welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, June 15, 2010

Saw Linux  /  6:13 PM  /    /  No comments
STOP: 0x0000007B (0xF78D2524, 0xC0000034, 0x00000000, 0x00000000) Blue Screen During Install Of Windows XP

ဟုတ်ကဲ့...၀င်းဒိုး Vista, 7 OS တင်ပြီးတဲ့နောက် ၀င်းဒိုး xp ပြန်တင်တဲ့အခါ အထက်ပါ Blue Scream Error
မျိုးကြုံဖူးပါလိမ့်မယ်။ အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် အောက်ပါပုံစံအတိုင်းစမ်းကြည့်စေချင်ပါတယ်။ ကျနော်ကတော့ မစမ်း
ကြည့်သေးတော့ အတိအကျအဆင်ပြေလား မပြေလား မပြောနိုင်သေးဘူး။ ကွန်ပျူတာပြဿနာမှန်သမျှ အင်တာနက်စာမျက်
နှာစာကြည့်လိုက်ရင် အတော်များများအဖြေရနိုင်ပါတယ်။

အဆင်ပြေပါစေ....


Over the weekend I helped remove Windows Vista from my friends Dell Latitude E4300. Since all the drivers were offered on their support site I downloaded the SATA driver, merged the driver into Windows XP SP2 using nLite, then started the reinstallation process. Just after copying files to the hard drive the laptop would crash into a blue screen with the following error; STOP: 0x0000007B (0xF78D2524, 0xC0000034, 0x00000000, 0x00000000). After scouring the web for fixes and trying many things that didn’t work, I finally came across a fix that allowed me to fully install Windows XP Pro SP2 onto a Dell Latitude E4300.

I resolved the stop issue by the following these steps.

1. During start up, when you see the Dell logo, press F2 to enter the BIOS

2. Expand the "Drives" section

3. Go to "SATA Operation"

4. Change this from "RAID AHCI" to "RAID ATA"

5. Exit BIOS saving changes

မူရင်းလင့်

Blue Screen Error Code

သင့်ရဲ့ စက်မှာတစ်ခါတစ်လေ ပေါ်တတ်တဲ့ Blue Screen Error အကြောင်းလေးပါ။ windows တွင် blue screen error တက်ရင်ပေါ်သောစာသားများကိုမှတ်ပြီးဘယ် complement က errors တက်တယ်ဆိုတာကို သိနိုင်ပါတယ်။ erros တက်ရင်ပေါ်သောcodeများဖြစ်ပါတယ်။
1xxxxx-----Motherboard errors
2xxxxx-----main memory errors
3xxxxx-----keyboard errors
5xxxxx-----color graphic adapter errors
6xxxxx-----Floppy disk controller errors
14xxxx-----Printer errors
17xxxxx---hard drive controller errors
86xxxxx----Mouse errors
Blue Screen Error ပေါ်လာပြီး ကျွန်တော်လို ဘာမှန်းမသိသေးသူများအတွက်ပါ။

source : kozaw

Blue Screen of Death (BSoD) ဘာကြောင့်ဖြစ်ရတာလဲ

ကျွန်တော်တို့ တစ်ခါတစ်လေမှာ computer အသုံးပြုနေရင် အပြာရောင် screen ကြီးပေါ်လာပြီးဘာမှ ဆက်လုပ်လို့မရတော့တာမျိုး တွေဖူးမှာပါ ။ အဲဒါကို Blue Screen of Death (BSoD) လို့ခေါ်ပါတယ် ။
အဲဒီ (BSoD) ဘာကြောင့်ဖြစ်ရလဲဆိုရင် (တော်တော်များများကတော့ Memory error ကြောင့်လို့ ပြောကျပါတယ်)။ တကယ်တော့ (BSoD) Blue Screen error ဖြစ်ရတဲ့အကြောင်းအရင်းအများကြီးရှီပါ ။

