welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, December 11, 2011

Saw Linux  /  6:18 PM  /    /  No comments
Hardware အကြောင်းများကို အလွယ်တကူဖတ်ရှုနိုင်အောင်စုဆည်းတင်ပေးလိုက်တယ်။ ကျနော်ကိုယ်တိုင်ရေး တာမဟုတ်ပါ။ search engine ကနေယူထားတာ။ ပိုရှင်းအောင်ဆိုပြီး ပုံတွေနဲ့ထပ်ဖြည့်လိုက်တာ။ အဲဒီပုံကို ကြည့်လိုက်တာနဲ့ Hardware ရဲ့တည်ဆောက်ထားပုံတွေကို တော်တော်လေးရိပ်မိသွားမှာဖြစ်တယ်။ လိုအပ်ရင် တော့ဖတ်ကြည့်ပေါ့နော်။

မားသားဘုတ်အကြောင်း သိကောင်းစရာများ

ကွန်ပြူတာအတွင်း ရွေ့ပြောင်း အစားထိုးရသည့်ပစ္စည်းများတွင် System board ခေါ် Motherboard လည်းတစ် ခု အပါအ၀င်ဖြစ်ပါသည်။ ကွန်ပြူတာပုံးကိုဖွင့်လိုက်လျှင် ဘုတ်ပြားကြီးတစ်ခုကို အထင်းရှားဆုံးတွေ့မြင်နိုင်သည်။
သူ့ကိုအကြောင်းပြုပြီး ကွန်ပြူတာစနစ်ကို တည်ဆောက်ရသဖြင့် အရေးပါသည့်အခြေခံအဆောက် အအုံးကြီး တစ်ခုဟူ၍လည်းဆိုနိုင်သည်။

RAM နှင့် Processorတို့သည်မားသားဘုတ်ပေါ်တွင်လူသိအများဆုံးအစိတ်အပိုင်းများ ဖြစ်သော်လည်း အခြား အစိတ်အပိုင်းပေါင်းများစွာသည် မားသားဘုတ်ပေါ်တွင်သာလာရောက်ဆက်သွယ်ကြရသည်။ မားသားဘုတ်ပေါ် မှာ ဘာတွေပါဝင်သလဲ။ မားသားဘုတ်ပေါ်တွင် အခြား အရေးကြီးသည့် အပိုင်းများသည် Socket များဖြစ်သည်။
Memory, CPU, BIOS များထိုးစိုက်နိုင်ရန်အတွက် Socket ခေါ်ထိုးစိုက်မြောင်းများလည်း ထည့်သွင်းထားသည်။ မားသားဘုတ်ပေါ်တွင် ပါဝင်သည့်အစိတ်အပိုင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ပရိုဆက်ဆာ (Processor)
မားသားဘုတ်ပေါ်တွင် အထင်ရှားဆုံးအပိုင်းမှာ ပရိုဆက်ဆာ ဖြစ်သည်။ စီပီယူ CPU(Central Processing Unit) ဟူ၍လည်းခေါ်သည်။ ပရိုဆက်ဆာသည် မားသားဘုတ်ပေါ်ရှိချစ်ပ်အုပ်စုတွင်အကြီးဆုံးဖြစ်သည်။ အပူရှိန် ထုတ် လုက်မှုများသဖြင့်သူ့အပေါ်တွင် အပူစုပ်ကိရိယာ (heat sink) သို့မဟုတ် ပန်ကာ (fan) ကိုတပ်ဆင်ထားလေ့
ရှိသည်။ မားသားဘုတ်ပေါ်တွင် ပရိုဆက်ဆာကိုထည့်သွင်းရန်အတွက်ဆော့ကက်ခေါ် အပေါက်များစွာပါဝင်သည့်
အခံခေါင်းတစ်ခုပါဝင်သည်။ ယခုအခါတွင်ထိုဆော့ကက်ကို ZIF (Zero Insertion Force) မျိုးအဖြစ်ထုတ်လုပ် ကြသည်။ဆိုလိုသည်မှာ အခက်အခဲမရှိ အလွယ်တကူ ဖြုတ်လဲတပ်ဆင်နိုင်သောကြောင့် ဖြစ်သည်။
ZIF ဆော့ကက်မျိုးတွင် ထည့်သွင်းပြန်ထုတ်လွယ်ကူစေရန်နှင့်ခိုင်မြဲစေရန်အတွက် Level ခေါ် မောင်းတင်မောင် ချစနစ်ပါပူးတွဲပေးထားတတ်သည်။ Pentium II ပရိုဆက်ဆာများ ပေါ်လာသည့်အခါတွင် Intel ကုမ္ပဏီသည်
ဆော့ကက်အမျိုးအစား ထည့်သွင်းရသည့် ပုံစံကို အစဉ်အလာအတိုင်း မဟုတ်တော့ဘဲပုံစံပြောင်းလိုက်သည်။
ယခင် ZIF စနစ်မှ SEC (Single Edge Contact)စနစ်သို့ ပြောင်းလိုက်ခြင်းဖြစ်သည်။ SEC ဆိုသည်မှာ (Single Edge Contact)ကိုခေါ်ဆိုခြင်းဖြစ်သည်။ မားသားဘုတ်များတွင် ပရိုဆက်ဆာကို တပ်ဆင်ရန်ယခင်အပြားလိုက
ဆော့ကတ်စနစ်မှ ဒေါင်လိုက်ထိုးစိုက်ထည့် ရသည် slot စနစ်သို့ပြောင်းလိုက်ခြင်းဖြစ်သည်။ ယင်းကို slot 1 ဟူ၍ ခေါ်သည်။

