welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, July 15, 2012

Saw Linux  /  5:24 PM  /    /  No comments
ကျနော်အခုနောက်ပိုင်း Network အပိုင်းကိုပြန်ပြီး လေ့လာနေတော့ ´TCP/IP အကြောင်း´တွေကို knowledgebridgeတစ်ဆင့်ပြန်လည်ဖေါ်ပြခြင်းသာဖြစ်ပါတယ်။

Networking မှာ TPC/IP model နဲ့ OSI model ဆိုပြီး နှစ်မျိုးရှိပါ တယ်။ ဒီတခါတော့ TPC/IP Protocol ရဲ့ Architecture ကိုသိသလောက် ပြောပြပါမယ်။ TPC/IP ဆိုတာ Transmission Control Protocol/Internet Protocol ဖြစ်ပါတယ်။ Network သမိုင်းကြောင်းတလျှောက်သုံးခဲ့ပါတယ်။ TPC/IP က computers တွေကို communicate လုပ်ပေးနိုင်တဲ့ protocols တွေကို define လုပ်ပေးတယ်။ documents ထဲမှာရှိတဲ protocol တစ်ခုစီကို define လုပ်တာကို Request for Comments လို့ခေါ်ပါတယ်။ TCP/IP Protocol Archi tecture မှာ layer 4 ခုရှိပါတယ်။ Layer တစ်ခုစီမှာလည်း layer အလိုက် အလုပ်လုပ်တဲ့ protocols တွေရှိပါတယ်။

ဥပမာအားဖြင့် Application layer မှာ HTTP, POP 3, SMTP protocol, Transport layer မှာ TCPနဲ့ UDP protocol, Internet layer မှာ တော့ IP protocol, Network access lyaer မှာ Ethernet နဲ့ Frame Relay တို့ သုံးပါတယ်။

TCP/IP ရဲ့ application layer protocols တွေက ဒီ computer မှာ run နေတဲ့ application software အ တွက် service ပေးပါတယ်။ ဒီ application layer က application ကို define လုပ်တာသာမကဘဲ ဒီ application လိုအပ်တဲ့ service ကိုပဲ define လုပ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် application layer က network နဲ့ software ကြားက interface တစ်ခု ပါပဲ။

TCP/IP ရဲ့ application မှာ popular အဖြစ်ဆုံးကတော့ web browser ပါ။ web server ကို web browser ကအမည်ရွေးချယ်လိုက်ပြီး၊ ရိုက်လိုက်တာနဲ့ web page ပေါ်လာ အောင် TCP/IP application layer ရဲ့ HTTP (Hypertext Transfer Protocol) နဲ့ HTML (Hypertext Markup Language) protocol နှစ်ခုကအလုပ် လုပ်ပေးတာဖြစ်ပါတယ်။ HTTP က web browser က file request တောင်းတာကို လက်ခံပြီး file ကို actual transfer လုပ်ပေးတာ ဖြစ်ပါ တယ်။ Web server မှာရှိတဲ့ HTTP protocol ရဲ့ header မှာ file ကိုယူဖို့ command ပါထားပြီးသားမို့လို့ file name မရေးခဲ့ရင်တောင် web servre က default web page ကို တောင်းမှန်း သိပါတယ်။ HTTP request ကို return ပြန်ရင် HTTP reader မှာ web page ကို တွေ့ရင် HTTP 2000, web page ကိုမတွေ့ရင် HTTP 404 ဆိုတဲ့ return code ပါပါ တယ်။ HTTP data မှာ file ကို ရှာတွေ့ရင် file contents တွေ ပါပါတယ်။

Return ပြန်လာတဲ့ file contents တွေကို web browser မှာပြဖို့ HTML protocol က interpret လုပ်ပေးပါတယ်။ ဒီလိုမျိုး computer ရဲ့ layer တစ်ခုနဲ့ နောက် computer ရဲ့ layer တစ်ခု same layer အချင်းချင်း communicate လုပ်တော့မယ့်ဆိုရင် computer နှစ်လုံးစလုံးမှာ communicate လုပ်ချင်တဲ့ information ကို သိမ်းထားနိုင်တဲ့ header ကို သုံးရပါတယ်။ ဒီ headers ကလည်း computer နှစ်လုံးကြားမှာဘာကို transmit လုပ်မလဲဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီလို process ကို same layer interaction လို့ ခေါ်ပါတယ်။

TCP/IP transport layer မှာ အဓိကကျတဲ့ Protocol နှစ်ခုရှိပါတယ်။ Transmission Control Protocol (TCP) နဲ့ User Datagram Protocol (UDP) တို့ ဖြစ်ပါတယ်။ Transport layer protocols တွေအကြောင်း စဉ်းစားမယ်ဆိုရင် ဒီ transport layer ရဲ့အထက် layer ဖြစ်တဲ့ applicatoin layer ကိုပါ ထည့်စဉ်းစား ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ layer တစ်ခုစီက သူတို့ရဲ့ above layer တွေ အတွက်လည်း service ကို provide လုပ်ပေးလို့ ဖြစ်ပါတယ်။ network တွေပေါ် မှာ data delivery လုပ်ဖို့ TCP/IP မှာ guarantee ပေးနိုင်မယ့် mechanism တစ်ခုလိုပါတယ်။ ဒါကို TCP က acknowledge ment ကိုသုံးပြီး application protocols တွေအတွက် error-recovery feature ကို ပေးနိုင်ပါတယ်။

