welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Friday, August 26, 2011

Saw Linux  /  2:49 AM  /    /  No comments
PC ရဲ့ Automatic shutdown မကြာကြာဖြစ်ရခြင်းအကြောင်းရင်းတွေကို ကျနော်အချိန်ရှိတုန်း ဖြစ်နိုင်တဲ့အခြေ အနေများကိုဘဘောတူ၊ ၀ါသနာတူများတင်ပြပေးလိုက်တယ်။ ကျနော်သိတဲ့ ဖတ်တဲ့ sources တွေကိုပဲတင်ပြ ပေးတာပါ။ မသိနိုင်တဲ့ sources တွေလဲများစွားကျန်နေသေးတယ်။ သိတဲ့အစိတ်အပိုင်း components ကိုသာ ရေးပြတဲ့အတွက် ကျန်တဲ့အစိတ်အပိုင်းတွေကိုလိုအပ်ရင်ထပ်ဖြည့်ပေးစေချင်တယ်။



PC Automatic Shutdown Error ရဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းများ….



၁။ RAM, CPU, HDD နည်းတဲ့စက်မှာ တပြိုင်နက် program များစွာစက်ထဲမှာ Run ထားတဲ့အတွက် PC Automatic Shutdown Error ဖြစ်ပေါ်စေနိုင်တယ်။



၂။ System က over heating အရမ်းပူသည့်အတွက်ကြောင့် PC Automatic Shutdown Error ဖြစ်ပေါ်စေ နိုင်တယ်။



၃။ အရေးကြီးတဲ့ Window Registry file များပျက်ဆီးသွားခြင်းကြောင့် PC Automatic Shutdown Error ဖြစ် စေနိုင်တယ်။



၎။ (Trojan) virus က အစိတ်အပိုင်းတွေကို infected ကူးစက်ခံရတဲ့အတွက်ကြောင့်လဲဖြစ်နိုင်တယ်။



၅။ Power supply ပျက်ဆီးတာလည်းဖြစ်နိုင်တယ်။



၆။ နောက်တစ်ခုက Power Option မှာ Power schedule, power setting, power plan ပေးထားတာအစီအ စဉ်မကျတာလည်းဖြစ်နိုင်တယ်။



ရ။ မိမိတင်ထားတဲ့ ၀င်းဒိုး systemနဲ့ compactable မကိုက်ညီသောဆော့ဝဲများအင်စတောထည့်သွင်းမိရင် PC Automatic Shutdown Error များဖြစ်ပေါ်စေနိုင်တယ်။



PC Automatic Shutdown Error ကို ဖြေရှင်းနည်း



(၁) (၂) ဖြေရှင်းချက်များအတွက် ကျနော်ရေးမပြတော့ပါဘူး။ hardware ပြင်ဆင်မှုအပိုင်းဖြစ်လေတော့ ဒါက ကိုယ့်ကိုဆုံးဖြတ်ပြီး ၀ယ်သင့်တာတွေဝယ်၊ လှဲသင့်တာတွေလှဲမှရတာကိုး။



(၃) အရေးကြီးတဲ့ Window Registry file များပျက်ဆီးသွားတာကို ပြင်ဆင်တဲ့နည်းလမ်းပေါ့ဗျာ။

အလွယ်ဆုံးကတော့ မိမိတင်ထားတဲ့ဝင်းဒိုးနဲ့ကိုက်တဲ့ CD ခွေကို အသုံးပြုပြီး Boot ကနေ Repair လုပ်ဆောင် ခြင်းဖြင့် အဆင်ပြေသွားနိုင်ပါတယ်။ မိမိက Window Image Backup file လုပ်ထားတာရှိရင်တော့ သူနဲ့ပြန်ပြီး Repair Recovery ပြန်လုပ်ပိုပြီးအဆင်ပြေနိုင်တာပေါ့။

နောက်တစ်မျိုးက CD နဲ့ Repair မလုပ်ချင်ဘူးဆိုရင် Registry file ကိုသာပြန်အင်စတောတဲ့နည်းလေးပါ။ CD ခွေကို မိမိစက်ရဲ့ CD Drive ထဲထည့်ပါ။ ပြီးရင် Run ဘောက်စ်ထဲက regedit ကိုရိုက်ထည့်ပြီး Registry Editor

ကိုဖွင့်ပါ။ အဲဒီမှာ File> Import ကို နှိပ်ပြီး My computer ကနေ CD Drive ကို Right Click> Open or explorer ကိုနှိပ်ပြီး registry file ပြန်ထည့်ပါ။ (ဒီနည်းက နည်းနည်းကွန်ပျူတာနဲ့ ရင်း နှီးပြီးသားသူတွေပဲ

