welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Monday, January 25, 2010

Saw Linux  /  6:03 PM  /    /  No comments
ဒီပို့စ်များက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းကာကွယ်ရမယ်ဆိုတာကိုစုဆည်းတင်ပြထားတာပါ။ ဒီပို့စ် အများစုက MM CERT ကနေ ယူထားတာ။ ကျနော်ဆိုက်မှာအကျိုးရှိမည့်ပို့စ်များဆိုရင် copyright ကနေ credit ပေးပြီး ပြန်တင်ပြလေ့ရှိပါတယ်။ ကျနော်က IT ပညာရှင်မှမဟုတ်တာလေ။

Virus ကာကွယ်ရန်နည်းလမ်းများ …

BitDefender Antivirus, McAfee Virus Scan, Kaspersky Lab Antivirus,F-secure Antivirus, Symantec Norton Antivirus, Panda Software Titanium Antivirus, Avira Antivirus Personal, Avast Antivirus, Trend Micro PC-cillin, AVG Antivirus များမှာ Top Ten antivirus software များ ဖြစ်ပါတယ်။ ဒီ Antivirus Software တွေကို အသုံးပြုမယ်ဆိုရင် License Version ဖြစ်ဖို့လိုပါတယ်။ Kaspersky Software ကတော့ မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး Software လို့ ပြောလို့ရပါတယ်။ မိမိကွန်ပျူတာအား ဗိုင်းရပ်(စ်)ကာကွယ်ရန်အတွက် Antivirus Software များကို မိမိစက်တွင် တင်ထားရုံဖြင့် Virus ကို ကာကွယ်နိုင်သည်ဟု တစ်ထစ်ချ မသေချာသေးပါ။ အချို့ Antivirus များတွင် ဗိုင်းရပ်စ်ဖြစ်ကြောင်း ပြနေသော်လည်း အချို့တွင် မလုပ်နိုင်ဘဲ ကျန်ရှိနေတတ်သည်များလည်းရှိပါတယ်။ ထို့ကြောင့် Antivirus Software အသုံးပြုသူ များသည် အမြဲတမ်း Update ကို ပြုလုပ်သင့်ပါတယ်။ Antivirus Software Version အသစ်များထွက်လျှင်လည်း လိုက်ပြီး မိမိ Antivirus Software ကို Upgrade လုပ်သင့်ပါတယ်။ Antivirus Software များကို Licensed Version များဖြင့် ၀ယ်ယူ အသုံးပြုနေသော်လည်း အသုံးပြုသူများမှာ Update ပြုလုပ်ခြင်းကို ဂရုမပြုပါက ဗိုင်းရပ်(စ်)ကို ၀င်ရန် အခွင့်အလမ်း ပိုများနိုင်ပါတယ်။ Antivirus Software တစ်ခု တင်ထားပါက အမြဲ Update ပြုလုပ်ခြင်းဖြင့် ဗိုင်းရပ်(စ်)အသစ်များကို ဖမ်းယူနိုင်ခွင့် ပိုများပါတယ်။ “Antivirus” မှာ Bit Defender မှာ စစ်လိုက်လို့ လွတ်ထွက်သွားမယ်ဆိုရင် Kaspersky နဲ့ စစ်တဲ့အခါမှာ မိနေတတ်ပါတယ်။ Kaspersky မှာ မတွေ့တာကို Norton မှာ မိနေတာကို တွေ့ရတယ်။ ဒါကြောင့် အမြဲ Update လုပ်ပြီး အမြဲတမ်း ဗိုင်းရပ်(စ်) ရှာသင့်ပါတယ်။ ဒါမှ မိမိရဲ့ အရေးကြီး Data တွေအတွက် စိတ်ချရမှာဖြစ်ပါတယ်။ မိမိရဲ့  စက်မှာ “Offline” နဲ့ အသုံးပြုရင်တောင် Update File တွေကို အမြဲတမ်း Download ချခြင်း (သို့မဟုတ်) CD ဆိုင်တွေမှာ ၀ယ်ယူခြင်းဖြင့် Update လုပ်သင့်ပါတယ်။ USB Flash Drive နှင့် External Hardisk တွေကို သုံးတဲ့အခါမှာလည်း အမြဲသတိရှိသင့်ပါတယ်။ Auto Run ကိုလည်း ပိတ်ထားသင့်ပါတယ်။ ဖွင့်မယ်ဆိုရင် Scan အရင်ဖတ်သင့်ပါတယ်။ အင်တာနက်ချိတ်ထားတဲ့ စက်ဆိုရင် ကွန်ပျူတာ စဖွင့်တာနဲ့ Antivirus Software ကို Update အရင်လုပ်ပြီး USB ကို စစ်ပြီးမှ ဖွင့်သင့်ပါ တယ်။

Autorun စနစ်အားပိတ်ခြင်း


Autorun စနစ်ဟာ Computer မှာ Removable Drive ထိုးလိုက်ရင် (သို့မဟုတ်) CD ထည့်လိုက်ရင် အလိုအလျှောက် Computer ကို အလုပ်လုပ်စေတဲ့ စနစ်ပါ။ ဒီစနစ်ဟာ Virus အလွယ်တကူ ၀င်စေနိုင်ပါတယ်။ ဒီစနစ်ကို ဖွင့်ထားခဲ့ ရင် Removable Drive ကို Computer မှာ ချိတ်လိုက်ရုံလေးနဲ့ Computer ဟာ Removable Drive ထဲက Virus က ရေးထားတဲ့ Autorun.inf ဆိုတဲ့  File လေးကို လိုက်ရှာပြီး သူခိုင်းသမျှ Command တွေ အကုန်လိုက်လုပ်တော့တာပါပဲ… Removable Drive ချိတ်လိုက်ရုံလေးနဲ့ သင့် Computer ကို စက္ကန့်ပိုင်းမှာ Virus က ချုပ်ကိုင်လိုက်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ Autorun စနစ်ကို ပိတ်ဖို့ ဟာ အလွန်အရေးကြီးပါတယ်။
1. Start ရဲ့  All Program ကနေ Run ကို Click နှိပ်ပါ။


