့ဝဲကိုအင်စတောထည့်သွင်းပြီး ဖွင့်လိုက်ရင် Register Box ပေါ်လာမယ်။ ဘာ key မှမထည့်လဲ ဒီအတိုင်း
သုံးလဲရပါတယ်။

USB Bootable ဖြစ်အောင် ထည့်သွင်းနည်း...

၁။ Power ISO ပရိုဂရမ်ကိုဖွင့်လိုက်ပါ။ ၎င်းဆော့ဝဲရဲ့ Menu က tool > Create Bootable USB Drive...ကိုနှိပ်
လိုက်ပါ။

၂။ နောက်ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း ...
Source Image File တွင် Window iso file ကိုရွေးပါ (ဒါလဲ Window iso image file ကို အရင်ဒေါင်းထားဖို့လို
ပါတယ်။ ဒါမှမဟုတ် Window DVD ခွေကို ကွန်ပျူတာထဲမှာ iso ဖိုင်ဖြစ်အောင် Nero ဆော့ဝဲနဲ့ ပြုလုပ်ထားဖို့လို
ပါလိမ့်မယ်)။
Destination USB Drive ကို မိမိထည့်မည် USB ကိုရွေးလိုက်ပါ။
Write Method ကို USB HDD ပဲရွေးပြီး Start ကိုနှိပ်။ Procession လုပ်ငန်းစဉ်ပြီးတာနဲ့ USB Bootable တစ်ခု
ရလာပါပြီ။

နောက်တစ်ချက်ထပ်ပြောချင်တာက USB နဲ့ ၀င်းဒိုးတင်တဲ့အခါ Boot လည်တဲ့ပြဿနာရှိနိုင်တယ်။ အဲဒါကို
မလည်အောင် လုပ်နည်းကို ဒီနေရာမှာသွားရောက်ဖတ်လို့ရပါတယ်။

ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်တွေကို အောက်မှာဖတ်ကြည့်လိုက်ပါ။ အောက်ပါ function အားလုံးကို ဒီဆော့ဝဲနဲ့
ပြုလုပ်လို့ရပါတယ်ခင်ဗျာ။

• How to use PowerISO as ISO creator?
• How to use PowerISO as ISO extractor?
• How to use PowerISO as ISO burner?
• How to use PowerISO as ISO mounter?
• How to make iso file from CD/DVD/BD ROM?
• How to use PowerISO as mp3 ripper?
• How to use PowerISO as mp3 burner?
• How to setup Windows 7 from USB drive?
• How to setup Windows Vista from USB drive?
• How to setup Windows XP from USB drive?

နောက်ပြီး Sysfilm.site မှာဖေါ်ပြတဲ့ ဒီဆော့ဝဲရဲ့ Key Feature လေးဖတ်ကြည့်လိုက်ဦး…

Supports both 32-bit and 64-bit Windows
Can open and extract ISO files
Can create an ISO file from hard disk files or CD/DVD-ROM
Can edit an existing ISO file
Can convert image files between ISO/BIN and other formats. PowerISO can convert almost all image file formats to standard ISO format file
Can make bootable ISO file, get boot information from bootable ISO file
Can make floppy disk image file
Can optimize files to save disk space while saving ISO file
Can mount ISO files with its internal virtual drive
Supports shell-integration
PowerISO can save DAA images, which add the following features that are absent in ISO (but can be obtained by manually compressing ISO files):
Can compress DAA images, thus saving space and allowing smaller downloads
Can password protect DAA images
Can split DAA images into multiple smaller files
Install Instruction
1.unrar
2.install power iso
3.copy the serial key and activate
4. enjoy y

Download :
Google Code (Power ISO49)
Megashare (Power ISO49)
Power ISO မူရင်းလင့်

Tuesday, August 21, 2012

Saw Linux  /  7:28 PM  /    /  No comments
ဒီနေ့ ၀င်းဒိုး 7 tips and tricks အကြောင်းလေးတစ်ခုတင်ပြချင်တယ်။ ( Window tips and tricks ဆိုတာ ၀င်းဒိုး
အကြောင်း သိကောင်းစရာလို့ပဲ တိုက်ရိုက်ဘာသာပြန်ရအောင်)။ စီဘောက်စ်မှာ မေးလာတဲ့ ´icon ပြောင်းတဲ့ပြဿ
နာ´ပါ။ ဒီပြဿနာက window vista မှာ တော်တော်အဖြစ်များတယ်။ 7 မှာ သိပ်မတွေ့ဖြစ်ဘူး။ ဖြစ်ခဲ့သော် ဖြေရှင်း
နည်းလေးပေါ့ဗျာ။ တစ်ခါတစ်လေ ဆော့ဝဲကိုထည့်သွင်းပြီးရင် ဒက်စ်တော့ပေါ်က icon အားလုံးဟာ မိမိထည့်သွင်း
တဲ့ဆော့ဝဲအမည်နဲ့ပဲပေါ်တော့တယ်။ ဒါမှမဟုတ် ဘယ်ပရိုဂရမ်ပဲဖွင့်ဖွင့် မိမိထည့်သွင်းလိုက်တဲ့ ပရိုဂရမ်ပဲပွင့်လာ
တယ်။

အဲဒီပြဿနာဖြေရှင်းနည်းလေးကို ကျနော် Window 7 မှာပါတဲ့ Default Program ကို ၀င်ရောက်ပြင်ဆင်ရင်လဲ
အဆင်ပြေသွားနိုင်ပါတယ်။
အမှန်က အဓိကပြဿနာက file association တွေ ပြောင်းသွားတဲ့သဘောပါပဲ။ ဖြေရှင်းရမည့်နည်းလမ်းကတော့…

(၁) ၎င်းထည့်သွင်းလိုက်တဲ့ ပရိုဂရမ်ဆော့ဝဲကို uninstall ပြန်လုပ်ပါ။
(၂) file association တွေကို Default မူလအတိုင်းပြန်ထားပါ။။

အထက်ပါဖြေရှင်းချက် နှစ်မျိုးတို့တွင် ပထမဖြေရှင်းချက်အတိုင်း ထည့်သွင်းထားတဲ့ ပရိုဂရမ်ကိုပြန်ပြီး unInstall
လုပ်ပါ။ အဆင်ပြေခဲ့ရင် ဒုတိယဖြေရှင်းကိုလုပ်ဖို့မလိုတော့ပါဘူး။ အကယ်၍အဆင်မပြေသေးဘူးဆိုရင် ဒုတိယ
ဖြေရှင်းကိုဆက်ပြီးလုပ်ဖို့လိုပါလိ့မ်မယ်။ ဒါဆို file association ကို Default အတိုင်းပြန်ဖြစ်ဖို့ အောက်ပါအဆင့်
ဆင့်ကိုဖွင့်လိုက်ပါ...

