welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Tuesday, June 19, 2012

Saw Linux  /  8:52 PM  /    /  No comments
CMD ဆိုတာ OS တိုင်းမှာ ပါဝင်တဲ့ Utility တစ်ခုဖြစ်ပါတယ်။ မိမိစက်ရဲ့ system တစ်ခုခု error ဖြစ်တဲ့အခါ
ဝင်ရောက်ပြင်ဆင်နိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ ကျနော်အခုရေးပြမယ့် CMD ရဲ့ Theory သဘောတရား
များသည် search engine မှတစ်ဆင့် ကောင်းကောင်းနိုးနိုးရာရာလေးတွေကို ပြန်လည်စုဆည်းတင်ပြခြင်း
သာဖြစ်ပါသည်။ ကဲ...စပြီးလေ့လာကြရအောင်...

ထုံးစံအတိုင်း CMD ကိုဖွင့်ဖို့ Start >> All Programs >> Accessories >> Command Prompt ကို နှိပ်
ပြီးဖွင့်လို့ရသလို ကီးဘုတ်ပေါ်က WinLogo + R (Run Box) ကိုခေါ်တင်၍ cmd လို့ရိုက်ပြီး Enter ခေါက်
ရင်လည်းရပါတယ်။ အခုတွေ့ရသည့်ဘောက်စ်ကတော့ CMD.exe screen box ဖြစ်ပါတယ်။

CMD မှာ command များရဲ့ လုပ်ငန်းစဉ်
cmd တွင် ဘာတွေလုပ်လို့ရကြောင်း command line တွေအကြောင်း ရှင်းပြထားတာကိုသိချင်ရင် အောက်
ပါ command line ၇ိုက်ထည့်ပြီး enter ခေါက်ပါ။

cmd/?

အဲဒါဆိုရင် cmd တွင် ဘာတွေလုပ်လို့ရကြောင်းစသည်ကို command line ကနေတစ်ဆင့် ရှင်းပြထားပါ
တယ်…။ အဲဒီ command line တွေကို လေ့လာကြည့်ပါ။ ဆက်ပြီးဖတ်ချင်ရင် Press any key to continue
ဆက်လုပ်ရန် ဘယ်ကီးဖြစ်ဖြစ်နှိပ်ပါ ဆိုလျှင်ကီးဘုတ်မှ ကြုံရာကိုနှိပ်ပါ။ ဆက်လက်ရှင်းပြထားပါသည်။
(၇)ကြိမ်နှိပ်မှ ရှင်းပြချက်ဆုံးပါမည်။ ၎င်းရှင်းပြချက်များတွင်...

DEL or ERASE
COLOR
CD or CHDIR
MD or MKDIR
PROMPT
PUSHD
POPD
SET
SETLOCAL
ENDLOCAL
IF
FOR
CALL
SHIFT
GOTO
START (also includes changes to external command invocation)
ASSOC
FTYPE တို့ကို လေ့လာကြရအောင်...

၎င်း command တို့ကို ပိုမိုသိလိုပါက ၎င်းတို့နောက်တွင် “/?” ရိုက်ထည့်ပါ။ ဆက်လက် ရှင်းပြထားပါသည်။
ဥပမာ (Color/?)
DEL/? သို့မဟုတ် ERASE/? (ဖျက်ခြင်း)
DEL [/P] [/F] [/S] [/Q] [/A[[:]attributes]] names
ERASE [/P] [/F] [/S] [/Q] [/A[[:]attributes]] names
names မှာ ဖိုင်အမည် (တည်နေရာအပါအဝင်) ဖြစ်ပါသည်။

ဥပမာ- notepad ကိုဖွင့်ပါ။ (Start > All Programs > Accessories > Notepad)သို့မဟုတ် (WinLogo+R
နှိပ်ပါ။ Run Box ပေါ်လာလျှင် notepad ဟု ရိုက်၍ Enter ခေါက်ပါ။)

၎င်း Notepad တွင် ရေးလိုရာရေး၍ Desktop တွင် test အမည်ဖြင့် save ပါ။ ”.txt” သည် အလိုအလျောက် ပါပါမည်။ မြင်ရမည်မဟုတ်ပါ။