2.Run Box တွင် gpedit.msc ရိုက်ပြီး Ok ကို နှိပ်ပါ။

3.ပွင့်လာတဲ့ Box မှာ Administrative Templates ကို Click နှိပ်ပါ။
4.ဘေးကွက်က system ကို click နှိပ်ပါ။

5.ထပ်ပွင့်လာတဲ့ စာတန်းတွေထဲမှာ Turn Off Auto Play ဆိုတဲ့ ပေါ်မှာ Right Click နှိပ်ပြီး Properties ကို ရွေးပါ။


6. ပွင့်လာတဲ့ Box မှာ Enable ကို Click နှိပ် ပြီး ရွေးချယ်ပါ။ Drop-down list ထဲက All drives ကိုရွေးပါ။ Click Ok ဒါဆိုရင်တော့ လွယ်လွယ်နဲ့ တော့ Virus မ၀င်နိုင်တော့ ပါဘူး။

Window Vista အတွက် Autorun ပိတ်ခြင်း
ကီးဘုတ် +R ကို click နှိပ်ပါ။
gpedit.msc ကို ရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။ User Account Control ပေါ်လာရင် Continue ကို click လုပ်ပါ။ ဘယ်ဘက်က tree pane ထဲမှာ Local ComputerPolicy\ComputerConfiguration\AdministrativeTemplates\WindowsComponents\ Autoplay Policies ကိုရွေးပါ။ Turn off autoplay ကိုရွေးပါ။ Enable ကို click နှိပ်ပြီး Ok ကို click နှိပ်ပါ။ ပြီးရင် Default behavior for Autorun ကို double click နှိပ်ပါ။ Enable ကို click နှိပ်ပါ။ Do not execute any autorun command ကို drop-down list ကနေ ရွေးပါ။ ပြီးရင် Click OK.




Window 7 အတွက် Autorun ပိတ်ခြင်း
Run box တွင် gpedit.msc ရိုက်ပါ။ Local Group Policy Editor တွင် Local Computer Policy -> Computer Configuration -> Administrative Templates -> Window Components -> AutoPlay Policies ရဲ့ ညာဘက်တွင် Turn off Autoplay ကိုဖွင့်ပြီး Enabled လုပ်ခြင်းဖြင့် AutoPlay ကို ပိတ်နိုင်ပါသည်။


သင့်၏ စက်အား AutoPlay မှ ၀င်ရောက်နိုင်သော Virus Attack ကို ကာကွယ်နိုင် ပါသည်။ ဆက်လက်၍ စာဖတ်သူတို့အတွက် သင့်ရဲ့ ကွန်ပျူတာ လုံခြုံရေးနဲ့ဆိုင်သော လုပ်ဆောင်ရမည့် သက်ဆိုင်ရာ အခန်းကဏ္ဍများကိုလည်း ဖော်ပြပေးသွားပါဦးမည်။

Virus ကာကွယ်ရေးနည်းလမ်းများ-အပိုင်း(၂)

၁။ Anti-virus ဆော့ဖ်ဝဲလ်တွေဟာ virus ကာကွယ်ရန်အတွက် မလုံလောက်ပါ။ ‘Removal tools’ ကို install လုပ်ပြီးအသုံးပြုသင့်ပါတယ်။(virus ကာကွယ်ရေး ဆော့ဖ်ဝဲလ် တွေဟာ PC ကို spyware ဒါမှမဟုတ် adware တွေ ကူးစပ်မှုများကိုကာကွယ်မပေးနိုင်ပါ။

၂။ Spyware/Adware removal tools များကိုအနည်းဆုံး၂ခုထားပါ။ (anti-virus tool တွေ ကသာ အချင်းချင်း conflict ဖြစ်တက်ကြပေမယ့် spyware ကာကွယ်ရေး ဆော့ဖ်ဝဲလ်တွေ ကတော့ အချင်းချင်း conflict မဖြစ်ကြပါဘူး။

၃။ Firefox လား? IE လား? သေချာစွာ စဉ်းစားပါ။ (များသောအားဖြင့် spy-ware တွေဟာ အဲဒီလို browser နှစ်ခုအကြား ဗျာများ နေတဲ့ အချိန်မှာ ဝင်လာ တတ်ပါတယ်။ တချို့ website တွေဟာ IE နဲ့အသုံးတဲ့ပြီး တချို့ကျတော့ firefox နဲ့မှ အဆင်ပြေ တတ်ကြတဲ့ အတွက် တွေဝေမှုကို လျှော့ချပါ။

၎။ P2P ကွန်ရက်ကို သတိထားပါ။ (’.torrent’ တွေကနေ တစ်ဆင့် adware/spyware တွေ ကူးစက်တတ်တာ ခုနောက်ပိုင်းမှာ ဖြစ်လာနေပါပြီ။ မလိုအပ်ရင် P2P မသုံး ဘဲ ရိုးရိုးသာ download ချပါ။

၅။ Bazooka Scanner ကို down-load ရယူပါ။ (spyware,adware) ရှိမရှိ အဓိက စစ်ဆေးပေးတဲ့ bazooka scanner ကို အခမဲ့ရနိုင်ပါတယ်။

၆။ Software update ကို ကိုယ်တိုင်တိုင် လုပ်ပါ။ (တစ်ခါတစ်လေမှာ Software update လုပ်ပေးပါမယ် ဆိုတိုင်း အတင်းကာရာ လက်မခံ လိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်မဖြစ် စစ်ဆေးပါ။)

၇။ Firewall ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ပါ။ (ဥပမာ Zonealarm လိုမျိုး firewall ဟာ အမြင်ကတ်စရာ ကောင်းလောက်အောင်ကို တာဝန်ကျေပြီး ကိုယ်သုံးစွဲ ချင်တဲ့၊ ယုံကြည်ရတဲ့ software list တွေကို သူ့ကို ပေးထား လိုက်ရုံနဲ့ အဆင်ပြေပါတယ် firewall ထားရှိတဲ့အတွက် RAM ကတော့ မသိမသာထပ်လိုပါမယ်။)