Control Panel> Default Programs> Set program access and computer defaults ကိုနှိပ်ပါ။ ထိုနောက်
Custom ကိုကလစ်နှက်ချက်နှိပ်ပါ။ အောက်ပါ screenshot ပုံတွင် မိမိလိုချင်တဲ့အတိုင်းပြင်ဆင်ပြီး OK ။ ကျနော်
ကတော့ အောက်ပါပုံအတိုင်းပဲ default program အဖြစ်ထားပါတယ်။

Sunday, August 19, 2012

Saw Linux  /  7:34 PM  /    /  No comments
ကျနော်အင်တာနက် Search Engine မှာ ဆိုက်တွေလိုက်ဖတ်ပြီး အသုံးတည့်တဲ့ဆိုက်တွေတွေ့လိုက်တယ်။
အဲဒါကတော့ Window 7 ISO တွေ Version အလိုက်အစုံဒေါင်းလုဒ်လို့ရနိုင်တဲ့ ဆိုက်တွေပါပဲ။ ဒါကြောင့် အပိုင်းပိုင်းဖြတ်ပြီးတင်ထားတဲ့ ဆိုက်တွေမှာဒေါင်းလုဒ်ရတာအလုပ်ရှုပ်မလား နောက်ပြီး ဖိုင်ပြန်ဆက်ရတာလဲတ
ဒုက္ခ။ အခု (iso)တစ်ဖိုင်တည်း ဗျာ။ နက်ကွန်နက်ရှင်ကောင်းဖိုသာလိုတယ်။ ဒီလိုရှယ်ယာလုပ်ပေးတဲ့ဆိုက်
တွေကိုလဲ တော်ကိုကျေးဇူးတင်စရာကောင်းပါတယ်။ သူတို့က၀ယ်ပြီးတင်ထားလို့အဆင်ပြေတာနော်။ ကိုယ့်ကိုဆို
မလွယ်ဘူး။

ဆိုက်နှစ်ခုတွင်...
၁။ DownloadCrew (http://www.downloadcrew.com/)
၂။ Technical Personal (http://techpp.com/) တို့ပါပဲ။ ၀ါသနာပါရင် သွားရောက်လေ့လာနိုင်
ပါတယ်။

အင်တာနက်ကနက်ရှင်ကောင်းမယ်ဆိုရင် ဒီတိုက်ရိုက်လင့်မှာ Window 7 ဗားရှင်းအလိုက်ဒေါင်းလုဒ်ရနိုင်ပါ
တယ်။ ကျနော်ကတော့ လိုချင်တဲ့ပုဂ္ဂိုလ်များအတွက်ထပ်ရှယ်ပေးတဲ့သဘောပါပဲ။ မူရင်းလင့်ကိုလည်း credit
ပေးလိုက်တယ်။

Download Windows 7 ISO

32-bit Windows 7 Ultimate x86 ISO

64-bit Windows 7 Ultimate x64 ISO

32-bit Windows 7 Home Premium x86 ISO

64-bit Windows 7 Home Premium x64 ISO

32-bit Windows 7 Professional x86 ISO

64-bit Windows 7 Professional x64 ISO

Download Windows 7 SP1 Integrated ISO

32-bit Windows 7 Home Premium x86 SP1 (bootable)

64-bit Windows 7 Home Premium x64 SP1 (bootable)

32-bit Windows 7 Professional x86 SP1 (bootable)

64-bit Windows 7 Professional x64 SP1 (bootable)

32-bit Windows 7 Ultimate x86 SP1 (bootable)

64-bit Windows 7 Ultimate X64 SP1 (bootable)

Original Links :

မူရင်းလင့် 1
မူရင်းလင့် 2

Saw Linux  /  6:35 PM  /    /  No comments
မိမိလက်ရှိသုံးတဲ့ pc ကို 64 bit နဲ့ ၀င်းဒိုးတင်လို့ရလား ၊ မရဘူးလားလို့သိချင်ရင် ဒီဆော့ဝဲလေးနဲ့ check
ကြည့်လိုက်ပါ။ ဆော့ဝဲက portable ဖြစ်တော့သုံးရတာအဆင်ပြေပါတယ်။ ဆော့ဝဲကို ကလစ်နှစ်ချက်နှိပ်လိုက်
တာနဲ့ screenshot တွေ့ရမယ်။

Processor အကွက်တွင် your processor support 64bit (x86) operation system
ဆိုရင် ဒါ 64bit နဲ့အဆင်ပြေတယ်လို့သိရမယ်။

Report ကိုထပ်နှိပ်လိုက်ပါ။ လက်ရှိမိမိအသုံးပြုတဲ့စက်ရဲ့ operation system ၊ နောက်ပြီး 64bit နဲ့
တင်လို့ရ ၊ မရတာကိုလဲ processor မှာစစ်ဆေးလို့ရပါတယ်။

ဆော့ဝဲကို အောက်ပါလင့်မှာ သွားယူလိုက်ပါ...
http://www.igorware.com/

Wednesday, August 15, 2012

Saw Linux  /  7:33 PM  /    /  1 comment
ခေါင်းစည်းကိုကြည့်လိုက်တာနဲ့ ဘာလဲဆိုတာသိပြီးသားနေမှာ။ အောက်ပို့စ်မှာဆော့ဝဲတင်ပေးလိုက်ပါပြီ။ tutorail
လုပ်ပုံလုပ်နည်းသိလိုသောပုဂ္ဂိုလ်များအတွက် youtube ကနေ ရှာပြီးတင်ပေးလိုက်တယ်။ ဗွီဒီယိုတည်းဖြတ်တဲ့
ပုဂ္ဂိုလ်များအနေနဲ့ ဒီဆော့လေးဟာအတော်ကိုအသုံးတည့်ပါတယ်။ ကိုယ်တိုင်ရေးမယ်ဆိုအချိန်ပေးရအုန်းမယ်မလား။
ဒါကြောင့် youtube က ဗွီဒီယို tutorial ကိုပဲတင်ပေးလိုက်တယ်။ မဆိုးပါဘူး။ လေ့လာကြည့်ပါ။

