welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, September 25, 2012

Saw Linux  /  6:56 PM  /    /  No comments

hardware နဲ့ပတ်သက်တဲ့ မှတ်သားစရာပို့စ်တစ်ပုဒ်လောက်တင်လိုက်မယ်။ ကိုယ်ပိုင်ရေးတော့မဟုတ်
ဘူး။ ကော်ပီပို့စ်လေးပါ။ power supply အတွက်ဖတ်သင့်တဲ့တော့ပစ်လေးပါပဲ။

ကွန်ပျူတာဆိုတာ စပေါ်တဲ့အချိန်ကစပြီး နှစ်တွေနှစ်တွေပြောင်းလဲလာတာနဲ့အမျှ ကွန်ပျူတာ System ထဲမှာ
ထည့်တဲ့ အခြေခံပစ္စည်းတွေမှာလည်း တဖြည်းဖြည်းပြောင်းလဲလာတာပါပဲ။ ဒါကြောင့် System ရဲ့ပုံစံကို တစ်သ

မတ်တည်း ပြန်သတ်မှတ်ဖို့အတွက်ကို Desktop ကွန်ပျူတာတွေအတွက် စံသတ်မှတ်ချက်တွေ ထုတ်ပေးလိုက်
တယ်။ Desktop Computerတွေရဲ့ ပုံစံပိုင်းတွေ၊ လျှပ်စစ်ပစ္စည်းလိုအပ်ချက်တွေ၊ အရွယ်အစားတွေအပိုင်းမှာ
စံနှုန်းတွေ သတ်မှတ်ခဲ့တာပါ။ ဒါမှ Vendorတွေ၊ System တွေအကြားမှာ Parts တွေကို လွယ်လွယ်ကူကူ
ပြောင်းလို့လည်းရမှာပါ။ ဒီအစိတ်အပိုင်းတွေ အားလုံးအတွက်ဆိုရင် လျှပ်စစ်စွမ်းအားကို Low Voltage ကနေ
High Voltage အဖြစ် ပြောင်းလဲပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် Power Supply တွေလည်း တဖြည်းဖြည်းနဲ့
ပြောင်းလဲလာပြီး သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပေးလာကြပါတယ်။

AT ၊ ATX ၊ ATX12V ......ဘာတွေလဲ?


ပြောခဲ့သလို Desktop Design နဲ့ပတ်သက်ပြီး စံသတ်မှတ်မှုတွေက ပြီးခဲ့တဲ့ နှစ်တစ်လျှောက်လုံးကိုပဲအမျိုးမျိုး
ပြောင်းနေတယ်လေ။ ဟိုးအစောပိုင်းနှစ်တွေတုန်းက IBM Compatible System မှာ သတ်မှတ်ခဲ့တာတစ်ခု
ကတော့ ATX လို့လည်းခေါ်တဲ့ Original Advanced Technology ပါပဲ။ သူက ပထမဆုံးပေါ်ခဲ့တဲ့ နည်းပညာပါ။ နောက်ပိုင်း Power ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ ပုံစံအနေအထားတွေပြောင်းလဲလာတော့ စက်ရုံကနေပြီး ATX
ကို ပြောင်းလဲထွင်ရပြန်တယ်။ ATX ဆိုတာAdvanced TechnologyExtended ကို ပြောတာပါ။ ဒီ ATX ကို တော်တော်ကြာကြာ သုံးခဲ့သေးတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီကြားထဲနှစ်တွေမှာ Power ပြောင်းလဲမှုအမျိုးမျိုးနဲ့ ကိုက်ညီအောင် လုပ်နိုင်ဖို့ လုပ်ငန်းရှင်တွေအားလုံး အာရုံစိုက်နေခဲ့ရတယ်လေ။ အခုမှာတော့ ATX 12V ဆိုတဲ့ ပုံစံအသစ်ကိုထုတ်လုပ်ပြီး ဒါပဲသုံးခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒီ Standard ကို ATX V2.0 လို့ခေါ်တယ်။ နောက်
ပိုင်း 2.0 ထက်မြင့်တာတွေလည်း ရှိသေးတယ်။ လက်ရှိသုံးနေတာတွေက ဒီ ATX ကနေ ခွဲထွက်လာတဲ့ Standard
Version တွေပါပဲ။ ဒါကြောင့် ATX နဲ့ပတ်သက်ပြီး သူရဲ့Version တစ်ခုချင်းစီကို သမိုင်းကြောင်းအနေနဲ့ ရှင်းပြသွား
မှာပါ။

