welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Saturday, June 8, 2013

Saw Linux  /  5:20 AM  /    /  2 comments

ကျနော်ဒီတစ်ရက်နှစ်ရက်အတွင်း moble phone တစ်လုံးကိုကလိရင်းနဲ့တစ်ခြား topic တွေမရေး ဖြစ်ဘူး။ တကယ်တော့ ဖုန်းစင်စတန်တွေကို ကျနော်မလေ့လာဖြစ်ခဲ့ပါဘူး။ မ၀ယ်နိုင်တာလဲပါတာပေါ့။ နည်းပညာတစ်ခုကိုလေ့လာတယ်ဆိုရင် practical အပိုင်းနဲ့အများကြီးသက်ဆိုင်ပါတယ်။ သူများ ဆိုက်ကနေ ကော်ပီယူပြီးတင်ထားတယ်ဆိုလဲရသားပဲ။ ပို့စ်တင်တယ်ဆိုတာ ကိုယ်တင်ပြသလိုသူများကို လဲရှင်းပြနိုင်ပါမှအဆင်ပြေတယ်မလား။ ဒါကြောင့် ဖုန်းပိုင်းဆိုင်ရာဆို ကျနော်အတော်အားနည်းတယ်လို့ ပြောပါရစေ။

အခုတော့ အခြေအနေကပေးလာပါပြီး သူငယ်ချင်းတစ်ယောက် Samsung Galaxy sIII (3) ဖုန်းတစ်လုံးဝယ်လာပြီးတော့ မြန်မာစာထည့်ချင်တယ်တဲ့။ သူ handset ကလဲ အစစ်မဟုတ်။ အစစ် ဆို ဘတ်တစ်သောင်းရှစ်ထောင်လောက်ပေးရမယ်။ အခုက ငါးထောင်ကျော်လောက်ပဲပေး၇တယ်။ ဒါဆိုသဘောပေါက်ပြီးပေါ့။ အစစ်၊ အတုခွဲခြားခြင်းကိုတော့အလျှင်းသင့်တဲ့အခါမှတင်ပေးတော့မယ်။

ကဲ ဒါဆိုစကြရအောင်...ထုံးစံအတိုင်း Mobile Phone အများစုသုံးတဲ့ Operation System OS တွေဟာ Andriod System တွေဖြစ်ပါတယ်။ အဲဒီစင်စတန်ထဲမှာ မိမိကိုယ်ပိုင် Appပရိုဂရမ် တွေထပ်တင်ချင်တယ်ဆိုရင် Super User Administrator အဖြစ်သုံးနိုင်ဖို့ Root ဖေါက်ရ ပါတယ်။ Root ဖေါက်တာအောင်မြင်မှသာလျှင် ကျနော်တို့ထပ်မံပြီး လိုချင်တဲ့ပရိုဂရမ်လေးတွေကို အင်စတောပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Samsung S3 Clone GT-I9300 ( 4.1.9) (အစစ်၊ျအတု)ကို Root လုပ်နည်း

Samsung S3 Clone GT-I9300 ( 4.1.9)ဖုန်းတွေကို root မလုပ်ခင် အရင်သိထားရမှာကမိမိဖုန်းဟာ မိမိအသုံးပြုမယ့်
ကွန်ပျူတာနဲ့ အချင်းချင်းဆက်သွယ်နိုင်ဖို့ Phone USB Driver သွင်းထားဖို့လိုအပ်ပါတယ်။ ဒါပထမဆုံးသိရမယ့်အချက်
ဖြစ်ပါတယ်။ ဒါကိုလုပ်လို့အောင်မြင်ပြီးမှ root ပြုလုပ်တာကို ဆက်သွားရမှာဖြစ်ပါတယ်။ ဒီ Root လုပ်နည်းကတော့
ကွန်ပျူတာကနေ လိုက်လုပ်ရုံပါပဲ။ ဟန်းစက်ကနေPower + Volume Down စသသည် ခလုတ်နှိပ်ပြီး လုပ်စရာမလိုပါ။