Create 3D Title Animation With Aurora 3D Animation Maker

Saw Linux  /  7:33 PM  /    /  No comments

Monday, August 13, 2012

Saw Linux  /  11:38 PM  /  ,   /  1 comment

ဗွီဒီယိုတည်းဖြတ်တဲ့နေရာမှာ title intro စာတန်းထိုးပြုလုပ်ဖို့ဒီဆော့ဝဲနဲ့ အတော်လေးအဆင်ပြေတယ်။
စာတန်းတွေလှလှလေးလိုချင်တဲ့ဆိုရင် 3D software တွေနဲ့အသုံးပြုရပါတယ်။ တစ်ခြား 3Dsoftware
လဲ အများကြီးပါ။ အခုဆော့ဝဲကလဲ ကီးဂျင်ပါထည့်ပေးလိုက်တယ်။ ဖူးဗားရှင်းနဲ့သုံးရတာပေါ့။ ကဲ လိုအပ်
ရင်တော့ အောက်မှာဒေါင်းပါ။

Download :
Quick Share

Sunday, August 12, 2012

Saw Linux  /  8:26 PM  /  ,   /  No comments
ကျနော်အချိန်ရတာနဲ့ Karaoke စာတန်းထိုး ပြုလုပ်နည်း (Adobe After Effect 7.0) tutorial ကို မသိသေးတဲ့ အခြေခံပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီးတင်ပြပေးခြင်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ edit ဆရာတစ်ယောက်မ
ဟုတ်တော့ အာားနည်းချက်တွေ မပြည့်စုံတာတွေရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအတွက် ကျနော်ကြိုတင်ပြီးအသိ
ပေးပါတယ်။ ကျနော် search engine မှာ ဒီ Karaoke စာတန်းထိုး ပြုလုပ်နည်း ကို တော်တော်များလိုက်ရှာခဲ့ပါ
တယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်းအတာထိမတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်အချိန်ရရင် ဒီ tutorial ကိုရေး
မယ်လို့စိတ်ကူးထားတာကြာခဲ့ပြီးပေါ့ဗျာ။ အခုတော့ရေးလိုက်ပါပြီး။ လေ့လာသူများ၊ သိချင်လိုချင်တဲ့ပုဂ္ဂိုလ်များ
အနေနဲ့ ကျနော်တင်ပြတာလေးတွေနဲ့ပတ်သက်ပြီး နားမလည်တာလဲရှိမယ်။ အဲဒါကို ထပ်ခါထပ်ခါကြိုးစားကြည့်
ပါ။ အကြိမ်ပေါင်းများလာရင် နားလည်လာပါလိမ့်မယ်။ ပြုလုပ်တတ်လာပါလိမ့်မယ်။ ပညာတစ်ခုဟာ အချိန်တို
အတွင်းနဲ့ ရဖို့အင်မတန်ခဲယဉ်းပါတယ်။ လိုချင်ရင် စိတ်ရှည်ဖို့လိုပါလိမ့်မယ်။ ကျနော် ဒီလိုနိဒါန်းပျိုးရခြင်းသည်
Karaoke စာတန်းထိုး ပြုလုပ်နည်းကို တစ်ခါမှမပြုလုပ်ဖူးတဲ့ပုဂ္ဂိုလ်များအတွက် လွယ်လွယ်နဲ့သဘောမပေါက်
နိုင်ဘူးဆိုတာကို ပထမသဘောပေါက်စေချင်တယ်။ နောက်ပြီးသီချင်းတစ်ပုဒ်ကို စိတ်ကြိုက်ပြီးစီးအောင်လုပ်ဖို့
က အနည်းဆုံး (၂)နာရီလောက် အချိန်ပေးရမယ်။ ဒါတောင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များအတွက်နော်။ ဒီtutorial
နဲ့ မကျွမ်းကျင်သေးဘူးဆိုရင် အဲဒီမကအချိန်ပေးရပါလိမ့်မယ်။

Karaoke စာတန်းထိုး ပြုလုပ်နည်း သဘောသွား…
Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု
ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု
လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

အခုကျနော် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ သီချင်းစာသားကို ပုံစံပြပြီး ဒီ tutorial မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီသီချင်းစာသားတစ်ချောင်းကိုပဲ လုပ်ကြည့်မယ်။ ဒါကိုလုပ်တတ်ပြီးဆိုရင်တော့ ကျန်
တဲ့ သီချင်းအပိုင်းတွေလဲ အလားတူလုပ်တတ်သွားမှာပါ။

အပိုင်း (၁)

(က) မိမိအသုံးပြုတဲ့ Photoshop ကိုဖွင့်လိုက်ပါ။ ကျနော်က Photoshop CS 2 ကိုအသုံးပြုတော့ အဲဒါကိုဖွင့် လိုက်ပါပြီး။ ဖွင့်ပြီးရင် Menu က File> New ကိုနှိပ်လိုက်ပါ။ Preset အကွက်တွင် NTSC DV 720+480 (with guide)ဆိုပြီး ဗွီဒီယိုဖိုင်နဲ့ ပတ်သက်တဲ့ format တစ်ခုခုကိုရွေးပါ။ ပြီးတော့ OK

(ခ) ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ စာသားကိုရိုက်ထည့်လိုက်ပါ။ ဒီစာသားကို ဗွီဒီယို တည်းတဲ့အခါ အရောင် quality မကျအောင် Eye Candy 4000 နဲ့ ကွတ်ထားရပါမယ်။ ဒီ Eye Candy 4000 ကို ဒီ Photoshop မှာ plug in ချိတ်ဆက်ထားရပါမယ်။ ဒါကလဲကျနော်ပြီးခဲ့တဲ့ပို့စ်တွေမှာရေးခဲ့ပါပြီး။

အဲဒါကို Menu> Filter> Eye Candy 4000 ကိုနှိပ်လိုက်ပါ။ အောက်ပါအတိုင်း ကာလာ ဘောက်စ်ပေါ်လာမှာဖြစ်
ပါတယ်။ ကျနော်ချိန်းထားတဲ့ ထားလို့ရသလို၊ မိမိလိုချင်တဲ့အတိုင်းလဲ အရောင်တွေချိန်ပြီးတော့ OK သာနှိပ်လိုက်
ပါ။

(ဂ) အဲဒီစာသားကို စိတ်ကြိုက်ပြင်ဆင်ပြီးဆိုရင် Layer အကွက်ထဲက စာသားကို ကလစ်နှစ်ချက်နှိပ်ပြီး 01 လို့
ရိုက်ထည့်ပါ။