ပရိုဆက်ဆာကိုကတ်အသွင်ဖြင့် အပြည့်အစုံထည့်သွင်းထားပြီး သတ်မှတ်ထားသည့် Slot မြောင်းအတွင်းသို့ ထိုးစိုက်ထည့်သွင်းလိုက်ရန်သာ ဖြစ်သည်။ Pentium အုပ်စုမျိုးတွင် အစောပိုင်း ထုတ်သည့် ပရိုဆက်ဆာချစ်ပ် များကိုSocket 5 သို့မဟုတ် Socket 7 တို့တွင် ထည့်သွင်းရပြီး Pentium II အုပ်စုမှစတင်ကာ Slot 1 တွင် ထည့်သွင်းသည့်စနစ်ဖြစ်လာသည်။ နောက်ပိုင်း ထွက်သည့် Pentium III နှင့် Pentium 4 အုပ်စု ပရိုဆက်ဆာ များတွင် Intel သည် SECစနစ်ကို မသုံးတော့ဘဲ Socket စနစ်ကိုသာ အသုံးပြုခဲ့သည်။ Pentium III တွင်
Socket 370 ပုံစံကို အသုံးပြုခဲ့ပြီး Pentium 4 တွင် Socket 423 သို့မဟုတ်Socket 478 ကိုအသုံးပြုခဲ့သည်။

SIMM နှင့် DIMM Socket များ
မားသားဘုတ်တွင် အထင်ရှားဆုံး အပိုင်းသည် ပရိုဆက်ဆာ ဖြစ်သည်။ နောက်ထပ်ထင်ရှားသည့်အပိုင်းမှာ Memory ကတ်များထိုးစိုက်ရန် စီစဉ်ထားသည့် Slot မြောင်းများဖြစ်သည်။ RAM ဟုခေါ်သည့် memory ကတ်
များကို ထိုနေရာများတွင်ထိုးစိုက်ထည့်သွင်းရသည်။

Memory ကတ်များ ထိုးစိုက်ရန်အတွက် Socket အမျိုးအစား
နှစ်မျိုးခွဲခြားထားသည်။ SIMM (Single Inline Memory Module) နှင့် DIMM(Dual Inline Memory Module) socket ဟူ၍ဖြစ်သည်။

မူလ Pentium စနစ် မားသားဘုတ်များတွင် memory ကတ်များ ထိုးစိုက်ထည့်သွင်းရန်အတွက် 72-pin SIMM socket ၄လိုင်းနှင့် 168-pin DIMM socket၂လိုင်း ပူးတွဲပါဝင် ထည့်သွင်းတတ်သည်။ နောက်ပိုင်းထုတ်သည့်
မားသားဘုတ်များတွင် DIMM ဆော့ကက် ၄လိုင်းသာ ထည့်ပေးပြီး၊ SIMM လိုင်းများမပါဝင်တော့ပေ။ မားသားဘုတ် တစ်ခုတွင် SIMM သို့မဟုတ် DIMMလိုင်းမည်မျှနှင့်ထုတ်လုပ်ရမည်ဟူ၍ သတ်မှတ်ချက်မရှိပေ။ SIMM လိုင်းများကိုမထည့်သွင်းရခြင်းမှာ ခေတ်အခြေအနေအရ အသုံးမ၀င်တော့ခြင်း၊ ထိုလိုင်းများတွင်ထိုးစိုက်
ထည့်သွင်းရန် Memory ကတ်များ မထွက်တော့ခြင်းကြောင့်လည်းဖြစ်နိုင်သည်။
SIMM slot များကို Pentium မားသားဘုတ်များတွင်ထည့်ထိုးသည့်အခါ နှစ်ချောင်း(တစ်စုံ) အနေဖြင့် ထိုးစိုက် သည့်သွင်းရသည်။ DIMM ကိုထိုးစိုက်ရာတွင်တစ်ချောင်းချင်းသာ ထိုးစိုက်ရသည်။ Memory ထိုးစိုက်ထည့်သွင်း ခြင်းသည်ပရိုဆက်ဆာ၏ data path ကိုဖြည့်ဆည်းပေးရန်အတွက် memory bank တွင်ဖြည့်ဆည်းပေးရခြင်း
လည်း ဖြစ်သည်။ Pentium (64-bit) မားသားဘုတ်တွင် SIMM 72-pin (32bit) ကိုထည့်သွင်းထိုးစိုက်တော့ မည်ဆိုလျှင် ပရိုဆက်ဆာ၏ 64-bit data path ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် 32-bit ကတ်နှစ်ကတ်ကို
ထည့်သွင်းပေး ရမည်သာ ဖြစ်သည်။
DIMM သည် အနိမ့်ဆုံး 64-bit memory ကတ်များ အနေဖြင့်လာသည်။ CPU data path ရှိ bit နံပါတ်နှင့်လည်း အတူတူပင်ဖြစ်သည်။ သို့သော် DIMM တွင်တစ်ကြိမ်လျှင် တစ်ကတ်သာထိုးစိုက်ထည့်သွင်းရသည်။




ရေးသားသူ လေလွင့်သူလေး ,

Motherboard အတွင်းရှိသင့်သည့် Components များ

ကဲဒီတစ်ခေါက် ဆောင်းပါးလေးကတော့ Motherboard အတွင်းမှာရှိသင့်ရှိ ထိုက်တဲ့ Compenents တွေကို ပြောပြပေးပ့ါမယ်။ ဒါပေမယ့်လို့ Motherboard ထုတ်တဲ့ Company တော်တော်များများဟာနောက်ပိုင်းထွက် ရှိလာတဲ့နည်းပညာပေါ်မှုတည်ပြီး လိုအပ်တဲ့ Components တွေကိုထည့်ပေးကြပါတယ်။ ကဲအခုပြောပြမယ့်အချက်အလက်တွေကစံတစ်ခုအနေနဲ့ပါ။၎င်းဖော်ပြမယ့်အချက်အလက်တွေဟာအခုနောက် ပိုင်းထွက်ရှိလာကြတဲ့နည်းပညာပေါ်လိုက်ပြီး ရှိရမယ့် Components တွေပဲဖြစ်ပါတယ်။ ကဲ..ဒါဆို စပြီးလေ့လာ ကြမယ်နော်။