၎င်း test ဖိုင်ကို D:\ သို့ ကော်ပီကူးပါ။ ၎င်းဖိုင်ကို မြင်ရသည့် အနေအထားဖြင့် -
cmd တွင် DEL D:\test.txt ရိုက်၍ Enter ခေါက်ပါ။ D:\ မှ test ဖိုင်ကို ပြန်ကြည့်လိုက်ပါ။ ဘယ်ရောက် သွား
ပါသနည်း?။DEL/P D:\test.txt ဟုရိုက်လျှင် /P သည် Prompt ဖြစ်၍ မဖျက်မီ ခွင့်ပြုချက် တောင်းပါမည်။
D:\Test.txt, Delete (Y/N)?_ ဟု မေးပါမည်။ Y မှာ Yes ဖြစ်၍ N မှာ No ဖြစ်ပါသည်။ N ကို ရိုက်ပါက မဖျက်ပါ။
Y ကို ရိုက်မှ ဖျက်ပေးပါသည်။ အကယ်၍ ဖိုင်မတွေ့ပါက သို့မဟုတ် ဖိုင်အမည် (တည်နေရာ အပါ) အရိုက်မှားပါ
က Could Not Find. ဟု မတွေ့ကြောင်း Output ပြန်ပေးပါမည်။

/F မှာ Force ဖြစ်၍ Read-Only (ဖတ်ရုံသက်သက်)ဖိုင်များကိုပါ Force လုပ်၍ ဖျက်ပေးပါသည်။
/S မှာ Subdirectiries (ဖျက်မည့် Folder အတွင်းရှိ Sub-Folder ထဲက ဖိုင်များပါမကျန်) ဖိုင်အားလုံး အထူး
ဖျက်ခြင်း ဖြစ်ပါသည်။
ဥပမာ- D:\ တွင် Mp3 ဟုအမည်ပေးထားသည့် Folder နှင့် သီချင်းဖိုင်များ ရှိပြီး ၎င်း Mp3 Folder အတွင်း
HipHot အမည်ရှိ Folder တွင် mp3 များ ထပ်မံ ရှိသည် ဆိုပါစို့။
Del/s D:\Mp3 ဟု ရိုက်ပါက Mp3 Folder အတွင်းရှိ (HipHot Folder အတွင်းက ဖိုင်များပါမကျန်) ဖိုင်အား
လုံး ဖျက်ပါမည်။ သို့သော် သေချာလား Are you sure (Y/N)? လို့တော့ အကြိမ်ကြိမ် ပြန်မေးပါမည်။
/Q ကိုပါ ထည့်လျှင် အထက်ပါအတိုင်း ပြန်မေးမည်မဟုတ်ပါ။
/A ဆိုလျှင် Attribute အထူးပြုဖိုင်များကိုပါ ဖျက်ပါမည်။ အထူးပြုဖိုင် Attribute တွင်
R – Read-only files (ဖတ်ရုံသက်သက်ဖိုင်များ) S – System files (စနစ်ဖိုင်များ)
H – Hidden files (ဝှက်ထားသောဖိုင်များ) A – Files ready for archiving (မော်ကွန်း-မှတ်တမ်းဝင်ရန်
အသင့်ရှိ ဖိုင်များ) အားလုံး ပါဝင်ပါသည်။

Del (or) Erase တို့၏ command များမှာ ဤမျှသာ ဖြစ်ပါသည်။ သေသေချာချာ နားလည်ရန်နှင့် ကျွမ်း ကျွမ်းကျင် ကျင်ဖြစ်ရန် လေ့ကျင့်စေလိုပါသည်။ cmd ဖြင့် virus ရှာ၍သတ်ခြင်း၊ Windows စနစ်ကို ထိန်းကျောင်းခြင်း၊ အသုံး
ချ ဆော့ဝဲလ်ငယ်များ ရေးသားခြင်း၊ Virus ဖိုင်များ၏ ဖွဲ့စည်းတည်ဆောက်မှုများကို လေ့လာခြင်း စသော သင်ခန်းစာ
များကို ပို့ချသွားမည်ဖြစ်၍ အခြေခံ အဆင့်များကို ကျေညက်ထားရန် လိုပါသည်။ ဤမျှဖြင့် နားပါဦးမည် ….

