welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, July 15, 2012

Saw Linux  /  5:21 PM  /    /  No comments
ကျနော်အခုနောက်ပိုင်း Network အပိုင်းကိုပြန်ပြီး လေ့လာနေတော့ ´TCP/IP အကြောင်း´တွေကို knowledgebridgeတစ်ဆင့်ပြန်လည်ဖေါ်ပြခြင်းသာဖြစ်ပါတယ်။

ကွန်ရက်တွေ တည်ဆောက်ရာမှာ Network ကြီး ငယ် အသွယ်သွယ်ကနေ Intranet Internet တွေအထိ စက်တစ်လုံးနဲ့တစ်လုံး ဆက်သွယ်ရာမှာ နားလည်နိုင်တဲ့ Protocol တွေ အသုံးပြုရပါတယ်။ လူသားတွေ တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ ဘာသာစကား တွေ အများကြီးရှိသလိုပဲ ကွန်ပျုတာတွေ ဆက်သွယ်ရာမှာ နားလည်နိုင်တဲ့ Protocol တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် Internet ချိတ်ဆက် အသုံးပြုရာမှာ မဖြစ်မနေ အသုံးပြုရတဲ့ ဘာသာစကားကတော့ Transmission Control Protocol / Internet Protocol ပဲ ဖြစ်ပါတယ်။

TCP/IP လို့ အတိုကောက်ခေါ်ကြပြီး မသိသူမရှိ သလောက်ပါပဲ။ TCP/IP သုံးတဲ့ Computer တစ်လုံးမှာ IP address တစ်ခုမဖြစ်မနေ သတ်မှတ်ထည့်သွင်းပေးရ ပါတယ်။ IP ကို အခုချိန်မှာ Version နှစ်ခုရှိနေပြီး Internet Protocol Version အတိုကောက် IPv လို့ရေးသားပြီး IPv4 နဲ့ IPv6 လို့ ခေါ်ဆိုကြပါတယ်။ IPv4 က 32 bit နဲ့ အလုပ်လုပ်တာဖြစ်ပြီး IPv6 က 64 bit နဲ့ အလုပ်လုပ်ပါ တယ်။ မြန်မာပြည်မှာ IPv4 ကို အများဆုံး အသုံးပြုကြတဲ့ အတွက် IPv4 ကို အဓိကထားပြီး ရှင်းပြသွားပါ့မယ်။

IPv4 မှာ A, B, C, D, E ဆိုပြီးတော့ Class ၅ ခု ခွဲခြားထားပါတယ်။ Class E ကို Reserved အတွက် ထားပါ တယ်။ A, B, C Class တွေကိုတော့ တော်တော်များ သုံးဖူး ကြပါလိမ့်မယ်။ A, B, C တွေကို အချင်းချင်းဆက်သွယ်ရာ မှာ လွယ်ကူစွာ Network ချိတ်နိုင်တဲ့အတွက်ပါ။

IPv4 Address တစ်ခု မှာ 32 bit စီပါရှိမှာဖြစ်ပြီး 8 bit တပိုင်းစီခွဲထားတဲ့အတွက် 8 bit လေးပိုင်း ခွဲထား တာကိုေ တွ့ရမှာပါ။ IPV 4 ကို ရေးသားဖော်ပြပုံ ၆ မျိုးရှိတဲ့ အထဲမှာ ဒီမှာ အသုံးပြုတာ အများဆုံးကတော့ Dot-Decimal နဲ့ အသုံးပြုတာပဲ အတွေ့များပါတယ်။

Dot-Decimal ကို

လေ့လာကြည့်ကြရအောင်



192.168.0.1 ကို Dot လေးတွေနဲ့ အပိုင်းလေးပိုင်း ခွဲထားတာ တွေ့ရမှာပါ။ အဲဒီ တစ်ပိုင်းစီဟာ 8 bit ကို ကိုယ်စားပြုပါတယ်။ 8 bit လေးခုကို Dot-Decimal လေးတွေနဲ့ ခွဲထားတာပါ။ တစ်စု One Octet လို့ ခေါ်ပါ တယ်။ IP Address တစ်ခုမှာ 4 Octet ပါဝင်တာပေါ့ဗျာ။

ကဲ Octet တွေကြည့်ပြီး Class ခွဲကြရအောင်။ IP Address တွေရဲ့ ပထမဆုံးအပိုင်းကိုကြည့်ပြီး Class ခွဲနိုင်ပါ တယ်။ ပထမဆုံး Octet နဲ့တင် Class ကိုသိနိုင်တယ်လို့ ဆိုတာပါ။

