welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, June 27, 2012

Saw Linux  /  4:11 AM  /    /  No comments
ဆော့ဝဲကောင်းတွေတွေ့ရင် ဒေါင်းလုဒ်ချင်တဲ့ ၀ါသနာပါတော့ Win32/Dorkbot.D Worm တွေ့ပါလေရော။ အဲဒီ
နေ့ကဒေါင်းထားတာများတော့ ဘယ်ကနေ၀င်လာမှန်းတောင်မသိလိုက်ဘူး။ ဒေါင်းထားတဲ့လင့်တွေပြီးတဲ့အခါ HDD (Harddisk) ဖိုလ်ဒါတွေတစ်ခုမှမတွေ့တော့ဘူး။သိုလောင်ထားတဲ့ဒေတာတွေကလည်းGB 290 လောက်ရှိတယ်။ ဒီဒေတာတွေပြန်ယူဖို့မခက်ပေမယ့် ပေးရမည့်အချိန်ကိုတော့ တော်ဝန်လေးမိတယ်။ ကြုံလာရင်တော့ ဖြေရှင်းရမယ်
လေ။ အခုဒီ Worm ရဲ့ သဘောသွားဖြစ်စဉ်လေးတွေကို စာဖတ် သူများသိနိုင်အောင် ပြန်လည်ဖေါက်သည်ချပေး
တဲ့ သဘောပါပဲ။

Win32/Dorkbot.D ဆိုတာ network မှာကပ်ပါလာတဲ့ Window အတွက် Win32 worm ဗိုင်းရပ်စ်အမျိုးအစားတစ် ခုဖြစ်ပါတယ်။ Win32/Dorkbot.D Worm သည် system နဲ့ external hard driveတစ်ခုလုံး လျှင်လျှင်မြန်မြန်ကူး စက်နိုင်ပါတယ်။ အထူးသဖြင့် external hard drive မှာ ရှိတဲ့ဖိုလ်ဒါအားလုံးကို hide ဖြစ်အောင်လုပ်ထားလိုက်တယ်။
နောက်ပြီး သူ့ကို အန်တီဗိုင်းရပ်စ်ဆော့ဝဲတွေ scan လုပ်လို့မရနိုင်အောင် system file ပုံစံမျိုးလိုဆင်တူအောင်လုပ်
ထား တယ်။ Win32/Dorkbot.D Worm သည် registry entry က system file တွေကို ပြောင်းရေးတယ်။ ဒီဗိုင်းရပ် စ် (worm) ကူးစက်ခံရတယ်လို့သိလျှင်သိချင်း external hard drive သော်၎င်း၊ usb flash drive သော်၎င်း လုံးဝလုံး
ဝ မိမိစက်မှာသွားမထိုးပါနဲ့။ သွားထိုးလိုက်တာနဲ့ မိမိ ၎င်း drive မှာ ရှိတဲ့ဖိုလ်ဒါမှန်သမျှ hide ပျောက်ကွယ်သွားမှာဖြစ်
ပါတယ်။ usb flash drive တွေမှာပြဿနာမရှိနိုင်ပေမယ့် external hard drive တွေအတတွက်တော့ ခေါင်းခဲရပြီး
ပေါ့။

Eset NOD 32 အသုံးပြုတဲ့စက်တွေမှာ အဲဒီ worm ကူးစက်ခံရရင် သူ့ရဲ့ မက်စေ့ဂ်ျတွေ မကြာကြာပြလာမှာဖြစ်ပါ
တယ်။ ဒါဆို မိမိစက်မှာကူးစက်ခံရတဲ့ ဗိုင်းရပ်စ်အမျိုးအစားကိုသိနိုင်ပါပြီ။

Win32/Dorkbot.D Worm ရဲ့ ကူးစက်ပြန့်နှံ့မှုအနေအထား…

• Win32/Dorkbot.D is a malicious Worm
• Win32/Dorkbot.D can replicate via the network easily
• Win32/Dorkbot.D can propagate via e-mail to contact in your address book
• Win32/Dorkbot.D may come with or spread other spywares
• Win32/Dorkbot.D can cause the infected computer work slow and it’s difficult to remove Win32/Dorkbot.D
• Win32/Dorkbot.D steals your privacy information and compromises your security


Win32/Dorkbot.D Worm ကိုရှင်းထုတ်နည်း

၁။ Ctrl+Shift+Delete ကိုနှိပ်ပြီး Windows Task Manager ကိုဖွင့်ပါ။ ထိုနောက် Processes tab ကိုနှိပ်ပြီး Win32/Dorkbot.D process ကိုရှာပါ။ တွေ့ရင် ရွေးပြီး End Process ကိုပေးလိုက်ပါ။

၂။ အောက်ပါ ဖိုင်များကိုတည်ရှိတတ်တဲ့နေရာကနေ တွေ့အောင်ရှာပါ…

(က) %PROGRAM_FILES%\Win32/Dorkbot.D
(ခ) c:\Documents and Settings\All Users\Start Menu\Win32/Dorkbot.D
(ဂ) c:\Documents and Settings\All Users\Win32/Dorkbot.D
တွေ့ရင် ၎င်းတို့ကို delete ပေးလိုက်ပါ။

၃။ Run ဘောက်စ်ကနေ Registry Editor (regedit) ကိုဖွင့်လိုက်ပါ။ Registry Editor ပွင့်လာရင်အောက်ပါ
Registry key တွေကိုရှာပါ…
HKEY_LOCAL_MACHINE\Software\Win32/Dorkbot.D” တွေ့ရင် ၎င်းကို Right Click > ထောက်ပြီး
အောက်ပါ ကီးတွေကို delete လုပ်ပါ။
"%variable%" = "%appdata%\%variable%.exe"

အဲဒါတွေအားလုံးပြီးလျှင် ကွန်ပျူတာကို Restart ။

အထက်ဖြေရှင်းနည်းတွေနဲ့ အဆင်မပြေခဲ့ရင် ဆော့ဝဲနဲ့ဖြေရှင်းတဲ့နည်းတွေလည်းများစွာပေးထား
တာတွေ့ရပါတယ်။ ကျနော်က အထက်ပါဖြေရှင်းနည်းအပြင် PC Tool Spyware Doctor Full
Version ဖြစ်တဲ့ဆော့ဝဲနဲ့လည်း ဖြေရှင်းစေချင်ပါတယ်။ ကျနော်ကတော့ ဒီဆော့ဝဲနဲ့ပဲအဆင်ပြေသွား
ပါတယ်။ ဒါပေမယ့် external hard drive ထဲက ဖိုလ်ဒါတွေပြန်မပေါ်သေးရင် Data Recovery လုပ်
ရတော့မှာဖြစ်ပါတယ်။ အဲဒီအခါကျရင် မိမိကျွမ်းကျင်ရာကို Recovery လုပ်လို့ရပါသည်။

အကောင်းဆုံးကတော့ Linux Live CD/DVD ကို အသုံးပြုပြီး Data Recovery အတွက် ပိုအဆင်ပြေ
နိုင်သည်။ အကယ်၍ အဲဒါနဲ့မသုံးတတ်ရင် Power Data Recovery ဆော့ဝဲကိုအသုံးပြုရင်လည်း Recoveryပြဿနာပြေလည်သွားနိုင်သည်။

အဲဒါတွေလုပ်ပြီးရင် external hard drive ကို Disk Management မှာ သွားပြီး delete လုပ်လိုက်ပေ
တော့ အဲဒါမှစိတ်ချရမယ်ဟေ…။

စောလင်းနက်စ်

0 comments:

Post a Comment

Search