welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, December 7, 2011

Saw Linux  /  10:10 PM  /    /  No comments
ကျနော်က Hardware (or) Network သမားလည်း မဟုတ်တော့ သိပ်တော့ မသိပါဘူး။ အခုလည်း မေးလာတဲ့ သူရှိတာနဲ့ IDCS တက်တုန်းက သင်ခန်းစာထဲမှာပါလို့ ဖတ်ဖူးမှတ်ဖူးတာလေးကို ကျနော်နားလည်ထားသလို ပြန် ရှင်းပြပေးတာပါ။ အမှားအယွင်းများရှိပါက ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျနော်ရေးပေးတာကို နားမလည်တဲ့သူတွေ အနေနဲ့လည်း ပွင့်ပွင့်လင်းလင်း ပြန်လည်မေးမြန်းနိုင်ပါတယ်။ အ တတ်နိုင်ဆုံး နားလည်သည်အထိ ရှင်းပေးသွားပါမယ်။ ကျနော်မရှင်းနိုင်ရင်တောင် ဆက်လက်လေ့လာလို့ရနိုင် တဲ့နေရာတွေကို ညွှန်းပေးပါမယ်။ အပြန်အလှန် အပြုသဘောဆောင်ပြီး ဆွေးနွေးချင်သူများကိုလည်း ၀မ်းသာ စွာနဲ့ ဖိတ်ခေါ်လျက်ပါ။ ပြန်လည်မျှဝေပေးချင်တော့ ဖိုရမ်ကို Credit ပေးစေချင်ပါတယ်။

RAID အကြောင်းမပြောခင် Drive Array (RAID System) တွေ ဘယ်လိုပေါ်ပေါက်လာရတယ်ဆိုတာ အရင်ဆုံး ပြောပြပါမယ်။

အရင်အချိန်တွေတုန်းက အခုလို HDD တွေရဲ့ storage size က သိပ်မကြီးသေးတော့ အကယ်လို့များ Data တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ ထားဖို့ဆိုရင် မဖြစ်နိုင်ခဲ့ပါဘူး။ HDD တွေ ခွဲပြီးတော့ Data သိမ်းထား ရတာမျိုးတွေ ဖြစ်လာပါတယ်။ HDD အားလုံးကို စက်မှာ အသေတပ်ထားဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ တစ်လုံး၊ နှစ်လုံးဆိုတော်သေးတယ်။ ၁၀ လုံး ၊ ၁၅ လုံးဖြစ်လာရင်ကျတော့... ဘယ်မှာတပ်မလဲ??? ဟီး။ HDD ၁၀လုံးတပ်
လို့ရမယ့် MB တော့ မရှိလောက်ဘူးနော့်။ အဲဒီ့လို ပြဿနာကို ဖြေရှင်းဖို့အတွက် Drive Array ဆိုတာပေါ်ထွက် လာခဲ့ပါတယ်။

တကယ်တော့ Drive Array ရဲ့ Idea က ကျနော်တို့တစ်တွေ WAN ဖြစ်ဖြစ် ၊ LAN ဖြစ်ဖြစ် ချိတ်ထားတယ်ဘဲ ထားပါတော့။ အဲဒါဆိုရင် ကျနော်တို့ရဲ့ PC တွေအချင်းချင်း HDD တွေ ၊ အခြား resources တွေကို အပြန်အ လှန်မျှဝေသုံးစွဲနိုင်ကြပါတယ်။
အဲဒီ့ IDEA ကို တစ်မျိုးပြန်စဉ်းစားကြည့်ပါ Drive အများကြီးကို Network ပေါ်မှာ ချိတ်ထားတာဟာ Drive အ များကြီးကို Controller တစ်ခုပေါ်မှာ တပ်ပြီးဆောင်ရွက်နေတာနဲ့ အတူတူဘဲ မဟုတ်ပါလားဗျာ။ ဒါဆိုရင် Several Different Drive Units operating under A Single Controller လို့ခေါ်လိုက်ရင်တော့ အဲဒါဟာ Drive Array ဘဲပေါ့။ အောက်မှာတော့ Drive Array ကို မျက်စိထဲမြင်အောင်ပုံနဲ့ ပြပေးထားပါတယ်။