ကျန်တဲ့ စာသားများကို Layer အသစ်ထပ်ယူပြီး စာသားများကိုထပ်ရိုက်ပါ။ ပြီးရင်အရောင်ကွတ်ဖို့ကီးဘုတ်
ပေါ်က Ctrl+F တွဲနှိပ်လိုက်ပါ။ ဒါဆို ပထမ layer က ကွတ်ထားတဲ့အရောင်အတိုင်းရလာမှာဖြစ်ပါတယ်။

အခုကျနော်က စာချောင်းတစ်ချောင်းအတွက် Layer တစ်ခုကိုသာ နမူနာတင်ပြခြင်းသာဖြစ်ပါတယ်။ သီချင်း
စာသားများလေလေ Layer များလေလေဆိုတာကိုတော့ နားလည်ထားစေချင်တယ်။ သီချင်းတစ်ပုဒ်ဆိုရင်
Layer ပေါင်း ၂၀ လောက်ရှိမယ်ထင်ပါတယ်။

ကဲ…ဒီ Layer တစ်ခုကို ပြင်ဆင်တာပြီးပြီဆိုရင် Save as နဲ့သာ ၎င်း Layer ကိုနာမည်ပေးပြီး psd (photo
shot) format ကိုသာရွေးပြီးသိမ်းလိုက်ပါ။ ၎င်းဖိုင်အမည်ကိုလည်း သေချာမှတ်ထားပါ။ အခုကျနော်နမူနာပြမယ့်
ဖိုင်အမည်ကို MM လို့ပေးထားလိုက်ပါတယ်။

အပိုင်း (၂)

အပိုင်း (၂) မှာ ကျနော်တို့ခုဏက ပြုလုပ်ထားတဲ့ သီချင်းစာသား psd (photoshop) ဖိုင်နဲ့ သီချင်းတွေကို Ado
be After Effect မှာ Karaoke စာတန်းထိုးနည်းကို စတင်ပြုလုပ်ဖို့အတွက် Adobe After Effect ပရိုဂရမ်ကိုဖွင့်
လိုက်ပါ။ အောက်ပါပုံအတိုင်း Adobe After Effect ရဲ့ screenshot ဖြစ်ပါတယ်။

ဒီ Adobe After Effect ရဲ့ မိန်းဖန်သားပြင်မှာ အဓိကသိထားရမည့်နေရာလေးတွေကို ကျနော်စာသားတွေနဲ့
လိုက်ပြီးရေးထားပါတယ်။
၁။ Project နေရာ (မိမိပြုလုပ်ထားတဲ့ စာသားဖိုင်၊ သီချင်းတွေကိုခဏသိမ်းထားမည့်နေရာ)
၂။ Display Screen ဗွီဒီယို၊ စာသားသီချင်းတွေကို ကြည့်ရှုမည့် မြင်ကွင်းနေရာ
၃။ Timeline ဆိုတာ project က ဖိုင်တွေကို edit လုပ်ဖို့အတွက် စွဲထည့်ရမည့်နေရာ
၎။ Karaoke Text Edit Main Station ကရာအိုကေ သီချင်းစာသားဖြစ်ဖို့ အဓိကပြုလုပ်ရမည့်နေရာ
(အဲဒီမှာ Time indicator နဲ့ Time ruler နှစ်ခုပါရှိပါသည်)

ဒီနေရာမှာပိုပြီးရှင်းအောင် ကျနော်အပိုင်းပိုင်းလေးတွေကိုခွဲပြီးတင်ပြသွားပါ့မယ်….

အပိုင်း (က) Project နေရာတွင် မိမိတည်းဖြတ်ဖိုင်များခေါ်တင်ခြင်း…

အဆင့် (၁)
ပထမဆုံး Composition မှာ တည်းဖြတ်မည့်သီချင်းတွေကို အခန်းလိုက်အခန်းလိုက်ဖြစ်အောင် Duration အချိန်
ကိုကန့်သတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် Menu> Composition ကိုနှိပ်ပြီး New Composition ကိုဆက်
နှိပ်ပါ။ အောက်က Duration အကွက်တွင် ကျနော်သတ်မှတ်ထားတဲ့အတိုင်း 9 စက္ကန့်သာထားလိုက်ပါ။ OK

အဆင့် (၂)
ဒီအဆင့်မှာ Project နေရာမှာ မိမိတည်းဖြတ်မည့်ဖိုင်တွေကို ခေါ်တင်ဖို့ဖြစ်ပါတယ်။ အဲဒီအတွက် Menu> File> Import ကိုနှိပ် ဒါမှမဟုတ် Project နေရာမှာ လွတ်သောအကွက်တွင် ကလစ်နှစ်ချက်နှိပ်လိုက်ရင်လဲ မိမိဖိုင်ကို
ခေါ်တင်လို့ရပါတယ်။ မိမိ psd နဲ့ သီချင်းစာသားဖိုင်ကို ရွေးပြီး open ကိုသာနှိပ်ပါ။

အဆင့် (၃)
အထက်ပါ ဘောက်စ်တွင် open ကိုနှိပ်လိုက်တာနဲ့ အောက်ပါ Layer option ဘောက်စ်ပေါ်လာမယ်။ အခု ကျနော့်ဖိုင်က layer တစ်ခုတည်းဆိုတော့ပြဿနာမရှိပေမယ့်။ Layer များရင်တော့ ဘယ်Layer ကိုရွေးမ
လဲဆိုတာမျိုးရှိတတ်တယ်။ ပုံမှန်အားဖြင့် import of kind အတွက်တွင် Composition ကိုရွေးပြီး ထိုနောက် Merged layer ကိုသာရွေးပြီး OK

အဆင့် (၄)
အဲဒီ စာသားရဲ့ သီချင်းဖိုင်ကိုခေါ်တင်ဖို့ဖြစ်ပါတယ်။ အထက်ပါအတိုင်း သီချင်းဖိုင်ကိုရွေးပြီး Open နှိပ်လိုက်ရုံပါပဲ။
psd ဖိုင်လို layer တွေ ရွေးစရာမလိုပါ။

project နေရာတွင် ကျနော်တည်းဖြတ်ဖို့ဖိုင်တွေရွေးထားတာ အာက်ပါပုံအတိုင်းမြင်နိုင်ပါတယ်။

အပိုင်း (ခ) Timeline အကွက်တွင် project ကနေ တည်းဖြတ်မည့်ဖိုင်များ စွဲထည့်ခြင်းနှင့် ကာလာ
အရောင်များပြင်ဆင်ခြင်း

