စီဘောက်စ်က ညီလေးတစ်ယောက် Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်းသိချင်ပါတယ်ဆိုလို့ ကျနော်စုစည်းတင်ပြပေး
လိုက်တာပါ။ တကယ်တော့ ဖုန်းဗားရှင်းအကုန်လိုက်စမ်းသပ်ဖို့မလွယ်ဘူးလေ။ ကျနော်တောင်ကိုင်တဲ့ Nokia Phone က ခြောက်ရာ
တန်ဆိုတော့ သဘောပေါက်ပါတယ်နော်။ အမှန်က နောက်ပိုင်းကျနော်တင်တဲ့ပို့စ်အများစု ကိုယ်တိုင်စမ်းသပ်ပြီးမှတင်တာများပါ
တယ်။ Samsung တွေက စမ်းသပ်ပြီးမှတင်တာပါပဲ။ အခု Nokia Phone ကတော့ လိုအပ်သာ စုစည်းပြီးတင်ပေးလိုက်တဲ့သဘော
ပဲ။ ကျနော်ဆိုက်သုံးခုကနေ စုစည်းပြီး တင်ပေးလိုက်တယ်။ ဒေါင်းလုဒ်လင့်တွေကတော့ အလုပ် မလုပ်မသိဘူးနော်။ ဒေါင်းလင့်သေ
တယ်ဆိုရင် အဲဒီဆိုက်ရဲ့အက်ဒ်မင်တွေကို ပြန်တောင်းဆိုလိုက်ပါ။
Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်း စုစည်းတင်ပြခြင်း
Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်
Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။
ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာ
နက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်
မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ
ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်
ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6
အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font
တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်)
အောက်မှာ application ကိုရယူနိုင်ပါတယ်။
(SymbianMyanmar v3.0 အားရယူရန် application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။ Certificate Error မဖြစ်အောင်သွင်းနည်း
Nokia ဖုန်းတွေမှာ application သွင်းရင် Certificate error မဖြစ်တော့အောင် Hack နည်း (၂)
Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။
ဒီနည်းလေးကိုလည်းစမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ memory card location ကွန်ပျူတာမှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါ။
တကယ်လို့ဖုန်းရဲ့ memory card location က E:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineDriversLDD.zip အားရယူရန်
တကယ်လို့ဖုန်းရဲ့ memory card location က F:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineF.zip အားရယူရန်
ကိုယ့် Drive နဲ့ဆိုင်တဲ့ zip ဖိုင်ကို download လုပ်ပြီးပြီဆိုရင် zip ဖြည်လိုက်ရင် Private ဆိုတဲ့နာမည်နဲ့ folder လေးတစ်ခုရလာပါမယ်။
အဲဒီ folder ကို ဖုန်း memory card ထဲကိုထည့်လိုက်ပါ။ ‘Private’ folder ကိုထည့်ရာမှာ ဖုန်း memory card ရဲ့ ဘယ် folder အောက်ကိုမှမထည့်ပါနဲ့ ။
Memory card ရဲ့ main directory အောက်မှာပဲထည့်ပါ ။ ဥပမာ – memory card ရဲ့ Drive location က F: ဆိုရင် ‘Private’ folder လေးကို F: အောက်မှာပဲ
ထားပါ။