တကယ်လို့ transmission က lost ဖြစ်သွားရင် HTTP က direct action မလုပ်ပေမယ့် TCP က data ကို resend ပြန်လုပ်ပါတယ်။ data transmission က successfully receive ဖြစ်တာ သေချာအောင်လုပ်ပေးပါတယ်။ ဒီလို computer တစ်ခုတည်းပေါ်မှာ networking model ရဲ့ adjacent layers တွေ အလုပ် လုပ်တာကို adjacent layer interaction လို့ ခေါ်ပါတယ်။

Transport layer ရဲ့အောက်မှာ internet layer ရှိပါတယ်။ ဒီ layer မှာ သုံးတဲ့ IP (Internet Protocol) က မတူတဲ့ ip address တွေရှိတဲ့ host computer တစ်ခုစီကိုသွားဖို့ address လုပ်ပေးပါတယ်။ ပို့ချင်တဲ့ destination ကို data packet တွေကို ရောက်အောင်ပို့ဖို့ router တွေရွေးပြီး routing process လည်းလုပ်ပါတယ်။ computer ကို data delivery လုပ်ဖို့ ဘာနဲ့ပို့မယ် ဘယ်လမ်း ကြောင်းသုံးပြီး ဘယ်လိုပို့မယ်ဆိုတဲ့ network infrastructure ကို detail define လုပ်ပါတယ်။

Data ပို့တဲ့ ip pack မှာ layer တစ်ခုစီရဲ့ header တွေနဲ့ ip layer ရဲ့ ip header ပါပါတယ်။ IP header ထဲမှာ source ပို့မယ်သူရဲ့ ip address နဲ့ destination ပို့ခံရမယ့်သူရဲ့ ip address field ပါပါတယ်။ နောက်ဆုံး layer ကတော့ network access layer ဖြစ်ပါတယ်။ ဒီ layer မှာတခြား network တွေကိုdata delivery လုပ်ဖို့လိုအပ်တဲ့ hard ware နဲ့ protocols တွေကို သတ်မှတ်ပေးပါ တယ်။ Network access ဆိုတာ data transmit လုပ်နိုင်တဲ့ ကြားခံ media ကနေ host computer က ဘယ်လို connect လုပ်မလဲဆိုတာ သတ်မှတ်တာပါပဲ။

ဥပမာဆိုရင် Ethernet ဆိုတာ TCP/IP network access layer ရဲ့ protocol တစ်ခု ဖြစ်ပါတယ်။ Ethernet LAN တစ်ခုကို create လုပ်ဖို့သုံးတဲ့ protocols တွေ၊ addressing နဲ့ လိုအပ်တဲ့ cabling အကုန်လုံး Ethenet က သတ်မှတ်ပေးပါတယ်။

Network access layer မှာ Ethernet protocols အမျိုးမျိုးနဲ့တခြား LAN standard တွေအပြင် WAN standard တွေဖြစ်တဲ့ Point-to-Point Protocol (PPP)နဲ့ Frame relay တို့လည်း ပါဝင်ပါတယ်။ PPP ရဲ့အဓိက လုပ်ဆောင်ချက် ကတော့ serial link ကနေ data deliver လုပ်တာပဲ ဖြစ်ပါတယ်။ IP က network access layer protocols တွေသုံးပြီး IP packet ကို next router ဒါမှ မဟုတ် host computer ကို ပို့တယ်။ ဒီလို process ကို router တစ်ခုစီကလည်း IP packet က destination ကို မရောက်မချင်း ထပ်ခါထပ်ခါလုပ်ပေးပါတယ်။

Network access layer မှာသုံးတဲ့ Protocols တစ်ခုစီရဲ့ header က physical network ပေါ်မှာ data ကို successfully deliver လုပ်ဖို့ လိုအပ်တဲ့ information တွေကို encode လုပ်ပေးပါတယ်။

အဓိကကတော့ network access layer မှာ protocols တွေ cabling standard တွေ၊ physical network အမျိုးမျိုးပေါ်မှာ data တွေဘယ်လို ပို့မလဲ ဆိုတဲ့ သတ်မှတ်ချက်တွေရှိတဲ့ headers နဲ့ trailers တွေ ပါဝင်ပါတယ်။

TCP/IP model မှာ data encapsulation terminology ကိုသုံးပါတယ်။ Application layer မှာ data ကို header နဲ့ပေါင်းထားပါတယ်။ ဥပမာ HTTP protocol ကိုသုံးရင် Header မှာ HTTP OK message နဲ့ data ပေါင်းထားပါတယ်။ Transport layer ရောက်ရင်တော့ TCP protocol header နဲ့ Application layer ကလာတဲ့ Application data နဲ့ ပေါင်းပါတယ်။ TCP နဲ့ Data ပေါင်းသွားတာကို segment လို့ ခေါ်ပါတယ်။ ဒီ segment ဟာ IP layer ရောက်ရင် IP header နဲ့ ပေါင်းပြီး Packet ဖြစ်သွားပါတယ်။ ဒီ packet ကို network access layer ရဲ့ header နဲ့ trailer က အရှေ့နဲ့ အနောက်ကပေါင်းပြီး Frame ဖွဲ့ပါတယ်။ TCP/IP model မှာ ဒီ network access layer တစ်ခုပဲ header နဲ့ trailer နှစ်ခုစလုံး သုံးတာ ဖြစ်ပါတယ်။ ဒီ Frame ကို ပို့ဖို့ နောက်ဆုံး signal တွေဖြစ်အောင် encode လုပ်ပါတယ်။ ဒါကတော့ TCP/IP network model မှာ data ပို့ဖို့ အလုပ် လုပ်ပုံပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Search