တကယ်တော့ Drive Array တွေကို အိမ်သုံးအတွက်ရည်ရွယ်တာမဟုတ်ပါဘူး ၊ Client/Server အတွက်ရည် ရွယ်တာပါ။ Network ပေါ်က မူရင်းနေရာတစ်ခုကနေပြီးတော့ လိုချင်တဲ့ အချက်အလက်တွေ အများကြီးကို User တွေက စိတ်ကြိုက်အချက်အလက်ကို တောင်းယူကြည့်ရှုနိုင်ဖို့ဖြစ်ပါတယ်။

ကဲ ဒါဆိုရင် Drive Array တွေ (RAID System)တွေ ဘယ်လိုပေါ်ပေါက်လာရတယ် ၊ ဘယ်မှာ သုံးဖို့ရည်ရွယ် တယ်ဆိုတာ သိလောက်ပြီပေါ့နော်။အဲတစ်ခုပြောဖို့ မေ့သွားတယ်။
ကျနော်တို့အနေနဲ့ Drive Array ကို Data Backup System တစ်ခုအနေနဲ့ လည်း အသုံးပြုလို့ရပါသေးတယ်။ အဲဒီ့နည်းကိုတော့လို့ခေါ်ပါတယ်။
Mirror Drive Array ဆိုတာဟာ သူ့မှာ တပ်ဆင်ထားတဲ့ Drive တိုင်းမှာ ပုံစံတူ Data တွေရှိနေတာကို ဆိုလို တာပါ။ အကယ်လို့များ Drive တစ်ခုခုက Data တွေ ချို့ယွင်းပျက်ဆီးသွားမယ်ဆိုရင်တော့ အခြား Drive တစ်ခုခုကနေ ဆက်လက် အလုပ်လုပ်ဆောင်နိုင်စေဖို့အတွက်ပါ။
နောက်ထပ် Drive Array မှာမှ ဆိုတာလည်းရှိသေးတယ်။ အဲဒါတော့ ကျနော်လည်း အသေးစိတ်မသိလို့ မရေး တော့ဘူး။ နာမည်ဘဲမှတ်မိတော့လို့ ၊ လေ့လာချင်တဲ့သူတွေအနေနဲ့ ဆက်လေ့လာနိုင်အောင်လို့ ပြောပြပေးထား တာပါ။ သူ့ကိုတော့ Speed မြန်စေဖို့အတွက် သုံးတယ်လို့ထင်တာဘဲ။ အောက်မှာ RAIDအကြောင်းရှင်းရင်းနဲ့ တော့ ပါလာပါလိမ့်မယ်။

အခု RAID System အကြောင်းစပြောပါမယ်…

RAID system က Drive Array တွေထဲမှာမှ အသုံးအများဆုံး system တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အရှည်ကောက် ကတော့ Redundant Arrays of Inexpensive Disks ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Independent for Inexpensive ဆိုပြီးပြောင်းလဲ ခေါ်ဝေါ်လာခဲ့ပါတယ်။
RAID System မှာ level (၅) မျိုးရှိပါတယ်။ အဲဒီ့ထဲက လူသိများတဲ့ Level ၃ မျိုးကို အောက်မှာ ဆက်လက်ရှင်းပြ ပေးသွားပါမယ်။

RAID 0 (Striped Disk Array without Fault Tolerance)
သူကတော့ အပေါ်မှာတုန်းက ကျနော်မရှင်းပြခဲ့တဲ့ Striped Drive Array System တစ်ခုပါ။ Data သိမ်းဆည်းမှု ၊ ရယူသုံးစွဲမှု မြန်ခြင်းကို ဦးစားပေး ထားတာဖြစ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး Drive ၂ ခု တော့ လိုပါလိမ့်မယ်။
အကယ်လို့ Data တစ်ခုကိုများ သိမ်းဆည်းတော့မယ်ဆိုရင် သူက အဲဒီ့ Data ကို တစ်ဝက်အတိ ၀က်ပါတယ်။ ပြီး၇င် Drive အမျိုးမျိုးစီမှာ ခွဲသိမ်းပါတယ်။ အဲဒီ့လို ခွဲသိမ်းလိုက်တော့ Data အကြီးကြီးကို Single Drive ဆီကို ကူးမယ့်အစား ၊ Data နည်းနည်းစီကို Multiple Drive ကို ခွဲသိမ်းလိုက်တော့ Speed အနေနဲ့ နှိုင်းယှဉ်လို့မရ အောင်ကို မြန်ပါလိမ့်မယ်။
ဒါပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ တော်တော်လေး ဆိုးရွားပါတယ်။ အကယ်လို့များ Drive တစ်ခုခုသာ ပျက်ဆီးခဲ့မယ်ဆိုရင်တော့ ငိုပေတော့။ ဘယ်ကမှ ပြန်အဖတ်ဆယ်လို့ ရနိုင်တော့ဘူး။ RAID 0 ရဲ့ အလုပ်လုပ်ပုံ ကတော့ အောက်ကအတိုင်းပါ။

