welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Monday, January 25, 2010

Saw Linux  /  6:19 PM  /    /  1 comment
စောကျော်ခရော့စ်

ဝင်းဒိုးစ် ထည့်သွင်းခြင်း (Windows OS installation)



ကဲ … အခု ကွန်ပြူတာ တလုံးကို ၀င်းဒိုးစ်အသစ် ပြန်တင်ပေးဖို့ လိုအပ်လာပြီ ဆိုပါစို့။ Windows installor CD တချပ်တော့ ရှိထားရပါမယ်။ အခု ဒီမှာတော့ Windows XP 2 ထည့်သွင်းပုံကို တဆင့်ချင်း ဖော်ပြပေးပါမယ်။

1. စီဒီကို စီဒီရွမ်ထဲ ထည့်ထားပါ။
2. ကွန်ပြူတာကို ရီစတတ် (Restart) လုပ်လိုက်ပါ။

3. POST (power on self test) ပေါ်လာချိန်မှာ ကီးဘုတ်ပေါ်က Delete ကီးကို ခေါက်ပေးပါ။ BIOS setup (basic input / output system ပေါ်လာစေဖို့ ဖြစ်ပါတယ်။ (BIOS အမျိုးအစားအလိုက် ပုံစံတွေကွဲပြားပါလိမ့်မယ်။ အလုပ်လုပ်ပုံကတော့ အတူတူပါဘဲ။)




4. First Boot ကို စီဒီရွမ်ပြောင်းပြီး Exit လုပ်ပါ။ (Boot ကို ဖွင့်ပြီး First နေရာမှာ CD-Rom ပြောင်းပေးပါ။)
5. Press any key to boot from CD စာတန်း ပေါ်လာရင် Enter ခေါက်လိုက်ပါ။
7. Windows Setup ဆိုတာပေါ်လာပါမယ်။ ဘာမှလုပ်စရာမလိုပါဘူး။ စောင့်နေပါ။ (နောက်အဆင့်ကနေပြီးတော့ ပုံတွေနဲ့ ပြသွားပါမယ်။)

8. Windows License Agreement ဖြစ်ပါတယ်။ “F8” ကိုခေါက်ပေးပါ။


9. လက်ရှိ ရှိနှင့်ပြီးသား ၀င်းဒိုးစ်ကို ပြင်မှာလား၊ မပြင်ဘူးလား မေးတာပါ။ Don’t Repair ပြင်ဖို့မလိုတဲ့အတွက် “ESC” ကိုခေါက်ပေးပါ။


10. အခုရှိနေတဲ့ ပါတေးရှင်းကို ဖျက်ပစ်ဖို့ မေးတာပါ။ “D” ကိုခေါက်ပေးပါ။


11. ပါတေးရှင်းဖျက်တာကို သေချာအောင်ထပ်မေးတာပါ။ “Enter” ခေါက်ပေးပါ။


12. ဖျက်ဖို့ ထပ်မေးတာပါဘဲ။ “L” ကိုခေါက်ပေးပါ။ ပါတေးရှင်း ၂ခု/၃ခု ရှိခဲ့ရင် ဒီအဆင့်ကို ၂ခါ/၃ခါ ထပ်လုပ်ပေးရပါမယ်။


13. ပါတေးရှင်း အသစ်လုပ်ယူဖို့ဖြစ်ပါတယ်။ “C” ကိုခေါက်ပေးပါ။


14. ပါတေးရှင်း အရွယ်သတ်မှတ်ဖို့ပါ။ (အောက်မှာရှင်းပြထားတာကို သေချာဖတ်ပါ။)

option A >>> Drive-C တခုထဲ ထားချင်ရင် “Enter” ခေါက်လိုက်ပါ။

option B >>> ဟာ့ဒစ်က 80 GB ရှိပြီး Drive-C 30 GB, Drive-D 50 GB စသဖြင့် ခွဲထားချင်ရင်တော့
Partition C အရွယ်ကို အရင်သတ်မှတ်ပေးပါ။

Drive C ကို 30 GB ထားချင်ရင် 30720 လို့ ထည့်ပေးပြီးမှ “Enter” ခေါက်ပါ။ (1GB=1024MB)
ဒါဆိုရင် C: Partition … 30720 MB စာတန်း ပေါ်လာပါမယ်။

သူ့အောက်မှာ Free space နေရာလွတ်ကျန်တာကို Drive D အတွက်သတ်မှတ်ရပါမယ်။ ကီးဘုတ်ပေါ်က arrow key ကိုသုံးပြီး အောက်က ဖရီးစပေ့ကို Select လုပ်ပါ။ Create Partition လုပ်ဖို့ “C” ကိုခေါက်ပါ။ “Enter” ခေါက်ပါ။

ဒါဆို ပါတေးရှင်း ၂ခုခွဲပြီး ဖြစ်သွားပါမယ်။


15. Select လုပ်ထားတဲ့ ပါတေးရှင်းမှာ ၀င်းဒိုးစ် ထည့်သွင်းဖို့ဖြစ်ပါတယ်။
C: Partitions ကို ရွေးထားပြီးဖြစ်တယ်ဆိုရင် “Enter” ခေါက်လိုက်ပါ။


16. ဖိုင် စစ်စတမ် ရွေးဖို့ပါ။
NTFS ကိုရွေးထားပြီးဖြစ်တယ်ဆိုရင် “Enter” ခေါက်လိုက်ပါ။