ဝင်ရောက်ပြင်စေချင်တယ်)။



(၄) Virus ကူးစက်တာတွေကို ရှင်းထုတ်တဲ့နည်း

ဒီနည်းကတော့ ကိုယ့်စက်မှာထည့်သွင်းအသုံးပြုတဲ့ anti virus နဲ့ဆိုင်ပါလိမ့်မယ်။ ကိုယ်သုံးတဲ့ anti virus က update ဖြစ်၊ မဖြစ်သတိထားဖို့လိုပါတယ်။ နောက်ပြီး ကိုယ်သုံးတဲ့ anti virus ဘယ်လောက်ထိကိုယ့်စက်ကို ကာကွယ်ပေးနိုင်လဲပေါ့။ ကျနော်ဒီနေရာမှာပြောချင်တာက ကျနော့်ဆိုက်မှာ anti virus software တော်များတင် ထားပါတယ်။

Trojan Elite, PC health advisor အဲဒါတွေကို ဒေါင်းပြီး ဗိုင်းရပ်စ်တွေကို ရှင်းထုတ်စေချင်တယ်။ အကြမ်းဖျင်း အားဖြင့်ကျနော်ပြောတာလေ။ ကိုယ်နဲ့အဆင်ပြေမယ့် anti virus ဆော့ဝဲနဲ့ သတ်ပြီးမိမိစက်အဆင်ပြေဖို့ပါပဲ။



(၅) အထူးပြောစရာမလိုပါ။ မကောင်းမှန်းသိရင် လှဲလိုက်ရုံပါပဲ။



(၆) Power Option ကနေ power plan တွေကို ၀င်ရောက်စစ်ဆေးခြင်း

ကျနော်က အခုပြမယ့် power option screenshot က Window 7 ရဲ့ screenshot ဖြစ်ပါတယ်။ အခုလက်ရှိ ကျနော်စက်မှာ battery တပ်ဆင်ထားခြင်းမရှိပါဘူး။

Task Bar ပေါ်က battery အိုင်ကွန်မှာ ရိုးရိုးကလစ်နှိပ်လိုက်ရင် အောက်ပါပုံအတိုင်း Balanced ရွေးထားတာ တွေ့ရမှာဖြစ်ပါတယ်။





Power Plan (၃) မျိုး

Balanced,

Power Sever,

High Performance

အဲဒီသုံးမျိုးတွင် Balanced ကတော့ power မီးအား မိမိစက်နဲ့ညီမျှအောင်ချိန်ပေးတဲ့ optioin တစ်ခုဖြစ်ပါတယ်။

Window Recommended အနေနဲ့ Balanced ကိုပဲရွေးသင့်ပါတယ်။



Power Option သို့ ၀င်ရောက်ပြင်ဆင်ခြင်း

Control Panel > Power Option ကိုနှိပ်ပါ။

အောက်ပါပုံအတိုင်း Power Option Screenshot





Power Schedule အစီအစဉ်ကို ချိန်းချင်ရင် change plan setting ကိုနှိပ်ပါ။



လက်ရှိကျနော့်စက်မှာ ချိန်ထားတဲ့ schedule တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်စိတ်ကြိုက်ချိန်လို့ရပါတယ်။ ပြီးရင် save setting ပေါ့။





နောက်တစ်ခုက Define power bottom ချိန်းဖို့ရန် Power Option က choose what the power buttons do ကိုနှိပ်ပါ။

ကျနော်စက်ကတော့ အောက်ပါအတိုင်း sleep တွေပဲ ချိန်ထားပါတယ်။



ဘောက်စ်ကိုနှိပ်ပြီး ကျန်တဲ့ Do nothi ng, Hiberate, Shut Down တို့ကိုလည်း ချိန်းလို့ရပါတယ်။ ချိန်းကြည့်ပေါ့တစ်ခုခုကို။ အဆင်မပြေရင် ကျနော် ချိန်းထားသလိုပဲ ပြန်ချိန်ပြီး pc ကို Restart

ဒီလောက်ဆို နည်းနည်းတော့ရိပ်မိလောက်ပြီးလို့ထင်ပါတယ်။



(၇) compactable မဖြစ်တဲ့ ဆော့ဝဲများဆိုတဲ့နေရာမှာ မိမိအင်စတောလိုက်တဲ့ဆော့ဝဲတစ်ခုကြောင့် စက်ကပွင့် လာပြီး ပုံမှန်အလုပ် မလုပ်တော့ရင် အဲဒီဆော့ဝဲမှတ်ထားပြီ ပြန်uninstall, remove လုပ်လိုက်ပါ။



နောက်ဆုံးတစ်ခုက personalize > screen saver အကွက်တွင် none လို့ရွေးလိုက်ရင်လည်း တစ်ချို့က အဲဒီ problem ကို ပြေလည်သွားနိုင်တယ်။



စောလင်းနက်စ်

0 comments:

Post a Comment

Search