၈။ EULA ကို ဖတ်ပါ။ (end user license agreement ဆိုတာဟာ Software တိုင်းနဲ့ website အတော် များများမှာ ပါဝင် တတ်ပါတယ်။ Software အသစ်တစ်ခုဟာ ကိုယ့်နဲ့ မရင်းနှီးသေး ရင် EULA ကို အဓိကထားပြီး ဖတ်ရှုပါ။

၉။ Back up လုပ်ပါ။ (ပညာရှင်တိုင်း လိုလိုက data တွေကို back-up လုပ်ဖို့ အကြံပြုခဲ့ပေမယ့် user တိုင်းလိုလိုက မေ့လျော့ နေကြဆဲပါ။ အရေးကြီးတဲ့၊ တန်ဖိုးရှိတဲ့ အချက်အလက်တွေ မဆုံးရှုံးစေဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုကbackupလုပ်ခြင်းပဲဖြစ်ပါတယ်။)

၁၀။ Home page ပြောင်းလဲ သွားတာမြင်တာနဲ့ scan လုပ်ပါ။ (ကိုယ်တိုင် မသိလိုက် ပါပဲနဲ့ home page ပြောင်းလဲ သွားပြီ ဆိုတာနဲ့ ချက်ချင်း scan လုပ်ပါ။ အဲဒါဟာ spyware ဖြစ်ဖို့ အခွင့်အလမ်း များနေပါပြီ။)

၁၁။ Window ကို အဆင့်မြှင့် တင်ပါ။ (အကယ် XP သုံးစွဲနေရင် service pack 2 ကို ပြောင်းလဲ သင့်ပြီး XP SP2 သုံးစွဲနေရင် vista ကို အဆင့်မြှင့် တင်သင့် ပါတယ်။ လူသိ နည်းနေတဲ့ OS ဟာ အတိုက်အခိုက် ခံရမှု နည်းပါး နေဦးမှာပါ။)

၁၂။ ကြော်ငြာတွေဟာ spyware တွေလား။ (မသေချာပါ။ ကြော်ငြာတိုင်းဟာ spyware မဟုတ်သလို spyware တိုင်း ကတော့ Advertising တိုင်းဆီကနေ ၀င်ရောက်လာတာပဲဖြစ်ပါတယ်။)

၁၃။ Keylogger တွေကို ကာကွယ်လို့ ရနိုင်ပါတယ်။ (တကယ်လို့ကိုယ်ပိုင် ဗဟုသုတ နည်းပါး နေရင် keylogger တွေ ရဲ့ သွင်ပြင် လက္ခဏာ တွေကို ရှာဖွေ ဖတ်ရှုပါ။ ‘Ctrl+Alt+Del’ သုံးစွဲပြီး system မှာ run နေတဲ့ မသင်္ကာတဲ့ ‘exe’ ဖိုင် မှန်သမျှကို ဖယ်ရှား ပစ်ပါ။ အဲဒီလို ဖယ်ရှားပစ်ခြင်း အားဖြင့် system ဖိုင်အစစ်တချို့ ဆိုရင် လတ်တလောမှာ အလုပ် မလုပ် တော့တာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါ။)

၁၄။ အများသုံး ကွန်ပျူတာတွေ ဆီမှာ ကိုယ်ပိုင် အချက်တွေ မသုံးစွဲ ပါနဲ့။ (လူအများနဲ့ စပ်တူ သုံးစွဲရတဲ့ ကွန်ပျူတာ တွေဆီမှာ လိုအပ် ချက် ကြောင့် (ဥပမာ cyber cafe လိုမျိုး နေရာ) ကိုယ်ပိုင် အချက်အလက်တွေ သုံးစွဲ ရမယ်ဆိုရင် သတိ ထားပါ။ ကွန်ပျူတာကနေ ထွက်ခွာ မယ်ဆိုင်ရင် ကိုယ့် historyတွေကိုရှင်းလင်းပစ်ခဲ့ပါ။

၁၅။ Upload ဖိုင်တွေကိုလဲ သတိထားပါ။ (ဓာတ်ပုံ သို့မဟုတ် အခြား အချက် အလက်များ မဖြစ်မနေ တင်ပို့ ရပြီ ဆိုပါရင် secure ရှိတဲ့web host တွေကို သုံးစွဲပါ။)

၁၆။ Anti-spyware software အခမဲ့ပေးတဲ့ website- ဥပမာအားဖြင့် AVG anti-spyware website ကနေ အခမဲ့ ပေးထား ပါလျက်နဲ့ download ချလို့မရနိုင်တာ မျိုးရှိပါတယ်။ (အဲဒါဟာ သိပ်ကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်PCမှာ spyware ၀င်နေတာကို AVG ကသိနေလို့ပါ။ နောက်တစ်မျိုးက ကိုယ့်ရဲ့ spyware က anti-spyware ကိုလက်မခံလို့ပါ။ ဒါဆိုရင်တော့သတိကြီးကြီးနဲ့ရှင်းလင်းပစ်ရပါလိမ့်မယ်။)

၁၇။ DOS တိုက်ခိုက်မှု ရှိလာနိုင်သလား။ ကွန်ပျူတာရဲ့ အတွင်းပိုင်းစနစ်အထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ P2P network မှာ ကိုယ်မသိတဲ့ လူတွေဆီကို sharing မလုပ်ဖို့နဲ့ အခမဲ့ရတဲ့ software တိုင်းကို မယုံကြည်ဖို့ zip/ rar file တွေကို သတိ ထားဖို့ လိုပါမယ်။