CPU
အရင်တုန်းက CPU Socket, တွေသည် PGA Type အမျိုးအစားတွေပါ။ ၎င်း PGA Type တွေကတော့ကြာပါပြီ။အခုနောက်ပိုင်းမှာတော့ LGA ဆိုတဲ့ ( Lan grid Array ) တွေထွက်ရှိလာပါပြီ။ အခုနောက်ပိုင်း မှာ LGA Socket 775 တွေသည် Intel Dual Core, Celeron Processor Intel Core 2 Duo တွေကိုလိုက်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ
အခုနောက်ဆုံးပေါ် CPU တွေကိုစိုက်ချင်သပဆိုရင် LGA 1156 Socket ဟာအကောင်းဆုံးပါပဲ။ ၎င်း Socket Typeတွေသည် CPU Core i5, C ore i7 ဆိုတဲ့ နောက်ဆုံးပေါ် CPU နည်းပညာတွေကို ချိက်ဆက်နိုင်ပါတယ်။ အခုနောက်ပိုင်း Motherboard တွေသည် LGA Socket 1156 ကိုကူးပြောင်းလာကြပါပြီ။

Memory ( Main Memory )
Dynamic Memory လို့ခေါ်တဲ့ Main Memory အမျိုးအစားတွေဟာ ပုံမှန်အားဖြင့် (3) မျိုးရှိပါတယ်။ SO RAM, DDRRAM နဲ့ RD RAM အမျိုးအစားတွေပါ။ ဒီနေရာမှာ SD RAM တွေကတော့ဖြင့် အရင် P2, P3 Motherboard တွေမှာသုံးခဲ့တာပါ။ နောက်တစ်ခုဆိုတဲ့ RD ( Rambus Dynamic ) RAM ဟာအရမ်းဈေးကြီးလွန်းလှတာ ကြောင့် ဈေးကွက်မှာပျောက်သွားပါတယ်။ ဒါ့အပြင် ၎င်း RAM များဟာ P4 Motherboard တွေမှာ သာအ သုံးပြုပါတယ်။ အခုနောက်ပိုင်းမှာတော့ RD RAM တွေမသုံးတော့ပါဘူး။ ကဲနောက်ဆုံးတော့ DDR RAM အမျိုးအစားပဲရှိတော့တယ်။ အခုနောက်ပိုင်းမှာ RAM နဲ့ပတ်သတ်ပြီး အသုံးများတဲ့ Memory တွေဟာ DDR RAM တွေဖြစ်ပါတယ်။ DDR ဆိုတာကတော့ ( Daubic Data Rate ) ဖြစ်ပြီး Data ကိုလုပ်ဆောင်နိုင်စွမ်း နှစ်ဆပိုတိုး မြှင့်လိုက်တာပဲဖြစ်ပါတယ်။ DDR RAM မှာတော့ အမျိုးအစား (3) မျိုးရှိပါတယ်။ ဒါတွေက DDR RAM, DDR2 RAM နဲ့ DDR 3 RAM တို့ဖြစ်ပါတယ်။ ၎င်း(3) ခုရဲ့ကွာခြားချက်တွေကတော့ MemoryCard အတွင်း မှာပါဝင် တဲ့ Pins အရေအတွက်နဲ့ Bus speed တို့ပဲဖြစ်ပါတယ်။ ကျန်တာလေးတွေ လဲရှိပါတယ်။ ဒါတွေကတော့ အဓိ ကအချက်တွေပါ။ နောက်တစ်ခုက ၎င်း RAM တွေကို Motherboard ရဲ့ OIMM Slot မှာ စိုက်ရမှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ SD RAM တွေကိုအသုံးပြုတဲ့ Motherboard တွေတွေ့နိုင်ပါတယ်။ ဒါပေမယ့်လို့ သင်ဟာ Memoryကိုအမြန်ဆုံးနဲ့ Data ပို့ဆောင်နိုင်မှုတွေကို အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ DDR Memory ကိုသုံးဖို့လိုအပ်လာပါပြီ။ခုနောက်ပိုင်းမှာ Motherboard ကုမ္ပဏီများသည်လည်း SD RAM မှတစ်ဆင့် DDR Memory ကိုအသုံးပြုနိုင်ရန်အတွက် Support လုပ်လာကြပါပြီ။
Connector
အခုနောက်ပိုင်း Motherboard တွေသည် SAIA Connector တွေပဲပါဝင်လာတာတွေ့ရပါတယ်။ ဒါဟာအ လွန်ကောင်းမွန်တဲ့ Motherboard တွေပဲဖြစ်ပါတယ်။ အရင်းတုန်းက Hard Disk တွေ Multimedia Derive တွေအသုံးပြုဖို့ရန်အတွက် IDE Connector တွေနဲ့ပဲချိက်ဆက်ကြပါတယ်။ ၎င်း IDE Connector တွေနဲ့ ချိတ်ဆက်တဲ့ IDE Cable တွေရဲ့ Data သွားနှုန်း Speed သည် 33/ 66/100 Mbps ပဲရှိကြပါတယ်။ အခုနောက်ပိုင်းမှာ SATA မှာတော့ 3.0Gbps အထိရလာပါပြီ။
ဒါ့အပြင် SATA နည်းပညာဟာ Drive တွေကို Point-to-Point ချိတ်ဆက်ထားတာကြောင့် System Unit အတွင်းရှုပ်ထွေးမှုမျိုးကို မဖြစ်စေပါဘူး။ ကဲ...Motherboard ပေါ်မှာ SATA Connector များလေသင့်ရဲ့ သိမ်းဆည်းထားတဲ့Device တွေရဲ့ Data Speed ကများလေပါပဲ။ ကဲဒီတော့ Motherboard ပေါ်မှာ SATA Connector အရေအတွက်များရင်ပိုကောင်းပါတယ်။

