welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Monday, March 14, 2011

Saw Linux  /  9:04 PM  /    /  No comments
The disk drive for /boot is not ready yet or not present.
Continue to wait, press S to skip or M for manual recovery.

အကယ်၍ Window + Linux Dual Boot တင်ထားတဲ့စက်များဟာ အထက်ပါပြဿနာမျိုး
ကြုံရနိုင်ပါတယ်။ ကျနော် အဲဒီပြဿနာဖြစ်ပုံလေးကတော့ လင်းနက်စ်မှာ NTFS Config
Tool ကိုသွင်းပြီး Mount Point ဖြုတ်တာနဲ့ဆိုင်ပါလိမ့်မယ်။ ကျနော်အဲဒါတွေ လုပ်ပြီး စက်
ကို Restart ချလိုက်တယ်။ Boot Loader Grub မှာ linux ကိုရွေးလိုက်တော့ အထက်ပါစာ
ချောင်းတွေပဲပေါ်လာတော့တယ်။

ကျနော်လိုက်ပြီးစမ်းကြည့်ပါသေးတယ်။ အဆင်မပြေတာနဲ့ မြန်မာမိသားစုဖိုရမ်က ကိုKZ
NT မေးကြည့်ရတော့တာပဲ။ သူကအောက်ပါအတိုင်း လမ်းညွန်ခဲ့ပါတယ်...

”ကိုစောဖြစ်နေတဲ့ ပြဿနာက Startup mount problem မှာဖြစ်တဲ့ UUID ပြဿနာလို့
ထင်မိတယ် - ဖြေရှင်းနည်းကတော့ နှစ်နည်း သုံးနည်း တွေ့မိတယ် - အဲ့နည်းတွေကတော့

* UUID number ကို ဖျက်တဲ့နည်း - အဲ့နည်းကို ဖော်ပြထားတဲ့ နေရာမှာ နည်းလည်
အောင် ဖတ်ပါ - စမ်းကြည့်ပါ
* UUID number ကို အစားပြန်သွင်းတဲ့နည်း - အဲ့နည်းကို ဖော်ပြထားတဲ့ နေရာမှာ နား
လည်အောင် ဖတ်ပါ - စမ်းကြည့်ပါ
* Mount partitions နဲ့ Devices တွေကို Startup မှာ Auto တက်စေတဲ့နည်း-အဲ့နည်း
ကို ဖော်ပြထားတဲ့ နေရာမှာ နားလည်အောင် ဖတ်ပါ - စမ်းကြည့်ပါ
* Device တွေရဲ့ UUID ကို ဘယ်လိုရှာရမယ်ဆိုတာ ဒီနေရာမှာ ဖတ်ပါ -

တစ်နည်းနည်းနဲ့တော့ အဆင်ပြေကောင်း ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”

ကျနော်ကတော့ ဒီ ”UUID number ကို အစားပြန်သွင်းတဲ့နည်း” ကို အသုံးပြုပြီး အထက်
ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ အဆင်လဲ ပြေသွားပါတယ်။ ကျနော်လုပ်တဲ့နည်းလေးက
ဒါပါပဲ....
ကိုယ့်စက်ထဲမှာ ထည်းသွင်းထားတဲ့ အမျိုးအစားနဲ့ တူတဲ့ Linux live CD ကို စက်ထဲမှာ
ထည့်လိုက်ပါ။
ပြီးတော့ ctrl+alt+t or Applications –> Accessories –> Terminal ကိုဖွင့်လိုက်ပါ။
မိမိရဲ့ UUID ပြန်ထည့်နိုင်ဖို့အတွက် gksudo gedit /etc/fstab ဒီ command line ကို
ရိုက်ထည့်ပါ။

အောက်ပါပုံအတိုင်း ဘောက်တစ်ခုပေါ်လာလိမ့်မယ်...

ဒါပေမယ့် အကယ်၍ မိမိ Linuxတင်ထားတဲ့ partition က mount point လွတ်နေမယ်
ဆိုရင် ဘောက်စ်တွင်ကွင်းထားတဲ့အကွက်မှာ ပေါ်မှာမဟုတ်ပါဘူး။

နောက်ပြီး Terminal နောက်ထပ်တစ်ခုထပ်ဖွင့်လိုက်ပါ။ UUID ရဲ့ Code ရဖို့အတွက်
အောက်ပါ command liine ရိုက်ထည့်ပါ။
ls -l /dev/disk/by-uuid
အောက်ပါဘောက်စ်အတိုင်း မိမိ Linux Partiton ရှိတဲ့နေရာကို ရှာပါ။ ကျနော်ရဲ့ Linux
partition က sda4 ဖြစ်ပါတယ်။ ဘောက်စ်တွင် ကွင်းထားတဲ့ကုဒ်များကို copy ယူလိုက်
ပါ။


ပြီးတော့ ပထမTerminal မှာ ဖွင့်ထားတဲ့ fstab ဘောက်စ် ကို ပြန်သွားပါ။
အောက်ပါ command line ကိုရိုက်ထည့်ပါ။ UUID ရဲ့ အ၀ါရောင်ပြထားတဲ့ ကုဒ်များကို
ခုဏကော်ပီယူထားတဲ့ ကုဒ်များနဲ့အစားသွင်းလိုက်ပါ။

/dev/sda4 UUID=a647ea33-74ee-4123-84bf-7edc32e2e39b /boot ext4 defaults
0 0


ပြီးတော့ အပေါ်က Menu တွင် save ကိုနှိပ်။

Terminal တွေပြန်ပိတ်လိုက်ပါ။ Restart

အဆင်ပြေပါစေ...
စောလင်းနက်စ်

0 comments:

Post a Comment

Search