၁၈။ Icon တွေကို desktop ပေါ်မှာအတင်းအကျပ် နေရာယူပြီဆိုရင် spyware ဖြစ်နေပါပြီ။ (ဆော့ဖ်ဝဲတိုင်းမှာ desktop icon shortcuts သဘောမျိုးဖန်တီးပေးပေမယ့် သုံးစွဲသူ ခွင့်မပြုဘဲ နေရာ မယူတတ်ကြပါ။)

၁၉။ အချက်ပေးပုံသဏ္ဍာန်တွေ မှားယွင်နေတဲ့အခါ anti-spyware ဆော့ဖ်ဝဲလ်တွေဟာ ပြီးပြည့်စုံမှု မရှိပါ။ သူတို့ကိုရှင်းလင်း ပစ်တိုင်းမှာ uninstall ကို အသေအချာ ပြုလုပ်ပါ။ သဘောတရားအရပြောရရင် anti-spyware ဆော့ဖ်ဝဲလ်ကိုယ်ကspywareတစ်ခုပါပဲ။

၂၀။ Remote Access Trojan ဆိုတာ virus လိုမျိုး။ program ငယ်ကလေး တစ်ခုကို ကွန်ပျူတာ စနစ်အတွင်း ကိုယ်မသိ လိုက်ရပါပဲ ၀င်ရောက်စေခဲ့ပြီး အဲဒီ Program ကလေးဟာ ကိုယ်လုပ်နေသမျှ သတင်းအချက်တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ မှန်သမျှကို ပိုင်ရှင် ဆီကိုသတင်းပြန် လည်ပေးပို့ နေလေ့ရှိပါတယ်။

၂၁။ Drive-By Download ဆိုတာ အဓိက အားဖြင့် ပုဂ္ဂလိက အချက်အလက်တွေနဲ့ လုံခြုံမှုကို ထိပါးစော်ကားတဲ့ တိုက်ခိုက်မှုတစ်မျိုးကို ခေါ်ဆိုပါတယ်။ တကယ်လို့ ကြော်ငြာ pop-up တွေကို သတိထားပြီး တားဆီးမယ် ဆိုရင်တိုက်ရိုက်ထိတွေ့ ခံရမှု မရှိနိုင်ပါ။ Pop-up blocker ပါဝင်တဲ့ firefoxလိုborwserမျိုးကိုသုံးစွဲသင့်ပါတယ်။

၂၂။ Search bar တွေကို မယုံကြည်ပါနဲ့။ google.com နဲ့ google toolbar… Yahoo နဲ့  Yahoo toolbar တို့လို ယုံကြည်စိတ်ချ ရတဲ့ အရာတွေ ရှိနေပြီးတဲ့ အချိန်မှာ web ကို အထူး ရှာဖွေပေးမယ် ဆိုတဲ့ toolbar တွေကို ယုံကြည်ကိုးစား မနေပါနဲ့တော့။ www.google.com လို့ address bar မှာ ရိုက်လိုက်ရတာဟာ မရေရာ မသေချာတဲ့ toolbar တွေကို install လုပ်လိုက်နေတာထက် အများကြီး လုံခြုံမှုရှိပါတယ်။

၂၃။ ဒီနေရာကိုသွားပါ။ Virus နဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို ပုံမှန် သတင်းပေးရင်း ကာကွယ် ဖို့နည်းလမ်းတွေကို အခမဲ့ ဖြန့်ချီနေတဲ့ နေရာတွေ ရှိသလို အခု website တွေကတော့ spyware, adware, malware စတာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ သတင်း တွေ၊ tools တွေ၊update new တွေ ရနိုင်ပါတယ်။