BIOS Chipset
ပုံမှန်အားဖြင့် Motherboard တွေမှာ BIOS Chipset တစ်ခုပဲပါပါတယ်။ ၎င်း BIOS Chipset အတွင်းမှာ CMOS ဆိုတဲ့Program လေးပါပါတယ်။ ကဲ...ကောင်းပြီ အကယ်၍များ အဖျက်စွမ်းအားကြီးမားလှတဲ့ ကွန်ပျူတာ Virus တွေကြောင့်သင့်ရဲ့ BIOS Chipset ဟာပျက်ဆီးသွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ကဲ...ဒီလိုမျိုးဖြေရှင်းနိုင်ဖို့ရန်အတွက် အခုနောက်ပိုင်း Motherboard တွေသည် Dual-BIOS ထိပါ Support လုပ်လာကြပါပြီ အကယ်၍သင့်ရဲ့ Primary BIOS ဟာ Virusရဲ့ အန္တရာယ် ကြောင့်ထိခိုက်သွားခဲ့မယ် ဆိုရင် တော့မှ Secondary BIOS ဟာဝင်ရောက်ပြီး အစားထိုးလုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ကဲ ..ဒါဆို Dual-BIOS ဟာအခုနောက်ပိုင်း Motherboard တွေမှာမရှိမဖြစ်အရေးပါလာပြီဖြစ်ပါတယ်။

Built in I/O Port များ
Motherboard ပေါ်မှာ Built-in I/O Port တွေဟာသိပ်ပြီး ပြည့်စုံကြတာရယ်လို့မရှိပါဘူး။ ပြည့်စုံခဲ့တယ်ဆိုရင် တောင်မှနည်းပညာလိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဆိုလိုချင်တာက တစ်ချို့သော Motherboard တွေမှာ Monitor ကိုချိတ်ဆက်ဖို့ရန် တောင်မှ VGA Port ပါမလာပါဘူး။ အဲ့ဒီအခါမှာ သင့်ရဲ့ Motherboard အတွင်း မှာပါဝင်တဲ့ AGP Slot မှာ VGAကဒ်စိုက်မှပဲရပါမယ်။ ဒါက မပြည့်စုံတာပါ။ နည်းပညာလိုအပ်ချက်ကတော့ USB 3.0 နည်းပညာကို Support လုပ်လာမှုနည်းနေပါသေးတယ်။ ဒါအပြင် Network ချိတ်ဆက်မှုအပိုင်းမှာလည်း ယခုအခါ Ethernet 1000 mbps အထိရှိနေခြင်းဟာ Motherboard ရဲ့ Ethernet10/100 mbps Port ကို နည်းပညာလိုအပ်နေသေးကြောင်းပြောခြင်းဖြစ်နေပါပြီ။
ကဲ တစ်ခြားသောအကြောင်းအရာ တွေကိုတော့ နောက်ထပ် အပိုင်းကဏ္ဍတစ်ခုနဲ့ထပ်ပြီး ဖော်ပြပေးပါ့မယ်။ အပေါ်မှာပြောပြခဲ့တဲ့အချက်တွေဟာ Motherboard ပေါ်မှာရှိသင့်တဲ့ Components တွေနဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ ကဲ.ဒါဆိုရင်သင်ဘယ် Motherboard ကိုရွေးချယ်နိုင်သလဲ ဆိုတာအခြေခံ နားလည်းသွား လောက်ပါပြီ။
from Sayar Zaw Lin(youth)

Power Supply အကြောင်း

power supply ဆိုတာ electronic လောကရဲ့  နေရာတိုင်းမှာ မရှိမဖြစ်လို အပ်တဲ့ အရာဖြစ်ပါ တယ် ဒီpower supply ရှိမှပါဝါရမှာပေါ့ ပါဝါရမှအလုပ်လုပ်နိုင်မယ်…ခုလည်းကျွန်တော်တို့ ရဲ့ ပင်မပါဝါကို hardware device တွေပါဝါရရှိစေဖို့ အတွက် အရေးပါတဲ့အခန်းအနေနဲ့  psu အကြောင်းဆွေးနွေး ကြည့်ရအောင်..ကျွန်တော်တို့  ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ power supply တစ်လုံးရဲ့ အဓိက ရည်ရွယ် ချက် က AC (Alternating current ) ကနေ DC(Direct current) ကိုပြောင်းလဲပေးပါတယ်..ဘာဖြစ်လို့ လဲဆိုရင် electoronic device တွေဟာ DC volt ကိုအသုံးပြုရလို့ ပါပဲ…အထွက်ဗို့  အားကိုဘယ်လောက်တွေထုတ် ပေးလဲဆို တော့ 3.3volt , 5volt ,12volt
တွေထုတ်ပေးရပါတယ်..power supply မှာ AT power supply နဲ့  ATX power supply ဆိုပြီးတော့ရှိတယ် အ၇င်တုန်းက AT power supply ကိုအသုံးပြုခဲ့ ကြတယ် တို့  Pentium အစောပိုင်းကာလတုန်းကပေါ့..အဲမှာ AT power supply ဆိုရင် AT motherboard AT case အဲလိုတွဲထားတာ ..ဘာကြောင့်သူ့ တို့ AT အုပ်စုတွေပဲတွဲလို့ ရလဲဆိုတော့ AT power supply မှာပါတဲ့ power connector က p8/ p9 လို့ ခေါ်တဲ့ 6 pin စီတွဲထားတာ ပါရှိတယ် အဲဒီ connector ကိုတပ်ဆင်မယ်ဆိုရင် ၀ါယာအနက်နှစ် ပင်စီကို အလယ်မှာထားပြီးတပ်ဆင်ရပါတယ် ဒါပေမဲ့ အခုတော့ AT ခေတ်ကကုန်သွားပါပြီ ကျောင်းတွေရုံးတွေမှာတော့ ရှိကြဦးမယ်ထင်ပါတယ်..တကယ်လို့ မြင်ရင်လဲခွဲခြားသိနိုင်အောင်ပြောပြပါမယ် သူက case ကိုအပြင်ကနေကြည့် လိုက်တာနဲ့ AT လား ATX လားဆိုတာခွဲခြားသိနိုင်တယ်….casing ပုံးရဲ့  အနောက်ကိုကြည့်လိုက်လို့  5 pin din connector လို့ ခေါ်တဲ့ ကီးဘုတ်connector ခေါင်းကြိုးအပြာ(သို့ ) မဟုတ်အဖြူရောင်ကိုတွေ့ နိုင်တယ်.. အရှင်းဆုံးပြောရရင် အခု ATX မှာသုံးနေတဲ့ ကီးဘုတ်ခေါင်း အပြာ ရောင်ရယ် mouse အစိမ်းရောင်ရယ်မတွေ့  ရဘူးဆိုရင် သူ့ ကို AT motherboard ဆိုတာသိသာ စေပါတယ်..ဘာကြောင့်လဲဆိုတော့ ATX motherboard စထုတ်ကတည်းက သတ်မှတ်ထားခဲ့တာ mouse နဲ့  ကီးဘုတ်connector တွေဟာဒီနေ့ အချိန်ထိ industry standard ဖြစ်နေလို့ ပါပဲ…..နောက် စစချင်းထုတ်တဲ့  AT တွေဆိုရင် usb port မပါဘူး.. ဒါကအပြင်ဘက် ကနေခန့် မှန်းတဲ့သဘောပါ စက်ဖုံးဖွင့်လိုက်ရင် တော့တန်းသိပါပြီ..ဘာလို့ လဲဆိုတော့ p8 /p9 ဆိုတဲ့ power connector က AT power supply ဖြစ်ကြောင်းသေချာစေပါတယ်..ဒါဆိုရင် AT နဲ့  ATX power supply ကိုကောင်းစွာ ခွဲခြား တတ်သွား လောက်ပြီ…