CMD နဲ့ ဗိုင်းရပ်စ်ဖယ်ရှားခြင်း

တစ်ခုတော့ရှိတာပေါ့ cmd ထဲမှာ သုံးလို့ ရတဲ့ switch တွေကို နားလည်ရင်ပိုကောင်းပါတယ်.. cmd ထဲမ၀င်ခင်မှာ
အရင်ဆုံး msconfig ကို Run box ထဲမှာ အရင်ရိုက်ပြီး startup tag ထဲက ဗိုင်းရပ်ကို စပြီး မောင်းတဲ့ loikaw.exe ကို ဖြုတ်ပစ်ရပါမယ်။ loikaw.exe က task manager ကို ပိတ်ပစ်လိုက်ပါတယ်..
Run နေတဲ့ ဗိုင်းရပ်ကို အရင် ရပ်ပစ်ရပါမယ်.. Virus ရဲ့ သဘောတရားအတိုင်း source ကို နှစ်ပိုင်းခွဲထားတယ်..
တစ်ခုက Hard disk မှာ နေတယ်.. နောက်တစ်ခု က system (RAM) ထဲမှာ Run နေတယ်.. ကျွန်တော်တို့ က
အရင်ဆုံး Hard Disk ထဲက ကောင်ကို အရင် ဖျက်ပစ်ရပါမယ်။ အဲဒီကောင်က window boot တက်တိုင်း သူက
စပြီး အလုပ်လုပ်ရတာပါ။ သူမရှိရင် ဗိုင်းရပ်စ်က နိုးမှာမဟုတ်ပါဘူး.. သူက hidden file ပါ... မတွေ့ နိုင်ပါဘူး..
Windows ထဲမှာရယ် system32 ထဲမှာ ရယ် document and settings ထဲမှာ အကုန်ရှာရပါမယ်... အဲလိုရှာဖို့
အတွက် သုံးရမှာက cmd ပါ။

Task manager ကို ခေါ်ရန်ပထမနည်းလမ်း

တစ်ခုကို သတ်ရင် တစ်ခုက ပြန်နှိုးတယ်.. task manager ကို ပြန်ခေါ်နိုင်ဖို့အတွက် gpedit.msc ကို Run
box ထဲမှာ ရိုက်ထည့်ပါ။ user configuration အောက်က administrative templates မှာ ရှိတဲ့ system
အောက်က Ctr+Alt+Del Option မှာ Remove Task Manager ကို Disable လုပ်ပါ။ ပြီး ရင် Run box ထဲ
မှာgpupdate ဆိုပြီး group Policy ကို update လုပ်ပါ။ ပြီးရင် Task Manager ကို ခေါ်ကြည့်ပါ။မရခဲ့လျှင် -----
Task List ကို အသုံးပြုခြင်း
ကျွန်တော်တို့အတွက် virus process များကို ရပ်နိုင်ဖို့အတွက် Task List တစ်ခုလုံးကျန်ပါသေးတယ်။
Task list သည် cmd ထဲမှာ ၀င်သုံးရခြင်းဖြစ်ပါသည်။ cmd ထဲတွင် Tasklist ဟု ရိုက်လိုက်ပါ။ Tasklist များ
ကျလာလျှင် PID No. ကို လိုက်၍ Task kill လုပ်နိုင်ပါတယ်။ ဗိုင်းရပ်စ် ရဲ့ process ကိုအတိအကျသိဖို့
တော့လိုတယ်…Taskkill /f /(PID No.) အနေဖြင့် ဗိုင်းရပ်စ် လုပ်ငန်းစဉ်များကို ရပ်ပစ်လို့ရပါတယ်။
ဗိုင်းရပ်လုပ်ငန်းစဉ်များကို ရပ်လိုက်တာနဲ့ infected file တွေကို ဖျက်လို့ရပါပြီ… Cmd ကို အသုံး ပြုပြီး
ဖျက်ရမှာဖြစ်ပါတယ်။

Cmd ထဲမှာ ဖျက်နည်းကတော့…
အရင်ဆုံးcmd ထဲဝင်ပါ။ document and settings ကိုအရင်ရှာကြည့်ပါ.. ရိုက်ရမယ့် command ကတော့
attrib ပါ။
A = archive file ပါ။
H = Hidden file ပါ။
S= System file ပါ။
R = Read only file ပါ။