ATX Power Supply အကြောင်း ပြန်လေ့လာကြရအောင်

ATX က ၁၉၉၅ မှာစပေါ်လာခဲ့တာပါ။ သူ့မှာ Power Connector အမျိုးအစား(၃)ခုလောက်ပါပါတယ်။
(၁)4-pin AMP MATE-N-LOK _ သူ့ကို MOLEX လို့လည်း အသိများတယ်။ AT Standard ကနေ တိုက်ရိုက်
ဆင်းသက်လာတာပါ။ P-ATA Hard Disk ၊ CD-ROMs တွေအတွက်ဆို +5V နဲ့ +12V ဆိုပြီး (၂)မျိုးရနိုင်
တယ်။
5.25 inchFloppy Drive နဲ့တစ်ခြားပစ္စည်းတွေအတွက်ဆိုရင်လည်း အတူတူပါပဲ။ +5V နဲ့ +12V ပေါ့။(၂)4-
pin Berg Floppy Connector_ ဒါလည်း AT Standard ကနေတိုက်ရိုက်ဆင်းသက်လာတာပါပဲ။ သူ့မှာဆိုရင်
3.5 inch Floppy Drives ရယ်၊ တစ်ခြား Peripheral တွေရယ်အတွက် +5V နဲ့ +12V ပေါ့။(၃)20-pin Main Motherboard Connector _ATX Standard အသစ်တစ်ခုပါ။Power ပေးတဲ့နှုန်းနဲ့ပတ်သက်ပြီး သတ်မှတ်ချက်
ပေးထားတာကတော့ PSU ရဲ့ Power အများစုဆိုရင် 5V နဲ့ 3.3V railsရှိရမယ်ဆိုပြီးတော့ သတ်မှတ်ထားပါ
တယ်။
ဘာကြောင့်လဲဆိုတော့ CPU တို့၊ RAM ၊ Chipset တို့ ၊ PCI ၊ AGP တို့ ၊ ISACard တို့.....အို...လျှပ်စစ်ပစ္စည်းအ
ကုန်နီးပါးလောက်က 5V ၊ ဒါမှမဟုတ် 3.3 V ကို သုံးမှရတယ်လေ။  12V rail ကိုတော့HDD ၊ FDD ၊ CD-ROM
စတဲ့ ပစ္စည်းတွေရဲ့ ပန်ကာတွေ၊ မော်တာတွေ အတွက်ပဲသုံးပါတယ်။ဒီ ATX ကိုပဲ သူစပေါ်ခဲ့တဲ့ ၁၉၉၅
ကနေစပြီး ဘာမှမပြင်ဆင်ဘဲနဲ့ သုံးလာလိုက်တာ ၂၀၀၀ ခုနှစ်ထိပါပဲ။

ATX 12V 1.x

ဒီလိုနဲ့ကွန်ပျူတာတွေမှာ Pentium 3 ကိုသုံးလာရာကနေ ၁၉၉၉/ ၂၀၀၀ ခုနှစ်လောက်လည်းရောက်ရော
Pentium 4 ကို စထွင်တော့တာပါပဲ။ အဲဒီမှာတင် အခုလက်ရှိသုံးနေတဲ့ 20-pin ATX Power Connector
ဟာ P4 မှာ တိုးတက်လာမယ့် လျှပ်စစ်ပစ္စည်းတွေအတွက် လိုအပ်ချက်တွေရှိနေပါတယ်။
မကိုက်ညီပါဘူးဆိုပြီးဖြစ်လာကြတယ်။ ဒါကြောင့် ATXကနေ ATX 12V 1.0 Standard အဖြစ်ထပ်ပြီး
တိုးချဲ့ပြုပြင်ရတော့တာပဲ။ အဲဒါကြောင့် ATX 12V 1.x Standard ကိုတစ်ခါတစ်လေကျရင် ATX P4
ဆိုပြီးခေါ်တာလေ။ Athlon XP နဲ့ Athlon 64 System တို့မှာ ဒီကောင်ကို ထည့်သုံးထားတယ်။ 