Power connector အမျိုးအစား
power supply မှာပါဝင်တဲ့  connector အမျိုးအစားလေးတွေကိုအောက်ကပုံမှာဖော်ပြထားပါတယ် ဘာတွေလဲဆိုတော့ 20 /24 pin motherboard power connector p1 လို့ လဲခေါ်တယ် ဒီp1 connector က motherboard ပေါ်မှာချိတ်ဆက်ထားတဲ့ device ကို power တွေဖြန့်ဝေးပေးဖို့ ဖြစ်ပါတယ်, p4 connector- p4 connector ဆိုတာကတော့ cpu အတွက် သီးသန့်  12volt ပြုလုပ်ထားတဲ connector ဖြစ်ပါတယ်.. နောက် hard disk တွေ CD rom တွေကို ပါဝါပေးဖို့ လုပ်ထားတဲ့ခေါင်းကို molex connector လို့ ခေါ်ပါတယ် molex connector မှာ IDE molex နဲ့ SATA power connector ဆိုပြီးရှိပါတယ် floppy drive ကိုပါဝါပေးဖို့  အတွက် connector ကိုတော့ mini connector လို့ ခေါ်ပါတယ်..နောက် pin ၆ pin ပါတဲ့ connector ကိုအချို့  သော power supply တွေမှာတွေ့ ကြရမှာပါ သူက high end PC နဲ့  server computer တွေမှာအသုံးပြုပါတယ် အခုပြောသွားတဲ့  connector ခေါင်းတွေက အထွက် volt တွေဟာ DC volt တွေဖြစ်ပါတယ်..ထွက်လာတဲ့ DC volt တွေမှာပါဝါများလွန်းခြင်းနည်းလွန်းချင်းမရှိအောင်ထွက်ပေးရပါတယ် ဒါမှ over heat ဖြစ်ခြင်းကိုကာ ကွယ်ပေးနိုင်မှာဖြစ်ပါတယ်..အရင်တုန်းက IDE HDD တွေကို power ပေးဖို့အတွက် molex ခေါင်းတွေကိုပဲသုံးတယ်။ SATA HDD တွေပေါ်လာတော့ သီးခြား power connector ကိုသုံးလာကြပါတယ်။ SATA power connector တွေဟာ L ပုံ ပြုလုပ်ထားတဲ့အတွက် မှားတပ်ဖို့ရာ မရှိပါဘူး။ သူ့မှာ Pin ၁၅ ခုပါဝင်တယ်။ တချို့ SATA HDD တွေမှာတော့ molex connector ကိုပါအသုံးပြုနိုင်အောင် ထည့်ပေးထားတယ်။ ယခုနောက်ပေါ် PSU တွေမှာ SATA power connector တစ်ခုကနေ နှစ်ခုလောက်ထိ ထည့်သွင်းပေးထားကြတယ်။ မပါလည်းပြဿနာမရှိပါဘူး။ Molex to SATA power connector တွေကို အလွယ်တကူဝယ် ယူရရှိနိုင်ပါတယ်(အောက်ကပုံတွင်တွေ့ နိုင်ပါတယ်)။ဒီနေရာလေးမှာပဲ connector နဲ့  ပတ်သက်တာ နည်းနည်းပြောပြချင်ပါတယ် ကွန်ပျူတာမှာ ဘယ် connector မဆို မှားတပ်လို့ မရပါဘူး အဲသလိုမှားတပ်လို့ မရအောင်ကို chamfer စောင်းလေးတွေနဲ့  D shape ပုံသဏ္ဍန်ပြုလုပ် ပေးထားတတ်ကြပါတယ် audio ကြိုး usb cable ကြိုးတို့ ကို အတွင်းပိုင်း motherboard မှာတပ်ဆင် တဲ့အခါမှာလည်း မှားပြီးတော့ထိုးလို့  မရအောင် ငုတ်တစ်ခုကို လွတ်ထားပေး တတ်ကြပါတယ်..ဒါဟာ ကောင်းမွန်တဲ့နည်းပညာတစ်ရပ်လို့  ဆိုရမှာပါ…

