Networking Server အကြောင်းတွေကို လာမေးတဲ့ညီးလေးတွေအတွက် တင်ပေးလိုက်တယ်။ ကျနော်ကိုယ်ပိုင် ပို့စ်မဟုတ်ပါဘူး။ ကျနော်လေ့လာစုဆောင်းထားခဲ့တဲ့ sources တွေကိုပြန်လည်ဝေငှခြင်းသာဖြစ်တယ်။Network မှာ ဒီ DNS နဲ့ ISA server တို့ဟာ သိသင့်သိထိုက်တဲ့ Networking တွေဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဆာဗာ (၂) ခုရဲ့အကြောင်းတွေဆက်တိုက် ပို့စ်တင်ပေးသွားဖြစ်ပါတယ်။
DNS Server အကြောင်း
Network System ရဲ့ အခြေခံ ကျတဲ့အချက်တွေရဲ့ LAN ကို Design ချပြီးရင် ဒီ design မှာပါမယ့် Server နဲ့ Client တွေရဲ့ architecture တွေ၊ Server အမျိုးအစားတွေကို ပြောပြ ပါမယ်။ Server ဆိုတာ Client လို့ ခေါ်တဲ့ သားသမီးက လိုအပ်လို့ တောင်းဆိုတဲ့ request လိုချင်လို့ တောင်းဆိုတဲ့ request ကို ဖြည့်ပေး နိုင်တဲ့ မိဘနဲ့တူပါ တယ်။
Server ကို realiability, performance, space, power supply နဲ့ scalibility ဆိုတဲ့ အချက်တွေ ပေါ်မူ တည်ပြီး စဉ်းစားပါတယ်။
Realiability အတွက် server တွေ clustering ပုံစံသုံး ထားရင် လာ သမျှ request တွေကို function ခွဲပြီးအလုပ် လုပ်ပါတယ်။ data ကို Sbrage Area Network (SAN) or Network attacted Storge သုံးထား လို့ Server ပျက်လည်း data မပျက် ပါဘူး။ Realiability ကို ၀% down time ဒါမှမဟုတ် five 9 (99.999)နဲ့ စံသတ်မှတ်ထားပါတယ်။
Performance က Server ကို တပြိုင်နက်တည်း connection ယူတဲ့ အခါ response time က အများဆုံး ဘယ်လောက်ထိ အနည်းဆုံး ဘယ် လောက်ထိ လက်ခံနိုင်လဲဆိုတာကို စဉ်းစားပါတယ်။
T1+ T2+T3 = ကြာချိန်?
T1 ဆိုတာ Client ကနေ Server ကို request လှမ်းတောင်းတဲ့ ကြာချိန်၊ T2 ဆိုတာ request ကို Server မှာ process လုပ်ချိန်၊ T3 ဆိုတာ Server က Client ကို reply ပြန်ချိန် T1နဲ့T3 က network ရဲ့ speed နဲ့ဆိုင်ပါတယ်။
T2 ကတော့ Serverရဲ့ performance ဖြစ်ပါတယ်။
[Server မှာ PC လို O/S ကို install လုပ်ပြီး Serverရဲ့ function တွေကို လုပ်တဲ့ general purpose serverနဲ့ Keyboard, monitor မပါဘဲ function တစ်ခုတည်းကိုပဲ လုပ်တဲ့ onloff ခလုပ်ပဲပါတဲ့ special purpose server ဆို ပြီး နှစ်မျိုးရှိပါတယ်။]
Server မှာ နေရာရှိနိုင်မှု Space, voltage နိုင်မှု power supply နဲ့လိုအပ်ရင် bardwax device တွေကို ထပ်တိုးနိုင်မှု မလိုအပ်ရင် လျော့နိုင်မှု scalability, event log, activity bistory တွေထားပြီး performance နဲ့ availablity ကို remotely hardware နဲ့ software က လုပ်ပေး နိုင်မှု manageability၊ စက်ဖွင့်ရတာ operation တွေ run ရတာ လွယ်မှု usability, ပစ္စည်းလဲရတာ လွယ်မှု Servicea bility ဆိုတဲ့ အချက်တွေနဲ့ လည်း ပြည့်စုံရပါမယ်။
