welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Sunday, June 17, 2012

Saw Linux  /  4:29 AM  /  ,   /  No comments
ကွန်ပျူတာနဲ့ပတ်သက်တဲ့အသက်မွေးဝမ်းပြုနိုင်တဲ့အပိုင်းမှာ A + ဆိုတဲ့ ကွန်ပျူတာပြုပြင်ထိမ်းသိန်းမှုအပိုင်းလည်း
ပါဝင်ပါတယ်။ တစ်ချို့ပုဂ္ဂိုလ်များက A + ဆိုတာဘာလဲ။ A + ရဲ့ဝေါဟာရကို နားမလည်ကြသေးတဲ့ ပုဂ္ဂိုလ်များအ
တွက် ကျနော် ဒီ " A + နဲ့မိတ်ဆက်ခြင်း" ဆိုတာလေးကို ရေးရခြင်းဖြစ်ပါတယ်။ သို့သော် ကျနော်ကိုယ်နိုက်ကိုက ဒီလက်မှတ်ရရှိပြီးရေးသားခြင်းမဟုတ်ပါ။ ကျနော် "PersonalComputer Magazine" အဲဒီတာအဖွဲ့မှရေးသားတဲ့စာ
အုပ်ထဲမှာ ထုတ်နုတ်ရေးသားခြင်းသာဖြစ်ပါတယ်။ တစ်အုပ်လုံးဆိုလည်း ဖတ်ဖြစ်ဖို့မလွယ်သည့်အတွက် A + ရဲ့
ဝေါဟာရကို သဘောပေါက်နားလည်စေရန် ပို့စ်အဖြစ်တင်ရခြင်းဖြစ်ပါတယ်။

A + ဟူသည် ကွန်ပျူတာပြုပြင်ထိမ်းသိန်းမှုအပိုင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ကွန်ပျူတာပြင်ဆင်ခြင်းဖြင့် အသက်
မွေးဝမ်းကြောင်းပြုလုပ်လိုသောပုဂ္ဂိုလ်များသည် A + စာမေးပွဲလက်မှတ်ကို ရယူထားသင့်သည်။ A + လက်မှတ်များ
ကို CompTIA အဖွဲ့မှ စစ်ဆေးထုတ်ပေးလျှက်ရှိပြီး စာမေးပွဲအောင်ရန်အတွက် အဆင့်နှစ်ဆင့်ကိုအောင်မြင်ရမည်ဖြစ်
ပါသည်။ ပထမအဆင့်မှာ A + Essentials ဖြစ်ပြီး နောက်တစ်ဆင့်မှာ စာမေးပွဲသုံးခုရှိသည့်အနက် မိမိစိတ်ကြိုက်
တစ်ခုခုကိုရွေးချယ်ဖြေဆိုပြီး အဆင့်နှစ်ခုအောင်မှသာလျှင် A + ပညာရှင်အဖြစ်သတ်မှတ် လက်မှတ်ထုတ်ပေး
မည်ဖြစ်ပါသည်။

CompTIA အဖွဲ့သည် သီးခြားလွတ်လပ်သည့် ဟါဒ်ဝဲယားကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနေသည့် NGO
အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစဉ်အလာကြီးမားသည်။ သို့သော်လုပ်ငန်းသဘောအရ Microsoft OS ကိုအမှီပြုနေရ
သည်။ နောက်ပိုင်းတွင် apple မေးခွန်းများပါ ထည့်သွင်းမေးလာကြောင်း
တွေ့ရသည်။

A + စာမေးပွဲအတွက် လိုအပ်ချက်များ

A + စာမေးပွဲများကို ကြီးမှူးကျင်းပနေသည့် CompTIA အဖွဲ့ကြီးသည် လွတ်လပ်သည့် NGO အဖွဲ့ကြီးတစ်ခုဖြစ်ပြီး
ကွန်ပျူတာလုပ်ငန်းများအတွက် များစွားအကျိုးပြုနေသည့်အဖွဲ့လည်းဖြစ်သည်။ ကွန်ပျူတာပြင်ဆင်ခြင်း၊ တပ်ဆင်
ခြင်းလုပ်ငန်းသည် ကွန်ပျူတာလောကအတွက် မရှိမဖြစ်လုပ်ငန်းတစ်ဖြစ်သဖြင့် အခြားကွန်ပျူတာလုပ်ငန်းများနှင့် စာမေးပွဲဖြစ်ကြသည့် (Netowrk + Server ၊ Linux +၊ Securiyt + ၊ iNet + ) စာမေးပွဲများထက် လူကြိုက်ပိုများပြီး စာမေးပွဲဖြေဆိုသူပိုများကြသည်။