အဲဒီ Blue Screen ကြီးရဲ့ဖန်တီးရှင်ကတော့ Microsoft ရဲ့ Window Operating System ပါဘဲ။
Window Operating System ဟာ System error တွေကရုန်းမထွက်နိုင်တဲ့အခါ System Error တွေကို recover မလုပ်နိုင်တော့တဲ့အခါမျိုးမှာ ပေါ်လာတာဖြစ်ပါတယ် ။ Blue Screen ကို Microsoft Window Version 3.1 တည်းကစတင်ပါဝင်လာပါတယ် ။ Window Vista ရဲံ ကနဦး Versions မှာ Boot Loader Error ကို (RSoD) Red Screen of Death နဲ့ပြပါတယ် ။
Drive တစ်ခုဟာ Kernal Mode မှာအလုပ်လုပ်နေစဉ် system error တွေကို recover မလုပ်နိုင် တဲ့အချိန်မှာ Blue Screen Error ဖြစ်ပေါ်နိုင်ပါတယ် ။ အဲဒီလို့ဖြစ်ရင် Window ကို Restate လုပ်ပေးခြင်းကကောင်းဆုံးဖြစ်ပါတယ် ။ Blue Screen ပေါ်မှာပြထားတဲ့စာသားတွေက Software Engineer တွေအတွက် error fix လုပ်နိုင်ဖို့ဖေါ်ပြထားတဲ့စာသားတွေပါ ။ eg.(0x0000001E -KMODE -EXCEPTION -NOT-LIANDLED )ဆိုတဲ့စာသားမျိုးတွေပါ ။ အဲဒီစာသားတွေထဲမှာ error ဖြစ်နေတဲ့ Address ကို ဖော်ပြပေးပါတယ် ။အဲဒီမှာerror ဖြစ်နေတဲ့ Driver ကိုပါပြပေးပါတယ် ။
အများသောအားဖြင့် window တိုင်းဟာ Default အားဖြင့် (BSoD)ဖြစ်တာနဲ့ Memory Dump လုပ်ပါတယ် ။ Memory dump ဆိုတာ Physical Memory ထဲရှီကြောင်းအရာအားလုံးကို Copy ကူးတာပါ ။Operating System version ပေါ်မူတည်ပြီ Dump လုပ်တဲ့ format လည်းအမျိုးမျိုးရှိနိုင်ပါတယ် ။
Dump လုပ်လို့ရလာတဲ့ file ကို Kernal debugger နဲ့ debugged လုပ်လို့ရပါတယ် ။ဘာဖြစ်လို့လဲဆိုတော့
Blue Screen မှ ပြထားတဲ့စာသားတွေမှာ ကန့်သတ်ချက်ရှိလို့ပါ ။ သူပြတဲ့error နဲ့ တကယ်ဖြစ်နေတဲ့ error နဲ့က ကွဲလွဲနေနိုင်ပါတယ် ။အဲဒီတော့ debugger နဲ့ trace လိုက်ရမှာပါ ။ Debugger ကို Microsoft က နေ free download ရနိုင်ပါတယ်။
(BSoD) ဟာ Boot Loader error ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ အဲဒီလိုအချိန်မှာ Hard drive လည်း အသုံးပြုလို့မရသေးတာကြောင့် Memory Dump လည်းလုပ်လို့မရပါဘူး ။ window CD နဲ့ Boot တက်ပြီး error fix လုပ်ရမှာဖြစ်ပါတယ် ။
နောက်ထပ် (BSoD) ဖြစ်ရတဲ့အကြောင်း ကတော့ DLL fileတွေCompatibalမဖြစ်လို့ပါ ။ Application program တွေမှာ DLL file တွေလိုအပ်တဲ့အခါ DLL file တွေကို window က Memory ပေါ်ကို လှမ်းတင်ပါတယ်။ အဲဒီမှာ Application version ပြောင်းထားတာတို့ ။ DLL နှင့် version မတူတာတို့ဆိုရင် လဲ (BSoD) ဖြစ်နိုင်ပါတယ် ။
ဘယ်windows မှာဘဲဖြစ်ဖြစ် အထက်ပါအကြောင်းများကြောင့် (BSoD) ဖြစ်နိုင်သလိုတစ်ခြားတွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။ Virus ကြောင့်လဲ (BSoD) ဖြစ်နိုင်ပါတယ်။ Memory Compatible မဖြစ်လို့ ဒါမှမဟုတ် Bad Memory တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။တစ်ခြားအကြောင်းအရာတွေကြောင့်(BSoD) ဖြစ်နိုင်ပါတယ် ။

အားလုံးသောဘ၀များငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။
Fef: Kosithu

0 comments:

Post a Comment

Search