Samsung S3 Clone GT-I9300 ( 4.1.9)အတွက် USB Driver ဒေါင်းရန်
usb_driver_MT65xx_Android_.rar

Usb Driver သွင်းနည်း

၁။ Desktop ပေါ်မှာ Rar ဖိုင်ကိုဖြည်ထားလိုက်ပါ။
၂။ Computer > Right Click> Manage ကိုနှိပ်ပြီး Device Manager ကိုဖွင့်ပါ။
၃။ ထိုတွင် MT65xx_Android ကိုရှာပြီး ၎င်းကို Right Click ထောက် Update Driver ကလစ်နှိပ်ပါ။ ၄။ နောက်ပေါ်လာဘောက်စ်တွင် အောက်က Browse Driver ကိုနှိပ်ပြီး ခုဏက Desktop ကနေ ထားတဲ့ usb_driver_MT65xx_Android_.rar ကိုအဆင့်ဆင့်ဖွင့်ပြီး usb_driver ထိရွေးပြီး OK ကိုနှိပ်ပြီး ခဏစောင့်ပါ။ အင်စတောထည့်သွင်းလို့ပြီးရင် Device Manager ကိုပြန်ချက်ကြည့်လိုက် ပါ။ အ၀ါရောင်ခလန်မေးရှင်းမရှိတော့ပါဘူး။

ဒါဆို usb driver ထည့်သွင်းတာပြီးသွားပါပြီ။

Root လုပ်နည်း

Root လုပ်ဖို့အတွက် အောက်ပါ Root_with_Restore_by_Bin4ry_v28.zip ကိုဒေါင်းပါ Root_with_Restore_by_Bin4ry_v28.zip

၁။ Root_with_Restore_by_Bin4ry_v28.zip ကို ဖြည်ထားလိုက်ပါ။
၂။ ၎င်းဖိုလ်ဒါထဲက Run me ဆိုတာကိုကလစ်နှိပ်လိုက်ပါ။ အဲဒါကိုနှိပ်လိုက်ပြီးတာနဲ့ CMD.EXE အလုပ် နေတာတွေ့၇ပါလိမ့်မယ်။
၃။ မိမိက NormalRoot လုပ်မှာဖြစ်သည့်အတွက် ကီးဘုတ်ပေါ်ကနေ ဂဏန်း 1 ကိုနှိပ်ပြီး Enter
၎။ CMD ကနေ processing လုပ်ငန်းစဉ်ခဏလုပ်ပြီး မိမိဖုန်းမှာ Do Not Restore & Restore My date စာတန်းပေါ်လာမည်။ Restore My date စာတန်ကိုရွေးပြီ enter ဆက်နှိပ်ပါ။
 ၅။ CDM က နောက်ထပ်စာတန် reboot your device 10 seconds ...ပေါ်လာပြီး ဖုန်းက အလိုအလျှောက်ကျသွားပါလိမ့်မည်။
၆။ ပြီးတာနဲ့ ဖုန်းကို Power ချက်ချင်းပြန်ဖွင့်ပါ။ ပြီးတော့ CMD က ခဏအလုပ်လုပ်ပြီး ခဏကြာ CMD အကွက်တွင် Press Any Key to Continue ...ဆိုပြီးပေါ်လာမည်။ ကီးဘုတ်ပေါ်က ကီးတစ်ခု ခုနှိပ်လိုက်ပါ။ ဖုန်းက reboot ကျသွားပြီး ပြန်တက်လာမည်။ Supper User ပေါ်လာပြီးဆိုရင် Root လုပ်တာအောင်မြင်သွားပါပြီး။