ATX 12V 1.0


ATX 12V 1.0 ကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီမှာ စထုတ်ခဲ့တာပါ။ သူ့မှာ ထပ်ပါလာတဲ့ Features တွေပြောင်း
လဲမှုတွေက တော့_(၁) CPU ကို ပါဝါပေးဖို့ 4pin ၊ 12-volt Connector အပိုတစ်ခုပါလာပါတယ်။ သူ့ကို
+12V Power Connectorလို့လည်း ခေါ်သေးတယ်။ ဒါပေမယ့် ဒီကောင်က Pentium 4 Processor ကို
Support ပေးတဲ့နေရာမှာ ပထမဆုံးလိုတဲ့ကောင်ဆိုတော့ P4 Connector လို့လည်း လူသိများပါတယ်။
အရင် Processor အဟောင်းတွေတုန်းက 5V rail နဲ့ ပါဝါပေးတာလေ။(၂)Motherboard ကြီးကို
လိုအပ်တဲ့အချိန်မှာ 3.3 V နဲ့ 5 V အပိုပါဝါပေးဖို့လို့ 6-pin AUX Connector ပါပါတယ်။ ဒီ3.3 V နဲ့ 5 V
တွေကို ATX 12V 1.x PSU တိုင်းကပေးနေပေမယ့် တစ်ခါတစ်လေကျရင် Motherboard တွေကလည်း
လိုလို့ပါ။ ဒါပေမယ့် ဒီလို Case မျိုးကရှားပါတယ်။(၃)12V rail ပေါ်က Power ကိုလည်း ထပ်မြှင့်ပေး
ထားပါတယ်။ (5 V တို့၊ 3.3 V rail တို့က Power တွေကတော့အတူတူပါပဲ။)


ATX 12V 1.1
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတုန်းက လုပ်ခဲ့တဲ့ ပြင်ဆင်ချက်သေးသေးလေးပါ။ အထူးခြားဆုံး ပြောင်းလဲသွား
တာက -5V railကို လုံးဝအသုံးမလိုတော့တာပါပဲ။ ဒီ Voltage တွေက သိပ်အသုံးနည်းတယ်လေ။
ISA add-on card တွေစိုက်တဲ့ Systemအဟောင်းတွေလောက်ပဲသုံးတာပါ။

ATX 12 V 1.3


စခဲ့တာက ၂၀၀၃ ခု၊ ပြေီလမှာပဲ။ ပြင်ဆင်ချက်အသေးစားလေးတွေ တော်တော်များများပါပါတယ်။
(၁)12V rail ပေါ်က ပါဝါကို နည်းနည်းလေးထပ်မြှင့်တယ်။
(၂)ပုံမှန် Load လုပ်ဖို့နဲ့ အလင်းပေးဖို့အတွက် PSU ကို လိုအပ်နေတောတွေ နည်းသွားမယ်။
(၃)အသံပိုင်းဆိုင်ရာ Level တွေသတ်မှတ်လာတယ်။
(၄)Serial ATA Power Connector စပါလာပါတယ်။

ATX 12V 2.x

ATX 12V 2.x မှာကျတော့ ပါဝါပိုင်းဆိုင်ရာအပြင် ဒီဇိုင်းပိုင်းမှာပါ သိသိသာသာကြီး ပြောင်းလဲသွားပါတယ်။
လက်ရှိသုံးနေတဲ့ ပါဝါပိုင်းရယ်၊ အရင်တုန်းကသုံးခဲ့တဲ့ ပါဝါရယ်ကို နှိုင်းယှဉ်တဲ့အခါမှာ 3.3 V နဲ့ 5 V rail
တွေကနေ ပါဝါပေးတာထက်PC အစိတ်အပိုင်းတွေကို 12 V နဲ့ ပါဝါပေးတာက အများကြီးပိုထိရောက်
ပါတယ်တဲ့။ စီးပွားရေးပိုင်းကနေ ကြည့်မလား၊စက်မှုပညာပိုင်းကနေကြည့်မလား..၊ နှစ်ခုစလုံးအတွက်
အရမ်းတိုးတက်လာတာကို တွေ့ရမှာပါ။