ပြီးရင် Dr.web Antivirus ကိုရယူလိုက်ပါ။
Dr.web Antivirus အားရယူရန်
Dr.web antivirus ကို download ရယူပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Dr.Web Antivirus ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။
Dr.Web Antivirus ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Quarantine ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။
Quarantine ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Select all ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပြီးရင် option ကိုပြန်နှိပ်ပါ။
Restore ကိုနှိပ်ပါ။
ပြီးရင် Rom Patcher Plus ကို ဖုန်းထဲကိုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ။
Rom Patcher Plus အားရယူရန်
download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Rom Patcher Plus ထဲကိုဝင်ပါ။
ပြီးရင် install server RP+ v1.4 နဲ့ Open4all RP+ ကို နှိပ်ပါ။ နှစ်ခုစလုံးကိုနှိပ်ပြီးရင် ဘေးက icon လေးမှာ အစိမ်းရောင်လေးတွေဖြစ်နေရပါမယ်။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် certificate error မဖြစ်အောင် hack လို့ပြီးပါပြီ။ အရင်တုန်းက ဖုန်းထဲမှာ သွင်းရင် certificate error ဖြစ်ဖြစ်နေတဲ့ application တွေကို ဖုန်းထဲမှာ သွင်းကြည့်ပါ။
certificate error မဖြစ်တော့ဘဲ အဆင်ပြေပြေသွင်းလို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။
Ref : http://www.myanmarmobileapp.com/
Nokia Phone များအတွက် New Nokia Zawgyi Keyboard
မင်္ဂလာပါ
Symbian သုံးဖုန်းဖြစ်တဲ့ Nokia ဖုန်းတွေမှာ ဇော်ဂျီကီးဘုတ်အသစ် ရပါပြီ။ အစောပိုင်းကတော့ Opera Mini မှာ မြန်မာလို မြင်ရအောင်
လုပ်ထားကြတော့ Web Text Editor လေးနဲ့ Opera Mini ထဲမှာပဲ ဇော်ဂျီကို ရိုက်လို့ရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်
Responsive အနေနဲ့ မရေးခဲ့တော့ ဖုန်းအနေအထားပေါ်မူတည်ပြီး အဆင်မပြေဖြစ်တာ များပါတယ်။
ဟိုး အရင်ကလည်း Nokia ဖုန်းတွေအတွက် ကီးဘုတ်တစ်မျိုး ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ် ထည့်ဖို့ရာ သိပ်အဆင်မပြေပါဘူး။ ဖုန်းကို
Hack ထားမှ ထည့်လို့ရပါတယ်။ Hack ထားရင်တောင်မှ မူလရှိပြီးသား ကီးဘုတ်နေရာမှာ အစားထိုးခွင့် မပေးတာမျိုးလည်း ရှိပါတယ်။
ယခုနည်းကတော့ ကျွန်တော် တရုတ်ဆော့ဖ်ဝဲလ် Baidu Input ရဲ့ Skin ကိုသာ ဆွဲထားတာ ဖြစ်တဲ့အတွက် ဖုန်းကို Hack ထားဖို့လည်း
မလိုပါဘူး။ Baidu Input ဆော့ဖ်ဝဲလ်ကိုသွင်းပြီး ကိုယ်ဆွဲထားတဲ့ ဇော်ဂျီကီးဘုတ် Skin ကို ၎င်း Baidu Input မှာ ရွေးပေးလိုက်ရုံပါပဲ။
ထည့်သွင်းနည်း
လိုအပ်သော File များကို Download လုပ်လိုက်ပါ။ ပြီးနောက် Memory ထဲသို့ ကူးထည့်ပါ။
Nokia Zawgyi Myanmar Keyboard
Zip တွင် Password ပါခဲ့ပါက nweyoe ဖြစ်သည်။
အဆင့် ၁ ။ ။ Baiduinput_symbian3_v5_v3.1_1000e.sisx ကို ဖုန်းထဲ၌Install လုပ်ပါ။