Power supply technology
ပါဝါ supply ကိုတည်ဆောက်တဲ့အခါမှာနည်းပညာနစ်မျိုးနဲ့ တည်ဆောက်ခဲ့ကြတယ် linear power supply နဲ့  Switch mode power supply နည်းပညာတို့ ဖြစ်တယ် linear power supply ဆိုတာ transformer ကိုအသုံးပြုပြီးတော့မှ stable ဖြစ်စေဖို အတွက် linear regulator ကိုတည်ဆောက်ရပါတယ်.. low voltage ကိုထုတ်ပေးရတဲ့ အတွက် power ဖြန်းတီးမှုများပြီး heat ကိုပိုများစေပါတယ် ဒီ Power supply ဟာဆိုရင် အထဲမှာ transformer ကိုထည့်သွင်းတည် ဆောက်ထား တာဖြစ်တဲ့အတွက်အလေးချိန်ပိုများပါတယ်..သူရဲ့  transformer frequency ဟာ 50 Hz/ 60Hz ရှိပါတယ်.. အခုတော့မသုံးတော့ပါဘူး အရင်တုန်းက သုံးခဲ့တဲ့  Power supply အမျိုးအစားတွေဖြစ်ပါတယ်..ခုလက်ရှိမှာ သုံးနေတဲ့ အမျိုးအစားတွေက switch mode power supply အမျိုးအစားတွေပါပဲ..switch mode power supply ဆိုတာ transformer ကိုအသုံးမပြုပဲနဲ့  retifire ကိုခံပြီး DC output ထုတ်နိုင်တဲ့နည်းပညာနဲ့  တည်ဆောက်ထားတာဖြစ်တယ် crowbar circuit ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူ အနေဖြင့် အန္တရယ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်.. power good signal ကိုထည့်သွင်း တည်ဆောက် ထားတဲ့အတွက် unnormal ဖြစ်နေတဲ့  voltage ကိုပါကာကွယ်မှူပေးနိုင်ပါတယ်..ဒါကြောင့် ဒီနေ့ မှာဆိုရင် SMPS power supply ကိုသာအသုံးပြုကြတာပေါ့.. အားသာချက်အားနည်းချက်တော့ပြောစရာမလို လောက် အောင်ပါပဲ smps က power supply လောကမှာ standard တစ်ခုအဖြစ်ရပ်တည်လာခဲ့တာယနေ့ တိုင်ပါပဲ…

Power Efficiency Rating
ကွန်ပျူတာအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ လျှပ်စီးကြောင်းတွေကို Wall Outlet Voltage ကနေ Lower Voltage Level ကို ပြောင်းတဲ့အချိန်မှာ တစ်ချို့လျှပ်စီးကြောင်းလေးတွေက အပူအဖြစ်ကို ပြောင်းပြီး အလဟဿဖြစ်သွားတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ဒီ Power Supply တစ်ခုဟာ 450 W ပေးတယ်လို့ ပြောထားပေမယ့် တကယ်တမ်း Wall ကနေဆွဲယူတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ဆွဲယူရပါတယ်။ ဒါကြောင့် Power Efficiency Rating ဆိုတာ ဖြစ်လာတာပါ။ ကွန်ပျူတာကနေ ပြန်ထွက်လာတဲ့ Power နဲ့တကယ်တမ်း Wall ပေါ်ကနေ ဆွဲယူတဲ့ Power နဲ့ကို နှိုင်းယှဉ်ထားတဲ့ ဟာကို Power Efficiency Rating လို့သတ်မှတ်ခဲ့တာပါ။ Standard အသစ်တွေမှာ Power Efficienchy အနည်းဆုံး ၇၀ ရာခိုင် နှုန်းလောက်ရှိရပါမယ်။ သို့သော် တကယ်တမ်း ရှိသင့်တောက တော့ ၈၀ ရာခိုင်နှုန်းလို့ပြောပါတယ်။ Wattage Level ဘယ် လောက်ပဲရှိရှိ Power Efficiency ၈၀ ရာခိုင်နှုန်းထက်ပိုပြီးပေးနိုင်တဲ့ Power Supply ကတော့ တကယ့်ကို နည်းနည်းလေး ပဲရှိပါသေးတယ်။ အခုလက်ရှိ Power supply တော်တော်များများဟာ 70% နဲ့  80% ကြားမှာရှိတာ များပါတယ်…