Server အမျိုးအစားကြီးထဲက အခုပထမဆုံး domain name server အကြောင်းပြောပါမယ်။ DNS Server ဆိုတာ web site တွေကို ip နဲ့ ခေါ်ရ တာရှုပ်လို့ နာမည်တပ် ခေါ်တာပါပဲ။ ဥပမာဆိုရင် လူတစ်ယောက်ကို သူရဲ့ မှတ်ပုံတင်နံပါတ် မခေါ်ဘဲ နာမည်နဲ့ ခေါ်တာ ဖြစ်ပါတယ်။ ဒီလူက ဒီ မှတ်ပုံတင်နံပါတ်ရှိတယ်လို့ ကြေငြာ တာ DNS သဘောပဲ ဖြစ်ပါတယ်။ DNS က internet မှာ သာမက intranet LAN ထဲမှာလည်း client တွေကို control လုပ်နိုင်ဖို့ ဆောက် နိုင်ပါတယ်။ web server တွေ အတွက် အသုံးဝင်ပါတယ်။
DNS Server ကို ဆောက်မယ့် computer မှာ DNS service ကိုသာ ထားရပါမယ်။ domain nameနဲ့ ခေါ်လို့ရအောင် ကိုယ်ပေးချင်တဲ့ domain name ကို host ထားပြီး forward lookup Zone ဆောက်ရပါ မယ်။ ip နဲ့လည်း ခေါ်လို့ရအောင် ကိုယ့်စက်ရဲ့ ip ကို pointer ထောက် ပြီး reverse lookup zone ဆောက်ရ ပါမယ်။
Microsoft နဲ့ Linux ရဲ့ ကွာခြား ချက်ကတော့ microsoft က service ကို အရင်တင်ပါတယ်။ Linux က DNS ဆောက်ပြီးမှ Service named restart လုပ်ပါတယ်။
DNS ရမရကိုတော့ nslookup ဆိုတဲ့ command ကို command မှာ သွားစမ်းပါတယ်။
e.g nslookup ကိုယ့်စက်ရဲ့ ip
နောက်ထပ် server တစ်မျိုး ကတော့ Dynamic Host Configuration Protocol လို့ခေါ်တဲ့ DHCP server ဖြစ်ပါတယ်။ DHCP service ကို client PC တွေများလို ip shortage ဖြစ်တဲ့အခါ၊ roaming ip ပုံသေ မရှိတဲ့အခါ network system မှာ client တွေ ခဏခဏဖြုတ်တပ်လုပ်ရ တဲ့အခါမှာ ip တွေကို auto assign လုပ်ပေးတဲ့ security လည်း ကောင်း တဲ့ဒီ service ကို သုံးပါတယ်။
ပထမဆုံးစက်မှာ DHCP service ကို on ရပါမယ်။ ပြီးရင် client ကို ချပေးဖို့ ip range ပေးပါမယ်။ကိုယ်ဖယ်ထားမယ့် စက်တွေကို လည်း add exclusion မှာ range ပေး လို့ ရပါတယ်။
DHCP က member server မှာ သင့်တော်ပါတယ်။ Microsoft မှာ DHCP လို့ခေါ်ပြီး Linux မှာတော့ BOOTP လို့ ခေါ်ပါတယ်။ DHCP ကို command mode မှာ -
- ipconfig release
- ipconfig renew
ဆိုပြီး စမ်းနိုင်ပါတယ်။
Network icon နီနေရင် ip စစ်ပြီး service ကို restart ပြန်လုပ်ပါ။
! ဖြစ်ရင် iprange တူနေ သည်။ DHCP ip တူနေသည်ဆိုတဲ့ error messoge ဖြစ်ပါတယ်။
ref : http://www.knowledgebridge.net/

0 comments:
Post a Comment