ATX 12 V 2.0


2.x မှာတုန်းက ပြောခဲ့တဲ့ အကျိုးကျေးဇူးကောင်းကွက်တွေက ဒီမှာလည်း ဒီအတိုင်းပါပဲ။ 2.0 ရဲ့ အားသာ
ချက်အနေနဲ့သီးသန့်ရှိပါသေးတယ်။
(၁)Main ATX Power Connector တွေကို အရင် System အဟောင်းတွေနဲ့လည်း ကိုက်ညီတဲ့ 24 pin
တွေအဖြစ်တိုးချဲ့လိုက်ပါတယ်။ နောက်ထပ်တိုးတဲ့ 4 pin တွေကြောင့် 3.3 V ၊ 5 V ၊ 12 V Circuit
အပိုတစ်ခုတိုးလာပါတယ်။
(၂)ATX 12 V 1.x မှာပါခဲ့တဲ့ 6 pin AUX Connector ကို ကျတော့ ဖယ်ပစ်လိုက်ပြီ။ 2.0 မှာ မပါတော့ဘူး။
ဘာလို့လည်းဆိုတော့ အပိုထည့်ပေးထားတဲ့ 3.3 V နဲ့ 5 V Circuit တွေက 24 pin main connector ထဲမှာ
ပါသွားပြီလေ။
(၃)Power အများစုကတော့ 12 V rail ထဲမှာ ထည့်ပေးထားပါတယ်။ 12 V rail မှာလည်း နှစ်မျိုးရှိပါသေး
တယ်။ 4 pinConnector အတွက်က 12 V2 ၊ တစ်ခြားဟာတွေအတွက်က 12 V1 ပေါ့။ စံသတ်မှတ်ထား
တာကတော့ သီးသန့်ကာကွယ်မှု တွေရှိနေတဲ့ ဒီ 12 V rail နှစ်ခုလုံဟာ Power ပိုင်းဆိုင်ရာ လိုအပ်ချက်
တွေအားလုံးနဲ့ သွားကိုက်နေရမယ်တဲ့။ပါဝါအရမ်းမြင့်တဲ့ တစ်ချို့ PSU တွေမှာ တွေမှာ rail နှစ်ခုလောက်
ရှိတယ်။ အဲဒီလို PSU အကြီးကြီးတွေအတွက်
သတ်မှတ်ထားတာတွေကျတော့ ဒီစံနှုန်းကနေ သတ်မှတ်ပေးထားတာ မဟုတ်ဘူး။
-3.3V နဲ့ 5 V rail ရဲ့ Power တွေက သိသိသာသာကြီး လျော့ကျသွားမယ်။
-Serial ATA Power Cable လိုလာပါပြီ။
-တစ်ခြား သတ်မှတ်ချက်တွေ၊ ထပ်တိုးတာတွေကလည်း အများကြီးပါပဲ။

ATX 12V V2.01

အသေးစားပြင်ဆင်ချက်လေးလုပ်ပြီး ၂၀၀၄ ခု၊ ဇွန်လမှာ ထုတ်လိုက်တာပါ။ -5 V rail ကတော့ လုံးဝကို
မပါတော့ဘူး။

ATX 12V V2.1

ဒီကောင်လည်းအတူတူပဲ။ ၂၀၀၅ ခု၊ မတ်လမှာအသေးစားပြင်ဆင်ပြီး ထုတ်လိုက်တာပါ။ သူတို့ကလည်း
ပြင်ပြင်နိုင်လွန်းတယ်နော်။ ဒီကောင့်မှာတော့ rail တွေအားလုံးမှာ Power တွေနည်းနည်းစီ မြှင့်ပေးထားတယ်။