အဆင့် (၁)
Project မှာရှိတဲ့ ဖိုင်တွေကို ဒီ Timeline ကိုရောက်အောင် မိမိတည်းဖြတ်မည့်ဖိုင်တွေထဲမှာ psd (photoshop)
ဖိုင်ဆိုရင် ၎င်းဖိုင်ကို ကလစ်နှစ်ချက်ခေါက်ပါ။ အောက်ပါပုံသည် MM ဆိုတဲ့ psd ဖိုင်ကို ကလစ်နှစ်ချက်ခေါက်
လိုက်တာနဲ့ Timeline အတွင်းမှာရောက်ရှိသွားတဲ့ပုံဖြစ်ပါတယ်။

01 ဆိုတဲ့ layer အမည်နဲ့ဖေါ်ပြပေးမှာဖြစ်ပါတယ်။ အခု layer တစ်ခုတည်းမို့လို့ 01 တစ်ခုပဲဖေါ်ပြပေးတာပါ။
အကယ်၍ သီချင်းတစ်ပုဒ်လုံးဆို layer က layer က အခု ၂၀ ကျော်လောက်ဖေါ်ပြမယ်။

အဆင့် (၂)
psd (photoshop) ဖိုင်ထည့်ပြီးလျှင် ကျန်တဲ့သီချင်းတွေထည့်ဖို့အတွက် Project ကနေ မိမိတည်းဖြတ်မည့် စာ
သားရဲ့ သီချင်းကို ဒီtimeline ကိုအတွင်းကိုရောက်ဖို့ drag and paste လုပ်ရမယ်။ ဒါဆို ၎င်းသီချင်းဖိုင်ကို
မောက်စ်နဲ့ဖိစွဲပြီး timeline မှာရှိတဲ့ Background ဖိုင်အောက်ရောက်ရင် မောက်စ်ကိုလွတ်လိုက်ပါ။ အဲဒါဆို
အောက်ပါပုံအတိုင်း Background ဖိုင်အောက်မှာ သီချင်းဖိုင်တစ်ခုရောလာမှာဖြစ်ပါတယ်။

Background ဖိုင်ကိုအသုံးမလိုသည့်အတွက် ၎င်းဖိုင်ကိုရွေးပြီး ကီးဘုတ်ပေါ်က delete ကိုသာနှိပ်ပြီးဖျက်လိုက်
ပါ။

အဆင့် (၃)
ဒီအဆင့်က layer တွေကို ပွားယူဖို့ဖြစ်ပါတယ်။ ကရာအိုကေစာတန်းရဲ့သဘောသည် layer တစ်ခုကနေ နှစ်ခု ပွားယူရမှာဖြစ်ပါတယ်။ သဘောက layer နှစ်ထပ်ရှိရမှာဖြစ်တယ်။ အဲဒါကရဖို့ 01 layer ကို select ပေးပါ။ ပြီးတော့ ကီးဘုတ်ပေါ်က Ctrl + D တွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း 01 2 ဆိုတဲ့ layer တစ်ခု ထပ်ပိုလာမှာ ဖြစ်ပါတယ်။

အဆင့် (၄)
ပွားယူလို့ရလာတဲ့ layer (01 2) ကို အရောင်ကာလာဖြည့်ရမယ်။ အောက်ပါပုံအတိုင်း Menu> Effect>Color
Correction> Tint ကိုနှိပ်ပါ။

Tint ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်က ကာလာဘောက်စ်ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါကိုမိမိစိတ်ကြိုက်ဖြစ်မည့် အရောင်တွေကို ကျနော်ကွင်းထားတဲ့အဖြူ၊ အမည်းနေရာတွေမှာ မိမိစိတ်ကြိုက်အရောင်တွေနဲ့ဖြည့်လိုက်ပါ။

မှတ်ချက်…
ဒီနေရာမှာ layer အများအတွက်ကျနော်နည်းနည်းလောက်တင်ပြပေးချင်ပါတယ်။ layer 1 ကိုအပေါ်အတိုင်း
layer ပွားယူတာတို့ အရောင်ဖြည့်တာတို့လုပ်တတ်ပြီးဆိုလျှင် ကျန်တဲ့ layer 2, 3, 4 စသည် ဘယ်လိုလုပ်ရမလဲ
ပေါ့နော်။ ဟုတ်ပါပြီး။ layer 01-01 2 အပေါ်ကအတိုင်း ကာလာအရောင်ဖြည့်ထားပြီးဆိုလျှင် ကီးဘုတ်ပေါ်က
Ctrl + C ကိုတွဲနှိပ်လိုက်ပါ။ copy ယူထားတဲ့သဘောပေါ့။ ပြီးတော့ layer ( 01-01 2) သီချင်းဖိုင်တွေကို lock
သော့ခတ်ထားလိုက်ပါ။ ကျန်တဲ့ layer များကို select ပေးပါ (တစ်ခုခုကို select ပေးပြီး Ctrl + A ကိုသာနှိပ်ပါ)
ထိုနောက် ကီးဘုတ်ပေါ်က Ctrl + D ကိုတွဲနှိပ်ပါ (လေယာတွေကိုထပ်ပွားဖို့)။ အဲဒါဆို layer တွေကို 02 02 2,
03 03 2, 04 04 2 စသည်အားဖြင့်တွေ့ရမှာဖြစ်ပါတယ်။ ပွားယူလာတဲ့လေယာတွေကို အရောင်ဖြည့်ဖို့ ခုဏက
copy ယူထားပြီးဖြစ်သည့်အတွက် ကီးဘုတ်ပေါ်က Ctrl + V ကိုသာနှိပ်လိုပ်ပါ။

အကြမ်းအားဖြင့်…
Ctrl + A = Select All
Ctrl + C = အရောင်များကို ကော်ပီ
Ctrl + D = Layer များကို ပွားယူ
Ctrl + V = ၎င်းကော်ပီထားတဲ့ အရောင်တွေကို paste

အပိုင်း (ဂ) Karaoke Text Edit Main Box နဲ့ Display Screen လုပ်ဆောင်ချက်များ

အဆင့် (၁)
ဒီ Karaoke Text Edit Main Box ကို အသုံးပြုနိုင်ဖို့ ပထမအသုံးပြုရမည့်ကီးဘုတ်ပေါ်က ကီးတွေကိုနည်းနည်း
ရှင်းပြချင်ပါတယ်။ အဲဒီဘောက်စ်မှာပါတဲ့ သီချင်းတွေကို နားထောင်ဖို့အတွက် Num Lock ဖက်ခြမ်းပါတဲ့ Del ကီး
ကိုခေါက်လိုက်ပါ။ ဒါဆို သီချင်းတွေက သူ့နေရာနဲ့သူပေါ်လာမှာဖြစ်ပါတယ်။

