welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, October 2, 2012

Saw Linux  /  6:40 PM  /    /  No comments

အရင်တုန်းက computer လောကမှာ Apple ရဲ့ Mac OS သုံးတဲ့ computer ၀ယ်ရမလား၊ Microsoft Windows OS သုံးထားတဲ့ IBM compatible computer ပဲ ၀ယ်ရမလား ဆိုပြီး အဓိက အမျိုးအစားကြီး ၂ မျိုးကွဲနေပါတယ်။
Apple ရဲ့ ကွန်ပျူတာတွေနဲ့ IBM compatible ဖြစ်တဲ့ ကွန်ပျူတာတွေက နည်းပညာ၊ architecture မှာ လုံးဝ မတူခဲ့ကြတဲ့ အတွက် သီးသန့်စီလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ် လောက်က စပြီး Apple က သူ့ကွန်ပျူတာတွေမှာ Intel ရဲ့ CoreDuo နဲ့ Core2Duo CPU တွေကို သုံးခဲ့တာကနေ စပြီး ကွန်ပျူတာ လောကရဲ့ အခြေအနေ တစ်မျိုးပြောင်းသွား ခဲ့ပါတယ်။
Apple က သူ့ကွန်ပျူတာတွေ ထဲမှာ Intel ရဲ့ Core2Duo processor တွေကို သုံးလာတဲ့ အချိန်ကစပြီး သူ့ရဲ့ ကိုယ်ပိုင် နာမည်ကြီး Mac (Macintosh) operation system ကိုလည်း နည်းပညာပိုင်းမှာ ပြောင်းလဲခဲ့ပါတယ်။ ဆိုလိုတာက Mac OSX ကို Core2Duo CPU တွေနဲ့ အလုပ်လုပ် နိုင်ဖို့ ပြင်ပြီး ရေးခဲ့ပါတယ်။ ဒီတော့ Core2Duo CPU ကို သုံးထားတဲ့ Apple စက်တွေအတွက် ရေးထားတဲ့ Mac OS X ဟာ Core2Duo architecture နဲ့ တည်ဆောက်ထားတဲ့ IBM compatible ကွန်ပျူတာတွေမှာလည်း ထည့်သုံးလို့ ရမယ့် အနေအထား ဖြစ်သွားတာပေါ့။ သူတို့က နည်းပညာ အခြေခံပိုင်းမှာ အတူတူပဲလေ။ ဒီလိုနဲ့ hacker တွေက Mac OS X ကို ပုံမှန် PC တွေမှာ install လုပ်သုံးနိုင်အောင် ဖန်တီးခဲ့ကြပါတယ်။ (ဒီအကြောင်းကို post တစ်ခု ရေးခဲ့ပါတယ်)