ATX 12V V2.2

သူ့မှာ အဓိကပြောင်းလဲလိုက်တာက တစ်ခုပဲ။ Motherboard Power Connector မှာ အရည်အသွေး ပိုမြှင့်တဲ့
Connector တွေ သုံးလို့ရလာတာပါပဲ။
ရှင်းခဲ့သမျှအကုန်လုံးက ATX ရဲ့ သမိုင်းကြောင်းတွေပါပဲ။သူတို့ကပြောင်းလိုက်၊ နောက်တစ်မျိုး ပေါ်လာလိုက်နဲ့။
နည်းနည်းလေးထပ်ထည့်လိုက်တာနဲ့ Version နောက်တစ်မျိုးဖြစ်သွားရော။ ဘာဖြစ်လို့ ဒီလောက်ပြောင်း
နေမှန်းမသိဘူး။ ဒီမှာရေးရတာ ညောင်းလာပြီ။ ဒါပေမယ့် ညောင်းသလောက်ရေးရတာ ပျော်ပါတယ်။
ကိုယ့်အသိပညာလေးကို ဖြန့်ဝေပေးရတာကိုး။

ကဲ....ကဲ ဆက်ကြဦးစို့နော်။
ပြောခဲ့တဲ့ ATX တွေထဲမှာ နောက်ဆုံးပေါ်တဲ့ကောင်က ATX 12 V 2.2 ပေါ့နော်။ ဒီကောင်နဲ့အရင် ATX V 1.3 နဲ့
ဘယ်လိုကွာလဲဆိုတော့ သေချာပြန်ချကြည့်ရအောင်။
 
(၁)PCI Express အတွက် 20-Pin Connector အစား 24-Pin Main Power Connector ကို သုံးလာတယ်။
(၂)6-Pin Aux Power Connector တွေက လုံးဝ၊ လုံးဝကို မလိုတော့ပါဘူး။
(၃)18 A ထက်ပိုများတယ်ဆိုရင် 12 V Rails ကို ပြိုင်တူသုံးပါတယ်။
(၄)Serial ATA Power Connector ကိုတော့ စသုံးလာပါပြီ။
(၅)Power Conversion Efficiency လည်း နည်းသွားပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာ အသစ်ပါလာတဲ့အသုံးအနှုန်းနဲ့ ပစ္စည်းလေးတွေအကြောင်း ဆက်ရှင်းရင်
ကောင်းမလား မသိဘူး။

24-Pin Main Power

ATX 12 V Standard ပေါ်လာတဲ့အတွက် အသိသာဆုံး ပြောင်းလဲမှုကို ပြောပါဆိုရင် 24-Pin Express
က 75 Wattလိုတယ်လေ။ ဒီ Watt ကိုကျတော့ အရင် 20-Pin Connector တွေက မပေးနိုင်ဘူး။
ဒါကြောင့် 24 Pin Connectorပြောင်းသုံးလိုက်ရတာ။ အခုနောက်ပိုင်းထွက်တဲ့ 24-Pin တွေမှာတော့
အရင်တုန်းက 20-Pin Connector သုံးတဲ့ Boardတွေနဲ့ပါ တွဲသုံးနိုင်အောင် ထုတ်လုပ်လာကြပါပြီ။
သူတို့မှာဆို 20-Pin သပ်သပ်၊ 4-Pin က သပ်သပ်ခွဲပေးထားတာကိုတွေ့ရမှာပါ။

Dual 12 V Rails

System တွေထဲမှာ Processor တွေ၊ Drives တွေ၊ Fan တွေအတွက် ပါဝါလိုအပ်ချက်တွေက
တဖြည်းဖြည်းနဲ့ များလာတော့ 12 rail ကနေပေးရတဲ့ Power ပမာဏကလည်း များလာတာပေါ့။
ဒီလိုမျိုးများများလာတာက အန္တရာယ်ရှိတယ်လေ။ဒီပြဿနာကနေ ဖြေရှင်းနိုင်ဖို့အတွက် အခုနောက်ပိုင်း
ထွက်သမျှ Board တိုင်းမှာ ပါဝါ 18A ထက်ပိုပြီး ထုတ်ပေးနိုင်တဲ့Power Supply တွေပါလာကြတယ်။
ဒီလို 18A ထုတ်ပေးတာကြောင့် 12 rail တွေကနေ သီးသန့် 12V rail လိုင်းနှစ်ခုခွဲပြီးအလုပ်လုပ်ပေးတာ
ကြောင့် ပါဝါစွမ်းအားတည်ငြိမ်စေတယ်။ အန္တရာယ်လည်း မဖြစ်တော့ပါဘူး။ High Watt ပါတဲ့ ပါဝါ
Supply အချို့ဆိုရင် သီးသန့် 12V rail လိုင်း၃ခုတောင် ခွဲထွက်ပေးတာ တွေ့ရတယ်။

