welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, February 11, 2010

Saw Linux  /  2:56 AM  /    /  No comments

deepfreeze၀င်းဒိုးစ် မူလအတိုင်း ဖြစ်နေဖို့ Deep Freeze ကို သုံးပါတယ်


Deep Freeze က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။ Deep Freeze က System File တွေကို သာမက Data File တွေကိုပါ Restore လုပ်ပါတယ်။ Deep Freeze က ၀င်းဒိုးစ် ရီစတတ် လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလ အခြေအနေ ပြန်ရောက်သွား စေပါတယ်။


ဆိုလိုတာက စက်တလုံးမှာ ရှိနေတဲ့ ဆော့ဝဲအချို့ကို ဖျက်ပစ်မယ် … ဖိုင်အချို့ကို ဖျက်ပစ်မယ် … အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ် ပြန်ဖွင့်တဲ့အခါ ပြန်ရှိနေမှာ ဖြစ်ပါတယ်။ ဖိုင်အဟောင်း ဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီး သိမ်းထား တာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ ဖိုင်တွေအားလုံး ရီစတတ် လုပ်အပြီးမှာ ပျောက်သွား ပါလိမ့်မယ်။ အသစ် ၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့ အပါအ၀င် ပေါ့လေ။ အားလုံး ပျောက်သွားပါမယ်။



download DeepFreeze software


mediafire link (download 34mb)


download DeepFreeze guide



mediafire link (download)


ဆိုတော့ကာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် စက်ထဲ ရှိနေပြီးသား ဖိုင်တွေကို ဖျက်ပစ်တာတွေ ပြင်ဆင်တာတွေ လုပ်လို့မရပါ။ ဖိုင်အသစ်တွေ ထပ်ထည့်တာမျိုး လုပ်ခွင့်မရှိပါ။ တကယ်လို့များ ဖိုင်အသစ်တခု ကိုယ်လိုအပ်တယ် ဆိုရင်တော့ ယူအက်စ်ဘီ ဒရိုက်နဲ့ ကူးယူထားမှ အဆင်ပြေပါမယ်။


ရွေးချယ်ခွင့် တခုတော့ ရှိပါတယ်။ မိတ်ဆွေရဲ့စက်မှာ Drive C, Drive D စသဖြင့် ခွဲထားတယ်ဆိုရင် ၀င်းဒိုးစ်နဲ့ ဒရိုင်ဗာတွေ ရှိတဲ့ Drive C ကိုဘဲ ထိန်းချုပ်ထား နိုင်ပါတယ်။ အဲလိုဆို C ကလွဲလို့ အခြား ဒရိုက် တွေမှာကတော့ ပြုပြင် ပြောင်းလဲ ခွင့်တွေ ရပါလိမ့်မယ်။ ကျနော်ကတော့ ဒီဆော့ဝဲကို ကျနော့် ကွန်ပြူတာ သင်တန်းခန်း၊ အင်တာနက်ခန်းမှာ သုံးပါတယ်။ အင်တာနက်ခန်း မှာရှိတဲ့ ကွန်ပြူတာတွေက တနေကုန် အင်တာနက် တက်တယ်။ အီးမေးလ်တွေသုံးနေတယ်ဆိုတော့ကာ မလိုအပ်တဲ့ ဗိုင်းရပ်စ်တို့ လိုမျိုးတွေလည်း ၀င်ရောက်လာ တတ်ပါတယ်။ အဲဒါတွေကို ခဏခဏ ပြန်ပြန်ရှင်းနေရတာ အလုပ်တခု ဖြစ်နေပြီး အချိန်သိပ်ကုန် ပါတယ်။ အခု Deep Freeze ကို စက်တိုင်းမှာ ထည့်ထားတော့ အိုကေဘဲ။ ဘာမှ လုပ်စရာ မလိုတော့ဘူး။ တခုခုဖြစ်ရင် (ဗိုင်းရပ်စ်တို့လို ၀င်ရောက် တိုက်ခိုက်တာ ခံရရင်)

ရီစတတ် လုပ်လိုက်ရုံနဲ့ အားလုံးအိုကေ။


Install


Deep Freeze ထည့်သွင်းရာမှာ



  1. install Administrator


  2. create Workstation

  3. install Workstation


ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။


install Administrator



  1. Program EXE ကိုဖွင့်လိုက်ပြီး တဆင့်တဆင့်ဆက်သွားလိုက်ရင် Deep Freeze Adminstrator install လုပ်ပါလိမ့်မယ်။

  2. အင်စတောလုပ်တုန်းမှာ ပတ်စ်ဝါဒ်မေးတာရှိပါတယ်။ တခုခုထည့်ပေးပါ။ အဲဒါကို မှတ်ထားပါ။