 မြန်မာ (ဇော်ဂျီ) ဖေါင့်သွင်းနည်း

Root လုပ်လို့အောင်မြင်သွားပြီးဆိုရင် မိမိထည့်သွင်းချင်တဲ့ ပရိုဂရမ်တွေထည့်လို့ရပါပြီး။ ကဲ..ဒါဆို မြန်မာဖေါင့်သွင်းရအောင်... မိမိဖုန်းဟန်းဆက်က အစစ်ဆိုပြဿနာမရှိသော်လည်း အတုဆိုအင်မတန်ပြဿနာများပါတယ်။ အတုသ မားများအတွက် ကျနော်သူငယ်ချင်းတစ်ယောက်ကပေးလိုက်တယ်။ FontChanger.apk ပါပဲ။ ဖုန်းအစစ်တွေက ကြိုက်တဲ့ .apk ထည့်လို့ရပါတယ်။

FontChanger.apk ကို ဒေါင်းပါ
FontChanger.apk

 ဒေါင်းပြီးရင် ဇစ်ဖိုင်ကိုဖြည်ပြီး မိမိဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ၎င်းဖိုင်ကို မိမိဖုန်း USB Device မှာထည့်လိုက်ပါ။ ထိုနောက်မိမိဖုန်းရဲ့ Filemanager ကိုဖွင့်ပြီး ခုဏကကော်ပီယူထားတဲ့ FontChan ger.apk ကို Install ထည့်သွင်းလိုက်ပါ။
ကျနော်အသေးစိတ်တော့မရေးပြတော့ဘူး။ မြန်မာဝက်ဘဆိုက်တွေဖွင့်ကြည့်လိုက်ပါ။

Font Keyboard အတွက်
 Font Keyboard များဒေါင်းလုပ်ရန်
Bagan Keyboard Pro1.0.1
FrozenKeyboard_1.1.3.apk
iTextmm2.apk
 
 Font Keyboard မြန်မာစာရိုက်ဖို့အတွက် ကီးဘုတ်သုံးမျိုးလောက်တင်ပေးလိုက်မယ်။ကျနော်အခုသုံး
Samsung Galaxy s3 (GT-19300) အတုအတွက်ကတော့ သုံးမျိုးစလုံးကိုအင်စတောလုပ်လိုက်တယ်။
Filemanager ကနေ အင်စတော့လုပ်ပေါ့နော်။ ပြီးရင် Samsung Galaxy s3 (GT-19300) ကနေ
setting> language & input ကိုဝင်ပြီး Bagan Keyboard Pro1.0.1 ကိုအမှန်ခြစ်ပြီး OK
ထိုနောက် Bagan Keyboard ရဲ့ ညာဖက်အကွက်လေးကို တစ်ချက်နှိပ်ပါ။ Bagan Keyboard ဖန်ရှင်
တွေပေါ်လာမည်။ Active Bagan Keyboard ကိုတစ်ချက်နှိပ်ပါ။ FrozenKeyabord ကိုတစ်ချက်နှိပ်ပြီး
OK
ဒါဆို ဒီSamsung Galaxy s3 (GT-19300) ဖုန်းအတုကို မြန်မာစာရိုက်လို့ရပါပြီး။

အဆင်ပြေမယ်ထင်ပါတယ်။
 စောလင်းနက်စ်

2 comments:

  1. ကိုသူရရေကူညီပါဦး
    ကျွန်တောဖုန်rootလုပ်တာshutdownကျပြီrestartပြန်မလာတောဘူး။ဖုန်းကLG-p705fပါ။ပါဝါတက်ပါတယ်lg logoတံဆိပ်လေးတင်၇ပ်နေတယ်။
    ဘယ်လိုလုပ်ရမလဲပြောပျြပးပါဦး

    ReplyDelete
  2. အစ်ကို ကျနော့်ကို ကူညီပါဦး
    ဖုန်းက samsung s3 GT- 19300 ပါ ကျနော့် သူငယ်ချင်းက ကလိလိုက်တာ ဖုန်းက ဖွင့်လိုက်တာနဲ့ Too many pattern attempts lock ကျနေတယ်. google account user name နဲ့ password လည်း တောင်းတယ်။အဲဒါဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ပြောပြပေးပါဦးခင်ဗျာ။

    ReplyDelete

Search