A + Certification စာမေးပွဲကို ဖြေဆိုသူတစ်ဦးသည်
(က) Microsoft Window ဗဟုသုတများနှင့်
(ခ) IBM သို့မဟုတ် PC စတိုင်လ်များ ကွန်ပျူတာများအကြောင်းကို ကောင်းစွာလေ့လာတတ်မြောက်
ကျွမ်းကျင်ရပါသည်။

လေ့လာရမည့်အကြောင်းအရာများတွင် ကွန်ပျူတာတစ်လုံးပါဝင်သည့် အစိတ်အပိုင်းများ၊ သတ်မှတ်ချက်များနှင့်
စံသတ်မှတ်ချက်အတိုင်း ကွန်ပျူတာကိုတပ်ဆင်နိုင်ခြင်း၊ မိမိတပ်ဆင်ပြီးသည့်ကွန်ပျူတာတွင် os အမျိုးမျိုးကို
ထည့်သွင်းအသုံးပြုနိုင်ခြင်းသည် ကွန်ပျူတာတပ်ဆင်ခြင်း ပညာရှင်တစ်ဦးအနေဖြင့် မဖြစ်မနေနားလည်
ရမည်ဖြစ်သည်။

A + စာမေးပွဲဖြေဆိုမည့်သူတစ်ဦးသည် အနည်းဆုံးနာရီး ၅၀၀ ခန့် လက်တွေ့လုပ်ဆောင်ထားသည့် အတွေ့
အကြုံရှိရန်လိုသည်။ လက်တွေ့အတွေ့အကြုံများတွင် ကွန်ပျူတာဟဒ်ဝဲယား ၊ OperationSystem ၊ ကွန်ပျူတာ
ူပြင်ဆင်ခြင်း၊ စင်စတန်ဖိုင်များကိုသိရှိခြင်း၊ Networking၊ hardware and software များကို ဆက်စပ်အသုံးပြု
တပ်ခြင်းနှင့် ဖြစ်ပေါ်လာသည့်ကွန်ပျူတာပြဿနာများကို ဖြေရှင်းတတ်ြခင်း (troubleshooting) တို့ပါဝင်သည်။

A + စာမေးပွဲအတွက် ပြဋ္ဌာန်းချက်နှင့် လေ့လာရမည့် ဟဒ်ဝဲယားအကြောင်းများကို အင်တာနက်ထဲတွင် ရှာဖွေ
လေ့လာနိုင်သည်။ A + စာမေးပွဲလေ့လာရန်အတွက် အောက်ပါ ပစ္စည်းများရှိထားရပါလိမ့်မည်။
(၁) မိုက်ကရိုဆော့ဖ်တ် Window တင်ထားသည့် PC ကွန်ပျူတာတစ်လုံး
(၂) လျှပ်စစ်စီးဆင်းမှုအတွက် အကာအကွယ်ပြုရန် (လက်ပတ်၊ လက်အိတ်များ)
(၃) Phillids Head ၀က်အူလှည့်စတား၊ Flat Head ၀က်အူလှည့်အပြား
(၄) တွက်ချက်ရန် ဂဏန်းပေါင်းစက်စသည်တို့ဖြစ်ပါတယ်။

A + စာမေးပွဲအတွက်သိကောင်းစရာ

A + Certification စာမေးပွဲကို နောက်ဆုံး update လုပ်သွားသည်မှာ ၂၀၀၆ ခုနှစ်ကဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်မ
တိုင်မှီ သုံးနှစ်ကထက် ပုံစံအားဖြင့်ပြောင်းလဲသွားသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပပြုလုပ်သည့်
CompTIA အစည်းအဝေးတွင် A + စာမေးပွဲကို အဆင့်မြင့်ရန်ဆုံးဖြတ်ကြသည်။ ၂၀၀၉ နှစ်တွင် အဆင့်မြင့်မည်
ဟု ခန့်မှန်းကြသည်။ ၂၀၀၃ ခုနှစ်တွင် ကျင်းပခဲ့သော A + စာမေးပွဲသည် ၃ ရာခိုင်းနှုံးမှ ၁၀ ရာခိုင်းနှုံးသာအောင်
မြင်စေရန် စီစဉ်ထားသော်လည်း နောက်ဆုံးပေါ် A + စာမေးပွဲသည် ၃၀ ရာခိုင်နှုံးအောင်မြင်စေရန် စီစဉ်ထား
ကြောင်းသိရသည်။