သင်၏ကွန်ပျူတာမှာ virus ကူးစက်ခြင်းခံရကြောင်း ဘယ်လိုသိနိုင်သလဲ ဆိုရင်…

သင်၏ကွန်ပျူတာမှာ attachment file သို.မဟုတ် virus ပါတဲ့ program တစ်ပုဒ် ကို run လိုက်ခြင်း၊ ဖွင့်လိုက်ပြီးတဲ့နောက်မှာ virus စတင်သည့်တိုင်အောင် သင်ဟာ သတိပြုမိမှာ မဟုတ်ပါဘူး။ သင့်၏ system ဟာvirus ကူးစက်ခြင်းခံရပြီဆိုရင် သင်္ကေတ တချို.ပြပါတယ်
● သာမန်ထက် ပိုနှေးပြီး အပြောင်းအလဲမရှိစွာ run နေခြင်း။
● တုန်.ပြန်မှု နှေးခြင်း သို.မဟုတ် မကြာခဏ lock ကျခြင်း။
● မိနစ် အနည်းငယ်တိုင်း restart ကျခြင်း နှင့် crash ဖြစ်ခြင်း။
● သူကိုယ်တိုင် restart ကျပြီး ပုံမှန်အားဖြင့် run ဖို. Fail ဖြစ်နေခြင်း။
● Application များ မှန်ကန်စွာ အလုပ်မလုပ်ခြင်း။
● Disk သို.မဟုတ် disk drive များ အသုံးပြုလို.မရခြင်း။
● Print ထုတ်ခြင်းကို မှန်ကန်စွာ မပြုလုပ်နိုင်ခြင်း။
● တစ်မူထူးခြားသော error message များတွေ.ခြင်း။
● ထူးခြားကွဲပြားသော menu နှင့် dialog box များ တွေ.ခြင်း တို.ဖြစ်ပါတယ်။
● သင့်ကွန်ပျူတာ၏ လုံခြုံမှု တိုးတက်နိုင်ရန် နှင့် virus ကူးစက်ခြင်း၏ ဖြစ်နိုင်ခြေကို သင့် system up-to-date လုပ်ပြီး စောင့်ရှောက်ခြင်းဖြင့်၎င်း၊ လက်ရှိ antivirus software တစ်ခုကို ၀ယ်ယူအသုံးပြုပြီး ထိန်းသိမ်းခြင်းဖြင့်၎င်း လျော့ချပေးနိုင်ပါသည် ။
အကောင်းဆုံး လက်တွေ.ပြုလုပ်မှု အနည်းငယ်ကို အောက်တွင် ဖေါ်ပြထား ပါသည်။
Virus မဖြစ်အောင်တားဆီးဖို.ကူညီရန်အချက်များမှာ…
● အင်တာနက် firewall ကိုအသုံးပြုခြင်း။ (Note: Windows XP with SP2 has a firewall already built-in and active).
● Microsoft update ကိုသွားခြင်း နှင့် automatics updates ကို on ခြင်း။ ( If you've installed Office 2003 or Office XP, Automatic Updates will also update your Office programs. If you have an earlier version of Office, use Office Update.)
● စံသတ်မှတ်ထားသော antivirus software လုပ်ငန်းမှ ပုံမှန် လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးသွင်း အသုံးပြုခြင်းဖြင့် လက်ရှိ အခြေအနေကို ထိန်းသိမ်း နိုင်ခြင်း။
● သင်မသိသော တစ်စုံတစ်ယောက်မှ attachment file ဖြင့်e-mail ပို.လျှင် ဘယ်တော့မှ မဖွင့်ပါနှင့်။
● ဘာ attachment လဲ အတိအကျမသိဘဲ သင်သိသော တစ်စုံတစ်ယောက်မှ attachment file ဖြင့်ပို.သော e-mail ကိုဖွင့်ဖတ်ခြင်းမှ ရှောင်ပါ။
သင် virus ကို ဖယ်ရှားဖို့ ဘယ်လိုလုပ်သင့်လဲဆိုရင်…
သင့်ကွန်ပျူတာကို update ပြုလုပ်၍ ဖြတ်သန်းခြင်း နှင့် ကုမ္ပဏီများစွာမှ အခမဲ့၊ စမ်းသပ်ကာလ၊ ဈေးသက်သာသော antivirus tool များ မှာယူသုံးစွဲခြင်း အားဖြင့်လဲ အမြဲတစေ မလိုအပ်သော software များကို ဖယ်ရှားနိုင်ပါသည်။ (ကာကွယ်နိုင်ပါသည်။)
Virus ကို ဖယ်ရှားဖို့ ကူညီရန်အချက်(၃)ချက် မှာ…
● ကာကွယ်ပေးသော သင့် Personal Computer site ကိုသွားရန် နှင့် နောက်ဆုံး update ကို install ပြုလုပ်ရန်။
● သင်ဟာ ယခုလက်ရှိ antivirus software ကိုအသုံးပြုနေသူ ဆိုလျှင် ထုတ်လုပ်သော web site ကိုသွားပြီး သင့် system ကို scan စစ်ဖို့ ဆောင်ရွက်ရပါမည်။ အကယ်၍ သင်ဟာ ယခုလက်ရှိ antivirus software ကို အသုံးပြုနေသူ မဟုတ်ဘူးဆိုလျှင် ပုံမှန် လစဉ်ကြေး နှစ်စဉ်ကြေး ပေးသွင်း ရရှိသော ၀န်ဆောင်မှုဖြင့် သင့်system ကိုချက်ချင်း scan စစ်ပေးပါ။
● Malicious software removal tool ကို download,install နှင့် run ရပါမည်။ (for Microsoft Windows XP or Windows 2000 users). ၎င်း tool ဟာသင့် system ကိုရောဂါကူးစက်ခြင်းမှ မကာကွယ်နိုင်ပါဘူး၊ virus ရှိနေခြင်းကို ဖယ်ရှားဖို့ ကူညီရန် သက်သက်သာ ဖြစ်ပါသည်။
သင့် computer ကို အသုံးမပြုနိုင်တော့ဘူးဆိုလျှင် antivirus software နှင့် install ကို ဘယ်လိုလုပ်ရမလဲဆိုရင်… သင့် computer ဟာ virus ကိုက်နေပြီဆိုရင် သင့် system ကို update သို့မဟုတ် tools ကို download လုပ်ဖို့ ခက်ခဲနေပါလိမ့်မည်။ ဒီအခြေအနမှာဆိုရင် သူငယ်ချင်းရဲ့ သို့မဟုတ် တခြား computer တစ်လုံးကို အသုံးပြု၍ tools ကို disk ပေါ်သို့ download လုပ်ပါ သို့မဟုတ် အကူအညီအတွက် Microsoft services support ကို ဆက်သွယ်ပါ။

အလွယ်ဆုံး virus ရှိ မရှိစမ်းနည်း

virus ရှိ ၊ မရှိ စစ်မယ်ဆိုရင်.... တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ .. Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် .. cd\ ရိုက်ထည့်ပါ enter နှိပ်ပါ C:\>setup လို့  ရိုက်မယ် enter နှိပ်မယ်... ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။ မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ...။