17. ၀င်းဒိုးစ် စပြီး အင်စတော လုပ်နေတာပါ။
ထိုင်ကြည့်ရုံပါဘဲ။
စောင့်ကြည့်ရင်းနဲ့ နောက်ထပ်ပုံစံပြောင်းသွားတာရှိလာပါမယ်။ ဘာမှလုပ်စရာမလိုပါ။


18. ကွန်ပြူတာအသုံးပြုတဲ့ဒေသ (Regional)၊ ကွန်ပြူတာမှာသုံးမယ့် ဘာသာစကား (Language) သတ်မှတ်ဖို့ပါ။
“Customize” ကိုကလစ်ပြီး English (United State) ကိုရွေးပေးပါ။ ပြီးရင် “Next” ကို ကလစ်ပါ။


19. ကွန်ပြူတာသုံးသူ နာမည်နဲ့ အဖွဲ့အစည်း နာမည် ထည့်ဖို့ပါ။
တခုခုထည့်ပေးလိုက်ပါ။


20. ကွန်ပြူတာ အမည်သတ်မှတ်ဖို့ပါ။
တခုခုထည့်ပေးပါ။ သူ့အတိုင်းထားလည်း ရပါတယ်။ ပတ်စ၀ါဒ်လည်း ထည့်ပေးနိုင်ပါတယ်။
မထည့်ဘဲ ထားလည်း ဘာမှမဖြစ်ပါဘူး။


21. နေ့စွဲ၊ အချိန်နဲ့ ဒေသစံတော်ချိန်တွေ သတ်မှတ်ဖို့ပါ။
ဒီနေ့ နေ့စွဲ၊ အချိန်တွေ သတ်မှတ်ပေးပါ။
Time Zone မှာတော့ မြန်မာပြည်ဆို ရန်ကုန်၊ ထိုင်းဆို ဘန်ကောက် စသဖြင့် ကိုယ့်ကွန်ပြူတာမှာ အသုံးပြုမယ့် ဒေသစံတော်ချိန် ရွေးပေးလိုက်ပါ။


22. “Next” ကိုဘဲ ကလစ်လုပ်ပါ။


23. ဒီမှာလည်း “Next” ကိုဘဲ ကလစ်ပါ။


24. ထိုင်ကြည့်ရုံပါဘဲ။


25. ဆက်ကြည့်နေလိုက်ပါဦး။


26. အိုကေကိုဘဲ ကလစ်လိုက်ပါ။


27. ဒီမှာလည်း အိုကေပါဘဲ။


28. “Next” ကိုကလစ်ပါ။


29. “Skip” ကိုကလစ်ပါ။



30. “No” ကို check လုပ်ပြီး “Next” ကိုကလစ်ပါ။


31. ဒီမှာလည်း “No” ကို check လုပ်ပြီး “Next” ကိုကလစ်ပါ။


32. ကွန်ပြူတာအသုံးပြုသူအမည်ထည့်ပေးဖို့ပါ။
တခုခုထည့်ပေးပါ။ ဘာနာမည်ဖြစ်ဖြစ်ပေါ့။ အပေါ်ဆုံးက တခုထည့်ရင် လုံလောက်ပါပြီ။


33. ကျေးဇူးတင်ပါတယ်တဲ့။ မိုက်ခရိုဆော့က ပြောတယ်။
“Finish” ကိုကလစ်ပါ။


34. ခဏစောင့်ပါ။


35. အိုကေ။ ဒီမှာ ၀င်းဒိုးစ် ပွင့်လာပါပြီ။


ဝင်းဒိုးစ် စီရီယယ်နံပါတ် (Windows Serial Number or Product Key)

ကျနော်တို့ သုံးနေတဲ့ ၀င်းဒိုးစ် အင်စတော်လာ စီဒီတွေက အမျိုးမျိုးဆိုတော့ နံပါတ်တွေလည်း အမျိုးမျိုး ဖြစ်နေပါလိမ့်မယ်။ ကိုယ့်စီဒီမှာ ရေးထားပေးတဲ့ နံပါတ်ကို ထည့်ရမှာပါ။ ၀င်းဒိုးစ်ထည့်သွင်းစဉ် တနေရာရာမှာများ အောက်ကပုံမှာပြထားတဲ့ အတိုင်း Serial no. မေးလာခဲ့ရင် ကျနော်လက်ရှိသုံးနေ တဲ့ နံပါတ်က wgp2m-g8m6t-bt7d4-p7ry7-27k76 ဖြစ်ပါတယ်။ ပြီးတော့ Next ကိုနှိပ်ပေါ့လေ။ (တကယ်လို့များ နံပါတ် မှားနေတယ် ပြောရင် www.serials.ws ကနေတဆင့် ၀င်းဒိုးစ် စီရီရယ် နံပါတ်တွေ လိုက်ရှာနိုင်ပါတယ်။)

37. နံပါတ်ထည့်ပေးပြီး Next ကိုကလစ်ပါ။

1 comment:

  1. အကိုစောလင်းနက်ရေကျနော်ဝင်းဒိုးတင်တာလေ အသံတွေပျောက်ပြီသချင်းရော
    အင်တာနက်တွေပါကြည့်မရဖြဏနေလို့ ဘာတွေစက်တင်ပြန်ထိုင်ရသေးလဲဗျကျေးဇူးပြုပြီးပြောပြပေးပါလားဗျာ

    ReplyDelete

Search