welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Saturday, December 25, 2010

Saw Linux  /  1:34 AM  /    /  No comments
ကျနော်အခုပြောချင်တာ Window 7 > Control Panel မှာပါတဲ့ Back up andRestore ကို အသုံးပြုပြီး မိမိလက်ရှိတင်ထားတဲ့ဝင်းဒိုးတစ်ခုလုံးကို Back up ပြုလုပ်ထားပြီး နောက်ဝင်းဒိုးတစ်စုံတစ်ခုပြဿနာပေါ်တဲ့ အခါ သိမ်း
ထားတဲ့ Back up Imagefile နဲ့ ပြန်ပြီး Restore လုပ်လိုက်ရင် ၀င်းဒိုး Format ချရတဲ့ဒုက္ခမှကင်းဝေနိုင်ပါ
တယ်။

ဥပမာ...၀င်းဒိုးအသစ်တင်လိုက်တယ်ဗျာ။ ပြီးတော့ လိုအပ်တဲ့ Driver/ Programမောင်းထားလိုက်ပါ။ ဒါတွေအား
လုံးစိတ်ကြိုက်ဖြစ်ပြီးဆိုရင် မိမိဝင်းဒိုးကို Backup andRestore Tool နဲ့ Back up လုပ်ထားလိုက်ပါ။ ၀င်းဒိုးကို အကြာကြီးသုံးပြီးမှBack up လုပ်ရင် သိပ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရာအရမ်းယူတာများပြီး Restore
ပြန်လုပ်တဲ့အခါ အရမ်းလည်းကြံ့ကြာမှာဖြစ်ပါတယ်။ ဘာဖြစ်ဖြစ်သိထားရင်အားလုံးအကျိုးရှိတာချည်းပါပဲ။

Back up and Restore လုပ်နည်း


(၁) Control Panel > Back up and Restore ကိုနှိပ်

(၂) Create a system image ကို နှိပ်


(၃) နောက်ပေါ်လာတဲ့ Screenshot မှာ မိမိ Back up image file သိမ်းမည့်
နေရာကို ရွေးဖို့ပါ။ ကျနော်က HDD မှာ သိမ်းတာပိုပြီးကြိုက်တဲ့အတွက် on a hard
disk ကိုပဲရွေးလိုက်တယ်။


(၄) ဒီ Screenshot ကတော့ Bcack up လုပ်မည့် Driveတွေ၊ Back up လုပ်
မည့် နေရာ၊ Back up လုပ်မည့် Drive တွေရဲ့ GBတွေပြထားတာဖြစ်ပါတယ်။ ဘာမှ
လုပ်စရာမလိုပါဘူး။ Back up start ကိုသာနှိပ်


(၅) Back up လုပ်နေတာဖြစ်ပါတယ်။ ဒီအတိုင်းကြည့်ပါ


(၆)ဒီအဆင့်က Back up လုပ်တာပြီးသွားလို့ system repair disk လုပ်မလား
မေးတဲ့ ဘောက်စ်ပြားလေးပါ။ DVD Disk ကို Drive ထဲထည့်လိုက်ပါ။ ပြီးတော့
Yes ကိုနှိပ်။


(၇) နောက်ဘောက်စ်တစ်ခုမှာ Create disk ဆိုတာနှိပ်လိုက်တာနဲ့ system repair
a disk အတွက် ထည့်ပေးနေတာဖြစ်ပါတယ်။


(၈) system repair a disk လုပ်တာ ပြီးသွားတဲ့ဘောက်စ်လေးပါ။


အားလုံးပြီးတဲ့အခါ D Drive မှာ မိမိလုပ်ထားတဲ့ Back up file ရောလာတာတွေ့ရမှာပါ။


Back up file ကို Restore ပြန်လုပ်နည်း

Back up file ကို Restore ပြန်လုပ်ချင်ရင် အလွယ်ဆုံးနည်းကတော့ ခုဏက
လုပ်ထားတဲ့ system repair a disk ကို CD Drive ထဲသို့ထည့်ပြီး Boot
ကနေတက်လိုက်ပါ။ ပြီးတော့ system restore ကနေ မိမိသိမ်းထားတဲ့ Back
up ဖိုင်ကိုရွေးပြီး Restore လုပ်လိုက်ရုံပါပဲ။

အဲဒါမှမဟုတ်ရင်....

Control Panel > Back up and Restore ကိုနှိပ်

နောက်ပြီး Recover system setting or your computer ကိုနှိပ်


ပြီးတော့ Advance recovery method ကိုနှိပ်


ဒီအဆင့်က Choose Advance recovery method တွင် မိမိသိမ်းထားတဲ့
Back up file ကနေ restore လုပ်ချင်တယ်ဆိုရင် Use a system
image you created earlier to recover your computer ဆိုတာ
ကိုနှိပ်ပါ။



အဆင်ပြေပါစေ...
စောလင်းနက်စ်

0 comments:

Post a Comment

Search