Virus တွေက ASHR အနေနဲ့ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေ တစ်အားသတိထားရတယ်.. virus လား system
file လားဆိုတာ.. မှားဖျက်ရင် windows တက်တော့မှာမဟုတ်ပါဘူး..သတိထားပါ။ ပုံမှန်ရှိရမယ့်ဖိုင်မဟုတ်ရင်
ဖျက်သာဖျက်ပစ်ပါ။ ဖျက်တဲ့အခါလည်းသတိထားပါ။ ဘာလို့လဲဆိုတော့ တစ်ချို့တစ်ချို့သော virusတွေက system
file ကို hidden လုပ်ပြီး သူကတော့ system fileတွေ နေရာမှာ ၀င်ယူနေတတ်တယ်..အထူးသဖြင့် folder ယောင်
ဆောင်တဲ့ဗိုင်းရပ်တွေပေါ့.. cmd ထဲမှာ ဖျက်တဲ့ command ကို အောက်မှာဖော်ပြပေးထား ပါတယ်။ Del ပါ။
force က /f ပါ။ S ဖိုင်တွေကို ဖျက်ဖို့အတွက် R ဖိုင်တွေကိုဖျက်ဖို့အတွက်လိုပါလိမ့်မယ်။

Switch တွေကို ကြည့်ချင်ရင်တော့ del /f /a (ဖျက်ချင်သောဖိုင်နာမည် အပြည့်အစုံ) Del /? ကတော့ del နဲ့
တွဲသုံးနိုင်သော switch တွေကို အကုန်ပြောပြပါလိမ့်မယ်။
နောက်တစ်ခုအနေနဲ့တော့ cmd ထဲမှာ သုံးနိုင်သော switch တွေအကုန်လုံးကို ဒီ command နဲ့ ရှာကြည့်ပါ ။
နောက်စမ်းသပ်ကြည့်ပါ။ cmd က ပျော်စရာကောင်းပါလိမ့်မယ်။
Memory Stick ထဲမှာရှိတဲ့ ဗိုင်းရပ်(စ်) သတ်ပုံသတ်နည်း လေး ကိုပဲဖော်ပြလိုက်ပါတယ်… အရင်ဆုံး တစ်ခု
ပြောချင်ပါတယ်.. window သည် stick ကို ထိုး လိုက်သည်နှင့် Autodetection လုပ်ပါတယ်.. ပြီးလျှင် ၎င်း
Stick ကို run ပါတယ်.. ဒါကို ကြည့်ခြင်းအားဖြင့် window တွင် Auto run service ရှိနေပါပြီ.. ထို service ကို
အရင်ရပ်ပစ်ရပါမည်။

၎င်း service ကို ပိတ်ရန် run box ကိုဖွင့်လိုက်ပါ.. gpedit.msc ဆိုပြီး ကျွန်တော်တို့ ရဲ့ group policy ကို
ဖွင့်လိုက်ပါ... ကျွန်တော်တို့ userconfigration မှာရော Computer configration မှာရော ပါရှိတဲ့ adminst
rativeTemplates က system folder ထဲမှာ ရှိတဲ့ Turn off Autoplay ကို Enableလုပ်ခြင်းအားဖြင့် ပိတ်ပစ်
လိုက်လို့ရပါတယ်။
နှစ်ခုစလုံးမှာနော်..တစ်ခုထဲမဟုတ်ဘူး.. ဆိုလို တာက user configration မှာရော computer configration
မှာရော Administrative Templates ဆိုတာရှိတယ်... ထို့အပြင် system folder လည်းနှစ်ခုစလုံးမှာရှိတယ်...
Turn off Autoplay လည်း နှစ်ခုစလုံးမှာရှိတယ်..
အဲဒီနှစ်ခုစလုံးကို Enable လုပ်ပါ.. ပြီး ရင် run box မှာ gpupdate ဆိုပြီး group policyကို update လုပ်ခြင်း
အားဖြင့် effect သက်ရောက်မှုရှိသွားပါပြီ...။

ကဲဒါဆိုစတင်ကိုင်တွယ်တော့မယ်ပေါ့... (တွယ်မယ်..) အရင်ဆုံး stick တစ်ချောင်း ကိုရပြီဆိုပါတော့.. ဗိုင်းရပ်
စ် ရှိမရှိဘယ်လိုကြည့်မှာလဲ... stick ကိုထိုးလိုက်ပါ..detect လုပ်ပါလိမ့်မယ်..ဒါပေမယ့်... ဘာဖိုင်အမျိုးအစားနဲ့
ဖွင့် ရမယ်ဆိုတာကို computer က မမေးတော့ပါဘူး..
အဲဒါက ခုနက Enable လုပ်လိုက်တဲ့အကျိုးကျေးဇူးပါ.. ဒါပေမယ့် တစ်ခုသိထားရမှာကတော့ stick ကို လုံးဝ
(လုံးဝ) မဖွင့်ပါနဲ့... Drive letter ကို ကြည့်မယ်ဆိုရင် My Computer ကိုပဲဖွင့်ပါ.. stick ကိုလုံးဝမဖွင့်ရဘူးနော်..