create Workstation



1. Start > All Programs > Faronics > Deep Freeze Enterprise > Deep Freeze Administrator ကို ဖွင့်ပါ။


2. Configuration tab ကိုရွေးပါ။


3. မြားပြထားတဲ့နေရာကို check လုပ်ပါ။


4. Password ထည့်ပေးပါ။ (ဒီ ပတ်စ်ဝါဒ်က အရေးကြီးပါတယ်။ မေ့မသွားပါစေနဲ့။)


df3



5. (Drive C တခုတည်းကိုသာ ထိန်းချုပ် ထားချင်တယ် ဆိုရင် ဒီအဆင့်ကို လုပ်ပါ။ ကွန်ပြူတာတခုလုံးကို ထိန်းချုပ်ချင်တယ်ဆိုရင် ဒီအဆင့်ကို ကျော်သွားပါ။)


မြားပြထားတဲ့ နေရာက Driver ကိုဖွင့်ပါ။ အောက်က check box တွေမှာ C ကလွဲလို့ ကျန်တာအားလုံးကို uncheck လုပ်ပါ။


df7


6. Create Programs tab ကိုဖွင့်ပါ။

7. မြားပြထားတဲ့ ၀က်ဝံပုံကို ကလစ်ပါ။ (Workstation create လုပ်ပါမယ်။)

8. Save လုပ်ပါ။


df4


install Workstation



  1. C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့် ဖွင့်သွားပါ။


  2. အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။

  3. နောက်ထပ်တွေကိုတော့ Install, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။

  4. နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့် လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ် လုပ်နေပါပြီ။ Start bar ညာဘက် အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ပေါ်နေပါမယ်။


ခုချိန်ကစပြီး မိတ်ဆွေရဲ့စက်မှာ ဘာကိုမှ ပြုပြင်ပြောင်းလဲခွင့်ရတော့မှာ မဟုတ်ပါဘူး။


တခုခု အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင် Deep Freeze ကို ပိတ်ထားပေးရပါမယ်။ ဘယ်လိုပိတ်မလဲ ကြည့်ရအောင် … ။


disbale Deep Freeze



  1. Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။

  2. ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။


  3. OK လုပ်ပါ။

  4. နောက်ထပ် box မှာ Boot Thawed ကို ရွေးပြီး OK လုပ်ပါ။

  5. Restart လုပ်ပါ။

  6. စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ်ထားတာ တွေ့ရပါမယ်။


ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ လုပ်နိုင်ပါပြီ။


Deep Freeze ကို ပြန်ဖွင့်ထားချင်ရင် ဒီလို …

enable Deep Freeze



  1. Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။


  2. ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။

  3. OK လုပ်ပါ။

  4. နောက်ထပ် box မှာ Boot Frozen ကို ရွေးပြီး OK လုပ်ပါ။

  5. Restart လုပ်ပါ။

  6. စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ် မရှိတော့ပါ။


ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ မလုပ်နိုင်တော့ပါ။


OTP Token

ကိုယ်ပေးထားတဲ့ ပတ်စ်ဝါဒ်ကို ခဏခဏမေ့တတ်သူတွေအတွက် one time password ကိုလည်း သိထားဖို့လိုပါမယ်။




  1. password မေ့သွားရင် မြားပြထားတဲ့နေရာက နံပါတ်ကို မှတ်ထားပါ။ (အခုပုံမှာတော့ 0036A300 လို့ပြပါတယ်။ စက်တလုံးနဲ့တလုံး တူမှာမဟုတ်ပါ။)

  2. Deep Freeze Administrator ကို ပြန်ဖွင့်ပါ။

  3. One Time Passwords tab ကိုရွေးပါ။

  4. Token နေရာမှာ စောစောက နံပါတ်ကိုထည့်။ Generate ကိုကလစ်။

  5. ၀ိုင်းပြထားတဲ့နေရာမှာ ပေါ်လာတဲ့နံပါတ်ကို သုံးပြီး Deep Feeze ကို Boot Thawed လုပ်ပေးနိုင်ပါပြီ။


df6


df5


Uninstall


Deep Freeze ကို Boot Thawed လုပ်ပေးပြီး ၀က်ဝံပုံမှာ ကြက်ခြေခတ်ဖြစ်နေမှ Deep Freeze ကို Uninstall လုပ်လို့ ရပါမယ်။ Boot Thawed လုပ်ပြီးရင် အောက်ကအဆင့်တွေကို ဆက်လုပ်ပေးပါ။




  1. C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့် ဖွင့်သွားပါ။

  2. အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။

  3. နောက်ထပ်တွေကိုတော့ Uninstall, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။

  4. နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့်လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ်မလုပ်တော့ပါဘူး။


  5. Start bar ညာဘက်အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ရှိတော့မှာ မဟုတ်ပါ။


df1


df2

Ref: http://www.zwekabin.org/?p=584#more-584

0 comments:

Post a Comment

Search