welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, March 22, 2011

Saw Linux  /  6:00 PM  /    /  No comments

Linux Mint 10 “Julia”

နေရင်းထိုင်ရင်းနဲ့ Linux Mint 10 “Julia” နဲ့မိတ်ဆက်ပေးလိုက်မယ်။ အခုဒီလအတွင်း Linux
Version အမျိုးမျိုးထွက်လာပါပြီ။ အဲဒီအမျိုးမျိုးထဲမှာ ကျနော်အကြိုက်ဆုံးကတော့ Linux Mint
10 “Julia” ပေါ့ဗျာ။ Linux Ubuntu တွေကတော့ Mint လောက် မကြိုက်ဘူးလေ။

ကျနော်အတွေ့အကြုံအရ အခု Linux Mint 10 ဟာ အရင်က Mint 9 ထက် သုံးရတာပိုပြီး
stable ဖြစ်တယ်။ ပေါ့ပါးတယ်။ အထူးသဖြင့် မော်ဇီလာအင်တာနက်ဘရောက်စာနဲ့ သွက်လက်တယ်။
အရင်ဗာရှင်း 9 တုန်းက Script ဖိုင်နဲ့သိပ်အဆင်မပြေဘူး။ Script ဖိုင်ကြောင့် ခဏဏ jump
ဖြစ်နေတယ်။ အခု ဒီဗားရှင်းကတော့ အင်တာနက်သုံးရတာ သိပ်ခံတွင်းတွေ့တာပဲ။

ဝင်းဒိုး 7 လောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ ဟီး ။ အလကားပြောတာ။ လင်းနက်စ်က
ဝင်းဒိုးထက် သုံးရတာပိုပြီးစိတ်ချရတယ်ဆိုပေမယ့် ၀င်းဒိုးတွေလို သုံးနေကျ ဆော့ဝဲယားကောင်း
လေးတွေ နည်းနည်းတော့ရှားတယ်။ ရှိတော့ရှိပါတယ်။ မရင်းနှီးတာလဲပါတာပေါ့လေ။ ဘာဖြစ်ဖြစ်
လင်းနက်စ်ရော၊ ၀င်းဒိုးပါ နှစ်ခုစလုံးသုံးတတ်တာပိုပြီးကောင်းတာပဲမလား။ ဒါကြောင့် အခု လင်းနက်
စ်သုံးဖို့ဆိုရင် အလွယ်ကူဆုံး၊ အကောင်းဆုံးဖြစ်တဲ့ Linux Mint 10 “Julia”အသုံးပြုဖို့ ပြော
ချင်ပါတယ်။

Linux Mint 10 “Julia” ရဲ့ System requirements:
* x86 processor (Linux Mint 64-bit requires a 64-bit processor. Linux Mint 32-bit works on both 32-bit and 64-bit processors).
* 512 MB of system memory (RAM)
* 4 GB of disk space for installation
* Graphics card capable of 800×600 resolution
* CD-ROM drive or USB port

ဒေါင်းလုဒ်လင့်း
Linux Mint 10 “Julia”

စောလင်းနက်စ်

0 comments:

Post a Comment

Search