Serial ATA Connectors

ဟိုးအရင် ATX v1.3 Power Supply တွေမှာ တွေ့ရတဲ့ Serial ATA Connector တွေကထည့်သာ
ထည့်ထားပေမယ့်သိပ်မလိုပါဘူး။ သိပ်အသုံးမများပါဘူး။ နောက်ပိုင်း SATA Drive တွေ ထည့်သုံးပြီး
နောက်ပိုင်းကျတော့မှ Power Supplyတွေအားလုံးမှာ Connector အရေအတွက်လျော့နည်းသွား
ပါတယ်။  ATX v1.3 unit တွေတုန်းက Connector နှစ်ခုလောက်ပဲပေးပေမယ့် ATV v2.0 unit
အသစ်တွေမှာဆိုရင် ၄ခုလောက် Supply ပေးတယ်။ကွန်ပျူတာအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့
လျှပ်စီးကြောင်းတွေကို Wall Outlet Voltage ကနေ Lower VoltageLevel ကို ပြောင်းတဲ့အချိန်မှာ
တစ်ချို့လျှပ်စီးကြောင်းလေးတွေက အပူအဖြစ်ကို ပြောင်းပြီး အလဟဿဖြစ်သွားတာမျိုး ဖြစ်တတ်
တယ်။ ဒါကြောင့် ဒီ Power Supply တစ်ခုဟာ 500 W ပေးတယ်လို့ ပြောထားပေမယ့် တကယ်တမ်း
Wall ကနေဆွဲယူတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ဆွဲယူရပါတယ်။ ဒါကြောင့် Power Efficiency Rating
ဆိုတာ ဖြစ်လာတာပါ။ကွန်ပျူတာကနေ ပြန်ထွက်လာတဲ့ Power နဲ့တကယ်တမ်း Wall ပေါ်ကနေ
ဆွဲယူတဲ့ Power နဲ့ကို နှိုင်းယှဉ်ထားတဲ့ဟာကိုPower Efficiency Rating လို့သတ်မှတ်ခဲ့တာပါ။
Standard အသစ်တွေမှာ Power Efficienchy အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်ရှိရပါမယ်။
သို့သော် တကယ်တမ်း ရှိသင့်တာကတော့ ၈၀ ရာခိုင်နှုန်းလို့ပြောပါတယ်။ Wattage Level ဘယ်
လောက်ပဲရှိရှိ Power Efficiency ၈၀ ရာခိုင်နှုန်းထက်ပိုပြီးပေးနိုင်တဲ့ Power Supply ကတော့
တကယ့်ကို နည်းနည်းလေးပဲရှိပါသေးတယ်။

20-Pin PSU နဲ့ 24-Pin Power Supply Unit (PSU) ဘာကွာတာလဲ?

Motherboard တစ်ခုမှာက 20-Pin Connector ၊ နောက်တစ်ခုမှာက 24-Pin Connector
ဖြစ်နေတယ်။ ဟုတ်လား။ဒါဆိုရင်တော့ ရှင်းစရာနည်းနည်းရှိလာပြီပေါ့။ 20-Pin Connector တွေက
ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ ATX 1.x Standardအဟောင်းတွေမှာသုံးခဲ့တာဖြစ်ပြီး 24-Pin Connector
ကတော့ အခုခေတ်မှာသုံးနေကြတဲ့ ATX 2.x Standard အသစ်တွေမှာ သုံးလာတာဖြစ်ပါတယ်။
ဒီမှာပိုမြင်သာအောင် 20-Pin နဲ့ 24-Pin Connector တွေကို ရှင်းလင်းပြပေးထားပါတယ်။
ကြည့်ပါဦး။ ဒီဟာကတော့20-Pin Power Connector ထဲက Pin တွေပါ။


