welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, December 7, 2011

Saw Linux  /  11:51 PM  /    /  No comments
ကျနော်အချိန်မရတာနဲ့ ပို့စ်အသစ်တွေမတင်ဖြစ်ဘူး။ အချိန်ရတာနဲ့ MBR (Master Boot Record) Partition ပျက်ခဲ့ရင် Data Recovery ပြန်ယူနိုင်တဲ့ ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ZAR (Zero Assumption Recovery) ဆိုက်ကနေ တင်ထားတဲ့ ZAR Recovery ဆော့ဝဲလ်ပဲဖြစ်ပါတယ်။ အဲဒီဆိုက် မှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာ…Raid Recover System မျိုးလိုပေါ့။

MBR (Master Boot Record) Partition ပျက်ခဲ့ရင် Data Recovery ပြန်ယူနည်း

Step 1 :
ZAR software ကို Download ပါ။ ပီးတော့ ၎င်းပရိုဂရမ်ကို Run လိုက်ပါ။

(Download ပေ့ဂ်ျပေါ်လာရင် မိမိ Recovery လုပ်မည့် exe ကို ဒေါင်းရုံပါပဲ။ General-purpose data recovery ဆိုတဲ့ ခေါင်းစဉ်ကအောက်က exe ကိုသာဒေါင်းလိုက်ပါ)


(1) "Data Recovery for Windows and Linux" ကို ကလစ်နှိပ်ပါ။

Step 2 :
Partition ကို Scan ဖတ်ဖို့အတွက် ပြင်ဆင်ရန်...


(2)Scan Recovery Partition လုပ်ချင်တဲ့ Drive ကိုရွေးပါ။
(3)"More functions..." ကိုနှိပ် (4) "Scan for missing partitions" ကိုရွေးပြီး Next ကိုနှိပ်ပါ။

Step 3 :
ဒီအဆင့်က partition scan progress ပါတေးရှင်း scan ဖတ်နေတာပါ။ ဒီအတိုင်းပဲပြီးတဲ့အထိကြည့်နေ လိုက်ပါ။ ဆက်မလုပ်ချင်ရင် stop ကိုနှိပ်လိုက်ရုံပါပဲ။


Step 4 :
Recovery လုပ်ချင်တဲ့ Partition ရွေးရန်...


5.Recovery လုပ်ချင်တဲ့ ဖိုင်တွေရဲ့ partition ရွေးပါ။
6. ပြီးတော့ data recovery စတင်လုပ်ဆောင်ဖို့ Next ကိုနှိပ်ပါ။

Step 5 :
ဒီအဆင့်ကတော့ Data Recovery Run နေတဲ့ပုံဖြစ်ပါတယ်။ ပြီးတဲ့အထိကြည့်နေလိုက်ပါ။


Step 6 :
ဒါကတော့ Data Recovery လုပ်ပြီးလို့ တွေ့ရတဲ့ဖိုင်တွေဖြစ်ပါတယ်။ အဲဒါတွေကို ပြန်ရယူချင်ရင်အောက်ပါ အတိုင်းလုပ်ဆက်လုပ်ပါ။


7. ပြန်ယူချင်တဲ့ File နဲ့ Folder တွေကို လေးထောင့်ကွက်အမှန်ခြစ်လိုက်ပါ။
8. ပြီးတော့ "Next >>;" ကို ကလစ်လုပ်ပါ။

Step 7 :
ဒီအဆင့်ကတော့ Recovered လုပ်ထားတဲ့ဖိုင်တွေကို ပြန်ပြီး copy ပြုလုပ်တဲ့ပုံဖြစ်ပါတယ်။


9. Recovered လုပ်ထားတဲ့ ဖိုင်တွေကို သိမ်းဖို့ file and folder အမည်ကိုပေးပါ။
10. နောက်ပြီး "Start copying the selected files" ကိုနှိပ်ပါ။ ပြီးပါပြီ….

Ref :ZAR software

စောလင်းနက်စ်

0 comments:

Post a Comment

Search