1 to 126 A

128 to 191 B

192 to 233 C

ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကြောင့်မို့

10.10.151.1 ဆိုရင် Class A

172.16.16.1 ဆိုရင် Class B

192.168.0.1 ဆိုရင် Class C ဆိုပြီး သိနိုင်ပါတယ်။

ဒါပေမယ့် A နဲ့ B ကြားမှာ 127 ဆိုတဲ့ အပိုင်း ပျောက်နေတာ သတိထားမိနိုင်ပါတယ်။ အဲတာကတော့ Local Machine Address ပါ။ Loopback address လို့ ခေါ်ပါတယ်။ 127.0.0.1 ဆိုပြီး Network Protocol အလုပ် လုပ်/မလုပ် စမ်းသပ်နိုင်ပါတယ်။ လူတွေ စကား ပြောရင်သုံးသလိုပါပဲ သူများတွေကိုသာ နာမည်ခေါ်တာ မိမိနာမည်ကိုတော့ ကျွန်တော် ကျွန်မ (English လို = I ) လို့ပဲ သုံးနှုန်းတာ များသလိုပေါ့။ တခြား IP တွေကိုသာ IP Address နဲ့ ချိတ်ဆက်တာ ကိုယ့်ကွန်ပျုတာကိုတော့ 127.0.0.1 ဆိုပြီး သတ်မှတ်ထားပါတယ်။ (Protocol) အလုပ် လုပ်/မလုပ်စမ်းချင်ရင် ကိုယ့်စက်ကို ကိုယ်တိုင် ပြန်ခေါ်ကြည့်ပါ။ ping 127.0.0.1

အပေါ်မှာတော့ ပထမဆုံး Octet ကိုကြည့်ပြီး Class ခွဲပြီးသွားပြီဗျာ။ ဒီ Network ထဲမှာ Host အနေနဲ့ စက်ဘယ်နှစ်လုံး သုံးနိုင်လဲဆိုတာပါ သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား။ ပုံမှန်ကတော့ Class A ဆိုရင် ၁၆ သန်း ကျော်၊ Class B ဆိုရင် ၆ သောင်းကျော် ၊ Class C က ၂၅၄ လုံး ချိတ်ဆက်နိုင်ပါတယ်။ နောက်က Octet တွေပါ ကြည့်ပြီး အသေးစိတ် ခွဲခြားကြည့်ရအောင်။

Class A Address တွေက ပထမဆုံး Octet က Network ကို ကိုယ်စားပြုတယ်၊ ကျန်တဲ့ သုံးပိုင်းက Host ကို ကိုယ်စားပြုပါတယ်။

Class B Address မှာ ပထမဆုံး Octet နှစ်ခုက Network ကို ကိုယ်စားပြုတယ်၊ ကျန်တဲ့ နှစ်ခုက Host ကို ကိုယ်စားပြုပါတယ်။

Class C Address မှာ ပထမဆုံး Octet သုံးခုက Network ကို ကိုယ်စားပြုတယ်၊ ကျန်တဲ့ တစ်ခုက Host ကို ကိုယ်စားပြုပါတယ်။

14.12.50.40

190.165.50.2

192.168.0.3

ပထမဆုံး IP Address ရဲ့ First Octet ကို စစ်ဆေး ရာမှာ 1 ကနေ 126 အတွင်းဖြစ်တဲ့အတွက် Class A ဖြစ် ပါတယ်။ Class A ဖြစ်တဲ့အတွက် နောက်က Octet သုံးခုက Host ကို ကိုယ်စားပြုပါတယ်။ Network Address က 14 နောက်က Host Address က 12.50.40 ပေါ့။

ဒုတိယ IP Address ရဲ့ First Octet ကို စစ်ဆေး ရာမှာ 128 ကနေ 191 အတွင်းဖြစ်တဲ့အတွက် Class B ဖြစ်ပါတယ်။ Class B ဖြစ်တဲ့အတွက် နောက်က ရှေ့က Octet နှစ်ခုက Network နောက်က Octet နှစ်ခုက Host ကို ကိုယ်စားပြုပါတယ်။ Network Address က 90.165 နောက်က Host Address က 50.2 ပေါ့။

တတိယ IP Address ရဲ့ First Octet ကို စစ်ဆေး ရာမှာ 192 ကနေ 223 အတွင်းဖြစ်တဲ့အတွက် Class C ဖြစ်ပါတယ်။ Class C ဖြစ်တဲ့အတွက် နောက်က ရှေ့က Octet သုံးခုက Network နောက်က Octet တစ်ခုက Host ကိုကိုယ်စားပြုပါတယ်။ Network Address က 192.168.0 နောက်က Host Address က 3 ပေါ့။

ကဲဒါဆိုရင် IP တွေ အကြောင်းသိရပြီပေါ့။ နောက် Subnet Mask ဆိုတာ ရှိပါသေးတယ်။ သူကတော့ IP Address တွေမှာ တွဲပြီး မဖြစ်မနေ ထည့်ပေးရပါတယ်။ ဘာကြောင့်လဲ။ Subnet ကမှ Network ရဲ့ Bit ကို တွက်ချက်ပေးတာပါ။ ဘယ် Bit နဲ့ အလုပ်လုပ်လဲ စက် ဘယ်နှစ်လုံးသုံးလို့ရလဲ စသဖြင့် Subnet ကနေမှာ သေသေချာချာ ကြည့်နိုင်ပါတယ်။ Subnet ကနေမှ ဘယ် Network လဲဆိုတာ ပြတဲ့အပြင် ဘယ်နှစ်လုံးသုံးနိုင်လဲပါ တွက်ချက်နိုင်တာပါ။