သီချင်းက Duration ကို သတ်မှတ်ထားသည့်အတွက် ကိုးစက္ကန့်သာ play လုပ်မှာဖြစ်ပါတယ်။ အဲဒါကို မိမိလိုချင် တဲ့သီချင်းနေရာနဲ့ကိုက်အောင်ဘောက်စ်မှာပါတဲ့ time indicator အတိုင်လေးကို လိုက်ရွေ့ပေးရပါမယ်။

အဆင့် (၂)
ဒီအဆင့်က သီချင်းနဲ့ စာသားကိုအစနဲ့အဆုံးမှတ်သားဖို့ဖြစ်ပါတယ်။ အဲဒါကို
timeline က (01 2) ကို select ပေးလိုက်ပါ။ lock ခတ်ထားရင် ပြန်ဖြုတ်လိုက်ပါ။ ကီးဘုတ်ပေါ် Num Lock ဖက်ခြမ်းက Del ကိုနှိပ်ပြီး သီချင်းကိုစနားထောင်းပါ။ သီချင်းရဲ့စတင်မည့်နေရာကိုချိန်ပြီး time indicator နဲ့ လိုက်ရွေ့ပါ။ သီချင်းနဲ့ မိမိတည်းဖြတ်မည့်စာသားကိုက်မည့်အနေအထားထိ ကိုမလဲဆိုတာကို Del (full stop) ကိုထပ်ခါတလဲနှိပ်ပြီး ချိန်ညှိပါ။
ချိန်ညှိလို့အဆင်ပြေပြီးဆိုရင် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့သီချင်းကို (ဂုဏ်) အစနဲ့
(ကွယ်) အဆုံးကို ကျနော်တို့ que အတုံးအဖြူလေးနဲ့မှတ်ထားရမယ်။ ဘယ်လိုမှတ်သားထားရမလဲဆိုတော့
Del (full stop) ကိုနှိပ်ပြီး သီချင်းကို play ထားလိုက်ပါ။ ပြီးတော့ (ကွယ်) ဆိုတဲ့သီချင်းဆုံးတာနဲ့ ကီးဘုတ်ပေါ်
က ခရေပွင့်နဲ့ ဇီးရိုးတွဲနှိပ်ထားလိုက်ရင် အောက်က que အဖြူတုံးလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အကယ်၍
မကိုက်သေးဘူးဆိုရင် ၎င်း que အဖြူတုံးလေးကိုပြန်ဖျက်ချင်ရင် ၎င်းတည့်တည့်ကို Right Click ထောက် delete this mark ကိုနှိပ်လိုက်ရုံပါပဲ။
အောက်က ကျနော်ပြုလုပ်ထားတဲ့ပုံကိုကြည့်ပါ။ သီချင်းအဆုံးက (ကွယ်) ကိုအရင် que ချလိုက်ပါ။ ပြီးတော့ သီ
ချင်းကို ကီးဘုတ်ပေါ်က del (full stop) ကိုပြန်နှိပ်ပြီး အစ (ဂုဏ်) ကို ကြားတာနဲ့ ကီးဘုတ်ပေါ်က ခရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ပါ။ ဒါဆိုအစမှာ que အဖြူတုံးလေးတစ်ခုထပ်ရလာမယ်။
ဒါဆို que အဖြူတုံးလေးဟာ အစတစ်တုံးနဲ့ အဆုံးတစ်တုံးတွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ စာနဲ့ရေးပြရတော့ အနည်းငယ်အခက်အခဲရှိတယ်။ အဲဒါကို ကိုယ့်ကိုကျေနပ်လောက်အောင်ထပ်ခါ
လေ့ကျင့် ကြည့်ဖို့လိုပါတယ်။

အဆင့် (၃)
သီချင်းအစ အဆုံးကို que နဲ့မှတ်သားထားပြီးဆိုရင် အဲဒီ အဆုံး que ကို MaskShape နဲ့ ကန့်သတ်ရမှာဖြစ်ပါ
တယ်။ အဲဒါဆို time indicator အတိုင်လေးကို အဆုံးတစ်ခုဖြစ်တဲ့ que အဖြူတုံးနားမှာ မောက်စ်နဲ့ရွေ့ထား လိုက်ပါ။ ကီးဘုတ်ပေါ်က Ctrl Shift + N တို့ကိုတွဲနှိပ်ပါ။ ပြီးတော့ ကီးဘုတ်ပေါ်က M တစ်ခါတည်းဆက်နှိပ်ပါ။ ဒါဆို အောက်ပုံက ဘယ်ဖက်မှာရှိတဲ့ MaskShape ရဲ့နာရီလိုအလုံးလေးကိုမောက်စ်နဲ့တစ်ချက်နှိပ်ပါ။ အရောင်ကိုကန့်သတ်ပေးတဲ့သဘောဖြစ်ပါတယ်။ ပုံက ညာဖက်မှာအ၀ါရောင်လိုအစက်က လေးတစ်ခုတွေ့ရ မှာဖြစ်ပါတယ်။

MaskShape အတွက် ကီးဘုတ် short cut :
Ctrl Shift + N တစ်ချက် ။
M တစ်ချက် ။

အဆင့် (၄)
သီချင်းနဲ့စာသားကို que အဖြူတုံးနဲ့ MaskShape တို့ မှတ်သားထားလိုက်ပြီးဆိုရင် သီချင်းစာသားရဲ့ကာလာ အရောင်ပြေးဖို့ လုပ် ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် အောက်ကပုံအတိုင်း Display Screen မှာ အ၀ါရောင်
ဒေါက်တိုင်ကလေးတစ်ခုရှိပါတယ်။ အဲဒီဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့
အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့
ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအဆုံး (ကွယ်)ထိ ရောက်အေင်ရွေ့ပါ။

အဆင့် (၅)
ပြီးတော့ time indicator တိုင်လေးကို que ရဲ့ အစနားလေးမှာ ထပ်ရွေ့ထားလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။

အဆင့် (၆)
အဆင့် (၄)က အတိုင်း ကျနော်တို့ Display Screen က အဲဒီအ၀ါရောင်ဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့ အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအစ (ဂုဏ်)ထိ ရောက်အေင် ရွေ့ပါ။