ကဲ 24-Pin Connector ပေါ်က Pin တွေကို ကြည့်ချင်ရင်တော့ ဒီမှာကြည့်...။

ဒီနှစ်ခုက ဘာကွာလို့လဲတဲ့...။  အဓိကကွာတာက Pin 11 ရယ်၊ Pin 11 ရယ်၊ Pin 12 ရယ်၊ Pin 23 ရယ်၊
Pin 24 ရယ်တို့ပါ။ 20-Pin မှာကြည့်လိုက်လေ။ Pin 11 က 12 V ၊ Pin 12 က 3.3 V ၊ Pin 23 က
5 V နဲ့ Pin 24 က ground ဆိုပြီးသတ်မှတ်ပေးထားတာတွေ့တယ်မဟုတ်လား။ ဒီကောင်တွေလောက်ပဲ
ကွာသွားတာပါ။ 20-Pin Connector ကနေ 24-PinConnector ကို ပြောင်းပေးနိုင်တဲ့ Cable ကို
လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီ Cable ကို သုံးတော့မယ်ဆိုရင်တော့ PSU မှာ
ဒီလိုသုံးဖို့အတွက် Ample Power ရှိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့် Motherboard က လို
တာက 8 Pin ၊ ဒါမှမဟုတ် 4 Pin ရှိတဲ့ 12 V Auxiliary Connector ကို လိုနေတယ်။ ဒါပေမယ့် လက်ရှိ
ကိုယ့်စက်ပေါ်ကPSU မှာက တစ်ခုမှမပါဘူးဆိုရင်တော့ PS အသစ်တစ်ခုရှိမှပဲ ရတော့မှာပါ။ ကိုယ့်ဆီမှာ
ရှိတာက 4-Pin aux Connector ၊ကိုယ်လိုနေတာက 8-Pin ဆိုလို့ရှိရင်လည်း အဲဒီ 4-Pin ကို 8-Pin
အဖြစ်ပြောင်းပေးနိုင်တဲ့ Converter လည်း ရှိပါသေးတယ်။
အပြင်မှာ ၀ယ်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်တွေစမ်းသပ်ကြည့်လို့ သိရသလောက်ကတော့ အဲဒီလို Converters တွေကိုသုံးတာ
ထက် PSU အသစ်တစ်ခု ၀ယ်သုံးလိုက်တာကမှ ပိုပြီးလွယ်ကူပြီး အလုပ်ရှုပ်သက်သာသေးတယ်။ ဟို
Converters တွေသုံးတာက Casingထဲမှာ ၀ါယာတွေရှုပ်ကုန်တာပဲ ရှိတယ်။ဒါလောက်ဆိုရင်
Power Supply အကြောင်းကို သေသေချာချာနားလည်ရောပေါ့နော်။ ဒီတော့ အဆုံးသတ် အမှာစကား
ပြောရဖို့ပဲ ကျန်တော့တယ်။ဒီတော့ Power Supply တစ်ခုကို ကိုယ်က၀ယ်ရတော့မယ်ဆိုရင်
ကိုယ့်ကွန်ပျူတာ System ရဲ့ ပါဝါသတ်မှတ်ချက်၊လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Power Supply
မျိုးဝယ်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ချက် ပြောလို့ရတာက ATXStandard တွေအားလုံးက
အရင်တုန်းက System အဟောင်းတွေနဲ့ ပါ တွဲဖက်သုံးလို့ရအောင် ထုတ်ပေးတာပါ။ ဒီတော့ ကဲ
Power Supply အ၀ယ်ထွက်ရပြီဆိုလို့ရှိရင် အနည်းဆုံး ATX v2.01 လောက်ရှိတဲ့ (သို့) ဒီထက်မြင့်တဲ့
Power Supplyမျိုးကို ၀ယ်တာအကောင်းဆုံးပါပဲ။ ဒါတွေက ATX System အဟောင်းတုန်းက
20-Pin Main Power Connector တွေကိုလည်း ကောင်းကောင်းထောက်ပံ့ပေးနိုင်တယ်လေ။
ဒါကြောင့် Power Supply အ၀ယ်တော်လုပ်ရတဲ့ လူတွေအားလုံး အဆင်ပြေပြေနဲ့ အ၀ယ်ထွက်နိုင်ကြပါစေ။

ref : http://www.zawlynnhtun.page.tl/Hardware-Special.htm

0 comments:

Post a Comment

Search