Spyware အကြောင်းတစေ့တစောင်း

spyware ဆိုတာဝက်ဘ်ဆိုဒ်များမှတဆင့် သင်၏ကွန်ပျူတာအတွင်း ၀င်ရောက်ကာ အချက်အလက်များကို စုံစမ်းထောက်လှမ်းတတ်သည့် ဆော့ဖ်ဝဲဖိုင်များ ဖြစ်သည်။ ၎င်းတို့သည် ဗိုင်းရပ်စ်များကဲ့သို့ ပုံတူပွားခြင်း နှောင့်ယှက်ဖျက်ဆီးခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ သင့်ကွန်ပျူတာအတွင်းမှ သတင်းအချက်အလက်များကို ရယူရန် ကြိုးစားလုပ်ဆောင်မည် ဖြစ်သည်။ အထူးသဖြင့် ငွေကြေးဆိုင်ရာ လုပ်ငန်းသမားများကို ဒုက္ခပေးမည်၊ လုံခြုံရေးအတွက် အထူးသတိထားရမည့် ဆော့ဖ်ဝဲဖိုင် ဖြစ်သည်။ ဥပမာဆိုရရင် ကုမ္ပဏီများဟာ spyware များကို အသုံးပြုပြီးမိမိတို. ၀န်ထမ်းများကို ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်သော internet ၊ email အသုံးပြုမှုများကို စောင့်ကြည့်ကြသလို မိဘများကလည်း ကလေးများ မသင့်လျှော်သော internet ၊ email အသုံးပြုမှုများမှ ကာကွယ်ရန် အသုံးပြုလေ့ရှိပါတယ်။ နောက်တစ်မျိုးကတော့ online advertiser လို့ ခေါ်တဲ့ အင်တာနက်ပေါ်မှ ကြေငြာလုပ်ငန်း လုပ်ကိုင်သူများဟာ freeware တွေမှာ development kit လို့ ခေါ်တဲ့ computer code များကို ထည့်သွင်းပြီး အင်တာနက်ပေါ်မှာ တင်ထားပေးပါတယ်။ အဲဒီ freeware program ကိုရယူ အသုံးပြုသူဟာ ဘယ်လို file တွေကို download လုပ်တတ်တယ် ၊ ဘယ်လို website တွေကို သွားရောက် ကြည့်ရှုတတ်သလဲ စသည်တို့ကို ရှာဖွေပြီး ရေးသားသူများထံသို့  ပြန်ပို့  ပေးပါတယ်။ ထိုကဲ့သို့ site များကို ၀င်ကြည့်တာပဲဖြစ်ဖြစ် download ဆွဲတာဖြစ်ဖြစ် spyware ပါလာတတ်သည်။ internet မှာ အလကားပေးသော program များမှ spyware က virus အနေနှင့် တစ်စိတ်တစ်ပိုင်းအနေနှင့် ပါလာတတ်သည်။ ထို့ကြောင့် အလကားရသော တစ်ချို့ program များကို သေသေချာချာစဉ်းစားပြီးမှ install လုပ်သင့်ပါသည်။ စာဖတ်သူများအတွက်ဗဟုသုတရစေရန်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်......

သင်သိထားသင့်သော Firewall Security အကြောင်း

သင်ဟာ အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုသော ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်တာကြာပြီဆိုလျှင် firewall ဆိုသော အသုံးအနှုန်းကို ကြားဖူးပြီးဖြစ်ပါလိမ့်မယ်။ ဥပမာဆိုရလျှင် သင့်ကုမ္ပဏီကလူတွေက “ ငါဒီ site ကို သုံးချင်တာ firewall ကိုဖြတ်ခွင့်မပြုဘူးဖြစ်နေတယ်” ဆိုသော ပြောသံများကို သင်မကြာခဏ ကြားဖူးမယ်လို့ ထင်ပါတယ်။ သင့်အိမ်တွင်ချိတ်ဆက်ထားသော အင်တာနက်ဆက်သွယ်မှုဟာ မြန်ဆန်မယ်ဆိုရင် firewall အကြောင်းကို သင်ကိုယ်တိုင် ရှာဖွေလေ့လာလို့ရပါတယ်။ သေးငယ်တဲ့ အိမ်သုံးကွန်ယက်လုံခြုံရေးဟာ ကြီးမားတဲ့ ကွန်ယက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေး အယူအဆတွေနဲ့အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ သင့်အိမ်သုံးကွန်ယက်ကိုလည်း hackerတွေ ရဲ့ရန်၊ ဒါမှမဟုတ် websiteတွေရဲ့တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် firewall ကိုသုံးသင့်ပါတယ်။ တကယ်တော့ firewall ဆိုတာ software ပရိုဂရမ် တစ်ခု (သို့) hardware အစိတ်အပိုင်းတစ်ခုပါ။ သူဟာ အင်တာနက်မှတဆင့် သင့်ကွန်ပျူတာသို့ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ hackerတွေ၊ virus တွေနှင့် wormတွေကိုမ၀င်ရောက်နိုင်အောင် တားဆီးပေးပါတယ်။
၁။ သင့်အိမ်မှာ ကွန်ပျူတာ၁လုံးရှိမယ်ဆိုရင် ပထမအရေးကြီးဆုံးအချက်အနေနဲ့ သင့်ကွန်ပျူတာမှာ firewall ကို “on” ထားသင့်ပါတယ်။
၂။ Windows 7, Windows Vista, Windows XP SP2 နှင့် နောက်ပိုင်းပိုမြင့်တဲ့ Operating System တွေမှာတော့ firewall ကို “on” ပေးပြီးသားဖြစ်ပါတယ်။
၃။ သင့်အိမ်မှာ ကွန်ပျူတာ၁လုံးထက်ပိုပြီး ချိတ်ဆက်ထားမယ်ဆိုရင်တော့ ကွန်ပျူတာ၁လုံးချင်းစီကို လုံခြုံအောင်ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ သင်ဟာသင်၏ ကွန်ယက်ကိုကာကွယ်ဖို့ router ကဲ့သို့သော hardware firewall နှင့် ကွန်ယက်အတွင်း virus ပျံ့နှင့်မှုမှကာကွယ်ရန် software firewall တို့ကို သုံးသင့်ပါတယ်။ ဒါမှ သင့်ကွန်ယက်အတွင်းရှိ ကွန်ပျူတာ၁လုံးစီရဲ့ လုံခြုံမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Firewall ၏ မူလ အဓိပ္ပာယ်ကို ပြောရမယ်ဆိုရင် ပျံ့နှံ့နေတဲ့ မီးတောက်၁ခုကို တားဆီးခြင်းပဲ ဖြစ်ပါတယ်။ အခု IT ခေတ်ကြီးမှာဆိုရင်တော့ firewall ကို network device ၁ခုအနေနဲ့ ခေါ်ဝေါ်ကြပြီး network ၁ခုသို့ဝင်ရောက်သည့် အတားအဆီး အနှောင့်အယှက်မှန်သမျှကို ပိတ်ဆို့တားဆီးပေးသောအရာ ဟုခေါ်ဆိုကြပါတယ်။ ယေဘုယျအားဖြင့်ဆိုရလျှင် firewall security ဆိုတာ ကွန်ပျူတာသို့ ၀င်ရောက်လာနိုင်သည့် attack တွေကို ကြိုးစားပိတ်ဆို့ပေးခြင်းဖြစ်ပါတယ်။ Firewall တွေမှာ Packet filtering firewall, Stateful firewall, Deep packet inspection firewall, Application-aware firewall, Application proxy firewall ဆိုပြီးရှိကြတယ်။ Packet filtering firewall ဆိုတာကတော့ပြောရမယ်ဆိုရင် သူက IP protocol, IP address နှင့် port number တွေကို အခြေခံပြီးတားဆီးပိတ်ဆို့ပေးတယ်။ Stateful firewall ဟာ Packet filtering firewall နဲ့လုပ်ဆောင်ပုံချင်း တူညီတယ်။ ဒါပင်မဲ့ သူရဲ့ပိုကောင်းတဲ့အချက်ကတော့ ကွန်ယက် အတွင်းမှာရှိတဲ့ ခွင့်ပြုထားတဲ့ packetတွေမှသာ ကွန်ယက်ရဲ့အပြင်သို့ထွက်ခွင့်ရမယ်။ Deep packet inspection firewall ကတော့ packet ထဲမှာရှိတဲ့ data တွေကို သေချာစစ်ဆေး ၍ application layer ကနေ attack တွေကိုကြည့်နိုင်တယ်။ Application-aware firewall ဟာ အမှန်တကယ် attack ဖြစ်ကြောင်းကို တိကျတဲ့ rule တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးတယ်။ Application proxy firewall ကတော့ protocol တွေကိုသေချာစစ်ဆေးပြီး တရားမ၀င်တဲ့protocol တွေကို တားဆီးပိတ်ဆို့ပေးပါတယ်။ ဒါကြောင့် သင်တို့ဟာ သင်တို့၏ လုပ်ငန်းတွေမှာ ကွန်ယက်နှင့် ချိတ်ဆက်နေသမျှ ကာလပတ်လုံး Firewall လုံခြုံရေးအကြောင်းကို အမြဲမပြတ် ရှာဖွေလေ့လာ နေသင့်ကြောင်း အကြံပေးချင်ပါတယ်။ ကျွန်ုပ်လည်း ရှာဖွေ လေ့လာမိသလောက်ကို စာဖတ်သူတို့ အားဝေငှရခြင်းဖြစ်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတ နေ့စဉ်တိုးပွားနိုင်ပါစေ……..