IP Address လိုပါပဲ subnet Mask ကိုလဲ ၄ နေရာ လုံး Network အတွက် မသုံးပါဘူး။ Class ပေါ်မှာ မူတည်ပြီး Octet အလိုက်ခွဲယူပါတယ်။

Class A Subnet က First Octet (8 bit) ပါ။ နောက်က Octet သုံးခုက Host နဲ့ဆိုင်ပါတယ်။

Class B Subnet က First and Second Octet ပါ။ နောက်က Octet နှစ်ခုက Host နဲ့ဆိုင်ပါတယ်။

Class C Subnet က ရှေ့က Octet သုံးခုစလုံးပါ။ နောက်ကဆုံး Octet က Host နဲ့ဆိုင်ပါတယ်။

ပုံမှန် Subnet တွေကတော့

IP-10.10.10.1 SM 255.0.0.0

IP-172.10.10.1 SM 255.255.0.0

IP-192.168.0.1 SM 255.255.255.0

ဆိုပြီး Default Subnet Mask တွေ ရှိပါတယ်။ အဲတာတွေကို Customize လုပ်ပြီး ပုံမှန် Class C စက် အလုံးရေ 254 လုံးကို 10လုံးလောက်ပဲ Limited လုပ်ပြီး သုံးနိုင်ပါတယ်။ အဲတာက Subnet mask နဲ့ လုပ်ရတာပါ။ Bandwith တွေ ပိုမနေတော့ဘူးပေါ့။ ပြတဲ့ အခါသာ Dot-Decimal နဲ့ ပြပေမယ့် တကယ်တော့ bit တွေကနေ ပြောင်းလဲထားတာကို သတိပြုရမှာပါ။ ဒါကြောင့် ကွန်ပျုတာအတွက် ip address တွေ ပေးရင် 0 နဲ့ 255 ကို လုံးဝ မသုံးထားပါဘူး။ IP တွေမှာ နောက်ဆုံး Octet 0 ကို Network Address အနေနဲ့သုံးပြီး 255 ကိုတော့ Broadcast Address အဖြစ် သတ်မှတ်ထားပါတယ်။ ဆိုလိုချင်တာ Class C မှာ ရှေ့က octet သုံးခုက ဘယ် လောက်လာလာ IP အမှတ်စဉ် ဘယ်လောက်ငယ်ငယ် ၁ အောက် မရောက်သလို ဘယ်လောက်ကြီးကြီး ၂၅၄ ထက်ပိုကြီးတာ မဖြစ်နိုင်ပါဘူး။ ရှေ့က Octet သုံးခုမှာ လည်း 255 ထက်ကြီးတဲ့နံပတ် မရှိပါဘူး။ 8 bit ကို ပြောင်း လိုက်ရင် အကြီးဆုံးက ၂၅၅ ပဲရတာ ဖြစ်လို့ပါ။ ဥပမာ 192.168.256.1 ဆိုရင် ၂၅၆ ဆိုတာ မရှိနိုင်တဲ့အတွက် မှားနေတဲ့ Ip Address ပဲဖြစ်ပါတယ်။

ကဲ IP ကော Subnet ကောသိပြီဗျ။ ဟုတ်နေပြီ။ Bit တွေကနေ ပြောင်းပြပါ။ Bit အနေနဲ့ပဲ ရေးပြပါဆိုရင် တော့ ပြသနာပဲ။ Online Subnet Calculator တွေရှိတယ် Download ဆွဲနိုင်တဲ့ exe installer တွေလဲရှိပါ့။ လက်ဖက် ရည်ဆိုင်မှာ စာရွက်နဲ့ချတွက်ပြရမယ်ဆိုရင် မတွက်နိုင်လို့ သိက္ခကျနိုင်တယ်။ လွယ်ပါတယ် တွက်နည်းလေးသာ မှတ်ထားလိုက်။

အလွယ်ဆုံးက စပြောရရင် 8 bit လုံး 11111111 = 255 ရတယ်။ 00000000 = 0။ ကဲနှစ်ခုတော့ရပြီ။ ကျန်တာတွေ ဆက်တွက်ရအောင် နောက်ဆုံးကနေဆိုရင် 1, 2, 4, 8, 16, 32, 64, 128 အဲလို တန်ဖိုးတွက်တွက် ယူရတာပါ။ အကုန်လုံး 1 တွေပဲဆိုရင် အကုန်လုံးပေါင်း တော့ 255 ပေါ့။ 172 ဆိုရင် 10101100 ပါ။ 254 ဆိုရင် 11111110 ပါ။ 1 ဆိုရင်တော့ 00000001 ပေါ့ဗျ။ 00000011 ဆိုရင် 3 ပေါ့ဗျာ လွယ်လွယ်လေး စာရွက်နဲ့သာ ချတွက် နောက်ပိုင်း စိတ်တွက်တောင် ရလာလိမ့်မယ်။ ကဲ Subnet Mask နဲ့ IP ကို သိသွားလောက်ပါပြီ။

သိချင်တာ ရှိတယ်ဆိုရင် knowledgebridge07@gmail.com မှာ မေးမြန်းနိုင်ပါတယ်။

0 comments:

Post a Comment

Search