Power supply form factor
နောက် power supply form factor ကိုလေ့လာကြည့်ရအောင်.. စောနတုန်းကလည်း ပြောတော့ပြောခဲ့  ပြီးသားပါ..power supply မှာ form factor အမျိုးအစားများစွာရှိတဲ့ အထဲကမှာ ..AT နဲ့  ATX ကိုနည်းနည်း ပြန်ပြောပြချင်တယ် ဘာလို့ လဲဆိုတော့သိသင့်တယ်ထင်လို့ ..AT power supply ကိုအသုံးပြုရင် AT motherboard AT case ပဲဖြစ်ရမယ် ဘာလို့ လဲဆိုရင်သူက မှားတပ်လို့ မရဘူး ဒါကြောင့်AT power supply ATX motherboard ဆိုတာမရှိဘူး..Power supply များစွာရှိတဲ့အနက် အမျိုးအစားတွေကိုလေ့လာ ကြည့် မယ်…PC/XT ဆိုတာ IBM ကပထမဦးဆုံးစတင်ပြီးအသုံးပြုခဲ့ တဲ့  power supply ဖြစ်တယ်..power supply ကိုစတင်မွေးဖွား ပေးခဲ့တဲ့သူလို့ ပြောရင်လဲရပါတယ်..
AT power supply ကတော့အထူးတလည်ပြောဖို့ မလိုတော့ပါဘူး ဟိုးကွန်ပျူတာဘိုးအေကြီးတွေသုံးခဲ့တဲ့  ခေတ် 1970၀န်းကျင်လောက်ကအသုံးပြုခဲ့ကြတဲ့ power supply အမျိုးအစားပဲ..babyAT ဆိုတာ AT power supply ရဲ့ အားနည်းချက်တွေကိုပြုပြင်ပြောင်းလဲနိုင်ခဲ့တဲ့ power supply အမျိုးအစားတစ်ခုဖြစ်ပါတယ် 1985 -95 ကာလတွေတုန်းကအသုံးပြုခဲ့ကြတယ်… LPX12V PSU တွေကိုတော့ low-profile BTX System တွေမှာသုံးပါတယ်။သူ့ ရဲ့  connector တွေကလည်း AT baby AT တို့ လိုတွေပါပဲ… ATX/ATX12Volt/NLX တွေက အခုလက်ရှိသုံးနေတဲ့ အမျိုးအစားတွေပါပဲ ..အထက်ကပြောတဲ့  ပုံစံတွေဟာ architechure အရကွဲပြားပြီးအားနည်းချက်တွေကိုပြင်ဆင်ခဲ့ကြတာ..SFX ဟာ အခု လက်ရှိသုံးနေတဲ့ ATX တို့ နဲ့ ဆင်ပါတယ် ဒါပေမဲ့ သူ့ မှာ -5volt compatiable မပါဘူး..ဘာလို့  လဲဆိုတော့ -5v က ISA bus အတွက်ပဲဖြစ်တာ နောက်ပိုင်း ISA bus မထုတ်တော့တဲအတွက်-5volt ကိုလည်းထည့်စဉ်းစားစရာမလိုတော့တဲ့ အနေအထားမျိုးနဲ့  ထုတ်ခဲ့ဟန်တူပါတယ်..WTX power supply ကို 1998 -99 ခုနှစ်များမှာ စတင်အသုံးပြုခဲ့ပြီး power supply ရဲ့  အကောင်းဆုံးအနေထား design ကိုပြုလုပ်နိုင်ခဲ့တယ်..motherboard နဲ့  case တို့ ရဲ့ standardအဖြစ်သတ် မှတ် ခဲ့ ကြတာ ဒီနေ့ ထိအသုံးပြုလျက်ပါပဲ။ AT motherboard တွေဟာ computer power ကိုလက်နဲ့ ပိတ်ပေး ရတယ်အဲဒါကို manual close လုပ်ပေးရတယ်လို့ ခေါ်တယ် ATX မှာကျတော့ လူကိုယ်တိုင်ပိတ်စရာမလိုဘူး software နဲ့ ပိတ်လိုက်ရုံနဲ့  အဆင်ပြေတယ် အဲဒါကို power soft system လို့ ခေါ်ပါတယ်..ကွန်ပျူတာက auto ပိတ်သွားတာ..အခုလက်ရှိကွန်ပျူတာတွေမှာ shut down လုပ်ရင်အားလုံး okပဲနောက်လည့်ကြည့်စရာ မလို ဘူးပေါ့..

