welcome to Sawlinux, this is sharing the site of PC

Video Post


stat counters
Follow us on Twitter Subscribe to RSS Subscribe via Email

Friday, June 24, 2011

Saw Linux  /  4:58 AM  /    /  No comments
ဒီတစ်ရက်နှစ်ရက်ဟိုလုပ်ဒီလုပ်နဲ့ ကွန်ပျူတာပို့စ်အသစ်လေးတွေမတင်ဖြစ်ဘူး။ အခုဈန်ဝင်တာနဲ့အသစ်တစ်ပုဒ်
လောက်တင်လိုက်အုန်းမယ်။ အထက်ခေါင်းစည်းကိုကြည့်လိုက်ရင် ဒါဟာကွန်ပျူတာမှာအသုံးတည့်မည့်ပို့စ်လေး
တစ်ပုဒ်ပါပဲ။ အချိန်ပေးပြီးရေးလိုက်တဲ့ ကွန်ပျူတာအကြောင်းမှန်သမျှသည် တစ်ဦးတစ်ယောက်အကျိုးရှိရင်ပဲ ကျေနပ်ပါတယ်။ နောက်ဆုံးတော့ သူများအတွက်မဖြစ်ခဲ့ရင်တောင် ကျနော့်အတွက်ကျန်ခဲ့ပါတယ်။ ဒါပါပဲ...

Window 7 မှာ Recovery Partition ဘယ်လိုဖန်တီးမလဲ။ အဲဒီဖန်တီးလိုက်တဲ့ partition ဟာလည်း password
နဲ့ကာကွယ်ထားချင်ရင်လည်း ကာကွယ်လို့ရနိုင်တယ်ဆိုတဲ့ သဘောမျိုးကို ဒီပို့စ်ကမီးမောင်းထိုးပြသွားမှာပါ။

တကယ်တော့ Window 7 သည် Recovery partition ကြောင့် သိပ်ပြီးထူးခြားတဲ့အခြေအနေမျိုးတော့မဟုတ်ပါ။
ဘာဖြစ်လဲဆိုတော့ Window 7 မှာ Backup and Restore point ရှိနေပြီးသားဖြစ်လို့ပါပဲ။အဲဒီ Backup and Restore point သာ ကောင်းကောင်းကြီးသဘောပေါက်နားလည်မယ်ဆိုရင် မိမိဝင်းဒိုးတစ်စုံတစ်ခုပြဿနာရှိ လာရင် အဲဒါနဲ့ဖြေရှင်းလို့ရနိုင်လောက်ပါတယ်။အခုကတော့ သက်သက်Recovery partition လုပ်ပုံလုပ်နည်း ကိုသိနိုင်ဖို့ရန် ရေးပြတဲ့လိုက်တဲ့သဘောပါပဲ။ သိပြီးသားပုဂ္ဂိုလ်များအတွက်မရည်ရွယ်ပါ။

Recovery Partition ဘယ်လိုဖန်တီးမလဲ
အရင်ဆုံး Partition သဘောကိုနားလည်ဖို့လိုပါလိမ့်မယ်။ နားမလည်ခဲ့ရင် နည်းနည်းတော့အာရုံစူး စိုက်ရလိမ့် မယ်။ ပါတေးရှင်းကိုပြန်ပြီး ပြုပြင်တဲ့နေရာမှာကျနော်ကတော့ Gnone PartitionEditor ကိုအမြဲတန်းသုံးလေ့ရှိ တယ်။ကျန်တဲ့ဆော့ဝဲကိုလည်းမိမိကျွမ်းကျင်ရာအားဖြင့်သုံးနိုင်ပါတယ်။ကျနော်အခုပြမယ့်ပုံတွေကိုတော့ FLV
file ကနေ Capture ဖမ်းယူထားတဲ့အတွက် မရှင်းဘူးဖြစ်နေတယ်။ ဒါကိုတောင်းပန်ပါတယ်။

၁။ Disk management ကိုဖွင့်ပါ (Start> Search Box တွင် partition လို့ရိုက်ထည့်ပါ)

၂။ မိမိဖန်တီးလိုသော Recovery partition ရဲ့ Unlocated space (free space)ကို Right click>
New Simple volume
ကိုနှိပ်။


၃။ နောက်ဘောက်စ်တွင် မိမိထားချင်သော ပါတေးရှင်းရဲ့ MB ကိုရိုက်ထည့်ပါ။အနည်းဆုံး MB20000
ထားပါ။


၎။ နောက်ဘောက်စ်တွင် ကျနော်ကွင်းထားတဲ့နေရာအတိုင်းပဲ assign drive letter ရွေးပါ။ အအရှင်းဆုံး z
ကိုရွေးလိုက်ပါ။ Next ကိုနှိပ်။