ပြီးတာနဲ့ ကျွန်တော်တို့ cmd ထဲဝင်ပါ... Stick ရဲ့ Drive Letter ကို ရိုက်ပါ... ပြီးတာနဲ့ Attrib ကိုရိုက်ကြည့်
လိုက်တာနဲ့... ဖိုင်တွေကိုတွေ့ရပါတော့မယ်....ဗိုင်းရပ်တွေကတော့..ASHR ပေါ့.. mgy.exe မှာဆိုရင်
autorun.inf ဖိုင်ပါအပါအ၀င်ပေါ့.. ဒိအပြင်တစ်ခြားသော virus များလည်းရှိကောင်း ရှိနိုင်ပါသေးတယ်..

ကဲဒါဆိုရင် သတ်ကြစို့.... Del ကိုရိုက် by force (ဘာမှလာမရှင်းပြနဲ့.. system file တွေ Read only တွေ
လာမပြောနဲ့ Access Deny တွေဘာတွေလုပ်မနေနဲ့ ready to archive လည်းလာမလုပ်နဲ့..စခန်းရောက်
မှရှင်း အဲ..ဖျက်ပစ်)အဲဒီအတွက် /f /a [virus name.exe] ရယ် autorun.infရယ်ပေါ့..

အန္တရာယ်ကင်းဝေးသွားပါပြီ... ရိုက်ရမယ့် စာ အပြည့်အစုံကိုရှင်းပြရရင်တော့..

F:
Attrib
Del /f /a mgy.exe
Del /f /a autorun.inf

ဒါဆိုရင် လုံလောက်ပါတယ်..

CMD ထဲဝင်ပြီး အဲဒီလိုရိုက်ရတာ.. ဒါဆိုအဆင်ပြေမယ့် bat file လေးတစ် ဖိုင်လောက်ရေးထားမယ်
လေ.. အဆင်ပြေတာပေါ့.. stick ထိုးတိုင်း ဗိုင်းရပ်စ်ကို သတ်ပေး မယ့် file လေးပေါ့..တစ်ခုတော့ရှိ
တယ်နော်.. .exe တွေရော .inf တွေရော .vbs တွေရော ဖျက်ခိုင်း မှာနော်..stick ထိုးတိုင်း ထိုးတိုင်း
stick ကို မဖွင့်ခင် double click လေးတော့ ခေါက်ပေါ့...

အရင်ဆုံး bat ဖိုင်ရေးကြည့်ရအောင်...
Bat file ကို ရေးတာအမျိုးမျိုးရှိပါတယ်... ဘယ်လိုပဲရေးရေး ဒီ code နဲ့ပဲရေးတာပါပဲ.. cmd ထဲမှာလည်း
edit.com နဲ့ ရေးနိုင်သလို txtနဲ့လည်းရေးလို့ရပါတယ်... txt နဲ့ ရေးမှာလား၊ cmd မှာရေးမှာလားဆိုတာ
ကို ကိုယ့်ဟာကိုသန်ရာသန်ရာ ရွေးချယ်ပါ...

အခုပြောမှာကတော့ cmd အကြောင်း ဆိုတော့ cmd ထဲမှာရေးကြည့်တာပေါ့.... ကဲ cmd ထဲမှာ ရိုက်
လိုက်ပေါ့ edit.com လို့... ပြီးရင် အောက်မှာပြထားတဲ့ စာလေးတွေကို ရိုက်လိုက်ပေါ့.. Drive တစ်ခုအ
တွက်နာမည်တစ်ခုပေါ့ ... stick များများ တစ်ပြိုင်တည်းစိုက်မယ်ဆိုရင် Drive letter တွေကို အများကြီး
ရိုက်ထားပေါ့..ဟုတ်လား...