ဒီတစ်ခါ ပြောချင်တာက Mac OSX အကြောင်း မဟုတ်ပါဘူး။ Apple က ထုတ်တဲ့ MacBook နဲ့ MacBook PRO ဆိုတဲ့ laptop တွေက လူကြိုက်များပါတယ်။ သူတို့ရဲ့ ဖြူဖွေးနေတဲ့ body color နဲ့ design က တစ်ခြား PC laptop တွေနဲ့ ယှဉ်ကြည့်ရင် မျက်စိကျစရာ ကောင်းလှပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ ပိုသဘောကျမယ် ထင်ပါတယ်။ တစ်ကယ်ကို စွဲမက်စရာ ကောင်းလှပါတယ်။ ပြီးတော့ Mac Mini ဆိုတဲ့ ကွန်ပျူတာလေး ဆိုရင်လည်း ထမင်းဘူးလေး လောက်ပဲ ရှိပြီး ချစ်စရာ သိပ်ကောင်းပါတယ်။ ဈေးလည်း သိပ်မများပါဘူး။ အသံလည်း ငြိမ်တယ်။ ပေါ့လည်း ပေါ့တယ်လေ။ သေးသေးလေး ပေမယ့် အထဲမှာ ကွန်ပျူတာ တစ်လုံး ပါရမယ့် အရာ အားလုံးပါပါတယ်။ Windows OS ကိုသာ ထည့်သုံးမယ် ဆိုရင် အသေးဆုံး၊ ချစ်စရာ အကောင်းဆုံး PC လေးလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။
ဒါပေမယ့် ခက်တာက အဲဒီ လို ချစ်စရာ၊ စွဲမက်စရာ ကောင်းတဲ့ Mac Mini, MacBook (white) နဲ့ MacBook PRO ကွန်ပျူတာတွေက Apple ဆိုတော့ ပုံမှန်အားဖြင့် Mac OS X ကို သုံးထားကြပါတယ်။ Mac OSX (Leopard) ဆိုတဲ့ operating system က သုံးရတာ ကောင်းပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံ user တွေနဲ့ friendly မဖြစ်တဲ့ပြင် Windows (အထူးဖြင့် dotNET) developer တွေအတွက်လည်း အဆင်မပြေပါဘူး။ သူက Windows နဲ့ လုံးဝမတူတဲ့ operating system တစ်ခု ဖြစ်နေတာကိုး။ Business user တွေနဲ့ တစ်ခြား Windows တင်မဟုတ်တဲ့ developer တွေကတော့ သုံးကြပါတယ်။ ဒါပေမယ့် Windows သုံးတာနဲ့ ယှဉ်ရင် အရေအတွက် မများဘူးလို့ ပြောလို့ရပါတယ်။ Apple က hardware quality လည်းကောင်းပါတယ်။

ဒီတော့ တစ်ချို့က MacBook အဖြူရောင် laptop လေးတွေကို သဘောကျတယ်။ ချစ်စရာ ကောင်းတယ် လို့လည်း လက်ခံတယ်။ ဒါပေမယ့် သုံးချင်တာက Widnows OS ဖြစ်နေတော့ အဝေးကနေပဲ လွမ်းခဲ့ရပါတယ်။
အခုတော့ Apple ကိုယ်တိုင်ကနေ သူ့ရဲ့ Intel Core2Duo သုံးထားတဲ့ Apple computer တွေထဲကို Windows OS ကို install လုပ်ပြီး သုံးလို့ရအောင် support ပေးလိုက်ပါပြီ။ ဒါကြောင့် Apple laptop လေးတွေနဲ့ Windows OS သုံးချင်သူတွေ အတွက် ၀မ်းသာစရာပါ။
Apple က သူ့ရဲ့ Core2Duo CPU ကို သုံးထားတဲ့ iMac, Mac Mini, MacBook, MacBook PRO စတဲ့ ကွန်ပျူတာတွေမှာ BootCamp ဆိုတဲ့ software လေးကို ထည့်ပေးခဲ့ပါတယ်။ အဲဒီ BootCamp software လေးကို သုံးပြီး hard disk ကို partition အသစ်ခွဲလိုက်ပြီး Windows XP, Windows Vista နဲ့ Windows 7 တို့ကို ထည့်လို့ရပါတယ်။ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Dual Boot လုပ်တယ်လို့ ပြောလို့ရပါတယ်။ အဲလို Dual Boot မလုပ်ချင်ဘူး ဆိုရင်လည်း Core Fusion လို software တွေ သုံးပြီးတော့ Virtual Machine ပုံစံနဲ့ Mac OSX ရော၊ Windows OS ရော နှစ်ခုလုံးကို တစ်ပြိုင်နက်ထဲ run ချင်၊ သုံးချင်လည်း ရပါတယ်။ ဒါပေမယ့် BootCamp နဲ့ သီးသန့်စီ dual boot လုပ်တာက ပိုကောင်းတာပေါ့နော်။

