welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Monday, September 2, 2013

Saw Linux  /  6:05 AM  /    /  No comments
Gnome Partition Editor သည် partition ပြန်ပိုင်းတဲ့နေရာမှာ အကောင်းဆုံး tool တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ၀င်းဒိုးရှိ
ထားတဲ့ computer တစ်လုံးအတွက် Linux OS ထပ်တင်ခြင်တယ်ဆိုရင်(Dual Boot) တင်ခြင်တယ်ဆိုရင် Linux OS အ
တွက် partition ကြိုတင်ပိုင်းထားရမယ်။ အဲလိုလုပ်မယ်ဆိုရင် Gnome Partition Editor နဲ့ သုံးဖို့ တိုက်တွန်းချင်ပါတယ်။

Linux OS အတွက် partition ပိုင်းပုံနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ မသိသေးသော ပုဂ္ဂိုလ်မျှသာရည်ရွယ် ပါ
တယ်။ ဥပမာ...C/ D/ Drive နှစ်ခုရှိတယ်ပေါ့ဗျာ။ အဲဒါကို Linux OS တင်ချင်တယ်။ အရင်ဆုံး Gnome Partition CD ကို
ကွန်ပျူတာထဲထည့်ပြီး boot တက်လိုက်ပါ။ Gprated Screen-shoot ပေါ်တဲ့အထိစောင့်ပါ။ Gprated Screen-shoot ပေါ်
လာပြီးဆိုရင် ပါတေးရှင်းအတွက်ပိုင်းဖို့အဆင့်သင့်ဖြစ်နေပါပြီး။

ဒါကတော့ Gprated Screenshot


ကျနော်အဓိက ပြောချင်တာ Window ထဲက C/ နဲ့ D Drive နှစ်ခုထဲမှာ C Drive ကို Resize လုပ်စေချင်တယ်။
Resize လုပ်တယ်ဆိုတာ C Drive ထဲမှာ GB ခွဲယူလိုက်တာဖြစ်ပါတယ်။ ဥပမာ..C Drive ထဲမှာ GB 80 ရှိတယ်ဆိုကြပါစို့။
GB 40 (MB 40000)New Size=မှာ ရိုက်ထည့်လိုက်ပါ။အဲဒါဆို C Drive ထဲမှာ GB 40 သာကျန်တော့မှာဖြစ်တယ်။ကျန်
တဲ့ ဒါမှမဟုတ် ရရှိလာတဲ့ GB 40မှာ partition အနေနဲ့ primary partition. Format အနေနဲ့ Linux OS အတွက် ext3 ကို
ရွေးစေချင်ပါတယ်။

နောက်တစ်ခုက linux-swap အတွက်လဲ တစ်ခုထားပေးရမယ်။ အဲဒါဆို Linux OS-ext3 partitionထဲက Gparted နဲ့ပဲ
Resize ထပ်လုပ်ပေးလိုက်ပါ။ သူက မိမိကွန်ပျူတာ Ram ပမာဏထက် ၂ဆ များရမယ်ဆိုတော့ Rum က 500 MB ရှိရင်
1GB (1000 MB)ထားပေးလိုက်ပေါ့။
သူလဲ primary partition/Format ကတော့ linux-swap ရွေးလိုက်ရုံပဲ။ အားလုံးပြီး
လျှင် menuပေါ်က apply ကိုနှိပ်။ ခဏစောင့်၊ အိုကေပါလိမ့်မယ်။

အားလုံးချုံးကြည့်လျှင်...C/ Linux ext3/ linux-swap/ D ဆိုပြီး သဘောတရား-၄-ခုပေါ့ဗျာ။ ဒါပေမယ့် တကယ်တွေ့ရမှာက
SATA အတွက် sda1/ sda2/ sda3/ sda4 စသည်... IDE အတွက် hda1/ hda2/ hda3/ hda4 စသည်...

Download
Gnome Partition Editor

Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်
Gnome Partition Editor Screenshot

Gnome Partition Editor ရဲ့ Screenshot (partition-ခွဲပုံများ)
Screenshot (partition-ခွဲပုံများ)

Sawlnux

0 comments:

Post a Comment

Search