welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, October 10, 2010

Saw Linux  /  10:05 PM  /  ,   /  No comments
အခု ကျနော်ရေးပြမှာက Window password ကို Linux နဲ့ ဖြုတ်မယ့်မယ့်နည်းလမ်းလေးဖြစ်ပါတယ်။ မတော်လို့
မိမိဝင်းဒိုးပါတ်စ်ဝါဒ်ကိုမေ့ခဲ့မယ်ဆိုရင် Reset, Recovery, Remove ပြန်လုပ်မယ့်နည်းတွေကအများကြီးပါ။
Linux Live CD ကို အသုံးပြုပြီး မေ့သွားတဲ့ ၀င်းဒိုးပါတ်စ်ဝါဒ်ကိုဖြုတ်လို့လဲအဆင်ပြေနိုင်တဲ့အတွက် တစ်ဆင့်ဝေငှ
ရခြင်းဖြစ်ပါတယ်။ ဒီနည်းကတော့ boot တက်ဖို့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်များမှသာပိုပြီးအဆင်ပြေနိုင်ပါတယ်။

ကဲ...စလုပ်ကြည့်ရအောင်..
Linux Live CD ကို CD Drive ထဲထည့်လိုက်ပါ။ Boot တက်မည့်အစီအစဉ်ကိုတော့ ကျနော်ရေးမပြတော့ပါ
ဘူး။ Linux Version အလိုက် Ubuntu စသည်ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ကျနော်ကတော့ Linux Mint9
ကိုသုံးတယ်ဆိုတော့ အဲဒါနဲ့ပဲ Live အနေဖြင့်အသုံးပြုလိုက်ပါတယ်။ Linux Live CD ပွင့်လာပြီးဆိုရင်...
အောက်ပါအတိုင်းဆက်လုပ်ဆက်လုပ်ကြမယ်ဗျာ...

(၁) Live လုပ်ထားတဲ့ Ubuntu, or Mintအပေါ်တွင် Places>Removeable Media>59 GB file system
ဆိုပြီး Mount လုပ်လိုက်တယ်..
(59 GB file system) ဆိုသည်မှာ windows 7 တင်ထားတဲ့ Disk ဖြစ်ပါတယ်။


(၂)Application> Accessories> terminal ကိုသွားလိုက်ပါ (terminal ဆိုတာ ၀င်းဒိုးက cmd ကို
ဆိုလိုတာပါ)အောက်ပါ command line ကိုသွင်းလိုက်ပါ

sudo apt-get install ntfs-config

ဒီ command line တွေကိုသွင်းမှ Administration မှာ NTFS configuration tool ပေါ်မှာဖြစ်ပါတယ်။

(၃) ပြီးတော့ System> Administration> NTFS configuration tool ကိုယ်နိုပ်လိုက်ပါ


(၄) အဲဒီမှာ မိမိစက်မှာရှိတဲ့ တခြား Disk များကိုယ် Check ဖြုတ်လိုက်ပါ.. w7 တင်ထားသော Disk တခုတည်းကိုယ်သာ
ထားခဲ့ပြီ Auto configure ဆိုတဲ့ button ကိုယ်နိုပ်လိုက်ရင် အောက်ကပုံလိုမျိုး..

Linux Mint9 ပုံစံ


Ubuntu 10.04 ပုံစံ


အဲဒါကို Enable Write Support for Internal Device ဆိုဒါကိုယ် Tick လုပ်ပြီး OK or Close

(၅) Terminal ကို နောက်တစ်ခေါက်ထပ်ဖွင့်ပြီး အောက်ပါ command line တွေကို သွင်းလိုက်ပါ

sudo apt-get install chntpw

(၆) အောက်ပါ command line များအစဉ်အတိုင်းသာရိုက်ထည့်ပါ...

cd /media
cd C4E45C00E45BGH62 (ဒီနံပါတ်များသည် ကိုယ့် ၀င်းဒိုးပါတေးရှင်း နံပါတ်များရိုက်ထည့်ပါ..)
cd Windows
cd System32
cd config
ls
chntpw SAM
1
y
chntpw -u meda SAM (meda ဆိုတဲ့နေရာမှာ မိမိဝင်းဒိုးရဲ့ user အမည်)
1
y

exit

ဝင်းဒိုးပြန်ဖွင့်ကြည့် password ပြုတ်သွားပါပြီခင်ဗျာ....

အဆင်ပြေပါစေ...

စောလင်းနက်စ်

Ref:kyaukphyu

0 comments:

Post a Comment

Search