Echo “(အမိန့်စတင်ပေးမည့်အကြောင်း ကြေငြာခြင်း အတွက်ဖြစ်ပါတယ်)

F: “(Drive ကို ရွေးချယ်ခြင်းဖြစ်ပါတယ်)

Del /f /a *.exe “(သတ်ခိုင်းတဲ့ command ဖြစ်ပါတယ်)

Del /f /a *.inf “(* ဆိုတာကတော့ သိမှာပါ wild Cap ပါ)

Del /f /a *.vbs “(.exe, .inf,.vbs ဆိုတာကတော့ extention တွေပါ..., ကြိုက်တာသုံးပေါ့။

သူများကိုတော့ မကောင်းကြံပါနဲ့ (အထူးမှာချင်တာပါ))

G:

Del /f /a *.exe

Del /f /a *.inf

Del /f /a *.vbs

H:

Echo “(အမိန့်တွေကို အဆုံးသတ်ကြောင်းကြေငြာခြင်းအတွက်ဖြစ်ပါတယ်..)

ကဲဒါဆို bat ဖိုင်လေးရေးတတ်လောက်ပြီ.. window ကို လည်း အမိန့်တွေခိုင်းလို့ရနေပြီ

CMD ကိုဆက်လေ့လာရင် ..... ကွန်ပြူတာ administrator ကို ရိုးရိုး administrator က cmdထဲမှာထိန်း
ချုပ်နိုင် မယ့် command တွေ၊ အကုန်ပြောတာနော်.. administrator ပါမကအားလုံးသော user တွေကို
cmdထဲမှာ ထိန်းချုပ်နိုင်ပါတယ်.. သူရဲ့ username ကအစpassword အဆုံး ပြောင်းပြစ်နိုင်တယ် (current password တွေဘာတွေမတောင်းဘူးနော်)..ကွန်ပြူတာထဲမှာရှိတဲ့ file မှန်သမျှကို command လေး
တစ်ခုထဲနဲ့တင်ဖျက်ပစ်နိုင်တယ်..

မှတ်ချက် = အထက်ပါ stick မှာ application တွေထည့်လာလျှင် သင့် ဖိုင်များ double click နှိပ်လိုက်သည်နှင့်
ပျောက်ကွယ်သွားမည်..ထိုသို့မဖြစ်စေရန်.. folder ဆောက်၍သယ်လာရန် အထူးမှာကြားလိုပါသည်။

အားလုံးသော Technician များကိုယ်စား တစ်ခုမှာချင်တာကတော့ (သူများကို မကောင်းမကြံစည်ပါနှင့်) ကိုယ်
ချင်းစာတရားထားပါ။virus က cmd ကို ပိတ်ထားရင် တကယ်လိုအပ်မှ အောက်ကနည်းတွေ သုံးပြီး စမ်းဖွင့်
ကြည့်ပါ။ သူများကို မထိခိုက်ပါစေနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ ...

1. MS -excel/word ကိုဖွင့်လိုက်ပါ။ ပြီးရင် file:///c:/windows/system32/cmd.exe ဒါလေးကို Hyper
Link ရဲ့ address bar မှာ ထည့်လိုက်ပြီး အိုကေ နှိပ်လိုက်ပါ။ ပြီးရင် အဲ့ဒီအပေါ်မှာ သွားနှိပ်လိုက် Yes တခါ
OK တခါ နှိပ်ပြီးရင် cmd command prompt ထွက်လာပါလိမ့်မယ်။ မထွက်သေးရင်နောက်တနည်းပေါ့။

2. Star > All Programs > Accessories > Caculator ကိုသွားပါ။ အပေါ်က Help မှာ Help Topic ဆို
တာကို နှိပ်ပါ။ ပွင့်လာပြီဆိုရင် ဘယ်ဘက် အပေါ်မှာ အဝါရောင် ? ပုံလေးတွေ့မှာပါ။ အဲ့ဒီမှာ တချက်သွား
နှိပ်ပြီး Jump to URL.. ကို ကလစ်လိုက်ပါ ပြီးရင် file:///c:/windows/system32/cmd.exe လေးကိုထည့်
ပီး OK လိုက်ပါ။ Run 2ခါ နှိပ်ပြီးရင် cmd ထွက်လာမှာပါ။ မထွက်သေးရင် နောက်တနည်းပေါ့။ ဒီနည်းက
ဝင်းဒိုးမှာ ပါလာတဲ့ ဂိမ်းတွေနဲ့ လည်း သုံးလို့ရပါတယ်။ Accessories ထဲက တော်တော်များများနဲ့ သုံးလို့ရပါ
တယ်။