RAID 1 (Mirroring and Duplexing)
ကျနော် အပေါ်မှာ ပြောခဲ့တဲ့ Mirror Drive Array ဆိုတာကို မှတ်မိမယ်ထင်ပါတယ်။ အခု ဒီ RAID 1 ကတော့ အဲဒီ့ အမျိုးအစားစနစ်တစ်ခုဖြစ်ပါတယ်။
Data သိမ်းဆည်းမှု လုံခြုံစေဖို့ကို ဦးစားပေးဆောင်ရွက်ပါတယ်။
Storage Size တူညီတဲ့ Drive ၂ ခုရှိတယ်ဆိုပါတော့။ အဲဒီ့ Drive ၂ ခုလုံးဟာ တူညီတဲ့ Data တွေကို သိမ်းဆည်းပေးထားပါတယ်။
Drive တစ်ခုဟာ အခြား Drive တစ်ခုရဲ့ Backup အနေနဲ့ အမြဲတမ်းအဆင်သင့်ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တော့ ရှိတာပါဘဲ။ ကျနော်တို့အနေနဲ့ Data အားလုံးကို Drive ၂ ခုလုံးမှာ သိမ်းထားရတာ ဖြစ်တဲ့အတွက် Data Read လုပ်ရင်ဖြစ်ဖြစ် Write လုပ်ရင်ဖြစ်ဖြစ် အချိန်အားဖြင့် အတော်လေးကြာပါတယ်။
Write လုပ်မယ်ဆိုရင်လည်း နှစ်ခုလုံးမှာ Write သွားလုပ်တာဆိုတော့ အချိန်အတော်ပေးရပါတယ်။ Read လုပ်ပြန်တော့လည်း Drive ၂ ခုလုံးရဲ့ Sector တွေကနေ သွားဖတ်ရတဲ့အတွက် အချိန်ကြာပြန်ပါလေရောဗျာ။
အောက်မှာတော့ RAID 1 ရဲ့ ပုံဖြစ်ပါတယ်။


ထို့အပြင် RAID တွေကိုလည်း တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။ RAID 1 + RAID 0 ၊ RAID 0 +
RAID 1 အစရှိသဖြင့်တွဲနိုင်ပါတယ်။ တွဲဖက်အသုံးပြုခြင်းအားဖြင့်
ကောင်းမွန်တဲ့ Performance တွေ ရနိုင်ပါတယ်။

RAID 5 (Independent Data Disks with Distributed Parity Blocks)
သူ့အကြောင်းကတော့ နည်းနည်းရှင်းရမှာ ရှည်လို့ ဒီနေ့ အချိန်မရတော့လို့ နောက်နေ့မှ ဆက်ရှင်းပေးပါမယ်။

မကြာမီလာမည် မျှော်....

RAID အကြောင်းသိကောင်းစရာ (အခြားတစ်မျိုး)
အခုတစ်ခါ RAID တွေထဲက Hardware RAID အကြောင်းကို ပြောပြချင်ပါတယ်။ Hardware RAIDအကြောင်း
ကိုမပြောခင် RAID အကြောင်းကို နည်းနည်းလောက် ပြောကြရအောင်။

RAID ဆိုတာက Redundant Array of Independent Disk လို့ခေါ်ပါတယ်။ တကယ်တော့ RAID ဆိုတာ Disk တွေအများကြီးကို Redundant အပိုထားပြီး Array ပုံစံပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ RAID တွေကို ဘာကြောင့်
အသုံးပြုရသလဲဆိုရင် Data တွေကို Fault Tolerance ရအောင်နဲ့ စွမ်းဆောင်ရည်တွေ ပိုမိုမြန်ဆန်နိုင်ဖို့အတွက်
အသုံးပြုရခြင်း ဖြစ်ပါတယ်။