အဆင့် ၂ ။ ။ C:\baidu\input\touchskin ထဲသို့ Zawgyi-Keyboard.bds ကို Copy ကူးထည့်ပါ။ ဒီတိုင်းထည့်မရလျှင် X-plore
ကိုသုံး၍ထည့်ပါ။ X-plore အကြောင်း ဤနေရာတွင် ရှင်းပြမနေတော့ပါ။ )
ဒီအဆင့်ထိကတော့ ဆော့ဖ်ဝဲလ်ထည့်ခြင်း ပြီးပါပြီ။
ဇော်ဂျီကီးဘုတ် ပြောင်းနည်း
Application Menu ထဲမှ Du ဆိုသော Icon လေးကို ဖွင့်ပါ။ တရုတ်လိုတွေ ပေါ်လာပါလိမ့်မယ်။
နံပါတ် ၁ ကိုရွေးပါ။
နံပါတ် ၁ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။ နောက်တစ်ခု တက်လာလျှင် အပေါ်ဆုံးတရုတ်စာ ပါတာကို ရွေးပါ။ AknFEP
သည် မူလ ကီးဘုတ်ဖြစ်သည် )
Nokia Zawgyi Myanmar Keyboard
နောက်သို့ ပြန်ထွက်ပါ။
နံပါတ် ၄ ကိုရွေးပါ။
နံပါတ် ၄ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။
ပုံစံ ရွေးခိုင်းပါလိမ့်မည်။ ဒုတိယ Tab ကိုသွားပါ။ Baidu-Zawgyi-Keyboard ကိုရွေးနှိပ်လိုက်ပါ။ Popup တက်လာလျှင် အပေါ်ဆုံး
တစ်ခုကို ရွေးပေးပါ။ ဒုတိယတစ်ခုသည် ထည့်ထားသော Skin ကို Delete လုပ်ခြင်းဖြစ်သည်။ )
Nokia Zawgyi Myanmar Keyboard
အဆင့်ဆင့် Back ပြန်သွား၍ ထွက်လိုက်ပါ။
Message မှာ စာဝင်ရိုက်ကြည့်၊ ကီးဘုတ်ပေါ်က အင်္ဂလိပ် အလံလေးကိုနှိပ်ကြည့်ပါဦး။ စာရိုက်မရသေးပါက ညာဖက် အပေါ်ဆုံးရှိ
တရုတ်စာကို နှိပ်ပါ။ Horizontial ကိုရွေးလိုက်ပါ။ဇော်ဂျီ ကီးဘုတ် ပေါ်လာပါလိမ့်မယ်။
ရိုက်နည်းကတော့ ပုံမှန်အတိုင်းပါပဲ။ ပါဌ်ဆင့်တွေကိုတော့ မူရင်းစာလုံးနေရာတွေမှာ ထည့်ထားပါတယ်။ ဥပမာ ဆ ရဲ့ ပါဌ်ဆင့်ကိုရိုက်
မယ်ဆိုရင် ဆ ကိုဖိထားလိုက်ရုံပါ။
အိုကေ စာတော့ ရိုက်လို့ရသွားပါပြီ။ စာရိုက်ဖို့အတွက် ကီးဘုတ် သတ်သတ်ပါပဲ။ Font ကိုမြင်ရဖို့ကတော့ Font Zoomer လိုမျိုး
Font ပြောင်းတဲ့ ဆော့ဖ်ဝဲလ်သုံးပြီး ပြောင်းပါ။ Zawgyi Font ပြောင်းလိုက်လျှင် ဖုန်းထဲ၌ တရုတ်စာ မြင်ရတော့မည် မဟုတ်ပါ။
Baidu ထဲမှ နံပါတ် ၄ ကို ပြန်နှိပ်ပြီး နောက်ခံများ ပြောင်းလဲနိုင်ပါတယ်။ ပို၍သပ်ရပ်သော ကီးဘုတ်လေး ရပါလိမ့်မယ်။
ကဲ ပိုရှင်းသွားအောင် FAQ လေး ဆက်ဖတ်လိုက်ပါဦး။
မေး။ ။ ဇော်ဂျီကီးဘုတ်အပြင် ဘာကီးဘုတ်တွေ ပါသေးလဲ။
ဖြေ။ ။ အင်္ဂလိပ်ပါမယ်၊ တရုတ် Pinyin ပါမယ်။
မေး။ ။ ကီးဘုတ်တော့ မြင်ရပြီ ဒါပေမယ့် ရိုက်လိုက်ရင် လေးထောင့်တုန်းတွေပဲ ပေါ်တယ်။ ဘာဖြစ်လို့လဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ဒါက ကီးဘုတ်သတ်သတ်ပါပဲ။ Font ကိုမြင်ချင်ရင် Font Zoomer လို Font ပြောင်းပေးတဲ့ Software တစ်မျိုး
ကိုသုံးပါ။
အဲဒါဆိုရင် ဖုန်းတစ်ခုလုံးမှာ မြန်မာလို ရိုက်လို့ရသွားပါပြီ။ ဒါပေမယ့် စာလုံးထပ်ပြီး မသပ်မရပ် ဖြစ်တဲ့ ပြဿနာတော့ ရှိပါတယ်။
မေး။ ။ တရုတ်ဆော့ဖ်ဝဲလ်ကို ပြန်ပြင်ထားတာဆိုတော့ Error များ ရှိနိုင်မလား၊ Master Reset ချမှ ပြန်ဖြုတ်လို့ ရတာမျိုးပေါ့။
ဖြေ။ ။ မရှိပါဘူး။ ဖြုတ်ချင်ရင် Baidu Input ကို အလွယ်တကူပဲ ပြန်ဖြုတ်နိုင်ပါတယ်။ မူလကီးဘုတ် (AknFEP ကို Baidu Input