အဆင့် (၇)
အထက်ပါအဆင့်များလုပ်ဆောင်ချက်ပြီးပြီဆိုရင် ဒီသီချင်းစာသားတစ်ပိုဒ်ကို အရောင်ပြေးလို့ရသွားပါပြီ။ သို့သော်
အခုလက်ရှိတည်းဖြတ်ထားတဲ့ layer ကန့်သတ်ထားဖို့လိုလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။ que အဖြူတုံးရဲ့အ
ထက်နားလေးမှာ ဟိုဖက်ဒီဖက်အပြာဖျော့ရောင်နဲ့တွေ့နိုင်ပါတယ်။ ဒါဆို အစနဲ့ အဆုံးကို ဘယ်လိုကန့်သတ်မလဲ
။ time indicator တိုင်ကို que အစနားမှာ ရွေ့ထားလိုက်ပါ။ ပြီးတော့ အစမှတ်ဖို့အတွက် ကီးဘုတ်ပေါ်က B ကို
နှိပ်။ ထိုနောက် time indicator တိုင်ကို que အဆုံးနားမှာ ပြန်ရွေ့ထားပါ။ အဆုံးကိုမှတ်ဖို့အတွက် ကီးဘုတ်ပေါ်
က N ကိုနှိပ်ပါ။

အစ B
အဆုံး N

ဒါဆို မိမိလုပ်ထားတွေကို ပြန်ပြီးကြည့်ဖို့အတွက် ကီဘုတ်ပေါ် Num Lock က ဇီးရိုးကိုနှိပ်လိုက်ပါ။ ဒါဆို သီချင်း
စာသားအရောင်တွေ ပြေးနေတာကိုတွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ အရောင်ပြေးတာနဲ့ သီချင်းက မကိုက်ဘူးဆိုရင် ပြန်ပြင်လို့ရပါသေးတယ်။ ဥပမာ…သီချင်းက အရှေ့
ရောက်နေတယ်။ အရောင်က နောက်မှာကျန်နေတယ်။ အဲဒါဆို သီချင်းရောက်တဲ့နေရာမှာ ကီးဘုတ်ပေါ်က ခ
ရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ရင် que အဖြူတုံးတစ်ခုထပ်မှတ်လိုက်ပါ။ ပြီးတော့ time indicator တိုင်ကို ၎င်း
que နားမှာ ရွေ့ယူလိုက်ပါ။ ပြီးလျှင် Display Screen က အ၀ါရောင်ဒေါက်တိုင်ကို ခုဏက que နဲ့မှတ်ထား
တဲ့ သီချင်းစာသားနေရာထိရောက်အောင်ရွေ့ပါ။ ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။

အဆင့် (၈)
ကဲ…ဒီ Layer ကို ပြင် edit လုပ်တာ စိတ်ကြိုက်ဖြစ်ပြီးဆိုရင် ဒီ layer ကို အစနဲ့ အဆုံးကန့်သတ်လိုက်မယ်။ အဲဒါ
ဆို အောက်ကပုံအတိုင်း ကျနော်ကွင်းထားတဲ့ scroll မျှားကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးတော့ layer 01 နဲ့ layer 01 2 နှစ်ခုစလုံးကို select ပေးလိုက်ပါ။ time indicator တိုင်ကို que အစမှာရွေ့
ထားပါ။ ကီးဘုတ်ပေါ်က Alt + { နှစ်ခုကိုတွဲနှိပ်ပါ။ အောက်ကပုံအတိုင်း လေယာအစဖက်မှာ ပြတ်ထွက်သွား
တာတွေ့ရပါလိ့မ်မယ်။ အလားတူ အဆုံးဖက်ခြမ်းမှာလဲ ပြတ်သွားအောင် time indicator တိုင်ကို que အဆုံးမှာ ရွေ့ထားပါ။ ကီးဘုတ်ပေါ်က Alt + } နှစ်ခုကိုတွဲနှိပ်ပါ။ ကဲ..အောက်ကပုံအတိုင်းလိုဖြစ်သွားပါပြီးဗျာ။

အထက်ပါတင်ပြချက်များသည် layer (သီချင်းစာသားတစ်ပိုဒ်)အတွက်မျှသာ ဖြစ်ပါတယ်။ ကျန်တဲ့ layer များအ
တွက်ဆို အပိုင်း (ဂ) က အဆင့်တိုင်းအားလုံးနည်းတူလုပ်ဆောင်ရမှာဖြစ်ကြောင်း လေ့လာသူများသိစေချင်ပါ
တယ်။ လေယာတစ်ခုလုပ်ပုံလုပ်နည်းကောင်းကောင်းသိထားပြီးဆိုရင် ကျန်လေယာများအတွက်မခက်တော့ပါ။
သို့သော် ကျနော်စကားချပ်အနေဖြင့် ပြောရလျှင် ကျန်လေယာများဆက်လုပ်ဖို့ဆိုရင် မိမိပြုလုပ်မည့်လေယာမှ
အပ ကျန်လေယာအားလုံးကို ဘယ်ဖက်ခြမ်းက မျက်လုံးများအာလုံးပိတ်ထားလိုက်ပါ။ မဟုတ်ရင် ကြည့်ရတာ
အဆင်ပြေမည်မဟုတ်ပါ။ ကျနော်အနေနဲ့ အကြံပေးချင်တာက layer မကျွမ်းကျင်သေးသောပုဂ္ဂိုလ်များအတွက်
layer ကို အချိန်ယူပြီးလေ့လာစေချင်ပါတယ်။

နောက်တစ်ခုထပ်ပြောပါရစေ။ သီချင်းတစ်ပုဒ်လုံးဟာ နှစ်ကြော့ရှိပါတယ်။ ကျနော်တို့က သီချင်းစာသားကို ပထ
မအကြော့အတွက်ပဲလုပ်ထားတာများပါတယ်။ ဒုတိယအကြော့က သီချင်းကတူနေတော့ ပထမကြော့က သီချင်း
စာသား layer တွေကိုပဲ ကောပီပြန်ကူးယူရမှာပါ။ ဥပမာ…သီချင်းပထမကြော့အတွက် layer အခုနှစ်ဆယ်
လောက်ရှိတယ်ပေါ့ဗျာ။ အဲဒီအခုနှစ်ဆယ်စလုံးကို select ပေးပြီး ကော်ပီယူထားလိုက်ပါ။ ဒုတိယကြောင့်ပြန်စ
မယ့် သီချင်းကို time indicator တိုင်နဲ့ ရွေ့ထားလိုက်ပါ။ ပြီးတော့ Ctrl + V လုပ်လိုက်ရုံပါပဲ။