RAID မှာဆိုရင် Software RAID နဲ့ Hardware RAID ဆိုပြီး နှစ်မျိုးရှိပါတယ်။
၎င်း Software RAID နဲ့ Hardware RAID မှာမှ RAID ပြုလုပ်တဲ့ပုံစံတွေက အမျိုးမျိုးရှိသေးတယ်ဗျ။ ဘာတဲ့ RAID-0, RAID-1, RAID-2, RAID-3, RAID-4, RAID-5 စသဖြင့် အမျိုးမျိုးရှိပါတယ်။ RAID အကြောင်းမှာ တုန်းက ဒီအကြောင်းတွေကို ရှင်းပြခဲ့ပြီးသားမို့ အခုမရှင်းတော့ပါဘူး။ ရှင်းလိုက်ရင်လည်းပြီးမှာကို မဟုတ်တော့ ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကစာရှင်းပြီဆိုရင်လည်း အဆုံးသတ်ဖို့(ရပ်ဖို့)ကို တော်တော်နဲ့ မရပ်နိုင် ဘူးဖြစ်နေတယ်။ အခုလည်း RAID အမျိုးအစားတွေအကြောင်း ရှင်းပြလိုက်ရင် အဆုံးသတ်ခက်သွားမှာစိုးလို့ပါ။
ကဲ….ကဲ ဆက်ကြရအောင်ဗျာ။
Software RAID ဆိုတာက System Unit တစ်ခုထဲ (Computer တစ်လုံးထဲ)မှာရှိတဲ့ Disk တွေကို RAID ပြုလုပ် ထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Computer Server တွေမှာဆို Disk တွေအများကြီးနဲ့ Softw -are RAID ပြုလုပ်ထားကြပါတယ်။ အဲဒီလိုအခါမျိုးမှာ Server ဟာ ၎င်း Software RAID ရဲ့ တာဝန်ကိုလည်း ထမ်းဆောင်ရတယ်၊ Server နဲ့ပတ်သက်တဲ့အလုပ်တွေလည်း ဆောင်ရွက်ပေးရပါတယ်။ ဒါကြောင့် Software RAID ကို သုံးမယ်ဆိုရင် Server မှာ အလုပ်ပိုများတဲ့အတွက် Performance ကျပါတယ်။ ဒါပေမယ့် အကုန်အကျ ကတော့ Hardware RAID ထက် သက်သာတာပေါ့နော်။ Hardware RAID ကျတော့ အဲဒီလိုမဟုတ်ဘူး။
Hardware RAID ကို သီးသန့်ဆောင်ရွက်ပေးရတာ။ Hardware RAID ဆိုတာ Hard Disk တွေကို Array ပုံစံနဲ့ ပြုလုပ်ပြီး (တစ်နည်းအားဖြင့် Disk တွေကို စီပြီးတော့) Hardware RAID ထဲကို ထည့်ပြီး အသုံးပြုတာပါ။ ၎င်း Disk တွေကို တစ်ခုနဲ့တစ်ခု RAID ပြုလုပ်တဲ့ အမျိုးအစား(ဥပမာ-RAID-1, RAID-5) ပေါ်မူတည်ပြီး Data တွေရဲ့ Fault Tolerance တွေနဲ့ Performance တွေက ကွာခြားသွားမှာဖြစ်ပါတယ်။ Hardware RIAD တွေမှာ Disk တစ်ခုခုပျက်သွားရုံနဲ့ Data တွေ ဆုံးရှုံးမသွားပါဘူး။ ဆက်လက်ပြီး Data တွေကို Access လုပ်လို့ရပါတယ်။
Hardware RAID သုံးရခြင်းရဲ့ ရည်ရွယ်ချက်ကိုက RAID ထဲမှာ Disk တစ်ခုခုပျက်စီးသွားရင်လည်း Data တွေ မဆုံးရှုံးသွားဘဲနဲ့ ၎င်း Data တွေကို Recovery လုပ်နိုင်အောင်ရယ်၊ စွမ်းဆောင်ရည် မြင့်မားအောင်ရယ်အတွက် ဖြစ်ပါတယ်။ ကဲ… ဒီလောက်ဆိုရင်တော့ Hardware RAID အကြောင်းကို နားလည်လောက်ပြီလို့ ထင်ပါတယ် နော်။

Source : MM it Development

0 comments:

Post a Comment

Search