အားလုံးမင်္ဂလာပါ...
ကျနော်ခရီးကနေ အခုဘန်ကောက်ကိုခဏပြန်လာတာပါ။ နောက်တစ်ရက်နှစ်ရက်ဆို နယ်ကိုပြန်ဆင်းဦးမယ်။
ကျနော့်ရွာမှာ ကွန်ပျူတာသင်တန်းလေးအရက် (၂၅) လောက်ဖွင့်ပေးခဲ့တယ်။ ဒီလ (၂၅)ရက်မှာပိတ်လိုက်
တယ်။ ကျနော်စေတနာဖြင့် ပြန်ဖွင့်ပေးလိုက်တဲ့ (၂၅)ရက်မှာ ရွာက (၈)တန်းအထက် ကျောင်းသူ၊ကျောင်း
သားအယောက် (၂၀)နဲ့တက်ရေက်ခဲ့တယ်။ သင်ကြားပုံကတော့ သိသင့်သိထိုက်တဲ့ ကွန်ပျူတာ hardware
အစိတ်အပိုင်းအမည်များ၊ လူသစ်များအတွက် ကွန်ပျူတာမှာသိရမည့် Basic အခြေခံကိုင်တွယ်မှုများ၊ စာစီ
စာရိုက်အပိုင်းမှာ pagemaker, MS Office word, ခွေကူးခြင်း Nero, စတဲ့ဆော့ဝဲတွေရဲ့လုပ်ဆောင်
ပုံတွေကို သင်တန်းမှာသင်ပေးခဲ့ပါတယ်။
ကျနော့်ရဲ့ရည်ရွယ်ချက်ကတော့ ကျနော်ကြီးပြင်းလာခဲ့တဲ့ရွာကလေးက လူငယ်လေးတွေအတွက်ဖြစ်ပါတယ်။
အခုလဲနောက်တစ်ရက်နှစ်ရက်ဆို နောက်တစ်နေရာမှာသွားပြီး တစ်ပါတ်ရက်တိုသင်တန်းပေးဖို့ အစီအစဉ်ရှိ
တယ်။ အဲဒါတွေအားလုံးပြီးမှ ကျနော်ဘလော့ပေါ်အချိန်ပြန်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် စီဘောက်စ်ကမေးလာတဲ့ သူငယ်ချင်းများရဲ့အဖြေမပေးနိုင်သေးတာကို နားလည်ပေးပါလို့ ပြောပါ
ရစေ။ နောက်ပြီး ပို့စ်အသစ်မတင်နိုင်သော်လဲ အကျိုးများမယ့်ပို့စ်အဟောင်းတွေကိုလိုက်ရှာဖတ်ရှုစေချင်တယ်။
All post ကိုနှိပ်လိုက်ရင် ပို့စ်ခေါင်းစဉ်အလိုက်ကျလာမှာဖြစ်ပါတယ်။ အဲဒီမှာလိုက်ရှာဖတ်လို့ရပါတယ်။
ဒါမှမဟုတ်လဲ အကျိုးများမယ့်အခြားလင့်၊ဆိုက်တွေလဲ ကျနော်အများကြီးချိတ်ထားပါတယ်။ အဲဒီဆိုက်များ
ကနေလဲလေ့လာဖတ်ရှုခြင်းဖြင့် ကျနော့်ဆိုက်မှာ ရောက်လာတဲ့မိတ်ဆွေသူငယ်ချင်းများအတွက် လေးစားစွာ
အသိပေးပါတယ်။ ကျနော်လဲ နည်းပညာဝေငှတဲ့အဆင့်မှာ အရည်အချင်းက အလယ်အလတ်အဆင့်ရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်သာဖြစ်ပါကြောင်းကိုလည်း အသိပေးပါရစေ...
စောလင်းနက်စ်

I like your Bolg and it's interesting and useful for karen people, especially for me a lot. Also beautiful cover song which is Saung Paw Dee sang. In the future i like being contact with you if you don't mind. My name is Kyaw Eh Su, From Hobart, Tasmania state, Australia. And also love working with you for the future of our karen people.
ReplyDeleteHere is my email - mr.essuau@gmail.com/ facebook page - mightau
Looking forward to hearing form you soon.
Wish you all the best for your trip,
Kyaw Ehsu
hello, thanks a lot for ur comments on my blog. i will remember ur email id and face book. now i m a little busy with my job, so i cannot contact u full time, later we can. ok
ReplyDelete