3. Notepad ဖွင့်ပြီး command.com ရိုက် ပြီး .bat နဲ့ သိမ်းလိုက်ပါ။ ပြီးရင် အဲ့ဒါကို နှစ်ခါနှိပ်လိုက်ရင် cmd
ထွက်လာမှာပါ။ မထွက်သေးရင် နောက်တနည်းပေါ့။

4. အပေါ်က နံပါတ်သုံး လိုဘဲ cmd.exe ရိုက် ပြီး .bat နဲ့ သိမ်းလိုက်ပါ။ ပြီးရင် အဲ့ဒါကို နှစ်ခါနှိပ်လိုက်ရင်
cmd ထွက်လာမှာပါ။ မထွက်သေးရင် နောက်တနည်းပေါ့။

5. အပေါ်က လိုဘဲ notepad မှာ start ရိုက် ပြီး .bat နဲ့ သိမ်းလိုက်ပါ။ ပြီးရင် အဲ့ဒါကို နှစ်ခါနှိပ်လိုက်ရင် cmd
ထွက်လာမှာပါ။ မထွက်သေးရင် နောက်တနည်းပေါ့။

6. notepad ဖွင့် အပေါ်က သုံး လေး ငါး လိုဘဲ cmd လို့ရိုက်ပြီး .bat နဲ့သိမ်း ပြီးရင်ပြန်ဖွင့်ကြည့်။

7. shortcut အသစ်တခုလုပ်ပြီး browse မှာ C:\WINDOWS\System32\cmd.exe ဒါလေးထည့်ပြီးတော့
လည်း စမ်းကြည့်ပါ။ မရသေးရင်လည်း နောက်တနည်းပေါ့။

8. Shortcut တခုလုပ်ပါ။ browse မှာ command.com ကိုထည့်ပြီး next > finish ပေးပါ။ မရသေးရင်
လည်း နောက်တနည်း လာပါဦးမယ်။

9. Shortcut တခုလုပ်ပါ။ browse မှာ cmd ကိုထည့်ပြီး next > finish ပေးပါ။ မရသေးရင်လည်း နောက်
တနည်း လာပါဦးမယ်။

အပေါ်ကဟာတွေက လွယ်လွယ်နဲ့ တိုတိုနည်းတွေပါ။ ဒါမှမရသေးရင်တော့ Folder Option မှာ သွားပြင်
တာတို့ regedit မှာ သွားပြင်တာတို့လည်း လုပ်လို့ရပါသေးတယ်။ software လည်း သုံးလို့ရပါတယ်။
Send to toys လည်း ရပါတယ်။

Account တွေရဲ့ Password ကို ထိန်းချုပ်ပြောင်းလဲမယ့် command တွေအကြောင်း ပြောပြပေးသွားပါ့မယ်
နောက်ပြီး file တွေကို ပြန်ဖော်တဲ့ command တွေအကြောင်း နဲ့ file တွေရဲ့အကြောင်းကိုလည်းဆက်ပြီး
တင်ပြပေးသွားပါ့မယ်..
အတော်များများကတော့ အချို့လူတွေသိပြီးသားတွေပါပဲ.... computer magazine ထဲမှာလည်းဖော်ပြပြီး သွားတဲ့အကြောင်းတစ်ချို့ တွေပါပဲ.. မသိရှိသေးသူများ သိရှိနိုင်ရန် ရည်ရွယ်ပြီး အခုလိုဖော်ပြရခြင်းဖြစ်ပါ
တယ်..

User Account Password Change နည်း ကတော့ အန္တရာယ်လည်းအလွန်များပါတယ်.. မကောင်းတဲ့စိတ်
နဲ့တော့ မလုပ်ကြပါနဲ့ ပေါ့ဗျာ ဘာဖြစ်လို့လဲဆိုတော့... သူများဒုက္ခရောက်စေမယ့်အဖြစ်မျိုး မဖြစ်စေချင်
လို့ပါ။ ဒီ command တွေကို အရေးကြီးတဲ့အခါ ပဲဖြစ်ဖြစ် သို့မဟုတ်Password ကို Control pannel ထဲ ကမပြောင်းချင်တာပဲဖြစ်ဖြစ်ပေါ့ အသုံးပြုလို့ရပါတယ်..