အဲဒီလို Apple Mac ကွန်ပျူတာထဲကို Boot Camp သုံးပြီး Windows OS ကိုထည့်တာဟာ ကောင်းကောင်း compatible ဖြစ်ပါတယ်။ Device Driver တွေ အတွက်လည်း မပူပါနဲ့။ BootCamp ကို သုံးရင် Winodws driver တွေကို Apple computer အတွက် တစ်ခါထဲ ဖန်တီးပေးပါတယ်။ Microsoft Visual Studio ကိုတောင် install လုပ်ပြီး အလုပ်လုပ်လို့ ရပါတယ်။ Windows application တွေကိုလည်း develop လုပ်လို့ရတယ်လေ။ Windows နဲ့ ပုံမှန် သုံးနေတဲ့ အတိုင်း အားလုံး လုပ်လို့ရတယ် ဆိုပါတော့။ Windows OS အတွက် ရေးထားတဲ့ DirectX, OpenGL သုံးတဲ့ game တွေ အားလုံးလည်း ကစားလို့ ရပါတယ်။ များသောအားဖြင့် Apple MacBook, Mac Mini တွေက Nvidia ရဲ့ Geforce 9400M graphic chipset တွေနဲ့ လာတဲ့အတွက် graphic စွမ်းရည်ကောင်းပါတယ်။ Mac Book PRO ဆိုရင် Geforce 9600GT လို အမြင့်စား graphic processor တွေတောင် ပါပါတယ်။ ဒါကြောင့် Windows Vista ထည့်ပြီး ကောင်းကောင်း အလုပ်လုပ်လို့ ရသလို၊ game တွေလည်း ကစားလို့ ရစေပါတယ်။

Apple Mac Book (white) လေးထဲကို Windows Vista ကို boot camp နဲ့ ထည့်တာ လုံးဝ အဆင်ပြေတယ် ဆိုပါတယ်။ Left4Dead, Brothers in Arms လို အဆင့်မြင့် DirectX 10 game တွေ ကိုလည်း ကောင်းကောင်း ကစားလို့ ရပါတယ်။ Microsoft Visual Studio 2008 ကို ထည့်ပြီး အလုပ်လုပ် တာလည်း အားလုံး အဆင်ပြေတယ် လို့ ဆိုပါတယ်။
ချစ်စရာလည်းကောင်း၊ လှလည်းလှတဲ့ MacBook အဖြူလေးတွေကို 1500 S$ လောက်နဲ့ ၀ယ်လို့ရပါတယ်။ (Core2Duo 2.0, 2GB RAM, 160GB HD) နဲ့ပါ။ 4GB RAM နဲ့ 320GB hard disk နဲ့ ဆိုရင် 2000 နီးပါးလောက်တော့ ရှိပါတယ်။ ကျွန်တော့ အနေနဲ့ ဆိုရင်တော့ Mac OS X မှာလည်း program တွေ ရေးချင်တယ်၊ Windows နဲ့လည်း အလုပ်လုပ်ချင်တယ် ဆိုတော့ MacBook လေးဝယ်ပြီး dual boot လုပ်တာ စိတ်ဝင်စားမိပါတယ်။ MacBook PRO တွေရဲ့ touch pad က multi-touch လည်း ရပါတယ်။ Windows 7 နဲ့ ပိုအဆင်ပြေတာ ပေါ့နော်။

ဘယ်လိုပဲ ဖြစ်ဖြစ် style ကျကျ၊ အဆင့်မြင့်မြင့် ဟန်လေးပန်လေးနဲ့ MacBook လေးကို လည်း ကိုင်ချင်တယ်။ Windows Vista သုံးမှလည်း ဖြစ်မယ် ဆိုတဲ့သူတွေ အတွက် အခုတော့ အရမ်းကို ၀မ်းသာ စရာ အဆင်ပြေ သွားတာပေါ့နော်။ ပြီးတော့ Mac OS X ကို တစ်ခြား PC မှာ ထည့်တာက illegal ဖြစ်ပေမယ့်၊ MacBook ထဲကို Windows installer DVD ကို တရားဝင် ၀ယ်ပြီး Windows ထည့်သုံးတာက တရားဝင်တယ် လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ပို အဆင်ပြေတာပေါ့နော်။

Style ကျကျ MacBook ဖြူဖြူ လေးတွေကို ကျော့ကျော့လေး ကိုင်ပြီး Windows XP/Vista နဲ့ Windows7 တွေ မသုံးချင်ဘူးလား……..။

ref: http://thiha-ucsm.blogspot.com/2009/08/cute-macbooks-for-windows-users.html

0 comments:

Post a Comment

Search