Power supply watt ဘယ်လိုရွေးမလဲ
power supply ကို watt များတာ ကိုဝယ်ပါ..watt များလေစိတ်ချရလေပါပဲ ဒါပေမဲ့  watt များတော့ဈေးလဲ များတယ် ဗျ.. အဲဒါလေး တော့ရှိ တယ်..ကိုယ့် system က 450 W သုံးလို့ 450W PSU ကိုမဝယ်ယူသင့်ဘူး။ သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ် ၊PSUတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာ ရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မတ်တည်း သုံးတာမဟုတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
power supply ကောင်း မ ကောင်း
ဘယ်လို စမ်းရ မလဲ computer မှာ မတပ်ဘဲနဲ့အကြမ်းအားဖြင့် တော့... PowerSupply မှာ 20 (or)24 pins ပါတဲ့ခေါင်းကိုရှာပါ။ တွေ့ ရင် အစိမ်းရောင်ပင် နှင့် ကြိုက်ရာအနက်တစ်ပင်ကို နန်းကြိုးမျှင် (သို့ ) paper clip လေးနဲ့ ပါဝါပေးပြီးရှော့ ရိုက်ကြည့်လိုက်ပါ။ ရှော့ရိုက်ကြည့်လို့  Power Supply Fun လည်ရင်တော့ ကောင်း တယ်လို့ မှတ်ပါ။ မလည်ရင်မကောင်းဘူးပေါ့ဗျာ.... ဗို့ ထွက်မှန်မမှန် သိချင်ရင်တော့ Meter နဲ့ တိုင်းကြည့် လို့  ရပါတယ်... Digital Meter ဆိုရင် ပိုကောင်းတာပေါ့.. အနီပင်နဲ့ အနက်နဲ့  တွဲထောက်လိုက်လို့  5 volt ထွက်ရင်မှန်တယ်။ အ၀ါနဲ့  အနက်နဲ့  တွဲထောက်ကြည့်လို့  12 volt ထွက်ရင်မှန်တယ်။ စမ်းကြည့်လို့  မကောင်းရင်တော့ Power Supply အသစ်သာဝယ်လဲလိုက်ပါ..power supply မကောင်းတာကို အတင်းတောင့်ခံပြီးတော့ မသုံးပါနဲ့  သူနဲ့ ဆက်စပ်တာတွေကြွရင်အကုန်လိုက်ဝယ်ရပါတယ် ….
UPS
အခုက ကျွန်တော် တို့ မီးအမြဲတမ်း လာတဲ့အချိန်ဆိုရင် ကွန်ပျူတာသုံးရတာ ပြဿနာမဟုတ်ဘူး..နို့ မဟုတ်ပဲ မီးကပြတ်လိုက် လာလိုက်ဖြစ်တဲ့ အချိန်လိုမျိုးမှာ မိမိက application လုပ်ငန်းကို လုပ်နေတဲ့အချိန်မျိုး ရုတ်တ ရက်မီးပြတ်သွားရင် save မလုပ်မိလိုက်တဲ့အခါမျိုးဆိုရင် ကိုယ်လုပ်ထားသမျှတွေသွားရော.. ကြူံဖူးပါတယ် ကျွန်တော်တို့ လည်း..ကိုယ်က တစ်မနက်လုံး စာတွေလျှောက်ရေးတာပေါ့ဗျာ စာထဲစိတ်က ရောက်နေတော့ ရေးလို့ ကောင်းတုန်း မီးက ဖြတ် ဆိုပြတ်သွားရော ကိုယ်ကစာမျက်နှာလေး သုံးလေးမျက်နှာ လေးရေးထားတာ အားပါးပါး နမြောလိုက်တာ အဲလိုမဖြစ်အောင် ကိုယ်က save လုပ်ဖို့ အချိန်ရအောင် ups ခံထားရပါတယ်..ups ဆိုတာ uninterruptable power supply ပါဝါပြတ်တောက်ခြင်းအလျင်းမ၇ှိသော power supply လို့ ခေါ်တယ် အဲလိုပြောလိုက်လို့ အမြဲတမ်းသုံးရတာလား မီးမလာလဲသုံးလို့ ရလားပေါ့ အဲလို တော့မဟုတ်ဘူး..သူက လုပ် လက်စလုပ်ငန်းကို save လုပ်ဖို့ အချိန်ရအောင် ရုတ်တစ်ရက်ကျမသွား အောင်ပြုလုပ် ထားပေးတာ..15 မိနစ် နာရီဝက် လောက်တော့ထိန်းထားပေးနိုင်တယ်..ဒါကြောင့်ကျွန်တော်တို့  ဆီမှာသုံးတဲ့အခါ ups တွေခံသုံးကြ တာပေါ့.. ခုနောက်ပိုင်းဆိုရင် မီးအားတွေကို stable ဖြစ်အောင် လုပ်ပေးတာရယ် ups ပြတ်တောက် မသွား အောင် ထိန်းပေးထားတဲ့အရာတွေနဲ့ တွဲပြီးတပ်ဆင်ထားကြ တယ်..24 နာရီ အမြဲမပြတ်လာနေတဲ့  နိုင်ငံတွေမှာတော့ ups ကမလိုပါဘူး..အသုံးပြုရင်လည်း လုပ်ငန်းတွေလောက်ပဲသုံးတာများတယ် အိမ်သုံးတော့ ထားကြ တာနည်းပါတယ်..ကဲအားလုံးပဲ ဒီနေ့ တော့ ဒီလောက်ပါပဲဗျာ…

ဆွေးနွေးချက်အနှစ်ချူပ်
၁။ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ power supply တစ်လုံးရဲ့ အဓိကရည်ရွယ်ချက်က AC (Alternating curre -nt ) ကနေ DC(Direct current) ကိုပြောင်းလဲပေးပါတယ်..ဘာဖြစ်လို့ လဲဆိုရင် electoronic device တွေဟာ DC volt ကိုအသုံးပြုရလို့ ပါပဲ…အထွက်ဗို့  အားကိုဘယ်လောက်တွေထုတ် ပေးလဲဆို တော့ 3.3volt , 5volt , 12volt တွေထုတ်ပေးရပါတယ်
၂။ ပါဝါ supply ကိုတည်ဆောက်တဲ့အခါမှာနည်းပညာနစ်မျိုးနဲ့ တည်ဆောက်ခဲ့ကြတယ် linear power supply နဲ့  Switch mode power supply နည်းပညာတို့ ဖြစ်တယ် linear power supply ဆိုတာ transformer ကိုအသုံးပြုပြီးတော့မှ stable ဖြစ်စေဖို အတွက် linear regulator ကိုတည်ဆောက်ရပါတယ်.. low voltage ကိုထုတ်ပေးရတဲ့ အတွက် power ဖြန်းတီးမှုများပြီး heat ကိုပိုများစေပါတယ် ဒီ Power supply ဟာဆိုရင် အထဲမှာ transformer ကိုထည့်သွင်းတည် ဆောက်ထား တာဖြစ်တဲ့အတွက်အလေးချိန်ပိုများပါတယ်..သူရဲ့  transformer frequency ဟာ 50 Hz/ 60Hz ရှိပါတယ်.. အခုတော့မသုံးတော့ပါဘူး အရင်တုန်းက သုံးခဲ့တဲ့  Power supply အမျိုးအစားတွေဖြစ်ပါတယ်..ခုလက်ရှိမှာ သုံးနေတဲ့ အမျိုးအစားတွေက switch mode power supply အမျိုးအစားတွေပါပဲ..switch mode power supply ဆိုတာ transformer ကိုအသုံးမပြုပဲနဲ့  retifire ကိုခံပြီး DC output ထုတ်နိုင်တဲ့နည်းပညာနဲ့  တည်ဆောက်ထားတာဖြစ်တယ် crowbar circuit ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူ အနေဖြင့် အန္တရယ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်.. power good signal ကိုထည့်သွင်း တည်ဆောက် ထားတဲ့အတွက် unnormal ဖြစ်နေတဲ့  voltage ကိုပါကာကွယ်မှူပေးနိုင်ပါတယ်..ဒါကြောင့် ဒီနေ့ မှာဆိုရင် SMPS power supply ကိုသာအသုံးပြုကြတာပေါ့..
၃။သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ် ၊PSUတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာ ရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မတ်တည်း သုံးတာမဟုတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ကိုစံငြိမ်း (မြန်မာမိသားစု)

0 comments:

Post a Comment

Search