welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Monday, March 22, 2010

Saw Linux  /  7:22 PM  /    /  No comments
သံလုံးငယ်

reader တစ်ယောက် (KO MOe) comment မှာ ပြောသွားလို့ တွေ့တဲ့ software လေးပါပဲ။ win2flash တဲ့။ ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ usb bootable ဖြစ်ဖို့အတွက် အတော်များများ အဆင်မပြေသေးတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပဲ တော်တော်လွယ်နေပြီးသား software ကို ပေတွေရှည်ပြီး ရှင်းပြပါ့မယ်။ Windows XP, Vista, 7 အားလုံးအတွက် အဆင်ပြေပါတယ်။ ဘာမှ လုပ်ပေးစရာမလိုအောင်ကို လွယ်တာပါ။ ကြည့်ကြည့်ရအောင် …


Download Novicorp WinToFlash 0.6.0005


portable ဖြစ်လို့ ဒေါင်းလုပ်ချပြီး ဇစ်ဖြည်လိုက်တာနဲ့ WinToFlash.exe တွေ့ရမှာပါ။ သူ့ကို Double-Click နှိပ်လိုက်တာနဲ့ အောက်ကမြင်ကွင်းအတိုင်း မြင်ရမှာပါ။ နှိပ်စရာလည်း တစ်ခုပဲရှိပါတယ်။ process စဖို့အတွက် အဲဒီ အမှန်ခြစ်လေးကို နှိပ်ပါတယ်။


wizard mode နဲ့ Advanced mode ရွေးခိုင်းတာ ဖြစ်ပါတယ်။ (Advanced mode နဲ့ အလုပ်လုပ်ချင်ရင် အပေါ်အဆင့်မှာထဲက wizard အမှန်ခြစ်ကိုမနှိပ်ပဲ အခြား tab ဖြစ်တဲ့ Advanced ကိုနှိပ်ပြီး၊ ဒီ software ရဲ့ အခြားသော features များကို အသုံးပြုနိုင်ပါတယ်)



ဘာမှ မရွေးပဲ Next ပဲ ဆက်ပေးသွားပါ။ ကျနော်တို့က ပုံမှန်အတိုင်း Windows bootable USB လိုချင်လို့ လုပ်နေတာ ဖြစ်ပါတယ်။



ရှင်းရှင်းလေးပဲ ပေါ်လာပါတယ်။ ရွေးပေးရမှာ နှစ်ခု … အပေါ်က windows CD/DVD ထည့်ထားတဲ့ နေရာ၊ အောက်က အသုံးပြုမယ့် flash drive ပေါ့။ CD ခွေကို မိမိ drive မှာ ထည့် ပြီးရင် အပေါ်အကွက်ရဲ့ Browse ကိုနှိပ်ပြီး အဲဒီ drive ကိုရွေးပေးရုံပဲ။ အဲ … netbook တွေကျတော့ drive မပါဘူး။ နောက်ပြီး ကျနော်ဆို iso ဖိုင်တွေပဲ သိမ်းထားတယ် ခွေရိုက်ရင် ပျောက်ကုန်လို့။ အခုလည်း flash drive ကိုသုံးပြီး ၀င်းဒိုးတင်ချင်တာ DVD ထပ်မ burn ချင်တော့ဘူးလေ။ အဲဒါမျိုးတွေအတွက် vitural drive ကို အသုံးပြုနိုင်ပါတယ်။ Demon tool (သို့) Magic Disc တို့ဟာ နာမည်ကြီး Vitural Drive freeware တွေ ဖြစ်ပါတယ်။ (Demon tool က normal mode နဲ့ free သုံးလို့ရပါတယ်။ upgrade လုပ်မှ ပိုက်ဆံပေးရတာပါ။ ကျနော်တို့လုပ်မယ့် ကိစ္စလောက်နဲ့တော့ free ရပါတယ်။ Magic Disc ကတော့ free) ဒါလည်း ဘာမှ မခက်ဘူး။ (vitural drive မသုံးဘူးသေးသူတွေအတွက်ပါ) magic disc ဆိုကြပါစို့ Install လုပ်ပြီးရင် taskbar မှာ သူ့ icon ပေါ်ပါပြီ။ click နှိပ်ပြီး Mount ကို နှိပ်ပါ။ (vitural drive software တွေက ခွေထည့်တာကို mount လို့ခေါ်ပါတယ်) mount ရဲ့ ဘေးမှာ drive အတုရဲ့ နံပါတ် နဲ့ no media ဆိုပြီး ပေါ်လာလိမ့်မယ်။ (ဥပမာ – F:\ no media) အဲဒါကိုနှိပ်ပြီး မိမိရဲ့ iso ဖိုင်ရှိတဲ့ နေရာရွေးပေးလိုက်။ ခွေထည့်လိုက်တာနဲ့ တူတူပဲ ဖြစ်သွားပါပြီ။ WinToFlash ရဲ့ အပေါ်ကွက် browse ကိုနှိပ်ပြီး အခု ခွေထည့်ထားတဲ့ drive ကိုရွေးပေးပါ။