ကန့်သတ်ချက်တွေတော့ရှိ တာပေါ့.. ဒီ command ကို Administrator level အဆင့်ရှိတဲ့ အကောင့်မှာသာ
သုံးလို့ရပြီး limited Account မှာတော့ လုပ်လို့ရမှာ မဟုတ်ဘူး.. နောက်ပြီး လက်ရှိ Administrator ရဲ့
Password ကိုပါ ပြောင်းပစ်လို့ရနိုင်ပါတယ်... အန္တရယ်ကြီးတယ်လို့ ပြောလို့ရပါ တယ်..

Administrator ကိုပြောင်းလိုက်တာနဲ့ ကွန်ပြူတာတစ်ခုလုံးက အကောင့်တွေအကုန်လုံးကို ကိုင်တွယ်နိုင်
ပါတယ်....ထပ်ပြီး ပြောချင်တာက ၄င်းသည် XP မှာပဲအသုံးပြုလို့ရပြီး Vista နဲ့ Window 7 မှာတော့အကျိုး
သက်ရောက်မှုမရှိဘူးလို့ပြောချင်ပါတယ်.. ဒါကြောင့် စကားချပ် အနေနဲ့ စိတ်ချရအောင် window 7 ကိုသာ
ဝယ်လိုက်ပါတော့။

Command ကတော့ “net user (ကိုယ်ပြောင်းချင်သော အကောင့်အမည်) space (password)” ပြီးရင်
Enter ခေါက်

အကယ်၍ space ခြားနေတဲ့ user name တွေအတွက် " " ကြားထဲမှာ user name ရိုက်ထည့်ပေါ့....လွယ်
လိုက်တာ.. ဟုတ်ပါတယ်.. လွယ်လွယ်လေးပါ... current Password တွေဘာတွေတောင်မတောင်းပါဘူး...
administrator ကအစထိန်းချုပ်လို့ရပါတယ်... သူများကိုတော့ မကောင်းကြံစေချင်ဘူး....ဒီလောက်ဆိုရင်
ပြောင်းတတ်လောက်ပြီထင်တယ်...

ဒုတိယတစ်ခုအနေနဲ့ကတော့ Attrib အကြောင်းပါပဲ... file တွေကို Folder Option ထဲကို သွားပြီး Hidden
တွေ Read only တွေ Archive တွေ system တွေ ပြောင်းတဲ့နည်းပါပဲ... လွယ်ပါတယ်.. ဒါကလဲ... Folder
တွေအတွက် switch က တော့ /s /d ပါ။


ဥပမာ attrib –a –s –h –r ကတော့ file တွေအပေါ် အကျိုးသက်ရောက်မှုရှိမှာ ဖြစ်သလို attrib –a –s –h
–r /s /d ကတော့ file တွေရော Folder တွေအပေါ်အကျိုးသက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်... သူနဲ့ ပြောင်း
ပြန်ကတော့ + ပေါ့... attrib+a +s +h +r /s /d ဆိုရင်တော့ အပေါ်က Command တွေနဲ့ ပြောင်းပြန်ပေါ့...

ဒါကို ဘယ်နေရာမှာ သုံးလို့ရလဲဆိုတော့ stick တွေထဲမှာ virus ကြောင့် file တွေ ပျောက်ကုန်တာပဲဖြစ်ဖြစ်
Folder Option ပျောက်နေတာပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်..

နောက်တစ်ခု အရေးကြီးသော COMMAND ကတော့ TREE ပါပဲ... အန္တရာယ်များတဲ့နေရာမှာလဲ... သူကတော့
နံပတ် ၁ ပေါ့... del tree C: ဆိုတာနဲ့ ၊ ကိုယ်က လည်း Y ဆိုပြီး Enter လေးခေါက်လိုက်ပါ။ C: Partition မှာ
ပုံစံပြောင်းသွားမှာဖြစ်ပါတယ်။ ဥပမာပြောတာနော်။ စမ်းချင်တယ်ဆိုရင် ပါတေးရှင်းအသစ်တစ်ခုကိုတည်
ဆောက်ပြီးမှ စမ်းစေချင်ပါတယ်။

0 comments:

Post a Comment

Search