၅။ ဒီဘောက်စ်ဟာတွင်လည်း ကျနော်ကွင်းထားတဲ့နေရာအားလုံးကို အမှန်ခြစ်၊ Volume Label နေ
ရာတွင် Recovery ဟု ရိုက်ထည့်ပါ။ ပြီးရင် Next ကိုသာနှိပ်။


၆။ ထိုနောက် ပေါ်လာတဲ့ဘောက်စ်တွင် finish ကိုနှိပ်။


အဲဒါနှိပ်လိုက်ပြီးတာနဲ့ Diskmanagementရဲ့ ပါတေးရှင်းအကွက်တွင် formating လုပ်နေတာတွေ့ရမှာဖြစ်ပြီး
ခဏကြာ Recovery partition တစ်ခုရရှိလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းကြည့်လိုက်ပါ.

formating လုပ်နေတဲ့ပုံ


Recovery partition တစ်ခုရရှိလာတဲ့ပုံ

ဒါက Recovery partition ဖန်တီးမှုအပိုင်းပြီးသွားပြီပေါ့ဗျာ...

ကဲ...ဒီ Recovery partition ကို Lock (သော့ခတ်)ချင်ရင် ပြုလုပ်နည်းလေးပါပြောရအောင်...
ဒီအပိုင်းက မလုပ်ချင်လည်းရတယ်နော် ဘယ်လိုသော့ခတ်မလဲဆိုတာကို သိသွားရုံလေးပါ။
၁။ My computer ကိုဖွင့်ပါ> ၎င်းခုဏလုပ်ထားတဲ့ Recovery partition Drive ကို Right
click> Turn on Bitlocker ကိုနှိပ်


၂။ နောက်ပေါ်လာသောဘောက်စ်တွင် use password unlock the drive ကိုအမှန်ခြစ်ပြီး
password အကွက်တွေကို ဖြည့်ပါ။ ပြီးတော့ Next


၃။ နောက်ဘောက်စ်မှာ Save Recover key to file ကိုနှိပ်ပြီး မိမိသိမ်းမည့်နေရာ၊ ဖိုင်အမည်
တို့ကိုပေးပါ။ ဒီနေရာမှာတစ်ခုသိထားရမှာက D: မှာသိမ်းထားချင်ရင် ဖိုလ်ဒါအရင်တည်ဆောက်ပြီးမှ
၎င်းဖိုလ်ဒါထဲမှာသိမ်းပါ။ (Drive Root တွင် တိုက်ရိုက်သိမ်းလို့မရပါ)။ ပြီးရင် save




၎။ နောက်ဘောက်စ်တွင် Start Encrypting ကိုနှိပ် ၎င်း Drive ကို Encrypting လုပ်နေ
တာတွေ့ရမှာဖြစ်ပါတယ်။ မိနစ်နှစ်ဆယ်လောက်ကြာနိုင်တယ်၊ စောင့်နေလိုက်ပါ။

ဒါက Recovery partition Drive ကို သော့ခတ်တဲ့နည်းပဲဖြစ်ပါတယ်။ ခုဏသိမ်းထားတဲ့
password ကိုတော့ မဖျက်လိုက်မိစေနဲ့နော်။

နောက်တစ်ပိုင်းကျန်သေးတယ်ဗျ။ ဖတ်တဲ့ပုဂ္ဂိုလ်များတော့ မပြောတတ်ဘူး ရေးတဲ့လူအတွက်တော့
တော်တော်ယိုင်လာပြီး အာရုံစိုက်နေရတော့လေ။ ကျန်တဲ့တစ်ပိုင်းကိုတော့ ကျနော်ဆက်မရေးတော့ဘူး။ ညွန်းပဲ
ညွန်းလိုက်တော့မယ်။ ကျန်တဲ့အပိုင်းကဘာလဲဆိုတော့ ခုဏ Recovery partition Drive ထဲမှာဘာမှ
မရှိသေးဘူးလေ။ အဲဒီထဲမှာ Window image file တွေ၊ တင်ထားတဲ့ဆော့ဝဲဖိုင်တွေကို အဲဒီ Recovery
partition Drive မှာထည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်အဲဒီထည့်နည်းကို ကျနော် Backup and Restore
ဆိုတဲ့ပို့စ်ကိုပဲညွန်းလိုက်တော့မယ်။

ဒီပို့စ်ကို ဖတ်ပြီးကျန်တဲ့အပိုင်းကိုအလားတူလိုက်လုပ်တတ်လိမ့်မယ်လို့ထင်ပါတယ်။ ဒီမှာဖတ်ဖြစ်အောင်ဖတ်
ပါ..Backup and Restore

အဆင်ပြေပါစေ...
စောလင်းနက်စ

0 comments:

Post a Comment

Search