သိထားသင့်သော Computer Virus အမျိုးမျိုးအကြောင်း Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…

Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..

Worm

Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware

သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...

Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Network devices များတွင် Malware ၀င်ရောက်ပုံများ

ယနေ့ခေတ်ကမ္ဘာတွင် အိမ်များနှင့် အသေးစားရုံးလုပ်ငန်းတွေမှာ routers access points နှင့် DSL modems ကဲ့သို့သော network devices များကို အသုံးပြုလာကြပါတယ်။ အများအားဖြင့် အဲဒီ devices တွေ ကို နည်းပညာ ဗဟုသုတ မရှိသောသူများလည်း တပ်ဆင်အသုံးပြုလျက် ရှိနေတာကိုတွေ့ရပါတယ်။ တစ်ခါတစ်လေမှာ devices တွေကို တပ်ဆင်ထားပုံနှင့် Configuration လုပ်ထားပုံ မမှန်ကန်လျှင် Network-based attacks များ ၀င်ရောက်နိုင် သလို Network (၁) ခုလုံးကိုအလွယ်တကူ ထိန်းချုပ်သွားနိုင်မည့် Cybercriminals ဖြစ်ပေါ်မှုတွေကိုလည်း ခွင့်ပြုသလို ဖြစ်သွားနိုင်ပါတယ်။ IT security အတွက် အားနည်းတဲ့အချက်တွေ ကတော့ user နှင့် ၄င်းတို့နဲ့ပတ်သက်သော Network devices တွေ ပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝသော Administrator များသာ Networks အတွက် ကာကွယ်နိုင်မည် ဖြစ်သလို အတွေ့အကြုံ အရည်အချင်းများ မရှိသော users များကြောင့် Network တွေကို ပျက်ဆီးနိုင်စေတယ်။ ကြီးမားသော ကုမ္ပဏီကြီးတွေမှာ အရည်အချင်းရှိသော users များ နှင့် Network နှင့် ပတ်သက်၍ အတွေ့အကြုံရှိသော သူများ လိုအပ်ပါသည်။ အသေးစား လုပ်ငန်းတွေမှာတော့ ဈေးကြီးသော Hardware နှင့် Network ပစ္စည်းများကို ၀ယ်ယူဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ Home users တွေဟာ ကိုယ်အသုံးပြုမည့် devices တွေနဲ့ ရင်းနှီးမှုရှိအောင် နည်းပညာပိုင်းတွေကို လေ့လာသင့်ပါတယ်။ ထို့ကြောင့် Network providers တွေနဲ့ Hardware vendors တွေဟာ သူတို့ရောင်းချသည့် devices တွေအပေါ်မှာ Network Security နှင့် ပတ်သက်၍ အသိပညာများပေးဖို့ လိုအပ်ပါတယ်။

Attacksများ ၀င်ရောက်နိုင်သည့် အကြောင်းရင်းနှင့် အကျိုးဆက်များ……….
ပုံသေ passwords သုံးစွဲခြင်း နှင့် password ကိုပြန်လည် ပြောင်းလဲခွင့် မပြုခြင်း
Default Configuration မှာ လုံခြုံစိတ်ချမှု မရှိခြင်း
Firmware vulnerabilities နှင့် service လုပ်ဆောင်မှုများတွင် errors များဝင်ရောက်ခြင်း
User နှင့် vendor ကြား နားလည်သဘောပေါက်မှု ဆုံးရှုံးခြင်း
အထက်ပါ အချက်များကြောင့် Router/modem တွေမှာ cybercriminal တွေဖြစ်ပေါ်နိုင်ပါတယ်။