ဒုတိယ အကွက်ဖြစ်တဲ့ မိမိအသုံးပြုမယ့် flash drive ကို ရွေးပေးပြီးတဲ့အခါ Next ကိုနှိပ်ပြီး စနိုင်ပါပြီ။ % တွေ ပြပြီး သူ့ဘာသာ ဆက်လုပ်သွားပါလိမ့်မယ်။ (နည်းနည်းလေး ကြာတာတစ်ခုပဲ အားနည်းချက်ရှိတယ်) တော်တော်ကောင်းပါတယ်။


100% complete ဖြစ်သွားရင် ခွေထုတ်၊ flash drive ဖြုတ်ပြီးရင် မိမိဝင်းဒိုးတင်ချင်တဲ့ စက်မှာ တပ်ပြီး restart ချ၊ boot ယူလိုက်ရုံပဲ ဖြစ်ပါတယ်။ ၀င်းဒိုးတင်တဲ့ အဆင့်တွေကတော့ ဒီခေတ်မှာ ပြောစရာ မလိုလောက်တော့ဘူးထင်ပါတယ်။ (လိုတဲ့လူတွေအတွက် နောက်မှ ရေးပေးပါ့မယ်)


ကျနော် အရင် Vista နဲ့ 7 အတွက် ရေးခဲ့တယ်။ အဲဒီမှာ ဒီ software ကို reader တွေရဲ့ comment က တစ်ဆင့်သိရတာပါ။ တော်တော်လေး အဆင်ပြေတာ ဖြစ်လို့ အခြားသူတွေကိုပါ ထပ်ပြောပြတဲ့ သဘောပါ။ အရင်ကလည်း ရှိခဲ့ဘူးတယ်။ rapid share auto downloader အကြောင်း ကျနော်ရေးတော့ free rapid downloader က ပိုကောင်းတယ်ဆိုပြီး ကွန်မန့် ပေးပါတယ်။ တကယ်ပါပဲ သူပြောတဲ့ software က ကျနော်ရေးတာထက်တောင် ပိုကောင်းနေသေးတယ်။ အဲဒါမျိုးတွေ အတွက်လည်း ကြိုဆိုပါတယ်။ ကျနော်က စာရေးနေလို့ ကျနော်ပြောတာတွေချည်းပဲ သက်သက် ဖတ်ရမယ်လို့ မဟုတ်ဘူးလေ။ ဒီလောက်မြန်ဆန် တိုးတက်နေတဲ့ ခေတ်ကြီးမှာ တစ်ယောက်ထဲအားနဲ့ ဘယ်လောက် များများ သိနိုင်မှာမို့လဲ။ အဲဒါကြောင့် အားလုံးကို ကြိုဆိုပါတယ်။ ကျနော့်ကို ကူညီပြီး ပြောပေးတာ လူအများကြီးကို ကူညီတာပါပဲ။ ကျေးဇူးတင်ပါတယ် ကိုမိုး …. ကျေးဇူးတင်ပါတယ် စာဖတ်သူတို့ … အဆင်ပြေပါစေ ……..

0 comments:

Post a Comment

Search