ထဲမှာ ပြန်ရွေးပြီးရင်ပေါ့။
မေး။ ။ Contact နာမည်ပြောင်းတာတွေ၊ Message ပို့တာတွေမှာ စာလုံးတွေ မသပ်မရပ်ဖြစ်တာမျိုးနဲ့ စာလုံးထပ်တာတွေရှိပါ
တယ်။ အမှန်အတိုင်း သပ်သပ်ရပ်ရပ်မြင်အောင် ဘယ်လိုလုပ်ရပါမလဲ။
ဖြေ။ ။ ဇော်ဂျီမှ မဟုတ်ပါဘူး။ အခြား မြန်မာ Font တွေထည့်လည်း ဖြစ်ပါတယ်။ အခုတွေ့ရသလောက်ကတော့ Symbian
ဖုန်းထဲမှာ မြန်မာစာကို သပ်သပ်ရပ်ရပ်နဲ့ အမှန်အတိုင်း မြင်နိုင်တာ Vibar ထဲမှာရယ်၊ Nokia Car Mode မှာရယ်၊ Blob ဆိုတဲ့
Blogger and WordPress Client ထဲမှာရယ်ပါပဲ။
Myanmar Nokia Zawgyi Keyboard
မေး။ ။ ဒီကီးဘုတ်ကို ပိုကောင်းအောင် လုပ်ဖို့ရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ဗျာ၊ ဒီကီးဘုတ်ရယ်မှ မဟုတ်ပါဘူး၊ အခြားသော အဆင်ပြေတာမျိုးတွေ့ရင်လည်း လုပ်ဖြစ်ဦးမှာပါပဲ။
မေး။ ။ အဲဒီလိုမျိုး Skin ကို ကိုယ့်တိုင်းကိုယ် လုပ်ကြည့်ချင်တယ်။ ရနိုင်ပါ့မလား။
ဖြေ။ ။ ရတာပေါ့ဗျာ။ စိတ်ပါလို့ လုပ်ချင်တယ်ဆိုရင် http://shouji.baidu.com/input/ ကိုသွားပါ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလ် Baidu
Input ရဲ့ Skin ပြောင်းတဲ့ ဆော့ဖ်ဝဲလ် ကို Download လုပ်ပါ။ ကိုယ့်တိုင်းကိုယ် ပြုပြင်တီထွင်နိုင်ပါတယ်။
ကဲ ကျွန်တော်မေးပြီး ကျွန်တော်ဖြေထားတာလေး ဖတ်ပြီးရင်တော့ သဘောပေါက်လောက်ပါပြီနော်။
Ref : http://thanhtikezaw.blogspot.com
Font Zoomer v3.31 ကို အသုံးပြုပြီး Nokia ဖုန်းတွေ မှာ မြန်မာဖောင့်နဲ့ မြန်မာလိုပေါ်အောင်လုပ်နည်း
Nokia မှာမြန်မာဖောင့်ထည့်ချင်တယ်လို့ comment ပေးသွားတာတွေ့လို့ပါ။ မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့
software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့Nokia 5230,
5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါ
တယ်။
Font Zoomer v3.31
Font Zoomer v3.31
software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card
ထဲကို copy လုပ်လိုက်ပါ။ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို
C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။
ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ
list of font ကိုရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restartချလိုက်ပါ။
ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားများ
Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500,
Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220,
Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,Nokia: E50,
E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79,
N80, N81, N82, N85, N86, N91,N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.
Ref : http://aksthutakabar.blogspot.com/

0 comments:
Post a Comment