ပထမ attack အနေဖြင့် ပြောရမယ်ဆိုရင် URL မှ IP သို့ ပြောင်းလဲခြင်း ဖြစ်စဉ်ကို Pharming လို့ခေါ်ကြတယ်။ ၄င်းဟာ Trojans ပုံစံအဖြစ်ရှိပြီး windows ရဲ့ hosts file တွေကို ပြောင်းလဲလိုက်တယ်။ ထို့နောက် windows registry ထဲမှာ DNS addresses တွေကို ပြောင်းလဲလိုက်ပြန်တယ်။ သူဟာ Zlob/DNSChanger ပုံစံဖြင့် ၂၀၀၇ခုနှစ်လောက်မှာ ရှုပ်ထွေးတဲ့ malware ပုံစံမျိုး အဖြစ်ထွက်ပေါ်လာပါတယ်။ ဒီ malware တွေဟာ registry settings တွေကို ပြုပြင်မွမ်းမံပြီး infected ဖြစ်တဲ့ ကွန်ပျူတာနဲ့router ကို ချိတ်ဆက်လိုက်တဲ့အခါမှာ password ကိုရယူပြီး ၄င်း DNS servers တွေကို ပြောင်းလဲလိုက်တယ်။
၂၀၁၁ခုနှစ်မှာ ဒီလိုအခြေအနေတွေ စတင်ဖြစ်ပေါ်လာခဲ့ပြီး ISP ကုမ္ပဏီများကို အဓိက ဦးတည်လာကြတယ်။ Customer တွေရဲ့modems များ သည် DNS setting ပြောင်းလဲမှုတွေကို ပြုလုပ်ထားပြီး Technical support တွေကို ထိန်းချုပ်ဖို့အတွက် device (၁) ခုစီရဲ့administrative account တွေကို ၀ှက်ထားကြတယ်။ ဒီ device တွေမှာ DNS ပြောင်းလဲမှုတွေ ဖြစ်ပြီးတဲ့နောက်မှာ component တွေကို အလိုအလျောက် ဖျက်ပေးတဲ့ စနစ်တွေပါဝင်လာကြတယ်။ ISP တွေဟာ passwords တွေကို ထိန်းချုပ်ဖို့အတွက် modems/routers တွေရဲ့လုံခြုံရေးကို အဓိကထားလုပ်ကြတယ်။
နောက်ထပ်တစ်မျိုးအနေဖြင့် Cross-Site Request Forgery (CSRF/XSRF) အကြောင်းပြောချင်ပါတယ်။ သူဟာ web-based attack (၁) မျိုးဖြစ်ပြီး ၄င်းသည်လည်း technical knowledge ရှိစရာမလိုပဲ users တွေ ကိုယ်စား လုပ်ဆောင်နိုင်ပါတယ်။ malicious sites တွေဟာ HTML နှင့် JavaScript code တွေနဲ့ ရေးသားထားပြီး users တွေကို ၀င်ရောက်ကြည့်ချင်လာအောင် သွေးဆောင်တာမျိုးတွေ ပြုလုပ်ကြတယ်။ ဥပမာအနေဖြင့်ဆိုရရင် user တွေဟာ portal လို site မျိုးတွေကို ၀င်ရောက်ခြင်း၊ forum တွေမှာ posts များ တင်ခြင်း အစရှိသည်တို့ကို ပြုလုပ်ချင်လာအောင် သွေးဆောင်ခြင်းမျိုးတွေ ဖြစ်ပါတယ်။ Drive-by pharming ဟာ DNS settings ကို ပြောင်းလဲရန် router ကိုဆန့်ကျင်ပြီး သုံးထားသော ရိုးရှင်းတဲ့ CSRF attack တစ်မျိုးဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်တွင် Indiana တက္ကသိုလ်မှ researchers များဟာ proof-of-concept paper ထဲတွင် CSRF နည်းပညာ အကြောင်းကို ဖော်ပြထားကြပါတယ်။ လွန်ခဲ့သော တစ်နှစ်လောက်က Mexico နိုင်ငံမှာ pharming attack ၀င်ရောက်ခဲ့ပြီး 2Wire routers ကို ဦးတည်လာကြတယ်။
နောက်ထပ်တစ်မျိုးဆိုရသော် Email Infected ဖြစ်ခြင်းဖြစ်ပါတယ်။ ၄င်းသည်သန်းပေါင်းများစွာသော users များကို mail များပို့ပြီး online banking ခိုးယူခြင်းများ ပြုလုပ်ကြပါတယ်။ ထိုပြုလုပ်မှုသည် router ၏ web interface ကို request လုပ်ပြီး ဥပမာအနေဖြင့်ဆိုရသော် www.banamex.com ၏ IP address ကို malicious address အဖြစ်သို့ ပြောင်းလဲလိုက်တယ်။
user တစ်ယောက်ဟာ online banking website သို့ ၀င်ရောက် ကြည့်ရှုသောအခါ ထိုမှတဆင့် Phishing site အဖြစ်သို့ပြောင်းလဲလိုက်တယ်။ ပြောင်းလဲလိုက်သော siteသည် NetKey မှလွဲ၍ ကျန်သော အရာများဟာ မူလ online banking site နှင့် ပုံစံတူပင်ဖြစ်သည်။ NetKey ဆိုတာ online လုပ်ငန်းများအတွက် အသုံးပြုမည့် value များကို random ထုတ်ပေးခြင်းမျိုး ဖြစ်ပါတယ်။ အထက်ပါအကြောင်းအရာများကို ဖော်ပြရခြင်းမှာ ယနေ့ကမ္ဘာတွင် online အနှောင့်အယှက်များ ဖြစ်ပေါ်နေသောကြောင့် စာဖတ်သူများကို အသိပညာပွားများစေရန် ရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါတယ်…..

MM CERTဆိုက်မှ ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment

Search