ဒါကလဲ ကျနော်အကြမ်းဖျင်းအားဖြင့်သာ ပြောပြနိုင်တာပါ။ တကယ်လုပ်တတ်ချင်ရင် ကိုယ့်ကိုကြိုးစားကြည့်ပါ။
တစ်ကြိမ်းမရရင် နောက်တစ်ကြိမ်ပေါ့။ အကြိမ်များလာရင် အဆင်ပြေမှာပါ။ ကျနော်က တဒေါင့်တနေရာမှာ အ
ထောက်အကူဖြစ်စေတဲ့ သဘောမျိုးနဲ့ ကြိုးစားရေးပေးတဲ့သဘောပါပဲ။

project ဖိုင်ကို သိမ်းခြင်း

၁။ မိမိတည်းဖြတ်တာတွေကို စိတ်ကြိုက်ဖြစ်ပြီးဆိုလျှင် ဖိုင်ကိုသိမ်းစည်းရတော့မယ်။ သိမ်းသည်းရမည့်ဖိုင်
format အမျိုးအစားက AVI ပဲဖြစ်ပါတယ်။ အဲဒါကိုသိမ်းဖို့အတွက် ကီးဘုတ်ပေါ်က Ctrl + M ကိုတွဲနှိပ်
လိုက်ပါ။ ဘောက်စ်တစ်ခုပေါ်လာရင် ဖိုင် name ကိုပေးပြီး OK (မပေါ်ရင် ဘာမှလုပ်စရာမလို)
ထိုနောက် Best Setting ၊ Out put Module Template နှစ်ခုတို့တွင် Setting ကို Best Setting ရွေး၊
ပြီးတော့ Out put Module Template ကိုနှိပ်လိုက်ပါ။ (အကယ်၍ အဲဒါတွေမပေါ်ခဲ့ရင် Menu က Edit>
Preference ကို နှိပ်လိုက်ရင် Best Setting ၊ Out put Module Template နှစ်ခုကိုတွေ့နိုင်ပါတယ်။
ထိုနောက် အောက်ကပုံအတိုင်း New ကိုနှိပ်ပါ။

၂။ Format Option ကိုနှိပ်ပါ။ ပေါ်လာတဲ့ဘောက်စ်တွင် Microsoft DV ကိုရွေးပြီး OK

၃။ အောက်ကပုံမှာ ကျနော် ခြစ်ထား၊ ရွေးထားအတိုင်း လိုက်ပြီး ခြစ်ထား၊ ရွေးထားလိုက်ပါ။ Stretch ကိုအမှန်
ခြစ်၊ Custom နေရာတွင် NTSC DV ကိုရွေး၊ Crop၊ Audio Out Put ကိုအားလုံးအမှန်ခြစ်လိုက်ပါ။

၎။ အားလုံးပြီးလျှင် save ဖို့အတွက် Render ကိုနှိပ်ပါ။

အောက်ကပုံမှာ ဖိုင်ကိုသိမ်းတဲ့အနေအထားဖြစ်ပါတယ်။ ခဏစောင့်လိုက်ပါ။ ကလင်…ဆိုတဲ့အသံမြည်လာတာနဲ့
မိမိသိမ်းထားတဲ့ဖိုင်ပြီးဆုံးသွာပါပြီးခင်ဗျာ…

အမှာ ။ ။
ကျနော် ဒီ tutorial ကိုရေးဖို့အချိန်အနည်းငယ်ပေးဆပ်ခဲ့ရပါတယ်။ အထက်ကပြောခဲ့အတိုင်း ဆရာများအတွက် ရည်ရွယ်ပြီးရေးတာမဟုတ်ပါ။ မသိသေးသောပုဂ္ဂိုလ်များအတွက်သာဖြစ်ပါတယ်။ ဒီ tutorial နဲ့ အခြေခံပုဂ္ဂိုလ်
များအတွက် အတိုင်းအတာတစ်ခုထိအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စာနဲ့ ပုံရေးပြထားသော်လည်း လိုအပ်
ချက်တွေတော့ ရှိနေမှာသေချာတယ်။ အဲဒီလိုအပ်ချက်တွေကို မိမိကိုယ်နိုက်ကလဲ ထပ်မံပြီးလေ့လာဖို့လိုပါလိမ့်
မယ်။ ကျနော်ကတော့ ဒီ ´ကရာအိုကေ စာတန်းထိုးနည်းကို´ မြန်မာလိုရေးထားတာများရှိမလားဆိုပြီး search
engine ကနေ အချိန်ပေါင်းများစွာ လိုက်ရှာခဲ့ပါတယ်။ ဒီဆော့ဝဲနဲ့ရေးထားတော့ မတွေ့မိခဲ့ပါ။ တစ်ခြားလုပ်နည်း
ကတော့ အနည်းငယ်ရေးထားတော့တွေ့တယ်။ သို့သော် စိတ်တိုင်းကျမဖြစ်တာနဲ့ ဒီဆော့နဲ့လုပ်ပုံလုပ်နည်းကို
ထပ်ခါတလဲလေ့လာပြီးတော့ အနည်းငယ်ကိုယ့်ကိုသဘောပေါက်ပြီးလို့ ယူဆရတဲ့အချိန်မှာ ဒီ tutorial ကိုရေး
ခြင်းဖြစ်ပါတယ်။
ကျန်တဲ့ ဒီဆော့ဝဲနဲ့ effect လုပ်ဆောင်ပုံ၊ ပြုလုပ်ပုံတွေကို ၀ါသနာပါရင် youtube.com သွားရောက်လေ့လာ
နိုင်ပါတယ်။ အဲဒီမှာ ဒီစာတန်းထိုးနည်းမတွေ့နိုင်ပေမယ့် တစ်ခြား effect tutorial ပြုလုပ်နည်းတွေကတော့
မြောက်များစွာတင်ထားပါတယ်။ ကျနော်ရေးတဲ့ tutorial ကိုဖတ်ပြီး အနည်းငယ်မျှ အကျိုးရှိရင်လည်း
ကျနော် ပညာပါရမီကို ဖြည့်ရတဲ့အတွက် ကျနော်ဝမ်းသာပါတယ်လို့ပြောပါရစေ…

အားလုံးကိုကျေးဇူးတင်ပါတယ်
စောလင်းနက်စ်

Search