A + စာမေးပွဲကို လက်ရှိနှစ်ပိုင်းခွဲပြီး ကျင်းပခဲ့ကျသည်။ A + Essentials (200 - 601) နှင့် IT Technician
(220 - 602) ၊ Remote Support Technician (220 - 603) ၊ Depot Technician (220 - 604) သုံးခုအနက်
မှ တစ်ခုခုစိတ်ကြိုက်ရွေးချယ်ဖြေဆိုကြရသည်။ သုံးခုအနက်မှ တစ်ခုခုအောင်မြင်ထားသူနှင့် A + Essentials
(200- 601) စာမေးပွဲကို အောင်မြင်ထားမှသာလျှင် A + အောင်လက်မှတ်ရသူတစ်ဦးဖြစ်နိုင်သည်။ CompTIA
၏ အကြံပေးချက်အရ A + Essentials စာမေးပွဲကိုအောင်မြင်ပြီးမှသာလျှင် ကျန်တစ်ပိုင်းကိုရွေးချက်ဖြေဆို
သင့်သည်။

စာမေးပွဲအပိုင်းတစ်ပိုင်းအတွက် အမေရိကန် ၁၆၈ ဒေါ်လာပေးသွင်းရသည်။ အကယ်၍ကျောင်းများသည်
Career Tech ပရိုဂရမ်အရ လုပ်ငန်းခွင့်နှင့်လက်တွေ့ ပေါင်းစပ်ရယူထားသည့် ကျောင်းများမှ ကျောင်းသား
များသည် သတ်မှတ်နှုန်းထက် တစ်ဝက်လျှော့ထားသည့်ဘောက်ချာကို ခံစားခွင့်ရှိသည်။ အကယ်၍လုပ်ငန်း
ကုမ္ပဏီများအနေဖြင့် CompTIA အဖွဲ့နှင့်ပူးပေါင်းထားလျှင်လည်း စာမေးပွဲဘောက်ချာကြေးကို သတ်မှတ်
နှုန်းထက် လျှော့ပြီးခံစားခွင့်ရှိသည်။ A + Essentials စာမေးပွဲအတွက် မေးခွန်း ၁၀၀ ဖြေဆိုရသည်။ စိတ်ကြိုက်
ရွေးချယ်ဖြေဆိုရသည့်စာမေးပွဲအတွက် မေးခွန်း ၉၀ ဖြေဆိုရသည်။ A + Essentials စာမေးပွဲအတွက် Comp
TIA သတ်မှတ်ထားသောအောင်မှတ်မှာ ၆၇၅ ဖြစ်ပြီး ဒုတိယပိုင်း စိတ်ကြိုက်ရွေးချယ်ဖြေဆိုရမည့် စာမေးပွဲ
အတွက် အောင်မှတ်သည် ၇၀၀ ဖြစ်သည်။

A + Essentials စာမေးပွဲအတွက် နယ်ပယ် (Domain) (၈) ခုပါဝင်သည်...

1. Personal Computer Components (72)
2. Laptop and portable Device (11)
3. Operation System (21)
4. Printers and Scanners (9)
5. Networks (12)
6. Security (11)
7. Safety and environmental issue (10)
8. Communication and personalize (5) {Total - 100)

အထက်ပါ ကောက်နုတ်ဖေါ်ပြချက်များသည် A + ကို လေ့လာလိုသူများအတွက် သိသင့်သိထိုက်သောအချက်
အလက်တစ်ချို့သာဖြစ်ပါသည်။ အကယ်၍ ပြည့်ပြည့်စုံစုံလေ့လာလိုလျှင် အောက်ပါ "Personal Computer
Magazine" အဖွဲ့မှ ရေးထားတဲ့စာအုပ်လေးကိုဒေါင်းပြီးလေ့လာလို့ရနိုင်ပါသည်။

Download :
A + Exam

စောလင်းနက်စ်

0 comments:

Post a Comment

Search