welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, October 9, 2013

Saw Linux  /  6:58 AM  /    /  No comments
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (မြောက်ပိုင်း)၊ ရန်ကုတ်(နောင်နိုင်း)ကျောင်းတိုက်၏ပဓာနနာယကဆရာတော်
ပြည်နယ်သြ၀ါဒါစရိယဆရာတော်ဖြစ်တော်မူသောကျေးဇူးရှင်ဘဒ္ဒန္တ၀ါယမသည် သက်တော် (၅၉)နှစ် ၀ါတော် (၃၉) ၀ါ
ထိုင်းနိုင်ငံ၊ မက်ဆောက်ဆေးရုံကြီးတွင် ၁၃၇၅-ခု သီတင်းကျွတ်လဆန်း (၅)ရက် ဗုဒ္စဟူးနေ့ (၉-၁၀-၂၀၁၃) ညနေ
(၄)နာအချိန်တွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပါသည်။

ဆရာတော်ကြီးသည် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဒကာ၊ဒကာမများလာရောက်ဖူးမျှော်ပူဇော်ကြပြီး ဆရာတော်
ကြီးကို ရေမန်းဆရတော်ဟုနာမည်ကျော်ဇောထင်ရှားခဲ့ပါသည်။ ဆရာတော်၏မေတ္တာ၊ ကရုဏာတရားများသည်
ကော့ရိတ်မြောက်ပိုင်းတခွင်ဝယ်ဆိုဖွယ်ရာပင်မရှိတော့ပါ။ ဆရာတော်သည် ဘာသာသာသနာအကျိုး၊ အမျိုးသား
ရေး၊ ရပ်ရေး၊ ရွာရေးစတဲ့လုပ်ငန်းဆောင်တာများကို နေ့၊ညမအားထန်းဆောင်ခဲ့ပါသည်။ ဒီလိုကျေးဇူးကြီးမားတဲ့
ဆရာတော်တစ်ပါးကို အချိန်စောစွာဆုံးရှုံးခဲ့ရသည်အတွက် ကျစ်ရစ်သောဒကာ၊ ဒကာမများအနေနဲ့ တကယ်ပင်
ဝမ်းနည်းပူဆွေးခဲ့ရပါသည်။

ကျနော်သည်လည်း ဆရာတော်၏တပည့်ရင်းမဟုတ်ရင်တောင် ရွာနီးသည့်အတွက်ကြောင့်ဆရာတော်နှင့်မကြာ
ခဏဆိုလိုဆိုဆုံးမခြင်း၊ လိုအပ်သည်များကိုကူညီပေးခြင်းစသည်တို့ကြောင့် ကျနော်၏ကျေးဇူးရှင်ဆရာတော်ဆို
ရလျှင်မှားအံ့မည်မထင်။ အများပြည်သူအားကိုးရတဲ့ကျေးဇူးရှင်ဆရာတော်ကြီးကို ဆုံးရှုံးခဲ့ရတဲ့ကျနော်တို့အတွက်
=သစ်တစ်ပင်လဲတော့ ငှက်ထောင်၊သောင်းမကငိုရတယ်=ဆိုသလို ဆုံးရှုံးမှုကြီးတစ်ရပ်ပင်ဖြစ်သည်။ ဒါကြောင့်
ဘ၀ဟောင်းကိုစွန့်ပြီး ဘ၀သစ်သို့ကူးပြောင်းသွားတဲ့ဆရာတော်သည် ကောင်းရာသုဂတိဘုံဘ၀သို့ရောက်ရပါစေ
လို့ ဆုတောင်းပေးလိုက်ပါသည်။

တပည့် = Medananda

0 comments:

Post a Comment

Search